Doh Ah Nyar ဒို့အညာ

Doh Ah Nyar ဒို့အညာ Doh Ah Nyar Youtube Channel
(3)

လောကကြီးမှာလေမကူညီရင်သာနေမယ်နှောင့်ယှက်မယ့်သူက အပေါသား🤧🤧🤧အုန်းဆံဖတ်ထုနေတာကို ထုတဲ့အဖတ်မှလာဆွဲလုတယ်ထုပြီးသားတွေကို လျှောက...
18/01/2025

လောကကြီးမှာလေ
မကူညီရင်သာနေမယ်
နှောင့်ယှက်မယ့်သူက အပေါသား
🤧🤧🤧
အုန်းဆံဖတ်ထုနေတာကို ထုတဲ့အဖတ်မှလာဆွဲလုတယ်
ထုပြီးသားတွေကို လျှောက်ဖွသွားတယ်
အိတ်ပေါ်ပိတ်ထိုင်တယ်
😥😥😥
အရှုပ်တလိုင်းလေး
အမည်သညှာခေါ်စရာကား
"လိမ္မာ" တဲ့😁

#ဒို့အညာ #ဒို့အညာဘလော့ကင်း #လွမ်းရတဲ့အညာ #ချက်စားမယ်

ခရမ်းသီနဲ့မြေပဲဆန်ချက် ကျောက်ဖရုံကြက်သားသားပြွန် ငါးခြောက်စပ်ကြော်   ငါးခြောက်ဇီးဖြူသီးချက်   #ဒို့အညာ    #ဒို့အညာဘလော့က...
18/01/2025

ခရမ်းသီနဲ့မြေပဲဆန်ချက် ကျောက်ဖရုံကြက်သားသားပြွန် ငါးခြောက်စပ်ကြော် ငါးခြောက်ဇီးဖြူသီးချက်

#ဒို့အညာ #ဒို့အညာဘလော့ကင်း #လွမ်းရတဲ့အညာ #ချက်စားမယ်

မမိုးရေ ဒါကတော့ ဟင်းညံ့ပင် လို့ခေါ်ပါတယ် 😍ကြာပင်နဲ့ဆင်တူပြီးကြော်စား ချဥ်ရည်ချက်စားလို့ရပါတယ်ဟင်းညံ့သာဆိုတယ် မန်ကျီးမှည်...
18/01/2025

မမိုးရေ
ဒါကတော့ ဟင်းညံ့ပင် လို့ခေါ်ပါတယ် 😍
ကြာပင်နဲ့ဆင်တူပြီး
ကြော်စား ချဥ်ရည်ချက်စားလို့ရပါတယ်
ဟင်းညံ့သာဆိုတယ်
မန်ကျီးမှည့်လေးနဲ့ ချဥ်ရည်များချက်လို့ကတော့
ဝက်သားဟင်းနဲ့မလဲနိုင်ဘူးဗျိုးး😍😁

ခုမှမြင်ဖူးတဲ့မမိုးတို့ကို
အလည်လာတဲ့အခါချက်ကျွေးပါမယ်ဗျာ😍

အညာသားကြီးတယောက်

ဒို့အညာ
https://www.facebook.com/dohahnyarchannel
#ဒို့အညာ #ဒို့အညာဘလော့ကင်း #လွမ်းရတဲ့အညာ #ချက်စားမယ်

ဒို့အညာရဲ့ကာကာအာအာတို့အားလုံးမဂ်လာပါ ယူကျုချန်နယ် ဒီဇင်ဘာလမှာတော့  December  $1,359.67  =မြန်မာကျပ် သိန်း ၆၀ လောက် ရခဲ့ပ...
17/01/2025

ဒို့အညာရဲ့ကာကာအာအာတို့အားလုံးမဂ်လာပါ

ယူကျုချန်နယ် ဒီဇင်ဘာလမှာတော့ December $1,359.67 =မြန်မာကျပ် သိန်း ၆၀ လောက် ရခဲ့ပါတယ်( ငွေလက်ထဲမရောက်သေးတော့ အတိကျလက်ထဲရောက်ရင်အနည်းငယ်ကွာဟ နိုင်ပါတယ်)

ဇန်နဝါရီလမှာတော့ လက်ရှိ ၁၅ရက်နေ့အထိ $386 ဒေါ်လာရောက်နေပါပြီ။
ရငွေနည်းသွားတာမဟုတ်ပါဘူး ငွေပေးနှုန်းက ပုံမှန်ပြန်ဖြစ်နေပါပြီ အဲ့တာကြောင့် လျော့သွားတယ်လို့ ထင်ရတာပါ။ တလဆိုရင်တော့ $၆၀၀ လောက်တော့ရနိုင်ပါတယ်။ ရအောင်ကြိုးစားကြတာပေါ့နော် ။ အားဖြည့်ပေးကြပါဦး။

ဒါတွေကတော့ လောလောဆယ်ငွေပေးနှုန်းများတဲ့ စာစုလေးတွေပါ ။ ဒီအပုဒ်လေးတွေကိုလည်း အချိန်အဆင်ပြေသလိုပါဝင်ပေးပါဦးလို့ ဖိတ်ခေါ်ပါတယ်နော်။ 🥰

🌷မြှားနတ်ရှင်စီရင်ရာကွယ် #ငြိမ်းကျော် #ဂျူလိုင် အစ-အဆုံး
🌷နေပွင့်ပန်း၏ အပြာရောင်စာမျက်နှာသစ်/စမ်းစမ်းနွဲ(သာယာဝတီ)/Evalie /အစ-အဆုံး
🌷ကြွေရင်အတူတူကြွေမယ် #မိုးမိုး (အင်းလျား) အစ-အဆုံး
🌷ဆရာကြီး လယ်တွင်းသားစောချစ်ပြောပြတဲ့လှတောသားစကားအလက်ာ Comic by Doh Ah Nyar
🌷ခင်နှင်းယု နွားတစ်ထောင် အစ-အဆုံး တင်ဆက်သူ -JAY
🌷အသည်းပန်းမှာဆူးတွေနဲ့ရယ် #မြနှောင်းညို အပိုင်း (၉)
🌷နွေကန္တာဦး~တက္ကသိုလ်ဘုန်းနိုင်/Reader -Valentina (အပိုင်း ၉)
🌷ပြိုမှာလေလား မိုးရဲ့ #အောင်ပြည့် #ဘုန်းမြတ်ထင် အပိုင်း (၁၀)
🌷ရွှေဖိနပ်မှာအစိမ်းရောင်ကြက်ခြေခတ်နဲ့ကောင်မလေး #တာရာမင်းဝေ #နွေလင်းဟန် အပိုင်း (၄)
🌷New Year Message 🍀 Reader ဒေါ်ကတောင်း Pick A Pile
🌷တခါကတို့နှစ်ယောက် - ဒါရိုက်တာ ကျော်စွာ #အသံဇာတ်လမ်း #ကက်ဆက်ဇာတ်လမ်း

ဒို့အညာယူကျုချန်နယ်

#ဒို့အညာ #ဒို့အညာဘလော့ကင်း #လွမ်းရတဲ့အညာ #ချက်စားမယ်

🌸🌷🌺🏵️🌱🌿 @ Taipei 101 and The ODYSSEY plus နွေဦး ပစ်တိုင်းထောင်🧡ဒို့အညာ https://www.facebook.com/dohahnyarchannel   #ဒို့...
17/01/2025

🌸🌷🌺🏵️🌱🌿 @ Taipei 101 and The ODYSSEY plus နွေဦး ပစ်တိုင်းထောင်🧡

ဒို့အညာ

https://www.facebook.com/dohahnyarchannel

#ဒို့အညာ #ဒို့အညာဘလော့ကင်း #လွမ်းရတဲ့အညာ #ချက်စားမယ်

အညာစာတွေကြိုက်သလို အောက်ပြည်အောက်ရွာမှာနေရပြန်တော့လည်း ဒေသစာတွေကို ကြိုက်ပြန်ရော ငါးရံခေါင်းနဲ့ချက်တဲ့ ဒန့်သလွန်သီးဟင်းရ...
17/01/2025

အညာစာတွေကြိုက်သလို
အောက်ပြည်အောက်ရွာမှာနေရပြန်တော့လည်း
ဒေသစာတွေကို ကြိုက်ပြန်ရော

ငါးရံခေါင်းနဲ့ချက်တဲ့ ဒန့်သလွန်သီးဟင်းရယ် ,
ကန်စွန်းရွက်ကြော်လေးရယ် ,
ခြံစပ်မှာပေါက်တဲ့ ဉာဏ်ပွင့်ပြုတ်
သရက်သီးတိုစရာတို့နဲ့ စားပြီဗျာ 😋😋😋

ငါးခေါင်းဟင်းအရည်လေးက စားကောင်းတယ်ဗျို 👍👍👍

စားကြပါဦးဗျ 🥰🥰🥰

ဒို့အညာ

#ဒို့အညာ #ဒို့အညာဘလော့ကင်း #လွမ်းရတဲ့အညာ #ချက်စားမယ်

ကြာဖြူ  ကြာညိုကြာခရမ်းရောင် ကြာပွင့်၊ ကြာပင်တွေဟာ ဘေးထွက်ဆိုးကျိုး မရှိသလောက် ရှားပေမယ့်၊ တစ်ချို့သူတွေဟာ ကြာပန်းနှင့် ဓ...
17/01/2025

ကြာဖြူ ကြာညို
ကြာခရမ်းရောင်
ကြာပွင့်၊ ကြာပင်တွေဟာ
ဘေးထွက်ဆိုးကျိုး မရှိသလောက် ရှားပေမယ့်၊
တစ်ချို့သူတွေဟာ ကြာပန်းနှင့် ဓာတ်မတည့်တဲ့အတွက်
အရည်ပြားယားယံတာတွေဖြစ်တတ်တာကြောင့်
အသုံးပြုတဲ့အခါ ကိုယ်နှင့်အဆင်ပြေမပြေဆိုတာကို
သတိထားဖို့တော့လိုပါတယ်။

ကြာစွယ် ဆိုရင်တော့
မာလာရှမ်းကော မာလာဟင်း
စသဖြင့်ကြိုက်ကြပါတယ်

#ဒို့အညာ #ဒို့အညာဘလော့ကင်း #လွမ်းရတဲ့အညာ #ချက်စားမယ်

ညစာဒီဟင်းနဲ့ပြည့်စုံပြီဘာချက်ကြလဲစားပြီးပြီလားဗျို့   #ဒို့အညာ    #ဒို့အညာဘလော့ကင်း  #လွမ်းရတဲ့အညာ  #ချက်စားမယ်
16/01/2025

ညစာ
ဒီဟင်းနဲ့ပြည့်စုံပြီ
ဘာချက်ကြလဲ
စားပြီးပြီလားဗျို့

#ဒို့အညာ #ဒို့အညာဘလော့ကင်း #လွမ်းရတဲ့အညာ #ချက်စားမယ်

ကလေးလေး သိပ်ချစ်တယ်ကိုယ်ဒါလေးပဲ ပြောတတ်တယ်နော်ဘယ်အချိန် ဘယ်လိုအစကကိုယ်ချစ်သွားမှန်း မသိခဲ့ပေမဲ့ကိုယ်အသက်ရှင်သန်နေသ၍ဆက်ချ...
16/01/2025

ကလေးလေး သိပ်ချစ်တယ်
ကိုယ်ဒါလေးပဲ ပြောတတ်တယ်နော်
ဘယ်အချိန် ဘယ်လိုအစက
ကိုယ်ချစ်သွားမှန်း မသိခဲ့ပေမဲ့
ကိုယ်အသက်ရှင်သန်နေသ၍
ဆက်ချစ်သွားမယ်။။ ။။

~ထူးအိမ်သင်~

#ချစ်ခြင်းအားဖြင့် #ထူးအိမ်သင် #ကဗျာ

#ဒို့အညာ #ဒို့အညာဘလော့ကင်း #လွမ်းရတဲ့အညာ #ချက်စားမယ်

ခိုင်က နှလုံးသားကြီးတယ်....လှိုင်က နှလုံးသား ဖြူတယ်....ယေဘုယျ အားဖြင့်...ခိုင်အချစ်က romantic ဆန်တယ်...လှိုင်က... ရိုးရှ...
16/01/2025

ခိုင်က နှလုံးသားကြီးတယ်....
လှိုင်က နှလုံးသား ဖြူတယ်....
ယေဘုယျ အားဖြင့်...
ခိုင်အချစ်က romantic ဆန်တယ်...
လှိုင်က... ရိုးရှင်းတယ်... ဖြူစင်တယ်...
ကျွန်တော်သာ ကဗျာ ဆရာ တစ်ယောက်ဆို
ခိုင်ကို ရွေးမယ်..
ဒါမှမဟုတ်...
ကျွန်တော်သာ သာမန်လူဆိုရင်...
လှိုင့်ကိုပဲရွေးမယ်...

#ဒို့အညာ #ဒို့အညာဘလော့ကင်း #လွမ်းရတဲ့အညာ #ချက်စားမယ်

15/01/2025

ဒို့အညာပရိတ်သတ်များအားလုံးမဂ်လာပါ

ယူကျုချန်နယ် ဒီနေ့တရက် Live မရှိပါဘူးရှင်

အဆင်မပြေမှုဖြစ်သွားတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။

ယုဝတီကြည်ဝေ ချစ်ဖူးချစ်ငုံတင်ဆက်သူ - Jay ယုဝတီကြည်ဝေဆိုတာက ၁၉၇၀ ဝန်းကျင်မှာ စာတွေ အများကြီးရေးသားခဲ့တဲ့ စာရေးဆရာမ တစ်ယော...
15/01/2025

ယုဝတီကြည်ဝေ
ချစ်ဖူးချစ်ငုံ
တင်ဆက်သူ - Jay

ယုဝတီကြည်ဝေဆိုတာက ၁၉၇၀ ဝန်းကျင်မှာ စာတွေ အများကြီးရေးသားခဲ့တဲ့ စာရေးဆရာမ တစ်ယောက်ပါ။ ခုခေတ် နောက်ပိုင်းမှာတော့ ယုဝတီကြည်ဝေရဲ့ စာတွေကို အဟောင်းဆိုင်တချိုမှာပဲ ရှာလို့ ရနိုင်တော့တယ်။ ခုတစ်ခေါက်မှာတော့ ဒို့အညာက ယုဝတီကြည်ဝေရဲ့ ချစ်ဖူးချစ်ငုံဆိုတဲ့ ဝတ္ထုလေးကို တင်ဆက်ပေးတော့မှာပါ။

အုပ်ထိန်းသူများနဲ့ သိုင်းသိုင်းဝန်းဝန်းကြီးပြင်းခဲ့ရတဲ့ မရစ်နု၊
အမှတ်မထင် တွေ့ခဲ့ရတဲ့ ချစ်ရသူ ကိုကို၊
နောက် ကိုကိုမောင်းနှင်လာတဲ့ လေယာဉ်ကြီး ပျက်ကျသွားပြီးတဲ့နောက် မရစ်နု တစ်ယောက် ဘယ်လိုတွေ စိတ်ဝေဒနာ ခံစားရလဲ၊ ကျန်နေတဲ့ ဘဝကို ဘယ်လို ဖြတ်ကျော်ရလဲ၊ စိတ်အခြေအနေတွေက ဘယ်လောက် ဆိုးသလဲ ဆိုတာလေးကို ဆောင်းအေးအေး အချိန်လေးတွေမှာ နားထောင်ရတော့မှာပါ။

ယုဝတီကြည်ဝေ အရေးအသားဟာ ပျင်းစရာပါလို့ ထင်ကြသူတွေရှိမယ်၊ မဆိုးပါဘူးလို့ ထင်ကြသူတွေရှိမယ်၊ အတွေးအခေါ် ဆန်းသစ်လိုက်တာလို ထင်ကြသူတွေရှိမယ်။ ဘာပဲဖြစ်ဖြစ် ၁၉၇၀ ဝန်းကျင်က နာမည်ကျော်ကြားခဲ့တဲ့ယုဝတီကြည်ဝေ ရဲ့ လက်ရာတစ်ခုကို သိပြီးသူတွေအတွက် ပြန်လည် သတိရအောင်၊ မသိရသေးသူတွေအတွက် အသစ်အဆန်းဖြစ်အောင် တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။

#ဒို့အညာ #ဒို့အညာဘလော့ကင်း #လွမ်းရတဲ့အညာ #ချက်စားမယ်

 #ငရုတ်သီးလေလွင့်ကြော်လေးငရုတ်သီး အနု/အကြမ်းကြိတ်ပြီးသွားတာနဲ့ လက်စွမ်းပြနေတာလေးတွေဒီငရုတ်သီးကြော်က ဘာလချောင်ကြော်တို့ င...
15/01/2025

#ငရုတ်သီးလေလွင့်ကြော်လေး

ငရုတ်သီး အနု/အကြမ်းကြိတ်ပြီးသွားတာနဲ့ လက်စွမ်းပြနေတာလေးတွေ

ဒီငရုတ်သီးကြော်က ဘာလချောင်ကြော်တို့ ငပိဆီကြော်တို့လိုမဟုတ်ဘူး။ဒန်ပေါက်တို့ ပဲထမင်းတို့လိုမျိုး ကုလားစာတွေနဲ့စားဖို့ကြော်တာမို့။

ပုဇွန်ခြောက်ကိုရေဆေး‌ညက်အောင်ထောင်း
ပြီးဆီဆူလာရင်ထည့်ကြော်
ဆီ နဲ့ ပုဇွန်ခြောက်ခုလိုအမြှုတ်ထလာရင် ငရုတ်သီးအကြမ်းမှုန့်ထည့် အရသာဆား၊အချိုမှုန့်ကြက်သားမှုန့်၊ငါးအသားမှုန့်ကြိုက်တတ်ထည့်။

အေးသွားရင် ကြက်သွန်နီကြော် ၊ကြက်သွန်ဖြူကြော်ခြေထည့် သမအောင်ရောမွှေပြီးရင် ရပါပြီ

☘️☘️☘️ခေတ်သစ်နွေဦး☘️☘️☘️

#ဒို့အညာ #ဒို့အညာဘလော့ကင်း #လွမ်းရတဲ့အညာ #ချက်စားမယ်

ငယ်ငယ်ကဆို ကျောင်းရှေ့မှာ ပဲဇဉ်းငုံပြုတ်လေးတွေကိုအစည်းလိုက်လေးတွေစည်းပြီးရောင်းတာကို ရာသီချိန်ရောက်တိုင်းအမြဲ၀ယ်စားခဲ့ရတ...
15/01/2025

ငယ်ငယ်ကဆို ကျောင်းရှေ့မှာ ပဲဇဉ်းငုံပြုတ်လေးတွေကိုအစည်းလိုက်လေးတွေစည်းပြီးရောင်းတာကို ရာသီချိန်ရောက်တိုင်းအမြဲ၀ယ်စားခဲ့ရတာလေးတောင်ပြန်သတိရသွားပြီ။ အခုလဲ ရောင်းနေတာတွေ့တာနဲ့ ၀ယ်လာပြီး ပြုတ်စားလိုက်တယ် ဒီတိုင်းလေးပြုတ်ပြီးသား‌လေးကိုထွတ်စားရတာကိုမှကြိုက်တာမို့ဒီတိုင်းပဲစားလိုက်တယ်။
ဒို့အညာအမျိုးတို့ရော ပဲဇဉ်းငုံပြုတ်ကြိုက်ကြလား ကြိုက်ရင် စားကြပါဦးနော်💛

____ပန်းချစ်သူ_______

#ဒို့အညာ #ဒို့အညာဘလော့ကင်း #လွမ်းရတဲ့အညာ #ချက်စားမယ်

ပန်းအိုးထိုးခြင်း အနုပညာ   #ဒို့အညာ    #ဒို့အညာဘလော့ကင်း  #လွမ်းရတဲ့အညာ  #ချက်စားမယ်
15/01/2025

ပန်းအိုးထိုးခြင်း အနုပညာ

#ဒို့အညာ #ဒို့အညာဘလော့ကင်း #လွမ်းရတဲ့အညာ #ချက်စားမယ်

မနက်စာကတော့ ပူပူနွေးနွေး အမဲခေါက်ဆွဲလေး 😋🤤   #ဒို့အညာ    #ဒို့အညာဘလော့ကင်း  #လွမ်းရတဲ့အညာ  #ချက်စားမယ်
15/01/2025

မနက်စာကတော့ ပူပူနွေးနွေး အမဲခေါက်ဆွဲလေး 😋🤤

#ဒို့အညာ #ဒို့အညာဘလော့ကင်း #လွမ်းရတဲ့အညာ #ချက်စားမယ်

ပန်းအိုးလေးက သူ့ဘာသာသူကို လှနေတော့ စပါးနှံလေး ထည့်ထားတာတောင် ကဗျာဆန်နေသေး   #ဒို့အညာ    #ဒို့အညာဘလော့ကင်း  #လွမ်းရတဲ့အညာ...
14/01/2025

ပန်းအိုးလေးက သူ့ဘာသာသူကို လှနေတော့ စပါးနှံလေး ထည့်ထားတာတောင် ကဗျာဆန်နေသေး

#ဒို့အညာ #ဒို့အညာဘလော့ကင်း #လွမ်းရတဲ့အညာ #ချက်စားမယ်

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Doh Ah Nyar ဒို့အညာผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์