𝗛𝘁𝗼𝗼 𝗔𝘂𝗻𝗴

𝗛𝘁𝗼𝗼 𝗔𝘂𝗻𝗴 စာဖတ်ခြင်းဖြင့် မိမိကိုယ်ကိုယ်မြင့်တင်နိူင်ပါစေ

မိခင်တစ်ယောက်ရဲ့ ကံကြမ္မာဆိုတာ သားသမီးတွေကို အမြဲစောင့်မျှော်နေရတာမျိုးပါ။  ကိုယ်ဝန်ရှိတဲ့အခါ သူတို့ အပြင်ရောက်လာဘို့စော...
09/12/2024

မိခင်တစ်ယောက်ရဲ့ ကံကြမ္မာဆိုတာ သားသမီးတွေကို အမြဲစောင့်မျှော်နေရတာမျိုးပါ။

ကိုယ်ဝန်ရှိတဲ့အခါ သူတို့ အပြင်ရောက်လာဘို့စောင့်မျှော်ရတယ်။

ကျောင်းနေအရွယ်ရောက်လာတော့ အချိန်လေးရောက်လာတာနဲ့ သူတို့အိမ်ပြန်ချိန်ကို စောင့်ရတယ်။

ညဘက် အပေါင်းအသင်းတွေနဲ့ အပြင်ထွက်လည်ရင်လည်း သူတို့အိမ်ပြန်အလာကို စောင့်ရတယ်။

အရွယ် ရောက်လို့ သူတို့ အသက်မွေးဝမ်းကြောင်းလုပ်ငန်း စတင်တဲ့အခါလည်း သူတို့ကို စောင့်ရတယ်။

အလုပ်က အိမ်ပြန်ချိန်ရောက်တဲ့အခါ လည်း အိမ်ပြန်အလာကို မျှော်ရတယ်။ သူတို့ ညစာစားဖို့ စောင့်ရတယ်။

သူတို့ကို ချစ်တဲ့စိတ်နဲ့ စောင့်နေရတယ်၊ တခါတရံမှာ သူတို့ရုတ်တရက်ပျောက်သွားရင် ဒေါသတွေနဲ့ စောင့်ရတယ်။ သူတို့ကို ပြန်တွေ့တဲ့အခါ မျက်ရည်တွေနဲ့ ထွေးပွေ့ရတယ်။

ကဲတော်လောက်ပါပြီ...

သင့်အမေအိုကြီးကို ဒီထက်ပိုပြီး မစောင့်ခိုင်းပါနဲ့တော့။

သူမဆီကို သွားလည်ပါ၊ သူမကို ချစ်ပါ၊သူမကို နွေးနွေးထွေးထွေးဆက်ဆံပါ။

ဘယ်သူမှမချစ်နိူင်တဲ့အချစ်မျိုးနဲ့သင့်ကို ချစ်ခဲ့တာပါ။

သင်လာမှာကို သူမျှော်နေတယ်။

သင့်အမေအိုကြီးကို ထပ်ပြီး မစောင့်ခိုင်းပါနဲ့တော့။

အရွယ်က အိုလာပေမယ့် သင့်မိခင်ရဲ့ အချစ်တွေဟာ ဘယ်တော့မှ မအိုပါဘူး။

သူ့ကို တတ်နိုင်သလောက် ပြန်ချစ်ပါ။

ဒီကမ္ဘာမှာ ဒီအမျိုးသမီးကြီးလို မင်းကိုချစ်မယ့်လူတယောက်မှ မရှိပါဘူး။

မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်🙏🌿💜

"အဖေ ဆိုတာသူ့ရဲ့ အသိုက်အမြုံ၊ သူ့ရဲ့ မိသားစုကိုသူကိုယ်တိုင်ပဲရှာဖွေ ကျွေးမွေးချင်တဲ့ သူပါ။အသက်ကြီးပြီး အိုမင်းသွားခဲ့လို...
06/12/2024

"အဖေ ဆိုတာ
သူ့ရဲ့ အသိုက်အမြုံ၊ သူ့ရဲ့ မိသားစုကို
သူကိုယ်တိုင်ပဲ
ရှာဖွေ ကျွေးမွေးချင်တဲ့ သူပါ။

အသက်ကြီးပြီး အိုမင်းသွားခဲ့လို့သာ
ဒီသား၊ ဒီသမီးတွေရဲ့ ချွေးနှဲစာကို
မှီခိုနေခဲ့ရပေမဲ့

ဒီသား၊ ဒီသမီးက မကြည်ဖြူရင်
အဖေတစ်ယောက်ရဲ့ ရင်ဘတ်ထဲမှာတော့
ဒဏ်ရာ "ရ"သွားခဲ့တာပါပဲ။

သား၊ သမီးက မကြည်ဖြူရင်
ဘယ်မိဘကမှ စိတ်မချမ်းသာပါဘူး။

သား သမီးတွေ ကြည်ဖြူမှ
မိဘဆိုတာ စိတ်ချမ်းသာ "ရ"တာပါ။

#မေတ္တာဖြင့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မိဘ #အဖေ #အမေ

''အိမ်ထောင်ရေးဆိုတာ အိမ်ဆောက်တာနဲ့တူတယ်''◼ ခိုင်ခံ့သော အိမ်ထောင်ရေးတည်ဆောက်ခြင်းသည် ခိုင်ခံ့သောအိမ်တစ်လုံးဆောက်ခြင်းနှင့...
05/12/2024

''အိမ်ထောင်ရေးဆိုတာ အိမ်ဆောက်တာနဲ့တူတယ်''

◼ ခိုင်ခံ့သော အိမ်ထောင်ရေးတည်ဆောက်ခြင်းသည် ခိုင်ခံ့သောအိမ်တစ်လုံးဆောက်ခြင်းနှင့်တူသည်။ ဖောင်ဒေးရှင်း အားနည်းတဲ့ အိမ်တစ်လုံးသည် ဖိအားအောက်တွင် ပြိုကျနိုင်တယ်။ အလားတူ တန်ဖိုးထားမှုများနှင့် အပြန်အလှန်လေးစားမှုမရှိသော အိမ်ထောင်ရေးတွင် ရုန်းကန်မှုများစွာကို ရင်ဆိုင်ရပြီး အိမ်ထောင်ရေးပြိုကွဲနိုင်ပါတယ်။

◼ အရည်အသွေး နိမ့်သောပစ္စည်းများကို အသုံးပြုတဲ့ အိမ်တစ်လုံးဟာ ရေရှည်အတွက် အာမခံချက်မရှိဘူး။ ထိုနည်းအတူပင်၊ လိုက်ဖက်ညီမှုမရှိဘဲ အပေါ်ယံဆွဲဆောင်မှုဖြင့် တည်ဆောက်ထားသော အိမ်ထောင်ရေးသည် ကြာရှည်ခံမှာ မဟုတ်ဘူး။

◼ အိမ်တစ်အိမ်မှာ ပျက်စီးတဲ့ အရာတွေ့လျှင်
အိမ်ကို မစွန့်ပစ်ဘဲ ပျက်စီးသွားတဲ့အရာတွေကိုပဲ အရင် ဖြေရှင်းကြတယ်။ အိမ်ထောင်ရေးမှာလည်း အထူးသဖြင့် ခက်ခဲသောကာလများတွင် အမြဲတစေ ကြိုးစားအားထုတ်မှု၊ ကတိကဝတ်များနှင့် စိတ်ရှည်မှုတို့ လိုအပ်ပါတယ်။
သင့်ဘဝသည် သင့်အိမ်တွင် ထင်ဟပ်နေသကဲ့သို့ သင့်အိမ်ထောင်ရေးသည် သင်မည်သူဖြစ်သည်ကို ထင်ဟပ်စေပါတယ်ဆိုတာ မမေ့ပါနဲ့။

◼ အိမ်ဆောက်နေစဉ်အတွင်း အုတ်မြစ် သို့မဟုတ် ပစ္စည်းများ ချို့ယွင်းချက်ရှိတာ သတိပြုမိရင် ၎င်းတို့ကို လျစ်လျူရှုမည့်အစား ချက်ချင်း ကိုင်သွယ်
ဖြေရှင်းသင့်ပါတယ်။ ချို့ယွင်းချက်တွေနဲ့ ရှေ့ကို အပြေးအလွှားသွားခြင်းက နောက်ပိုင်းမှာ ပိုကြီးတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။

◼ အိမ်ထောင်ရေး မတည်ဆောက်ခင် အရေးကြီးတဲ့ အချက်က....

1.◼ ခိုင်မာသော ဖောင်ဒေးရှင်းဖြင့် စတင်ပါ။

◼ အိမ်အပြင်ဘက်ကနေ ဘယ်လိုကြည့်ရမလဲဆိုတာကိုပဲ အာရုံစိုက်မနေပါနဲ့။ အခြေခံအုတ်မြစ်မခိုင်မာရင် လှပတဲ့ဒီဇိုင်းက အရေးမကြီးပါဘူး။
ဒါကြောင့် ရုပ်ရည်လှပပြီး ဆွဲဆောင်မှုရှိသော၊ ချမ်းသာသော၊ သို့မဟုတ် စမတ်ကျသောကြောင့်သာ လက်တွဲဖော်ကို မရွေးချယ်ပါနဲ့။ မင်းရဲ့တန်ဖိုးတွေ၊ ပန်းတိုင်တွေ၊ ယုံကြည်ချက်တွေကို မျှဝေပေးမယ့်သူ၊ မင်းရဲ့ဘဝနဲ့ကိုက်ညီတဲ့သူတစ်ယောက်ကို ရွှေးချယ်ပါ။

2.◼ လိုက်ဖက်ညီမှု ရှိမရှိ စစ်ဆေးပါ။

လူတစ်ဦးစီသည် ထူးခြားသောပတ်ဝန်းကျင်တွင် ရှင်သန်ကြသည်။ ကမ်းခြေအိမ်က တောင်တွေပေါ်မှာ​ဆောက်ထားတဲ့ အိမ်နဲ့ မသက်ဆိုင်ဘူး။
ဒါကြောင့် မှန်ကန်သော လက်တွဲဖော်ကို မည်သည့်နေရာတွင် တွေ့ဆုံရမည်ကို နားလည်ရန် လိုအပ်ပါတယ်။ ဥပမာ၊ နိုက်ကလပ်တစ်ခုတွင် လက်တွဲဖော် တွေ့ဆုံရန် မျှော်လင့်ခြင်းသည် သင့်ပန်းတိုင်များနှင့် မကိုက်ညီပါ။

3.◼ သင့်တန်ဖိုးများကို သိပါ။

သင့်ကိုယ်ပိုင်တန်ဖိုးများနှင့်ပတ်သက်၍ မရှင်းလင်းပါက သင့်ဘဝအတွက် မှန်ကန်သောဒီဇိုင်းကို ရွေးချယ်ရန် ခက်ခဲပါလိမ့်မည်။ သင့်အတွက် အရေးကြီးဆုံးအရာကို ရှာဖွေရန် အချိန်ယူပါ၊ ထို့နောက် ထိုတန်ဖိုးများကို ဖြည့်ဆည်းပေးမည့် လက်တွဲဖော်ကို ရှာပါ။

4.◼ လမ်းညွှန်မှုရယူပါ။

ခိုင်ခံ့သောအိမ်တစ်လုံးကို ဒီဇိုင်းဆွဲရန် ဗိသုကာပညာရှင်တစ်ဦးနှင့် တိုင်ပင်သကဲ့သို့၊ အိမ်ထောင်ရေးစတင်တော့မယ်ဆိုရင် အတွေ့အကြုံရှိ စုံတွဲများ၊ ပေါင်းသင်းဆက်ဆံရေး နည်းပြများ သို့မဟုတ် လမ်းညွှန်ပေးသူများထံမှ အကြံဉာဏ်ရယူပါ။ အရေးအကြီးဆုံးကတော့ ဘုရားသခင်ထံမှ လမ်းညွှန်မှုကို ရယူပြီး အချိန်၏စမ်းသပ်မှုကို ခံနိုင်ရည်ရှိသော အိမ်ထောင်တစ်ခုကို တည်ဆောက်ပါ။

5.◼ အခမ်းအနားသာမကဘဲ အဆောက်အဦးကိုအာရုံစိုက်ပါ။

လူများစွာသည် မင်္ဂလာပွဲ (တစ်ရက်တာပွဲ) အတွက် ပြင်ဆင်ကြသော်လည်း အိမ်ထောင်ရေး (တစ်သက်တာခရီး) အတွက် ပြင်ဆင်ရန် မေ့လျော့နေကြသည်။ အိမ်တွင်းရေးကိစ္စက အစပဲရှိသေးတယ်။ စစ်မှန်သောစိန်ခေါ်မှုမှာ နှစ်အတော်ကြာအောင် ပျော်ရွှင်စွာနေထိုင်နိုင်မည့် အိမ်တစ်လုံးကို ဖန်တီးခြင်းဖြစ်သည်။

◼ အိမ်ဆောက်ဖို့ အလျင်စလိုမလုပ်ပါနဲ့။ ဤမေးခွန်းများကို မေးပါ-

◼ သူတို့ရဲ့ မိသားစုနောက်ခံက ဘယ်လိုလဲ။
◼ သူတို့ရဲ့တန်ဖိုးတွေက ဘာတွေလဲ။
◼ သူတို့ရဲ့ ယုံကြည်မူတွေက ဘာတွေလဲ။
◼ သူတို့ရဲ့ စရိုက်က ဘယ်လိုလဲ။
◼ ဝိညာဉ်ရေး/ဘာသာရေးအရ သဟဇာတဖြစ်ပါသလား။
◼ သူတို့က မင်းကိုချစ်ပြီး မင်းလိုပဲ လက်ခံသလား။

◼ အိမ်ထောင်ရေး အဆင်မပြေသူများအတွက် သိထားရမှာက...

အိမ်ထောင်ရေး အဆင်မပြေရင် လက်မလျှော့ပါနဲ့။ အိမ်တစ်လုံးကဲ့သို့ ပြုပြင်ပါ။ လမ်းညွှန်မှုကိုရှာပါ၊ အတူတကွလုပ်ဆောင်ပါ၊ သင်၏ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန် နားလည်မူကို တည်ဆောက်ပါ။


◼ ခိုင်ခံ့သောအိမ်ထောင်ရေးသည် ပြီးပြည့်စုံမှုကိုရှာဖွေရန်မဟုတ်ပါ။ အချိန်ကြာလာတာနဲ့အမျှ ခွန်အား၊ ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာကို တည်ဆောက်ခြင်းအကြောင်းပါ။
အိမ်ထောင်ရေးဆိုတာ အိမ်တစ်လုံးကဲ့သို့ပဲ ဂရုတစိုက် စီစဉ်မှု၊ အားထုတ်မှုနှင့် ဆက်လက်ထိန်းသိမ်းမှု လိုအပ်ပါတယ်။ မင်းရဲ့အခြေခံအုတ်မြစ်ကို ခိုင်မာအောင် တည်ဆောက်လိုက်ပါ။ မင်းရဲ့အိမ်ထောင်ရေးဟာ ဘဝမုန်တိုင်းတွေကြားမှာ ခိုင်ခံ့နေလိမ့်မယ်။





မနေ့ကဆိုင်ကို Laptop လာဝယ်တဲ့ သားအမိသားက ၁၄ နှစ်အရွယ်လောက် မအေက ၄၅ လောက်ထင်တယ် ..ကလေးက တော်လိုက်တာ Laptop ကို သူသုံးချင်...
02/12/2024

မနေ့ကဆိုင်ကို Laptop လာဝယ်တဲ့ သားအမိ
သားက ၁၄ နှစ်အရွယ်လောက် မအေက ၄၅ လောက်ထင်တယ် ..

ကလေးက တော်လိုက်တာ Laptop ကို သူသုံးချင်တာနဲ့ အဆင်ပြေအောင်သေချာရွေးတတ်တယ်
သေသေချာချာလေ့လာထားတယ် ကလေးနဲ့ စကားပြောရင်း ကလေး သွားချင်နေတဲ့ လမ်းကို မြင်နေရတယ် ..
ကလေးက ၁၄ နှစ်လောက်သာပြောတယ် youtube ac တွေ Binance ac တွေရှိတယ် Blockchain Cryptocurrency တွေအကြောင်းကောင်းကောင်းသိနေတယ် ..coding တွေပါနားလည်နေတယ် ..

မအေက သူ့သားကို ဘာလှမ်းပြောလဲဆိုတော့ ငါ့သား Dell ပဲဝယ်တဲ့ Dell ကမာတယ်တဲ့ တာရှည်ခံတာပဲ ဝယ်တဲ့ ငါ့သားကြိုးစားရင် Laptop မလိုဘူးတဲ့ သူများတွေ အကြော်ရောင်းတာကနေ ချမ်းသာနေပီတဲ့ .. ကလေးကို ပြောပြတဲ့ မအေရဲ့ ဟီးရိုးက အကြော်သည်ဖြစ်နေတယ် ..

ပညာမတတ်တဲ့သူတွေ အသက်ကြီးနေတဲ့သူတွေ အကြော်ရောင်းပီးချမ်းသာတာ ကွမ်းယာရောင်းပီးချမ်းသာတာကို အထင်ကြီးတာ အားကျတာ လက်ခံပါတယ်

ကလေးတွေကိုတော့ အဲ့စိတ်ကြီး ရိုက်မသွင်းကြပါနဲ့

အာခီ ဒီဇိုင်းလေး တခု ၊Computer Program Code လေး တဖိုင် ၊ အိုင်ဒီယာလေး တခု ၊ App လေး တခု ၊ Formula လေး တခုကနေ ဒေါ်လာ သိန်းသန်းချီ ၊ ဘီလျံချီ ချမ်းသာနိုင်တာကို မသိကြတော့တဲ့ နိုင်ငံသားတွေ ဖြစ်နေတာကတော့ ဝမ်းနည်းစရာပါ ။ (crd)

အကြော်သည် ၂ နှစ်ရှာတဲ့ပိုက်ဆံက ပညာရှင်တွေအတွက် အချိန်စက္ကန့်ပိုင်း မိနစ်ပိုင်းလေးနဲ့ ရနိုင်တယ် ဆိုတာ သိမြင်စေချင်တယ် အားကျစေချင်တယ် မျက်စိပွင့်စေချင်တယ် ..

အာကာသထဲမှာ တခြားဂြိုလ်ပေါ်မှာ လူတွေသွားပီးငွေရှာဖို့ အပြိုင်အဆိုင်ကြိုးစားနေတဲ့ ခေတ်ကြီးမှာ ကျွန်တော်တို့ လူမျိုးတွေက အကြော်ရောင်းပီးချမ်းသာတာလောက်ကိုပဲ အားကျနေရတယ် ရည်မှန်းချက်ထားနေရတယ် ..

လက်ရှိ ကမ္ဘာအချမ်းသာဆုံး အီလွန်မတ်ရဲ့ ပိုင်ဆိုင်မူ့က လူပေါင်း ၅ သိန်းကို တရက် ၁၀၀၀၀ နှူံးနဲ့ ထမင်းကြွေးထားမယ်ဆိုရင် နှစ် ၉၀ ထိကြွေးထားနိုင်တယ်

နိုင်ငံခြားက ၁၂ နှစ်အရွယ်ကလေး Game သေးသေးလေးကိုယ်တိုင်ရေးပီး Apple Store မှာ $0.99 နဲ့တင်လိုက်တာ တရက်ထဲ လူအများကြီး Download လုပ်သွားလို့ ကလေးက $ ၁ သိန်းလောက်ချက်ချင်းရသွားတယ် ..မြန်မာငွေ သိန်း 4500 နော် ၁၂ နှစ်သားကလေးနော် ..

ကျွန်တော်တို့တွေက အသက်ကြီးပါပီ နွားခြေရာခွက်ထဲက ရေကိုပဲ များလှပီ ထင်နေတာကြာပါပီ ကလေးတွေကို ပင်လယ် သမုဒ္ဒရာထဲက ရေတွေကိုမြင်တတ်အောင် ..
ကမ္ဘာ့နိုင်ငံ အသီးသီရဲ့ လူတွေဆီက ငွေတွေ ရှာတတ်အောင် ကလေးတွေကို ပညာသင်ပေးဖို့ လမ်းစ ချပေးသင့်ပါပီ ...

*** ပညာ ဆိုတာ အတန်းပညာတစ်ခုထဲကို ဆိုလိုရင်းမဟုတ်ပါ ***

ကလေးတွေရဲ့ ရည်မှန်းချက်က အရမ်းမြင့်နေတတ်တာကိုမြင်သာအောင်ပြောချင်းဖြစ်ပါတယ် အကြော်သည်ကို ထိခိုက်စေလိုချင်း မဟုတ်ပါခင်ဗျာ ..🙏

@$AKT

မိဘကို စိတ်ချမ်းသာအောင် ထားပါဖတ်ကြည့်နော်...မိဘအိမ်မှာ နေပြီးမိဘလုပ်စာ စားခဲ့တုန်းကအဖေကလဲ အမေကလဲ ဆိုတဲ့စကားကိုသား သမီးတွ...
01/12/2024

မိဘကို စိတ်ချမ်းသာအောင် ထားပါ
ဖတ်ကြည့်နော်...

မိဘအိမ်မှာ နေပြီး
မိဘလုပ်စာ စားခဲ့တုန်းက

အဖေကလဲ အမေကလဲ ဆိုတဲ့
စကားကို

သား သမီးတွေဟာ
ရဲရဲတင်းတင်း ပြောဆိုနိုင်ခဲ့ကြတယ်။

သား သမီးတွေရဲ့ လစာကို
မိဘတွေ
မျှော်ရတဲ့ အချိန်ကျတော့...

ဒီသား ဒီသမီးတွေ
ငြိုငြင်သွားမလား ဆိုတဲ့
စိုးရိမ်စိတ်တွေ

ကြည်ဖြူရဲ့လား ဆိုတဲ့
စိုးရိမ်စိတ်တွေ

အဆင်ရော ပြေရဲ့လား ဆိုတဲ့
ကရုဏာစိတ်တွေကြောင့်

မိဘတွေဟာ
စကားလုံး တော်တော်များများကို
မျိုသိပ်ပစ်ခဲ့ကြတယ်။

သူတို့ အဆင်မပြေလည်း
အဆင်ပြေပါတယ် ဆိုတဲ့ စကားကိုပဲ
ရွေးပြီး ပြောတတ်ကြတယ်။

တရွေ့ရွေ့နဲ့
အသက်ကြီး အိုမင်းလာတဲ့ မိဘတွေမှာ
ယိုင်နဲ့လာတဲ့ ခန္ဓာကိုယ်နဲ့ အတူ

အားငယ်စိတ် ဆိုတာ...
အလိုလို ရောက်လာကြတာပါပဲ။

သား သမီးကို
ကျွေးမွေး စောင့်ရှောက်ခဲ့ကြတဲ့
ဘဝကနေ

သား သမီးကို
ပြန်လည် မှီခိုရတဲ့ဘဝကို
ရောက်သွားခဲ့ကြပြီ ဆိုတော့

ဒီလို အခြေအနေ
ဒီလို အချိန်မျိုးမှာ
သား သမီးတွေရဲ့ ဘဝင်မကျစွာ
ပြောလိုက်တဲ့
မာကြမ်းကြမ်း စကားသံတွေ

စိတ်မရှည်သလို
မကျေနပ်သလို ဖြစ်နေတဲ့
အပြုအမူတွေဟာ

မိအို ဖအိုတွေရဲ့ ရင်ဘတ်ထဲမှာတော့
တကယ့်ကို ဆူးတွေပါပဲ။

စိတ်မချမ်းသာရင်လည်း
ကြိတ်ပြီး ဝမ်းနည်းရုံက လွဲပြီး

မိဘအများစုကတော့
ထုတ်မပြောကြတော့ပါဘူး။

အစားတစ်လုတ် တုတ်တစ်ချက် ပုံစံမျိုး
ပေးကမ်းလာတဲ့
သား သမီးတွေရဲ့ ချွေးနှဲစာကို
ဘယ်မိဘက စားဝင်ပါ့မလဲ-?

ပိုပြီး စားမဝင်နိုင်တဲ့ သူက
အဖေအိုကြီးပေါ့။

အ ဖေ ဆိုတာ...
မာနရှိကြတယ်။

အ ဖေ ဆိုတာ...
သူ့ရဲ့ အသိုက်အမြုံ
သူ့ရဲ့ မိသားစုကို
သူကိုယ်တိုင်ပဲ
ရှာဖွေ ကျွေးမွေးချင်တဲ့ သူပါ။

အသက်ကြီးပြီး အိုမင်းသွားခဲ့လို့သာ
ဒီသား ဒီသမီးတွေရဲ့ ချွေးနှဲစာကို
မှီခိုနေခဲ့ရပေမဲ့

ဒီသား ဒီသမီးက မကြည်ဖြူရင်
အဖေတစ်ယောက်ရဲ့ ရင်ဘတ်ထဲမှာတော့
ဒဏ်ရာ "ရ"သွားခဲ့တာပါပဲ။

သား သမီးက မကြည်ဖြူရင်
ဘယ်မိဘကမှ စိတ်မချမ်းသာပါဘူး။

သား သမီးတွေ ကြည်ဖြူမှ
မိဘဆိုတာ စိတ်ချမ်းသာ "ရ"တာပါ။

ဒါကြောင့်...
မိဘကို လုပ်ကျွေးနေတဲ့
သား သမီးတွေ အနေနဲ့

အချိန်တန်ရင်
လစာလေး ထုတ်
မိဘဆီကို
ငွေပို့ပေးရုံတင် မလုံလောက်ဘဲ

မိဘ စိတ်ချမ်းသာအောင်
အားငယ်စိတ်တွေ မဖြစ်အောင်

နွေးထွေး ကြင်နာမှုရှိတဲ့ စကားလေးတွေ
ပြောဖို့ လိုအပ်တယ်။

ခွန်အားပေးတဲ့ စကားလေးတွေကိုလည်း
ပြောပေးဖို့ လိုအပ်တယ် ဆိုတာ

ညီ အစ်ကို မောင်နှမတွေကို
စကားလက်ဆောင် ပေးချင်ပါတယ်။

မုဒိတာ-မှော်ဘီ

အမြဲစောင့်နေသူ-----------------အမေဆိုတာ အမြဲစောင့်နေရတဲ့သူတွေပါ။သားတို့ကို မမွေးခင်က ဝမ်းထဲမှာလွယ် မွေးလာမယ့်ရက်တွေကို စ...
30/11/2024

အမြဲစောင့်နေသူ
-----------------
အမေဆိုတာ အမြဲစောင့်နေရတဲ့သူတွေပါ။

သားတို့ကို မမွေးခင်က ဝမ်းထဲမှာလွယ် မွေးလာမယ့်ရက်တွေကို စောင့်ခဲ့ရတယ်။

သားတို့ ကျောင်းသွားတဲ့ အရွယ်တွေ ရောက်လာပြန်တော့ ကျောင်းကပြန်လာမယ့် ကျောင်းလွှတ်ချိန်လေး တွေကို အမေအမြဲစောင့်ခဲ့ရတယ်။

သားတို့အရွယ်ရောက်လာပြန်တော့ ညအချိန် အိမ်ကို ပြန်မလာမချင်း မအိပ်ဘဲ အမေစောင့်ခဲ့ရတယ်။

သားတို့ အလုပ်တွေရ အိမ်ကထွက်သွားတော့လည်း အဆင်မှပြေပါ့မလားလို့ စိုးရိမ်စိတ်တွေပို သားပြန်အလာကို အမေစောင့်ခဲ့ရတယ်။

အလုပ်ပြန်နောက်ကျ သောကတွေရောက်၊ ငါ့သားလေး ဘာများဖြစ်နေပြီလဲလို့ အေးနေတဲ့ ထမင်းကိုနွေးရင်း အမေစောင့်ခဲ့ရတယ်။

အချိန်တန်လာ အိမ်ထောင်ပြုမယ်ဆိုတော့လည်း အမေကမတားပါဘူး။ သားလေးက အိမ်ကထွက်ခွာ သူ့ချစ်သူနဲ့ နေချိန်မှာ အဆင်ပြေပါ့မလားလို့စိတ်ပူ၊ သားဆီက ဖုန်းကို အမေစောင့်ခဲ့တယ်။

ဖုန်းကမလာတာကြာ နေမှကောင်းရဲ့လား၊ လုပ်ငန်းတွေ အဆင်ပြေရဲ့လား သားဆီက သတင်းစကားတွေ အမေစောင့်ခဲ့ရတယ်။

“အမေ ... အမေ့မြေးလေးရတော့မယ်”

သားဆီက သတင်းစကားလာ။ ဆေးရုံကို အမေပြေးလာပြီး ချွေးမလေးဘေးမှာ အမေတစ်ညလုံး စောင့်ခဲ့ရ တယ်။

မြေးကလေးရလာ အမေပျော်လိုက်တာ။ သူ့ကို ဘယ်လိုပြုစုပေးလိုက်ရမလဲလို့တွေးပူမိတယ်၊ ဒါပေမဲ့ အမေ့ ရင်ခွင်ထဲကို မြေးလေးရောက်လာမယ့်အချိန် အမေစောင့်ခဲ့ရတယ်။

သားနဲ့လည်းတွေ့ချင် မြေးကိုလည်းတွေ့ချင် သူတို့မလာတာကြာ၊ အိမ်ဝမှာ လမ်းကိုငေးရင်း အမေစောင့်ခဲ့ရ တယ်။

ခုတော့ အမေ့မှာ မလှုပ်နိုင်၊ မသွားနိုင်၊ အိပ်ရာထဲမှာ တစ်ယောက်တည်း နေရချိန်ပေါ့။

အမေစောင့်နေပါတယ်။

ဒီအချိန်မှာ

အမေ သေမင်းကို စောင့်နေတယ်။

(Mother is waiting)

တင်ညွန့်

၂၈.၁၁.၂၀၂၄

"အကောင်းမြင်စိတ်နဲ့ ရှင်သန်ပါ" ---------------------ဘဝဆိုတာ စာနာခြင်းတရားတွေနဲ့စီးဆင်းရတယ်။ လိုအပ်သူတွေက ပြုံးတဲ့အခါ ......
29/11/2024

"အကောင်းမြင်စိတ်နဲ့ ရှင်သန်ပါ"
---------------------
ဘဝဆိုတာ စာနာခြင်းတရားတွေနဲ့
စီးဆင်းရတယ်။
လိုအပ်သူတွေက ပြုံးတဲ့အခါ ...
မလိုအပ်သူတွေက မုန်းကြမယ်။
ထိုအခါ
ကိုယ်ဟာ ... အပြုံး မပျက်စေနဲ့။
မုန်းတဲ့သူကလည်း သူ့အကြောင်းနဲ့ သူ ...
ပြုံးတဲ့ သူကလည်း သူ့အကြောင်းနဲ့ သူမို့
သူတို့ရဲ့အကြောင်းတွေထက်
ကိုယ့်ရဲ့အကြောင်းလေး ကောင်းဖို့သာ
ပြင်ဆင်လိုက်ပါ။
အကြောင်းကောင်းမှ
အကျိုးဆက်ဟာ အဖိုးထက် မှာမို့
မတိုးတတ်စေမယ့် အတွေးဆိုးတွေနဲ့
ဘဝကို ဘေးမထိုးမိပါစေနဲ့။
အပြောတွေ ချိုသာပါ၊ ယဉ်ကျေးပါ။
စကားတွေမှာ စိတ်ရင်းတွေ ပါတတ်သည်မို့
စကားကြမ်းကြမ်းတွေနဲ့ မဆက်ဆံမိပါစေနဲ့။
စကားကိုလည်း အလွယ် မယုံမိပါစေနဲ့။
အလွယ်လည်း မပြောမိပါစေနဲ့။
သူတစ်ပါးရဲ့စကားကြောင့်
ကိုယ့်ဘဝ ဒုက္ခရောက်နိုင်သလို
ကိုယ့်ရဲ့ ဖြစ်စလွယ် စကားကြောင့်လည်း
တစ်ပါးသူတွေ ဒုက္ခရောက်နိုင်ပါတယ်။
မှန်ကန်သော အပြောဖြင့်
သတိထား ဆုံးဖြတ်နိုင်ပါစေ။
မှားသောသူ တွေ့တိုင်းလည်း
မပုတ်ခတ်မိပါစေနဲ့။
မှန်သောသူ တွေ့တိုင်းလည်း
ချီးမွမ်းဖို့ ဝန်မလေးပါစေနဲ့။
ကိုယ်မှားရင် တောင်းပန်ပါ။
ကိုယ်မှန်ရင်လည်း အနေမှန်ပါ။
ဘဝတွေကို
ဘဝင်မြင့်သော စိတ်တွေနဲ့
မပေါင်းထည့်လိုက်ပါနဲ့။
မုန်းနေပါစေ...
ကိုယ့်မှာရှိသော စိတ်ရင်း၊ စေတနာအရင်းတို့ဖြင့်သာ လူတွေကို ဆက်ဆံပါ၊ ပေါင်းသင်းပါ။
ကိုယ့်ကို လာမုန်းသူကို ပြန်မုန်းနေရင်
ကိုယ်ဟာ အရှုံးသမားဖြစ်သွားမှာ။
သစ္စာတရားဖြင့် စကားပြော၍
မေတ္တာတရားဖြင့် လူတိုင်းကို အပြုံးပေးပါ။
ဘဝဟာ မေတ္တာတရားတွေနဲ့
အထာကျသွားရင်
နေလို့လည်း ကောင်းမယ်။
အေးလည်း အေးချမ်းမယ်။
လူတိုင်းကိုလည် အကောင်းမြင်လာမယ်။
ကိုယ့်ဘက်ကသာ
အကောင်းမြင်တဲ့စိတ်နဲ့ ကြည့်နေမယ်ဆိုရင်
လူတိုင်းဟာ ချစ်စရာ အကောင်းဆုံးတွေ
ဖြစ်လာမှာပါ

ကိုယ့်ကိုကိုယ် ခိုင်းပါ****************မိဘပစ္စည်း ကိုယ့်ပစ္စည်းမဟုတ်လို့ ကိုယ်ကြိုးစားမှ ကိုယ်ရမှာ။သူငယ်ချင်းကောင်းရှိတယ...
27/11/2024

ကိုယ့်ကိုကိုယ် ခိုင်းပါ
****************

မိဘပစ္စည်း ကိုယ့်ပစ္စည်းမဟုတ်လို့ ကိုယ်ကြိုးစားမှ ကိုယ်ရမှာ။
သူငယ်ချင်းကောင်းရှိတယ်ဆိုပြီး ပျော်နေတာလား။
ခင်တာခင်တာပဲဘယ်သူ့မှ သူငယ်ချင်းဆိုပြီး တစ်သက်လုံးအိမ်ပေါ်ခေါ်ထမင်းမကျွေးဘူး။

မောင်နှမလား အတူနေတုန်းကတူပေမယ့် နောက်ဆိုအခြေအနေတွေက ကွာခြားသွားတယ်။
မောင်နှမဆိုပြီး အိမ်ပေါ်ခေါ်ထားမှာမဟုတ်ဘူး။
ငယ်ငယ်ကဘဝဆိုတာ မေ့လိုက်တော့။ မိဘချမ်းသာလို့ပေါ့ပေါ့တန်တန်ဘဝကို ဖြတ်သန်းနေရင် မိဘမရှိတော့တဲ့အခါဒုက္ခရောက်လိမ့်မယ်။

အသက်ငယ်သေးလို့ဆိုပြီး ပေါ့ပေါ့တန်တန်တွေး
နေတုန်းလား။
အသက်အရွယ်နဲ့မဆိုင်ဘူး သူငယ်ချင်း။ ငယ်ငယ်
ကတည်းကကြိုးစားမှ အချိန်တန်ရင် နေရာတစ်ခုရမှာ။
ကြီးလာမှကြိုးစားမယ်ဆို ကိုယ်နဲ့တန်းတူအပေါင်းအသင်းတွေ နေရာရတဲ့အချိန် ကိုယ်ကတော့ အောက်ခြေကစလုပ်နေရမယ်။

လောကမှာ ဘယ်သူ့မှမိဘအရိပ် ကြာကြာမနေရဘူး။ ငယ်ငယ်တုန်းကတော့ ပူဆာသမျှရခဲ့ပေမယ့် အချိန်တန်ရင် ခွဲရတာသဘာဝပဲ။
ငှက်တောင် အတောင်စုံရင် သိုက်အိမ်နဲ့ဝေးရာပြန်သေးတာပဲ။

မိဘဆီက အများကြီးမမျှော်လင့်ပါနဲ့။ သူငယ်ချင်းတွေအပေါ်အရမ်း တွယ်ကပ်မနေနဲ့တော့။ ဆွေမျိုးလား ဆွေမျိုးဆိုတာကမိဘမျက်နာနဲ့မို့ အရေးပေးတာပါ။ မိဘမရှိတဲ့နောက်ပိုင်း သူစိမ်းဆန်လာလိမ့်မယ်။
အရမ်းချစ်တယ်ဆိုတဲ့သူတွေ ခင်တယ်ဆိုတဲ့သူတွေ မင်းမှာဘာမှမရှိတော့တဲ့အခါ အရင်လိုဆက်ဆံမှုမျိုး ပြန်မရတော့ဘူး။

ယခုချိန်မှာ ကိုယ့်ကိုကိုယ် မခိုင်းရင်
နောင်တစ်ချိန်မှာ ကိုယ့်ကို သူများခိုင်းသွားပါလိမ့်မယ်၊၊

ကြိုးစားပါ။ လူ့အသိုင်းအဝိုင်းကြားမှာ မျက်နှာမငယ်ရအောင် ကြိုးစားပါ။ လူတွေရဲ့ ကဲ့ရဲ့မှုကိုမခံအောင်ကြိုးစားပါ။

▪အဖေဟာစက်ရုပ် မဟုတ်ပါဘူး ဒါပေမဲ့မိသားစုအတွက်ဆို မနားမနေအလုပ်လုပ်တယ်။ ▪အဖေဟာကျောက်ရုပ် မဟုတ်ပါဘူး။ ဒါပေမဲ့မိသားစုအတွက်ဆို...
26/11/2024

▪အဖေဟာ
စက်ရုပ် မဟုတ်ပါဘူး ဒါပေမဲ့
မိသားစုအတွက်ဆို မနားမနေ
အလုပ်လုပ်တယ်။

▪အဖေဟာ
ကျောက်ရုပ် မဟုတ်ပါဘူး။ ဒါပေမဲ့
မိသားစုအတွက်ဆို
ခံနိုင်ရည်ရှိတယ်။

▪အဖေဟာ
တန်ခိုးရှင် မဟုတ်ပါဘူး။ ဒါပေမဲ့
မိသားစုအတွက်ဆို
အရာရာ
ဖန်ဆင်းပေးနိုင်တယ်။

▪အဖေဟာ
စွမ်းအားရှင် မဟုတ်ပါဘူး။ ဒါပေမဲ့
မိသားစုအတွက်ဆို
ဘာမဆို
ရင်ဆိုင်ရဲတယ်။

▪အဖေဟာ
အသက်အပို မပါပါဘူး။ ဒါပေမဲ့
မိသားစုအတွက်ဆို
အသက်ကိုပင်
စတေးရဲတယ်။

▪အဖေ့ပခုံးဟာ
နွားသားရေလို မထူပါဘူး။ဒါပေမဲ့
မိသားစုအတွက်ဆို
နွားနဲ့ ရင်ပေါင်တန်းပြီး
ဝန်ကို ထမ်းနိုင်တယ်။

▪အဖေဟာ
"ချစ်တယ်"လို့
ခဏခဏ မပြောဘူး။ ဒါပေမဲ့
ချစ်တယ်ဆိုတာထက်
ပိုတယ်။

▪အဖေဟာ
"လွမ်းတယ်"လို့
သိပ် မရေရွတ်ဘူး။ ဒါပေမဲ့
လွမ်းတယ်ဆိုတာထက်
ပိုတယ်။

▪အဖေဟာ
မိသားစုအတွက်ဆို
မဟာတံတိုင်းကြီးပါ။ ဘေးရန်မရောက်အောင်
ကာကွယ်ပေးထားတယ်။

▪အဖေဟာ
သစ်ပင်တစ်ပင်မှာဆို
ရေသောက်မြစ်လိုပါပဲ။

မိသားစုဆိုတဲ့ ပင်စည်လေး
ဖွံ့ဖြိုးလို့
အကိုင်းအခက်တွေ
ဝေဆာဖို့
အသီးအပွင့်တွေ
ဖူးပွင့်ဖို့

မိမိဘဝကို
မိသားစုအတွက်
ဇာတ်မြှုပ်ကာ
ထောက်ပံ့ပေးနေသူပါ..

#မေတ္တာဖြင့်
#မေတ္တာဖြင့်ပြန်လည်မျှဝေပပါသည်

 #ကြိုးစားပါသူငယ်ချင်း.....မိဘပစ္စည်း ကိုယ့်ပစ္စည်းမဟုတ်လို့ ကိုယ်ကြိုးစားမှ ကိုယ်ရမှာ။သူငယ်ချင်းကောင်းရှိတယ်ဆိုပြီး ပျေ...
25/11/2024

#ကြိုးစားပါသူငယ်ချင်း.....
မိဘပစ္စည်း ကိုယ့်ပစ္စည်းမဟုတ်လို့ ကိုယ်ကြိုးစားမှ ကိုယ်ရမှာ။
သူငယ်ချင်းကောင်းရှိတယ်ဆိုပြီး ပျော်နေတာလား။
ခင်တာခင်တာပဲဘယ်သူ့မှ သူငယ်ချင်းဆိုပြီး တစ်သက်လုံးအိမ်ပေါ်ခေါ်ထမင်းမကျွေးဘူး။

မောင်နှမလား အတူနေတုန်းကတူပေမယ့် နောက်ဆိုအခြေအနေတွေက ကွာခြားသွားတယ်။
မောင်နှမဆိုပြီး အိမ်ပေါ်ခေါ်ထားမှာမဟုတ်ဘူး။
ငယ်ငယ်ကဘဝဆိုတာ မေ့လိုက်တော့။ မိဘချမ်းသာလို့ပေါ့ပေါ့တန်တန်ဘဝကို ဖြတ်သန်းနေရင် မိဘမရှိတော့တဲ့အခါဒုက္ခရောက်လိမ့်မယ်။

အသက်ငယ်သေးလို့ဆိုပြီး ပေါ့ပေါ့တန်တန်တွေး
နေတုန်းလား ။
အသက်အရွယ်နဲ့မဆိုင်ဘူး သူငယ်ချင်း။ ငယ်ငယ်
ကတည်းကကြိုးစားမှ အချိန်တန်ရင် နေရာတစ်ခုရမှာ။
ကြီးလာမှကြိုးစားမယ်ဆို ကိုယ်နဲ့တန်းတူအပေါင်းအသင်းတွေ နေရာရတဲ့အချိန်
ကိုယ်ကတော့ အောက်ခြေကစလုပ်နေရမယ် ။
လောကမှာ ဘယ်သူ့မှမိဘအရိပ် ကြာကြာမနေရဘူး။ ငယ်ငယ်တုန်းကတော့ ပူဆာသမျှရခဲ့ပေမယ့် အချိန်တန်ရင် ခွဲရတာသဘာဝပဲ။
ငှက်တောင် အတောင်စုံရင် သိုက်အိမ်နဲ့ဝေးရာပြန်သေးတာပဲ။

မိဘဆီက အများကြီးမမျှော်လင့်ပါနဲ့။ သူငယ်ချင်းတွေအပေါ်အရမ်း တွယ်ကပ်မနေနဲ့တော့။ ဆွေမျိုးလား ဆွေမျိုးဆိုတာကမိဘမျက်နာနဲ့မို့ အရေးပေးတာပါ။ မိဘမရှိတဲ့နောက်ပိုင်း သူစိမ်းဆန်လာလိမ့်မယ်။
အရမ်းချစ်တယ်ဆိုတဲ့သူတွေ ခင်တယ်ဆိုတဲ့သူတွေ မင်းမှာဘာမှမရှိတော့တဲ့အခါ အရင်လိုဆက်ဆံမှုမျိုး ပြန်မရတော့ဘူး။

ကြိုးစားပါ။ လူ့အသိုင်းအဝိုင်းကြားမှာ မျက်နှာမငယ်ရအောင် ကြိုးစားပါ။ လူတွေရဲ့ ကဲ့ရဲ့မှုကိုမခံအောင်ကြိုးစားပါ။
#နည်းပညာများ

"တစ်ယောက်ထဲလဲ နေတတ်အောင်နေပါမင်း စိတ်ညစ်နေလား_?ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပီး ကိုယ့်ဖာသာကို ပြန်ထိန်းပါ။ဘဝအတွက် လေ့လာသင်ယူ...
23/11/2024

"တစ်ယောက်ထဲလဲ
နေတတ်အောင်နေပါ
မင်း စိတ်ညစ်နေလား_?

ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပီး ကိုယ့်ဖာသာကို ပြန်ထိန်းပါ။
ဘဝအတွက် လေ့လာသင်ယူပါ စာများများဖတ်ပါ
သူများကို သွားပြောတာထက် အများကြီးသာတယ်။
မင်း ဝမ်းနည်းနေလား_?
ခဏလောက် အားရပါးရ ငိုချပစ်လိုက်ပါ။

ဘယ်သူ့မှ ပြောမနေနဲ့ ပိုးပြီးမျက်ရည်ကျအောင်
လုပ်မဲ့သူပဲရှိတယ်။ငိုစရာရှိတာ ကိုယ့်ဟာကို
ငိုချလိုက် ပြီးရင် တည်ငြိမ်လာလိမ့်မယ်။

မင်း အရမ်း မွန်းကြပ်နေလား_?
သီချင်းလေးဘာလေး နားထောင် စိတ်ပြေလက်ပျောက်
ဖြစ်အောင်နေပါ။ သူများကို သွားပြောရင်
မွန်းကြပ်တာကနေ ထွက်ပေါက်ပါ ပိတ်သွားလိမ့်မယ်။
မင်း စိတ်ဓာတ်ကျနေလား_?

ဘာအားငယ်စရာရှိလဲ စိတ်ဓာတ်ကျတာ မင်းအပြစ်
မဟုတ်ဘူး လူတိုင်းကျတတ်တာပဲ ကိုယ်တိုင် ပြန်ပီး
ဆွဲမတင်နိုင်မှ မင်းအပြစ်ဖြစ်မှာ ဘယ်သူ့မှ အားမကိုးနဲ့
ကိုယ့်ကိုကိုယ် အားကိုးစမ်းပါ။
လောကမှာ ကိုယ့်ကိုကိုယ်လောက် ဘယ်သူမှ မချစ်ဘူး
ကိုယ့်အားကိုကိုး ကိုယ့်သမိုင်းကိုယ်ရေးပါ။

မင်းမိဘက လွဲရင် မင်းကို ထိထိရောက်ရောက် ကူညီမဲ့လူ ရှားတယ်။
မိဘကိုလဲ တစ်သက်လုံး ဘယ်တော့မှ ဒုက္ခပေးမနေနဲ့
မင်းကိုယ်မင်းပဲ အပြည့်အဝ ပြန်ပီးကူညီလိုက်ပါ။

#မေတ္တာဖြင့်

#အရှင်ကိတ္တိသာရမှ

23/11/2024

ကိုယ်ပိုင်အလုပ် လုပ်နိုင်အောင် အရင်ကြိုးစားပါ

" မေတ္တာရေစက်"◾️အချစ်ဆိုတာ လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ အခုမြင်၊ အခုတွေ့ပြီး ရုတ်တရက် ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ အတိတ်က ရေ...
23/11/2024

" မေတ္တာရေစက်"

◾️အချစ်ဆိုတာ လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ အခုမြင်၊ အခုတွေ့ပြီး ရုတ်တရက် ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ အတိတ်က ရေစက်တွေ၊ ယခင်ဘဝတွေက ဆက်နွယ်မှုတွေကြောင့် ဒီဘဝမှာ တွေ့ဆုံပြီး ချစ်ခင်မိကြတာ ဖြစ်ပါတယ်။

အတိတ်က ရင်းနှီးကျွမ်းဝင်ခဲ့ဖူးခြင်း၊ ပေါင်းသင်းဆက်ဆံခဲ့ဖူးခြင်း၊ အတူတူ ရှိခဲ့ကြဖူးခြင်းဟာ လူနှစ်ယောက်ကြား ဆက်ဆံရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ဒါကိုပဲ ပဋ္ဌာန်းပါဠိတော်မှာ "ရှေးရှေးက ကုသိုလ်၊ အကုသိုလ်လ်တရားများက နောက်နောက် ကုသိုလ်၊ အကုသိုလ်တရားများအပေါ် အာသေဝနပစ္စည်းနဲ့ လွှမ်းမိုးမှုရှိတယ်" လို့ ဟောကြားထားတာ ဖြစ်ပါတယ်။ အဲဒီကုသိုလ်၊ အကုသိုလ်တွေထဲမှာ အချစ်ဆိုတာလည်း အပါအဝင်ပေါ့။

📌"ဘဝပေါင်းများစွာက စုဆောင်းလာခဲ့တဲ့ မေတ္တာတရား"

◾️ပထမဆုံးအကြိမ် သူနဲ့ တွေ့ဆုံဖူးတာနဲ့ ရင်ထဲမှာ တုန်လှုပ်သွားတာ၊ ကြည်နူးသွားတာ၊ ဒီလူနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမိတာတွေဟာ အတိတ်က ရေစက်ကြောင့်ပါပဲ။ စတွေ့တွေ့ချင်း အများကြီးရင်းနှီးနေသလို ခံစားရတာ။ တစ်ယောက်နဲ့ တစ်ယောက်က သိပ်ခင်မင်သွားကြတာမျိုး ဖြစ်တတ်ပါတယ်။ တချို့ဆို ပထမဆုံးအကြိမ် တွေ့ဆုံရုံနဲ့ ရင်ထဲမှာ သိပ်ချစ်မိတယ်လို့တောင် ခံစားရတတ်ပါတယ်။ ဘယ်လိုမှ မရှင်းပြနိုင်တဲ့ ဆွဲဆောင်မှုတစ်ခုကို ခံစားရတာဟာ အရင်ဘဝတွေက ချစ်ခင်မှုတွေကြောင့် ဖြစ်နိုင်ပါတယ်။

ယခုမျက်မှောက်ဘဝမှာ ချစ်သူနှစ်ဦးကြားက ချစ်ခြင်းတွေဟာလည်း အတိတ်ဘဝတွေကတည်းက စုဆောင်းလာခဲ့တဲ့ မေတ္တာတရားတွေပါ။ ဒီဘဝမှာ သူတို့နှစ်ဦး ထပ်မံတွေ့ဆုံပြီး အချစ်တရားတွေ ပိုမိုခိုင်မာလာတဲ့အခါ နောင်ဘဝတွေမှာလည်း ပိုကောင်းတဲ့ ရေစက်အဖြစ် ပြန်လည်ဆုံတွေ့ကြဦးမှာ ဖြစ်ပါတယ်။

📌"ရေစက်ဆိုတာ အကောင်းချည်းသာ မဟုတ်"

◾လူတစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံပြီး အဆင်ပြေတာ၊ မပြေတာဟာ အတိတ်က အကောင်းအဆိုး ကံကြမ္မာတွေပေါ် မူတည်နေတတ်ပါတယ်။ တချို့လူတွေနဲ့ဆို ဘာကြောင့်မှန်းမသိဘဲ အဆင်မပြေတာမျိုး၊ နေရင်းထိုင်ရင်း ကြည့်မရဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။ တချို့လူတွေနဲ့ကျတော့ ဘာမှ မပြောခင်ကတည်းက နားလည်နေပြီးသားလို ခံစားရတတ်ပါတယ်။

သို့ပေမယ့် အတိတ်က ရေစက်ဆိုတာ အကောင်းချည်းသာ မဟုတ်ပါဘူး။ အဆိုးလည်း ပါဝင်နိုင်ပါတယ်။ အတိတ်က ရန်သူတွေဟာ ဒီဘဝမှာလည်း ရန်သူအဖြစ် ပြန်တွေ့ဆုံနိုင်သလို၊ အတိတ်က မေတ္တာရေစက် ရှိခဲ့သူတွေဟာ ဒီဘဝမှာလည်း ချစ်ခင်ရသူတွေ ဖြစ်လာတတ်ပါတယ်။

တချို့ချစ်သူတွေမှာ အတိတ်က ပေးဆပ်မှုတွေ၊ စွန့်လွှတ်မှုတွေ၊ သစ္စာရှိမှုတွေ အားကောင်းခဲ့လို့ ဒီဘဝမှာ တွေ့တွေ့ချင်း သိပ်ချစ်တယ်လို့ ခံစားရတာမျိုး ဖြစ်တတ်ပါတယ်။ တချို့မှာတော့ အတိတ်က ကတိပျက်မှုတွေ၊ သစ္စာဖောက်မှုတွေကြောင့် ဒီဘဝမှာ ချစ်သူအဖြစ်နဲ့ တွေ့ဆုံပေမယ့် အဆင်မပြေတာမျိုး ဖြစ်တတ်ပါတယ်။

📌 အရေးကြီးတာက လက်ရှိပြုမူဆက်ဆံပုံ

◾ပဋ္ဌာန်းကျမ်းကြီးမှာ ဖော်ပြထားတဲ့ အာသေဝနပစ္စယောဟာ ဆက်ဆံရေးနဲ့ ပတ်သက်ရင် သိပ်အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် အတူနေ၊ အတူစား၊ အတူသွား အတူလာ ဖြစ်လေလေ ပိုပြီး ရင်းနှီးလာလေလေ ဖြစ်ပါတယ်။ အတိတ်က ရေစက်ကြောင့် ယခုဘဝမှာ ပြန်ဆုံတွေ့ရပြီး၊ ပစ္စုပ္ပန်မှာ ထပ်မံပြီး အတူတကွ နေထိုင်ဆက်ဆံခြင်းက နောင်ဘဝတွေအထိ ဆက်နွယ်မှု ရှိစေပါတယ်။

ဒီလို အတိတ်ရေစက်တွေဟာ လက်ရှိ ဆက်ဆံရေးတွေအပေါ် လွှမ်းမိုးမှု ရှိနေပေမယ့် အခုလက်ရှိ ပြုမူဆက်ဆံပုံက ပိုအရေးကြီးပါတယ်။ အတိတ်က ရေစက်ကောင်းရှိခဲ့ပေမယ့် ပစ္စုပ္ပန်မှာ မကောင်းတဲ့ အပြုအမူတွေကြောင့် ဆက်ဆံရေး ပျက်စီးသွားတာမျိုးလည်း ရှိတတ်ပါတယ်။ အတိတ်က ရန်သူဖြစ်ခဲ့ပေမယ့် ပစ္စုပ္ပန်မှာ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်တာမျိုးလည်း ရှိပါတယ်။ ဘာတွေပဲဖြစ်ခဲ့ပါစေ အရေးကြီးတာက လက်ရှိ ပြုမူဆက်ဆံပုံပါပဲ။

ဒါ့ကြောင့် အတိတ်က ရေစက်ကြောင့် တွေ့ဆုံရတဲ့သူတွေနဲ့ ဆက်ဆံရေးကို ကောင်းမွန်အောင် ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကနေ ပိုကောင်းတဲ့ အနာဂတ်ဆီ ဦးတည်နိုင်ပြီး၊ မကောင်းတဲ့ ဆက်ဆံရေးတွေကနေ ပိုဆိုးတဲ့အနာဂတ်ဆီ ဦးတည်သွားနိုင်ပါတယ်။

🙏 ပဋ္ဌာန်းပါဠိတော်ကြီးထဲက အာသေဝနပစ္စည်းကို မြတ်စွာဘုရားက ဒီလို ဟောကြားထားပါတယ် -

"ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော"

(ရှေးရှေးသော ကုသိုလ်တရားတို့သည် နောက်နောက်သော ကုသိုလ်တရားတို့အား အာသေဝနပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။)

◾️ပဋ္ဌာန်းပါဠိတော်မှာ ဖော်ပြထားသလို "ရှေးရှေးသော ကုသိုလ်တရားတို့သည် နောက်နောက်သော ကုသိုလ်တရားတို့အား အာသေဝနပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏" ဆိုတာဟာ အချစ်ရေးမှာလည်း အတိအကျ မှန်ကန်နေပါတယ်။ ဒါ့ကြောင့် အတိတ်က ရေစက်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ လက်ရှိ ချစ်ခြင်းမေတ္တာကို ပိုမိုခိုင်မြဲအောင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

ဘဝတိုင်းမှာ ချစ်ခင်စွာ ပြန်လည်ဆုံတွေ့နိုင်ဖို့အတွက် ယခုဘဝမှာ ကောင်းမွန်တဲ့အကြောင်းတရားတွေကို ဖန်တီးကြရမှာ ဖြစ်ပါတယ်။ အချစ်ဆိုတာ တစ်ဘဝတည်းနဲ့ ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ တစ်ဘဝပြီး တစ်ဘဝ၊ သံသရာအဆုံးတိုင် ဆက်စပ်နေတဲ့ မေတ္တာရေစက်တွေပဲ ဖြစ်ပါတယ်။

#ဉာဏ

November 20, 2024

ခင်ပွန်းဖြစ်သူက မိန်း-မထက် အပိုရှိသင့်တဲ့ အရာ ၃ ခု(၁) အရွယ်(၂) အတတ်ပညာ(၃) ငွေကြေးဇနီးဖြစ်သူက မိမိခင်ပွန်းသည်ထက်အပိုရှိသင...
22/11/2024

ခင်ပွန်းဖြစ်သူက မိန်း-မထက် အပိုရှိသင့်တဲ့ အရာ ၃ ခု

(၁) အရွယ်
(၂) အတတ်ပညာ
(၃) ငွေကြေး

ဇနီးဖြစ်သူက မိမိခင်ပွန်းသည်ထက်အပိုရှိသင့်တဲ့ အရာ ၅ ခု

(၁) သည်းခံပေးမှု
(၂) ချစ်ခင်မှု
(၃) ရေရှည် တွေးခေါ်တတ်မှု
(၄) သန့်သန့်ပြန့်ပြန်နေထိုင်မှု
(၅) အိမ်မှုကိစ္စမှာ ကျွမ်းကျင်မှု

ဇနီမောင်နံ နှစ်ယောက်စုံလုံးမှာ
ရှိသင့်တဲ့ အရာ

(၁) တစ်ယောက်ကို တစ်ယောက်
နားလည်ပေးမှု ၊

(၂) တစ်ယောက်ကို တစ်ယောက်
လေးစားမှု ၊

(၃) တစ်ယောက်ကို တစ်ယောက်
အယုံကြည်ပေးမှု ။

ဒါတွေက အိမ်ထောင်ရေး တခု
တည်တံ့ရေးအတွက် အရေးပါတဲ့
အချက်တွေပါ ။
❤
Credit
Via -

မပြည့်တဲ့အိုး (ကိုယ်ဘောင်နဲ့ကိုယ်နေတက်ပါစေ)လောကမှာ မပြည့်တဲ့အိုးတွေကဘောင်ဘင်ခတ် တတ်ပါတယ်...လူတချို့ကကိုယ့်ကိုယ်ကို အတော်...
22/11/2024

မပြည့်တဲ့အိုး (ကိုယ်ဘောင်နဲ့ကိုယ်နေတက်ပါစေ)

လောကမှာ မပြည့်တဲ့အိုးတွေက
ဘောင်ဘင်ခတ် တတ်ပါတယ်...

လူတချို့က
ကိုယ့်ကိုယ်ကို အတော်ဆုံးပါလို့ ထင်မြင်ပြီး
တစ်ဖက်သားကို အထင်သေးတတ်ကြတယ်...

ကိုယ့်ထက် မိုးပျံအောင် တော်တတ်နေသူတွေ
တစ်ပုံကြီးရှိတယ်ဆိုတာ
သိထားဖို့ လိုပါတယ်....

လူတချို့က
ကိုယ့်ကိုယ်ကို အချမ်းသာဆုံးပါလို့ မှတ်ထင်ပြီး
တစ်ဖက်သားကို ချိုးနှိမ်တတ်ကြတယ်...

ကိုယ့်ထက် ကျိကျိတက် ချမ်းသာသူတွေ
ဒုနဲ့ဒေး ရှိတယ်ဆိုတာ
သိထားဖို့ လိုပါတယ်...

လူတချို့က
ကိုယ့်ကိုယ်ကို ပြည့်စုံလွန်းသူလို့ သတ်မှတ်ပြီး
တစ်ဖက်သားကို နှာခေါင်းရှုံ့တတ်ကြတယ်..

ကိုယ့်ထက်ပေါများ ပြည့်လျှံသူတွေ
အမြောက်အများ ရှိတယ်ဆိုတာ
သိထားဖို့ လိုပါတယ်...

ဘဝမှာလူတိုင်းကတော့
သူ့အရည်အချင်းနဲ့သူ ရှိကြပါတယ်...

ကိုယ့်မှာ မရှိတဲ့ အရည်အချင်းတွေ
သူ့ဆီမှာ ရှိနိုင်သလို
သူ့မှာ မရှိတဲ့ အရည်အချင်းတွေလည်း
ကိုယ့်ဆီမှာ ရှိနေနိုင်ပါတယ်...

ဘာမှမမြဲတဲ့ လောကမှာ ဘဝကို
ပုံသေတွတ်မထားပါနဲ့

အောင်မြင်ခြင်းနဲ့ ရူံးနိမ့်ခြင်းဆိုတာ
ခေါင်းနဲ့ပန်းလိုပဲ အနီးဆုံးရှိနေတာမို့
ဘယ်သူ့ကိုမှ အနိမ့်နဲ့အမြင့်
မခွဲခြားသင့်တာ ကောင်းပါတယ်...

လောကမှာ မပြည့်တဲ့ အိုးတွေက
ဘောင်ဘင်ခတ် တတ်ပါတယ်..

Crd #

မိဘနဲ့ အဆင်မပြေသူ၊ ခဏခဏ စကားများနေရသူများ ရှိပါလိမ့်မယ်။ မိဘလို့ ဆိုတဲ့ နေရာမှာ အဖေကော၊ အမေ ကော ပါပါလိမ့်မယ်။ အဲ့ဒီလို ဖ...
21/11/2024

မိဘနဲ့ အဆင်မပြေသူ၊ ခဏခဏ စကားများနေရသူများ ရှိပါလိမ့်မယ်။ မိဘလို့ ဆိုတဲ့ နေရာမှာ အဖေကော၊ အမေ ကော ပါပါလိမ့်မယ်။ အဲ့ဒီလို ဖြစ်လာခဲ့ရင် –

၁။ မိဘတွေကို မိမိကိုယ် ငယ်စဉ်ကတည်းက ကျွေးမွေး လာတဲ့ မေတ္တာကို သတိရပေးပါ။

၂။ မိဘတွေဟာ သူတို့ခေတ်ကာလနှင့်နှိုင်းယှဉ်ပြီး ဒီနေ့ ခေတ်ကာလ ရေစီးကြောင်းမှာ ကြီးပြင်းလာတဲ့ သားသမီးများကို ဆုံးမတဲ့အခါ အလွဲအချော် ရှိ ရင်တောင် သူတို့ရဲ့ သားသမီးအပေါ် ချစ်တဲ့ မေတ္တာက ဘယ်တော့မှ မပြောင်းပါဘူး။ ဒီတော့ လွဲနေရင် ကိုယ်က စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးရပါမယ်။

၃။ မိဘရဲ့ ဆုံးမမှုမှာ ဒေါသသံ ပါနေရင်တောင် မိမိဟာ ဒေါသနဲ့ ပြန်မတုန့်ပြန်ပါနဲ့။ ပြဿနာတိုင်းမှာ အဖြေရှိပါ တယ်။ အဖြေက မှန်နေရင်တောင် အသံမာမာနဲ့ ဖြေတဲ့ အဖြေက မိဘကို လေးစားမှုမရှိဘူး၊ မချစ်ဘူး အစရှိ သဖြင့် အဓိပ္ပါယ်များ သက်ရောက်သွားနိုင် ပါတယ်။

၄။ မိဘကိုချည်း သင်ပူဆာ မနေပါနဲ့။ သူတို့ ဘာလိုချင် လဲ ဆိုတာကို ရှာဖွေ ပေးဆပ်ပါ။

၅။ မိဘတိုင်းဟာ သားသမီး ပေးတဲ့ ငွေ၊ ပိုက်ဆံ၊ ရွှေငွေ၊ ဂုဏ်တွေကို မျော်ကိုးနေခြင်း မဟုတ်ပါဘူး။ သား ကောင်း၊ သမီးကောင်း တွေ ဖြစ်လာတာကို အလိုချင်ဆုံး ပါ။ ဒါကို သိဖို့ လိုအပ် ပါတယ်။

၆။ သင့် ငွေပိုက်ဆံနဲ့ ပေါက်ပေးပြီး တာဝန်ကျေပြီလို့ ထင်နေခြင်းထပ်၊ သင်သောက်ရန် ကျန်တဲ့ ရေတစ်ခွက် ကနေ သင့်အဖေအမေသောက်ဖို့ ဦးစားပေးခြင်းကမှ မေတ္တာ အစစ်အမှန် ဖြစ်ပါတယ်။

၇။ အကြောင်းအမျိုးမျိုးကြောင့် မိဘနဲ့ စကားများတဲ့ အခါ ကျွေးမွေးလာ တဲ့ မေတ္တာများ၊ သူတို့ပေးအပ်တဲ့ အကောင်းဆုံး ပျော်ရွှင်မှုများကို မှတ်မိပေးပါ။ ဒါ့အပြင် နောက်တစ်ချက် သူတို့ဟာ ငါတို့ထပ် လောကမှာ စောစော အသက်ရှင်ပေမယ့် စောစော ထွက်ခွာရမယ့်သူ တွေ၊ ငါတို့က နောက်မှ ထွက်ရမယ့်သူတွေ ဆိုတဲ့ အသိနဲ့ စိတ်ချမ်းသာအောင် ထားပါ။ မဟုတ်လျှင် သင်တစ်နေ့ ဝဋ်လည်ရမည်။

၈။ သင် ယခု သူစိမ်းတစ်ယောက်ကို သွားရောက် ဆဲဆို

လျှင် သင့်ကို ရန်ပြုလွတ်လိမ့်မယ်။ သင်သာ ရုတ်တရက်

မိဘကို သွားရောက် ဆဲဆိုမိလျှင် ‘ငါသား ဘာဖြစ်နေလဲ'

ဟု အံ့ဩသော လေသံဖြင့် ပြန်မေးလိမ့်မယ်။ သင်သိပါ

သလား။ လောကတွင် မိဘလောက် ကိုယ့်အပေါ်

နားလည်ပေးမည့်သူ မရှိ။ ခွင့်လွတ်ပေးမည့်သူ မရှိ။ ဒါကို

သေချာ ခံစားပါက သင်သိလိမ့်မယ်။ မိဘကို ပြောလို့

ဘာမှ နားလည်မှာ မဟုတ်ဘူးကွာလို့ မထင်ပါနှင့်။ သင်

အပြောအဆို အနည်းငယ် ပြောင်းလဲလျှင်တောင် ဘာ

ဖြစ်လာတယ်ဆိုတာက အစ သင့်မိဘ သိသည်။

နားလည်သည်။

၉။ မိဘက သင့်ကို ဆဲဆို၊ ဆူပူနေခြင်းက သင်သည် လောကတွင် တစ်ကိုယ်တည်း အသက်ရှင်နေထိုင် ရုန်းကန်ရန် အရည်အချင်း မပြည့်ဝသေးသည်ကို မြင်၍ ဒေါသ ကရုဏာသက်ကာ ပြောဆိုခြင်း ဖြစ်သည်။ သင့် ကို မုန်း၍ ပြောဆိုခြင်း မဟုတ်။ မိဘက ငါကို နားမလည် ပေးပါလား လို့ ရေရွတ်နေမည့်အစား ငါမိဘကို နားမ လည်သေးပါလားဟုသာ သင်ပြန်တွေးရန် လိုအပ်သည်။

၁၀။ ယခု ရေးထားတဲ့ အချက်များကို သင့်မိဘ သင်နဲ့ အဆင်မပြေ ဖြစ်သည့် အခါတိုင်း ပြန်ဖတ်ပါ။ မိဘ ကျေးဇူးများကို ပြန်လည် အောက်မေ့ သတိရပေးပါ။

မေတ္တာဖြင့်...

Credit-
#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်

ကိုယ့်အပေါ် သူစိမ်းဆန်သွားတဲ့သူတွေကို သူစိမ်းဆန်သွားတဲ့ အတိုင်းပဲ ထားလိုက်တယ်။ ကိုယ့်ဘက်ကစခေါ်ဖို့ ထပ်ပတ်သ-က်ဖို့ အစီအစဥ...
16/11/2024

ကိုယ့်အပေါ် သူစိမ်းဆန်သွားတဲ့သူတွေကို
သူစိမ်းဆန်သွားတဲ့ အတိုင်းပဲ ထားလိုက်တယ်။

ကိုယ့်ဘက်ကစခေါ်ဖို့ ထပ်ပတ်သ-က်ဖို့ အစီအစဥ်မရှိဘူး ။
မှန်တစ်ချပ်လို ပြုမူဖို့ မထိုက်တန်တဲ့
လူတွေကိုတော့ သူ့ဝဋ်နဲ့သူပဲ ထားလိုက်တယ်
တစ်ယောက်တည်း အထီကျန်းလားဆိုတော့

"ဟင့်အင်း" ပါ ။
သီချင်းတွေရှိတယ်
ပန်းတွေရှိတယ် စာအုပ်တွေရှိတယ်
စစ်မှန်သော လူအနည်းစုပါ ရှိသေးတယ် ။
တိတ်ဆိတ်မှုကိုပဲ ကိုယ်ရွေးချယ်လိုက်တာမို့
လူတချို့နဲ့ပတ်သက်ပြီးတော့ ကောင်းခြင်း၊
ဆိုးခြင်းတွေကို ကိုယ်စိတ်ဝင်စားတော့မှာမဟုတ်ဘူး ။
အေးချမ်းခြင်းကိုပဲ လိုက်လံရှာဖွေနေတဲ့
လူသားတစ်ယောက်မို့
ပူလောင်မှုပေးတဲ့ရပ်ဝန်းကိုတော့ တတ်နိုင်သမျှ
ဝေးဝေးကနေ ရှောင်ပါတယ် ။

''ဘယ်ခင်ပွန်းမှမရိုးသားဘူး" ◾သင့်ခင်ပွန်းသည် သူဌေး၏ ကြိမ်ဖန်များစွာ ကဲ့ရဲ့ခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။◾ သင့်ခင်ပ...
14/11/2024

''ဘယ်ခင်ပွန်းမှမရိုးသားဘူး"

◾သင့်ခင်ပွန်းသည် သူဌေး၏ ကြိမ်ဖန်များစွာ
ကဲ့ရဲ့ခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။

◾ သင့်ခင်ပွန်းသည် အလုပ်မှာ မကြာခဏ
အနှိမ်ခံရနိုင်သည်ကို သင်သိပါသလား။

◾သင့်ခင်ပွန်းသည် သင်နှင့် သင့်ကလေးအတွက်
သူ့အသက်အန္တရာယ်ကိုပင် စွန့်စားခဲ့သည်ကို
သင်သိပါသလား။

◾သင့်ခင်ပွန်းသည် ငွေဖြင့် အိမ်ပြန်ရန်
မကြာခဏ ဆာလောင်နေနိုင်သည်ကို သင်သိပါသလား။

◾မင်း သူ့ကို မျက်မှောင်မကြုတ်ခင်
သူ့ခန္ဓာကိုယ်ထဲက ချွေးစက်ပေါင်းသန်းပေါင်းများစွာကို
အရင်ရေတွက်ကြည့်ပါ။

◾မင်း သူ့ကိုစိတ်မဆိုးခင် သူ့မျက်လုံးတွေကို ကြည့်လိုက်၊
မင်းပြုံးနေတာကို မြင်ရဖို့ မျက်ရည်တွေ အများကြီးရှိနေမှန်း
မင်းသတိမထားမိလည်း ဖြစ်နိုင်တယ်။

◾အဲဒါကို ဇနီးသည်အနေနဲ့ နားလည်ပေးရုံပါပဲ။
ဒီနေ့အထိ မင်းရဲ့ဆန္ဒအားလုံးကို မဖြည့်ဆည်းပေးနိုင်ရင်
အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်။
ဖခင်တိုင်းမှာ ရင်မဖွင့်နိုင်တဲ့ ခံစားချက်တွေ
မျိုသိပ်နေရတယ်။ သူတို့လည်း လူသားပါ၊ ပင်ပန်းတာပေါ့။

◾မိသားစုပျော်ရွှင်တာကို မမြင်ချင်ကြတဲ့
အိမ်ထောင်ဦးစီးတစ်ယောက်မှ မရှိပါဘူး။
ခင်ပွန်းဖြစ်သူကို စိတ်မဆိုးခင်
ခင်ပွန်းဖြစ်သူက မိသားစုအတွက် ဘာလုပ်ခဲ့လဲ
ဆိုတာကိုအရင် စဥ်းစားပါ။

◾သင့်ခင်ပွန်းသည် သူ့မိသားစုလိုအပ်ချက်ကို
ဖြည့်ဆည်းပေးရန်အတွက် အရိုးများကျိုးတဲ့အထိ
ဘယ်လို ကြိုးစားလုပ်ဆောင်ခဲ့သလဲဆိုတာ နားလည်ပေးပါ။

◾တစ်ချို့အဖေတွေက သူ့မိန်းမ နဲ့ သားသမီးတွေကို
သူခံစားနေရတဲ့ နာကျင်မူတွေကို ရင်မဖွင့်တတ်ကြဘူး၊
သူတို့ကိုယ်တိုင်ပဲ မျိုချလိုက်တယ်။
သူဘယ်လောက် ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေပါစေ
သူ့ဇနီးသည်နဲ့ သားသမီးတွေကို မသိစေချင်ဘူး။
သူတို့ကို မျက်နှာ မငယ်စေချင်ဘူး။

◾ဖခင်တိုင်း အလိုချင်ဆုံးအရာက
သူ့ရဲ့ ကြိုးစားမူအပေါ် ဇနီးသည်က ဂုဏ်ယူပေးဖို့ပါပဲ၊
အသိမှတ်ပြုပေးဖို့၊ အားပေးစကားပြောပေးဖို့၊
အဲဒီစကားတွေက သူ့ကို ရှေ့ဆက်ဖို့ ခွန်အားပေးနေတယ်
ဆိုတာ သတိရပါ။

မိသားစုအတွက် ဘဝတိုက်ပွဲဝင်နေသော
ဖခင်များအားလုံး ကျန်းမာပါစေ🙏❤







Nilar Win's page မှကူးယူမျှဝေသည်။

#မေတ္တာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်

ที่อยู่

Phaya Thai District
Bangkok
10400

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 𝗛𝘁𝗼𝗼 𝗔𝘂𝗻𝗴ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์