Dreamz Advertising နဲ့ Business ကိစ္စများ အတွက် Page Messenger မှ ဆက်သွယ်နိုင်ပါသည်။

30/11/2024

ဘဝ မှာ အောင်မြင်ချင်ရင် လူကြီးမင်းတို့ Single ဖြစ်ဖို့ လိုပါလိမ့်မယ်။

ဟဲဟဲ...စားနေတာ မဟုတ်ဘူး အတည်ပါ။

ဘဲမရှိ ၊ ဆော်မရှိလို့ဆိုပြီး ကိုယ့်ကို နှိမ်နေတဲ့ အတွဲတွေကို ဒီpost သာပြလိုက်ပါ။

General Study နဲ့ Survey များအရ နယ်ပယ် အသီးသီးမှာ အောင်မြင်နေကြတဲ့ လူတွေရဲ့
အချိုးစားကို လေ့လာကြည့်တဲ့ အခါ။

Single ဖြစ်တဲ့လူတွေက ပိုများတာတွေ့ရပါတယ်တဲ့

Single ဖြစ်ခြင်းဟာ

ကိုယ်နှစ်သစ်တဲ့ ဝါသနာ တွေ Skill တွေ တည်ဆောက်ဖို့ အတွက် အချိန်ရှိလာတာ‌ ကြောင့် Personal Development ဖြစ်လာခြင်း။

စောင်အတွဲတွေလို ကလေးကလား Overtine တွေ မ ဖျော်နေပဲ တယောက်တည်း ရပ်တည် ရခြင်းကြောင့် မြန်မြန်ဆန်ဆန် ရင့်ကျင့်လာခြင်း။

တချိန်လုံး ရန်ဖြစ်လိုက် သ-တ် လိုက် ၊ ဆဲကြ
ရိုက်ကြ အတွဲတွေ ဖြစ်နေချိန်မှာ

Single တွေက မိသားစုနဲ့ Community ကို အချိန်ပေးနိုင်မှုကြောင့် Social Skill သိသိသာသာ တက်လာခြင်း။

စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ အလွန်ကျွံ မသုံးစွဲရပဲ တည်ငြိမ်အေးချမ်းနေလို့ ဘယ်လို ပြသနာ မဆို ‌ခေါင်းအေးအေး နဲ့ ဦးဆောငိ ဆုံးဖြတ်နိုင်လို့
Mental Capacityမြင့်လာခြင်း

ဒီအချက်တွေက အိမ်မက်တွေကို တည်ဆောက်တဲ့ ‌အချိန်မှာ ကွာဟသွားပြီး

ကြာ သွားတဲ့ အခါ သိပ်ချစ်ပါတယ်ဆိုတဲ့ RS အတွဲတွေက ကလေး၂ ယောက်နဲ့ အိပ်ရေး တွေ ပျက်
ဟိုဆွဲ ဒီကွဲ ဖြစ်နေချိန်မှာ

Single လေးတွေကတော့ တကိုယ်တည်း အောင်မြင်မှုအရသာကို အပေါ်စီးကနေ
အရသာခံပြီး စောင့်ကြည့်နေပါလိမ့်မယ်။

စောင်အတွဲတွေ ပြတ်ကြကွာ၊
မပြတ်လဲ မွဲကြ နှစ်ခုထဲက တစ်ခုဖြစ်။

Advertising နဲ့ Business ကိစ္စများ အတွက် Page Messenger မှ ဆက်သွယ်နိုင်ပါသည်။

23/11/2024

Depression......

စိတ်ဓာတ်ကျလို့ ၊ တနည်းအားဖြင့် စိတ်ကျရောဂါကြောင့် ကမ္ဘာပေါ်မှာ လူဘယ်နှစ်ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်ကြတယ်ထင်လဲ။

တနှစ်ကို လူ တသန်း ရှိပါတယ်။

လူဦးရေ တစ်သန်းဟာ Depression ကြောင့် နှစ်စဉ် နှစ်တိုင်း လောကကြီးကို ကိုယ့်ဘာသာ နူတ်ဆက်သွားကြပါတယ်။

ဒီထဲမှာ သာမန်လူတွေပါတယ် ၊ ကျော်ကြားတဲ့ သူတွေ ပါတယ် ၊ ချမ်းသာတဲ့သူတွေ ပါသလို ဆင်းရဲတဲ့သူတွေပါတယ်၊ လူငယ်တွေလဲပါတယ် လူကြီးတွေလဲ ပါတယ်။

ပြောချင်တာက Depression က Demographics
မရှိဘူး ဘယ်သူမဆိုဖြစ်နိုင်တယ် လူမရွေးဘူး။

Depression ကြောင့် Suic*de လုပ်သွားကြတဲ့ 70% က ဖြေရှင်းလို့မရတဲ့ ပြသနာတွေကြောင့် မဟုတ်ပဲ။

တယောက်ယောက် ကို ဖွင့်ပြောလိုက်တာနဲ့တင်ကို Recover ပြန် ဖြစ်နိုင်ပါတယ်။

ပြောချင်တာက ကိုယ်ခံစား နေရတာတွေကို ရင်ဖွင့်လို့ရမယ့်သူ နားထောင်ပေးမယ့်သူ တစ်ယောက် လောက် ရှိနေရင်တောင်....

အဲ့ဒီလူတသန်း အသက် ဆုံးရူံး ဖြစ်မှာ
မဟုတ်ပါဘူး။

ဒါပေမဲ့.....မရှိခဲ့ကြပါဘူး။
ဒါကလဲ အကြောင်းရင်း ရှိပါတယ်။

စိတ်ကျရောဂါ ခံစားရတဲ့ သူတွေက
သူတို့ အသိုင်းဝိုင်းမှာ အပျော်ရွှင်ဆုံး လူတွေပါတဲ့။

Communication ကောင်းလွန်းတဲ့သူတွေ ၊ ဖော်ရွှေလွန်းတဲ့သူတွေ ၊ ရယ်ရလွန်းတဲ့သူတွေ ၊ သူများတွေကို ပျော်ရွှင်အောင် အမြဲ အရွှန်းဖောက်နေတဲ့သူတွေကပဲ....

Depression သမားတွေ ဖြစ်နေကြတာမို့ ၊
အဆုံးထိ ဘယ်သူကမှ မရိပ်မိခဲ့ကြတာပါပဲတဲ့။

ယောင်္ကျားလေး အယောက် တစ်ရာ မှာ 7 ယောက်က Depression (စိတ်ကျရောဂါ) ခံစားနေရပြီး

အမျိုးသမီး တစ်ရာမှာ 2 ယောက် ခံစားနေရပါတယ်

ကိုယ့်ဘေးနားကလူတွေကို ဂရုစိုက်ပေးပါ။ ‌နားထောင်ပေးပါ။

တချို့လူတွေက သင်သာမမြင်တာ
အကူညီလိုနေပါတယ်။

Zat

Advertising နဲ့ Business ကိစ္စများ အတွက် Page Messenger မှ ဆက်သွယ်နိုင်ပါသည်။

ပြည့်စုံလှပသော ဇာတ်ကား တစ်ကား သို့မဟုတ်Kimi no Nawa (Your Name)ကျွန်တော်က Anime သိပ်ကြည့်တဲ့သူမဟုတ်ဘူး ဒါပေမဲ့ ဘဝမှာ 2 ခ...
23/09/2024

ပြည့်စုံလှပသော ဇာတ်ကား တစ်ကား သို့မဟုတ်
Kimi no Nawa (Your Name)

ကျွန်တော်က Anime သိပ်ကြည့်တဲ့သူမဟုတ်ဘူး ဒါပေမဲ့ ဘဝမှာ 2 ခါပြန်မကြည့် ရက်လောက်အောင်

သဘောကျတဲ့ Anime တစ်ကားရှိတယ်။

ဇာတ်လမ်းတစ်ခုတည်းမှာ Love, Culture, Nature
ရှိရှိ သမျှ Status အကုန် လုံးကို ပုံဖော်နိုင်တဲ့ ကားမျိုး ရှားတယ်။

ဒီကားကတော့ ဒီအချက်အကုန်လုံးကို
သာသာယာယာ နဲ့ အလှပ ဆုံး ပုံဖော်သွားခဲ့တယ်။

Your Name (Kimino Na Wa) က ကံကြမ္မာ ရဲ့ တန်ဖိုးကို မီးမောင်းကောင်းကောင်းကြီး ထိုးပြ
နိုင်တဲ့ ဇာတ်လမ်းပါ။

ဂျပန်လိုဆို Musubi လို့ခေါ်တဲ့ ပေါင်းစည်းခြင်း
အကြောင်းကို ဒီဇာတ်လမ်းမှာ အဓိက Mention ထားတာ ကို ခင်‌ဗျားတို့ တွေ့လိမ့်မယ်။

Musubi ဆိုတာ God of Unity လို့လဲ ပြောလို့ရပေမဲ့
အဓိက ရေစက် ပါလာရင် ဘယ်အရာ ကမှ မတားနိုင်ပဲ ကံကြမ္မာက ဖြည့်ဆည်းပေးတာကို ပြောတာပါ

လူ နှစ်ယောက်က တွေ့ဆုံကြုံကြိုက် ရဖို့ ကံ ပါလာလို့ ရှိရင် သာမန် အခြေနေ တွေ က ဝင်ရောက်ပြီး တားဆီးဖို့ မပြောနဲ့

အင်အားအကြီးဆုံး အချိန်စွမ်းအား ကတောင် ကံကြမ္မာ ရဲ့ ပေါင်းစည်းခြင်း ကို အနိုင်ယူလို့
မရပါဘူး။

ကျွန်တော်တို့ တစ်ဦးချင်းဆီ ကို ချိတ်ထားတဲ့ သံယောဇဉ် အနီရောင် ကြိုး Bond လေးတွေက အရမ်း ကို တန်ဖိုးရှိပြီး လှပပါတယ်။

မိသားစုတွေ ၊ ချစ်သူတွေ ၊ မိတ်ဆွေတွေ ၊ သူငယ်ချင်းတွေ ၊ ဆိုတဲ့ တကြိုးချင်းဟာ ဘယ်လောက် တောင် အရေးပါလဲ ဆိုတာ

ဒီဇာတ်လမ်းထဲ မှာ ခင်‌ဗျားတွေ့ရပါလိမ့်မယ်။

ဒါရိုက်တာ Makoto Shinkai က ဒီဇာတ်လမ်း ရဲ့
ရူခင်း ၊ ဇာတ်‌ဝင်တေး က အစ ဇာတ်ကောင် အဆုံး တစ် second ကို မှ အလေလွင့် ဖြစ်အောင် မလုပ်ထားပါဘူး။

ဒီ ဇာတ်လမ်းကို ကြည့်မယ်ဆို ခင်‌ဗျား ငိုရလိမ့်မယ် ၊ ရယ်ရလိမ့်မယ် ၊ အသဲကွဲလိမ့်မယ် ၊ ချစ်တတ်လိမ့်မယ် ၊ ‌ဇဝေဇဝါဖြစ်မယ် ၊ နားမလည်ဖြစ်မယ် ။

အဆုံးသတ်ကျ အတွေးတွေနဲ့ ပြုံးရုံလေး
ကျန်ခဲ့လိမ့်မယ်။

Anime တစ်ကားဟာ ဒီလောက်ကောင်းနိုင်လား။

အင်း ကိုယ်တိုင်မေးကြည့်လိုက်ပါ။

Kimi no Nawa

ကိုယ့်ကို ချစ်တဲ့သူ ၊ BF ဖြစ်ဖြစ် GF ဖြစ်ဖြစ်ခင်ဗျားမှာ ရှိတယ်ဆိုပါစို့။မရှိတာသိပါတယ်။ ရှိတယ်လို့ ထင်ကြည့်ခိုင်းတာပါ။ :3...
20/09/2024

ကိုယ့်ကို ချစ်တဲ့သူ ၊ BF ဖြစ်ဖြစ် GF ဖြစ်ဖြစ်
ခင်ဗျားမှာ ရှိတယ်ဆိုပါစို့။

မရှိတာသိပါတယ်။
ရှိတယ်လို့ ထင်ကြည့်ခိုင်းတာပါ။ :3

ကိုယ့် Bf က ဖြစ်စေ Gf ဖြစ်စေ ကိုယ့် Partner က

အလုပ်အရမ်းလုပ်ပြီး ကိုယ့်ကို ဂရုမစိုက်ပဲ
ပစ်ထားတယ်။ Emotional Damage တွေ ခံစားရအောင် အရမ်း ပေးနေရင် ဘာလုပ်မလဲ။

ပြောချင်တာက Relationship ကို လုံးဝ ဂရုမစိုက်ပဲ Work ထဲမှာပဲ အချိန်ပြည့် Busy ပြနေရင်...
တော်တော်များများ ကတော့ လမ်းခွဲလိုက်မယ် ၊
ထွက်သွားမယ်လို့ ဖြေကြမှာပဲ။

Sally Challen က တော့ ဒီလိုမဟုတ်ဘူးဗျ။

Sally က နှစ်နဲ့ချီပြီး စိတ်ဒဏ်ရာတွေ ၊ အထီးကျန်မှု ၊ ပစ်ထားခံရမှု ၊ အသိမှတ်မပြုမှုတွေ ခံစားရပြီး‌တဲ့နောက်...

အလုပ်ထဲမှာပဲ နေပြီး မိန်းမကို အချိန်မပေးတဲ့ အပြင် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တတ်တဲ့...

သူမ ရဲ့ အမျိုးသား Simon ကို မနက်စာ စားနေတဲ့ အချိန်မှာပဲ တူ နဲ့ မသေမချင်း ထု သ-တ်ခဲ့ပါတယ်

August 2010 မှာ အမှုဖြစ်ပြီး Sally ကို တရားရုံးက တသက်တကျွန်း ‌ထောင်ဒဏ်ချလိုက်ပေမဲ့

9 နှစ် အကြာ 2019 မှာ တော့

Simon က Sally ကို စိတ်ဒဏ်ရာ ရစေအောင် Abuse လုပ်တဲ့ သက်သေ အသစ်တွေနဲ့ အယူခံဝင်ခဲ့တာ ကို တရားရုံးက လက်ခံ ခဲ့ ပြီး...တရားသေ လွှတ်ခဲ့ပါတယ်။

ပေးချင်တဲ့ Message ကတော့

အတွဲ မရှိလဲ လမ်းသွားရင်း သူများ တူ နဲ့ ထုသွား နိုင်တဲ့ ရုပ်လေး‌ တွေမို့ သတိပေးတဲ့ Post လေးပါ။

Phnom Penh (Cambodia) အလည်  သွားတုန်းကအမေရိကန် တယောက် နဲ့ ဆုံတယ်။ညနေစောင်း ပိုင်းလောက်ပေါ့  ကိုယ်က Hotel အောက်က bar မှာ ...
18/09/2024

Phnom Penh (Cambodia) အလည် သွားတုန်းက
အမေရိကန် တယောက် နဲ့ ဆုံတယ်။

ညနေစောင်း ပိုင်းလောက်ပေါ့ ကိုယ်က Hotel
အောက်က bar မှာ တယောက်တည်းသောက်နေတာ။

သူက Beer ခွက် ကိုင်ပြီး အနားရောက်လာတယ်။

No one deserves to drink alone ဆိုပြီး
လာ မိတ်ဆက်တယ်။

ပြီးတော့ စီးကရက်ရှိလား ဆိုပြီး
တစ်လိပ်လောက်တောင်းသောက်ပြီး
စကားစဖြစ်တာပဲ။

သူ့နာမည် Thomas အနောက်က Family Name တော့ မမှတ်မိတော့ဘူး။

အမေရိကန်သာ ပြောတယ် USA ကို လုံးဝ မကြိုက်ကြောင်း ပြောတာကြီးပဲ မနည်းဘူး။

သူက ဓာတ်ပုံဆရာ ၊ နိုင်ငံတွေပတ်ပြီး ဓာတ်‌ပုံတွေ ရိုက်နေတာ ကြာပြီ ၊ အဲ့ညက သူနဲ့ ကိုယ်နဲ့ ပြောခဲ့တဲ့ စကားတွေ အများကြီးပဲ....

ည 12 နာရီထိ မထတမ်း ...အတွေးခေါ်တွေ ၊
အတွေ့ကြုံတွေ Share ကြတာပေါ့။

Cnvs တွေထဲမှာ မိန်းမအကြောင်းတွေပါတယ် ၊
စိတ်မကောင်းစရာတွေပါတယ် ၊ဟာသတွေ ပါတယ် ၊ အနုပညာတွေ ပါတယ်။

ထားပါ အခု ပြောချင်တာ ဒါတွေ မဟုတ်ဘူး။
သူပြောခဲ့တဲ့ စကားတချို့ကို တော်တော်လေး သဘောကျ လို့ Share ပေးချင်တာ။

ရယ်မောရင်းနဲ့ ....ဆေးလိပ်ကို ခပ်ပြင်းပြင်းသူရှိုက်ပြီး ငြိမ်သွားတယ်။ ပြီးတော့ ကျွန်တော့်ဘက်လှည့်လာပြီး။

Zat မင်းကို ငါ ဉာဏ်စမ်း တခုမေးမယ်တဲ့။
ကိုယ်က လဲ မေးပေါ့လို့ ။

ကမ္ဘာ ပေါ်မှာ အလိမ်မာဆုံး အကြင်နာတတ်ဆုံး အကောင်းဆုံး သတ္တဝါ နဲ့

အသောင်းကျန်း ဆုံး အဆိုးရွားဆုံး
ယုတ်အညံ့ဆုံး သတ္တဝါ ကို မင်းသိလားတဲ့။

ကျွန်တော်် က 1 ကောင် 2 ကောင် အကောင်တွေ လျောက်ခန့်မှန်းတာပေါ့။ နောက်တော့ မသိဘူး
ဘာလဲပြောလို့ ....

သူ ပြောတာ .....2 ခုလုံး က လူတွေ ပဲတဲ့။

လူတွေက မင်း မထင်ထားလောက် အောင် ကို
မင်း အပေါ်မှာ ကြင်နာ ကောင်းမွန်တတ်ပြီး

အဲ့ဒီလူတွေကပဲ မင်းမထင်ထားလောက်တဲ့ထိ
မင်းအပေါ်မှာ ယုတ်မာဆိုးယုတ်တဲ့ လုပ်ရပ်တွေ လုပ်နိုင်တယ်တဲ့။

အဲ့ဒီစကားက သိပ်ကို အရှိုက်ထိတာ

ကမ္ဘာကြီးကို ဖျက်စီးနေတာ ၊ လူအချင်းချင်း ညှင်းပန်းနှိပ်စက် ၊ အနိုင်ယူ ဗိုလ်ကျ ၊ ခွဲခြား ၊ လောဘကြီး ၊ သတ်ဖြတ် အကျင့်မကောင်းတတ်တာ လူတွေပဲ ဖြစ်သလို

ကမ္ဘာကြီးကို အကျိုးပြုနေတာ ၊ ပေးကမ်းမျှဝေ သနားကြင်နာတတ်တာ ၊ ချစ်တတ်တာ ၊ စာနာတတ်တာ ၊ ကူညီတတ်တာ ၊ လူသာချင်းစာနာထောက်ထားတတ်တာ ၊ နှလုံးသား ကောင်းလွန်းတာလဲ ဒီလူတွေပါပဲ။

Thomas နဲ့ Cnvs က ဒီမှာမပြီးသေးဘူး။

ကျွန်တော်က သူပြောတာကို သေချာစဉ်းစားပြီးတော့ ဘီယာ တမော့ မော့လိုက်ပြီး ပြန် ထောက်လိုက်တယ်။

ဒါဆို ငါတို့ က ဘယ် ဘက်ကလဲ ၊ ....

ဒီ 2 ဖွဲ့ ထဲမှာ ငါတို့က ဘယ် Group ထဲမှာ ပါတယ်လို့
မင်းထင်လဲ ဆိုပြီးမေးလိုက်တယ်။

သူရှင်းရှင်းလေး ပဲ ဖြေသွားတယ်။

We are Both တဲ့။

ခပ်ပြုံးပြုံးနဲ့ ဒီအမှန်တရားကို
ခေါင်းညိမ့် လက်ခံ‌ပေးရုံက လွဲပြီး.......

Zat

Internet တစ်ခုလုံး Viral ဖြစ်နေတဲ့ သူ့ပုံကို အားလုံးတွေ့ပြီးကြပြီထင်ပါတယ်။Olympic 10-Meters Air Pistol  Event မှာ ဘာ Gad...
02/08/2024

Internet တစ်ခုလုံး Viral ဖြစ်နေတဲ့ သူ့ပုံကို
အားလုံးတွေ့ပြီးကြပြီထင်ပါတယ်။

Olympic 10-Meters Air Pistol Event မှာ
ဘာ Gadgets ဘာ အကူ ပစ္စည်းမှ မသုံးဘဲ

ဘောင်းဘီအိတ်ထဲ လက်ထည့်ပြီး Badass စတိုင်အပြည့်နဲ့ ငွေတံဆိပ် ယူသွားတဲ့ Turkish ပြိုင်ပွဲဝင်ပါ

Online မှာတော့ သူ့ကို တူရကီ Hitman လို့ တင်စားနေကြပြီး သူ့ Identity ပေါ်မှာ ဆိုးလို့ Gold ကိုတောင် သက်သက်မယူ ခဲ့တာဆိုပြီး
စနောက်ခံနေရပါတယ်။

အံ့ဩဖို့ကောင်းတာက တကယ်လဲ သူက အားကစားသမား သက်သက်မဟုတ်ပါဘူး။

Yusuf Dikeç က Turkey နိုင်ငံသားဖြစ်ပြီး အငြိမ်းစား စစ်ဘက်ဆိုင်ရာအရာရှိ တစ်ဦးပါ။

ဆာဂျင် Rank ရှိပြီး On Ground မှာလဲ
တာဝန်ထမ်းဆောင်ဖူးတဲ့ Soldier တစ်ယောက်ပါ။

တပြိုင်တည်း အားကစား ကို အထူးပြုခဲ့ပြီး Jandarma Gücü Sports Club ရဲ့ Member
တစ်ယောက်လဲ ဖြစ်ပါတယ်။

တခြားပြိုင်ပွဲဝင်တွေ Gear အစုံလင်နဲ့ ဝင်ပြိုင်တာတောင် Pressure သိပ်များပြီး ဖြစ်ချင်တိုင်း မဖြစ်ရတဲ့ World Olympic ပြိုင်ပွဲကို ...

အိမ်နေရင်းစတိုင် ပေါ့ပေါ့ပါးပါး နဲ့ အိပ်ရာက နိုးလာသလို ပစ်ပြီး ငွေတံဆိပ် ယူသွားတာကြီးကတော့ ကြမ်းလွန်းပါတယ်။

သူနဲ့ အတူ Shooting Event မှာ Viral ဖြစ်နေတဲ့ ပြိုင်ပွဲဝင် နောက်တယောက် ရှိပါတယ်။

Korean ပြိုင်ပွဲဝင် Kim Yeji ပါ။ သူမ ကျတော့ Gadget အစုံနဲ့ Posting က Anime ဆန်လွန်းနေလို့
နာမည်ကြီးနေတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သည် 1945 Jun 19 မှာ ‌မွေးဖွားပြီး ဒီနေ့မှာ အသက် 79 နှစ်ပြည့်ခဲ့ပါပြီ။သက်တမ်း ၏ တဝက်ကျော်မှာ အကျယ်ချု...
19/06/2024

ဒေါ်အောင်ဆန်းစုကြည် သည် 1945 Jun 19 မှာ ‌
မွေးဖွားပြီး ဒီနေ့မှာ အသက် 79 နှစ်ပြည့်ခဲ့ပါပြီ။

သက်တမ်း ၏ တဝက်ကျော်မှာ အကျယ်ချုပ်နှင့်ထောင်ဒဏ်များကြားသာ ကုန်ဆုံးခဲ့ရသူဖြစ်ပါတယ်

Rafto နှင့် Nobel ဆု အပါဝင် တကမ္ဘာလုံးဆိုင်ရာ ဆုကြီး ဒါဇင်ကျော်ကို ရရှိထားပြီး ကမ္ဘာ့ဩဇာအရှိဆုံး နဲ့ အလွှမ်းမိုးနိုင်ဆုံး ခေါင်းဆောင်များထဲက စာရင်းဝင်တယောက်ဖြစ်ပါတယ်။

ပစ်မိန့်ရထားသဖြင့် သေနတ်ဖြင့် ချိန်ထားသော စစ်သားများ ကြားထဲက တယောက်တည်း တိုးထွကိပြီး ပြည်သူလူထုဆီ လှမ်းခဲ့သော ဖြစ်ရပ်သည်....

ဒေါ်အောင်ဆန်းစုကြည် ၏ အထင်ရှား‌ဆုံး ဖြစ်ခဲ့သည့် ဖြစ်ရပ်များထဲက တခုအပါဝင်ဖြစ်သည်။

လက်ရှိချိန်မှာ စစ်တပ်၏ မတရား သဖြင့် အာဏာသိမ်းကာ အကျဉ်းချခြင်းခံထားရပြီး

စစ်ကောင်စီမှ အနှစ် 30 နီးပါး ထောင်ဒဏ်
သူမအား ချထားလေသည်။

Photographer - Aung Thu (Credit)

02/06/2024

ကျွန်တော် ဘာလုပ်လုပ် အမြဲအမှတ်ရနေမိတဲ့
ပုံပြင်လေးတပုဒ်ရှိတယ်။

အရမ်းပြင်းတဲ့ မုန်တိုင်းတိုင်းတခု
ဖလော်ရီဒါ ကမ်းခြေမှာ တိုက်ပြီးသွားတော့

ထောင်နဲ့ချီတဲ့ ကြယ်ငါးတွေက ပင်လယ်ထဲကနေ လွင့်ပြီး ကမ်းခြေပေါ်မှာ လာသောင်တင်နေကြတယ်

ကမ်းခြေတခုလုံး ကြယ်ငါးတွေနဲ့ ပြည့်နေတာပေါ့။

လူတယောက်က ဒီအခိုက်တန့်ကို ကြည့်ချင်လို့
ဆိုပြီး ကမ်းခြေဘက်ကို ရောက်လာတယ်။

အဲ့ဒီမှာ ကလေးတယောက် က ဒီသောင်တင်နေတဲ့ကြယ်ငါးတွေ ကို ကောက်ပြီး တကောင်ချင်း ပင်လယ်ထဲ ပြန်ပစ်ပေး‌နေတာကို သူတွေ့သွားတယ်

‌လမ်းလျောက်လိုက် သူ့ရှေ့မှာတွေ့တဲ့ ကြယ်ငါးကို ကောက်ပြီး ရေထဲပြန်ပစ်လိုက်နဲ့ပေါ့။

အဲ့တာကိုမြင်တော့ အဲ့ဒီလူက ကလေးနားသွားပြီး
ဆရာလုပ်တာပေါ့။

ဒီလောက်ထောင်ချီပြီး သောင်တင်နေတဲ့ ကြယ်ငါးတွေကို မင်းတကောင်ချင်း ပြန်ပစ်တော့ရော
ဘာထူးမှာလဲ

"သူတို့အကုန်လုံးကို မင်းမကယ်နိုင်ပါဘူး။"

ကလေးက သူ့အရှေ့က ကြယ်ငါးလေး
နောက် တကောင် ကို ကောက်ပြီး

ဒီတကောင် ‌ကိုတော့ ကျွန်တော်
ကယ်လိုက်တယ်လေ ဆိုပြီး ရေထဲပစ်လိုက်ပါတယ်

ဒီမှာ " ကယ်လိုက်တယ် " ဆိုတာကို ကျွန်တော်
မြန်မာလို ကြားကောင်းအောင် ရေးထားတာပါ။

စာရေးဆရာမ Susan Cain ရဲ့ မူရင်း စာသား ထဲက အတိုင်းဆို ကောင်လေးပြန်ပြောတာက....

" I made a difference to that one "
ဒီတကောင်အတွက်တော့ ကျွန်တော်ပြောင်းလဲမှု လုပ်ပေးလိုက်နိုင်ပါတယ်။

ကျွန်တော်တို့ဟာ ကမ္ဘာကြီးကိုကူညီဖို့
လူသားချင်းစာနာရိုင်းပင်း တတ်ဖို့ ကြင်နာတတ်ဖို့
ဆိုရင် လုပ်ရပ်အကြီးကြီးတွေ လုပ်မှဖြစ်မယ့်
အရာတွေ မဟုတ်ပါဘူး။

လုပ်ရပ်သေးသေးလေးတွေကလဲ ဘဝတွေအများကြီး အခိုက်တန့်တွေ အများကြီးကို ပြောင်းလဲသွားစေပါတယ်။

ခင်ဗျား ဘီလျံနာကြီး ဖြစ်မှ မရှိဆင်းရဲတဲ့ လူရာနဲ့ချီကို လှူဒါန်းပေးဖို့ ထိုင်စောင့်နေစရာမလိုပါဘူး။

အခုခင်ဗျားအပြင်ထွက်ရင် တွေ့ရမယ့် မရှိဆင်းရဲပင်ပန်းနေတဲ့သူကို ရေတခွက်ဖြစ်ဖြစ်တိုက်လိုက်ပါ။

ကိုယ့်မိသားစု ကို ကြင်နာပါ၊ ဒုက္ခ ရောက်တဲ့သူကိုတတ်နိုင်တဲ့ အကူညီလေးပေးပါ ၊

အိမ်နီးနားချင်းကို ကောင်းပါ ၊

ကျွန်တော်တို့ ကြီးကြီးမားမားကြီးတွေ
ပြောင်းလဲနိုင်မှ ဂုဏ်ရှိတာမဟုတ်သလို

သေးငယ်လို့ တန်ဖိုးမရှိတာလဲ မဟုတ်ပါဘူး။

ကိုယ့်လုပ်ရပ်လေး တခုဟာ တစုံတစ်ယာက်၊ တစ်စုံတစ်ခု၊ အခိုက်တန့်လေးတခု ကို အကျိုးပြုသွားနိုင်တယ်၊ ပြောင်းလဲမှု သေးသေးလေးဖြစ်သွားနိုင်တယ်ဆိုရင် လူဖြစ်ရတာတန်ပါတယ်။

ကမ္ဘာကြီးမှာ မတရားမှုတွေ ၊ ဘေးအန္တရာယ်တွေ၊စစ်ဘေးတွေ၊ အငတ်ဘေးတွေ စသည်ဖြင့်
မရေတွက်နိုင်အောင် ဒုက္ခတွေကို ခံစားနေရတာပါ။

ခင်ဗျားအကုန်လုံး ကို ပြောင်းလဲလို့ မနိုင်ပါဘူး
ဆိုပြီး လောကကြီးကို လျစ်လျူရူစရာမလိုပါဘူး။

ကိုယ့်အရှေ့မှာ ရှိတဲ့ မြင်ကွင်း တကွက်စာလေးကိုပဲ
ပြောင်းလဲပြီး လူသားဆန်အောင် နေထိုင်သွားပါ။

လူတယောက်တည်းက ကြယ်ငါး အကုန်လုံးကို
မကောက် နိုင်ပေမဲ့ ၊

လူတိုင်းသာ သူတို့ရှေ့မှာ ရှိတဲ့ ကြယ်ငါး‌လေးတွေ
တစ်ကောင်စီ ကို သာ ကောက်နေကြမယ် ဆိုရင်

ထောင်နဲ့ချီတဲ့ ကြယ်ငါးတွေလဲ ခဏလေးနဲ့
ပင်လယ်ပြာကြီးဆီပြန်ရောက်သွားမှာပါ။

ကြယ်ငါး ကောက်သူတယောက်အဖြင့် ရှင်သန်ပါ။

Zat

Advertising နဲ့ Business ကိစ္စများ အတွက် Page Messenger မှ ဆက်သွယ်နိုင်ပါသည်။

29/05/2024

Warning 18+ Content ⚠️

Po*n Addiction..

လတ်တလော ဂျပန်မှာ‌ နေတဲ့ မြန်မာမလေး
တယောက် ကြုံ ရတဲ့ (မု-ိမ်းကျင့်ရန် ကြံစည်မှု) Case မှာ

အကြောင်းရာပါ်မူတည်ပြီး ကျုးလွန်ဖို့ ကြိုးစားသူ အမျိုးသားကို Po*n Addiction ဖြစ်နေတယ်လို့ ကောက်ချက်ချမိပါတယ်။ (Source in Ment)

အာ့တာနဲ့ တဆက်တည်း ကျွန်တော်တို့ နေ့စဉ်ဘဝ ထဲမှာ မပါမဖြစ်ပါနေတဲ့ Po*n အကြောင်းနဲ့
Po*n Addiction အကြောင်းကို တခါတည်း
ပြောချင်ပါတယ်။

ကျွန်တော်တို့ လူသားတွေရဲ့ Sexual Desire က
ရှက်စရာ ကြောက်စရာ ကိစမဟုတ်ပါဘူး။

Sex ဆိုတာ ကျွန်တော်တို့ အတွက် ကျန်းမာရေးအရ Mental ရော Physical ပိုင်းရော မဖြစ်မနေ လိုတဲ့
Life style တခုပါ။

ကျွန်တော်တို့ Partner နဲ့ အတူတူနေဖို့ မဖြစ်နိုင်တာပဲဖြစ်ဖြစ် Single ဖြစ်နေလို့ ပဲ ဖြစ်ဖြစ် အကြောင်းမျိုးမျိုးကြောင့် နှစ်ကိုယ်တူ Sex မလုပ်နိုင်တဲ့ အချိန်တွေကျရင်

တကိုယ်ရေအာသာဖြေခြင်းလို့ ခေါ်တဲ့ Masturbation ကို အမျိုးသားရော
အမျိုးသမီးတွေပါ ပြုလုပ်ပါတယ်။

ဒီလိုချိန်မှာ mood ဝင်လာဖို့ အာသာဖြေခြင်း ပြီးမြောက်ဖို့ Po*nography ကို အထောက်ကူ တခုအနေနဲ့ သုံးကြပါတယ်။

Po*n ကြည့်တယ်ဆိုတာ ရှက်စရာလဲမဟုတ်သလို အမှားလဲမဟုတ်ပါဘူး။ It's normal thing ပါ။
အဲ့ဒီထိ အဆင်ပြေပါတယ်။

ဒါပေမဲ့ လိုတာထက်ပိုပြီး Po*n ကို စွဲစွဲလမ်းလမ်း
ကြည့်လာတဲ့ အခါမှာ ဘာဖြစ်တတ်လဲ....

Po*n Addiction. (အပြာကားစွဲလမ်းခြင်း)

Internet ရဲ့ 30% ကျော်ဟာ
po*nography Content တွေပါ။

ဒါကြောင့် မကြာခဏ ဆိုသလို ကျွန်တော်တို့ရဲ့ online life မှာ po*n related ad တွေ content တွေ တွေ့ရတတ်တာပါ။

လူတယောက် က Po*n ကို စွဲစွဲလမ်းလမ်း ကြည့်လာတဲ့ အခါမှာ လက်တွေ့ဘဝ နဲ့ ဝေးကွာပြီး အောက်ပါ အမူအကျင့်နဲ့ Effects တွေ ဖြစ်လာပါတယ်။

1. Isolated (အထီးကျန်လာခြင်း)

Pornography စွဲလမ်းမှုက လူတွေ အများကြီး ကိုယ့်ဘေးမှာ ရှိနေရင်တောင်အထီးကျန်တယ် ခံစားလာရပြီး

Social Life နဲ့ Communication ကိုအကြီးကျယ် ထိခိုက်စေပါတယ်။ ဘယ်မှ မသွားချင် မလုပ်ချင်တော့ပဲ အားအားရှိ အခန်းအောင်းပြီး po*n ပဲ ကြည့်ချင်နေပါလိမ့်မယ်။

2. Aggressive and Desensitization

Po*n Content တွေရဲ့ 80% က အမျိုးသမီး တွေကို ကြမ်းကြမ်းတမ်းတမ်း against လုပ်ပြီး ဆက်ဆံ တာတွေ ကို သရုပ်ဆောင် ရိုက်ပြ ထားတာပါ။

Po*n Addiction ဖြစ်လာရင် အဲ့ဒီအမူကျင့် တွေ လက်‌တွေ့ ဘဝတွေမှာ အသုံးချချင် လိုက်လုပ်ချင်စိတ်လုပ်ရဲကိုင်ရဲတဲ့ စိတ်တွေ ဖြစ်လာပါတယ်။

လိုတာထက်ပိုပြီး ကိုယ့် Partner မိန်းကလေး(အများစု) ကို aggressive ဖြစ်တာတို့ control လုပ်ချင်တာ‌တို့ရဲ့ လက်ဦးဆရာက po*n နဲ့ insecure လို့ခေါ်တဲ့ စိတ်မလုံခြုံမှု‌တို့ကြောင့်ပါပဲ။

3. Damaging Effects on Relationship

Cheating ဆိုတဲ့ ဖောက်ပြန်တာတွေ ၊ ကိုယ့် partner ဖောက်ပြန်မယ်လို့ ထင်တဲ့ အတွေးတွေ ၊

ကိုယ့်ကိုကိုစိတ်မလုံခြုံတာတွေ ၊
ကိုယ့် partner ကို မယုံကြည်တာတွေ ၊
Relationship အပေါ် Trust မရှိတော့တာတွေ၊

Sexual Dissatisfacition လို့ခေါ်တဲ့ လိင်ပိုင်ဆိုင်ရာ ကျေနပ်မှု မရှိတော့တာ‌တွေ ဒါတွေအကုန်လုံးကို
Po*n Addiction ဖြစ်လာတဲ့ အခါ ပြင်းပြင်းထန်ထန် ခံစားရပါတယ်။

စိတ်ကြောင့်သေတာပေါ့။

4. Unrealistic Beliefs (ယခု case )

Po*n Addiction ဖြစ်လာတဲ့ အခါ po*n သရုပ်ဆောင် ဇာတ်လမ်းတွေကို လက်တွေ့ဘဝ မှာ အသုံးချလို့ ရတယ်ဆို ပြီး ထင်လာပါတယ်။

လိုက်လုပ်ဖို့ အသုံးချဖို့လဲ ကြိုးစား
တတ်လာပါတယ်။

Public မှာ Flash ပြတာတို့ ၊ သူစိမ်းကို 2ယောက်တည်းရှိနေတဲ့ အချိန် လိင်ပိုင်းဆိုင်ရာ
စော်ကားတာတို့ ၊

Po*n တွေထဲက အတိုင်း အမျိုးသမီးတွေ ကို
private part ပြရင် စိတ်ပါလာမယ်ထင်တာတို့

လက်တွေ့ ဘဝနဲ့ အလှမ်းကွာပြီး စိတ်ကူးထဲက
အပြာကား ပုံစံ အတိုင်း အကောင်ထည်ဖော်လို့ရမယ်ထင်တတ်လာကြပါတယ်။

Addiction ပိုဆိုးလာရင် ပိုပြီး Violent ဖြစ်တဲ့
လူမဆန်တဲ့ Content တွေ ပိုကြည့်လာပြီး လူမဆန်တဲ့ လုပ်ရပ်တွေ ပိုအသုံးချတတ်နိုင်ပါတယ်။
(Exp : Ch**d Po*n , R*pe)

5. Loose of Self-confidence.
ကိုယ့်ကို ကို သိမ်ငယ်စိတ်ဖြစ်ခြင်း။

Po*nography တကားရိုက်ရင် Professional သရုပ်ဆောင်တွေက တစ်လ နှစ်လ လောက် အချိန်ယူပြီး ပြင်ဆင်ရပါတယ်။

အမျိုးသမီးတွေက လိုတာထက် ပိုပြီး ဆွဲဆောင်မှုရှိနေအောင် feminine အဆန်ဆုံး ရမ္မက်ကြွမယ့် body မျိုးဖြစ်နေအောင် Surgery, Make up, Diet, Pills, Life style အကုန်လုံးကို ကွမ်းကျင်တဲ့ ဆရာဝန်တွေ အကြံပေးတွေ နဲ့ ပြင်ဆင်အပင်ပန်းခံပြီး
လုပ်ရပါတယ်။

အမျိုးသားတွေဆို Size ကို ရိုက်ကူးရေးအချိန်တွင်းသာမန်ထက်ပိုကြီးနေရအောင် Pen*s Filler ၊ Surgery ၊ CC shots ကျားဟော်မုန်း ကို ထိုးတက်စေတဲ့ ဆေးတွေ Steroids Effects တွေ အကုန်သုံးပြီး ပြင်ဆင်ရတာပါ။

ဇာတ်ကားရိုက်နေချိန်မှာလဲ ပုံစံနေရာချပေး ပြင်ဆင်ပေးတဲ့ အဖွဲ့သား ရာနဲ့ ချီ အရှေ့မှာ ‌အကောင်းဆုံး shot မရမချင်း ထပ်ခါထပ်ခါ သရုပ်ဆောင်ထားရတာပါ။

Background Process တွေကို မသိပဲ Media ပေါ်တက်လာတဲ့ Content တွေကိုကြည့်ပြီး

ကိုယ့်ရဲ့ Size အပေါ် ကိုယ့် partner ရဲ့ body အချိုးစားအပေါ် သိမ်ငယ်စိတ် အားမလိုအားမရစိတ်
မလုံခြုံစိတ်
ကိုယ့်ကိုကိုမယုံကြည်ပဲ ရှက်စိတ်တွေ သိသိသာသာ ထိုးတက်လာပါလိမ့်မယ်။

အဲ့ဒီကတဆင့် ထင်တိုင်းကြဲတဲ့ အပြုမှုတွေ Infection ဝင်စေတဲ့ ပြောင်းလဲမှုတွေ ၊ အကျိုးသက်ရောက်မှုမရှိတဲ့ တာမြစ်ဆေးတွေ Treatment တွေ လိုက်လုပ်ရင်း
ပိုးဝင်ပြီး အသက်သေတဲ့ထိ ဖြစ်တတ်ကြပါတယ်။

ဒါတွေကတော့ Po*n Addiction ကြောင့် ဖြစ်ရတဲ့ Effects ထဲ က အနည်းငယ်ပဲရှိပါသေးတယ်။

အမျိုးသမီးရော အမျိုးသားရော လိင်ပါးဆိုင်ရာ အမြတ်ထုတ် ၊ အကြမ်းဖက် ၊ စော်ကားမှုများနဲ့ ကြုံတွေ့ရပါက မရှက်မကြောက်ပဲ နီးစပ်ရာ အကူညီ ချက်ချင်း ယူပြီး ပြင်းပြင်းထန်ထန် အရေးယူ ကြပါ လို့ အကြံ‌ ပေးရင်း.......

Zat

Advertising နဲ့ Business ကိစ္စများ အတွက် Page Messenger မှ ဆက်သွယ်နိုင်ပါသည်။

27/05/2024

ကိုယ်ဆက်ဆံနေရတဲ့ လူတွေ ကိုယ့်ကို ဘယ်လို ပုံစံ ဘယ်လိုလူမျိုး လို့ မြင်နေ ထင်နေမလဲ လို့
တွေးဖူးကြလား။

သေချာပေါက်တော့ တူကြမှာမဟုတ်ဘူး။

ခင်ဗျား ကို ချစ်တဲ့သူတွေ မိဘ မောင်နှမ ဒါမှမဟုတ် ခင်မင် ရင်းနှီးတဲ့အသိုင်းဝိုင်း သူငယ်ချင်း ချစ်သူရည်းစား က လူတွေကတော့ ခင်ဗျားကို

ကြင်နာတတ်တဲ့သူ ၊ စိတ်နှလုံးသား ကောင်းတဲ့သူ ၊ ဂရုစိုက်တတ်တဲ့သူလို့ မြင်ကြမှာပဲ။

ဒါပေမဲ့ ခင်ဗျားကို ကြည့်မရတဲ့သူတွေ ၊ ရန်သူတွေ ၊ တွေ လုပ်ကိုင်ဖော်ဖက်ပဲ ဖြစ်ဖြစ် မိသားစုဝင်တွေပဲ ဖြစ်ဖြစ် အရေးမကြီးဘူး ခင်ဗျား ကို Negative လို့ သတ်မှတ်ပြီး မုန်းနေကြတဲ့ သူတွေကရော

မောက်မာတဲ့သူ ၊ ဆက်ဆံရအဆင်မပြေတဲ့သူ၊ စိတ်သဘောထားသေးသိမ်တဲ့သူ စသည်ဖြင့်ပေါ့
အကြောင်းပြချက် တခုခုနဲ့ မုန်းနေကြမှာပဲ။

ဒါမှမဟုတ် 2ခုလုံးနဲ့ တွဲမြင်တာလဲ ဖြစ်နိုင်တာပဲ ဥပမာ
ခင်ဗျားက အတ္တကြီးတတ်ပေမဲ့ စိတ်ကောင်းတဲ့သူ ၊ လောဘကြီးပေမဲ့ ပေးကမ်းရက်ရောတဲ့သူ ၊ စသည်ဖြင့်ပေါ့

ခင်ဗျားကို သိတဲ့ သူတွေအားလုံးမှာ...

ခင်ဗျားက ဘယ်လိုလူပါဆိုတဲ့ သတ်မှတ်ထားတဲ့ version တွေ တယောက်တမျိုးဆီ ရှိလိမ့်မယ်။

ဒီလိုသတ်မှတ်ထားကြတာက လဲ သူတို့နဲ့ ဆက်‌ဆံပြောဆိုတုန်းမှာ ခင်ဗျားရဲ့ Reflect လုပ်ခဲ့ အကျင့် စရိုက်တွေ ပေါ်မူတည်ပြီး ဆုံးဖြတ်ခဲ့ကြတာပဲ။

ခင်ဗျားစိတ်ခံစားချက် အရ မောက်မာမာ ဆက်ဆံခဲ့တဲ့သူက မောက်မာတယ်လို့ ခင်ဗျားကိုထင်သလို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တဲ့ သူက တော့လူကောင်းလို့ ခင်ဗျားကို ထင်မှာပဲ

အဲ့ဒီတော့ ဘယ်ဟာ က ခင်ဗျားရဲ့ အစစ်မှန်လဲ
ဘယ် version က ခင်ဗျားလဲ။

ဒီလူတွေကို ဖယ်လိုက် ခင်ဗျားက ဘယ်လိုလူလဲ။

ရန်သူတွေထင်ကြသလို ယုတ်မာတဲ့ သူလား
မိတ်ဆွေတွေ ထင်ကြ သလို မှန်ကန်တဲ့သူလား

အဖြေကို ကျွန်တော် ပြောမှာမဟုတ်ပါဘူး။

ဘယ်အရာ ဘယ်ပုံစံ က ခင်ဗျားရဲ့ အစစ်မှန်လို့
ခင်ဗျားထင်လဲ။

Zat

Advertising နဲ့ Business ကိစ္စများ အတွက် Page Messenger မှ ဆက်သွယ်နိုင်ပါသည်။

26/05/2024

Sharing လုပ်‌ပေးချင်တာတွေ
အများကြီးရှိပါတယ်။

ဘယ်က စ‌ ပြော ရမလဲဆိုတော့

Educated Smoker တယောက် ဖြစ်အောင်
ဘယ်လို ဆေးလိပ် သောက်ရမလဲက
စ‌ ပြောရမှာပေါ့လေ။...... ဟဲဟဲ

6 plus 3 minus Love Lawဒီစာ ကို ဖတ်နေတဲ့ အချိန်မှာ သင့် အသက် က ဘယ်လောက်ရှိပြီလဲ။သင့်  ရဲ့ အသက်မှာ 6 နှစ်ပေါင်း (သို့) 3 ...
08/03/2024

6 plus 3 minus Love Law

ဒီစာ ကို ဖတ်နေတဲ့ အချိန်မှာ
သင့် အသက် က ဘယ်လောက်ရှိပြီလဲ။

သင့် ရဲ့ အသက်မှာ 6 နှစ်ပေါင်း (သို့) 3 နှစ် နုတ်လိုက်ရင် သင့်ကို ရေဆုံး မြေဆုံးထိ စွဲစွဲလမ်းလမ်း ချစ်မယ့် Right Person ဖြစ်လာမယ့် သူရဲ့
အသက် ဖြစ်ဖို့များပါတယ်။

ဟုတ်ပါတယ် Survey များအရ သက်ဆုံးတိုင်ထိ အချစ်ရေး ကောင်းမွန်ပြီး လက်တွဲသွားကြတဲ့
RS Couple အများစု က

အသက် အားဖြင့် 3 နှစ် အငယ် မဟုတ်ရင်
6 နှစ် အကြီး ကို ရထားတဲ့ သူတွေ ဖြစ်ပါတယ်။

ဥပမာ Admin အသက် က 23 ဆိုရင် RP ဟာ
အသက် 20 ညီမလေး မဟုတ်ရင် 29 မမ
ဖြစ်ပါလိမ့်မယ်။

( Ad က Single ပါ 😌 ဟဲဟဲ)

ကိုယ့်ရဲ့ အသက် တွေ ကို ဖူးစာရှင် များ
တွေ့မလားဆိုပြီး Ment သွားလို့ရပါတယ်။

မတွေ့လဲ စိတ်‌ဖြေလိုက်ပါ ၊ ရလဲ အမြတ်ပေါ့။

ကျေးဇူးပါ။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dreamzผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Dreamz:

วิดีโอทั้งหมด

แชร์