Burmese Past - မြန်မာ့အတိတ်

Burmese Past - မြန်မာ့အတိတ် မြန်မာ့သမိုင်းကြောင်းများနဲ့ ဖတ်ရှ

-မြန်မာ့ မှတ်သားဖွယ်ရာသမိုင်းကြောင်းများကို လူအများ စိတ်ပါဝင်စားမှု ပိုမိုတိုးမြင့်လာစေရန်
-မြန်မာစာပေ နှင့် စာအုပ်များကို တတ်စွမ်းသမျှ စုစည်းပေးရန်
-သမိုင်းကြောင်းကို မြန်မာစာဖတ်ပရိသတ်နှင့် မိတ်ဆက်ပေးနိုင်ရန်

-ကိုရဲလွင် - ကိုနေဝင်း - ကိုမောင်မောင်   - ကိုမွန်းအောင်( တေးရေးဆရာ သုံးဦး နဲ့ အဆိုတော်တစ်ဦး တို့ရဲ့ ... အမှတ်တရ ရှားပ...
14/01/2025

-ကိုရဲလွင်
- ကိုနေဝင်း
- ကိုမောင်မောင်
- ကိုမွန်းအောင်
( တေးရေးဆရာ သုံးဦး နဲ့ အဆိုတော်တစ်ဦး တို့ရဲ့ ... အမှတ်တရ ရှားပါးပုံရိပ်တစ်ခုပါ။ )
မူရင်းနှင့်ခရက်ဒစ် နေဖုန်းကျော်
#သိုး
#ကိုရဲလွင်

မန္တလေးသိန်းဇော်နဲ့ တယောဦးတင်ရီမြန်မာ့အတိတ်
01/01/2025

မန္တလေးသိန်းဇော်နဲ့ တယောဦးတင်ရီ

မြန်မာ့အတိတ်

ရှေးတုန်းက ... မေမြို့ ----------------Burmese Past - မြန်မာ့အတိတ်    #မြန်မာ့အတိတ်
31/12/2024

ရှေးတုန်းက ... မေမြို့
----------------
Burmese Past - မြန်မာ့အတိတ်

#မြန်မာ့အတိတ်

အောင်သင်း  ဘိန်းဖြူ ဘယ်လိုလုပ်ပြီး ပြတ်သွားတာလဲ။ကျော်ဟိန်း  ကျွန်တော်က ဘယ်သူ့ကိုမှ ကြောက်မနေချင်ဘူးဘယ်သူ့ အချုပ်ကိုင်ကို...
30/12/2024

အောင်သင်း ဘိန်းဖြူ ဘယ်လိုလုပ်ပြီး ပြတ်သွားတာလဲ။
ကျော်ဟိန်း ကျွန်တော်က ဘယ်သူ့ကိုမှ ကြောက်မနေချင်ဘူး
ဘယ်သူ့ အချုပ်ကိုင်ကိုမှ မခံချင်ဘူးဘယ်သူ့အလွှမ်းမိုးကိုမှ
မခံ ချင် ဘူး။ ဘယ်သူ့အနိုင်ကိုမှ မခံချင်တဲ့ကောင်ဟာ ဒါကြီးရဲ့
အနိုင်ကို ခံနေရပြီဆိုတာမျိုးကို တွေးလိုက်မိတော့ လန့်လာတယ် ဆရာ။ ငါတော့ သွားပြီပေါ့။ ဒီအတိုင်းကြီး ခံနေရတော့မလား ပေါ့။
ဖြတ်မှဖြစ်မယ်။ ဒီအတွေးဟာ ဆေးသမားအားလုံး ဖြစ်ဖူး တဲ့အတွေးပဲ။ ဒါပေမယ့် လက်တွေ့မှာ ဘယ်သူမှ အကောင် အထည်မဖော်နိုင်ဘူး။ ဖြတ်ချင်တဲ့အချိန်မှာ အားလုံးလိုလို စွဲကြ ပြီ။ ကျွန်တော်လည်း
ဖြတ်ချင်စိတ်ရှိတဲ့အချိန်မှာ ရေရေ လည် လည်ကို စွဲနေပြီ။ ဒါကြီးကို ဘယ်လိုဖြတ်မလဲ။ စဉ်းစား တော့ အဖြေတစ်ခုထွက်လာတယ်။
ဘိန်းဖြူဆိုတာကြီးက ငါ့ကို လွှမ်းမိုးနေပါကလား၊ ဒီကောင်ကြီး က
ငါ့ကို ချုပ်ကိုင်နေပါကလား ဆိုတာကြီးကို မကြိုက်နိုင်အောင်
ဖြစ်လာခဲ့ရတယ်။ အဲဒီအချိန်မှာပဲ ဒါရိုက်တာ တစ်ယောက်က
လည်း ကျွန်တော့်ကို လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစား လာတာကို
သတိထားမိလာတယ်။ ရှေ့ပိုင်းမှာ ကျွန်တော်ပြောခဲ့ သလို
ကျွန်တော်က ဘယ်သူ့ လွှမ်းမိုးမှု ချုပ်ကိုင်မှုကိုမှ မခံချင် ဘူး။
နောက်ပြီး ကျွန်တော်က ရှက်တတ်တယ်ဆရာ။ ရှက် တတ်တယ်
ဆိုတာက တခြားဟာမျိုးတွေမဟုတ်ပါဘူး။ ကျွန်တော့် စိတ်ထဲမှာ
အထင်ကြီးနေတဲ့သူတစ်ယောက်ယောက် ကျွန်တော့် ကို'ဒီကောင်
အလကားကောင်ပဲလို့ အထင်သေးသွားမှာမျိုးကို ရှက်တတ် တယ်။
ဒီအချိန်မှာ ဒါရိုက်တာ ဆရာဦးဝင်းဖေနဲ့ လူသွားလမ်း ကလေး
ဆိုတဲ့ကားကို ရိုက်နေတဲ့အချိန်ပေါ့။ ကျွန်တော်က ဦးဝင်းဖေကို
အထင်ကြီးတယ်။ သူက အနုပညာ ကျောင်းအုပ်ကြီး၊ ပန်းချီလည်းတတ်တယ်၊ စာလည်းရေးတယ်၊ ရုပ်ရှင်ပညာကို လည်း တတ်တယ်။
ကျွန်တော်က ယူဆတယ်။ သူက ကျွန်တော့် ကို ဘိန်းဖြူစွဲနေသူရယ်လို့ သိသွားမှာကို ကြောက်နေတယ်။ အဲဒီ မှာတင်ပဲ ကဲကွာ
ဖြတ်တယ်ကွာဆိုပြီး ဖြတ်ချလိုက်ပြီး အရက်ကို သောက်တော့တာပဲ။
ပြောလိုက်ရဦးမယ်။ စောစောကပြောခဲ့တဲ့ ကျွန်တော့်ကို ချုပ်ကိုင်ဖို့
ကြိုးစားတဲ့ ဒါရိုက်တာကိုယ်တော်မြတ်က အဲဒီကျ တော့မှ
ကျွန်တော်ဟာဖြင့် အရက်တွေကို စွတ်သောက်နေပြီ၊ ကြည့်လုပ်ကြပါဦး ဘာညာနဲ့ ကျွန်တော့်အစ်ကိုတို့၊ ညီမတို့ကို သွားတိုင်တော့တာကိုး ဆရာရဲ့ ။ ဒီတော့ ကျွန်တော့်စိတ်ထဲမှာ ဟ ဘိန်းဖြူတုန်းကတော့ ဘာမှမပြော အရက်သောက်တာကျမှ ပြော ရသလား မရိုးသားဘူး
"ပေါ့။ တကယ်ဆိုတော့ ဘိန်းဖြူ လုပ်နေ တာကို သူသိတယ်၊
ရိပ်မိတယ်။ ခင်ဗျားဗျာ ဒါကို မလုပ်ပါနဲ့ ဘာ ညာ စသည်ဖြင့်
ကျွန်တော့်ကိုပြောစေချင်တယ်။ သူက အဲဒီ တုန်းက ဘာမှမပြောဘူး။ သူ့ကိုလည်း ခင်ဗျားဗျာ ဘိန်းဖြူ တုန်းကတည်းက ပြောပါလား၊
ခုမှပြောရသလားဆိုပြီး သူ့ကို ငို ပြီးတော့ကို ပြောခဲ့မိပါသေးတယ်။
အောင်သင်း- ဒီတော့ ဘိန်းဖြူကို ဖြတ်ချင်လာခဲ့တာတွေက...
ကျော်ဟိန်း- ဘိန်းဖြူ ရဲ့ လွှမ်းမိုးနေမှုကြီးကို ကြောက်တယ်။
နောက်တစ်ချက် က ဘိန်းဖြူကိုအကြောင်းပြုပြီး
တစ်ယောက်ယောက်၊ တစ်စုံ တစ်ခုကို ကြောက်နေရမှာကြီးကို
လည်း ကြောက်တယ်။ နောက် တစ်ချက်က အလုပ်တစ်ခုပေါ်လာ
လိုက်ရင် ကျွန်တော်က ဘယ် တော့မှ အဆင်သင့်မဖြစ်ဘူး။
အလုပ်အတွက် လာခေါ်လိုက်ရင် ကျွန်တော်က ခဏကလေးဆိုပြီး ဟိုဟာလုပ်သလိုလို၊ ဒီဟာ ယူသလိုလို၊ အိမ်သာဝင်လိုက်
သလိုလိုနဲ့ ဘိန်းဖြူကို ချရတော့ တာ။
အောင်သင်း-ရှူတာလား။
ကျော်ဟိန်း ဟုတ်တယ်။ စီးကရက်ထဲထည့်ပြီး ရှူတာ။
ကျွန်တော်က ထိုးတာတွေဘာတွေကို ဝါသနာမပါဘူး။
အောင်သင်း အတိုင်းအတာ အကန့်အသတ်ရှိသေးသလား။
ဘယ်လောက်များများလုပ်ခဲ့သလဲ။
ကျော်ဟိန်း ဟာ.. ဆရာ့နှယ်... ဘာပြောကောင်းမလဲ၊ သုံးလိုက်
ရှူလိုက် တာဟာ မိုးမွှန်ရောဆိုတာမျိုးပေါ့။ ပိုက်ဆံကလည်း ရနေ
ပြီကိုး ဆရာရဲ့။ ဘယ်လောက်ရှူလိုက် သုံးလိုက်သလဲဆိုရင်
ကျွန်တော် ဒီအိမ်ကြီးထဲက အခန်းတစ်ခန်းမှာချတာ၊ အခန်းထဲက
အိမ်မြှောင် တွေပါ ဘိန်းဖြူစွဲကုန်တာ။ ကျွန်တော်တို့ ဖြတ်တော့
အဲဒီကောင် တွေ အကုန်ပြုတ်ကျပြီး သေကုန်ရော။ ဒါနဲ့ပဲ ဖြတ်
လိုက်တော့ နေဦးဆရာ။
ဖြတ်တယ်။ ဒါပေမယ့် မလွယ်တာကို ပြောပြပါ့ မယ်၊ဥပဒေနဲ့ လည်း မလွတ်ကင်းတော့ ဥပဒေလည်းကြောက်ရအကုန် ကြောက်နေရတာကြီး ဖြတ်မယ်ကွာလို့ ဆုံးဖြတ်ပြီးတာနဲ့ ဘိန်းဖြူတစ်လိပ်ကို သေချာဖြည့်အဝချ၊ ပြီးတာနဲ့အထုပ်လိုက် ကြီးကို အိမ်သာထဲသွန်ထည့်ပြီး ရေဆွဲချပစ်လိုက်တယ်။ ပြီး တော့ မှ ဘိန်းဖြူ စည်းစိမ်ကလေးနဲ့ မှိန်းနေတာပေါ့။ ၂ နာရီ လောက် ရှိတော့ တဖြည်းဖြည်း ပြေသွားရော၊ အာနိသင် ကုန် သွားရော။ ဒီတော့ နောက်ထပ်ပြီး လုပ်ချင်လာပြန်ပါရော။ ကျွန်တော် ဘာလုပ်မိတယ်ထင်သလဲ။ အိမ်သာထဲပြန်သွား အိမ်သာခွက် ဘေးနှုတ်ခမ်းတွေကို လက်နဲ့ ပွတ်သပ်ရှာကြည့်မိ သေးတယ်။ နည်းနည်းပါးပါး ကပ်ပြီးကျန်နေခဲ့ဦးမလားပေါ့။ ကျွန်ဖြစ်သွား ပြီဆိုရင် အဲဒီလိုကို ကြောက်စရာကောင်းတယ် ဆရာရေ။ ကျွန်တော် မရွံမရှာကို လုပ်ခဲ့မိတာ။ နောက်မှ ဖျတ်ခနဲ သတိရ ပြီးဟ..ငါ ဘာလုပ်နေတာလဲ ရူးနေသလားဆိုပြီး စိတ် ကို ပျက်သွားတာပဲ။ တစ်ယောက်တည်း အိမ်သာထဲမှာ ရှက်လိုက် တာ ဆရာရယ်။
အဲဒီမှာတင် ဗွတ်ကို ဖြတ်ချပစ်လိုက်တာပါပဲ။ ဖြတ်လိုက် တော့ လည်း ပြတ်သွားတာပါပဲ။ ကျွန်တော့်စိတ်ကို ကျွန်တော် ယုံလာ တယ်။ ငါ တကယ်လုပ်ချင်ရင် တကယ်ကိုဖြစ်တယ်။ ငါ့စိတ်ကို ငါနိုင်တယ်လို့ ယုံကြည်လာတယ်။
အောင်သင်း နောက်ပိုင်း ဘယ်လောက်ကြာလောက်အထိ ရှူ ချင်စိတ် ပြန်ပေါ်နေသေးသလဲ။ တမ်းတစွဲလမ်းမိနေတာကို ပြော တာပါ။
ကျော်ဟိန်း-အဲဒီလိုတော့ မဖြစ်ဘူးဆရာ။ ကျွန်တော်က လူတစ်
မျိုးဆရာရဲ့။ မလုပ်တော့ဘူးလို့ ဖြတ်လိုက်ရင် စိတ်ကကို ပြတ် သွားတာ။ ဒါပေမယ့် စိတ်ကိုသာ နိုင်တာကိုး ဆရာရဲ့ ။ ဒီရုပ်ကြီး က သူ့သဘောသူဆောင်နေတာ မဟုတ်လား။ ကျွန်တော့်ရုပ်ကြီး က ဘိန်းဖြူစွဲသွားခဲ့ပြီလေ။ သူကတော့ တောင့်တနေပြန် သေးတာ ပဲ။ သူ့ကိုကျတော့ ကျွန်တော်က မနိုင်တော့ဘူး။ ဝါးဝါး နဲ့ သမ်းပြီး ရင်းထနေတာဟာ အကြာကြီးပဲ။ သူကလည်း ဆယ် နှစ်ပဲဆရာရေ ဆယ်နှစ်ပဲ။ ဆယ်နှစ်လောက်ကိုခံခဲ့ရတာ။ ပျောက် သွားတာ ဘာကြာသေးလို့လဲ။
အောင်သင်း တစ်ခုရှိတာက မင်းပြောသလို စိတ်ကပြတ်သွားဖို့ က သိပ်တော့ မလွယ်လှဘူးကွ။ ဒါကြောင့် တချို့ဆေးရုံတက်ပြီး ဖြတ်၊ ပြတ်သွားပါလျက် နောက်တစ်ခါ အဲဒီဘက်ကို ပြန်ပြီးလည် သွား တာမျိုးတွေ ဖြစ်နေတာပေါ့။
ကျော်ဟိန်း- ဟုတ်တယ် ဆရာ၊ သိပ်တော့ မလွယ်လှဘူး။ ဘိန်းဖြူ မစွဲနိုင် ပါဘူးဆိုတဲ့လူတွေ လာခဲ့စမ်းပါ၊ ကျွန်တော်ကကို ပိုက်ဆံအကုန် ခံပြီး တိုက်ပါ့မယ်။အဲဒီကျတော့
အောင်သင်း မလုပ်ပါနဲ့ မောင်ကျော်ဟိန်းရယ် အဲဒါမျိုးကို စိန် မခေါ်ကောင်းပါဘူး။ (ရယ်လျက် ပြောလိုက်မိပါသည်)
အပေါ်က အကြောင်းတွေက
နိုင်ငံကျော်မင်းသား ကျော်ဟိန်းကို ဆရာဦးအောင်သင်းက အင်တာဗျူးထားတဲ့အထဲက မူးယစ်ဆေးနဲ့ ပတ်သက်တဲ့အပိုင်း လေးကို ဖြတ်ပြီး ရေးပြလိုက်တာပါ။
မူးယစ်ဆေးဆိုတာ စွဲလမ်းသွားရင် လူမှုရေး၊ပညာရေး၊ မိသာစု အရေး ဘာဆိုဘာမှ သုံးမရတော့ဘဲ ဘဝပျက်သွားတတ်တယ်၊ ကိုယ်တွေလူငယ်ဘဝကလည်း အနည်းနဲ့အများ လက်တည့်စမ်း ဖူးတယ်ဆိုပေမယ့် ဒီနေ့ခေတ်မှာ မူးယစ်ဆေးက နာမည်ပေါင်းစုံ နဲ့ ထွက်လာတဲ့အပြင် generation တွေကလည်း မြင့်လာတယ်၊ ကိုယ်တွေခေတ်နဲ့ မတူတာက အတော်ကြီး လွယ်လွယ်ကူကူ နဲ့ ဝယ်လို့ရနေတာ..ပဲ။
လူငယ်တွေကို အဓိကပစ်မှတ်ထားပြီး ခေတ်ပျက်တုန်း အပီ အပြင်ကို အကြီးအကျယ် အရောင်းအဝယ်လုပ်နေတာတွေက အတော်ကြီး စိတ်မချမ်းသာစရာပဲ။ လူတယောက်က မူးယစ် ဆေးတကယ်စွဲသွားရင် ၊ မူးယစ်ကျွန်ဖြစ်သွားရင် သိပ်ကြောက်ဖို့ ကောင်းတယ်။
အသိ၊ သတိရှိပါစေ။

အောင်သင်း

#သုတဇုန္ #မြန်မာ့အတိတ်

urround sound system ဖြစ်အောင်ဖန်တီးထားတဲ့ တချိန်က လိပ်ခုံး ( 1955 )-------------------------------ပြည်လမ်း၊ စိုက်ပျိုးရ...
26/12/2024

urround sound system ဖြစ်အောင်ဖန်တီးထားတဲ့ တချိန်က လိပ်ခုံး ( 1955 )
-------------------------------
ပြည်လမ်း၊ စိုက်ပျိုးရေးမှတ်တိုင် အနီးမှာရှိခဲ့တဲ့ လိပ်ခုံးဆိုတာ နာမည်ကြီးခဲ့တဲ့ နေရာတစ်ခုပေါ့။
ဒီအဆောက်အဦကို ၁၉၅၅-၁၉၅၆ ခုနှစ်လောက်က ဗြိတိန်အင်ဂျင်နီယာတွေ ဆောက်ခဲ့တယ်လို့ သိရပါတယ်။
ဗြိတိန် နာမည်ကြီးဗိသုကာပညာရှင် Raglan Squire နဲ့ အဖွဲ့ရဲ့ ဒီဇိုင်းလို့ သိရပါတယ်။ အလွန်လက်ရာမြောက်တဲ့ ဒီအဆောက်အဦရဲ့
အမိုးခုံးဟာ အလျား ၁၅၃ပေ ၊ အနံ ၉၃ပေ ရှိပါတယ်။လိပ်ခွံနဲ့တူတဲ့ အမိုးခုံးကို အစွဲပြုပြီး လိပ်ခုံး လို့ခေါ်ကြတယ်။
ဒဏ္ဍာရီထဲက ရေနဲ့ အသံထိန်းစနစ်
ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာ ပြည်လမ်းပေါ်က ကြည့်ရင် လိပ်ခုံးခန်းမလို့ ခေါ်ဆိုတဲ့ အဆောက်အုံငယ်တခု ရှိခဲ့ဖူးတယ်။ လိပ်ကျောကုန်းနဲ့တူတဲ့ အမိုးရယ်၊ ရေကန်ငယ်လေးနဲ့ မြက်ခင်းပြင်လေးက လိပ်ခုံးခန်းမရဲ့ အလှကို
ဖေါ်ညွှန်းနေပါတယ်။ သူ့အနောက်ဘက်မှာ
ဆေးတက္ကသိုလ် စာသင်ခန်းမ ၊ အရှေ့ဘက်မှာ အဆင့်မြင့်ပညာဦးစီးဌာန အဆောက်အအုံ ရှိတယ်။
လိပ်ခုံးခန်းမဟာ အနံ ၉၃ပေ၊ အလျား ၁၅၃ပေ ရှိပါတယ် (ဧရိယာစတုရန်းပေ ၁၄၂၂၉ ပေ ပါ)။
အဲဒီ လိပ်ခုံးခန်းမနဲ့ မြက်ခင်းပြင်လေးမှာ
ဟောပြောပွဲတွေ၊ မင်္ဂလာဧည့်ခံပွဲတွေ ကျင်းပကြတယ်။
ဘာလို့ အဲဒီနေရာလေးမှာ ကျင်းပခဲ့ရသလဲဆိုရင်
ဧရိယာစတုရန်းပေ ၁၄၂၂၉ ပေ အကျယ်အဝန်းထဲမှာ
ဘယ်နေရာကနေပြောပြော ဘယ်နေရာကနေ နားထောင်နားထောင် အသံကို ပီပီသသ ကြည်ကြည်မြမြ
ကြားနေရလို့ပါဘဲ။
အဲဒီလိုထူးခြားချက် ဖြစ်စေတာကတော့
ရေကနေ အသံထိန်းစနစ် ( Surrounding Sound System ) နဲ့ လိပ်ခုံးခန်းမကို တည်ဆောက်ထားလို့ပါဘဲ။
တည်ဆောက်ခဲ့တဲ့ အဖွဲ့ကတော့ ဗြိတိသျှက
Raglan Squire အဖွဲ့ဖြစ်ပြီး လိပ်ခုံးခန်းမ နဲ့
ဗိသုကာဒီဇိုင်းဆု ( ၁၉၆၀) ကို ရရှိတဲ့ အဖွဲ့ပါ။
၃-၃-၁၉၅၄ ရက်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက အုတ်မြစ်ချပေးခဲ့ပြီး ၁၉၅၇ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ အင်ဂျင်နီယာကျောင်းသားတွေအတွက် ရည်ရွယ်တည်ဆောက်ခဲ့ပေမယ့် ၁၉၅၇-၅၈ ခုနှစ် ပညာသင်နှစ်
တခုတည်းသာ အင်ဂျင်နီယာသင်တန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၆၀-၆၁ ခုနှစ်မှာ ဥပစ အပိုင်း(က)(ခ) သင်တန်း ၊
၁၉၆၄ မှစတင်ပြီး ဆေးတက္ကသိုလ်(၁) အဖြစ်
ပြောင်းလဲခဲ့ပါတယ်။
မှတ်မိသမျှ ပုံဖေါ်ရရင် အောက်ကြမ်းခင်းကို
ဆဋ္ဌဂံ ပျားအုံကွက် မှန်အထူတွေ ခင်းထားတယ်။
အလယ်တိုင်မပါတဲ့ ခန်းမကျယ် ဖြစ်တယ်။ ခြေထောက်၂ချောင်းထောက် ပေါ်တီကို ရှိတယ်။
မျက်နှာကျက်ကို လျှာထိုးသစ် ၃လွှာခင်းထားပြီး
တလွှာနဲ့ တလွှာအကြားမှာ ကတ္တရာပြားတွေ ပါတယ်။
အမိုးကို ကြေးပြားတွေနဲ့ မိုးထားပြီး ကြေးမှိုရိုက်ထားတယ်။ အဆောက်အအုံ ပါတ်လည်မှာ ရေမြောင်းတွေရှိပြီး
မှန်အထူတွေနဲ့ အုပ်ထားတယ်။
အဆောက်အဦ ရဲ့ ထောင့်၄ထောင့်မှာ ၄ပေ ပါတ်လည်အကျယ် ရေကန်တွေ ရှိတယ်။ အဆောက်အဦအောက်မှာ ရေလှောင်ကန် တခုရှိတယ်။ လူအင်အားနဲ့ အသံကို
ချိန်ညှိတဲ့စနစ်ပါ။ လူအင်အားများရင် ရေများများဖြည့်ပြီး ထိန်းညှိရတယ်ဆိုပါတယ်။
အဲဒီခေတ်က ကျောင်းသားတွေ ရဲ့ စိတ်နှလုံးထဲမှာ
ရန်ကုန်တက္ကသိုလ်အကြောင်းပြောရင်
ကန့်ကော်ပင်တန်းတွေ ၊ သစ်ပုတ်ပင်နဲ့ဂျပ်ဆင်၊
အင်းလျားကန် ၊ လိပ်ခုံးခန်းမ တို့က မပါမဖြစ်တဲ့ အရာတွေပါ။ ၁၉၉၀ခုနှစ်အရောက်မှာ လိပ်ခုံးအဆောက်အအုံကို
ကျပ် ၂၅သိန်း ၁သောင်း နဲ့ ရောင်းစားခံခဲ့ရပြီးနောက်ပိုင်းမှာတော့ ---
အင်ဂျင်နီယာကျောင်းသားတွေအတွက်ကတော့
ရေနဲ့ အသံထိန်းစနစ် တခုဖြစ်တဲ့ (Surrounding Sound System)ကိုလေ့လာဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ရခြင်းပါဘဲ။ အခုတော့ မိုက်ခရိုဖုန်းမလို ၊ ဆောင်းဘောက်မလိုဘဲ
ရေနဲ့ အသံထိန်းညှိတဲ့ လိပ်ခုံးခန်းမ ရှိခဲ့ဖူးတယ်ဆိုတာ
ဒဏ္ဍာရီတခုအဖြစ် ရှိနေပါတော့တယ်။
* လိပ်ခုံးအကြောင်း စိတ်ဝင်စားစရာ comments
(1)၁၉၆၀ခုနှစ်တုန်းက 'နိုင်ငံတကာ ဗိသုကာ ဒီဇိုင်းဆု'
ရခဲ့ပါသည်။ အဆောက်အဦ၏ အခြားထူးခြားချက်မှာ အဆောက်အဦအောက် ရေလှောင်ခန်း ရှိခြင်းပါ။
စက်ဖြင့်ရေသွင်း၊ ရေထုတ်လုပ်နိုင်ကြောင်း ကြားဖူးပါသည်။ လူအင်အားနည်းသော အခန်းအနားတွင် ရေစုပ်ထုတ်ထား၍ ဟောပြောသံတွင် လှိုင်သံ echo sound ပေါ်ပါသည်။
လူပရိတ်သတ် များချိန်တွင် ရေအပြည့်သွင်းကာ
ဆူညံသံလျော့စေသည်ဟု ဆိုပါသည်။
(2)လိပ်ခုံးအဆောက်အဦးရဲ့ထူးခြားချက်
အခန်းအနားများမှာ microphone songbox သုံးစရာမလိုပါ။ အဆောက်အဦရဲ့ ညာဘက်ထိပ်နားအပြင်မှာ underground ရေမြောင်း ရှိပါတယ်။
မြောင်းထဲ ရေဖြည့်ထားရင် ရှေ့က စကားပြောတာနဲ့
နောက်ကကြားရပါတယ်။
surounding sound system လိုပါဘဲ။
(3)ကျွန်မမိဘတွေ အဲ့ဒီအကြောင်း ပြောပြခဲ့ဖူးပါတယ်။
ရေထည့်တာ အနည်း အများပေါ် မူတည်တယ်။
အသံကို ထိမ်းပေးတယ်လို့ ပြောပြဖူးပါတယ်။
စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။
အစက အမိုးကရေကျဖို့အတွက် ရေနှုတ်မြောင်းလို့
ထင်ခဲ့တာ။ အဲ့လို မဟုတ်ပါဘူး။ ရေကို အချိန်အဆနဲ့
ထည့်ပြီး အသံထိမ်းဖို့ လုပ်တာ ဖြစ်နေပါတယ်။
ပန်းချီပြပွဲတစ်ခု လိပ်ခုံးမှာကျင်းပတုန်းက
မြောင်းဖုံးမှန်ကြည်အထူ ခင်းပြီးလရေသွင်းမြောင်းအတွင်း က မီးချောင်းထွန်းပြီး ကျင်းပပါတယ်။
ပဲ့တင်သံနည်းသွားပါတယ် ပြောပါတယ်။
၁၉၇၀-၇၅ ခုနှစ် ကျွန်မတို့ ပုဂံဆောင်သူတွေရဲ့
ရင်းနှီးခင်မင်တဲ့ လိပ်ခုံးပါ။
၁၉၅၅/၅၇ခုနှစ်ဝန်းကျင်က ဆောက်နေစဉ်ကာလမှာ
ရန်ကုန်တက္ကသိုလ်မှာ ဥပစာ(ခ)တန်း တက်နေတုန်းဖြစ်လို့မကြာခဏ ညနေဘက်လမ်းလျှောက်ရင်း သွားကြည့်ဖူးတယ်။ အမိုးကို လျှားထိုး သစ်၃/၄လွှာ တထပ်စီ ကန့်လန့်ဖြတ်မိုးပါတယ်။
တလွှာနဲ့တလွှာကြားမှာ မိုးရေလုံအောင် ကတ္တရာပြားတွေ
ခင်းပြီးအပေါ်ဆုံးက ကြေးပြားတွေကို သံချေးမတက်နှိုင်တဲ့ ကြေးမှိုများနဲ့ ရိုက်ပြီး ကပ်တာကို တွေ့ဖူးပါတယ်။
ဒီလိုစံနစ်တကျ ခိုင်ခန့်အောင် ဆောက်ခဲ့တဲ့အဆောက်အဦ ပျက်သွားခဲ့ရတယ်ဆိုတာ မယုံနှိုင်အောင် ဖြစ်ခဲ့ရပါတယ်။
အင်ဂျင်နီယာကောလိပ်အဖြစ် ဆောက်ခဲ့တာပါ။
ဆေးကောလိပ် ဖြစ်သွားတာကတော့
တချိန်မှာ သမီးတော်တပါး ဆေးကျောင်းရောက်ချိန်နဲ့ တိုက်ဆိုင်နေတာ သတိပြုမိပါတယ်။
ဒီအဆောက်အဦအပြင် ပြည်လမ်းကလပြည်ထောင်စုရိပ်သာ၊ နတ်မောက်လမ်းက စက်မှုကျောင်း၊
မင်္ဂလာဒုံလေဆိပ်တို့ဟာ နိုင်ငံခြားအထောက်အပံ့နဲ့
ဆောက်ခဲ့တာလို့ မှတ်သားဖူးပါတယ်။
(4)For the College of Engineering, Rangoon University, Burma, a very unusual single-curvature free-form shell was designed and built during 1955 and 1956 by British engineers and contractors – the former, architects Raglan Squire & Partners, the latter Taylor Woodrow Ltd.
The span was 93 ft. (28 m) and the length 153 ft. (46.6 m). Unlike the hypars and conoids, this was essentially a free-form shape, intended to evoke a turtle shell. It was also a rare example in being built entirely of teak. An architectural model of this structure was exhibited at the Building Exhibition in London in 1955.
(5) ကျွန်တော်တို့ ၁၉၈၀ခုနှစ် 2nd M. B.တက်တော့
လိပ်ခုံး ရှိသေးသည်။ တက္ကသိုလ်ပွဲတွေ၊ မင်္ဂလာဆောင်တွေကျင်းပသေးသည်။ အတွင်းဖဂဘက် ကြမ်းခင်းတွေက
ပျားအုံလို ဆဌဂံကွက်တွေ ဖြစ်ပါတယ်။
တချို့နေရာတွေမှာ ရေကန်လေးတွေလို ဖြစ်နေပါတယ်။
တချို့နေရာမှာ မှန်ထူအုပ်ထားခင်းထားပါတယ်။
ရှေ့ကပေါ်တီကိုက ခြေထောက်နှစ်ချောင်းထဲဘဖြစ်ပြီး
အပေါ်က ကြည့်ရင် လိပ်ဦးခေါင်းပုံ ဖြစ်ပါတယ်။
အမိုးကတော့ အပေါ်က ကတ္တရာလိပ်မိုးထားတယ်လို့
ထင်ပါတယ်။ ဒီလိုအဆောက်အဦမျိုး B.P.ဘရှိနိုင်ပါတယ်။
အဓိကက အင်္ဂလိပ်လက်အောက်က မြန်မြန်လွတ်ချင်ဇောနဲ့ လွတ်လပ်ရေးယူလိုက်တဲ့အခါ အင်္ဂလိပ်က
ဘာကိုမှ စနစ်တကျလွှဲချိန် မရှိတော့ပါ။
အဲဒီ (တက္ကသိုလ်များ နယ်မြေအင်ဂျင်နီယာဌာန) မှာ
လုပ်တုန်းက Sewage lines တွေဆိုလည်း
ပိုက်ပေါက်မှ အောက်မှာ လိုင်း ရှိမှန်းသိရတာပါ။
တက္ကသိုလ်ထဲ မပြောနဲ့ ရန်ကုန်မြို့အတွက်လည်း
အင်္ဂလိပ်ခေတ်က လုပ်သွားတဲ့ Underground Services တွေအတွက်လည်း Drawings တောင်မရှိပါ။
အဲဒါဟာနှောင်းလူတွေတွေအတွက်အကြီးအကျယ်ဒုက္ခများရပါတယ်။
(6)74' မှာ1stMB စတက်တော့ လိပ်ခုံးက ကျွန်တော်တို့အတွက် အပမ်းဖြေစရာနေရာတစ်ခု ဖြစ်လာတယ်။
စာကျက်စရာနေရာ၊ ကြက်တောင်ရိုက်၊ခြင်းခတ်၊
ဘော်လုံးကန်၊ စစ်တုရင်ထိုး အမျိုးမျိုးသော
အားကစားလုပ်ရာနေရာပါ။ ပန်းချီပြပွဲ အခမ်းအနား၊
ညစာစားပွဲ ကျင်းပရာနေရာ အမျိုးမျိုး အသုံးခံခဲ့တယ်။
RASU မှာ ဂုဏ်ယူစရာက ဘွဲ့နှင်းသဘင်ခန်းမ၊
သစ်ပုပ်ပင် RC ။ ဆေး ၁ ရဲ့ဂုဏ်ယူစရာက လိပ်ခုံး။
လူသိနည်းတဲ့ အချက်တစ်ချက်က
လိပ်ခုံးခန်းမရဲ့ ဒေါင့် ၄ ဒေါင့်မှာ ၄ ပေ ပတ်လည်ခန့်ရှိ
ရေကန်ငယ်၄ ခုရှိနေတာပါဘဲ။
အခန်းအနားလုပ်ရင် တက်ရောက်မယ့်
ဧည့်သည်အရေအတွက်ပေါ်မူတည်ပြီး ကန်တွေကို
ရေအနိမ့်အမြင့် ထည့်ရပါတယ်။
ဟောပြောပွဲလုပ်တဲ့အခါ ထပ်ဆင့်အသံလှိုင်းတွေ
မထွက်ပေါ်စေဘဲ အသံကို ကြည်ကြည်လင်လင်
ကြားရအောင် တွက်ချက်စီမံ တည်ဆောက်ခဲ့တာ
အတုယူစရာပါ။ ရှေးဟောင်းလက်ရာဖြစ်တာရယ်၊
အင်္ဂျင်နီယာအတတ်တွေ မဖွံ့ဖြိုးခင်က တီထွင်
တွက်ချက်ဆောက်လုပ်ခဲ့တဲ့ နည်းပညာတွေ
ကွယ်ပျောက်သွားရတာကိုတော့ အရမ်းနှမျောမိပါတယ်။
(7)အဲဒီမှာ လိပ်ခုံးက တအိအိ ပြိုဆင်းနေပါပြီ။
Structue calculation မပြောနဲ့ Drawing တောင်မရှိပါ။
ဒီတော့ ထပ်ပြိုမကျအောင် အောက်က ငြမ်းဆင်ပြီး ထောက်ထားရပါတယ်။ ဘယ်လို လုပ်နိုင်မလဲဆိုတာ အစည်းအဝေးပေါင်းများစွာ ထိုင်ခဲ့ပေမယ့်
နည်းလမ်းမတွေ့ပါ။
တဖြည်းဖြည်း:ပြိုဆင်းနေတာကို မကုစားနိုင်တဲ့အဆုံး လေလံပစ်ပြီး ရောင်းစားလိုက်တာပါ။
သိရှိသူတွေ ခုထိ သက်ရှိထင်ရှားရှိနေဆဲပါ။
မေးလို့ရပါတယ်။ အဆင်ပြေရင် ကျွန်တော်နဲ့လည်း
တွေ့ပြီး မေးနိုင်ပါတယ်။ သိရှိသူတွေနဲ့ တွေ့ချင်တယ်ဆိုလည်း ကျွန်တော် လက်ဆွဲခေါ်သွားပေးပါ့မယ်။ စိတ်ကြိုက်မေးပါ။ အခုထိပင်စင် မယူရသေးသူတွေ ရှိနေဆဲပါ။
(😎 နောက်လိပ်ခုံးတခု ရှိသေးတယ်၊
တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းလျားလမ်းထောင့်မှာပါ။
သူကနည်းနည်း ငယ်တယ်။ ပြည်လမ်းလိပ်ခုံးထက်အရင် ဖြိုဖျက်ခံရပြီး ယခုအခါဒီနေရာမှာ အမေရိကန်သံရုံးရဲ့ အဆောက်အဦ တခုဆောက်လုပ်ထားတာ အမှတ်ရမိတယ်။
(9) လိပ်ခုံးထဲမှာ ဘာအခန်းအနားလုပ်လုပ်
စပီကာ ဆောင်းဘောက် ဘာမှမလိုပါ။
ရိုးရိုးပြောတာနဲ့တင် တခန်းလုံး ကြားရပါသည်။
အဲ့ထဲမှာ ဘောလုံးလည်း ကန်ဖူးတယ်။
stage အကန့်ရဲနောက်ထဲမှာလည်း ဖဲခိုးရိုက်ဖူးတယ်။
ဆေးကျောင်းတက်တုန်းက လွမ်းတာ....
မှန်ကူကွက် အဆောက်အဦက
ကျွန်တော် ဦးလေးတွေခေတ်က B.Sc.(Engg.)
တက်ခဲ့ကြတဲ့နေရာ
ကျွန်တော်တို့ခေတ်ကျ ဆေး(၁)။
(10) လိပ်ခုံးကတော့ ကျွန်တော် ညနေပိုင်း IFL
ပြင်သစ်ဘာသာ အချိန်ပိုင်း တက်ခဲ့ရတဲ့ နေရာ။
၁၉၆၄ ခုနှစ်က I.Sc.(A) ဥပစာသိပ္ပံ(က)ကို လိပ်ခုံးမှာ
တက်ခဲ့ရတယ်။
အင်္ဂလိပ်စာ ကျူတာ ဆရာမက ဒေါ်နွဲ့ယဉ်ဝင်း(အဆိုတော်)၊ သင်္ချာဆရာက ဦးစိန်ရှမ်း၊ အားလုံးဆရာတွေ ဝတ်ရုံအမဲကြီးတွေ (ရှေ့နေဝတ်ရုံမျိုး)ဝတ်ပြီး စာသင်ကြတယ်။
မြန်မာစာကလွဲရင် ကျန်ဘာသာတွေကို
အင်္ဂလိပ်လို ပြောသင်တယ်။
နယ်stateကျောင်းသား မောင်မှတ်တို့ ပါးစပ်ဟောင်းလောင်းနဲ့ ဘာမှနားမလည်ပါ။ ကျောင်းတက်ပြီး ၁ လကြာတော့
ပါချုပ်ခေါ်တွေ့တယ်။ Physics,Chemistry, Math
အားလုံး tutorial တွေမှာ (zero)ထွက်နေလို့။
မင်းတို့ အချိန်မီသေးတယ်။ RASUဝိဇ္ဇာသိပ္ပံတက္ကသိုလ်ပြောင်းခိုင်းတယ်။ ဒါကို "ဆရာကြီးရယ်-အင်ဂျင်နီယာ
ဖြစ်ချင်လို့ပါ၊ ကြိုးစားပါ့မယ်ဆိုပြီး တောင်းပန်တဲ့အတိုင်း ကြိုးစားတာ အင်ဂျင်နီယာ ဖြစ်လာတယ်။
အဲဒီတုန်းက ပညာရေးစံနစ်ပြောချင်တာ။
လိပ်ခုံးအောက်မှာ အအေးပေး ရေမြောင်းစံနစ်က
ရေက အသွားအပြန်ရေမြောင်းတွေနဲ့ ရှေ့က ရေကန်ကြီးကိုပို့၊ ရေပန်းနဲ့ အအေးခံတယ်။
ရွှေရောင်ခေတ်ကို သတိရလွမ်းမောမိပါရဲ့။
ဆရာမနွဲ့ယဉ်ဝင်း က သိပ်ချောပါသည်ဗျာ။ 💛
(11)၁၉၈၉-၉၀ခုနှစ်လောက်မှာ အဆည က
ပြုပြင် ထိမ်းသိမ်းနိုင်တော့ခြင်းမရှိတော့တဲ့အတွက် လေလံတင်ရာ ကြက်တန်းကုလားတွေက
၂၅သိန်း ၁ သောင်း နှင့် လေလံဆွဲ ၀ယ်သွားပါတယ်။😊🥲
ဆေးရေးပန်ချီကားနှင့် လိပ်ပြာတောင် အမိုးလေး ကျန်ခဲ့သော်လည်း ယခု မရှိရှာတော့ပြီ။
Credit .
Burmese Past - မြန်မာ့အတိတ်

ဓာတ်ပုံဆရာ Nico ရိုက်ကူးခဲ့သော ၁၉၈၂ ခုနှစ်ဝန်းကျင်မှ --------------------------မြန်မာ့နေ့စဉ်ဘ၀ပုံရိပ်များ 📸အဖိုးတန်တဲ့ ပ...
22/12/2024

ဓာတ်ပုံဆရာ Nico ရိုက်ကူးခဲ့သော ၁၉၈၂ ခုနှစ်ဝန်းကျင်မှ
--------------------------
မြန်မာ့နေ့စဉ်ဘ၀ပုံရိပ်များ 📸
အဖိုးတန်တဲ့ ပုံရိပ်တွေကို ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံပညာရှင်တွေကို တကယ်ကျေးဇူးတင်မိပါတယ်ဗျာ....... 🙏🏻

Photo - Credit

Burmese Past - မြန်မာ့အတိတ်

မင်းသားကြီး ရွှေဘ နဲ့.. လက်ဝှေ့ကျော်ဆရာကြီး ကျားဘညိမ်း...လက်ဝှေ့ သင်ကြား အမှတ်တရပုံရိပ်များ📸Burmese Past - မြန်မာ့အတိတ်
16/11/2024

မင်းသားကြီး ရွှေဘ နဲ့..
လက်ဝှေ့ကျော်ဆရာကြီး ကျားဘညိမ်း...
လက်ဝှေ့ သင်ကြား အမှတ်တရပုံရိပ်များ📸
Burmese Past - မြန်မာ့အတိတ်

စောင်ရုပ်က ဆိုးသေး... ဂျီးက များသေး...Burmese Past - မြန်မာ့အတိတ်
05/11/2024

စောင်ရုပ်က ဆိုးသေး...
ဂျီးက များသေး...

Burmese Past - မြန်မာ့အတိတ်

၁၉၆၀ ခုနှစ်ကျော် ဝန်းကျင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ..လေဒီရှရီရမ်ကောလိပ်က ဗမာကျောင်းသူတဦးနဲ့ သူမရဲ့သူငယ်Burmese Past...
02/11/2024

၁၉၆၀ ခုနှစ်ကျော် ဝန်းကျင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ..
လေဒီရှရီရမ်ကောလိပ်က ဗမာကျောင်းသူတဦးနဲ့ သူမရဲ့သူငယ်
Burmese Past - မြန်မာ့အတိတ်

မယ်ဟောင်ဆောင်ခရိုင် မယ်ဆိန်ခရိုင် ကျိုင်းတုံရှမ်း - ၁၉၀၀ ခန့်-------------------------Kengtung Shan of Amphoe Mae Sarian...
31/10/2024

မယ်ဟောင်ဆောင်ခရိုင် မယ်ဆိန်ခရိုင် ကျိုင်းတုံရှမ်း - ၁၉၀၀ ခန့်
-------------------------
Kengtung Shan of Amphoe Mae Sariang, Mae Hong Son Province - circa 1900

Burmese Past - မြန်မာ့အတိတ်

၁၉၇၀ ခုနှစ် အစောပိုင်းကာလများက မြန်မာမိန်းကလေးများရဲ့ ဓာတ်ပုံများ..-------------------ဒီ portrait ဓာတ်ပုံများကို ၁၉၇၂ ခု...
31/10/2024

၁၉၇၀ ခုနှစ် အစောပိုင်းကာလများက မြန်မာမိန်းကလေးများရဲ့ ဓာတ်ပုံများ..
-------------------
ဒီ portrait ဓာတ်ပုံများကို ၁၉၇၂ ခုနှစ်မှာ ရန်ကုန်မြို့ ၃၅ လမ်းမှာ အမေရိကန် ဓာတ်ပုံဆရာ Nick DeWolf မှ ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။

ပါတော်မူပြီးနောက် ပထမဆုံးတော်လှန်တိုက်ခိုက်ခဲ့သူ (သို့) ဝန်းသိုစော်ဘွားကြီး---------------------------မြန်မာ့သမိုင်းတွင်...
27/10/2024

ပါတော်မူပြီးနောက် ပထမဆုံးတော်လှန်တိုက်ခိုက်ခဲ့သူ (သို့) ဝန်းသိုစော်ဘွားကြီး
---------------------------

မြန်မာ့သမိုင်းတွင် ပါတော်မူပြီးနောက် အင်္ဂလိပ်တို့အား ပထမဆုံးတိုက်ခိုက်ခဲ့သူမှာ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ဖြစ်သည်။ မဟာဝံသသီရိဇယသိုဟုံဘွား ဘွဲ့စံ ဝန်းသိုစော်ဘွားကြီးအား ဦးရွှေသာ နှင့် ဒေါ်ဒွန်းဖြူ ခေါ် သုဝဏ္ဏာကယဒေဝီ တို့မှ ၁၈၆၂ခုနှစ်တွင် ဝန်းသိုမြို့၌ မွေးဖွားခဲ့သည်။

ငယ်စဉ်က ဝန်းသိုဆရာတေ်ာဦးဂုဏ ထံတွင် ပညာသင်ခဲ့ပြီး အရွယ်ရောက်လာသည့်အခါ စော်ဘွားကြီးက သားဖြစ်သူကို ကင်းဝန်မင်း ကြီးထံအပ်နှံကာ နန်းဓလေ့နှင့် အုပ်ချုပ်ရေးပညာရပ်များကိုသင်ယူစေခဲ့သည်။

ထို့နောက်သီပေါမင်းထံ ၌ကွမ်းရေတော်ကိုင်စာရေး အဖြစ် အမှုထမ်းခဲ့သည်။ ဦးအောင်မြတ်သည် စာပေကျမ်းဂန် ၊ ကဗျာ ၊ လင်္ကာ ၊ ဗေဒင် ၊ သမိုင်း ၊ အုပ်ချုပ်ရေး ၊ ဆေးပညာစသည့် ပညာရပ်မျိုးစုံကို ကျွမ်းကျင်တတ်မြောက်ခဲ့သည်။

၀န်းသိုစော်ဘွား ဦးရွှေသာ မိုးကောင်းမြို့ဝန်ဖြစ်ပြီးနောက် ဦးအောင်မြတ်သည် အသက် ၂၁နှစ်အရွယ်တွင် ဝန်းသိုစော်ဘွား ရာထူးကို ဆက်ခံခဲ့သည်။ မိုးညှင်းဒေသမှ ဗိုလ်ဝခေါင်းဆောင်သော သူပုန်များကို အောင်မြင်စွာနှိမ်နှင်းနိုင်သဖြင့် သီပေါမင်းက အားရတော်မူပြီး ဦးအောင်မြတ်အား ‘မောရိယမဟာဝံသ သီရိသုဓမ္မာရာဇာ’ ဘွဲ့အားချီးမြှင့် ခဲ့သည်။

ထို့နောက် သက်တူရွယ်တူဖြစ်သူ စကားစော်ဘွားသမီး စောရွှေကြည်နှင့် လက်ထပ်ခဲ့သည်။ ထိုစဉ်အတွင်း အင်္ဂလိပ်တို့က မန္တလေးကို သိမ်းရာ ဦးအောင်မြတ်သည် လူသူလက်နက်စုဆောင်းကာ အခြေအနေကို စောင့်ပြီး တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။

အင်္ဂလိပ်တို့အား ပြန်မတိုက်ခိုက်ရန် ဆရာဖြစ်သူ ကင်းဝန်မင်းကြီးထံမှ စာရောက်လာသလို ၊ ငယ်ဆရာ ဦးဂုဏ ကလည်း ဖြောင်းဖြခဲ့သည်။ ဆရာနှစ်ပါးကို လေးစားသဖြင့် နာခံပြီး သစ်လုပ်ငန်း နှင့် စပါးလုပ်ငန်းများကို လုပ်ရင်းအေးအေးဆေးဆေးနေသည်။ သို့သော် ဦးအောင် မြတ် ၏လုပ်ငန်းနေရာများကို ရယူလိုသည့် မသမာသူများက ဦးအောင်မြတ်စီးပွားရှာနေခြင်းမှာ ငွေကြေးစုဆောင်းပြီး အင်္ဂလိပ်တို့ အားတိုက်ရန်ဖြစ်သည် ဟု ကုန်းချောခဲ့ကြသည်။

အင်္ဂလိပ်တို့ကလည်း ဦးအောင်မြတ်အား နေပြည်သို့လာရောက်အစစ်ဆေးခံရန် ကင်းဝန်မင်းကြီးအား အကြောင်းကြားစေသည်။ ကင်းဝန် မင်းကြီးက အကြောင်းကြားရာ ဦးအောင်မြတ်က နေပြည်တော်သို့လည်း မလာလိုကြောင်း ၊ တပါးကျွန်လည်း မခံလိုကြောင်း ၊ အရိုအသေ မပြုနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်။

သည့်အတွက် ကင်းဝန်မင်းကြီးကိုယ်တိုင်လိုက်ပြီး ဦးအောင်မြတ်အားတွေ့ရန်လာသော်လည်း ဦးအောင်မြတ်မှာ မိုးကောင်းရောက် နေသဖြင့် မတွေ့သွားခဲ့ရ။ အင်္ဂလိပ်တို့ကလည်း ဦးအောင်မြတ်အားရာထူး ငွေကြေးများစွာဖြင့်စည်းရုံးခဲ့သော်လည်းမရ။ နောက်ဆုံးတွင် အင်္ဂလိပ်တို့သည် တပ်တစ်တပ်အား လွှတ်လိုက်ပြီး ဦးအောင်မြတ်တို့ သားအဖနှစ်ယောက်အား ဖမ်းဆီးရန် အမိန့်ထုတ်လိုက်သည်။

ဦးအောင်မြတ်ကလည်း ဝန်းသိုပတ်လည်တွင် သစ်တပ်မြို့ရိုးများ ၊ ကင်းများတည်ဆောက်ကာ ၊ လူသူလက်နက်စုဆောင်းပြီး အသင့်စောင့်နေခဲ့သည်။ မှန်ကင်းတောင်စခန်းတွင် အင်္ဂလိပ်တို့နှင့် ဦးအောင်မြတ်တပ်များ တိုက်ပွဲဖြစ်ပွားရာ အင်္ဂလိပ်တို့ရှုံးပြီး ဆုတ်ခွာခဲ့ရသည်။

ဆုတ်ခွာသွားသောတပ်အား လိုက်လံတိုက်ခိုက်ရာ အင်္ဂလိပ်စစ်ဗိုလ်တစ်ဦး နှင့်တပ်သား သုံးဦးကျဆုံးခဲ့ပြီး တိုက်ပွဲဖြစ်သည့်နေရာတွင် ကျွန်းတိုင်ကြီးတစ်တိုင် စိုက်ထူထားခဲ့သည်။

ထိုအချိန်မှ စ၍ ဦးအောင်မြတ်၏ အမည်သည် ကျော်ကြားလာခဲ့သည်။ အင်္ဂလိပ်တို့သည် အင်အားဖြည့်တင်းပြီးနောက် တစ်ကြိမ်ချီ တက်ပြန်ရာ ဦးအောင်မြတ်တပ်များ၏ တိုက်ခိုက်မှုကို ခံရပြန်သည်။ သို့သော် ဒီတစ်ကြိမ်တွင် အင်္ဂလိပ်တို့က လူအင်အားလက် နက်အင်အားများစွာ သာလွန်သဖြင့် ဦးအောင်မြတ်တပ်များ နောက်ဆုတ်ကာ တော်ထဲသို့မျှားခေါ်ခဲ့သည်။

နေရာကျွမ်းကျင်မှုကြောင့် အင်္ဂလိပ်တပ်များကို အကျအဆုံးများအောင်တိုက်နိုင်ခဲ့သည်။ ကျိုင်းခွင်တောင်ကုန်းတွင် အင်္ဂလိပ်စစ်သား များသေဆုံးသည့်နေရာတွင် စိုက်ထူထားသည့် ကျောက်တိုင်ကို ယနေ့ထိတိုင်တွေ့မြင်နိုင်သေးသည်။

ထိုနေ့တွင်ပင် ဗိုလ်ကြီး ဟတ်ချင်ဆန် ဦးဆောင်သော အင်္ဂလိပ်တပ်နှင့် ဥက္ကံမြို့အနီးတွင် ဆက်လက်တိုက်ခိုက်ခဲ့သေးရာ နှစ်ဖက်စလုံး အကျအဆုံးများပြီး ဗိုလ်ကြီး ဟတ်ချင်ဆန်လည်း ဒါဏ်ရာရခဲ့သည်။ ထိုဒါဏ်ရာနှင့်ပင် မကြာမီသေဆုံးခဲ့သည်။ လူအင်အားလက် နက်အင်အား မမျှသေ်ာလည်း မျိုးချစ်စိတ်ပြင်းထန်လှသဖြင့် ဝန်းသိုစော်ဘွားကြီးဦးဆောင်သော တပ်များသည် အင်္ဂလိပ်တို့အား နေရာအနှံ့မှတိုက်ခိုက်ရင်း အခက်အခဲဖြစ်စေခဲ့သည်။

ထိုအချိန်အထိ အင်္ဂလိပ်တို့က ဦးအောင်မြတ်အား သူပုန်ဟု မကြေငြာပဲ သူတို့ဘက်ကိုလာပါက ရာထူး ၊ စည်းစိမ်အမြောက်အများပေးပြီး အေးဆေးစွာနေရမည်ဟု ကမ်းလှမ်းခဲ့ပြန်သည်။ ဝန်းသိုစော်ဘွားကြီးလက်မခံသဖြင့် လက်အောက်ငယ်သားများ ကို ပေးကမ်းစည်းရုံးရာ စိတ်မခိုင်သော တပ်သားများမှာ အင်္ဂလိပ်တို့ဘက်ပါသွားခဲ့သည်။

ဝန်းသိုတပ်အင်အားလည်း တဖြည်းဖြည်းနည်းလာခဲ့ရသည်။ ကျန်လူများနှင့် ဆက် လက်တိုက်ခိုက်လျှင်ရသေးသော်လည်း အင်အားချင်းကွာခြားလွန်းလှသဖြင့် အတိုက်အခိုက်ရပ်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် အင်္ဂလိပ်တို့ လက်အောက်ကို မဝင်ပဲ ယူနန်စန်းတာမြို့တွင် သွားရောက်နေထိုင်ခဲ့သည်။ အင်္ဂလိပ်တို့၏ အပေးအယူကိုလက်ခံလျှင် အေးဆေးစွာနေရမည်ဖြစ်သော် လည်း သူတပါးလက်အောက်တွင် မနေလိုသောစော်ဘွားကြီးသည် စပါးအလုပ်လုပ်ရင်း ၊ ဆေးကုရင်း ကြပ်တည်းစွာနေထိုင်ခဲ့သည်။ အသက်အရွယ်ကြီးရင့်လာသောအခါ မဟာဒေဝီက ပြန်လာရန် အတန်တန်ခေါ်သဖြင့် နေရပ်သို့ ပြန်လာခဲ့သည်။

အင်္ဂလိပ်အစိုးရကထိုခေတ်ငွေ ၁၀၀ ထောက်ပံသည်။ လာရောက်ပေးသည့်ငွေအား သားသမီးများအားယူစေပြီးကိုယ်တိုင်ကလောကုတ္တရာ ဘက်တွင်သာ အားထုတ်နေခဲ့သည်။ ဂျပန်တို့လက်ထက်တွင်လည်း အင်္ဂလိပ်တို့ကဲ့သို့ပင် လစဉ် ငွေ ၁၀၀ စီထောက်ပံ့ခဲ့သည်။

လွတ်လပ်ရေးရပြီးနောက် မြန်မာအစိုးရက ဝန်းသိုစော်ဘွားကြီးအားကျေးဇူးဆပ်သည့်အနေဖြင့် သခင်ကိုယ်တော်မှိုင်းနှင့်တန်းတူလစဉ် ငွေ ၅၀၀ စီပေးခဲ့သည်။ စော်ဘွားကြီးသည် ၁၉၆၅ခုနှစ် ဇန်နဝါရီလ ၅ရက်နေ့ အသက် ၁၀၃နှစ် အရောက်တွင်ကွယ်လွန် အနိစ္စရောက် ခဲ့သည်။

Ref;
တစ်ချိန်က ထင်ရှားခဲ့သောပုဂ္ဂိုလ်ကြီးများ – ရွှေဥသြမြန်မာ့စွယ်စုံကျမ်း
ကိုလိုနီခေတ်အဘိဓာန် – မြဟန်
Credit : thutazone

#မြန်မာ့အတိတ်

ကမ္ဘာ့မြို့တော် ရန်ကုန် (၁၈၅၃-၁၉၆၂)မြန်မာ့သမိုင်းနှင့် ကမ္ဘာ့သမိုင်းကို ရှာဖွေလေ့လာခြင်း
25/10/2024

ကမ္ဘာ့မြို့တော် ရန်ကုန် (၁၈၅၃-၁၉၆၂)
မြန်မာ့သမိုင်းနှင့် ကမ္ဘာ့သမိုင်းကို ရှာဖွေလေ့လာခြင်း

အင်းဝ မျှော်စင်Burmese Past - မြန်မာ့အတိတ်
24/10/2024

အင်းဝ မျှော်စင်

Burmese Past - မြန်မာ့အတိတ်

တချိန်က
23/10/2024

တချိန်က

တခေတ်တခါက မန္တလေးမြို့မှထင်ရှားသော နဂါးဆေးလိပ်လုပ်ငန်းပိုင်ရှင် ဒေါ်ဦး အကြောင်း (သို့)သူ့အောင်မြင်မှုတွေကြောင့် လေယာဉ်ပ...
23/10/2024

တခေတ်တခါက မန္တလေးမြို့မှထင်ရှားသော နဂါးဆေးလိပ်လုပ်ငန်းပိုင်ရှင် ဒေါ်ဦး အကြောင်း (သို့)သူ့အောင်မြင်မှုတွေကြောင့် လေယာဉ်ပျံ ဝယ်ဖို့ကြံစည်ခဲ့သူ
မန္တလေးမြို့မှ ထင်ရှားသော နဂါးဆေးလိပ်လုပ်ငန်းပိုင်ရှင် ဘုရားအမ၊ ကျောင်းအမကြီး(၂၇ ဧပြီ ၁၉၁၀ မွေး-၁၁ ဇူလိုင် ၁၉၉၅ ကွယ်လွန်) ဖြစ်သည်။ ၁၉၁၀-ခု၊ ဧပြီလ (၂၇)ရက်နေ့တွင် အဖဦးထင်၊ အမိ ဒေါ်စုတို့က မန္တလေး၊ ဂုန္တန်ရပ်၌ မွေးဖွားခဲ့သည်။ မွေးချင်း - မွေးချင်း ၁၂ ယောက်ရှိပြီး သမီးဦးဖြစ်သည်။ လူထုဒေါ်အမာ၏ အစ်မအရင်းဖြစ်သည်။
ငယ်စဉ်က မန္တလေး၊ ဘီတီအင်ကျောင်း(ခ)ဗုဒ္ဓသာသနနုဂ္ဂဟမိန်းကလေးကျောင်း၌ ပညာဆည်းပူးသည်။ ၁၉၂၁ အမျိုးသမီးနေရှင်နယ်ကျောင်း စဖွင့်သောအခါ ပြောင်းရွှေ့ သင်ယူသည်။ သို့သော် သုံးနှစ်မပြည့်မီ နေရှင်နယ်ကျောင်း ပျက်သုဉ်းသွား၍ အေဘီအမ်ကျောင်းသို့ ထပ်ပြောင်းသည်။
ထိုခေတ်ကာလက မြန်မာအမျိုးသမီးများ အတန်းကျောင်း ပညာသင်ကြားခြင်းကို အားပေးလေ့ မရှိသောကြောင့် ဒေါ်ဦးမှာလည်း ၁၉၂၇၊ ခုနစ်တန်း အရောက်တွင် ကျောင်းထွက်လိုက်ရသည်။[၁] ၁၉၂၉-ခုတွင် မြင်းမူမှ ဝါစက်ပိုင်ရှင်[၁]ဦးထွန်းချွန်နှင့် အိမ်ထောင်ကျခဲ့သည်။

Burmese entertainers at Wembley (London) 1924.Burmese Past - မြန်မာ့အတိတ်
23/10/2024

Burmese entertainers at Wembley (London) 1924.

Burmese Past - မြန်မာ့အတိတ်

Mandalay 1900s  Past - မြန်မာ့အတိတ်
23/10/2024

Mandalay 1900s

Past - မြန်မာ့အတိတ်

ที่อยู่

92 Soi Pracha Rat Bamphen 7 Alley, Huai Khwang
Bangkok
10310

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Burmese Past - မြန်မာ့အတိတ်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Burmese Past - မြန်မာ့အတိတ်:

แชร์