ရင်ဖွင့်ခြင်း မိုးကောင်းကင်

ရင်ဖွင့်ခြင်း မိုးကောင်းကင် ဗဟုသုတ ဝေမျှပေးရန်

14/09/2024

ရွာလုံးကျွတ် လူ700ကျော်သေသွားစေတဲ့ တောင်ကျရေ
Video

04/09/2024

မြန်မာလူ့အဖွဲ့စည်းအမူအကျင့်ဆိုး

04/09/2024

ရေသူမ video

04/09/2024

ခွေးပလ္လင်ထက်တက်တာ

02/09/2024

စစ်မီးတောက်နေချိန် မြန်မာပြည်ရဲ့ထူးခြားဖြစ်စဉ်
ရဟံန္တာ သို့မဟုတ် UFO ဟုထင်ရသော
Video

27/08/2024

PDF မှန်ရင် ဘယ်သွားသွားမျက်နှာမငယ်ဘူး

27/08/2024

အထင်လွဲမူ့သေးသေးလေး ဖြစ်ပွားသွားခြင်း
🤭🤭🤭🤭🤭🤭🤭🤭🤭🤭🤭🤭🤭😌

27/08/2024

ငါတို့ PDF ဘဝဆိုတာ
😅😅😅😅😅😅😅😅

27/08/2024

ငါတို့မြန်မာပြည်မှာလဲရှိတယ်

လူတချို့က  ညနေစာလေး ချက်ဖို့ကိုအလုပ်ရှင်ဆီက လုပ်အားခ စောင့်တောင်းနေရတယ် ။လူတချို့က  အလုပ်သမားတွေကို  ပြစ်ထားပြီးဘီယာဆိုင...
27/08/2024

လူတချို့က ညနေစာလေး ချက်ဖို့ကို
အလုပ်ရှင်ဆီက လုပ်အားခ စောင့်တောင်းနေရတယ် ။

လူတချို့က အလုပ်သမားတွေကို ပြစ်ထားပြီး
ဘီယာဆိုင်မှာ ဘောလုံးပွဲကြည့်ရင်း
ကြက်ကြော်ကို အရသာမတွေ့လို့
ငြိုငြင်နေကြတယ် ။

လူတချို့က မနက်ဖြန်အတွက်တွေးရင်း
အိပ်မပျော်ပဲ ကြောင်အိမ်ဖွင့်ကြည့်ပြီး
ရေအိုးစင်က ရေကို လေးတွဲ့စွာ
သောက်နေကြတယ် ။

လူတချို့က အိပ်မရလို့ ဂိုဒေါင်ထဲက ကားကိုထုတ်
KTV မာဆတ် သွား ဇိမ်ခံရင်း
မနက်ဖြန်ကို မေ့နေကြတယ် ။

လူတချို့က စျေးတောင်းခေါင်းပေါ်ရွက်
လာအုံး ဆိုတဲ့ အသံ နားစွင့်ရင်း
ချွေးသုတ် နေကြတယ် ။

လူတချို့က သိန်းရာနဲ့ ထောင်နဲ့ချီတဲ့
ငွေကို ရဖို့ ဘဏ်သွားရမှာ နေပူသတဲ့ ...

လူတချို့က သားသမီးကို
ကျောင်းထမင်းချိုင့်ထဲ ဆီဆမ်း
ကြက်ဥကြော်လေး ထည့်ပေးပြီး
၅၀၀ တန် ဟောင်းနွမ်းတာလေး ပေးရင်း
မတည့်တာမစားနဲ့တဲ့ မှာနေတယ် ။

လူတချို့က သားသမီးတွေကျောင်းကို
ဇိမ်ခံ ကားနဲ့လိုက်ပို့
ကလေးက ... မေမေ သား ပုဇွန်ထုပ်မစားတော့ဘူးနော်
နေ့လည်ကျရင် ပီဇာ နဲ့ အချို့ရည်ပဲ ယူလာခဲ့နော်တဲ့

လူတချို့က ဒီလ အိမ်လခ မပေးနိုင်ရင်
နေစရာ မရှိတော့ပေမယ့်

လူတချို့က ၉ ထပ် RC ဆောက်မလို့
ပုံကြမ်းတွေ ထုတ်ခိုင်းနေတယ် ။

လူတချို့က အိပ်ယာထဲကနေ
ကြက်သားဆန်ပြုတ်လေးကို
ဆေးနီကြော် တစ်ထုပ်နဲ့ သောက်ချင်ပေမဲ့
စျေးကြီးနေလို့တဲ့ ။

လူတချို့က အထူးကု ဆေးရုံ ကို အားမရလို့
စင်္ကာပူသွား ဘန်ကောက်သွား
ချောင်းဆိုးပျောက်အောင် ကုမလို့တဲ့ ။

သေရင် ဘာမှ မပါပေမယ့်
မသေခင် ဘာမှ မရှိရင်
သေတာထက် ဆိုးတယ်ဆိုတာကို
မသိချင်ယောင် ဆောင်ပြီး
အားတင်း နေကြရပါတယ်

ကိုယ်ချင်းစာနာတတ်ကြပါစေ …။

Credit:::
MHK

မုံရွာမှာ ယောက်ျားကို သတိမေ့အောင်ရိုက်ကာ မိန်းမဖြစ်သူကို လမ်းပေါ် အုပ်စုဖွဲ့အဓမ္မကျင့်ပြီး ပစ္စည်းလု▪︎ အဓမ္မ ကျင့်ခံနေရခ...
27/08/2024

မုံရွာမှာ ယောက်ျားကို သတိမေ့အောင်ရိုက်ကာ မိန်းမဖြစ်သူကို လမ်းပေါ် အုပ်စုဖွဲ့အဓမ္မကျင့်ပြီး ပစ္စည်းလု

▪︎ အဓမ္မ ကျင့်ခံနေရချိန် ကူညီတားမြစ်ရဲသူတယောက်မှမရှိ

မုံရွာ၊ ဩဂုတ် ၂၇၊ ၂၀၂၄ ။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုံရပ်ကွက်၊ ဘိုးဘွားရိပ်သာနဲ့သံလမ်းကြားမှာ ယောက်ျားဖြစ်သူကို သတိမေ့အောင်ရိုက်နှက်ပြီး မိန်းမဖြစ်သူကို လမ်းပေါ်အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ ပစ္စည်းလုယူသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ်လ ၂၅ ရက် ညနေ ၆ နာရီခန့်မှာ အလုပ်ကနေ နေအိမ်ကိုပြန်လာတဲ့ အသက် ၁၇ နှစ်ဝန်းကျင် လင်မယားကို ဆိုင်ကယ်စီးနင်းလာတဲ့အမျိုးသား ၄ ဦးက ရိုက်နှက်ကာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြတာလို့ ဆိုပါတယ်။

" ကလစ်ဆိုင်ကယ်တစီး၊ ဘေးတွဲတစီးနဲ့ သူတိူ့အနားကိုရောက်လာပြီး နင်တို့က PDF တွေ မဟုတ်လားဆိုပြီး ရပ်ခိုင်းတယ်။ ပြီးတော့ကောင်လေးကို ထုရိုက်တယ်။ ကောင်လေးက ခေါင်းနဲ့နားထင်ချည်းဘဲထိုးခံရတော့ မေ့သွားတဲ့အချိန် ကောင်မလေးကို နင်ငါတို့နဲ့လိုက်မလား၊ မလိုက်ရင် နင့်ယောကျ်ားကို သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်" လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီနောက် အဆိုပါ အမျိုးသား ၄ ဦးက အမျိုးသမီးဖြစ်သူကို မေ့လဲနေတဲ့ယောက်ျားရဲ့အနီးမှာ တကြိမ်၊ ယင်းနေရာနဲ့ ပေ ၂၀၀ ခန့်အကွာ ရထားသံလမ်းအနောက်ဘက် မြေကျင်းချိုင့်ခွက်မှာ တကြိမ် အဓမ္မပြုကျင့်ခဲ့ကာ ဖုန်းနဲ့ပိုက်ဆံတချို့လုယူ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

“အမျိုးသား ပြန်သတိရလာတော့ အမျိုးသမီးဖြစ်သူပျောက်နေလို့ အနီးအနားလိုက်ရှာတာ မတွေ့လို့ သူရဲ့အသိမိတ်ဆွေတွေဆီဖုန်းဆက်ခေါ်ပြီး လိုက်ရှာမှ သံလမ်းအနောက်ဘက်ကျင်းထဲမှာ အမျိုးသမီးငယ်ကိုပြန်တွေ့တာ” လို့ အထက်ပါဒေသခံ ပြောပါတယ်။

ဖြစ်စဥ်ဖြစ်နေတဲ့နေရာဟာ လူသွားလူလာကျဲပါးတဲ့နေရာဖြစ်ပေမယ့် အခင်းဖြစ်နေချိန်မှာ သွားလာသူတချို့ရှိနေပြီး လုယက်၊ အဓမ္မပြုကျင့်ခံနေရတာကို မြင်တွေ့ကြပေမယ့် ဝင်ရောက်ကူညီပေးတာမျိုးမရှိကြဘူးလို့ နစ်နာသူအမျိုးသမီးနဲ့နီးစပ်တဲ့ ဒေသခံတဦးက ဆိုပါတယ်။

ဩဂုတ်လ ၂၆ ရက် မနေ့မနက်ပိုင်းမှာ ကျူးလွန်သူတွေဟာ ထန်းတောအင်းစပ်ရပ်ကွက်အတွင်း နေထိုင်သူတွေဖြစ်ကြောင်း စုံစမ်းသိရှိရတာကြောင့် နစ်နာသူတွေနဲ့ဖြစ်စဉ်နဲ့ပတ်သတ်ပြီး ကျေနပ်မှုမရှိတဲ့ဒေသခံတွေက သွားရောက်ဖမ်းဆီးကြချိန် ၁ ဦးကိုဖမ်းဆီးရမိခဲ့ပြီး ၃ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

ကျူးလွန်တဲ့အဖွဲ့မှာ ထန်းတောအင်းစပ်ရပ်ကွက်နေ ဘိုဖြူလုံး (ဘ) ဦးဘောကြီးရဲ့သားဆိုသူက ခေါင်းဆောင်လုပ်ကာ လူပြတ်လပ်တဲ့ ရပ်ကွက်၊လမ်းနေရာတွေမှာ ခိုးဆိုး၊ လုယက်၊ ခြိမ်းခြောက်ငွေတောင်း၊ လုယက်မှုတွေ ကျူးလွန်နေကြတာဖြစ်ပြီး ယခုဖြစ်စဉ်အပါအဝင် အမှုပေါင်း ၁၀ မှုထက်မနည်း ကျူးလွန်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိထားတဲ့သူကို မုံရွာရဲစခန်းမှာချုပ်နှောင်ထားပြီး ထွက်ပြေးလွတ်မြောက်နေသူတွေကိုလည်း ဖမ်းဆီးနိုင်ဖို့ ဆက်လက်ရှာဖွေနေကြတယ်လို့ ဆိုပါတယ်။

“တယောက် ပြန်ဖမ်းမိတော့ ဖုန်းပြန်ရတယ်။ ပိုက်ဆံကလည်း အများကြီးမပါ ပါဘူး ၄ ၊ ၅ ထောင် လောက်ပဲ။ သာမာန်အလုပ်သမားလေးတွေဆိုတော့။ နောက်ထပ် ၃ ယောက်ကိုလည်း ဝိုင်းရှာနေတယ်။ ဒီကောင်တွေမှာ လက်နက်ရှိတယ်လို့လည်း သတင်းရထားတယ်” လို့ နစ်နာသူမိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ နေ့ခင်းဘက်မှာပင် ဆိုင်ကယ်၊ ဖုန်းနဲ့ငွေကြေးတွေကိုအုပ်စုဖွဲ့လုယက်ခံရတာ၊ ညပိုင်း တွေမှာ နေအိမ်တွေဖောက်ခံရပြီး တန်ဖိုးရှိပစ္စည်းတွေခိုးယူခံရတာ နေ့စဥ်နီးပါးဖြစ်နေပေမယ့် ခိုးဆိုးလုနှိုက်တွေကို စစ်ကောင်စီတပ်နဲ့ရဲတွေဘက်က ဖမ်းဆီးအရေးယူနိုင်တာမျိူးမရှိတာကြောင့် ပြည်သူတွေမှာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့နေထိုင်နေရတယ်လို့ သိရပါတယ်။

သတင်း-ကျော်ကြီး၊ စာတည်း - ဟိန်းစံ။
#မြေလတ်အသံ

အောက်ပါလင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
Website - https://myaelattathan.org/
Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg
Telegram - https://t.me/myaelattathan
Twitter - https://twitter.com/Myaelatt_Athan
Instagram - https://www.instagram.com/myaelatt_athan/

27/08/2024

သစ္စာမရှိပူးသစ္စာ.........

အာဆီယံဒေသတွင်းအထိ ရောက်ရှိလာပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်လာသော မျောက်ကျောက်ရောဂါရန်ကုန်| ဩဂုတ် ၂၃မျောက်ကျောက်ရောဂါ ...
23/08/2024

အာဆီယံဒေသတွင်းအထိ ရောက်ရှိလာပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်လာသော မျောက်ကျောက်ရောဂါ

ရန်ကုန်| ဩဂုတ် ၂၃

မျောက်ကျောက်ရောဂါ -Mpox (monkeypox) ကူးစက်မှုဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံအတွင်း ရောက်ရှိလာပြီလို့ ထိုင်းသတင်းဌာနတွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

မျောက်ကျောက်ရောဂါ -Mpox (monkeypox)ဟာ လက်တလော ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO)ရဲ့ ကမ္ဘာ့အရေးပေါ် အခြေအနေအဖြစ် ကြေညာခံထားရတဲ့ ကူးစက်ရောဂါပိုးဖြစ်ပြီး မြန်မာနိုင်ငံအတွင်းကိုလည်း ကူးစက်လာနိုင်တဲ့ အလားအလာတွေရှိနေလို့ သတိပြုဆင်ခြင်ရမယ့် အခြေအနေဖြစ်ပါတယ်။

ဒီရောဂါဟာ ၁၉၅၈ ခုနှစ်က သုတေသနပြုလုပ်ဖို့ သိမ်းဆည်းထားတဲ့ မျောက်အုပ်စုတွေမှာ ပထမဆုံးတွေ့ရှိခဲ့လို့ မျောက်ကျောက်ရောဂါ-Mpox (monkeypox) လို့ နာမည်တပ်ခဲ့က ၁၉၇၀ ပြည့်နှစ်တွေမှာ လူသားတွေထံ ကူးစက်လာတာကို စတင်တွေ့ရှိခဲ့ပါတယ်။

ဒီရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုးဟာ တိရိစ္ဆာန်တွေကတဆင့် ကူးစက်တာအပြင် လူအချင်းချင်းလည်း ကူးစက်ပြန့်ပွားစေလို့ WHOက အခုအချိန်မှာ ကူးစက်မှု အရေးပေါ်အခြေအနေ‌ကြေညာထားတာ ဖြစ်ပါတယ်။

သတိပြုရမယ့် မျောက်ကျောက် ရောဂါလက္ခဏာတွေကတော့ ဖျားတာ၊ ခေါင်းအရမ်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ ခါးနာတာ၊ အားအင်ကုန်ခမ်းတာ၊ ပြန်ရည်အိပ် (Lymph node) တွေရောင်ရမ်းတာနဲ့ အရေပြားပေါ်မှာ အနီကွက် (သို့) အဖုအပိန့်တွေ၊ အရည်ကြည်ဖုတွေထွက်တာတို့ဘဲဖြစ်ပါတယ်။

လက္ခဏာတွေထဲကတခုဖြစ်တဲ့ အနီကွက်တွေကို စတင်ဖျားပြီး တစ်ရက်ကနေ သုံးရက်အတွင်း အ‌ရေပြားပေါ်မှာ တွေ့ရပြီးနောက် အဖုအပိန့်တွေ၊ အရည်ကြည် (သို့) အဝါရောင်အရည်တွေပြည့်နေတဲ့ အရည်ကြည်ဖု၊ ပြည်ဖု အနေ အထားတွေနဲ့ တွေ့လာရတတ်ပါတယ်။ ဒီအရည်ကြည်ဖုတွေဟာ နောက်ပိုင်း ပေါက်ထွက်ပြီး ခြောက်သွေ့ကာ အနာဖေးအနေနဲ့ ကွာကျသွားပါတယ်။

လူနာတစ်ယောက်စီမှာ အဖုအပိန့်တွေကို အရေအတွက် အနည်းငယ်ကနေ ထောင်ပေါင်းများစွာအထိ တွေ့ရတတ်ပြီး အဖုအပိန့်အများစုကို မျက်နှာ၊ လက်ဖဝါး၊ ခြေဖဝါး၊ ပါးစပ်၊ လိင်အင်္ဂါတစ်ဝိုက်နဲ့ မျက်စိတွေမှာ တွေ့ရတတ်ပါတယ်။

မျောက်ကျောက်ရောဂါကြောင့် သေဆုံးနိုင်သလားဆိုရင်တော့ လူနာအများစုက ရက်သတ္တပါတ်အနည်းငယ်အတွင်း ရောဂါလက္ခဏာတွေ ပျောက်ကင်းသွားနိုင်သလို လူတစ်ချို့မှာတော့ နောက်ဆက်တွဲ ရောဂါဆိုးကျိုးတွေဖြစ်ပွားပြီး သေဆုံးတဲ့အထိလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မျောက်ကျောက်ရောဂါ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ကတော့ အရေပြားမှာ အနာဖြစ်တာ၊ အဆုတ်ရောင်တာ၊ စိတ် ကယောင်ခြောက်ခြားဖြစ်တာနဲ့ မျက်လုံးကို ရောဂါပိုးဝင်ပြီး အမြင်အာရုံထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။

မျောက်ကျောက် ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံတွေရဲ့ သတင်းအချက်အလက်ပေးပို့မှုတွေအရ လူနာ ၃ရာခိုင်နှုန်းကနေ ၆ရာခိုင်နှုန်းအထိ သေဆုံးခဲ့ပြီး ရောဂါအခံရှိသူတွေနဲ့ ကလေးငယ်တွေ အများစုသေဆုံးတယ်လို့ WHOက ဆိုပါတယ်။

ဒီအချက်အလက်တွေက ရောဂါဖြစ်ပွားမှုများတဲ့ နိုင်ငံတွေရဲ့ ရောဂါစောင့်ကြပ်ကြည့်ရှုတဲ့စနစ်လိုအပ်ချက် အကန့်အသတ်ကြောင့် ပိုမိုတွက်ချက်ခန့်မှန်းထားတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီရောဂါကူးစက်ပုံက ရောဂါကူးစက်ခံထားရတဲ့ တိရစ္ဆာန်တွေကို ကိုင်တွယ်ထိတွေ့လို့ လူကို ကူးစက်စေသလို ရောဂါလက္ခဏာခံစားနေရတဲ့ လူအချင်းချင်း အနီးကပ် ကိုင်တွယ်ထိတွေ့ထိတာကနေလည်း ရောဂါကူးစက်ခံရနိုင်ပါတယ်။

မျောက်ကျောက်ရောဂါဖြစ်နေတဲ့ လူတဦးဟာ ရောဂါလက္ခဏာခံစားနေရချိန် ၂ပါတ်ကနေ ၄ ပတ်( ၁လ)အတွင်း တခြားသူကို ကူးစက်စေနိုင်ပါတယ်။

ဒါ့အပြင် ရောဂါလက္ခဏာခံစားနေရသူကို အနီးကပ် ကိုင်တွယ်ထိတွေ့ခြင်းကလည်း ရောဂါကူးစက်ခံရနိုင်ပါတယ်။ အထူးသဖြင့် လူနာရဲ့ အနီကွက်တွေ၊ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေ (အရည်ပြား အဖုအပိန့်က ထွက်တဲ့အရည်၊ ပြည် ၊ သွေး) နဲ့ အနာဖေးတွေက တဆင့် ကူးစက်စေသလို ရောဂါဖြစ်ပွားသူ ကိုင်တွယ်ထိတွေ့ပြီးတဲ့ ဗိုင်းရပ်စ်ကပ်ညိနေသော အဝတ်အစား၊ အိမ်ယာခင်း၊ မျက်နှာသုတ်ပါဝါ ၊ စားသောက်ရာမှာ သုံးတဲ့ပစ္စည်းတွေ၊ ပန်းကန်တွေကို ကိုင်တွယ်ထိတွေ့ခြင်းကနေလည်း တစ်ဆင့်ကူးစက်စေပါတယ်။

ထူးခြားတာက ကျောက်ကြီးရောဂါကာကွယ်ဆေး ထိုးထားသူတွေဟာ မျောက်ကျောက်ရောဂါဖြစ်ပွားတာကနေ တစိတ်တပိုင်းကာကွယ်မှုရရှိနိုင်တယ်လို့ WHOက ဆိုပါတယ်။

ကျောက်ကြီးရောဂါပပျောက်သွားတဲ့ ၁၉၈၀ ခုနှစ် နောက်ပိုင်း ကျောက်ကြီးရောဂါကာကွယ်ဆေးထိုး လုပ်ငန်းရပ်နားထားခဲ့လို့ ငယ်ရွယ်သူတွေက ကျောက်ကြီးရောဂါ ကာကွယ်ဆေး မထိုးနှံခဲ့ရတဲ့အတွက် လူငယ်တွေ ပိုသတိထားသင့်တယ်လို့လည်း WHOက သတိပေးထားပါတယ်။

ကျောက်ကြီးရောဂါ (smallpox) ကာကွယ်ဆေးတော်တော်များများက မျောက်ကျောက်ရောဂါ ကူးစက်မှုကနေ တစ်စိတ်တစ်ဒေသကာကွယ်မှု ပေးနိုင်ပါတယ်။

ကျောက်ကြီးရောဂါကာကွယ်ဆေး ဆေးအသစ်တစ်မျိုး ဖြစ်တဲ့ MVA-BN၊ Imvamune၊ Imvanex of Jyynneo က မျောက်ကျောက်ရောဂါ ကူးစက်တာကာကွယ်ဖို့ ၂၀၁၉ ခုနှစ်မှာ ခွင့်ပြုချက်ရရှိထားပေမယ့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်သေးဘူးလို့ သိရပါတယ်။

လက်ရှိတော့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကမ္ဘာ့အရေးပေါ်အခြေ အနေကြညာထားတဲ့ မျောက်ကျောက်ရောဂါကူးစက်မှု တွေ့ရှိထားပြီဖြစ်တာကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း သတိပြုဆင်ခြင်နေထိုင်ဖို့ လိုအပ်လာပြီဆိုတာ အသိပေးတင်ပြလိုက်ပါတယ်။

(Connect Burma သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

18/08/2024

ဆော်မရှိလို အပြင်လေးငေးမိတာ
$ကျွတ်ကျွတ်အိပ်က ဆော်နဲ
😒😒😒😒😒😒😒😒

18/08/2024

ဝုတ်တယ် ဘဲနဲ့သွားချိန်းမလို့
လစ်ထွက်လာပါတယ်ဆိုမှ
😅😅😅😅😅😅😅😅😅😅😅😅😒

16/08/2024

ရည်းစားရခါစကြုံတတ်တာလေးပါ

14/08/2024

ဝမ်ရီ နဲ့ မင်းအောင်လှိုင် နေပြည်တော်မာ တွေ့ဆုံ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ရင်ဖွင့်ခြင်း မိုးကောင်းကင်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง บริษัท สื่อ