Every Time Story E.T.S | Every Time Story

တ-ပ်ထဲမှာ မွှ-င့်ဟ-င်းခါးအော်-ဒါလိုက်ရင်း တိုက်ဆောက်နိုင်ခဲ့သူ..
07/10/2024

တ-ပ်ထဲမှာ မွှ-င့်ဟ-င်းခါးအော်-ဒါလိုက်ရင်း တိုက်ဆောက်နိုင်ခဲ့သူ..

၈၈မှာအဖေ၂၁မှာသားလေးစားဂုဏ်ယူလျှက်ပါ ချစ်မြဲချစ်လျှက်ပါသမိုင်းမှာ အကောင်းဆုံး သမိုင်းရေထိုးနိုင်သူ သာအဖ မိသားစု ဘေးကင်းကျ...
05/10/2024

၈၈မှာအဖေ
၂၁မှာသား
လေးစားဂုဏ်ယူလျှက်ပါ ချစ်မြဲချစ်လျှက်ပါသမိုင်းမှာ အကောင်းဆုံး သမိုင်းရေထိုးနိုင်သူ သာအဖ မိသားစု ဘေးကင်းကျမ္မာကြပါစေ🙏

နေကောင်းပျောက်ခါစရှိသေး ထပ်ပြီး ဦးဆောင်လှူဒါန်းပေးပြန်တဲ့ ဖြူဖြူထွေးလေးလည်း ဘဝမှာ ဒီထက်မကအောင်မြင်ပြီး လိုတိုင်းတရပါစေဗျ...
04/10/2024

နေကောင်းပျောက်ခါစရှိသေး ထပ်ပြီး ဦးဆောင်လှူဒါန်းပေးပြန်တဲ့ ဖြူဖြူထွေးလေးလည်း ဘဝမှာ ဒီထက်မကအောင်မြင်ပြီး လိုတိုင်းတရပါစေဗျာ

~Road to Mandalay💪ဤခရီးနီးလာပြီ
04/10/2024

~Road to Mandalay💪
ဤခရီးနီးလာပြီ

တိုက်ပွဲအောင်လို့ ပြန်လာတဲ့ရဲဘော်တွေရဲ့အပြုံး😍🌿အတုယောင်မရှိတဲ့ သူတို့ရဲ့အပြုံး
04/10/2024

တိုက်ပွဲအောင်လို့ ပြန်လာတဲ့ရဲဘော်တွေရဲ့အပြုံး😍🌿
အတုယောင်မရှိတဲ့ သူတို့ရဲ့အပြုံး

ရေဘေးသင့်ပြည်သူများထံ  ပြည်သူအလှူရှင်များ ကိုယ်စား အလှူခရီးစဉ်၊
03/10/2024

ရေဘေးသင့်ပြည်သူများထံ ပြည်သူအလှူရှင်များ ကိုယ်စား အလှူခရီးစဉ်၊

သမီးလေးတို့ မြေးအဖွားအတွက် အိမ်ဆောက်ရန် စုစုပေါင်း အလှူငွေ သိန်း ၆၀ ၂ သောင်း ၃ ထောင့် ၆ ရာ ကျပ် ကို ရရှိသွားပီဖြစ်လို့ အ...
03/10/2024

သမီးလေးတို့ မြေးအဖွားအတွက် အိမ်ဆောက်ရန် စုစုပေါင်း အလှူငွေ သိန်း ၆၀ ၂ သောင်း ၃ ထောင့် ၆ ရာ ကျပ် ကို ရရှိသွားပီဖြစ်လို့ အလှူခံတာကို ရပ်လိုက်မှာဖြစ်ပီး ပြန်လည်ထူထောင်ရေးတွေ စတင်လို့ရတဲ့အခါ သမီးလေးတို့ မြေးဖွားအတွက် အိမ်သစ်လေး ဆောက်လုပ်ပေးမှာ ဖြစ်ကြောင်း ပြောပြလာခဲ့တဲ့ ကိုထွန်းခင်နဲ့ မခါဥတို့ဇနီးမောင်နှံ🙏🙏🙏
အလှူရှင်များအားလုံး ကျန်းမာချမ်းသာကြပါစေ။

သီချင်းတပုဒ်လောက်တဲ့😍တောင်းဆိုနေကြသေးတာ တရွာလုံးကချစ်ကြတော့ ဖြူဖြူထွေးမျက်နှာမြင်ကတည်းက ပျော်နေပြီး ရေးဘေးမဖြစ်ခဲ့သလိုဘဲ...
03/10/2024

သီချင်းတပုဒ်လောက်တဲ့😍တောင်းဆိုနေကြသေးတာ တရွာလုံးကချစ်ကြတော့ ဖြူဖြူထွေးမျက်နှာမြင်ကတည်းက ပျော်နေပြီး ရေးဘေးမဖြစ်ခဲ့သလိုဘဲ။ ဖြူဖြူထွေးဆိုတာ လူတိုင်းကိုပြုံးပျော်စေတဲ့ သူလေးပေါ့🙂

သက်လုံကောင်းတယ် ၊ ပြေးနိုင်လွှားနိုင်ကြတယ် အားလုံးစစ်မှုထမ်းဖို့ ကောင်းတဲ့ အရွယ်တွေပါ။ စစ်တပ်အနေနဲ့ လက်လွှတ်မခံသင့်ဘဲ ခေ...
03/10/2024

သက်လုံကောင်းတယ် ၊ ပြေးနိုင်လွှားနိုင်ကြတယ် အားလုံးစစ်မှုထမ်းဖို့ ကောင်းတဲ့ အရွယ်တွေပါ။ စစ်တပ်အနေနဲ့ လက်လွှတ်မခံသင့်ဘဲ ခေါ်ရမယ့် လူစာရင်းတွေပါ။

ရှိတာလေးနဲ့ပဲဖြစ်သလို စားပြီး ပေးဆပ်နေကြတဲ့ သူရဲကောင်း ရဲဘော်လေးတွေ❤❤
03/10/2024

ရှိတာလေးနဲ့ပဲဖြစ်သလို စားပြီး ပေးဆပ်နေကြတဲ့ သူရဲကောင်း ရဲဘော်လေးတွေ❤❤

တောထဲမှာခက်ခဲပင်ပန်းတာတွေ ရှိပေမယ့် အားတင်းထားတယ်ဆိုတဲ့ မင်းသမီး မြနှင်းရည်လွင်❤☺လေးစားဂုဏ်ယူရပါတယ်🥰🥰🥰
02/10/2024

တောထဲမှာခက်ခဲပင်ပန်းတာတွေ ရှိပေမယ့် အားတင်းထားတယ်ဆိုတဲ့ မင်းသမီး မြနှင်းရည်လွင်❤☺
လေးစားဂုဏ်ယူရပါတယ်🥰🥰🥰

ဖြတ်တောက်ပြစ်လိုက်ရတဲ့ခြေတောက်​တဖက်ကို ငေးကြည်ရင်းအိမ်ပြန်ဖို့ မဝံ့ရဲတော့တဲ့ လူငယ်တစ်ယောက်ပါ အမေ.......။ကိုယ့်အတ္တ နဲ့ က...
02/10/2024

ဖြတ်တောက်ပြစ်လိုက်ရတဲ့
ခြေတောက်​တဖက်ကို ငေးကြည်ရင်း
အိမ်ပြန်ဖို့ မဝံ့ရဲတော့တဲ့ လူငယ်တစ်ယောက်ပါ အမေ.......။
ကိုယ့်အတ္တ နဲ့ ကိုယ်ဆိုပေမဲ့
စိတ္တစ ညများအလယ် အမေအိမ်ကို
ခိုးလွမ်းနေမိပြန်တာ ဝန်ခံပါရစေ အမေ.......။
အဖေ တစ်ယောက်ကော
ကျန်းမာရဲ့လား အမေ
မိသားစုအတွက် အားကိုးဖော်မဖြစ်ခဲ့တဲ့
သားမိုက်က အဖေရဲ့ဆဲသံလေးကိုတော့
လွမ်းဆွတ်နေမိတယ်ဗျ.........။
ရာသီတွေ အလီလီပြောင်း
နှစ် တွေ ကြာညောင်းလို့ရှည်
သားတို့ရဲ့ အိမ်ပြန်ချိန်ဟာလေ
​မဝေးတော့တာမို့ အမေဂုဏ်ယူရမဲ့ရက်တွေ
နီးကပ်လို့ လာပြီ အမေ.........။

ပြည်သူ့သူရဲကောင်းပါ၊ အားပေးကြပါအုံးချစ်တို့ 💕💕👌🏻  ❣🎼🎤
02/10/2024

ပြည်သူ့သူရဲကောင်းပါ၊ အားပေးကြပါအုံးချစ်တို့ 💕💕👌🏻
❣🎼🎤

လူတိုင်း လေးစားအားကျခြင်းကိုခံနေရတဲဲ့ ပရဟိတ မောင်နှမ နှစ်ယောက်✌️❤️🙏
02/10/2024

လူတိုင်း လေးစားအားကျခြင်းကိုခံနေရတဲဲ့ ပရဟိတ မောင်နှမ နှစ်ယောက်✌️❤️🙏

ကိုထက်မြတ် နဲ့ ဗိုလ်တာဘော😍💪
02/10/2024

ကိုထက်မြတ် နဲ့ ဗိုလ်တာဘော😍💪

ဒီနေ့ကျနော်တို့ရဲ့အချစ်ဆုံးညီလေး ကိုလင်းရဲ့မွေးနေ့အသက်ရှုခဲ့သော စက္ကန့်သန်းပေါင်းများစွာထဲကအသစ်ဖြစ်သော မမေ့ကြတဲ့နေ့တစ်နေ...
02/10/2024

ဒီနေ့
ကျနော်တို့ရဲ့အချစ်ဆုံးညီလေး ကိုလင်းရဲ့မွေးနေ့
အသက်ရှုခဲ့သော စက္ကန့်သန်းပေါင်းများစွာထဲက
အသစ်ဖြစ်သော မမေ့ကြတဲ့နေ့တစ်နေ့
အဓိပ္ပာယ် လူ့ဘဝရဲ့အဓိပ္ပာယ်တွေကို ရှာဖွေတတ်
ချရေးပြတတ်တဲ့သူ သံစဉ်တွေနဲ့ပေါင်းစပ်ပြ
သီဆိုပြတတ်တဲ့သူ
ကျနော်ဟာ ကံကောင်းစွာနဲ့
သူနဲ့အတူ တော်လှန်ရေးခရီးရှည်ကြီးကို အတူသွားခဲ့ရတယ်

ေချာရတနာရဲ့ ငယ်ငယ်တုန်းက ပုံလေးတွေတင်ပေး ပြီး မွေးနေ့ဆုတောင်းပေးလိုက်တဲ့ သန္တာဗိုလ်
01/10/2024

ေချာရတနာရဲ့ ငယ်ငယ်တုန်းက ပုံလေးတွေတင်ပေး ပြီး မွေးနေ့ဆုတောင်းပေးလိုက်တဲ့ သန္တာဗိုလ်

ကတိမတည်သောလူညာ ပီ-ဒီ-အက်တဦးအကြောင်း===============တကယ်တော့သူ့လိုလူတွေအများကြီး ရှိနေမှာပါ။(သူညာတယ်)ကျွန်မကိုလိမ်ညာသွားတဲ...
01/10/2024

ကတိမတည်သော
လူညာ ပီ-ဒီ-အက်
တဦးအကြောင်း
===============
တကယ်တော့သူ့လိုလူတွေ
အများကြီး ရှိနေမှာပါ။
(သူညာတယ်)
ကျွန်မကိုလိမ်ညာသွားတဲ့ PDF တစ်ယောက်အကြောင်းကို
ပြောပြချင်ပါတယ်...
သူနဲ့ကျွန်မဟာ တစ်မြို့တည်းအတူနေတဲ့ကျောင်းနေဖက်
သူငယ်ချင်းတွေပါ
ငယ်စဉ်ကတည်းက အတူသွား
အတူလာခဲ့ကြပြီး 2018 မှာ ၁၀ တန်းကိုအတူအောင်ခဲ့ကြပါတယ်...
ဒါ့ကြောင့်လည်း အကြိုက်လည်းတူ , စရိုက်လည်းတူတဲ့
ကျွန်မတို့နှစ်ယောက်ဟာ တက္ကသိုလ်တစ်ခုတည်းမှာ အတူတူတက်ခဲ့ကြတယ်လေ...
ဒီလိုနဲ့သူနဲ့ကျွန်မဟာ တက္ကသိုလ်ဒုတိယနှစ်အရောက်တစ်နေ့မှာပေါ့
ဟုတ်တယ် အဲ့ဒီ့နေ့ဟာကျွန်မဘဝမှာ ဘယ်သောအခါမှ
မေ့လို့မရတဲ့ နေ့တစ်နေ့
တက္ကသိုလ်ကြီးထဲမှာရှိတဲ့ ထိုင်နေကြထိုင်ခုံမှာအတူထိုင်ရင်း
သူကကျွန်မကို
"ငါ နင့်ကိုအရမ်းချစ်တယ်ဟာ
ငါ့ကို သူငယ်ချင်းအဆင့်ထက်ကျော်လွန်ပြီး ချစ်သူအဖြစ်
လက်ခံပေးပါ"လို့ပြောလာခဲ့တယ်..
သူ ကျွန်မကို ချစ်ခွင့်ပန်တာမအံ့ဩပါဘူး။ ကျွန်မ သိတာပေါ့
လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက ကျွန်မကြိုသိနေတယ်လေ။သူ့မျက်ဝန်းထဲက ကျွန်မကိုကြည့်တဲ့အကြည့်တွေဟာသူငယ်ချင်းအဆင့် ထက် ကျော်လွန်နေပြီဆိုတာကိုပေါ့...
သူနဲ့ကျွန်မဟာ ငယ်ပေါင်းကြီးဖော်တွေဆိုတော့
သူ့အကြောင်းကို ကျွန်မကောင်းကောင်းသိတယ်
သူဟာ ရိုးသားတယ်
တစ်ဖက်သားကိုကူညီတတ်တယ်
သနားကြင်နာတတ်တယ်
အမှန်တရားကိုမြတ်နိုးတယ်
မတရားလုပ်တာတွေကို အရမ်းမုန်းတယ်
မတရားမှု့မှန်သမျှကိုလည်း တွန်းလှန်တတ်တယ်
အထူးသဖြင့်သူဟာ ပြောရင် ပြောတဲ့အတိုင်းလုပ်တတ်ပြီး
အန်မတန်ကတိတည်တဲ့လူဆိုတာ ကျွန်မကောင်းကောင်းသိပါတယ်...
ဒီလိုလူမျိုးကိုမှ ကျွန်မရဲ့ဘဝကြင်ဖော်အဖြစ်မရွေးရင်
ဘယ်လိုယောက်ျားမျိုးကို ကျွန်မရွေးရမှာလဲ ?
ကျွန်မလည်း သူ့ကိုအရမ်းချစ်တာပေါ့။ ဒါပေမဲ့ ကျွန်မကမိန်းမသားဆိုတော့ချက်ခြင်းအဖြေပြန် မပေးခဲ့ဘူး။
မိန်းခလေးတို့ရဲ့သဘာဝ ဟန်လုပ်ရသေးတယ်လေ။ငါ့ကို စဉ်းစားချိန် ၁ လလောက်တော့ပေးပါဟာဆိုပြီးပြောခဲ့တယ်။
ဒီလိုနဲ့နောက်တစ်လကြာတော့ သူနဲ့ကျွန်မဟာ ချစ်သူတွေ
ဖြစ်သွားကြတယ်...
2021 ဖေဖော်ဝါရီလမှာ စစ်တပ်ကပြည်သူ့အာဏာကိုလုယူလိုက်တော့ကျွန်မတို့ကျောင်း တွေဟာလည်းပိတ်ထားခဲ့ရပြီ...
2021 , May 5 ရက်နေ့မှာ သူနဲ့ကျွန်မ တွေ့ခဲ့ကြချိန်မှာ သူက
"ငါ နင့်ကိုအရမ်းချစ်တယ်ဟာ
နင့်ကိုလည်း ငါမခွဲနိုင်ဘူး
ဒါပေမဲ့ ငါ့ရဲ့ယုံကြည်ရာနဲ့အမှန်တရားအတွက်တော်လှန်ရေး လုပ်ဖို့ ငါဆုံးဖြတ်ပြီးပြီ။
နင် ငါနဲ့တပါတည်းလိုက်ခဲ့ပါနော်
ဒီအရေးတော်ပုံကြီးပြီးရင် ငါ နင့်ကိုခမ်းခမ်းနားနားနဲ့လက်ထပ် ယူပါ့မယ်။
ငါ့ဘဝကြီးထဲက နင့်ကိုဘယ်တော့မှထားမသွားပါဘူးဆိုတာ
ငါ ကတိပေးပါတယ်" တဲ့...
သူ့ရဲ့စကားအပြီးမှာတော့ ကျွန်မသူ့ကိုခေါင်းငြိမ့်ခဲ့တယ်
ဟုတ်တယ်။
သူ့ကိုကျွန်မအကြွင်းမဲ့ယုံတယ်။
ရည်းစားဘဝမှာ ကျွန်မအပေါ်ဘာအခွင့်အရေးမှမယူတဲ့သူ
ကျွန်မရဲ့လက်လေးကို မရဲ တရဲကိုင်ခဲ့တဲ့သူ။
ကျွန်မ အပေါ်မှာပြောခဲ့သလို သူဟာမုသားမပြောတတ်တဲ့သူ
ကတိတည်တဲ့ယောက်ျားကောင်း ယောက်ျားမြတ်တစ်ယောက်... ….
ဒီလိုနဲ့ သူနဲ့ကျွန်မဟာ အာဏာရှင်ကိုအမြစ်နှုပ်ဖို့အတွက်
လွတ်မြောက်နယ်မြေတစ်ခုကို အတူသွားခဲ့ကြတယ်...
ဟိုရောက်တော့ သူလည်းစစ်သင်တန်းတက်သလို
ကျွန်မလည်း သင်တန်းတက်ခဲ့ကြတယ်
တစ်ပတ်မှ တစ်ရက်သာတွေ့ခွင့်ရချိန်လေးမှာ
ကျွန်မကို သူဘယ်လောက်ချစ်ကြောင်းပြောတဲ့သူ
သူဘယ်လိုလွမ်းကြောင်း အလွမ်းတွေဖွဲ့တတ်တဲ့သူ...
ဒီလ 10 ရက့်နေ့က သူရှေ့တန်းစစ်မျက်နှာထွက်ခွါရတော့မဲ့အချိန်
သူက ကျွန်မကိုအမွှေးပွအရုပ်တစ်ခုကိုပေးပြီး
ငါ ရှေ့တန်းထွက်တဲ့အချိန်မှာ ငါ့ရဲ့ကိုယ်စား
ဒီအရုပ်လေးကိုပေးခဲ့မယ်
ငါ ပြန်လာတဲ့အခါ ငါ့ကိုအရင်ဆုံးလာတွေ့ပါနော်
အောင်ပွဲတွေနဲ့ပြန်လာတဲ့အချိန်မှာ အရင်ဆုံး
ငါမြင်ချင်တဲ့သူဟာ နင်ပါနော် ဆိုပြီး
ကျွန်မရဲ့လက်ကိုဖွဖွလေးကိုင်ပြီး သူပြောခဲ့တယ်...
ဒီလ 28 ရက်နေ့မှာ သူပြန်ရောက်ပြီဆိုတဲ့သတင်းကြားလို့
ကျွန်မ သူ့ဆီသွားခဲ့တယ်
သူဟာ အရမ်းပင်ပန်းနေလို့လားတော့မသိ
မလှုပ် မယှက်အိပ်စက်နေတယ်...
ဟဲ့ ငါရောက်နေပြီလေ
ငါ့ကို စကားထပြောပါဦး
ကျွန်မရဲ့ ငို့မဲ့မဲ့စကားသံတွေကို
သူဟာ မကြားဟန်ဆောင်ကာ ဆက်ပြီးအိပ်စက်နေတယ် ….
ဒါ့ကြောင့်လည်းကျွန်မဟာ ခံနိုင်ရည်စွမ်းအားမရှိတော့တာကြောင့်
ရင်ထဲရှိတာတွေကိုပြောရင်း အားပါးတရငိုတာပေါ့...
နင် …လူလိမ်
တော်လှန်ရေးပြီးရင် ငါကိုလက်ထပ်ပါ့မယ်လို့ကတိပေးပြီး
ကတိဖျက်ခဲ့တဲ့ လူလိမ်
ငါ့ကို နင့် ဘဝကြီးထဲကနေ ဘယ်တော့မှထားမသွားပါဘူးလို့
ပြောခဲ့တဲ့ လူညာ …
ငြိမ်သက်စွာလဲလျောင်းအိပ်စက်နေတဲ့သူ့ရဲ့ရင်ဘတ်ကိုလှုပ်နှိုးကာ
အော်ဟစ်ငိုကြွေးပြောဆိုနေတဲ့ကျွန်မရဲ့အသံတွေကို
သူကတော့ ဥပက္ခာ ပြုနေဆဲပါ...
ကျွန်မပြောသလို …
တော်လှန်ရေးကြီးပြီးရင် ကျွန်မကိုလက်ထပ်မယ်လို့
လိမ်ပြောခဲ့တဲ့လူလိမ် …
ကျွန်မကို သူ့ဘဝကြီးထဲက ထားမသွားပါဘူးလို့
ညာပြောခဲ့တဲ့ လူညာ ….
သူကလည်း မကြားဟန်ဆောင်ပြီး
ငြိမ်သက်စွာ မလှုပ်မယှက်အိပ်စက်နေဆဲ...
ကျွန်မကလည်း သူ့ကိုယ်စား သူပေးခဲ့တဲ့
အမွှေးပွအရုပ်လေးကိုပွေ့ဖက်ထားဆဲ...
ကျွန်မမျက်ဝန်းထဲက မျက်ရည်တွေဟာလည်း
မိုးနဲ့အပြိုင် ရွာသွန်းနေဆဲ...
🙁 🙁
to original author girl.

ที่อยู่

114/36 Soi Ruamchai Vuthakart Road Hirumrujee Bangkok, Thailand
Bangkok
10600

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Every Time Storyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Every Time Story:

วิดีโอทั้งหมด

แชร์