Freedom Media Media

ကရင်နီကို ကယားဟု မှားယွင်းပြောဆိုမိခဲ့သဖြင့် KNPPကို NUGဝန်ကြီး ပြန်လည်တောင်းပန်5 Nov 2024 By FMကရင်နီအမျိုးသားတိုးတက်ရေ...
05/11/2024

ကရင်နီကို ကယားဟု မှားယွင်းပြောဆိုမိခဲ့သဖြင့် KNPPကို NUGဝန်ကြီး ပြန်လည်တောင်းပန်

5 Nov 2024 By FM

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ကို ကယားအမျိုးသားတိုးတက်ရေးပါတီဟု မှားယွင်းပြောဆိုခဲ့မှုအပေါ် NUG၊နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က တောင်းပန်လိုက်သည်။

ယနေ့(နိုဝင်ဘာငါးရက်) မွန်းလွဲ ၃နာရီခွဲတွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ချင်းအမျိုးသားတပ်ဦး(CNF) တို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဒေါ်ဇင်မာအောင်က မှားယွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

"ကျမ opening မှာ ကျွန်မတို့ဒီ ကရင်နီအမျိုးသားတိုးတက်ရေးပါတီပေါ့။ KNPP ကို ကျမက ကယားဆိုပြီးတော့ ဒီလိုစာလုံးအမှားအယွင်းနဲ့ပြောဆိုခဲ့တဲ့အတွက် အမှားပြင်ဆင်ချက် လည်းလုပ်ပါတယ်။တောင်းလည်းတောင်းပန်ပါတယ်"ဟု ဒေါ်ဇင်မာအောင်ကပြောသည်။

စစ်ကောင်စီတပ်က မတရားပြောင်းလဲခေါ်ဆို အသုံးပြုခဲ့သည့် “ကယားပြည်နယ်” ဟူသော အသုံးအနှုန်းကို လက်မခံ နိုင်ကြောင်းနှင့် သတင်းမီဒီယာများ၊ သက်ဆိုင်ရာ အင်အားစုများ အနေဖြင့် “ကရင်နီပြည်နယ်”ဟု ပြောင်းလဲ ခေါ်ဆိုရန် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council-KSCC) က ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ၂၃ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ကရင်နီပြည်နယ်ဟူသော အခေါ်အဝေါ်သည် ကရင်နီအမျိုးသားများအတွက် လွတ်လပ်သည့် သမိုင်း အထောက်အထား ဖြစ်သောကြောင့် စစ်အာဏာရှင်ကို လက်မခံသည့် ကရင်နီအမျိုးသားများအနေဖြင့် ခုခံတော် လှန်ရေးတစ်ရပ် ဆင်နွှဲအသုံးပြုနိုင်ရန် ကရင်နီဆိုသည့် ဝေါဟာရ အသုံးအနှုန်းအား ယနေ့ထိ ကျင့်သုံးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

၁၉၅၁ ခုနှစ် ပါလီမန်တွင် ယခင်ကရင်နီပြည်နယ်အမည်မှ ကယားပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ၁၉၅၂ခုနှစ်၊ ဇန်နဝါရီ ၁၅ရက်တွင် ကယားပြည်နယ်နေ့ စတင်ဖြစ်ပေါ်လာခဲ့ကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ထံက သိရသည်။

FM

စစ်ကောင်စီတပ်၏ ဒရုန်းရန်ကို ထိထိရောက်ရောက်ကာကွယ်နိုင်မည့် "Federal Sheild"အမည်ရ ဂျမ်မာများ တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီဟုဆိ...
02/11/2024

စစ်ကောင်စီတပ်၏ ဒရုန်းရန်ကို ထိထိရောက်ရောက်ကာကွယ်နိုင်မည့် "Federal Sheild"အမည်ရ ဂျမ်မာများ တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီဟုဆို

2 Nov 2024 By FM

စစ်ကောင်စီတပ်၏ ဒရုန်းရန်ကို ထိထိရောက်ရောက်ကာကွယ်နိုင်မည့် "Federal Sheild"အမည်ရ ဂျမ်မာများ တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း Federal Wings တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ နေ့လည်ပိုင်း ကရင်ပြည်နယ် အခြေစိုက် Federal Wings ဒရုန်းတပ်ဖွဲ့မှ Federal Shield အမည်ရ Drone Jammer များကို အောင်မြင်စွာစမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"ရန်သူရဲ့ဒရုန်းရန်ကနေ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တော့မှာဖြစ်ပြီး ဝယ်ယူရခက်ခဲမှုနဲ့ ဈေးနှုန်းကြီးမြင့်မှုတွေကို ကျော်လွှားနိုင်တော့မှာပါ"ဟု Federal Wings(FW)၏ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

လက်ရှိတွင် FWအနေဖြင့် ယခုနှစ်မှ စတင်ကာကိုယ်ပိုင်ဒီဇိုင်းများဖြင့် ဒရုန်းများကို တီထွင်
ထုတ်လုပ်လျက်ရှိပြီး ယခုရက်ပိုင်းအတွင်းပင် ဟာကြူလီအမည်ရ သာမာန်ဒရုန်းများထက် အရွယ်အစားကြီးမားသည့် ဒရုန်းတစ်ခုအား ပြည်သူ့ထံ ချပြခဲ့သေးသည်။

FM

မိုးမိတ်တွင် ဘုံကထိန်ပွဲကို PDF ရဲဘော်များက ပြည်သူများနှင့် ပါဝင်လှူဒါန်း2 Nov 2024 By FM ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုး...
02/11/2024

မိုးမိတ်တွင် ဘုံကထိန်ပွဲကို PDF ရဲဘော်များက ပြည်သူများနှင့် ပါဝင်လှူဒါန်း

2 Nov 2024 By FM

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်အတွင်း ဘုံကထိန်ပွဲတွင် မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြည်သူများနှင့်အတူ ပါဝင်လှူဒါန်းကူညီခဲ့သည့် ပုံရိပ်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။

FM

ရခိုင်တွင် စစ်သားများ ထွက်ပြေးနေကြသဖြင့် စစ်မှုထမ်း အပတ်စဉ် (၇) အတွက် ဧရာဝတီတိုင်းတွင် ဖိအားပေးလုပ်ဆောင်နေ2 Nov 2024 By ...
02/11/2024

ရခိုင်တွင် စစ်သားများ ထွက်ပြေးနေကြသဖြင့် စစ်မှုထမ်း အပတ်စဉ် (၇) အတွက် ဧရာဝတီတိုင်းတွင် ဖိအားပေးလုပ်ဆောင်နေ

2 Nov 2024 By FM

ရခိုင်ပြည်နယ် စစ်မြေပြင်ကို ပို့ခံထားရသည့် စစ်သားများ အသေအပျောက် များနေကြသဖြင့ တချို့လည်း ထွက်ပြေးနေတာကြောင့် စစ်ကောင်စီတပ်က အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုကို ပိုမိုလုပ်ဆောင်နေကြောင်း သိရသည်။

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်ရှိ ကျေးရွာတချို့တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းအပတ်စဉ် (၇) အတွက် နိုဝင်ဘာ ၁ရက်က အစည်းအဝေးပြုလုပ်ကြကြောင်း သိရသည်။

"အခု ရခိုင်ဒေသစစ်ပွဲတွေမှာ စစ်သားသစ်တွေအရေးပေါ်လိုနေလို့ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး သူတို့ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေက စစ်တပ်ထဲဝင်ဖို့ လူသစ်စုဆောင်းပေးနေတာ။ စစ်မှုထမ်းအပတ်စဥ် ၇ အတွက်ဆိုပြီး အစည်းဝေးတွေပါလုပ်နေတယ်” ဟု ဝါးခယ်မမြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဧရာဝတီတိုင်းမှ စစ်သင်တန်းဆင်းသည့် တပ်သားသစ် အများစုကို ရခိုင်စစ်မျက်နှာကို ပို့ဆောင်နေပြီး ဧရာဝတီတိုင်းနှင့် ရခိုင်အစပ်ရှိ မြို့နယ်ကျေးရွာများတွင် လုံခြုံရေးတွေ တိုးမြှင့်ချထားကြောင်းလည်း သိရသည်။

FM

ကရင်နီက တပ်ရင်းအချို့ တိုက်ပွဲတုပြုလုပ်ကာ လက်နက်ခဲယမ်းများ ရောင်းချပြီး စီးပွားဖြစ်ထွန်းနေဟု KNDFဆို1 Nov 2024 By FMကရင်...
01/11/2024

ကရင်နီက တပ်ရင်းအချို့ တိုက်ပွဲတုပြုလုပ်ကာ လက်နက်ခဲယမ်းများ ရောင်းချပြီး စီးပွားဖြစ်ထွန်းနေဟု KNDFဆို

1 Nov 2024 By FM

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်မှ တိုက်ပွဲတုများပြုလုပ်နေကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ် (KNDF) ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယအပတ်အတွင်းက ဒီမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ်များမှ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ပွဲဖြစ်ပွားနေသဖွယ် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"အရင်လက ဒီမော့ဆိုဘက်မှာဖြစ်တာပါ။လက်နက်ကြီးတွေတောက်လျောက်ပစ်တယ်။လက်နက်ငယ်တွေလည်း ပစ်တယ်။တပ်ထဲကပစ်တာမျိုးပေါ့။ပစ်တဲ့အခါကြတော့ ကျွန်တော်တို့က ထိတွေ့မှုရှိနေလားဆိုပြီးတော့ ရှေ့တန်းမှာရှိနေတဲ့ရဲဘော်တွေကို လှမ်းမေးတဲ့အခါကြတော့ ထိတွေ့မှုကလုံးဝမရှိဘူး။ဘာမှမရှိဘူးကျွန်တော်တို့ဘက်က သွားပြီးပစ်ခတ်တာမျိုးမရှိဘူး။သူ့ဟာသူတစ်ဖက်သတ်ပစ်နေတာပေါ့"ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်၏ အာဏာသိမ်းကာလအတွင်းဒီမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးပစ်ခတ်မှုများရှိသော်လည်း လက်နက်ကြီး၊လက်နက်ငယ်ဆက်တိုက်ပစ်ခတ်မှုများသည် တိုက်ပွဲဖြစ်ပွားစဉ်အတွင်းသာ ပြုလုပ်လေ့ရှိကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"အရင်တုန်းကဆိုရင်တော့ လက်နက်ကြီးပစ်တာမျိုးရှိတယ်။ဒါပေမယ့် လက်နက်ငယ်တွေရော၊လက်နက်ကြီးတွေရော တောက်လျောက်ဆက်တိုက်ပစ်တာမျိုးမရှိဘူး။နောက်ပိုင်းခါကြတော့ လက်နက်ကြီးလည်း တောက်လျောက်ပစ်တယ်။တစ်နာရီခွဲ နှစ်နာရီနီးပါးလောက်ကြာတယ်။သူ့တပ်ပတ်ဝန်းကျင် အနီးနားလေးကို ပစ်တယ်။ပြီးတော့ လက်နက်ငယ်တွေပါဖောက်တယ်။ဒါတွေက ကျွန်တော်တို့သုံးသပ်ရသလောက်ဆို တိုက်ပွဲတုလုပ်တယ်ပဲ ကျွန်တော်တို့သုံးသပ်တာပေါ့"ဟု ၎င်းကပြောသည်

ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်မှ တိုက်ပွဲတု သုံးကြိမ်ပြုလုပ်ခဲ့ကြောင်းနှင့် KNDFစစ်ရေးမှတ်တမ်းများအရ စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘော်လခဲမြို့တွင်းအား လက်နက်ကြီးများဖြင့် ပစ်
ရုံမက လက်နက်ငယ်အသံများပါပေးပြီး တစ်နာရီကျော်ကြာ မိမိဘာသာ တိုက်ပွဲဖြစ်နေသယောင်ပစ်ခတ်ကာ ပြည်သူလူထုအား အလန့်တကြားဖြစ်စေခဲ့ကြောင်း FMမှ စုံစမ်းသိရသည်။

လက်ရှိတွင် ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်များမှ တိုက်ပွဲတုပြုလုပ်ခြင်းကြောင်းလမ်းပန်းဆက်
သွယ်ရေးများ ယာယီပြတ်တောက်ခြင်းနှင့် ပြည်သူအကျိုးစီးပွားများစွာထိခိုက်နစ်နာခြင်းတို့ဖြစ်ပေါ်သည့်အပြင် ကရင်နီအခြေစိုက် စစ်ကောင်စီတပ်များမှ တိုက်ပွဲဗန်းပြကာ အကျိုးစီးပွားရှာမှုများ လုပ်ဆောင်လျက်ရှိသည်။

FM

အခိုင်အမာ တပ်စွဲထားသည့် စစ်တပ်စခန်းများကို တိုက်ခိုက်ရန်ဟာကျူလီ ဒရုန်းကို Federal Wings ထုတ်လုပ်1 Nov 2024 By FMFederalW...
01/11/2024

အခိုင်အမာ တပ်စွဲထားသည့် စစ်တပ်စခန်းများကို တိုက်ခိုက်ရန်ဟာကျူလီ ဒရုန်းကို Federal Wings ထုတ်လုပ်

1 Nov 2024 By FM

FederalWings ဒရုန်းတပ်ဖွဲ့မှ ကိုယ်ပိုင်ဒီဇိုင်းဖြင့်
ထုတ်လုပ်ထားသည့် ဟာကျူလီအမည်ရ ဒရုန်းအား ယနေ့ (နိုဝင်ဘာလ ၁ရက်)မိတ်ဆက်ခဲ့ကြောင်း FederalWings ဒရုန်းတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"မာလှပါချည်ရဲ့ဆိုတဲ့ စခန်းကုန်းတွေအတွက် FW ရဲ့ အထူးလက်ဆောင်အသစ်ပါ။မြေပြင်ကရဲဘော်ရဲဘက်တွေအတွက် အားကိုးရတဲ့ကောင်ကြီးဖြစ်မှာ သေချာပါတယ်။ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်"ဟု ၎င်းက ပြောသည်။

FederalWings ဒရုန်းတပ်ဖွဲ့အနေဖြင့် ယနေ့ မိတ်
ဆက်ပြသခဲ့သည့် ဟာကျူလီအမည်ရ ဒရုန်းအား ပြည်သူလူထု၏ ထောက်ပံ့မှုဖြင့် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း FederalWings ဒရုန်းတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"FW အနေနဲ့ Drone တွေကို ထုတ်လုပ်ရောင်းချခြင်းမျိုး ပြုလုပ်မှာမဟုတ်ဘဲ FW နဲ့လက်တွဲထားတဲ့ မြေပြင်တပ်ရင်းတပ်ဖွဲ့တွေရဲ့ လိုအပ်ချက်တွေကို အလျင်မှီအောင်ဖြည့်တင်းနိုင်ဖို့အတွက် ဦးစားပေးဆောင်ရွက်နေပါတယ်"ဟု ၎င်းက ပြောသည်။

ယနေ့ (နိုဝင်ဘာလ ၁ရက်)မိတ်ဆက်ခဲ့သည့် ဟာကျူလီဒရုန်း၏ အသေးစိတ်အချက်အလက်များကိုမူ လုံခြုံရေးနှင့် စစ်ရေးအခြေအနေအရ လတ်တလောဖော်ပြဦးမည်မဟုတ်ကြောင်း FederalWings ဒရုန်းတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်
နှင့် KNUအပါ ဒေသခံတော်လှန်ရေးအင်အားစုများအကြား ထိတွေ့တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ရေးအခြေအနေ တင်းမာလျက်ရှိကြောင်းလည်း သိရသည်။

FM

စစ်တပ်နှင့် လက်တွဲနေသည့် ကယန်းပြည်သစ်တပ်ဖွဲ့မှ ကယန်းပြည်နယ် တည်ထောင်မည်ဟု အသိပေးလာ၊မည်သူမျှ မဆန့်ကျင်သင့်ဟုဆို1 Nov 2024...
01/11/2024

စစ်တပ်နှင့် လက်တွဲနေသည့် ကယန်းပြည်သစ်တပ်ဖွဲ့မှ ကယန်းပြည်နယ် တည်ထောင်မည်ဟု အသိပေးလာ၊

မည်သူမျှ မဆန့်ကျင်သင့်ဟုဆို

1 Nov 2024 By FM

စစ်တပ်နှင့် လက်တွဲနေသည့် ကယန်းပြည်သစ်တပ်ဖွဲ့မှ
ကယန်းပြည်နယ်ထူထောင်ရန် ကြိုးစားနေမှုကို မည်သူမျှ မဆန့်ကျင်သင့်ကြောင်း ကယန်းပြည်နယ်အခြေခံဖွဲ့စည်းပုံဥပဒေရေးဆွဲရေးကော်မတီ ဥက္ကဌ ခွန်သန်းတက်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ရက်က ကယန်းပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးကော်မတီမှ ပြုလုပ်ခဲ့သည့် ကယန်းပြည်နယ် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး မီဒီယာများနှင့် တွေ့ဆုံပွဲအတွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကရင်နီလို့ခေါ်တာကို ကျွန်တော်တို့ ဆန့်ကျင်တာမဟုတ်ဘူး။ဒါပေမယ့် ကျွန်တော်တို့ ကယန်းပြည်နယ်ထူထောင်ဖို့ ကြိုးစားနေတာလဲ သူတို့မဆန့်ကျင်သင့်ဘူး။ဒါကျွန်တော်တို့ရဲ့ အရှင်းလင်းဆုံးမူဝါဒပါ"ဟု ၎င်းက ပြောသည်။

ကယန်းပြည်နယ်အတွင်း ဖယ်ခုံခရိုင် ၊ မိုးဗြဲခရိုင်၊ ဒီးမော့ဆိုခရိုင် ၊ ပီကင်းခရိုင်၊ သောက်ရေခပ်ခရိုင်၊ သီးကျိတ်ခရိုင် နှင့် ပေါင်းလောင်းခရိုင် စသည့် ခရိုင် (၇) ခု အတွင်းရှိ မြို့နယ် ပေါင်း (၂၃) ခုပါဝင်ကြောင်း ကယန်းပြည်နယ်၏ စတုတ္ထအကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအရ သိရသည်။

လက်ရှိတွင် ကယန်းပြည်သစ်အနေဖြင့် အာဏာရှင်အား ဆန့်ကျင်တိုက်ခိုက်နေကြောင်းနှင့် အာဏာရှင်ကို ဆန့်ကျင်သည့် လုပ်ရပ်သည်လည်းမှန်ကန်သည့် လုပ်ရပ်ကြောင်း ကယန်းပြည်နယ်အခြေခံဥပဒေရေးဆွဲရေးကော်မတီ ဥက္ကဌနှင့် ကယန်းပြည်သစ်ပါတီတွင် ဒုတိယ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ခွန်သန်းတက် ကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ရက်နေ့က ကယန်းတိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ကယန်းအမျိုးသားတပ်မတော် - Kayan National Army (KNA)ကို အခြေခံမူ ၉ချက် ၊ အမျိုးသားရေးရည်မှန်းချက် ၅ချက်၊ သစ္စာအဓိဌာန် ၄ချက်တို့ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။

FM

ကျဆုံးရဲဘော်များ၏မိဘများကို PDF ရဲဘော်များမှ လိုက်လံကန်တော့1 Nov 2024 By FMရှမ်းမန်း စစ်ဆင်ရေးအတွင်းတိုက်ပွဲများအတွင်း က...
01/11/2024

ကျဆုံးရဲဘော်များ၏မိဘများကို PDF ရဲဘော်များမှ လိုက်လံကန်တော့

1 Nov 2024 By FM

ရှမ်းမန်း စစ်ဆင်ရေးအတွင်းတိုက်ပွဲများအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော်များ၏ မိဘများကို PDF ရဲဘော်များမှ လိုက်လံကန်တော့ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ ၁၈ ရက်နှင့် ၂၂ ရက်က သီတင်းကျွတ်ကာလအထိမ်းအမှတ်အဖြစ် ကျဆုံးခဲ့ရသည့် ရဲဘော် ၉ဦး၏ မိဘများအား ငွေကျပ်တစ်သိန်းစီဖြင့် လိုက်လံကန်တော့ခဲ့ကြောင်း တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

"ကျဆုံးရဲဘော်တွေကတော့ ၁ဝ၂၇ရှမ်းမန်းစစ်ဆင်ရေးမှာ ၉ ဦးထိကျဆုံးခဲ့ရပါတယ်။ အသက် ၁၆နှစ်ကနေ ၃၁နှစ်ကြား အရွယ်တွေပါ။"ဟု ၎င်းက ပြောသည်။

ရှမ်းမန်းစစ်ဆင်ရေးတွင် မန္တလေး PDFနှင့်အတူ ကျောက်ဆည် ခရိုင်တပ်ရင်း၊ မြင်းခြံခရိုင်တပ်ရင်း၊ ညောင်ဦးခရိုင်တပ်ရင်း၊ ရွှေဘို ခရိုင်တပ်ရင်းများ၊ ဝက်လက်ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်၊ စဥ့်ကိုင် တော်လှန်ရေးတပ်၊ တလုပ် PDF၊ တမူး NLA ၊ SSTF ရဲတပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက ထုတ်ပြန်ထားသည်။

Photo - DNPDF

FM

နေပြည်တော် ရေဘေးသင့်ပြည်သူများကို တဲအိမ်များ ရွာလုံးကျွတ် လှူဒါန်းနိုင်ဖို့ ပြင်‌ဆင်နေ23 Sep 2024 By FM ရေကြီးမှုများဖြစ...
23/09/2024

နေပြည်တော် ရေဘေးသင့်ပြည်သူများကို တဲအိမ်များ ရွာလုံးကျွတ် လှူဒါန်းနိုင်ဖို့ ပြင်‌ဆင်နေ

23 Sep 2024 By FM

ရေကြီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ရေဘေးသင့်ပြည်သူများကို တဲအိမ်ငယ်များရွာလုံးကျွတ် လှူဒါန်းနိုင်ဖို့ ပြင်ဆင်နေကြောင်း တဲအိမ်ဆောက်လုပ်နေသူ ကိုဝေယံထွန်းက ပြောသည်။

" ကျတော်က အိမ်လေးတွေ ဘာလေးတွေလည်း ဆောက်တယ်၊ ဆောက်လုပ်ရေးလုပ်ငန်းလည်း လုပ်တယ်၊ ကျတော်လည်း လုပ်တတ်တဲ့ပညာလေးနဲ့ လှူမယ်ပေါ့ဆိုပြီး တစ်လုံးစပြီး လုပ်ကြည့်တယ်၊ အဆင်ပြေတော့ ဆယ်လုံးလောက် လှူမယ်ဆိုပြီး ဖြစ်သွားတယ်၊ အဲဒီကနေ စလိုက်တာ " ဟု ၎င်းက ပြောသည်။

ဝါးထရံနှင့် သံများကို အသုံးပြုကာ တည်ဆောက်ထားသည့် ၁၅ပေပတ်လည် အိမ်ငယ်တစ်လုံးလျှင် ကာလတန်ဖိုးအားဖြင့် ငွေကျပ် ၁၅သိန်းမှ ၁၆သိန်းကြား ကုန်ကျစရိတ်ရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ်အတွင်း ရေဘေးကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သည့် ကျေးရွာများကို အဓိကထား လှူဒါန်းသွားမည်ဟု ကိုဝေယံထွန်းက ပြောသည်။

နာဂျင်
FM

ရေးဘီလူးတပ်ဖွဲ့ကို ပြည်သူများမှ ကြိုဆိုဂုဏ်ပြု23 Sep 2024 By FM ရေးဘီလူးတပ်ဖွဲ့ကို မွန်ပြည်နယ်ရှိ ကျေးရွာများမှ  ဒေသခံ ပ...
23/09/2024

ရေးဘီလူးတပ်ဖွဲ့ကို ပြည်သူများမှ ကြိုဆိုဂုဏ်ပြု

23 Sep 2024 By FM

ရေးဘီလူးတပ်ဖွဲ့ကို မွန်ပြည်နယ်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများက ကြိုဆိုခဲ့ပြီး ၄နှစ်တာအတွင်း အတိုင်းမသိ နွေးထွေးမှုများကို ခံစားရကြောင်း ရေးဘီလူးတပ်ဝင်များက ဆိုသည်။

FM

ကရင်နီရေဘေးသင့်ပြည်သူများကို Loikaw Local PDF က စားနပ်ရိက္ခာများ ကူညီထောက်ပံ့23 Sep 2024 By FM ကရင်နီပြည်နယ်အတွင်းရှိ ရေ...
23/09/2024

ကရင်နီရေဘေးသင့်ပြည်သူများကို Loikaw Local PDF က စားနပ်ရိက္ခာများ ကူညီထောက်ပံ့

23 Sep 2024 By FM

ကရင်နီပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို Loikaw Local PDF က အလှူငွေနှင့် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ခဲ့ကြောင်းသိရသည်။

ဆန်၊ ဆီ၊ဆား၊ ကြာဇံ၊ ငရုတ်သီး၊ အချိုမှုန့်၊ ကြက်ဥ၊ ငါးသေတ္တာ၊ အသားတု၊ ခြင်ဆေးခွေ၊ ရေသန့်၊ ဆေးလိပ်၊ စသည့် ပစ္စည်းများအပြင် ငွေကျပ် ၁၀၂၀၀၀၀ နှင့် ကလေး မုန့်မျိုးစုံများကို ပေးအပ်ခဲ့‌ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်က စတင်ပြီး ရေဘေးသင့်ပြည်သူများအတွက် ၅ ရက်တာ အလှူငွေ ကောက်ခံခဲ့ရာ ကျပ်သိန်း ၄၀ ရရှိခဲ့ပြီး ရေဘေးဒဏ်ခံစားနေရသည့် အိမ်ထောင်စု ၁၀၂ စု စာကို ထောက်ံပံ့ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

နာဂျင်
FM

မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာမှုကို ထိုင်းနိုင်ငံသားများ ကန့်ကွက် ဆန္ဒပြ23 Sep 2024 By FM မြန်မာ...
23/09/2024

မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာမှုကို ထိုင်းနိုင်ငံသားများ ကန့်ကွက် ဆန္ဒပြ

23 Sep 2024 By FM

မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလာနေမှုကို ကန့်ကွက်သည့်အနေဖြင့် ထိုင်းနိုင်ငံသားများက ကန့်ကွက် ဆန္ဒပြနေကြကြောင်း သိရသည်။

ယနေ့ (စက်တင်ဘာလ ၂၃ ရက်)မွန်းလွဲ ၁၂ နာရီခွဲမှ စတင်ကာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စစ်ကောင်စီတပ်၏ မြန်မာသံရုံးရှေ့တွင် ထိုင်း နိုင်ငံသား ၂၀ ဦး ဝန်းကျင် ဆန္ဒပြနေကြကြောင်း သိရသည်။

" မြန်မာတွေက ဆိုင်တွေဖွင့်တယ်၊ ထိုင်းတွေ လုပ်ရမယ့် အလုပ်တွေကို ဝင်လုပ်တယ်။ အဲဒါကို ထိန်းသိမ်းပေးဖို့ တောင်းဆိုတယ်။ ပြီးတော့ သံရုံးကို စာပေးပြီး ပြန်ထွက်သွားကြတယ်" ဟု ဆန္ဒပြပွဲကို မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသားများအလုံးအရင်းဖြင့် ရွှေ့ပြောင်းလာမှုကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေများနှင့်ပတ်သက်ပြီး စစ်ကောင်စီက ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုဆန္ဒပြနေကြခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံတွင် ယာယီ ခိုလှုံ နေထိုင် အလုပ်လုပ်ကိုင်ရာတွင် ထိုင်းနိုင်ငံ၏ယဉ်ကျေးမှုကို ဆန့်ကျင်သော အပြုအမူများ မလုပ်သင့်ကြောင်း၊ ထိုင်းနိုင်ငံသားများ မကြိုက်သော အပြုအမူများကိုလည်း ရှောင်ရှားကာ ဧည့်သည်များအနေဖြင့် ဧည့်သည်လိုနေထိုင်ပြီး အိမ်ရှင် မငြိုငြင်စေရန် နေထိုင်သင့်ကြောင်း ထိုင်းရောက် မြန်မာတချို့က သုံးသပ်ကြသည်။

နာဂျင်
FM

ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင် အချင်းချင်း လက်နက်ဖြင့် မဖြေရှင်းရေး သဘောတူညီမှု ရရှိ23 Sep 2024 By FM ချင်းတော်လှန်ရေး တပ်ဖ...
23/09/2024

ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင် အချင်းချင်း လက်နက်ဖြင့် မဖြေရှင်းရေး သဘောတူညီမှု ရရှိ

23 Sep 2024 By FM

ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင် အချင်းချင်း သဘောထားကွဲမှုရှိပါက လက်နက်ဖြင့် မဖြေရှင်းရေး သဘောတူညီမှု ရရှိခဲ့ကြောင်း ဇိုပြန်လည်ပေါင်းစည်းရေးအဖွဲ့အစည်း (Zo Re-Unification Organization – ZORO) က သတင်း ထုတ်ပြန်လိုက်သည်။

ဇိုပြန်လည်ပေါင်းစည်းရေး အဖွဲ့အစည်း ZORO ၏ ဦးဆောင်မှုဖြင့် စက်တင်ဘာ ၂၁ ရက်က ချင်းပြည် အစိုးရအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် ကြားကာလ ချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ချင်းညီနောင် CB အဖွဲ့တို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံ ဆွေးနွေးမှုများတွင် အချက် ၅ ချက်ကို ကနေဦး သဘောတူညီမှု ရရှိခဲ့ပြီး ချင်း-ကူကီး-မီဇိုး မျိုးနွယ်စုများသည် ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ် အလာတူညီသော သေအတူရှင်မကွဲ နေထိုင်လာခဲ့ကြသည့် ညီရင်းအကိုများဖြစ်ကြကြောင်း လက်ခံကြသည်ဟု သိရသည်။

ထို့ပြင် တိုင်းပြည်နှင့် လူမျိုးအတွက် တော်လှန်ရေးဆောင်ရွက်သည့် အချိန်တွင် ချင်းညီအကိုအချင်းချင်းကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်သည့်အပေါ်စိတ်မကောင်းဖြစ်ကြပြီး နောက်နောင်တွင် ဤကဲ့သို့ ထပ်မဖြစ်ရန် သဘောတူခဲ့ကြောင်း၊ နောက်နောင်တွင် ချင်းလက်နက်ကိုင်အဖွဲ့ နှစ်ဖက်အဖွဲ့အစည်းများ အကြားသဘောထားကွဲလွဲမှုရှိလာခဲ့ပါက လက်နက်ဖြင့် ဖြေရှင်းသည့် နည်းလမ်းကို အသုံးမပြုကြရန် အဆိုပါတွေ့ဆုံဆွေးပွဲတွင် နှစ်ဖက် သဘောတူခဲ့ကြောင်း သိရသည်။

အလားတူ ငြိမ်းချမ်းရေးကော်မတီ တစ်ရပ်ဖွဲ့စည်းရန်လည်း သဘောတူထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်လာစေရေးအတွက် နှစ်ဖက်အဖွဲ့ အစည်းမှ တာဝန်ရှိသူများသည် လိုအပ်သလို ထပ်မံတွေ့ဆုံမှုများ ပြုလုပ်သွားရန် သဘောတူညီခဲ့ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲကို ZORO ဒုဥက္ကဌ ပူးလာလ်မွန်ပွီး ယာပွန်သဲ၊ ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ပူးပါထန်း၊ ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဌ ပူးထန်းနိန်းကီးတို့ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ကြားကာလချင်း အမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC ဘက်က ဆလိုင်းလျန်လွယ်၊ ချင်းညီနောင်မှ Paw Sila၊ ဆလိုင်းပီတာထန်းတို့ ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

FM

နိုင်ငံတဝန်း ပြည်သူများ ရေဘေးကြုံနေရသော်လည်း စစ်တပ်က လားရှိုးနှင့် နောင်ချိုမြို့များကို ဗုံးကြဲနေ22 Sep 2024 By FM မိုး...
22/09/2024

နိုင်ငံတဝန်း ပြည်သူများ ရေဘေးကြုံနေရသော်လည်း စစ်တပ်က လားရှိုးနှင့် နောင်ချိုမြို့များကို ဗုံးကြဲနေ

22 Sep 2024 By FM

မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် နိုင်ငံတဝန်း ပြည်သူများ ရေဘေး‌ကြုံနေရသော်လည်း စစ်တပ်က လားရှိုးနှင့် နောင်ချိုမြို့များ ဗုံးကြဲနေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့နှင့် နောင်ချိုမြို့များကို စက်တင်ဘာလ ၂၁ရက်တွင် စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးကြဲချခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

"မနေ့ည ၁၀ နာရီကျော်အချိန် အတိအကျ ဆိုရင်တော့ ည ၁၀ နာရီ ၂၀ မိနစ်လောက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကျဲချတယ်။ တိုက်တော့ ပျက်စီးသွားတယ်။ လူတော့ ထိခိုက်မှု မရှိဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံး ၂ လုံးကြဲခဲ့သဖြင့်၊ လားရှိုးမိုတယ်ရှေ့နှင့် အမှတ် ၁၂ ရပ်ကွက်ရှိ အထက ၃ ကျောင်းရှေ့ရှိ အိမ်တွင်းမှု ကျောင်းဘေးအနီးရှိ ပြောင်းပွဲရုံ တိုက်ပေါ် သို့ ကျရောက်ခဲ့ကြောင်းသိရသည်။

အလားတူ စက်တင်ဘာ ၂၁ ရက်နေ့ ည ၉ နာရီတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA သိမ်းပိုက်ထားသည့်နောင်ချိုမြို့ပေါ် သို့ လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ကြောင်း ၊ လတ်တလော အထိအခိုက် အပျက် အစီး အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ပြောသည်။

စစ်ကောင်စီတပ်သည် ဆုံးရှုံးသွားသည့် နယ်မြေများကို ပြန်လည် ရရှိရေးဟုဆိုကာ ရန်နိုင်မင်း စစ်ဆင်ရေးအဖြစ် တိုက်လေယာဉ်များဖြင့် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် နယ်မြေများကို စက်တင်ဘာလ ၁ ရက်နေ့မှစတင်ကာ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

နာဂျင်
FM

စစ်တပ်၏ စစ်သင်္ဘော ၈ စီးကိုသိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို20 Sep 2024 By FM စစ်ကောင်စီတပ်၏ စစ်သင်္ဘေ...
20/09/2024

စစ်တပ်၏ စစ်သင်္ဘော ၈ စီးကိုသိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

20 Sep 2024 By FM

စစ်ကောင်စီတပ်၏ စစ်သင်္ဘော ၈ စီးကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲ ဖျက်ဆီးရန်သာရှိကြောင်း KIA သတင်းရင်းမြစ်များထံမှ သိရသည်။

"ဗန်းမော် မြလယ်ဘက်မှာ စစ်သင်္ဘော ၄ စီးရတယ်။ ရွှေကူအထက် မြစ်ကျဉ်းမှာ ၂ စီးရတယ်။ ထီးချိုင့် မြတောင်မှာ ၂ စီးရတယ်။ စုစုပေါင်း ၈ စီးရတယ်။ ဖောက်ခွဲဖျက်ဆီးဖို့ပဲရှိပါတယ်" ဟု KIA သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်က ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်သို့ ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော ၇ စီးကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂ စီးမှာ နစ်မြုပ်ပြီး ၄ စီးမှာ မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

နာဂျင်
FM

ပဲခူးတွင် ရေဘေးသင့် ပြည်သူများကို PDF ရဲဘော်များက ‌အခြေခံစားသောက်ကုန်များ ကူညီထောက်ပံ့20 Sep 2024 By FM ပြည်သူ့ကာကွယ်ရေး...
20/09/2024

ပဲခူးတွင် ရေဘေးသင့် ပြည်သူများကို PDF ရဲဘော်များက ‌အခြေခံစားသောက်ကုန်များ ကူညီထောက်ပံ့

20 Sep 2024 By FM

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း - 3702 (PDF) တပ်ရင်းကရေဘေးသင့် ပြည်သူများကို ‌အခြေခံစားသောက်ကုန်များ ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။

ရေဘေးကျရောက်နေသည့် ကျေးရွာများရှိ ဒေသခံပြည်သူများကို အားပေးစကားပြောကြားခြင်း ၊ အခြေခံစားသောက်ကုန်များ သွားရောက်ကူညီပေးခြင်းများကို တပ်ရင်း တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင်ရဲဘော်များကက ကူညီဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

FM

မိုးကုတ်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို PDF မန္တလေးက ဆန်အိတ်အပိုင်း ၅၀၀ နှင့် ကျပ်သိန်း၁၅၀ လှူဒါန်း19 Sep 2024 By FM ...
19/09/2024

မိုးကုတ်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို PDF မန္တလေးက ဆန်အိတ်အပိုင်း ၅၀၀ နှင့် ကျပ်သိန်း၁၅၀ လှူဒါန်း

19 Sep 2024 By FM

မိုးကုတ်မြို့နယ်ရှိ စစ်ရှောင်ကျေးရွာများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဆန်အိတ်ပိုင်း ၅၀၀ နှင့် ကျပ်သိန်း၁၅၀လှူဒါန်းခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း မိုးကုတ်မြို့နယ်ရှိ အထက်ညောင်ကုန်းကျေးရွာ၊ အောက်ညောင်ကုန်းကျေးရွာ ၊ ဖြူရောင်ကျေးရွာ ၊ ကျောက်တလုံးကျေးရွာ နှင့် လွယ်မွန်းကျေးရွာတို့မှ ပြည်သူများကို အိမ်ထောင်စုတစ်စုလျှင် ဆန်၁ အိတ်နှင့် ငွေသား၅၀၀၀၀ ကျပ်နှုန်း ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

FM

NUG နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းမည်မဟုတ်ဘဲကိုယ်ပိုင်နိုင်ငံရေး ရပ်တည်ချက်အတိုင်းသာ သွားမည်ဟု MNDAA ဆို19 Sep 2024 ...
19/09/2024

NUG နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းမည်မဟုတ်ဘဲကိုယ်ပိုင်နိုင်ငံရေး ရပ်တည်ချက်အတိုင်းသာ သွားမည်ဟု MNDAA ဆို

19 Sep 2024 FM

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ခြင်း စစ်မြေပြင်များ ချဲ့ထွင်ခြင်း မန္တလေး၊ တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝ ပြုလုပ်သွားမည်မဟုတ်ဟု အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA စစ်ရေးကော်မတီက စက်တင်ဘာလ ၁၈ရက်တွင် ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် MNDAA အနေဖြင့် နိုင်ငံတော်မှ ခွဲထွက်သွားမည်မဟုတ်ဘဲ စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဟူသည့် နိုင်ငံရေး ရပ်တည်ချက်အတိုင်းဖြင့်သာ ရပ်တည်သွားမည်ဟု ဆက်လက် ဖော်ပြထားသည်။

ထို့ပြင် တရုတ်နှင့် မြန်မာကို ဆန့်ကျင်သော နိုင်ငံတကာ အသိုင်းများနှင့် လုံးဝ ပူးပေါင်းဆောင်ရွက်သွားမည်မဟုတ်ဘဲ တရုတ်နိုင်ငံအနေဖြင့် ဆိုးရွာလာသော မြန်မာနိုင်ငံ၏အခြေအနေကို ကြားဝင်စေ့စပ်ပေးရန်နှင့် MNDAA အနေဖြင့်လည်း ချက်ချင်းအပစ်ခတ်ရပ်စဲပြီး တရုတ်နိုင်ငံဖြင့် တက်တက်ကြွကြွပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသောလမ်းစဉ်ဖြင့် အဖြေရှာဖြေရှင်းသွားမည်ဖြစ်ကြောင်း သိရသည်။

FM

ที่อยู่

Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Freedom Mediaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Freedom Media:

แชร์