Spring Diary ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Spring Diary, สื่อ, Bangkok.

ဘဝအတွက် အများကြီးမတွေးထားဘူး...မပူလောင်ရတဲ့ဘဝလေးမှာအေးအေးချမ်းချမ်းလေးရှင်သန်နိုင်ဖို့ရယ်ရိုးရိုးရှင်းရှင်းလေးနေထိုင်တတ်...
07/12/2024

ဘဝအတွက် အများကြီးမတွေးထားဘူး...
မပူလောင်ရတဲ့ဘဝလေးမှာ
အေးအေးချမ်းချမ်းလေးရှင်သန်နိုင်ဖို့ရယ်
ရိုးရိုးရှင်းရှင်းလေးနေထိုင်တတ်ဖို့ရယ်
လိပ်ပြာသန့်တဲ့စိတ်လုံခြုံမှုလေးနဲ့
ဒီလိုလေးရှိနေချင်တဲ့စိတ်ကူးလေးပဲရှိပါတယ်...။

အနားမှာ ပန်းကလေးတွေရှိမယ်...
စိမ်းလန်းခြင်းရပ်ဝန်းလေးကိုဖန်တီးမယ်...
နွေးထွေးကြင်နာတဲ့ နှလုံးသားတစ်စုံနဲ့
နေ့ရက်တွေကိုစတင်ချင်တယ်...။

သဘာဝတရားကိုအဖော်ပြုရင်း
တိတ်ဆိတ်အေးချမ်းမှုလေးကိုပဲရှာဖွေမယ်...
ဘယ်သူ့ကိုမှ အပူမပေးပဲ
ဘယ်သူ့ရဲ့အပူကိုမှမယူပဲ
အေးမြတဲ့ဖြစ်တည်မှုလေးပဲလိုချင်ခဲ့တာလေ...။


#နေပျော်အောင်နေပါမယ်

03/12/2024

စိတ်ရှုပ်စရာတွေကို အိပ်ရာပေါ် သယ်မသွားပါနဲ့။ အိပ်ရာဆိုတာ အိပ်ဖို့နေရာမို့ပါ။

အငြိုးအတေးကို မနက်ဖြန်ထိ သယ်မသွားပါနဲ့။ မနက်ဖြန်ဆိုတာ လှပတဲ့ နေ့တစ်နေ့မို့ပါ။

စိတ်ဓာတ်ကျစရာ၊ စိတ်ညစ်စရာကို တခြားလူဆီ မဖြန့်ပါနဲ့။ ဒါဟာ အကျင့်မကောင်းတဲ့ လက္ခဏာတစ်ရပ်မို့ပါ။

အပျက်ဆောင်စိတ်ခံစားချက်ကို မျက်နှာပေါ် ချိတ်ဆွဲမထားပါနဲ့။ ဒါဟာ စိတ်အနှောင့်အယှက်ဖြစ်စရာ အသွင်ပြင်မို့ပါ။

ဒီကနေ့ကစ ဒါတွေကို လုပ်နိုင်ဖို့ ကြိုးစားပါမယ်။

💌

#နိုင်းနိုင်းစနေ

03/12/2024

နင့်အားနည်းချက်တွေ ကြယ်လောက်များပြီး
နင့်အားသာချက်က နေလိုတစ်စင်းပဲ ရှိလည်း
နင့်ကို ငါကြိုက်တယ်။
နေထွက်လာတာနဲ့ ကြယ်တွေပျောက်သွားလို့လေ...

***

ဒီလိုအခြေအနေမျိုးက ချစ်သူရည်းစားဖြစ်ချိန်မှာ ပိုဖြစ်တတ်တယ်။ ယူပြီးချိန်မှာလည်း ဒီလိုအခြေအနေမျိုးကို ထိန်းထားနိုင်ရင် ဒီအိမ်ထောင်ရေးက သာယာတယ်လို့ ဆိုနိုင်ပါတယ်။

💌

#နိုင်းနိုင်းစနေ

သင့်ခေါင်းထဲကထုတ်ပစ်သင့်တဲ့အရာ(၆)ခု၁။ ဂရုမစိုက်နဲ့။ သင့်ကို ဂရုမစိုက်တဲ့သူတွေကိုသင်ဂရုစိုက်စရာ မလိုပါဘူး။တစ်ချို့လူတွေက ...
03/12/2024

သင့်ခေါင်းထဲကထုတ်ပစ်သင့်တဲ့အရာ(၆)ခု

၁။ ဂရုမစိုက်နဲ့။ သင့်ကို ဂရုမစိုက်တဲ့သူတွေကို
သင်ဂရုစိုက်စရာ မလိုပါဘူး။
တစ်ချို့လူတွေက သူတို့ကို ဂရုစိုက်လေလေ၊ သင့်ကို တန်ဖိုးမထားလေလေပါပဲ။
ဒီတော့ သူတို့ကို လိုက်ဂရုစိုက်နေမှာထက် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လိုက်ပါ။

၂။ လူ့ခွစာတွေကို ဝေးဝေးက ရှောင်ပါ။ တစ်ချို့လူတွေကအခြားသူ ဘာလုပ်လုပ် အမြဲအပြစ်ပြောတတ်ကြတယ်။ ဘုကလန့် တိုက်တတ်တယ်။ ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိရင် ရှိသလို မဆင်မခြင်စကားတွေ ပြောတတ်ကြတယ်။ ဒီလို အဆိုးမြင်ဝါဒီရှိသူတွေကို ရှောင်ရှားပါ။ အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါ ကူးစက်လာစေနိုင်လို့ပါ။

၃။ တစ်ခုခုကို အမြဲသင်ယူလေ့လာနေပါ။ ပညာလို အိုသည်မရှိ ဆိုသလိုပဲ ဘယ်အတတ်ပညာမဆို သင်ယူဖို့ ဝန်မလေးပါနဲ့။ ငါ့ အသက်အရွယ်ကြီးနဲ့ မသင့်တော်ပါဘူးလေ၊ ငါငယ်သေးလို့ မလိုသေးပါဘူး ဆိုပြီး မတွေးပါနဲ့။

၄။ အရမ်းမတွေးပါနဲ့။ အတိတ်က အဖြစ်အပျက်တွေ အတိတ်က အကြောင်းအရာတွေကို အရမ်းမတွေးပါနဲ့။ အတိတ်မှာ အမှတ်ရစရာ အများကြီး ရှိကောင်းရှိခဲ့မှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ ပြီးသွားခဲ့ပြီးသား အဖြစ်အပျက်တွေပါ။ နောက်ထပ်ဖြစ်လာမယ့် အနာဂါတ်တွေကို လှပနေစေဖို့သာ ကြိုးစားပါ။

၅။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။ ကိုယ်ကျင့်တရားကောင်းတဲ့့သူက လောကမှာ တန်ဖိုးအရှိဆုံးပါ။ ကိုယ့်ကိုယ်ကို အမြဲတမ်းတိုးတက်အောင် ကြိုးစားပါ။ ကိုယ်စိတ်နှလုံး ဖြူစင်လာအောင် အမြဲကြိုးစားပါ။
စိတ်ကောင်းကောင်းထားပါ။

၆။ ထင်ချင်သလို ထင်ကြပါစေ။ လူအမျိုးမျိုး၊ စိတ်အထွေထွေရှိတယ်ဆိုသလိုပဲ လူတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတာတွေ၊ ခံယူချက်တွေနဲ့ အမြင်တွေ မတူညီကြပါဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာမို့ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့အရာကို ရဲရဲသာလုပ်ပါ။ အခြားလူတွေ ဘယ်လိုထင်သလဲဆိုတာ အရေးစိုက်မနေပါနဲ့။

#ဆရာအောင်သင်း

ที่อยู่

Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Spring Diaryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์

ประเภท