ကျွန်တော် ဖတ်ဖို့

ကျွန်တော် ဖတ်ဖို့ ဘဝအတွက်စာဖတ်ပါ

1-2-2021ကမ္ဘာမြေပြိုသလို...နာကျင်ခံစားရတဲ့နေ့ထိုနေ့ကမ္ဘာမြေပျက်သုဥ်းသွားစေဦးနှလုံးသားထဲ...ဘယ်တော့မှမမေ့ကမ္ဘာတည်သရွေ့......
03/02/2025

1-2-2021
ကမ္ဘာမြေပြိုသလို...
နာကျင်ခံစားရတဲ့နေ့

ထိုနေ့
ကမ္ဘာမြေပျက်သုဥ်းသွားစေဦး
နှလုံးသားထဲ...
ဘယ်တော့မှမမေ့
ကမ္ဘာတည်သရွေ့...💔
မုဒိတာ နှင်း(မော်လမြိုင်)
1-2-2025

မိဘကိုလုပ်ကျွေးတဲ့သူက ရှာဖွေရပိုလွယ်တယ်။ မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူက ပိုပြည့်စုံလာတယ်။ မိဘကိုပြန်ကြည့်တတ်တဲ့သူက ပိုအဆင်ပ...
03/02/2025

မိဘကိုလုပ်ကျွေးတဲ့သူက ရှာဖွေရပိုလွယ်တယ်။

မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူက ပိုပြည့်စုံလာတယ်။
မိဘကိုပြန်ကြည့်တတ်တဲ့သူက ပိုအဆင်ပြေလာတယ်။
မိဘစကားနားထောင်တဲ့သူက ပိုစိတ်ချမ်းသာရတယ်။
ဒါကြောင့်ရှိနေတုန်းမှာ သိတတ်ပါ။ အသက်ကြီးမှ ပြန်ကြည့်မယ်လို့မတွေးပါနဲ့
ကိုယ်ပြန်ကြည့်နိုင်တဲ့အချိန်သူတို့ရှိချင်မှရှိတော့လိမ့်မယ်။
မချမ်းသာလို့ မပြည့်စုံသေးလို့ဆိုတဲ့ဆင်ခြေတွေအစားကိုယ်တတ်နိုင်သလောက်
အဖေအမေကြိုက်တတ်တဲ့ မုန့်ကလေးတထုတ် နွေးထည်လေးတထည်
ဖိနပ်လေးတရံနဲ့တင် သူ့တို့ကိုစိတ်ချမ်းသာစေတယ် ပြည့်စုံစေတယ်။
စကားတခွန်းရှိတယ်။ မိဘအတွက်ကုန်သွားတဲ့ငွေက အမြဲဆယ်ဆပြန်လာတယ်။
ကိုယ့်ဆီက နဲနဲရပီး များများပြန်ပေးချင်သူကမိဘတွေအပြင်မရှိပါဖူး။
လက်ရှိ အောင်မြင်နေတဲ့သူတွေကိုကြည့်ရင် မိဘကို သိတတ်သူတွေ။

ချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင် မိဘကိုဘယ်တုန်းကမှမငြိုငြင်တတ်သူတွေ။
မယုံမရှိနဲ့။ သူတို့ကြောင့် မိဘအဆင်ပြေတာမဟုတ်ပဲ
မိဘကြောင့် သူတို့အဆင်ပြေနေတာကို သူတို့ယုံကြည်တယ်။ .

ဤပို့ကိုမြင်တဲ့သူတိုင်း2025မှာ သင့်အတွက် အိမ်ဆောက်ဖို့ ငွေတွေယူဆောင်လာပါပြီ။သင့်အတွက် လက်ခံလိုက်ပါ🏘️🏡🏠
29/01/2025

ဤပို့ကိုမြင်တဲ့သူတိုင်း
2025မှာ သင့်အတွက် အိမ်ဆောက်ဖို့ ငွေတွေယူဆောင်လာပါပြီ။သင့်အတွက် လက်ခံလိုက်ပါ🏘️🏡🏠

**The Secret ရဲ့ အနှစ်ချုပ်အဓိကအချက်များ** # # # # ၁။ **Law of Attraction (ဆွဲဆောင်မှုဥပဒေ)**- လူတစ်ယောက်ရဲ့ အတွေးတွေက သ...
28/01/2025

**The Secret ရဲ့ အနှစ်ချုပ်အဓိကအချက်များ**

# # # # ၁။ **Law of Attraction (ဆွဲဆောင်မှုဥပဒေ)**
- လူတစ်ယောက်ရဲ့ အတွေးတွေက သူ့ဘဝကို ပုံဖော်ပေးနိုင်တယ်။
- ကောင်းတဲ့အတွေးတွေ စဉ်ဆက်မပြတ်တွေးရင် ကောင်းတဲ့အရာတွေ ဘဝမှာ ဆွဲဆောင်လာမယ်။
- ဆိုးတဲ့အတွေးတွေ တွေးမိရင် ဆိုးတဲ့အရာတွေ ဖြစ်လာမယ်။

# # # # ၂။ **အတွေးတွေက စွမ်းအားရှိတယ်**
- အတွေးတိုင်းက စွမ်းအားတစ်မျိုးဖြစ်ပြီး စိတ်ကူးတွေက လက်တွေ့ဖြစ်လာနိုင်တယ်။
- ကိုယ်လိုချင်တဲ့ဘဝကို စိတ်ကူးယဉ်ပြီး အာရုံစိုက်ရင် အဲ့ဘဝကို ရောက်နိုင်တယ်။

# # # # ၃။ **တောင်းဆိုပါ၊ ယုံကြည်ပါ၊ လက်ခံပါ**
- **တောင်းဆိုပါ** - ကိုယ်လိုချင်တဲ့အရာကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပါ။
- **ယုံကြည်ပါ** - ကိုယ်တောင်းဆိုတဲ့အရာကို ရမယ်လို့ စိတ်ထဲက ယုံကြည်ပါ။
- **လက်ခံပါ** - ကိုယ်လိုချင်တဲ့အရာကို ရဖို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပါ။

# # # # ၄။ **ကျေးဇူးတင်စိတ်ထားပါ**
- ကျေးဇူးတင်စိတ်ထားခြင်းက ကောင်းတဲ့အရာတွေကို ပိုမိုဆွဲဆောင်လာနိုင်တယ်။
- ကျေးဇူးတင်စိတ်က စိတ်ချမ်းသာမှုနဲ့ ပြည့်စေပြီး ဘဝကို ပိုမိုကောင်းမွန်စေတယ်။

# # # # ၅။ **အတွေးတွေကို ထိန်းချုပ်ပါ**
- အတွေးတွေကို သတိထားပြီး ထိန်းချုပ်ဖို့ လိုပါတယ်။
- အနုတ်လက္ခဏာဆောင်တဲ့ အတွေးတွေကို ရှောင်ပြီး အပြုသဘောဆောင်တဲ့ အတွေးတွေကို အာရုံစိုက်ပါ။

# # # # ၆။ **ဘဝကို ကိုယ်တိုင်ဖန်တီးပါ**
- ဘဝဆိုတာ ကိုယ်တိုင်ဖန်တီးတာဖြစ်ပြီး ကိုယ်တွေးသမျှက ကိုယ့်ဘဝကို ပုံဖော်ပေးတယ်။
- ကိုယ်လိုချင်တဲ့ဘဝကို စိတ်ကူးပြီး အာရုံစိုက်ရင် အဲ့ဘဝကို ရောက်နိုင်တယ်။

---

# # # **အကျဉ်းချုပ်**
"The Secret" စာအုပ်က လူတွေကို အတွေးတွေရဲ့ စွမ်းအားကို သတိထားမိစေပြီး အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ ဘဝကို ပြောင်းလဲနိုင်ကြောင်း သင်ပေးပါတယ်။ ကိုယ်လိုချင်တဲ့ဘဝကို စိတ်ကူးပြီး ယုံကြည်မှုနဲ့ အာရုံစိုက်ရင် အဲ့ဘဝကို ရောက်နိုင်တယ်လို့ ဆိုပါတယ်။

ဒီစာအုပ်က လူတွေကို စိတ်ဓာတ်ခွန်အားပေးပြီး ဘဝကို ပိုမိုကောင်းမွန်အောင် ကြိုးစားစေတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ 📖✨

27/01/2025

ဆေးကူသစရိတ် အကူညီတောင်း ပို့စ်🥲

စမွတ်ပရာကန်, ပါနန်းဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသော

ကိုယ်တစ်ခြမ်း လေဖြန်း၍ ဦးနှောက် သွေးခဲ ရောဂါ
လူနာ အမည် - မခိုင်ဇင်ဦး (ရှမ်းပြည်နယ်, ရွာငံဇာတိ)သည်

စေတနာရှင် ကရုဏာရှင် အလှူရှင်များ၏ စုပေါင်း ကူညီ လှူဒါန်းပေးမှုကြောင့်

လက်ရှိ ဆေးကုသစရိတ် - ၃၁.၆၂၆ ဘတ် ပေးပြီး ဖြစ်ပေမယ့် ဆက်လက် ဆေးကုသမှု ခံယူရဦးမည်ဖြစ်သလို

ဦးနှောက် သွေးခဲ ခွဲစိတ်မှု ခံယူပါက အနည်းဆုံး ဘတ် (၁) သိန်းကျော် ကုန်ကျပါဦးမည်🥲

ဦးနှောက် ခွဲစိတ်သည်ဖြစ်စေ မခွဲစိတ်သည်ဖြစ်စေ
ဆေးကုသစရိတ် ဆက်ပေးနိုင်မှသာလျှင် ဆက်လက်၍ ဆေးကုသနိုင်မည် ဖြစ်ပါသည်🥲

လက်ရှိ ခေတ်ကာလ အခြေနေအရ တစ်ဦးတစ်ယောက်ထဲအားဖြင့် မကူညီနိုင်သောကြောင့်
၅၀-၁၀၀ စသည် တတ်နိုင်သလောက် ဝိုင်းဝန်း စုပေါင်းကာ ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်🥲

အကူညီတောင်းလာသူ လူနာ၏ အမျိူးသား လူနာရှင် အမည် - ကိုချစ်စမ်းမောင်

ကာဆီကွန်ဘဏ်
AC No - 058 807 2916
Name - Chit San Maung

မိမိ မကူညီနိုင်တောင် ကူညီနိုင်သော အသင်းအဖွဲ့များ စေတနာရှင်များ ကရုဏာရှင်များ တွေ့နိုင် မြင်နိုင်ကာ ကူနိုင် ကယ်နိုင်ဖို့ များများလေး Share ပေးစေချင်ပါသည်🙏

အလှူရှင်များ အားလုံးကို ကျေးဇူးအထူးတင်ပါသည်🙏

မိမိ မကူညီနိုင်တောင် ကူညီနိုင်သော အသင်းအဖွဲ့များ စေတနာရှင်များ ကရုဏာရှင်များ တွေ့နိုင် မြင်နိုင်ကာ ကူနိုင် ကယ်နိုင်ဖို့ Share ပေးကြသူများကိုလဲ လူနာကိုယ်စား လူနာရှင်ကိုယ်စား ကျေးဇူးအထူးတင်ပါသည်🙏🙏🙏

“ဝန်ထမ်းဘဝနဲ့ပဲ အချိန်ကိုမကုန်ဆုံးလိုက်ပါနဲ့”မင်းက ဝန်ထမ်းဆိုရင် ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ။ဝန်ထမ်းမလုပ်ရဘူးဆို မဆိုလိုပါဘူး...
26/01/2025

“ဝန်ထမ်းဘဝနဲ့ပဲ အချိန်ကိုမကုန်ဆုံးလိုက်ပါနဲ့”

မင်းက ဝန်ထမ်းဆိုရင် ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ။

ဝန်ထမ်းမလုပ်ရဘူးဆို မဆိုလိုပါဘူး။
(အရင်းအနှီး တစ်ခုရတဲ့အထိပေါ့)
မင်းက ဝန်ထမ်းဆိုရင်ရော ဟုတ်တယ်
ဒါဆို မင်းရဲ့ မျိုးဆက်သစ်တွေကရော
ဘာဖြစ်မလဲ စဉ်းစားကြည့်။

မင်းအလုပ်မှာ ဘယ် Level ရောက်နေနေ
မင်းမျိုးဆက်သစ်တွေက လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးအတော်နည်းပါးပါတယ်။
မိမိက စလို့ ပြောင်းလဲလိုက်ပါ။
ကိုယ်ပိုင်လုပ်ငန်းသေးသေးလေးဖြစ်ဖြစ်ပါ။
ဒါမှ မိမိရဲ့မျိုးဆက်တွေလက်ထက်မှာ
ပိုကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကို ပိုင်ဆိုင်မှာပါ။

မဟုတ်ဘူး ငါ့လစာက ကောင်းတယ်။
ငါ့ဘဝကိုရပ်တည်နိုင်တယ်မပြောပါနဲ့။
ငယ်ဘဝကိုပြန်စဉ်းစား မင်းတစ်ချိန်ကရည်မှန်းချက်တွေရှိနေမှာပဲ။ဘယ်သူပဲဖြစ်ဖြစ်ကြီးလာရင် ကိုယ်ပိုင်လုပ်ငန်းနဲ့သူဌေးဖြစ်ချင်ခဲ့တဲ့လူတွေပါပဲ။
ဒါပေမယ့် အခု ရည်မှန်းချက်တွေပျောက်ကုန်ပြီ။

ဘာဖြစ်လို့လဲ❓

သူတို့ပေးတဲ့လစာက ကိုယ့်အိမ်မက်တွေကိုမေ့စေနိုင်လိုပဲ။ကိုယ်ပိုင်စီးပွားရေးဆိုတာ လုပ်ငန်အကြီးကြီးမှမဟုတ်ဘူး။အိမ်မှာ ဆိုင်သေးသေးလေးဖွင့်နိုင်ရင်လည်းကိုယ်ပိုင်လုပ်ငန်းပဲ။

ဥပမာ - အရင်းအနှီးအများကြီးမတတ်နိုင်ရင်တောင် နေရာလေးရှိတာနဲ့ Company တွေနဲချိတ်ဆက်အမြတ်ရဲ့ဘယ်လောက်%ဆိုပြီးလုပ်လို့ရနေပါပြီ။
(ဥပမာ - One stop တို့ Abc တို့ နေရာငှားတာနဲ့အမြတ်%ရနေရတာပဲ။)
တစ်ခြားအလုပ်တွေလည်းရှိနေသေးတယ်။
Online Shopping တို့ အရောင်းကိုယ်စားလှယ်တို့။

ဒါပေမယ့်
ကျနော်ကနယ်ကမို့လို့ ဝန်ထမ်းလုပ်ရဦးမှာပါ။
အရင်းအနှီးတစ်ခုရအောင်ပါ။ကျနော်အနေနဲ့ မြို့မှာ လုပ်ငန်းတစ်ခုမပိုင်ရင်တောင် နယ်မှာ မွေးမြူရေးဖြစ်ဖြစ် စိုက်ပျိုးရေးနဲ့ဖြစ်ဖြစ် ကုန်သည် တစ်ယောက်ဖြစ်ဖြစ်ရအောင်လုပ်မှာပါ။

ဝန်ထမ်းဘဝနဲ့ ပဲ အချိန်ကို မကုန်ဆုံးလိုက်ပါနဲ့။
ကိုယ်မျိုးဆက်သစ်တွေအတွက် ကိုယ်ကပဲစပြီး
လုပ်ငန်းသေးသေးလေးစလုပ်လိုက်ပါ။

တန်ဖိုးရှိတဲ့မိန်းမသာဖြစ်ပါစေ  ယောက်ျားဆိုတာ ကြည့်ကောင်းတဲ့ မိန်းကလေး  တွေ့ရင်တော့ ငမ်းကြမှာပါပဲ ဒီထက်ပိုပြီး ဇ လေးရှိရင...
24/01/2025

တန်ဖိုးရှိတဲ့မိန်းမသာဖြစ်ပါစေ
ယောက်ျားဆိုတာ ကြည့်ကောင်းတဲ့ မိန်းကလေး တွေ့ရင်တော့ ငမ်းကြမှာပါပဲ ဒီထက်ပိုပြီး ဇ လေးရှိရင် စမ်းကြည့်ကြအုံးမှာပါ။

ဒါပေမယ့် တန်ဖိုးရှိတဲ့ယောက်ျား ဦးနှောက်ရှိတဲ့ ယောက်ျားကတော့ ဘဝလက်တွဲဖော်အဖြစ် ထက်မြက်တဲ့ မိန်းမ၊ ရင့်ကျက်တဲ့ မိန်းမ၊ စိတ်ထားလှတဲ့မိန်းမ မျိုးကိုပဲ ရွေးချယ်တတ်ကြပါတယ်။

ဒါကြောင့် မိန်းကလေးတွေဟာ ရုပ်လှဖို့ထက် စာရိတ္တကောင်းမွန်ပြီး စိတ်ဓာတ်ရင့်ကျက်ဖို့ကို ပိုပြီးဦးစားပေးတတ်ကြပါစေ။

မိန်းမတစ်ယောက်ဟာ ရုပ်အရမ်းကြီးလှချင်မှ လှပါလိမ့်မယ်ဒါပေမယ့် စိတ်ထားလှရင် လုံလောက်နေပါပြီ။

ယောက်ျားလေးတွေက ဝိုင်းပြီးချစ်တာကို ခံရဖို့ထက်
ကိုယ်ရွေးချယ်တဲ့ ယောက်ျားဟာ ကိုယ့်အပေါ် တကယ်မေတ္တာစစ်နဲ့ ချစ်တဲ့သူ၊ ခွင့်လွှတ် နားလည်မှု ရှိတဲ့သူမျိုးကိုသာ ပိုပြီး ဦးစားပေးရွေးချယ်သင့်ပါတယ်။

ကိုယ့်ကို ယောက်ျားလေးတွေ သဘောကျခံရတာ၊ ချစ်တာ မချစ်တာထက် တစ်ဘဝလုံး လက်တွဲနိုင်မယ် ဆိုတဲ့သူရဲ့ အချစ်ဟာ မိန်းမတစ်ယောက်အတွက် ပိုအရေးကြီးပါတယ်။

ကိုယ်ဟာ ဘယ်လိုယောက်ျားမျိုးကို ချစ်သင့်တယ်၊ မချစ်သင့်ဘူး ဆိုတာဟာ မိန်းမတစ်ယောက်ရဲ့ အနာဂတ်ကို ၉၀% လောက် ပျော်ရွှင်မှု (သို့မဟုတ်) စိတ်ပျက်မှု တွေကို ကိုယ့်ရဲ့ ရွေးချယ်လိုက်တဲ့သူကသာ ကိုယ့်ကို ပေးမှာပဲဖြစ်ပါတယ်။

ကိုယ်က မိန်းမတစ်ယောက် ဆိုပေမယ့်လည်း လူသားတစ်ယောက်ပဲ မဟုတ်လား ဒါကြောင့် ကိုယ့်အပေါ်ကို
သစ္စာရှိရှိ တကယ် ချစ်မယ့်သူ ရှိမလာရင်လည်း ကိုယ့်ဖာသာ ဘဝကို ကိုယ်တိုင် ဖြတ်သန်း ရှင်သန်နိုင်ရမယ်။

ကိုယ့်ရဲ့ ရိုးသားဖြူစင်မှုနဲ့ ထက်မြက်တဲ့ အတွေးအခေါ် ကောင်းတွေကသာ အရေးကြီးတာပါ။ ကိုယ်တိုင်သာ ထက်မြက်အောင်နေပါ။ ကိုယ့်ကို လိုချင်တဲ့ လေးစားတဲ့
တန်ဖိုးထား မြတ်နိုးမယ့် ယောက်ျားတွေ ရှိနေမှာပါပဲ။

ဒီနေ့ခေတ်မှာ မိန်းမတွေလည်း ထိပ်တန်းနေရာတွေမှာ
ဦးဆောင်နိုင်လာကြပြီဆိုတာကို မမေ့ပါနဲ့။

ကိုယ့်အပေါ် သစ္စာမရှိတဲ့သူ၊ ခေါင်းရှောင်တတ်တဲ့ ယောက်ျား၊ ကိုယ့်တန်ဖိုးကိုမသိတဲ့ အောက်တန်းကျတဲ့ စိတ်ထားရှိတဲ့ ယောက်ျားမျိုးတွေကို မေ့လိုက်ပါ။

မိန်းမတစ်ယောက်ရဲ့ ပညာအဆင့်အတန်း၊ တန်ဖိုး၊ အရည်အချင်း တွေကိုမသိတဲ့သူတွေနဲ့ မပေါင်းဖက်ရတာဟာ မဟာကံကောင်းမှုကြီးပါ။

ကိုယ့်ရဲ့ လှပတဲ့ နှလုံးသား အလှကို မြင်အောင်ကြည့်တတ်တဲ့သူ၊ ရင့်ကျက်ပြီး ထက်မြက်တယ်၊ မိန်းမပီသတယ် ဆိုရင် ကိုယ့်တန်ဖိုးကိုသိတဲ့ ယောက်ျားကောင်းတွေရဲ့ မြတ်နိုးတန်ဖိုးထား လိုချင်မှုကိုတော့ ခံရမှာပါပဲ။

ဒါကြောင့် မိန်းမဆိုပေမယ့် သာမန်မိန်းမတစ်ယောက်အဖြစ်နဲ့ ဘဝကို ကုန်ဆုံးမသွားပါစေနဲ့။ အရည်အချင်းရှိအောင် ကြိုးစားပြီး ထက်မြက်မှုတော့ ရှိနေပါစေ။ သူများက လေးစားရတဲ့ မိန်းမတစ်ယောက်ဖြစ်အောင်နေပါ။

ယောက်ျားတွေရဲ့ တဏှာစိတ်နဲ့ အကြည့်ခံရတဲ့အပေါ်ယံ ရုပ်ဝတ္ထုနဲ့ အနှစ်မရှိတဲ့ ခပ်ပေါပေါ ခံယူချက်တွေပေါ်မှာ လုပ်ပြနေကြတဲ့ မိန်းကလေးမျိုးသာ မဖြစ်ပါစေနဲ့

အရေးကြုံလာရင် ဘယ်သူ့ကိုမှ အားကိုးစရာ မလိုတဲ့၊
ကိုယ်ပိုင်အရည်အချင်းနဲ့ တန်ဖိုးရှိတဲ့ မိန်းမတစ်ယောက် ဖြစ်အောင် နေသင့်ပါတယ်။

နမိတ်ဆိုတာတကယ်ရှိတယ် မြင်တာချဲ့ပါဂုဏ်ယူပါတယ် သင့်အတွက် အိမ်ဝယ်ဖို့ ။အခုပဲလက်ခံလိုက်ပါ
24/01/2025

နမိတ်ဆိုတာတကယ်ရှိတယ် မြင်တာချဲ့ပါ
ဂုဏ်ယူပါတယ်
သင့်အတွက် အိမ်ဝယ်ဖို့ ။အခုပဲလက်ခံလိုက်ပါ

" ချည်ထားသမျှ ကြိုးတွေကို ဖြည်ပေးလိုက်ပါ "► ကိုယ့်ရဲ့ချစ်သူနဲ့ ကိုယ့်ကြားမှာ ဘယ်လိုမှ ညှိလို့ မရတော့ဘူးဆိုတာ သေချာသွားတဲ...
23/01/2025

" ချည်ထားသမျှ ကြိုးတွေကို ဖြည်ပေးလိုက်ပါ "

► ကိုယ့်ရဲ့ချစ်သူနဲ့ ကိုယ့်ကြားမှာ ဘယ်လိုမှ
ညှိလို့ မရတော့ဘူးဆိုတာ သေချာသွားတဲ့အခါ
ချည်ထားသမျှ ကြိုးတွေကို ဖြည်ပေးလိုက်ပါ ။

► ကိုယ့်ဘက်က အဆင်ပြေအောင် ကြိုးစားခဲ့ပြီးလို့
ဘာမှ မတတ်နိုင်တော့တဲ့အဆုံးမှာ
ချည်ထားသမျှ ကြိုးတွေကို ဖြည်ပေးလိုက်ပါ ။

► ကိုယ်လုပ်နေသမျှ ပြောနေသမျှအရာရာတိုင်းကို
သူ အကောင်းမမြင်နိုင်တော့တဲ့အခါမျိုးမှာ
ချည်ထားသမျှ ကြိုးတွေကို ဖြည်ပေးလိုက်ပါ ။

► ကိုယ့်ဘက်က စိတ်ပူပေးတဲ့အရာတွေကို
ချုပ်ချယ်တယ်၊ သူ့လွတ်လပ်ခွင့်တွေကို
တားဆီးပိတ်ပင်တယ်လို့ ထင်နေတဲ့အခါမျိုးမှာ
ချည်ထားသမျှ ကြိုးတွေကို ဖြည်ပေးလိုက်ပါ ။

► ကိုယ့်ရဲ့ဂရုစိုက်မှုတွေကို သူက တန်ဖိုးမထားဘူး၊
အလေးမထားဘူး၊ မလိုချင်ဘူးဆိုရင်..
ချည်ထားသမျှ ကြိုးတွေကို ဖြည်ပေးလိုက်ပါ ။

► တကယ်တမ်းတော့ ဘယ်သူ့အတွက်
ဘယ်သူကမှ အမြဲရှိနေပေးနေဖို့
တာဝန်ရှိနေတာမျိုး မဟုတ်ပါဘူး ။

► ကိုယ်က ကိုယ့်ချစ်သူရဲ့ အဖေလည်း မဟုတ်ဘူး။
အမေလည်း မဟုတ်ဘူး။ အုပ်ထိန်းသူလည်း မဟုတ်ဘူး။
သူ့ရဲ့တနေ့တာ ၊ သူ ဘယ်သွားမယ်၊ ဘာလုပ်နေမယ်
ဘယ်သူတွေနဲ့ ရှိနေမယ်ဆိုတာကို မသိချင်ပါနဲ့တော့ ။

► သူ ညဘက်ပုံမှန်အိပ်ရဲ့လား။ အစားပုံမှန်စားရဲ့လား။
နေကောင်းရဲ့လား။ စိတ်လက်ကြည်သာရဲ့လား။
ပျော်ရွှင်ရဲ့လား..ဆိုတာတွေကို လိုက်ဂရုစိုက်ပေးနေတာက
ချစ်ခြင်းမေတ္တာကြောင့်ပါပဲ။ ချစ်ခြင်းမေတ္တာကြောင့်သာ
ကိုယ့်ထမင်းကိုယ်စားပြီး သူများသားသမီးကို
စိတ်ထဲထည့်ပြီး ဂရုစိုက်ပေးနေရတာမျိုးပါ ။

► လူတွေဟာ ပေါပေါများများ ရနေတဲ့အရာကို
တန်ဖိုးမထားတတ်ကြတာ သဘာဝပါပဲ။
ဒီလူဟာ ငါ့ကို အမြဲတမ်းဂရုစိုက်ပေးနေမှာ ၊
ငါ့အနားမှာ ငါဘယ်လောက်ပဲဆိုးဆိုး သူ ရှိနေမှာ ၊
ငါ့ကို ဘယ်လိုမှ ခွဲနိုင်မှာမဟုတ်ဘူး လို့
အပိုင်အတွက်ထားမိရင်လည်း
တုံ့ပြန်ဂရုစိုက်မှုတွေပေးဖို့ ဝန်လေးတတ်ကြပါတယ် ။

► အပြီးတိုင်ထာဝရ လက်လွှတ်ဆုံးရှုံးရတော့မယ်
ဆိုကာမှ..၊ ကိုယ်ပိုင်ဆိုင်ဖူးခဲ့တဲ့အရာကို
ဘယ်လောက်တန်ဖိုးရှိမှန်း သိလာတာကြတာမျိုးပါ။
တသက်စာ ဝေးရတော့မယ်၊ ဘယ်တော့မှ မဆုံဆည်းနိုင်တော့ဘူးဆိုတာကို အသိဝင်လာတဲ့အခါမှ..၊ ရင်ထဲမှာ အိပ်ပျော်နေခဲ့တဲ့အချစ်က နိုးထလာတတ်တာမျိုးပါ ။

► ဒါကြောင့် ရှေ့ဆက်ဖို့အတွက်
သိပ်ခက်ခဲနာကျင်လွန်းနေတဲ့အခါမျိုးမှာ
ချည်ထားသမျှ ကြိုးတွေ ဖြည်ပေးလိုက်ပါ .. ။

► ကိုယ့်ကို ပြန်ဖမ်းဆုတ်မထားပဲ
သူက တကယ်ထွက်ခွာသွားနိုင်ခဲ့ရင်..
ဒီလိုစောစောသိလိုက်ရတာ ကံကောင်းတာပါပဲ။
အစောကြီးကတည်းက ... သူက ကိုယ့်ကို
ချစ်ခဲ့တာမဟုတ်ပါဘူး။ ကိုယ်ပေးခဲ့တဲ့
ဂရုစိုက်မှုတွေအပေါ် .. သူသာယာခဲ့တာပါ။

► ဘယ်လိုနည်းနဲ့မှ ကိုယ့်ကို လက်မလွှတ်ဘဲ
ပြန်ဖမ်းဆုပ်ထားမှသာ..၊ ဘာတွေပဲ ဖြစ်ပါစေ
ကိုယ်နဲ့အတူ ရှေ့ဆက်ဖို့ ရွေးချယ်မှသာ
တကယ့်အချစ်စစ်ပါ... ။

► တခါတလေမှာ အချစ်စစ်၊ မစစ် သိချင်ရင် ..
ချည်ထားသမျှ ကြိုးတွေကို ဖြည်ပေးလိုက်ပါ... ။

#ဉာဏ

ခက်တာတွေ့တိုင်း လက်လျှော့နေတတ်တာကို ကံမကောင်းဘူးလို့ ညည်းပြီး ကိုယ့်ကိုယ်ကိုယ် ညှာနေရင်တော့ ဘူပြီးရင် ဘူနေမယ်။ခက်တာကို ခ...
23/01/2025

ခက်တာတွေ့တိုင်း လက်လျှော့နေတတ်တာကို
ကံမကောင်းဘူးလို့ ညည်းပြီး
ကိုယ့်ကိုယ်ကိုယ် ညှာနေရင်တော့ ဘူပြီးရင် ဘူနေမယ်။

ခက်တာကို ခက်ချင်အုံးဟဆိုပြီး ရင်ဆိုင်မှ
အဆိုးတွေ ပျောက်ပြီး ကံကောင်းတာတွေ ရောက်လာမှာ။

လက်ရှိအလုပ်မှာ ခက်ခဲတာကြောင့် နောက်အလုပ်တစ်ခုပြောင်း
နောက်အလုပ်မှာလည်း အဆင်မပြေတာတွေ့လို့ လက်လျော့လိုက်နဲ့ဆိုရင်
မုန့်လုံးစက္ကူကပ်သလို ဖြစ်နေမှာပေါ့။

ကိုယ်ရွေးချယ်ထားတဲ့ Career ကို စိတ်မဝင်စားတော့လို့ မဟုတ်ဘဲ အခက်အခဲကြောင့် ထွက်ပြေးနေပြီး ဝါသနာနဲ့ Career တစ်ထပ်တည်း မကျလို့ ထိုင်အော်နေရင် လိုက်လေဝေးလေ ဝေလေလေနဲ့။

အခက်အခဲက ဖြေရှင်းနိုင်စွမ်းထက် ကြီးနေတဲ့အခါ ထွက်ပြေးချင်တာက
လူ့သဘာဝ ဆိုပေမဲ့ ရင်မဆိုင်ပဲ ရှောင်နေရင် ပိုခက်ခဲနေအုံးမှာပဲ။

အခက်အခဲကို စိတ်ညစ်စရာလို့ မမြင်ဘဲ စိန်ခေါ်မှုလို့ ပြောင်းတွေးကြည့်

အခက်အခဲကို ကျော်လွန်အောင်မြင်ပြီးသွားတဲ့အခါ
ဘာမှ မဟုတ်တဲ့ ကိစ္စလို အသေးအမွှားတွေပဲ ဖြစ်သွားတယ်ဆိုတာ ကြုံဖူးသူတိုင်း သိကြမှာပါ။

ရှစ်တန်းလောက်က ဆယ်တန်းစာမေးပွဲကို လှမ်းတွေးကြည့်တဲ့အခါ
ဘယ်လိုရင်ဆိုင်ရမလဲ တွေးပြီး စိတ်ပူတယ်။ ကြောက်တယ်။
တကယ် ကြုံလာရတော့ ခက်ခဲတယ်။ ပင်ပန်းတယ်။
ဖြေပြီး နှစ်နှစ်လောက် ကြာတော့ ဘာမှ မဟုတ်တော့တဲ့ ကိစ္စတစ်ခုလိုပဲ။

အခက်အခဲတစ်ခု ရင်ဆိုင်ပြီးတိုင်း ပိုသန်မာလာတယ်။
အခက်အခဲတစ်ခု ဖြိုချပြီးတိုင်း
ပိုကြီးတဲ့ အခက်အခဲတွေ ရင်ဆိုင်ဖို့ ပိုအားရှိလာတယ်။

ကံကောင်းအောင် အခက်အခဲမရှိအောင် ယတြာချေနေတာထက်
အခက်အခဲတွေကိုထိပ်တိုက်တွေ့ပြီး ဒူးနဲ့သာ တိုက်ထုတ်လိုက်
ကံကောင်းမှုတွေက ဝင်လာမဆဲတသဲသဲ ဖြစ်နေမှာ။

အခက်အခဲဆိုတာ တစ်နည်းအားဖြင့် ပျော်ရွှင်မှု ကံကောင်းခြင်းဆီကို
အသွင်မပြောင်းခင် အခိုက်အတန့်ပဲ။
ဒါ့ကြောင့် အခက်အခဲ ဖြေရှင်းဖို့ ယတြာအစစ်အမှန်က
ခက်လာတိုင်း ရင်ဆိုင်သာတွေ့ပြီး ကြိုးစားဖြေရှင်းခြင်းပဲ။


#သင့်ဖုန်းထဲကဒစ်ဂျစ်တယ်စာကြည့်တိုက်
Crb Aung Pyay Nyein

လူရွေးမှန်သွားတဲ့အခါ ချစ်ခြင်းမေတ္တာဟာ ပျော်ရွှင်စရာပါ ။ သင့်ကိုနာကျင်အောင် သူကိုယ်တိုင် လုပ်ဖို့နေနေသာသာသူစိမ်းတယောက်ယေ...
21/01/2025

လူရွေးမှန်သွားတဲ့အခါ ချစ်ခြင်းမေတ္တာဟာ ပျော်ရွှင်စရာပါ ။

သင့်ကိုနာကျင်အောင် သူကိုယ်တိုင် လုပ်ဖို့နေနေသာသာ
သူစိမ်းတယောက်ယောက်ကြောင့် သင်နာကျင်နေရရင်တောင်
သင့်ဘေးမှာ ရှိနေပြီး သင့်ကို တယောက်တည်းလို့ မခံစားရအောင်
အမျိုးမျိုး အားပေးတတ်တဲ့သူမျိုးကြောင့် ကိုယ့်နာကျင်စရာတွေကို
မေ့ပြီး သူ့ကြောင့်ခွန်အားတွေ ပြန်ရတယ်လို့.....

သင့်ထက်သာတဲ့သူတွေ အများကြီးရှိနေပေမယ့်
ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် သင့်ကိုပဲ ရွေးချယ်ပြီး
ဘယ်သူ့ကိုမှ အာရုံထဲမထည့်တဲ့သူမျိုးကို ပိုင်ဆိုင်ထားရတယ်လို့.....

သင့်ကို တခြားသူတွေနဲ့ နှိုင်းယှဥ်တာမျိုးမရှိဘဲ
သင့်ရဲ့ဖြစ်တည်မှုကိုလေးစားပြီး သင်မှားနေရင်တောင်မှ
နောက်တခေါက်ထပ်မမှားအောင် မငြိုမငြင်လမ်းပြပေးတတ်တဲ့သူကြောင့် သင်အားရှိတယ်လို့....

အများနဲ့ယှဥ်ရင်တောင် သင့်ကိုပထမနေရာမှာထားပြီး
" သင့်အတွက် ဖြစ်တည်နေတဲ့ လူ " လိုမျိုး
သင်လိုအပ်ချိန်တိုင်းမှာ လူကိုယ်တိုင်မဟုတ်ရင်တောင်
စိတ်ဓာတ်ခွန်အားတွေ ပို့ပေးလိုက်တဲ့သူကြောင့်
သင် ပျော်ရွှင်ရတယ်လို့....

သူ့ကိုပိုင်ဆိုင်ထားရတာ သင့်အတွက် ကံကောင်းတယ်
ပျော်ရွှင်ရတယ် ၊ အထီးမကျန်ရဘူး ၊ နွေးထွေးတယ်လို့ ....
သူ့ရဲ့အချစ်တွေကို ပါးစပ်က ထုတ်မပြလည်း
အပြုအမူတွေကြောင့် သင့်ရင်ထဲမှာ ချစ်ခြင်းမေတ္တာကို ခံစားရတယ်လို့...... တွေးမိခဲ့ရင်

ဒီလူသားကြောင့် အချစ်ရဲ့အဓိပ္ပါယ်ကို သေချာလေးနက်စွာနားလည်သွားရတယ်ဆိုရင် ဒါဟာ သင်ရွေးချယ်တဲ့လူဟာ သင့်အတွက် မှန်ကန်သွားလို့ပါပဲ..... ။

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာမှာ ဂုဏ်မလိုဘူး ၊ ပကာသနတွေမလိုဘူး ။
ကိုယ့်အပေါ်မှာစိတ်ရင်းနဲ့ချစ်ပေးနိုင်မယ့်လူကို မှန်ကန်စွာရွေးချယ်တတ်ဖို့ပဲ လိုတာပါ ။

" ဒါ့ကြောင့်.... လူရွေးမှန်တဲ့အခါ
ချစ်ခြင်းမေတ္တာဟာ ပျော်ရွှင်စရာပါ "

ယောကျာ်းယူရမှာကို ကျမ မကြောက်ဘူးလူစိတ်မရှိ တဲ့သူနဲ့တွေ့ပြီးလူမှားရွေးမိမှာကိုပဲ ကျမကြောက်တာ …😢အိမ်ထောင်ပြုတယ်ဆိုတာ ထီထို...
21/01/2025

ယောကျာ်းယူရမှာကို ကျမ မကြောက်ဘူး
လူစိတ်မရှိ တဲ့သူနဲ့တွေ့ပြီးလူမှားရွေးမိမှာကိုပဲ ကျမကြောက်တာ …😢အိမ်ထောင်ပြုတယ်ဆိုတာ ထီထိုးသလိုပဲ ပေါက်လဲကိုယ့်ကံ မပေါက်လဲ ကိုယ့်ကံပါပဲ အများစုကတော့

Videoဇာတ်လမ်းတွဲတွေထဲကလို မင်းသမီးအတွက်တော့မင်းသားက Hero ပဲပေါ့ တစ်ကယ်တမ်းလက်တွေ့ကျတော့ နေထက်လင်းပြောသလို ယောက်ျားတွေအချစ်က သုံးနှစ်ထပ်မပိုပါဘူး။

အိမ်ထောင်ရေးကံကောင်းတဲ့သူတွေအတွက်ကတော့ အိမ်ထောင်ပြုခြင်းဆိုတာ မဂ်လာတစ်ပါးပါပဲ။ဒါပေမယ့် အိမ်ထောင်ရေးကံမကောင်းတဲ့သူတွေအတွက်ကတော့ ငရဲတွင်းထဲကိုခုန်ဆင်းမိတဲ့သူတွေနဲ့ထပ်တူကျနေတတ်တယ်။

ချစ်တာတွေ၊မေတ္တာတွေပျောက်ပြီး သူဘာလဲ ငါဘာလဲနဲ့အတ္တတွေ စစ်ခင်းနေတာမျိုးမာနတွေ ပြိုင်နေတာမျိုးပေါ့ နောက်ဆုံး လမ်းခွဲရမယ့်အခြေအနေမျိုးမှာတောင် သက်ညှာမှုမရှိ၊လူသားမဆန်တဲ့ အိမ်ထောင်ဖက်နဲ့တွေ့ရင် မိန်းမသားတို့ဘဝက မတွေးဝံ့စရာပါပဲ။

တစ်ချို့တွေရှိကြတယ် ကိုယ်တိုင်ကျ အမေနှမအထိမခံနိူင်ပေမယ့် အိမ်က ဇနီးမိန်းမကိုတော့ နှမသားချင်းမစာမနာပဲ ညှင်းပန်းနှိမ့်စက်တတ်ကြပြန်တယ်။ ဝဋ်ကြွေးလို့ဆိုရပေမယ့်မိန်းကလေးတွေ အိမ်ထောင်ရေးမှာ လူရွေးမမှားအောင်တော့ သင်ခန်းစာယူစေချင်ပါတယ်။

ကိုယ်တိုင်းကမကောင်းပဲနဲ့ သူများကောင်းဖို့မမျှော်လင့်နဲ့ဆိုပေမယ့် တစ်ချို့မိန်းကလေးတွေ အိမ်ထောင်မှုနိူင်နင်းပြီး စီးပွားရေးအဆင်ပြေအောင် ရုန်းကန်ပြီးအိမ်ထောင်ရေးသာယာအောင် ကြိုးစားကြပေမယ့် ဖောက်ပြန်တဲ့ယောက်ျား၊ဖောက်ပြန်တဲ့မိန်းမဆိုတာ ရှိကြတာပါပဲ။

ချစ်သူရွေးမှားတာကပြင်လို့ရပေမယ့် အိမ်ထောင်ရွေးမှားသွားလို့ပြန်ပြင်ရင် တစ်ခုလပ်၊အိမ်ထောင်ကွဲဆိုတဲ့ အောက်လုံးတွေသုံးပြီးပတ်ဝန်းကျင်ကဲ့ရဲ့တာခံနေရမယ်ညီမလေး…။ဒါကြောင့် ကိုယ်ဘယ်လောက်ပဲချစ်နေပါစေ သူ့စိတ်ဓာတ်ကိုယ့်စိတ်ဓာတ်ထပ်တူမကျရင် ဘယ်လိုမှပေါင်းလို့မရနိူင်ပါဘူး။

ယောက်ျားဆိုတာ မသေမချင်းရတယ် ဒါပေမယ့် လူစိတ်မရှိတဲ့ ယောက်ျားကို မရွေးချယ်မိဖို့ပဲလိုတယ် ညီမလေး…။လေးစားစွာဖြင့်
(ရာမညမြေ)

17/01/2025

ခဏခန ပြတ်မယ်ပြောပြီး
ခနခဏပြန်တွဲ နေရရင်ဂုဏ်ယူလိုက်ပါ သူက သင့်ကို လက်လွှတ် ဆုံးရှံးမခံနိုင်လိုပါ

အဲ့လိုလူမျိုးရှားသွားပြီမင်းမှမင်းပဲ ဆိုတဲ့လူတွေအခြားတယောက်ကို
ပြောင်းကြိုက်သွားကြတာတွေ
တပုံကြီး ပဲနော် :'စိတ်ဆိုးတုန်း နားလည်မှု လွှတုန်းခနခဏပြတ်မယ်ပြောပြီးတကယ်မနေနိုင်တဲ့အခါစိတ်ရင်းနဲ့ပဲပြန်ခေါ်ပြီး အရင်လို ပြန်တွဲတာဟာအရမ်းကံ​ကောင်းတယ်အဲ့လို ချစ်သူမျိုးရထားတာသင် အရမ်းကို ကံကောင်းပါတယ်တကယ်ပြတ်မယ်ပြောပြီးလှည့်မကြည့်တဲ့ လူတွေ တပုံကြီးနော်

တကယ်မပြတ်နိုင်တဲ့အခါရှုးတာတွေ မြတ်တာတွေနားမလည်ဘူး ချစ်နေသေးတာပဲသူ့ဘက်ကပဲ စခေါ်မယ် ဆိုတဲ့ချစ်သူမျိုး ရထားတာ သင် အရမ်းကံကောင်းပါတယ်

ပြန်တွဲတဲ့အခါစိတ်မညစ်ရဘူးမင်းကို အရင် ကထက် ပိုချစ်လိမ့်မယ်တချို နှစ်တွေ အကြာကြီးတွဲလာတဲ့အတွဲတွေ ပိုသိတယ် :သူ့ကိုချစ်ရတာ ပင်ပန်းတယ်နာကျင်ရတယ်ဆိုပြီးလွှတ်မချလိုက်နဲ့နော် ':

တွဲလာတာ နှစ်တွေကြာလာတဲ့အခါခွဲခွာရတယ်ဆိုရင်နှစ်ယောက်စလုံးပဲ ဝမ်းနည်းရမှာ နော် :'သူက စခေါ်မှာပဲ မာနတွေမထားကျပါနဲ့တကယ်ချစ်ရင် ကိုယ့်ဘက်က စခေါ်ပါ :' A YOE -(Shwe bo)

#ကျေးကို

ဘယ်သောအခါမှ မကြီးပွားနိုင်စေသည့် သားသမီးအမျိုးအစား (၁၁) မျိုး(၁)မိဘကို အိမ်စောင့်ထားခြင်း။(၂)မိဘကနေ အဝတ်လျှော်ဖွတ်ပေးရခြ...
16/01/2025

ဘယ်သောအခါမှ မကြီးပွားနိုင်စေသည့် သားသမီးအမျိုးအစား (၁၁) မျိုး

(၁)မိဘကို အိမ်စောင့်ထားခြင်း။

(၂)မိဘကနေ အဝတ်လျှော်ဖွတ်ပေးရခြင်း။

(၃)မိဘက သား သမီးပြန်လာလျှင် ခြံတံခါးဖွင့်ပေးရခြင်း။

(၄)မိဘကို သား သမီး ထိန်းခိုင်းခြင်း။

(၅)မိဘက ထမင်းချက်ပြုတ် ကျွေးမွေးရခြင်း။

(၆)မိဘကို လစာပေးသလိုမျိုး ငွေပေးခြင်း။

(၇)မိဘအမှားပြုလျှင် လူရှေ့သူရှေ့ ဆူပူအပြစ်တင်ခြင်း။

(၈) မိဘက ဘုရားရှိခိုးလျှင် ကျယ်ခြင်း တိုးခြင်းကို ကဲ့ရဲ့ခြင်း။

(၉)မိဘကို မောင်နှမလို သေဘာထားဆက်ဆံခြင်း။

(၁ဝ)မိဘကို နှမျောတွန့်တို ပေးကမ်းခြင်း။

(၁၁)မိဘစကားကို ပစ်ပယ်ခြင်း။ အလေးမထားခြင်း။….

ဒါမျိုးတွေကို ရှောင်ရှားကြပါ၊ ဆင်ခြင်ကြပါ၊ မလုပ်မိကြပါစေနဲ့။

မိဘဆိုတာ အစားထိုး မရနိုင်တဲ့ တန်ဖိုးအကြီးမားဆုံး ရတနာတွေပါ။

Crd
မောင်သာချို-စာပေ

အားနာပြီး ငွေမချေးပါနဲ့ဖတ်ကြည့်နော်ချေးလိုက်တဲ့ ငွေတိုင်းဟာရက်ချိန်းမှန်မှန်နဲ့ ပြန်ဆပ်ဖို့မလာနိုင်တာက များပါတယ်။ကိုယ္က ...
15/01/2025

အားနာပြီး ငွေမချေးပါနဲ့

ဖတ်ကြည့်နော်

ချေးလိုက်တဲ့ ငွေတိုင်းဟာ
ရက်ချိန်းမှန်မှန်နဲ့ ပြန်ဆပ်ဖို့
မလာနိုင်တာက များပါတယ်။

ကိုယ္က အားနာပြီး
စေတနာနဲ့
အကူအညီ ပေးလိုက်ပေမဲ့
အချိန်တန်ရင် ပြန်လာတတ်တာက
" အမုန်းတရား"တွေပါ။

" ငွေချေးတော့ ပြုံးပြုံး
ပြန်တောင်းတော့ မုန်း "ဆိုတဲ့
စကားဟာ
စေတနာနဲ့ပေးလိုက်လို့
ဝေဒနာတွေ ရောင်ပြန်ဟပ်ခဲ့တာပဲ။

ငွေချေးတုန်းက
ကျေးဇူးတင်မတတ် မျက်နှာတွေဟာ
ပြန်တောင်းတဲ့ အခါကျတော့
အာဃာတမျက်နှာနဲ့
ကျေးဇူးတွေကန်းတော့တာပါပဲ။

ကိုယ့်ဘက်က ချေးလိုက်တုန်းမှာ
လွယ်လွယ်လေး ပေးလိုက်ပေမဲ့
ကိုယ်ပြန်တောင်းတဲ့အခါမှာ
ဘယ်တော့မှ
လွယ်လွယ်နဲ့ ပြန်မရတတ်ပါဘူး။

ဆင်ခြေအမျိုးမျိုး ကြားရ
မျက်နှာချိုသွေးနဲ့ တောင်းခံရ
ကိုယ့်ပိုက်ဆံ ကိုယ်ပြန်ရမယ့်ဘ၀
အဲဒီ "အကြွေး" က
"၀ဋ်ကြွေး" ဖြစ်တာပဲ။

အားနာတတ်တဲ့ တဒင်္ဂစိတ်ကို
အခွင့်အရေးအဖြစ် အသုံးချနေရင်
မိတ်ဆွေက ရန်သူဖြစ်တာ
အဲဒီအကြွေးပဲ။

ဒါကြောင့်
ဘယ်လောက်ပဲ
ခင်မင် ရင်နှီးနေပါစေ
အားနာပြီး
ငွေမချေးပေးလိုက်ပါနဲ့။

Credit:
ကောင်းကင်ထက်က ကြယ်စင် {ကေလး}

နမိတ်ဆိုတာတကယ်ရှိတယ် မြင်တာချဲ့ပါဂုဏ်ယူပါတယ် သင့်အတွက် အိမ်ဝယ်ဖို့ ။အခုပဲလက်ခံလိုက်ပါ👉
13/01/2025

နမိတ်ဆိုတာတကယ်ရှိတယ် မြင်တာချဲ့ပါ
ဂုဏ်ယူပါတယ်
သင့်အတွက် အိမ်ဝယ်ဖို့ ။အခုပဲလက်ခံလိုက်ပါ👉

12/01/2025

စိတ်က ...
မနာသေးခင်ပဲ
ဘယ်အမှားကိုမဆို
ခွင့်လွှတ်ဖို့ တွေးတတ်တာပါ ...

သေချာပေါက်
မင်းဟာ
ကိုယ့်ဖက်က
ပြန်ငဲ့မကြည့်တော့ဆိုတဲ့
အသိတရားတွေ
၀င်သွားတဲ့ တစ်နေ့ကျရင်တော့

ကိုယ်လည်း မင်းအနား ရှိနေဖို့
မသေချာတော့ဘူး ။

ကိုယ် ရပ်နေပြီးသွားပြီးလေ
ကိုယ် ချစ်ခဲ့ပေးပြီးပြီ

ငိုခြင်း ရယ်ခြင်း
အရာအားလုံးက
မင်းတစ်ဦးတစ်ယောက်တည်းပေါ်မှာ
မူတည်ခဲ့ပြီးသွားပြီ ..

မျက်ရည်တွေ ကျပြီး
တားနေတုန်းမှာမှ
ပြန်လှည့်ကြည့်ပေးဖို့ သတိမှ မရရင်

အမှားတွေ
အမြဲတမ်း ခွင့်လွှတ်နေတုန်း
နည်းနည်းလေး ဆင်ခြင်ဖို့မှ သတိမရရင်

နေတတ်သွားမှ
နေနိုင်သွားမှ
ခေါင်းစဥ်တွေ အမျိုးမျိုး မတပ်တာကောင်းမယ် ။

စိတ်နာတတ်သွားရင်လေ ...
ဒါမှမဟုတ်
ကိုယ် မြတ်နိုးမိတဲ့အရာက
ကိုယ့်ကို အမြဲတမ်း ထိခိုက်နာကျင်လာရရင်လေ

သေလောက်အောင်
မြတ်နိုးမိတာတွေကိုလည်း
စွန့်လွှတ်သင့်ရင် စွန့်လွှတ်ရတာပါပဲ ။

#ကျေးကို
#မေတ္တာဖြင့်ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည် #သျှင်ယွန်း

🤦‍♀️" လိုသုံး တွေနဲ့ ဝေးဝေးနေပါ ညီမလေး" 🤷‍♀️တချို့မျိုးသမီး လေးတွေ တစ်စုံတစ်ယောက်ကိုထပ် ချစ်ရမှာ ကြောက်သွား တာမဟုတ်ဘူးအပ...
12/01/2025

🤦‍♀️" လိုသုံး တွေနဲ့ ဝေးဝေးနေပါ ညီမလေး" 🤷‍♀️

တချို့မျိုးသမီး လေးတွေ တစ်စုံတစ်ယောက်ကို
ထပ် ချစ်ရမှာ ကြောက်သွား တာမဟုတ်ဘူး

အပြောင်းအလဲမြန်တဲ့ လူတွေနဲ့ မပတ်သက်ချင်လို့
ဝေးဝေး နေဖို့ ဆုံးဖြတ် လိုက်တာပါ ။

ဘယ်သူ့ကိုမှ မချစ်တတ်တော့ တာ မဟုတ်ဘူး"
ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ် တန်ဖိုးထား တတ်လာတာ"

တစ်ယောက်တည်း အထီးကျန်နေတာ မဟုတ်ဘူး"
အမှီမရှိလည်း တစ်ပွင့်တည်းနဲ့ လှလှပပ ဖူးပွင့် နေတာ"

လူမှုဆက်ဆံရေး ညံ့လို့ အပေါင်းအသင်း မရှိတာ မဟုတ်ဘူး
စိတ်တူ ကိုယ်တူ မဟုတ်လို့ ခတ်ကင်းကင်း နေလိုက်တာ"

တချို့ အမျိုး သမီး တွေက ~
မာန ကြီးပြီး အောက်ခြေ လွှတ်နေတာ မဟုတ်ပါဘူး
မတန်တဲ့ သူ အတွက် ခံစားရတဲ့ ခံစားချက်တွေ အားလုံးကို
အဝေးတစ်နေရာကို စိတ်မာမာနဲ့ လွှင့်ထုတ်ပစ် လိုက်တာ"

လူ တွေကို ရှောင်ဖယ် ရှောင်ဖယ် လုပ်နေတာ မဟုတ်ဘူး"
အတတ်နိုင်ဆုံး နာကျင် စေတဲ့သူတွေကို ရှောင်နေလိုက်တာ"

လူတချို့အပေါ် လေးနက်မှု မရှိတော့တာ မဟုတ်ဘူး"
ပျော်ရွှင်မှု ကလွဲရင် တခြား အကြောင်းအရာ တွေကို
ခေါင်း ထဲ သိပ့် မထည့် ချင်တော့ တာပါ။

မိန်းကလေး အများစုက သူတို့ စိတ်ကုန် သွားပြီဆိုရင်
သွေးအေးအေးနဲ့ သိပ့်ကြောက်ဖို့ ကောင်းတယ်.... "

တချို့က ငိုနေရင်း ငိုနေရင်း နဲ့တောင် အသည်းတွေ
မာလာတယ် "ပြတ်သား ဖို့သတ္တိတွေ ပိုရှိလာတယ် "

တချိန်တည်းမှာပဲ ရှေ့ဆက် ဘာလုပ်သင့်လဲဆိုတာ
တွေဝေ မနေဘဲ ဆုံးဖြတ်ချက် ချနိုင်လာတယ် "

လိုသုံး တွေနဲ့ ဝေးဝေး နေပြလိုက်တယ်"
တန်ဖိုးမသိတဲ့ သူတွေနဲ့ ကင်းအောင် နေပြလိုက်တယ်"
သစ္စာ မဲ့တဲ့ ဆက်ဆံရေးတွေကို ဖြတ်တောက်ပြလိုက်တယ်"

ဒဏ်ရာတွေ ရခဲ့လည်း သန်သန်မာမာပဲ နေပြလိုက်တယ်"
ဘယ်သူ့ အကူအညီ မှ မယူပဲ ၊ လောကဓံကို ရင်ဆိုင်တယ်"

နှစ်သိမ့်မှု တွေ အားပေး လက်ခုတ်သံတွေ မရှိလည်း"
ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုနဲ့ တောက်ပ ပြလိုက်တယ်"

ဒါဟာ.....လိုသုံးတွေနဲ့ ဝေးဝေး နေနိုင်ခြင်းက နေ
ဖြစ်တည်လာတဲ့ ကိုယ်ရည် ကိုယ်သွေး ယုံကြည်မှုကြောင့်ပါ။

ဒါကြောင့်.....မို့ ဒီနေ့က စပြီး~~~
လိုသုံးတွေနဲ့ ဝေးဝေးနေပြလိုက်ပါ ညီမလေး 😘"

🌻 ခိုင်(အညာမြေ) 💙
🌻

ที่อยู่

1 Soi Kasikornthai, Ratburana Road
Bangkok
101409

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ကျွန်တော် ဖတ်ဖို့ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์