Miko Idea, Lifestyle, Education☆彡
(1)

25/09/2024

အရသာရှိတဲ့ အရွက်ကြော်လေး🥚🥗

19/09/2024

ကျောင်းမသွား/အလုပ်မသွားခင်လေး ဆီချက်ခေါက်ဆွဲလေး အမြန်လုပ်စားကြမယ်🍜💛

ကြိုးစားမှရတော့မယ်ဆိုပြီး ဒီနှစ်ရဲ့၁လပိုင်းတည်းကစလာတာ အခုဆို၉လပိုင်းတောင်ရောက်နေပြီ။ဒါပေမယ့် ကိစ္စမရှိပါဘူး။ တကယ်သာကြိုး...
11/09/2024

ကြိုးစားမှရတော့မယ်ဆိုပြီး ဒီနှစ်ရဲ့၁လပိုင်းတည်းကစလာတာ အခုဆို၉လပိုင်းတောင်ရောက်နေပြီ။

ဒါပေမယ့် ကိစ္စမရှိပါဘူး။ တကယ်သာကြိုးစားမယ်ဆို ဒီ၃လအတွင်းလည်း စာတွေလုပ်လို့ မှီပါသေးတယ်။

ဒီတော့ ၃လအတွင်း အကျိုးရှိရှိစာလုပ်လို့ရအောင် အချက်(၃)ချက်ပြောပြပေးသွားပါမယ်ရှင်။

(၁) targetအရင်ထားပါ။ ၃လကျော်လို့ ဒီနှစ်ကုန်သွားရင်၊ ဘယ်လောက်ကို တိုးတက်နေရမယ်၊ ဘယ်လောက်levelထိ ရောက်နေရမယ်ဆိုတဲ့ mindsetကို တစ်ခါတည်း ပြင်ဆင်ထားပါ။

(၂) time-tableဆွဲပါ။
ကိုယ်နေ့စဉ်ပြုလုပ်ရမယ့် taskလေးတွေကို အရင်ခွဲ၊ အချိန်ကို ပိုင်းခြားပြီး ၁နေ့ကို အနည်းဆုံး ၄-၅နာရီ စာလုပ်ကြည့်ပါ။ (၄-၅နာရီဆက်တိုက် စာလုပ်ဖို့ ပြောတာတော့ မဟုတ်ဘူးနော်။ စာလုပ်ချိန်၂နာရီ၊ နားချိန်၁နာရီ အဲ့လို ပိုင်းခြားပြီးလုပ်သွားရင် ပေါ့ပေါ့ပါးပါးလေးနဲ့ အမြန်productiveဖြစ်ပါတယ်။)

(၃) Mentorထားပါ။ ကျွန်မတို့တွေဟာစိတ်ဓာတ်ကျနေတဲ့အချိန်မှာ ဘာမှမလုပ်ချင်တာများကြပါတယ်။ အဲ့လိုအချိန်မှာ ကိုယ့်ကို motivateဖြစ်စေမယ့်သူ၊ positive energyတွေဘဲ ကိုယ့်ပေါ်ရှိစေမယ့် သူကို ရင်ဖွင့်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်၊ ရင်ဖွင့်ရမယ့်သူမရှိလည်း အများကြီးကြိုးစားခဲ့ရပြီးအောင်မြင်လာတဲ့သူတွေကို ကြည့်ပြီး အတုယူကြည့်ပါ။ တကယ်ကို energyပြည့်လာပြီး စာလုပ်ချင်စိတ် ရှိလာမှာပါရှင်။ ကဲ ခုကစလို့ ပြင်ဆင်ပြီး၊ ကြိုးစားလိုက်ကြရအောင်။ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ဖို့က ၃လပဲ ကျန်တော့တာမို့လို့လေ။

ကိုယ်လိုချင်ရာ ပန်းတိုင်သို့ အရောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း….

Hello! ဒီနေ့မှာတော့ Mikoက Procrastinationဆိုတဲ့ တစ်ခုခုလုပ်တော့မယ်ဆိုရင် အချိန်ဆွဲနေမိတာ၊ နှောင့်နှေးနေတာ၊ မလုပ်ဖြစ်သေးတ...
10/09/2024

Hello! ဒီနေ့မှာတော့ Mikoက Procrastinationဆိုတဲ့ တစ်ခုခုလုပ်တော့မယ်ဆိုရင် အချိန်ဆွဲနေမိတာ၊ နှောင့်နှေးနေတာ၊ မလုပ်ဖြစ်သေးတာတို့ဆိုတဲ့ အဆင့်တွေကနေ ဘယ်လိုကျော်ဖြတ်ရမယ်ဆိုတဲ့ အချက်ကို အရိုးရှင်းဆုံးနည်းလေးနဲ့ Sharingလုပ်ပေးသွားပါမယ်ရှင့်။

အရင်ဦးဆုံး အနေနဲ့ မိမိဖြစ်ချင်တဲ့အရာကို လုပ်က်ိုလုပ်နိုင်ရမယ်ဆိုတဲ့ စိတ်ရှိဖို့က အရင်လိုအပ်ပါတယ်၊ ပြီးရင်တော့ ကိုယ်ဖြစ်ချင်တဲ့အရာကို နေ့စဉ် ပြုလုပ်နေဖို့ပါပဲ၊ ကိုယ့်စိတ်ကတော့လုပ်ချင်တယ်၊ ဒါပေမယ့် မအားလပ်ဘူး၊ အလုပ်သွားရတယ်၊ စတဲ့အကြောင်းပြချက်တွေနဲ့ဆိုရင်တော့ ကိုယ်ဖြစ်ချင်တာကို အစပျိုးလို့တောင် မရနိုင်ပါဘူး။

မအားလပ်ဘူးဆိုတာတောင်၊ ကိုယ်ဖြစ်ချင်တဲ့ အရာလေးအတွက် တစ်နေ့ကို အနည်းဆုံး ၁နာရီပဲဖြစ်ဖြစ်၊ ၂နာရီပဲဖြစ်ဖြစ် အချိန်ပေးပြီး နေ့စဉ်ပြုလုပ်မယ်ဆိုရင်တောင် ၆လလောက်ကြာတာနဲ့ ကိုယ့်ဘဝဟာ နဂိုကထက် သိသိသာသာ ပြောင်းလဲတိုးတက်လာမယ်ဆိုတာ အသေအချာပါရှင်။

ဥပမာအနေနဲ့ဆို ကိုယ်က ဘာသာစကားတစ်ခုခုကို တတ်မြောက်ချင်တယ်။ သူများတွေလိုလည်း အချိန်အများကြီး မပေးနိုင်ဘူးဆိုရင် Mikoပြောတဲ့ နည်းလမ်းလေးကို အသုံးပြုကြည့်ပါနော်။ Mikoကိုယ်တိုင်လည်း ဒီနည်းလမ်းလေးနဲ့ပဲ လုပ်ဆောင်လာတာ တော်တော်လေးကို အသုံးဝင်ပြီးတိုးတက်လာလို့ ပြန်လည် မျှဝေပေးတာပါရှင်။

ကိုယ့်ကိုယ်ကို အားမရဘူးဆိုပြီး အမြဲပြောလေ့ရှိလား။?အဲ့ဒါက ဘယ်ကနေ ဖြစ်လာတာလဲဆိုတာ သိလား။ကိုယ်က သူများတွေနဲ့ နှိုင်းယှဉ် နေ...
18/08/2024

ကိုယ့်ကိုယ်ကို အားမရဘူးဆိုပြီး အမြဲပြောလေ့ရှိလား။?
အဲ့ဒါက ဘယ်ကနေ ဖြစ်လာတာလဲဆိုတာ
သိလား။

ကိုယ်က သူများတွေနဲ့ နှိုင်းယှဉ် နေမိတဲ့အခါမှာ ငါက သူ့လောက်တောင်မတော်ဘူး၊ မလုပ်နိုင်ဘူး ဆိုပြီး အမြဲစိတ်ဓာတ်ကျနေတတ်တယ်။

အမှန်ကတော့ ကိုယ်ဦးတည်နေတဲ့ လမ်းကြောင်းကို ဖြောင့်ဖြောင့်မသွားဘဲ အများသူငါ ကြိုးစားနေတဲ့ အချိန်မှာ ကိုယ်က comfort zoneကနေ မရုန်းထွက်နိုင်သေးလို့ပါပဲ။ စိတ်ပျော်ရွှင်မှုနောက်ကို လိုက်ရင်း လိုက်ရင်း pressureတွေ ပင်ပန်းမှုဒဏ်တွေကို မခံနိုင်တော့ဘဲ comfort zoneမှာပဲ ပိတ်မိနေကြလို့ပါပဲ။

နောင်တဆိုတာ အခါနှောင်းမှ ရတတ်တာမို့ ပြီးခဲ့တဲ့ အတိတ်ကိုလည်း မေ့ပြစ်ပြီး၊ အခုလက်ရှိ အခြေအနေအတွက်သာ အကောင်းဆုံးကြိုးစားပါ။ ကိုယ့်ရဲ့ အနာဂတ်မှာ ချမ်းချမ်းသာသာနဲ့ စိတ်အေးလက်အေးနေချင်ရင် အခုဒီစာဖတ်ပြီးတဲ့ အချိန်မှာပဲ comfort zoneကနေ ရုန်းထွက်နိုင်ကြပြီး "ကိုယ်လိုရာ ပန်းတိုင်ကို အရောက်လှမ်းနိုင်ပါစေ" လို့ ဆန္ဒပြုရင်း……..

With love,
Miko

အရွယ်ငယ်တုန်းက ပညာမရှာဘဲ အလေလိုက်ခဲ့မိတယ်။ ခုတော့ တစ်ခုခုဆို စိတ်ထိခိုက်လွယ်နေပြီ။ depressionတွေ ဝင်နေပြီ။ လူငယ်တော်တော်...
03/08/2024

အရွယ်ငယ်တုန်းက ပညာမရှာဘဲ အလေလိုက်ခဲ့မိတယ်။ ခုတော့ တစ်ခုခုဆို စိတ်ထိခိုက်လွယ်နေပြီ။ depressionတွေ ဝင်နေပြီ။

လူငယ်တော်တော်များများ ကြိုးစားနေကြတဲ့၂၀၁၈လောက်ကပေါ့၊ Teenagerအများစုက Universityတွေတက်၊ Private Uniတွေ တက်ခဲ့ကြ၊ အမျိုးမျိုးသော Activitiesတွေ လုပ်ပြီး ဘဝကို ဖြတ်သန်းခဲ့ကြတယ်။ ပညာရေးမှာ ကြိုးစားတဲ့ လူတွေ ရှိသလို အလေလိုက်တဲ့သူတွေလည်း ပါတာပေါ့။

အခုဆို အများစုက နိုင်ငံခြားရောက်၊ တစ်ချို့က ဒီမှာဘဲ အလုပ်အမျိုးမျိုးထမ်းဆောင်ရင်း ကျန်ခဲ့ကြတာပေါ့။ လူငယ်တစ်ချို့ကလည်း နိုင်ငံခြားသွားဖို့ စာတွေလုပ်၊ pressureအမျိုးမျိုးထိကြရင်း ကျင်လည်နေကြတာပေါ့။ အဲ့ဒီထဲ Mikoလည်း ပါပါတယ်။
Mikoပြောချင်တာက လူငယ်တော်တော်များများ emotionalဖြစ်လွယ်ကြပါတယ်။ဒီStressတွေကို ဖြေလျှော့ဖို့ဆို…….

"✽ လက်ရှိအလုပ်ကိုသာ အာရုံစိုက်ပါ။
✽Manifestationလုပ်ပါ။
✽ တရားထိုင်ပါ။
✽ ကိုယ့်ကိုယ်သူများက judgeလုပ်တာကို လုံးဝအာရုံထဲ မထားပါနဲ့။
✽ တခြားသူပြောစကားလည်း အလွယ်တကူ မယုံပါနဲ့။”

Stressဆိုတာ ကိုယ့်စိတ်ထဲမှာ ထားနေရင်သာရှိနေတတ်တဲ့ အရာပါ။ လူတိုင်းစိတ်ဓာတ်ကျလွယ်ပါတယ်။ ဒီလို ဖြစ်တာကို အမြန်ဆုံး ကုသနိုင်ဖို့ တခြား အရာတွေကတော့…….

"✽ Motivational speechတွေနားထောင်ပါ။
✽ စိတ်ခွန်အား ဖြစ်စေမယ့် သီချင်းလေးတွေ နားထောင်ပါ။
✽ ကိုယ်စိတ်ဝင်စားရာ Languageတစ်မျိုးမျိုးကို သင်ယူပါ။"

ဒီလိုဆို stressတွေများနေတဲ့ ဘဝကြီးကို ကိုယ်ကpositive energyတွေအပြည့်နဲ့၊ပြောင်းလဲနေထိုင်နိုင်ပြီး mental healthလည်း ပိုမိုကောင်းမွန်လာမှာ အမှန်ပါပဲရှင်။

Miko-area

ที่อยู่

Bangkok

เบอร์โทรศัพท์

+959758355346

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mikoผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง บริษัท สื่อ


ครีเอเตอร์ดิจิทัล อื่นๆใน Bangkok

แสดงผลทั้งหมด