ACE MEDIA မြန်မာ့အနုပညာရှင်သတင်းများကိုနေ့စဉ်တင်ဆက်ပေးသွားပါမည်။

12/01/2025

အရက်ဖြတ်ဖို့ အရက်ကိုဘုရားလှူတာတို့ ဘုန်းကြီးလှူတာတို့ဆိုတာ တကယ်တော့ မလုပ်ကောင်းတဲ့အရာပါ
သောက်တုန်းက ကိုယ့်စိတ်နှင့်ကို သောက်ခဲ့တာမို့ အရက်ဖြတ်တော့လဲ ကို့စိတ်နဲ့ပဲ ဖြတ်ခဲ့ပါတယ်လို့ ပြောလာတဲ့ စာရေးဆရာ ဟာသသရုပ်ဆောင် ဦးကျော်ထူး


#ကျော်ထူး

12/01/2025

ဒိနှစ်အကယ်ဒမီဗန်းကိုင် ရွှေကြိုမယ်အဖြစ် ရွှေးချယ်ခြင်း ခံခဲ့ရတဲ့ အသက်အငယ်ဆုံး ၁၆နှစ် ၁၀တန်းကျောင်းသူလေး ကြည်ဇေယျရှင်း

#ရွှေကြိုမယ်
#ကြည်ဇေယျရှင်း

12/01/2025

ညီအရင်းလိုနေခဲ့တဲ့ မန်နေဂျာက ငွေသိန်းငွေသိန်း(၇၀၀)ကျော် လိမ်သွားတယ်။ စိတ်မကောင်းဖြစ်ရတယ်။ယုံကြည်မှုပျက်စီးသွားပြီးမို့ ပြန်တည်ဆောက်လို့မရတော့ဘူးလို့ ပြောလာတဲ့ အဆိုတော် လွှမ်းပိုင်

#လွှမ်းပိုင်
#ငွေအလိမ်ခံရတယ်

12/01/2025

ဘိုးဘွားတွေလက်ထက်ကတည်းက လက်ဆင့်ကမ်းလုပ်လာခဲ့တဲ့ လက်မှုပညာပါ။တစ်ချို့ဧည့်သည်တွေက ကလေးတွေ လော်လာပြီး လေ့လာစရာတခုအနေနဲ့လာကြည့် လာဝဝယ်ယူအားပေးတာတွေရှိသလို နိုင်ငံခြား ဧည့်သည် တွေလဲ ဝယ်ယူအားပေးကြပါတယ်။အခုခေတ်မှာတော့ ကျောက်သင်ပုန်းလက်မှူပညာကို လက်ဆင့်ကမ်းထိန်းသိမ်းမဲ့ မျိုးဆက်သစ်တွေ သိပ်မရှိကြတော့ပါဘူး။နှစ်ပေါင်း၈၀ကေျာ်ကြာ ကျောက်သင်ပုန်း လက်မှုပညာကို ထိန်းသိမ်းလာခဲ့တဲ့ ချောင်းဆုံမြို့နယ် မုဒွန်းရွာက ကိုသားကြီးက ပြောလာပါတယ်

#ချောင်းဆုံမြို့နယ် မုဒွန်းရွာ
#ကျောက်သင်ပုန်း
#ကိုသားကြီး

12/01/2025

မန်းတလေးသား သရုပ်ဆောင် မင်းသားချော ဗီတာမင်က အလုပ်ကြိုးစားပြီး ငွေစုနေပါတယ်။သပ်သပ်ရပ်ရပ် အခန်းလေးတခန်း ဝယ်ချင်ပါတယ်လို့ ပြောလာပါတယ်
ဗီတာမင်က မိန်းကလေး ပရိတ်သတ်အခိုင်အမာ ရရှိထားတဲ့ မင်းသားချော ဖြစ်ပါတယ်


#ဗီတာမင်
#အိမ်

12/01/2025

အဆိုတော်ပိုးမီက Myanmar Star ပြိုင်ပွဲဝင်မှာ ဒိုင်ဇင်အောင် နဲ့ဖိနပ်ကိစ္စဝေဖန်ခံခဲ့ရတဲ့ လင်းလက်ဟိန်း ကို သူ့မရဲ့ကိုယ်ပိုင်သီချင်းကို လက်ဆောင်အနေနဲ့သီဆိုစေခဲ့ပါတယ်။ အသံစတူယိုသွင်းတဲ့အခန်းထိသေချာကြီးကြပါ လိုက်ပါကူညီခဲ့ပါတယ်


#ပိုးမီ
#လင်းလက်ဟိန်း

12/01/2025

အသက်အရွယ်မကန့်သ.တ်ထားပါဘူး။ဂေါ်မစွံတဲ့လူပျိုကြီး အပျိုကြီး များလာဆက်သွယ်ပါ။လွန်ခဲ့သော၈နှစ်က စခဲ့ပေမဲ့ ၄နှစ်ကျော်မှာလူစသိခဲ့တာပါ။ အတွဲပေါင်း ၄၇ တွဲကို အောင်ဆွယ်တော်ပေးခဲ့ပြီးပါပြီး။ခုထိ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်နေထိုင်နေကြပါတယ်လို့ မြှားနတ်မောင် အေဂျင်စီ တည်ထောင်ထားတဲ့ ဦးဟန်ဝင်းဇော်က ပြောလာပါတယ်


#မြှားနတ်မောင်
#ဦးဟန်ဝင်းဇော်

12/01/2025

ကျွန်တော်နေတဲ့အိမ်က ၁၉၀၆ခုနှစ်ကဆောက်ထားတဲ့အိမ်ပါ။ တရုတ်နှင့်မြန်မာပညာရှင်တွေ ပူးပေါင်းဆောက်ထားတဲ့ အိမ်ပါ။ အိမ်သ.က်တမ်းက(၁၁၈)နှစ်တောင် ရှိသွားပါပြီ။ အိမ်ကစားပွဲခုံတွေမှာ ကလေးခြေရာသေးသေးလေးတွေ ခဏခဏတွေ့ပြီးကလေးသရဲအခြောက်ခံရပါတယ်လို့ ပြောလာတဲ့အဆိုတော် မိုးမိုး


#မိုးမိုး
#ကလေးသရဲ

12/01/2025

ကျွန်တော်လဲ မအမ်းဘူး။ လာအမ်းတာလည်း မကြိုက်ဘူး။အာရုံနောက်တယ်။ ကျွန်တော့်ကိုHandmade လေးတွေလက်ဆောင်ပေးရင် အရမ်းသဘောကျ တယ်။ တချို့fan တွေကိုဆူထားရတယ်။ အားလုံးက အလုပ်လုပ်ကြရတာ အရမ်းခက်ခဲတယ်လေး။သူတို့စုစုပြီး စိန်နားကပ်ဝယ်ပေးလို့ မဝယ်ဖို့ ဆူထားရတယ်လို့ ပြောလာတဲ့ သရုပ်ဆောင် မင်းတော်ဝင်
news


#မင်းတော်ဝင်
ွေကိုဆူထားတယ်

12/01/2025

ဒိလိုဆောင်းရာသီရောက်ရင် တမျှော်တခေါ် ထွန်ယက်ထားတဲ့ မြေကွက်ပေါ်မှာ အညာသူအညာသားတွေက အညှောက်ပေါက်အောင် ပျိုးထားတဲ့ ကြက်သွန်နီ တွေက မြေချ စိုက်ပျိုးချိန်ဖြစ်ပါတယ်


#အညာဒေသ
#ဆောင်းရာသီ

12/01/2025

အရင်က အိမ်ငှားဘဝနှင့် ခက်ခက်ခဲခဲ နေခဲ့ရလို့ အဆိုတော်ဖြစ်လာချိန်မှာ မိဘတွေအတွက် အိမ်ဆောက်ပေးခဲ့တာပါ။ အရင်က မောင်နှမတွေ တကွဲတပြားစီနေနေရတာ ခုအိမ်ကကြီးလာတော့ အကုန်စုနေရတော့ ပျော်တယ်။ အိမ်အပြီးစီး သိန်း(သိန်း၂၀၀)လောက်ကုန်ခဲ့တယ်။ ထပ်ခိုးထပ်ဆောက်ဖို့ရှိပါတယ်။ အနုပညာ ကြေးနှင့်ဆုကြေးငွေကြောင့် အိမ်ဆောက်နိုင်ခဲ့လို့ ပရိတ်သတ်တွေ ကို အရမ်းကျေးဇူးတင်ပါတယ်လို့ ပြောလာတဲ့ အဆိုတော် အေးမြတ်မွန်



#အေးမြတ်မွန်
#အိမ်ဆောက်နိုင်

12/01/2025

ဘဝရဲ့ Challenge တစ်ခု ကိုယ့်ဘဝအတွက် ကြိုးစားလျှောက်လှမ်းရမဲ့ လမ်းတလမ်းမို့ ကြိုးစားသွားမာပါ။ result ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ခံနိုင်ရည်ရှိပါတယ်လို့ နောက်တဆင့်တက်လှမ်းသွားရတဲ့ ဒိုင်ချစ်ငယ်ရဲ့အားပေးခြင်း အပြည့်အဝ ရထားတဲ့ အဆိုရှင် ယုဝေဖြိုး။
ယုဝေဖြိုးဟာ ငယ်ငယ်ကတည်းက အဆိုပြိုင်ပွဲတွေမှာ နာမည်ရပီသား အဆိုရှင်တစ်ယောက်ဖြစ်ပါတယ်။


#ယုဝေဖြိုး
#ချစ်ငယ်

12/01/2025

သူတို့မွေးနေ့လေးမှာ အစီအစဥ်လေးတွေ ရှိတယ်။ ပျက်ကွက်ခဲ့သမျှ အရာလေးတွေအတွက် မေမေနှင့်ဖေဖေရဲ့လက်ဆောင်လို့ ပြည်သူအချစ်တော့ မင်းသမီးလေး ချစ်သုဝေက သူမရဲ့ fb မှာ တင်လာပါတယ်
Happy birthday နော်


#ခေတ်ခေတ်သစ်သစ်
#ချစ်သုဝေ

12/01/2025

ဟောင်စု ပရုတ်ဆီကြော်ငြာကြောင့် ပရိတ်ကြားအငြင်းပွားမှုများ ကြုံရပီ တော်တော်ကြာငြိမ်နေတဲ့ ဖြူဖြူထွေး ဟာ သူ့မရဲ့ ခြံထွက်အသီးအနှံလေးတွေနှင့်ငွေသားအချို့လှူဒါန်းရင်းနဲ့ ပရိတ်သတ်တွေ ရှေ့ တဖန်ပြန်လည်ထွက်ပေါ်လာပါပြီး




#ဖြူဖြူထွေး

12/01/2025

လွန်ခဲ့သော ၁၃နှစ်က မိသားစုကို လုပ်ကျွေးရင်း စပါးခြွေစက်ထဲ လက်ဝင်သွားလို့ လက်တစ်ဖက် ပြ.တ်သွားတာပါ။လက်ပြ.တ်သွားတဲ့အချိန်ကစပီ ဇနီးဖြစ်သူက ထားသွားတာပါ။သားသမီးတွေလဲ မကြည့်ကြပါဘူး။
ဝမ်းရေးအတွက် အလုပ်ကြမ်းလုပ်နေရပါတယ်လို့ အသက်၅၆ နှစ်အရွယ် ဦးလေးကြီးက ပြောလာပါတယ်
myanmar
news
#ဇနီးစွန့်ပစ်ခြင်းခံရသူ
#အသက်၅၆နှစ်ထိအလုပ်ကြမ်းနဲ့ဝမ်းရေးရှာ

12/01/2025

မေမေ့အသဲနှလုံး Happy birthday နော် ကြိုလုပ်ပေးခဲ့တယ်။ မေမေအယ်နေ့အလုပ်ရှိနေလို့ပါ။ မေ့မေ့သမီးလေး တစ်သက်လုံးကိုယ်ကျန်းမာစိတ်ချမ်းသာနှင့်တစ်ဘဝလုံးအေးချမ်းပါစေလို့ မင်းသမီးထက်ထက်မိုးဦးက စစ်လွန်းလေးအတွက် မွေးနေ့ဆုတောင်းစာကို ထက်ထက်ရဲ့ fb မှာ တင်ထားပါတယ်


#ထက်ထက်မိုးဦး
#စစ်လွန်းဝတီထက်

12/01/2025

ကျွန်တော်က ပန်းချီမဆွဲတ.က်ခင် ငယ်ငယ်ကတည်းက ပြပွဲတွေလုပ်ဖို့ ဝါသနာပါခဲ့တာပါ။ တောသားဆိုတော့ ပေါ်လွင်ချင်စိတ်ရှိခဲ့တာလားတော့မသိ။စသင် တုန်းက ပန်းပုပညာသင်ခဲ့တာပါ။ ပန်းပုပညာက အရမ်းပင်ပမ်းတယ် ။ နောက်ပိုင်း ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တဲ့ ပန်းချီဘက်ကိုပဲ ေစာက်ချ လုပ်ခဲ့တယ်။ကိုယ်ခံစားမိတာလေးတွေ အလင်းအမှောင်အယူအဆလေးတွေ ကြည့်ရင်း ဆွဲရင်းနှင့် ပန်းချီဘက် ရောက်လာတာပါ။ ပန်းချီကားတွေကို ဂျစ်ကားမှာချိတ်ပြီး လိုက်ရောင်းဖူးပါတယ်လို့ ပြောလာတဲ့ ပန်းချီ #ပန်းပုဆရာ သန်းဝင်းထွန်း


#ဂျစ်ကားနှင့်ပန်းချီရောင်းသူ
#ပန်းချီ/ပန်းပုဆရာ သန်းဝင်းထွန်း

12/01/2025

အရင်ကမြန်မာကျောက်ကျောကို ကျောက်ချောလို့ပဲ ခေါ်တတ်တာပါ။ မြန်မာပြည်မှာ နေတာ ၃ နှစ်ကြာပြီးမှ သဲသဲသင်ပေးလို့ ကျောက်ကျောမှန်းသိခဲ့ရတယ်။ ခုတော့ မြန်မာစကားနှင့် အတင်းတုတ်တ.တ်နေပြီး ဆိုတဲ့ စကားစကားကိုမပီတပီ ပြောတက်ပြီး ပရိတ်သတ်အချစ်ကို လာယူထားတဲ့ Miss မီးမီးအိအောင်ထွန်း က ပြောလာပါတယ်။


#မြန်မာစကားနှင့် အတင်းတုတ်တတ်နေပြီး
မီးမီးအိအောင်ထွန်း

ที่อยู่

515 Santipharp Pomparb Pom Prab Sattru
Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ACE MEDIAผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์