ကရင်တိုင်းရင်းသားတွေရှိရာ နေရာဒေသအတွင်း နေ့စဥ် ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တင်ဆက်ပေးနေတဲ့ Phar Si Than Karens ရုပ်သံသတင်းအစီအစဥ်ကနေ ကြိုဆိုလိုက်ပါတယ်။
- မော်လမြိုင်မြို့မှာ မီတာခ နှုန်းထားတွေတိုးမြှင့်ကောက်ခံတာကြောင့် ပြည်သူတွေအခက်တွေ့
Youtube တွင်ကြည့်ရန် - https://youtu.be/M3G26pF1yi4
ကရင်တိုင်းရင်းသားတွေရှိရာ နေရာဒေသအတွင်း နေ့စဥ် ဖြစ်ပေါ်နေတဲ့ သတင်းတွေကို တင်ဆက်ပေးနေတဲ့ Phar Si Than Karens ရုပ်သံသတင်းအစီအစဥ်ကနေ ကြိုဆိုလိုက်ပါတယ်။
- ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေး၁ဦးအပါအဝင်၂ဦးသေဆုံး
- သိမ်ဇရပ်မြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံ ၃ ဦးထိခိုက် ဒဏ်ရာရ
Youtube တွင်ကြည့်ရန် - https://youtu.be/UACEas7JpGk
ကျုံဒိုးမြို့ခံပြည်သူေတွကို၂၃ရက်နေ့အပြီး စစ်တပ်ကပြောင်းရွှေ့ခိုင်းနေတယ်လို့ သတင်းတွေထွက် ပေါ်
ဧပြီလ ၂၃ ရက် ၂၀၂၄
ကရင်ပြည်နယ်၊ကျုံဒိုးမြို့အတွင်းက ဒေသခံပြည်သူတွေကို စစ်တပ်က ၂၃ရက်နေ့အပြီးပြောင်းရွှေ့ခိုင်းနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။
ဧပြီလ ၂၁ရက်နေ့ကနေအခုလိုသတင်းမျိုးထွက်ပေါ်ခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ ခမရ (၅၄၅)တပ်ရင်းအနီးမှာနေထိုင်တဲ့ပြည်သူအများစုကတော့အခြားေကျးရွာေတွဘက်ကို ပြောင်းရွှေ့သွားကြတယ်လို့လဲဆိုပါတယ်။
အခုလို ပြောင်းရွှေ့ခိုင်းရခြင်းဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ နဲ့ ထိတွေ့မှုဖြစ်ပွားတဲ့အခါ ပစ်ကွင်းမလွတ်မှာ ဆိုးလို့ ရွှေ့ခိုင်းတာဖြစ်နိုင်တယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။
“စစ်တပ်နားကအိမ်တွေကအိမ်အခွံပဲကျန်တယ်ပစ္စည်းတွေအာ
ကျုံဒိုးမြို့အနီးတဝိုက် တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်
**************
ဧပြီလ ၁၉ရက် ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ်၊ ကျုံဒိုးချောင်းဖျားကျေးရွာမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုေတွပါ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဧပြီလ ၁၉ရက် မနက်၇နာရီဝန်းကျင်အချိန်မှာကျုံဒိုးမြို့တစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KNLA၊ PDFပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားေနစဉ် စစ်ကောင်စီတပ်ကလေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျုံဒိုးချောင်းဖျားလမ်းရှိစစ်ကောင်စီတပ်အထိုင်ချထားတဲ့ ဂိတ်စခန်းတစ်ခု မီးလောင်ပျက်စီးခဲ့တယ်လို့ ကျုံဒိုးမြို့ခံတစ်ဦးကဆိုပါတယ်။
“မနက်ကတော့ချောင်းဖျားဘက်မှာထိတွေ့တိုက်ပွဲဖြစ်တဲ့ပုံပဲကိုယ်တွေကတော့အသံကြားရင်တော့
မင်္ဂလာပါ People’s Radio Myanmar ရဲ့ Phar Si Than Karen’s Voice ရဲ့ ကရင်ဘာသာ Podcast အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ ဒီကနေ့ ထုတ်လွှင့်တင်ဆက်ပေးသွားမဲ့ သတင်းအကြောင်းအရာ တွေကတော့ -
- ကမမောင်းရှိရပ်ကွက်၂ခုကနေအိမ်၁၃လုံးကပိုင်ရှင်တွေကို BGF တပ်သားတွေကနေ့စဉ် ခြိမ်းခြောက်နေ
- ကော့ကရိတ်မြို့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး နေအိမ် ၅ လုံးထပ်မံမီးလောင်
- ကျိုက်ဒုံမြို့မှာ စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက်လက်နက်ကြီးနဲ့ပစ်ခတ်နေ
- ကော့ကရိတ်မြို့ ခုနှစ်တိုင်ကျေးရွာနဲ့ ကိုးတိုင်ကျေးရွာတွေမှာ တိုက်ပွဲ ပြင်းထန်ဖြစ်ပွား
-မရမ်းကုန်းကျေးရွာကအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ကမီးရှို့သတ်ဖြတ်
ကော့ကရိတ်မြို့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး နေအိမ် ၅ လုံးထပ်မံမီးလောင်
**************
ဖေဖော်ဝါရီလ ၆ရက်၊ ၂၀၂၄ ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံနေအိမ် ၅ လုံး ထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား ဖေဖော်ဝါရီလ ၅ရက်နေ့ မနက်ပိုင်းလောက်ကစပြီး ခလရ ၉၇ အနီးတစ်ဝိုက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အခုလို တိုက်ပွဲ ဖြစ်ပွားပြီး ညနေ ၅နာရီကျော်လောက်မှာ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝင်းကြီးရပ်ကွက်ရှိ နေအိမ် ၅ လုံးထပ်မံမီးလောင်ပျက်စီးခဲ့ကာ ည၉နာရီကျော်တဲ့အထိ မီးဆက်လောင်ခဲ့တယ်လို့ ကော့ကရိ
စစ်ကောင်စီတပ်ရဲ့ခလရ (၁၀၆)တပ်ရင်းကို ရေးဘီလူးအဖွဲ့သွားရောက်တိုက်ခိုက်
*************
ဇန်နဝါရီလ ၁၇ရက်၊ ၂၀၂၄ခုနှစ်
မွန်ပြည်နယ်၊ရေးမြို့နယ်ရှိ မော့ကနင်ကျေးရွာအခြေစိုက် ခလရ (၁၀၆)တပ်ရင်းကို ရေးဘီလူးအဖွဲ့ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီသားထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။
ဒီနေ့ဇန်နဝါရီလ ၁၇ရက်နေ့ မနက်၆နာရီဝန်းကျင်အချိန်မှာ မော့ကနင်အခြေစိုက် ခလရ(၁၀၆)တပ်ရင်းကို ရေးဘီလူးအဖွဲ့သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေလည်းဖြစ်ပွားခဲ့သလို စစ်သား၄ဦးလည်းသေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကပြောပါတယ်။
“မနက်ကတော့၆နာရီကျော်ကျော်လောက်ရှိမယ် တပ်တံခါးဖွင့်တဲ့အချိန်ပေါ့ သူတို့တန်းစီပြီး တန်းဖြုတ်တဲ့အချိန်ပေါ့နော်ဂိတ်တံခါးလာဖွင့်တဲ့အချိန်ကျွန်တော်တို့ ဝင်ရောက်တိုက်ခိုက်တ