CNN Myanmar မှန်ကန်တဲ့သတင်းစာ‌ပေများကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် like & follow လေးလုပ်သွားပေးကြပါနော် �

07/03/2024

ပုစွန်တန်ပူရာကြော်လေးနဲ့ spicy ခေါက်ဆွဲနဲ့ ရှယ်ဆွဲမယ် 😋

25/02/2024

Seafood city မှာ ဟော့ပေါ့ ဘူဖေး အဝစားမယ် 🥵😋

09/02/2024

Ready ငံပြာရည်ချက်လေးနဲ့ ရှယ်ဆွဲပြီ အမျိုးတို့ 🥰🥰

08/02/2024

စိတ်ရိုင်းဝင်နေတဲ့ အကောင်ကြီးကို သီချင်းတွေနဲ့ ဘယ်လိုထိန်းချုပ်မလဲ 🤣🤣

04/02/2024

မမဆောင်း အကုန်ကြိုသိ 🤣
တစ်ယောက်မှမလွဲ 🤣🤣

31/01/2024

အရမ်းကောင်းတဲ့ show လေးက ဇာတ်ဝင်ခန်းတစ်ခုပါ 👍🥹

20/01/2024

Tell someone who you love in life, everybody should deserve with love 🤍

16/01/2024

ထိထိမိမိနဲ့ ဂွတ်ရှယ်ပဲဗျာ 🥺😋🤤

06/01/2024

Diamond 250 ဖြည့် ရတဲ့ free token တွေယူ၊ အဲ့တာတွေနဲ့လှည့်
ဆယ်ခါဟာ တစ်ခါတည်းလှည့်ရင် first 10x draw အတွင်း Karina KOF skin guaranteed ပေါက်တယ်နော်
အခု phase မှာလည်း dia 250 ဖြည့်၊ နောက် phase လာရင်လည်း dia 250 ဖြည့်၊ ပြီးရင် phase 2ခါစလုံးမှာ dia 250 လုံး သုံးလို့ ရတဲ့ free token တွေနဲ့ပဲ ဂုန်းဆင်း၊ bingo 3ခါစာ ရပါတယ်၊ ကံကောင်းရင် အဲ့ရတဲ့ bingo 3ခါက တန်းသွားရင် နောက် kof skin တစ်ကောင် ထပ်ရနိုင်ပါတယ်နော် good luck ညိုကီတို့ 🥰🎉

04/01/2024

မရဖူး ဒါမျိုးတော့ လာမကျောနဲ့ 🤣🤣

30/12/2023

#ဒီဇိုင်နာကိုလင်း #စုမြတ်ရည်

28/12/2023

I took her apple gadgets while she was sleeping and handcrafted new cases out of leather, will that make her surprised ? 🤐

27/12/2023

အပြောအဆိုမတတ်လို့သာ၊ အသံကတော့ တကယ်ကောင်းတဲ့လူ 😱

27/12/2023
24/12/2023

ညဆိုရင် ဆာလာပြီ 🫠 သူတို့ကြည့်လေ ဗိုက်ပိုဆာလေ 😭
Spicy လေးနဲ့ seafood လေးတွဲဆွဲ ရှယ်ပဲ 🤤😋

အားလုံးပဲ သာယာ‌အေးချမ်းသော ညနေခင်းလေး ပိုင်ဆိုင်နိုင်ကြပါစေ 🙏🙏🙏
17/12/2023

အားလုံးပဲ သာယာ‌အေးချမ်းသော ညနေခင်းလေး ပိုင်ဆိုင်နိုင်ကြပါစေ 🙏🙏🙏

15/12/2023

မြန်မာနိုင်ငံဟာ အခုအခါ အာဖဂန်နစ္စတန်ကို ကျော်ပြီး ကမ္ဘာပေါ်မှာ ဘိန်းထုတ်လုပ်မှု အများဆုံး နိုင်ငံဖြစ်လာပြီလို ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ ၃၆ ရာခိုင်နှုန်းတိုးလာပြီး တန်ပေါင်း ၁၀၈၀ ထုတ်လုပ်ခဲ့တယ်လို ဆိုပါတယ်။ ဒါဟာ အာဖဂန်နစ္စတန်နိုင်ငံ ထုတ်လုပ်တဲ့ ဘိန်းပမာဏ တန် ၃၃၀ ထက် အများကြီး ပိုများတာ ဖြစ်ပါတယ်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းခဲ့အပြီး နောက်ပိုင်း စီးပွားရေး၊ လုံခြုံရေး၊ တိုင်းပြည်အုပ်ချုပ်မှုတွေ ပျက်ပြားသွားခဲ့ရတဲ့အတွက် ဝေးလံခေါင်သီတဲ့ ဒေသတွေက လယ်ယာစိုက်ပျိုးသူတွေအနေနဲ့ သက်မွေးဝမ်းကျောင်းအတွက် ဘိန်းစိုက်ပျိုးလာကြရတယ်”လို ဒီအစီရင်ခံစာကို ရေးသားခဲ့သူ (UNODC) မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေး ကုလသမဂ္ဂအဖွဲရဲ့ ဌာနေကိုယ်စားလှယ် ဂျယ်ရမီ ဒေါက်ဂလပ်စ်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က တာလီဘန်အစိုးရက မူးယစ်ဆေးဝါး တားမြစ်ပိတ်ပင်မှုတစ်ခု လုပ်ခဲ့အပြီး အာဖဂန်နစ္စတန်နိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက ၉၅ ရာခိုင်နှုန်း ထိုးကျသွားခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ ပြည်တွင်းစစ် ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာတော့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေ ပိုတိုးချဲ့ လုပ်လာကြပြီး ငွေအရကောင်းတဲ့ အရင်းအမြစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဘိန်းဖြူ ထုတ်ရာမှာ အဓိကပါဝင်ပစ္စည်း ဖြစ်တဲ့ ဘိန်းစိမ်းကို မြန်မာနိုင်ငံမှာ စိုက်ပျိုး ထုတ်လုပ်လာတာ ဆယ်စုနှစ်ပေါင်း များစွာ ကြာနေပြီ ဖြစ်ပြီး အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲတွေက အဲဒီကနေ ငွေတွေ ရနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ်တွေ ဖြစ်လာခဲ့ရာကနေ ပြီးခဲ့တဲ့ တစ်နှစ်တည်းမှာတင် ဘိန်းစိုက်ပျိုးမှုက ခန့်မှန်းခြေ ၁၈ ရာခိုင်နှုန်း တိုးလာပါတယ်။ ဒါ့အပြင် စနစ်တကျ ထူထူထပ်ထပ် ဖော်ထားတဲ့ မြေကွက်တွေ၊ ဆည်မြောင်းစနစ်တွေနဲ့ တစ်ခါတလေ ဓာတ်မြေသြဇာတွေ သုံးထားတာကြောင့် လည်း ဘိန်းစိုက်ပျိုးမှု ပိုခေတ်မီတိုးတက်လာပြီး အထွက်နှုန်း ပိုတိုးလာတယ်လို အစီရင်ခံစာက ဆိုပါတယ်။

ဘိန်းစျေးတွေ တက်လာတာကလည်း ဘိန်းစိုက်မယ့်လူတွေ ပိုများလာစေပါတယ်။ ကိုဗစ် ကပ်ရောဂါဘေးကြီးနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ကျဆင်းနေမှုကြီးကြောင့် ဘိန်းစိုက်ပျိုးတာကသာ ပိုစိတ်ချရတဲ့ အလုပ်အဖြစ် လူတွေကို မြင်လာစေပါတယ်။

ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ စိတ်မကောင်းစရာ အစီရင်ခံစာသစ်မှာဆိုရင် မြန်မာနိုင်ငံဟာ စီးပွားရေး တိုးတက်မယ့်ပုံ မတွေ့ရဘူးလို ဖော်ပြထားပါတယ်။

တိုင်းရင်းသား မဟာမိတ် ညီနောင် သုံးဖွဲနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်ဟာ အရင်ကတည်းကိုက မြန်မာနိုင်ငံမှာ ဘိန်းထုတ်လုပ်မှု အများဆုံး နေရာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေမှုက လောင်းကစားဝိုင်းတွေ၊ ငွေကြေးလိမ်လည်မှုတွေ၊ မူးယစ်ဆေးတွေနဲ့ ချမ်းသာလာကြတဲ့ သြဇာအရှိန်အဟုန်ကြီးတဲ့ မာဖီးယား ဂိုဏ်းခေါင်းဆောင် မိသားစုတွေကိုတောင် ဖြုတ်ချ ဖယ်ရှားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း လက်နက်ကိုင်အဖွဲတွေအနေနဲ့က သူတိုရဲ့ စစ်ဆင်လှုပ်ရှားမှုတွေကို ငွေကြေးထောက်ကူနိုင်ဖို ဘိန်းရောင်းချမှုအပေါ်ကို မှီခိုအားထားနေရဆဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်နဲ့ တခြား နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနေတာ ကြောင့် ဘိန်းထုတ်လုပ်မှုတွေ ပိုတိုးလာဖိုပဲ ရှိတယ်လို မစ္စတာ ဒေါက်ကလပ်စ် က ပြောပါတယ်။

ဘိန်းစိုက်ပျိုးတဲ့ နေရာဒေသတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အများဆုံး ပိုကျယ်ပြန့်လာခဲ့ပြီး လက်နက်ကိုင်အဖွဲတွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ ချင်းနဲ့ ကချင်ပြည်နယ်တွေမှာလည်း ဘိန်းစိုက်ပျိုးမှု တိုးလာနေတယ်လို အစီရင်ခံစာက ဆိုပါတယ်။

လူသူအရောက်နည်းပြီး မဖွံဖြိုးတဲ့ မြေဆီလွှာ မကောင်းတဲ့ ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုကို စီးပွားရေး တွန်းအားတစ်ခုအဖြစ် လုပ်ကိုင်လာနေတာ အတော်ကြာနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက တခြားဒေသတွေမှာ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြသူ ရှမ်းပြည်နယ်က ဒေသခံ အတော်များများဟာလည်း ရှမ်းပြည်နယ်ထဲကို ပြန်လာကြပြီး ဘိန်းစိုက်ပျိုးတဲ့ အလုပ်ကို လုပ်နေကြပါတယ်။

ဘိန်းဖြူထုတ်လုပ်မှုနဲ့ မှောင်ခိုကုန်ကူးမှုဟာ ဘိန်းစီးပွားရေးလုပ်ငန်းမှာ အမြတ်အစွန်း အရဆုံး ဖြစ်ပါတယ်။ အခုနှစ်အတွင်း မြန်မာနိုင်ငံကနေ ဒေါ်လာ ၂ ဒဿမ ၂ ဘီလျံ တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၁၅၄ တန် ထုတ်လုပ်ခဲ့တယ်လို အစီရင်ခံစာမှာ ခန့်မှန်းဖော်ပြထားပါတယ်။

မြန်မာ၊ ထိုင်းနဲ့ လာအိုတို ထိစပ်နေတဲ့ ရွှေတြိဂံနယ်မြေဟာ အစဉ်အဆက် ကတည်းက ဘိန်းနဲ့ ဘိန်းဖြူ အဓိကထုတ်လုပ်ရာ အရင်းအမြစ်နေရာ ဖြစ်ခဲ့ပါတယ်။ မြန်မာနဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ ကမ္ဘာတဝန်း ရောင်းဝယ်နေကြတဲ့ ဘိန်းဖြူ အများစု ထုတ်လုပ်ရာ အရင်းမြစ် နိုင်ငံတွေ ဖြစ်ပါတယ်။

14/12/2023

တရုတ်ကတင်ပိုတဲ့ ကြက်သွန်ဖြူတွေဟာ အမေရိကန်အမျိုးသားလုံခြုံရေးအပေါ် သက်ရောက်မှုရှိတာမို အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးပေးသင့်တယ်လို အမေရိကန်အထက်လွှတ်တော်အမတ်တစ်ဦးက တောင်းဆိုလိုက်ပါပြီ။

တရုတ်ကြက်သွန်ဖြူတွေကို မသန့်မရှင်းနဲ့ထုတ်လုပ်ထားတာမို စိတ်မချရဘူးလို ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ် ရစ် စကော့က ကူးသန်းရောင်းဝယ်ရေးဝန်ကြီးထံကို စာရေးသားပြီး အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

တရုတ်ဟာ ကမ္ဘာပေါ်မှာ လတ်ဆတ်တဲ့ ကြက်သွန်ဖြူနဲ့ အအေးခံကြက်သွန်ဖြူ အများဆုံးတင်ပိုနေတဲ့နိုင်ငံဖြစ်ပြီး အမေရိကန်က အဓိကဖောက်သည် ဖြစ်နေပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံကြား ကုန်သွယ်ရေးမှာ အငြင်းပွားစရာတွေရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။

တရုတ်ဟာ ကြက်သွန်ဖြူတွေကို ထုတ်လုပ်မှုကုန်ကျစရိတ်ထက်နည်းတဲ့ တန်ဖိုးနဲ့ ဈေးကွက်ထဲတင်ပိုပြီး ဈေးကွက်ပျက်အောင် လုပ်နေတယ်လို အမေရိကန်က စွပ်စွဲထားပါတယ်။

အမေရိကန်ထုတ်လုပ်ရောင်းချသူတွေဟာ ကာလပေါက်ဈေးချင်းမယှဉ်နိုင်ဘဲ ဈေးကွက်ကနေ ထွက်ခွာသွားနိုင်ခြေရှိတာကို တားဆီးတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုဟာ ၁၉၉၀ ပြည့်နှစ်ကျော်ကာလတွေကတည်းက တရုတ်ပိုကုန်တွေအပေါ် ကုန်ပစ္စည်းခွန် သိုမဟုတ် အခြားအခွန်တွေ များများစားစားကောက်ခံလာခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ထရမ့်အစိုးရလက်လက်ထက်မှာ သွင်းကုန်ခွန်အပေါ် စည်းကြပ်တဲ့ပမာဏကို တိုးမြှင့်ခဲ့ပါတယ်။

လက်ရှိစိုးရိမ်စရာတွေနဲ့ပတ်သက်လိုလည်း အထက်လွှတ်တော်အမတ် စကော့က သူ့စာမှာ ရေးသားထားပါတယ်။

နိုင်ငံခြားတိုင်းပြည်တွေ အထူးသဖြင့် ကွန်မြူနစ်နိုင်ငံတရုတ်မှာ စိုက်ပျိုးတဲ့ ကြက်သွန်ဖြူတွေရဲ့ အရည်အသွေးနဲ့ အန္တရာယ်ကင်းမှုမှာ အများပြည်သူကျန်းမာရေးဆိုင်ရာ စိုးရိမ်စရာတွေရှိတယ်လို သူက ရေးသားထားပါတယ်။

ကြက်သွန်ဖြူတွေကို မစင်တွေလောင်းပြီး စိုက်ပျိုးတာအပါအဝင် အွန်လိုင်းဗီဒီယို၊ ချက်ပြုတ်မှုဆိုင်ရာဘလော့တွေနဲ့ မှတ်တမ်းဗီဒီယိုမှာ ဖော်ပြထားတဲ့ အလေ့အကျင့်တွေကို သူက ညွှန်းဆိုထားပါတယ်။

ထုတ်ကုန်တချိုက အမေရိကန်လုံခြုံရေးအပေါ် သက်ရောက်မှုနဲ့ပတ်သက်လို စုံစမ်းစစ်ဆေးခွင့်ပြုတဲ့ ဥပဒေတစ်ခုအရ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အရေးယူဆောင်ရွက်ပေးဖို သူက တောင်းဆိုထားပါတယ်။

စုံစမ်းစစ်ဆေးသင့်တဲ့ ကြက်သွန်ဖြူအမျိုးအစားတွေနဲ့ပတ်သက်လို အထက်လွှတ်တော်အမတ် စကော့က သေသေချာချာ ရေးသားဖော်ပြထားပါတယ်။

ကြက်သွန်ဖြူ တစ်လုံးလုံးကစပြီး အမြွှာလိုက် ကြက်သွန်ဖြူ ၊ အခွံခွာထားတဲ့ ကြက်သွန်ဖြူရော မခွာထား တဲ့ ကြက်သွန်ဖြူ ရော၊ အအေးခံထားတဲ့ ကြက်သွန်ဖြူ ရော လတ်ဆတ်တဲ့ ကြက်သွန်ဖြူပါ မချန် စုံစမ်းစစ်ဆေးဖို သူက တိုက်တွန်းထားပါတယ်။

ရေနဲ့ ဖြစ်စေ၊ အခြားပစ္စည်းနဲ့ဖြစ်စေ အချဉ်ဖောက်ထားတဲ့ ကြက်သွန်တွေကိုလည်း စုံစမ်းစစ်ဆေးရမယ်လို သူက တိုက်တွန်းထားပါတယ်။

အစားအစာအန္တရာယ်ကင်းရေးနဲ့ လုံခြုံရေးဟာ အသက်ရှင်သန်ရေးဆိုင်ရာအရေးပေါ်ဖြစ်ပြီး ဒါဟာ အမျိုးသားလုံခြုံရေး၊ အများပြည်သူကျန်းမာရေးနဲ့ စီးပွားရေးဖွံဖြိုးတိုးတက်မှုတိုအတွက် ကြီးမားတဲ့ အန္တရာယ်ဖြစ်တယ်လို လွှတ်တော်အမတ်က ပြောထားပါတယ်။

တရုတ်မှာ ကြက်သွန်ဖြူစိုက်ပျိုးတဲ့အခါ မစင်ကို ဓာတ်မြေဩဇာအဖြစ် အသုံးပြုထားတဲ့ အထောက်အထားမရှိဘူးလို ကနေဒါနိုင်ငံ ကွီဘတ်က သိပ္ပံဆိုင်ရာကိစ္စတွေကို နားလည်အောင် ရှင်းပြတဲ့နေရာမှာ နာမည်ကြီးတဲ့ မက်ဂီးတက္ကသိုလ်၊ သိပ္ပံနဲ့ လူ့အဖွဲအစည်းဆိုင်ရာဌာနက ရှင်းလင်းထားပါတယ်။

မစင်နဲ့စိုက်ပျိုးရင်လည်း ပြဿနာမရှိပါဘူးလို ၂၀၁၇ ခုနှစ်မှာ တက္ကသိုလ်က ပုံနှိပ်ဖော်ပြတဲ့ ပညာရပ်ဆိုင်ရာစာတမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

လူသားမစင်ဟာလည်း တိရစ္ဆာန်မစင်လိုပဲ စိုက်ပျိုးရေးမှာ ဓာတ်မြေဩဇာအဖြစ် အသုံးဝင်ပြီး သီးနှံစိုက်ခင်းထဲမှာ လူသားမစင်တွေဖြန်းတာက ကြားရတာတော့မကောင်းပေမယ့် ထင်ထားတာထက်ကို ဘေးကင်းပါတယ် လို စာတမ်းမှာ ဖော်ပြထားပါတယ်။

နောင်တစ်ချိန် ငါတို့ရဲ့ မြန်မာနိုင်ငံတော်ကြီး 🙏
13/12/2023

နောင်တစ်ချိန် ငါတို့ရဲ့ မြန်မာနိုင်ငံတော်ကြီး 🙏

13/12/2023

စစ်တပ်အာဏာသိမ်းထားတဲ့ ၃ နှစ်တာကာလမှာ အခု ဒီဇင်ဘာလအပါအဝင် အဆိုးရွားဆုံး စက်သုံးဆီရှားပါးပြတ်လပ်စျေးမြင့်တက်တဲ့ ပြဿနာ အနည်းဆုံးအကြိမ် ၂၀ နီးပါး ဖြစ်ထားပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အမေရိကန်ဒေါ်လာအဝင်/အထွက်တွေကို ထိန်းချုပ် ကိုင်တွယ်လိုက်တဲ့ နိုင်ငံခြားငွေတွေလဲရမယ် ဆိုတဲ့နောက်မှာ စက်သုံးဆီရှားပါးပြတ်လပ်ရတဲ့ ပြဿနာဖြစ်လာတာကို တွေ့ရပါတယ်။

သီလဝါဆိပ်ကမ်းက ပြဿနာတွေ
အခု ဒီဇင်ဘာလ ပထမပတ်အတွင်းကြုံနေရတဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြိုအများစုမှာ စက်သုံးဆီဝယ်မရတဲ့ပြဿနာ ဘာကြောင့် ဖြစ်နေတာလဲဆိုတာကို စက်သုံးဆီတင်သွင်းသူ၊ တစ်ဆင့်ခံရောင်းချဖြန့်ဖြူးသူနဲ့ သီလဝါဆိပ်ကမ်းမှာအလုပ်လုပ်ကိုင်နေသူတွေကိုဆက်သွယ် မေးမြန်းပြီး ဒီပြဿနာရင်းမြစ်ကို ရှာခဲ့ပါတယ်။
အခုနောက်ဆုံး ပြဿနာရဲ့ အစကတော့ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ ကြီးကြပ်မှုကော်မတီက စက်သုံးဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေကို ၂၀၂၃ ဒီဇင်ဘာ ၁ ရက်က စပြီး ဒေါ်လာမရောင်းပေးတာကနေ စခဲ့ပါတယ်။

လက်ရှိမှာ လုပ်ငန်းရှင်အချိုရဲ့ အပြောအရ ဒီဇင်ဘာပထမပတ်အတွင်း စက်သုံးဆီဖိုးပေးချေဖို ဒေါ်လာ ၁၇၆ သန်း ကျော် လိုအပ်နေတယ်ဆိုတဲ့ သတင်းတွေလည်း စက်သုံးဆီလုပ်ငန်းရှင်တွေကြား ပျံ့နှံနေတာပါ။
ဒါကို မြန်မာနိုင်ငံစက်သုံးဆီဖြန့်ဖြူးရောင်းချသူများအသင်းကို ဆက်သွယ်မေးမြန်းပေမဲ့ မသိရှိကြောင်းသာ တုံပြန်ပါတယ်။

ဒီဇင်ဘာ ၁ ရက်မတိုင်ခင်က ဓာတ်ဆီအမျိုးအစားအပါအဝင် Octane 92 နဲ့ 95 စက်သုံးဆီ တင်သွင်းသူတွေကို တင်သွင်းတဲ့ပမာဏအတွက်လိုအပ်တဲ့ အမေရိကန်ရဲ့ ဒေါ်လာ ၄၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းစျေး အမေရိကန် ၁ ဒေါ်လာကို ၂၁၀၀ ကျပ်နဲ့ ဗဟိုဘဏ်ကရောင်းချပေးခဲ့ပြီး ကျန်တဲ့ ၆၀ ရာခိုင်နှုန်းအတွက်ကို ပြင်ပပေါက်စျေးနဲ့ ဝယ်ယူတင်သွင်းခွင့်ပေးခဲ့တာပါ။

ဒါပေမဲ့ ဒီဇင်ဘာ ၁ ရက်ကစပြီး ပြောင်းလိုက်တဲ့ပုံစံ အရ ဆီတင်သွင်းမယ့် ပမာဏရဲ့ နိုင်ငံခြားငွေ ၁၀၀ ရာခိုင်နှုန်းလုံးအတွက် လိုအပ်တဲ့ အမေရိကန်ဒေါ်လာကို ပြင်ပပေါက်စျေးနဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။

‘’ဗဟိုဘဏ်က ဒေါ်လာမရောင်းပေးဘူးဆိုတာက ဗဟိုဘဏ်က ရာခိုင်နှုန်းအလိုက် စျေးခွဲပြီး ရောင်းပေးနေတာကို မရောင်းပေးတော့တာကိုပြောတာပါ။ ၁၀၀ ရာခိုင်နှုန်းလုံး အပြင်‌ပေါက်စျေးနဲ့ ဝယ်ရတာမျိုးဖြစ်သွားတာပါ‘’ လို ဆီတင်သွင်းတဲ့လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

သဘောကတော့ ဗဟိုဘဏ်က သူကြားခံရောင်းပေးနေတဲ့ ရာခိုင်နှုန်းခွဲတမ်းကို ဖျက်လိုက်ပြီး ဒေါ်လာ လိုအပ်ချက် ၁၀၀ ရာခိုင်နှုန်းလုံးကို စျေးကွက်ပေါက်စျေးနဲ့ အရောင်းအဝယ်လုပ်ခိုင်းလိုက်တာ ဖြစ်ပါတယ်။

‘’ဗဟိုဘဏ်က ဒေါ်လာရမယ့်နေရာကို ရှာပေးတာပဲလုပ်‌တော့တာ။ သူမရောင်းပေးတော့ဘူး။ ဘယ်မှာဒေါ်လာရှိတယ်။ ဘယ်လောက်ရောင်းပေးဆိုတာကို ညွှန်ကြားပေးတာပဲလုပ်‌တော့တာ။ ဗဟိုဘဏ်နဲ့ ဘဏ်တွေနဲ့ ချိတ်ထားပြီးသား။ သဘောက ဘဏ်မှာ ရှိသလောက်ပဲ ဒေါ်လာကရတယ်။ အပြင်စျေး လည်းဖြစ်သွားတယ်’’ လို ဆီတင်သွင်းနေတဲ့လုပ်ငန်းရှင်က ရှင်းပြပါတယ်။
ဒါပေမဲ့ စစ်ကောင်စီက နိုင်ငံခြားငွေဝယ်ယူ/ရောင်းချ/သုံးစွဲခွင့်ကို ဆက်လက်ထိန်းချုပ်ထားပြီး ဆီတင်သွင်းဖိုအတွက် ဝယ်ယူရမယ့် ဒေါ်လာဝယ်ယူခွင့်ကို နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီကပဲ ချထားပေးနေတာပါ။

‘’AD (နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် Authorised dealer AD လိုင်စင်ရဘဏ်) တွေကို ဗဟိုဘဏ်က ဆီသမားအတွက်က ဒေါ်လာဘယ်လောက်ရောင်းဆိုတာ ညွှန်ကြားထားပြီးသား။ AD ဘဏ်ကလည်း ကျွန်တော်တိုမှမဟုတ်ရင် အပြင်လူကို သွားရောင်းလိုမရဘူး’’ လို ဆီတင်သွင်းနေတဲ့လုပ်ငန်းရှင်က ရှင်းပြပါတယ်။

ဆီတွေကို ထိန်းပြီးရောင်းနေ
နောက်တစ်ချက်ကတော့ ဆီတင်သွင်းတဲ့လုပ်ငန်းရှင်တွေက သူတို Terminal (ဆိပ်ကမ်းက ဆီသိုလှောင်ရုံ) ထဲမှာရှိတဲ့ စက်သုံးဆီတွေကို ထိန်းပြီးရောင်းနေတာကြောင့်လည်း စျေးကွက်ထဲဆီရှားပါးနေတာပါ။
ဘာကြောင့်လဲဆိုရင် စစ်ကောင်စီ က တစ်ပတ်တစ်ခါ ထုတ်ပြန်နေတဲ့ တစ်ပတ်အတွင်းရောင်းချရမယ့် စက်သုံးဆီ ရည်ညွန်းဈေးသတ်မှတ်ချက်စနစ်ကို ဖြုတ်မပေးတာကြောင့်လို အကြောင်းပြပါတယ်။
ဆီကုန်သည်တွေက ဆီလက်ကျန်ကိုပါ တက်ဈေးနဲ့ရောင်းချင်နေပြီး စစ်ကောင်စီကခွင့်မပြုတာကြောင့် ဆီသမားတွေကလည်း ဆီကိုထိန်းပြီးလွှတ်နေတာလို လက်ခွဲဆီဒိုင်လုပ်ကိုင်သူတချိုကပြောပါတယ်။
''သူတိုကလည်းဘာပြောလဲဆိုတော့ သူတိုဒေါ်လာကို အပြင်ပေါက်စျေးနဲ့ ဝယ်ထားတာ ရည်ညွှန်းစျေးမဖြုတ်ရင် သူတိုရှုးမယ်ပေါ့။ အဲဒါကိုမဖြုတ်သေးရင် သူတိုလည်း ထိန်းဝယ်/ထိန်း‌ရောင်းမယ်ဆိုတာမျိုး ဖြစ်နေတာ'' လို လက်ခွဲဆီဒိုင်လုပ်ကိုင်သူက သီလဝါဆိပ်ကမ်းမှာဖြစ်နေတဲ့ အခြေအနေကိုရှင်းပြပါတယ်။

ိုတာစနစ် (ခွဲတမ်းစနစ်) ကြောင့်လည်း ဆီရှားပါးပြတ်လပ်တဲ့ပြဿနာကို မကြာခဏရင်ဆိုင်နေရတာလို ဆီတင်သွင်းသူတွေက ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံခြားအရန်ငွေလုံလောက်မှုမရှိတာနဲ့ လောင်စာဆီတင်သွင်းမှုအတွက်သုံးရတဲ့ဘတ်ဂျက်ကို လျှော့ချချင်တာကြောင့် ခွဲတမ်း စနစ်၊ ကိုတာစနစ်နဲ့ ဆီတင်သွင်းခိုင်းထားတာပါ။

ဆီတင်သွင်းခွင့်လိုင်စင်ရထားတဲ့လုပ်ငန်းပေါင်း ၇၀ ကျော်ထဲကမှ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အမှန်တကယ်စက်သုံးဆီတင်သွင်းခဲ့တဲ့ ကုမ္ပဏီတွေကို ရွေးချယ်လိုက်ပါတယ်။

စိစစ်ထားတဲ့ ဆီတင်သွင်းခဲ့တဲ့ကုမ္ပဏီတွေကို စစ်ကောင်စီလက်ထက်ပြန်ပြင်လိုက်တဲ့ဘတ်ဂျက်နှစ် ၁၈ လ နဲ့ စားလိုက်ပြီး အဲဒီမှာထွက်လာတဲ့ တစ်လပျှမ်းမျှတင်သွင်းခဲ့တဲ့တန်ချိန်ကို အတိုး အလျော့မရှိ သတ်မှတ်ပမာဏအတိုင်းသာ တင်သွင်းခွင့်ပြုတာဖြစ်ပါတယ်။

ဒါကြောင့်စျေးကွက်ထဲမှာ စက်သုံးဆီ ဝယ်လိုအားနဲ့ရောင်းလိုအားမမျှဘဲ ဆီစျေးကြီးတာမျိုး နဲ့ ဆီရှားတာမျိုးဖြစ်လာတာပါ။

အာဏာမသိမ်းခင်က ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေး ၂ ခုပေါင်း တင်သွင်းမှုက တစ်လကို ပျှမ်းမျှတန်ချိန် ၆ သိန်းကျော်ရှိတယ်လို ဆီလုပ်ငန်းရှင်တွေဆီက စာရင်းတွေကဖော်ပြပါတယ်။

အခုအာဏာသိမ်းပြီးနောက်မှာ ပင်လယ်ရေကြောင်းတစ်ခုတည်းကတင်သွင်းခွင့်ရှိပြီး အခုဆိုရင် တစ်လကို ဆီတန်ချိန် ၃ သိန်း ၇သောင်းနီးပါးပဲ ရှိပါတော့တယ်။

ဒီတော့ အာဏာသိမ်းပြီးတဲ့နောက် စက်သုံးဆီတင်သွင်းမှု ထက်ဝက်နီးပါးလျော့ကျသွားတဲ့သဘောပါ။

12/12/2023

#တရွန်အိုင် #စစ်ဗျူဟာစခန်းကုန်း

It doesn't matter how many resources you have ... if you don't know how to use them, it will never be enough. ✅
11/12/2023

It doesn't matter how many resources you have ... if you don't know how to use them, it will never be enough. ✅

Types of knives ✅
07/12/2023

Types of knives ✅

04/12/2023

👉 English စကားပြောကောင်းချင်ရင် ဒီလို American series ကားလေးတွေ ရွေးချယ်ကြည့်ရှုသင့်ပါတယ် ✅
👉 မူရင်း page ကို လေးစားစွာ credit ပေးပါတယ် 🙏

04/12/2023

#ဂျူး #စာရေးဆရာမဂျူး

09/08/2020
09/08/2020
01/03/2020

#রক্তের_বন্ধনে_বাধবো_মোরা....

আজ ১লা মার্চ স্বর্গীয় শ্রী ধীরেন্দ্র দেবনাথ মহাশয়ের ৬ষ্ঠ মৃত্যু বার্ষিকী উপলক্ষে উনার প্রতি শ্রদ্ধাঞ্জলি জানিয়ে ওনার স্মৃতিতে ওনার নিজ বাসভবনে ( রানীর বাজার দূর্গা নগর) ওনার ছেলে শ্রী ধ্রুব দেবনাথের উদ্যোগে এক রক্তদান শিবিরের আয়োজন করা হয়েছে।

--------মহতী অনুষ্ঠানে উপস্থিত ছিলেন---------
------হৃদয় সম্রাট সুদিপ রায় বর্মন--------

22/02/2020

#ঔঁম_নমঃ_শিবায় 🔱

সুদীপ রায় বর্মন সমর্থক গ্রুপের পক্ষ থেকে সকলকে জানাই মহা শিবরাত্রীর শুভেচ্ছা।

াদেব. 🙏🙏🙏

15/02/2020

মানবতার জয়---
মুসলিম মহিলার জীবন বাঁচাতে রক্তদান করলেন
বিজিত দাস।
সুদীপ রায় বর্মনের শিষ্যরা উনার দেখানো পথেই অনুসরণ করেন।
আজ আগরতলা জিবি হাসপাতালের ব্লাডব্যাংকে গিয়ে মুমূর্ষু এক মুসলিম মহিলার জীবন বাঁচাতে রক্তদান করলেন বিজিত দাস। আমার ফেসবুক পোষ্ট দেখে বিশিষ্ট সমাজসেবক Suman Nandi তার শ্যালককে রক্তদানে অবগত করেন।
সমাজ গঠনে মানব বন্ধন দৃষ্টান্ত স্থাপন করলেন সুমন ও তার শ্যালক।
মানবতার বন্ধনকে আটকে রাখতে পারেনা জাতপাতের প্রাচীর,তারই প্রমান মিলল আজ।

ที่อยู่

Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ CNN Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง CNN Myanmar:

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง บริษัท สื่อ


เว็บไซต์ข่าวและสื่อ อื่นๆใน Bangkok

แสดงผลทั้งหมด