We Play We Throw ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก We Play We Throw, ครีเอเตอร์วิดีโอการเล่นเกม, Sanam Chain Road, Bangkok.

17/09/2023

Gorgc witnesses a classic 33 efficiency play with refresher & midas

16/09/2023

How to Nature's Prophet (Beginner's guide)
==========================
ဒီ Video က အခုလက်ရှိ Meta မှာ hot ဖြစ်နေတဲ့ Nature's Prophet အတွက် Beginner's guide ဖြစ်ပါတယ်။ Beginner တွေအတွက်ဆိုတာကြောင့် အခုမှ Dota စဆော့ဖြစ်တဲ့သူတွေရော
Nature's Prophet အကြောင်းသေချာမသိသေးသူများကို အဓိကရည်ရွယ်ထားတာပါ။ အဓိကအချက်တွေကို တိုတိုနဲ့လိုရင်းကိုပဲတင်ဆက်ထားပေးပါတယ်။
ပထမဆုံး Guide video ဖြစ်တဲ့အတွက် အမှားပါရင် ဝေဖန်ထောက်ပြပေးပါဦးလို့။ နောက်လဲ ပိုမိုကောင်းမွန်တဲ့ Content တွေ Video တွေကိုတင်ဆက်ပေးသွားဦးမှာဖြစ်လို့ ဒီ Video လေးကို
သဘောကျတယ်ဆိုရင် Like & Share လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။

13/09/2023

SUMAIL vs BRYLE 1v1 SHADOWFIEND - BetBoom Dacha TieBreaker

13/09/2023

200 IQ Manta + Hurricane Pike Usage

12/09/2023

Tundra.Topson preparing for TI12

Emperor Xu Mail
30/05/2023

Emperor Xu Mail

WEU DPC Tour 3 အတွင်း Boxi မအားလို့ အငှားလာကစားမယ့် GHကြော်ငြာကဏ္ဍ - Nigma Galaxy ဒိုတာအငှားလိုက်ခုတ်သည်။ ဆက်သွယ်ရန် - ပ...
13/05/2023

WEU DPC Tour 3 အတွင်း Boxi မအားလို့ အငှားလာကစားမယ့် GH

ကြော်ငြာကဏ္ဍ - Nigma Galaxy ဒိုတာအငှားလိုက်ခုတ်သည်။ ဆက်သွယ်ရန် - ပြောင်ကြီး နှင့်ညီကိုများ

Old.G has bought backFor those who don't know:ဘာလင်မေဂျာတုန်းက resolution နဲ့ kitrak ကို stand in ကစားဖို့လွှတ်ပေးလိုက်ရ...
10/05/2023

Old.G has bought back

For those who don't know:
ဘာလင်မေဂျာတုန်းက resolution နဲ့ kitrak ကို stand in ကစားဖို့လွှတ်ပေးလိုက်ရတာကြောင့် Old.G က Div 2 တန်းမဆင်းရဖို့နောက်ဆုံးအဆုံးအဖြတ်ပွဲ ဖြစ်တဲ့ PuckChamp နဲ့ပွဲကို Forfeit ပေးလိုက်ရပါတယ်။ ​အဲ့တော့ Ceb က twitter မှာပေါက်ကွဲရော PGL ကဘာဖြစ်တယ်ညာဖြစ်တယ်ဘလာဘလာ လုပ်တော့ PGL က Old.G ကို သူတို့ကိုမကောင်းပြောတဲ့အတွက် Closed qualifier တောင်ပါခွင့်မပးတော့ပဲ Open qualifier ကနေပဲစပြိုင်ရမယ်လို့ သတ်မှတ်လိုက်ရော။ အဲ့တော့ ဆရာသမားက Div 2ရောက်ပြီးသား Puckchamp ကိုဝယ်ပြီး ဝင်ဆော့တယ်ပေါ့ xD

Aster ပိုင်ရှင် Xiaofei live stream တစ်ခု မှာ Sumail နဲ့ပက်သက်ပြီးပြောသွားခဲ့ပါတယ်- Xiaofei ပြောသွားတာကတော့ တရုတ်အသင်းတွ...
10/05/2023

Aster ပိုင်ရှင် Xiaofei live stream တစ်ခု မှာ Sumail နဲ့ပက်သက်ပြီးပြောသွားခဲ့ပါတယ်

- Xiaofei ပြောသွားတာကတော့ တရုတ်အသင်းတွေကနေ ပြည်ပကစားသမားခေါ်ယူခဲ့တာ ပထမဆုံး TI ကတည်းကပါ (Chuan ကိုဆိုလိုခြင်းဖြစ်)အဲ့အတွက် Sumail ကိုခေါ်တာအထူးအဆန်းတော့မဟုတ်ပါဘူး
- ဟိုအရင်ကတည်းက Sumail ကိုခေါ်ဖို့စီစဥ်ခဲ့ဖူးတာကြောင့် အခုချိန်မှာ Sumail ဆီမှာ Chinese work visa ရှိနေပါပြီ။ အဲ့တစ်ခေါက်တုန်းက Sumail မလာဖြစ်ခဲ့ပေမယ့် Visa လျှောက်ပေးပြီးသားဖြစ်နေတာပါ။
- Aster အခြေစိုက်တဲ့ ရှန်ဟိုင်းမြို့မှာ အနောက်တိုင်းအစားအသောက်ဆိုင်တွေအများကြီးရှိလို့ အစားအသောက်အခက်အခဲမရှိပါဘူး။ အကယ်လို့ရှိခဲ့ရင်လဲ Sumail အတွက် စာဖိုမှူးသီးသန့်ငှားပေးသွားမှာပါ။
- စစချင်းတုန်းက ဒီကမ်းလှမ်းမှုကို Sumail ငြင်းခဲ့ပါတယ်။ သူက TI လောက်ပဲလာကစားရုံနဲ့ တရုတ်ကိုပြောင်းမလာချင်ပါဘူး — ဒါဘဝပြောင်းလဲမှုကြီးတစ်ခုပဲလေ။ အဲ့လိုနဲ့ နှစ်ဖက်စလုံးက ရေရှည်လက်တွဲဖို့သဘောတူခဲ့ပြီး အနည်းဆုံး တစ်နှစ်ခွဲ နောက် TI ထိ Sumail ရှိနေမှာပါ။
- Sumail မိသားစုကလဲ ဒီအပြောင်းအရွေ့ကိုသဘောတူကြပါတယ်။ သူအရင်ဆုံး US ကိုပြန်မယ် ပြီးရင် မေလအကုန်လောက်မှာ တရုတ်ကိုပြန်လာပါမယ်။
- Aster ဖက်ကလဲ TI ဝင်ခွင့်အတွက်သက်ရောက်မှုရှိကြောင်း အဲ့အတွက်နားလည်ပေးစေချင်ကြောင်း Valve ကိုဆက်သွယ်ပြီးပါပြီ။ Sumail ကိုလဲ TI ဝင်ခွင့်ရနိုင်ချေ မရနိုင်ချေကိုရှင်းပြခဲ့တဲ့အခါ သူက စိတ်မပူပါနဲ့ သူရောက်နေပြီပဲ တိုက်ရိုက်ဝင်ခွင့်ရမှာပါလို့ပြောခဲ့ပါတယ် (ofcoz he is the King!)😜
- လစာနဲ့ပက်သက်ပြီးတော့ သေချာမပြောသွားပေမယ့် သူပြောသွားတာကတော့ စျေးတော့မနည်းပါဘူး ဒါပေမယ့် များတယ်လို့လဲပြောမရပါဘူး ဘာလို့လဲဆိုတော့ Sumail ဖြစ်နေတော့ တန်နေပါပြီ။
- Sumail ကလည်းတရုတ်စကားသင်မယ် တခြားအသင်းဖော်တွေကလဲ English စကားပြောသင်မယ်ဆိုတဲ့အတွက် အနည်းဆုံးတော့ပွဲအတွင်း ပြောရဆိုရအဆင်ပြေလာမှာပါ။ ဒါပေမယ့် Sumail က english လိုပြောပြီး ကျန်တဲ့လူတွေက တရုတ်လိုပြောမှာပါ 😁😁
- Somnus ကိုပြောကြည့်ခဲ့ပါသေးတယ်။ Somnus ကလာဖို့ နည်းနည်းလေးတွေဝေနေခဲ့ပါတယ်။ လစာအကြောင်းဆွေးနွေးတဲ့အထိတောင်မရောက်ခဲ့ပါဘူး။ ဒါပေမယ့် Xiaofei Somnusအတွက်သုံးမယ့် ဘတ်ဂျက်က နှစ်ဝက်စာ(TI အထိ)ကို ယွမ် ၂သန်း(မြန်မာငွေ သိန်း၆၀၀၀ခန့်) ပါ။
- ကျန်တဲ့ကစားသမားလေးယောက်ကို Sumail နဲ့ပက်သက်ပြီးမေးကြည့်တဲ့အခါ သူတို့ပြန်ပြောတာကတော့ Sumail က perfect mid player ပါပဲတဲ့။
- Sumail ကို လေဆိပ်မှာလာကြိုမယ့်ပရိတ်သတ်တွေအများကြီးရှိနေမှာပါ။ ဒီမှာ သူ့fan တွေအများကြီးရှိတယ်လေ။
- အကယ်လို့ Sumail သာငြင်းခဲ့မယ်ဆိုရင် Topson ဖြစ်ဖြစ် 9panda က mid player(kiyotaka) ကိုပဲဖြစ်ဖြစ် ဆက်သွယ်ဖြစ်ခဲ့မှာပါ။

ဘယ်လောက်တောင် စိတ်နာသွားလဲမသိ chatwheel နဲ့ပဲ communicate လုပ်လို့ရတဲ့အသင်းဆီပြောင်းသွားလေရဲ့😆😆GL King
08/05/2023

ဘယ်လောက်တောင် စိတ်နာသွားလဲမသိ chatwheel နဲ့ပဲ communicate လုပ်လို့ရတဲ့အသင်းဆီပြောင်းသွားလေရဲ့😆😆

GL King

👌
07/05/2023

👌

VTuber ဆိုတာဘာလဲ...Streaming တွေခေတ်စားလာတာနဲ့အမျှ Streamer တွေလဲ contentမျိုးစုံ idea အသစ်အဆန်းတွေနဲ့ သူများနဲ့မတူအောင်...
19/04/2023

VTuber ဆိုတာဘာလဲ...
Streaming တွေခေတ်စားလာတာနဲ့အမျှ Streamer တွေလဲ contentမျိုးစုံ idea အသစ်အဆန်းတွေနဲ့ သူများနဲ့မတူအောင် ရိုးမသွားရအောင်အပြိုင်အဆိုင်ဖန်တီးနေကြတဲ့ခေတ်ဖြစ်နေပါပြီ...
VTuber ဆိုတာကတော့ Virtual Youtuber ကိုအတိုကောက်ခေါ်တာဖြစ်ပြီး မြန်မာမှုဆီလျော်အောင်ပြုရမယ်ဆိုရင်တော့ ပုံရိပ်ယောင်သုံး ယူကျူဘာ/ စထွင်မာ လို့ပြောလို့ရမယ်ထင်ပါတယ်။
VTuber တစ်ယောက်ဟာ ဒီဂျစ်တယ်နည်းပညာနဲ့ဖန်းတီးထားတဲ့ ပုံရိပ်(avatar) ကိုအသုံးပြုတဲ့အတွက် ကိုယ့် identity အစစ်အမှန်ကိုလူသိခံစရာမလိုတဲ့အပြင်ကို virtual avatar ကိုကာဗာယူပြီး content တွေစိတ်ကြိုက်ဖန်တီးနိုင်တာကလဲ အားသာချက်တစ်ခုလို့ဆိုလို့ရပါတယ်။ များသောအားဖြင့်တွေ့ရတာတော့ Anime style avatar တွေပါ။ VR နည်းပညာသုံးပြီး motion capture ကိရိယာနဲ့ avatar ကိုသက်ဝင်လှုပ်ရှားစေတာပါ။

The Advisors Alliance (2017)         ခုခေတ်မှာလို ပေါတောတော CGI တွေနဲ့တရုတ်ကားတွေ များလာတဲ့ ခေတ်မှာ Chinese Movie ဆိုတာန...
17/04/2023

The Advisors Alliance (2017)

ခုခေတ်မှာလို ပေါတောတော CGI တွေနဲ့တရုတ်ကားတွေ များလာတဲ့ ခေတ်မှာ Chinese Movie ဆိုတာနဲ့ ဂျင်းလို့ စိတ်ထဲတန်းမြင်တဲ့အထိ စိတ်ထဲစွဲခဲ့တယ်။ တရုတ်ကားဆိုတာနဲ့ ဟင့်အင် တပိုင်းတပြတ်နဲ့ ထားခဲ့တဲ့ ကားတွေလည်း မနည်းဘူး မှတ်မှတ်ရရ ၂၀၁၈-၂၀၁၉ တုန်းလောက်က ဒီ Series လေးကြည့်မိတာ တော်တော်လေးစွဲသွားပြီး နေ့မအိပ် ညမအိပ် ထိုင်ကိုကြည့်ခဲ့တာ။ တရုတ်ကားကောင်းကောင်းလေးတွေ ငတ်နေတာလည်း ပါတာပေါ့။
မင်းသား Wu Xiubo (Sima Yi) နဲ့ မင်းသမီး Liu Tao (Zhang Chunhua) တို့ Chemistry မိမိနဲ့ ဇာတ်ကိုဆွဲခေါ်သွားတာလည်း ကောင်းတယ် ။ Three Kingdom Series မှာ Liu Bei နေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Hewei Yu ဒီ Series မှာ Cao Cao နေရာက ပြန်သရုပ်ဆောင်ထားတာ အတော်လေးမိုက်တယ် ပြောရမယ်။ Character တွေကလည်း သူနေရာနဲ့သူ အံဝင်ဂွင်ကျပဲ။ Plot ပိုင်းမှာလည်း အပြစ်ပြောရလောက်တဲ့ ဟာကွက်မျိုးသိပ်မရှိဘူး။ ROTK နဲ့ History နဲ့မတူအောင် အချို့နေရာလေးတွေ ပြန်ပြင်ရိုက်ထားတာမျိုးတော့ ရှိတယ်။ ဒါကလည်း နားလည်ပေးလို့ရတယ်။ Simayi ဇာတ်ဆိုပြီး Zhuge Liang ကိုလူဆိုးဇာတ်သွင်းထားတာမျိုးလည်း မရှိဘူး။ ကိုယ်အကြိုက်ဆုံးကတော့ Zhen Fu နေရာက သရုပ်ဆောင်ထားတဲ့ Zhang Zhixi လေးပဲ 😁။
ROTK နဲ့ DW ဖန်တွေ ကြည့်ကိုကြည့်သင့်တဲ့ Series မျိုးပါ။ Recommend ပေးပါတယ်။ Season 1 ကတော့ The Advisors Alliance ဖြစ်ပြီး Season 2 ကတော့ Growling Tiger, Roaring Dragon ပါ။ နာမည်မတူပေမယ့် Serie တစ်ခုတည်းပါ။ Season 1 မှာတော့ ညာဏ်ကောင်းလွန်းလို့ Cap Cao ကိုယ်တိုင် Thet လိုက်ရတဲ့ Yang Xiu နဲ့ ညာဏ်ချင်းယှဉ်တာကို ကြည့်ရမှာဖြစ်ပြီး Season 2 မှာတော့ တစ်ဖက်နိုင်ငံက တိုက်ခိုက်လာတဲ့ Zhuge Liang ၊ အမှားတစ်ခုခုလုပ်တာနဲ့ သူ့ကို Thet ချင်နေတဲ့ Cao Family ဒီနှစ်ခုကြားမှာ ရုန်းထွက်ပုံတွေကို ကြည့်ရမှာပါ။ YT မှာရှာကြည့်လို့ရပါတယ် ။ MM sub ကြည့်ချင်တယ်ဆိုရင်တော့ မင်မင် ကိုယ့်ဟာကိုကြည့်ဖို့ ဘာသာပြန်ထားတာ လက်စ အပိုင်း ၂၀ လောက်တော့ရှိတယ်။ ကြည့်ချင်တယ်ဆိုရင် တင်ပေးပါ့မယ်။

Hello everyone 😃ကျွန်တော်တို့ we play we throw ကနေ gaming video တွေ (အထူးသဖြင့် Dota 2) တင်ပေးခဲ့တာ အတော်ကြာခဲ့ပါပြီ။ နိ...
15/04/2023

Hello everyone 😃
ကျွန်တော်တို့ we play we throw ကနေ gaming video တွေ (အထူးသဖြင့် Dota 2) တင်ပေးခဲ့တာ အတော်ကြာခဲ့ပါပြီ။ နိုင်ငံရေး အခြေအနေမကောင်း တိုင်းပြည် ကပ်ဆိုက်နေတဲ့ကာလအတွင်း (အခုချိန်ထိ) အတင်ကျဲခဲ့တာကလွဲရင် video အတော်များများ ဘာသာပြန်ပြီး တင်ပေးခဲ့တာ ၄ နှစ်လောက်ရှိသွားခဲ့ပါပြီ။ ဒီလို အရှည်ကြီးရေးတင်နေရတဲ့ အကြောင်းရင်းကတော့ ကျနော်တို့ page ကို ပြန် run တော့မယ်ဆိုတဲ့အကြောင်းလေးပြောချင်လို့ပါ😁 ။ gaming သီးသန့်မဟုတ်ပဲ အခြားစိတ်ဝင်စားစရာ ဗဟုသုတရသရာအကြောင်းတွေကို Translate ရော ကိုယ်ပိုင် ဖန်တီးမယ့် video တွေရော ၁၀၀ဖိုး ၃ ပုဒ် မဖြစ်စေပဲ ဆက်လက်တင်ဆက်ပေးသွားမှာပါ။ အခုချိန်ထိ Dead တစ်လှည့် တင်တစ်လှည့်ဖြစ်နေတဲ့ ကျွန်တော်တို့ page ကို အားပေးနေဆဲ CB မှာ လာမေးနေဆဲ ဘော်ဒါတွေအပြင် follow ထားတဲ့ ညီအစ်ကိုမောင်နှမအားလုံးကို အသိပေးရင်း ကျေးဇူးတင်ကြောင်းပြောချင်လို့ အခုလို့ စာအရှည်ကြီးရေးတင်လိုက်ရတာပါ 😃

P.S - All suggestions and ideas for our page will be much apprietiated.❤

May the light be bright when the darkness is upon you...

We Play We Throw

26/02/2023

P1 တုန်းက Pepsi Man ကိုမှီခဲ့တဲ့သူတွေ ရှိလား😂

16/01/2023

2024 summer တဲ့ဗျာ 😐

ဘယ်လိုမြင်လဲ 😊
06/01/2023

ဘယ်လိုမြင်လဲ 😊

“I was advised not to play the game, but I just watched some of the gameplay though, secretly.”
― Bella Ramsey (Ellie) 😋

ဒီတစ်ပတ်အတွက် ယူသင့်ဆုံးက Son နဲ့ Y.En-Nesyri ပါပဲ။ Son ကတော့အထူးတလည် ရှင်းပြနေစရာ မလိုပါဘူး။  Y.En-Nesyri ကတော့ Aerial ...
08/12/2022

ဒီတစ်ပတ်အတွက် ယူသင့်ဆုံးက Son နဲ့ Y.En-Nesyri ပါပဲ။ Son ကတော့အထူးတလည် ရှင်းပြနေစရာ မလိုပါဘူး။ Y.En-Nesyri ကတော့ Aerial Superiority ပါတာကြောင့်ပါ။ Aerial Superiority ပါတဲ့ 5*CF မျိုးက လက်ချိုးရေလို့ ရပါတယ်။

Lagging issue Fix ပြီးပါပြီနော်။ ဆော့ကြည့်တာတော့ အဆင်ပြေတယ် High Graphic နဲ့တော့ မစမ်းကြည့်ရသေးဘူး။
07/12/2022

Lagging issue Fix ပြီးပါပြီနော်။ ဆော့ကြည့်တာတော့ အဆင်ပြေတယ် High Graphic နဲ့တော့ မစမ်းကြည့်ရသေးဘူး။

Dominant Defender Box မှာဆိုရင် A.Hakimi နဲ့ K.Koulibaly အယူသင့်ဆုံးကောင်တွေပါပဲ။ Hakimi ဆို RMF ကစားနိုင်တာကြောင့် 3Bac...
05/12/2022

Dominant Defender Box မှာဆိုရင် A.Hakimi နဲ့ K.Koulibaly အယူသင့်ဆုံးကောင်တွေပါပဲ။ Hakimi ဆို RMF ကစားနိုင်တာကြောင့် 3Back ကစားကွက်တွေအတွက်ပါ အဆင်ပြေပါတယ်။ Koulibaly ဆိုရင်လည်း One of the best Destroyer CB ပါပဲ။

ဒီတစ်ပတ်အတွက် အကောင်းဆုံး/အယူသင့်ဆုံး POTW Card ကတော့ O.Giroud ပဲ။Header - 93Jump.   - 92Physical Contact - 90ပြီးတော့ S...
04/12/2022

ဒီတစ်ပတ်အတွက် အကောင်းဆုံး/အယူသင့်ဆုံး POTW Card ကတော့ O.Giroud ပဲ။
Header - 93
Jump. - 92
Physical Contact - 90
ပြီးတော့ Super-sub ပါ။ Outwide/Longball သမားတွေအတွက်တော့ ရွှေပါပဲ။

Custom Mod လေးတစ်ခုကနေ ဖြစ်တည်လာခဲ့တဲ့ Drodo Studioဒီနေ့တော့ Drodo Studio လေးနဲ့ မိတ်ဆက်ပေးပါရစေ။ Drodo အကြောင်းပြောမယ်ဆ...
03/12/2022

Custom Mod လေးတစ်ခုကနေ ဖြစ်တည်လာခဲ့တဲ့ Drodo Studio

ဒီနေ့တော့ Drodo Studio လေးနဲ့ မိတ်ဆက်ပေးပါရစေ။ Drodo အကြောင်းပြောမယ်ဆိုရင် Auto Chess ကနေစရပါလိမ့်မယ်။ Auto Chess ဟာ 2019 ခုနှစ် ဇန်နဝါရီလ 4 ရက်နေ့မှာ Dota2 ရဲ့ Mob Game တစ်ခုအနေနဲ့ Drodo Studio ကစတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီဂိမ်းလေးကို Mahjong လို့ခေါ်တဲ့ တရုတ် Board Game ကို Inspire ယူပြီး ဖန်တီးခဲ့တာပါ။ ဒီဂိမ်းကို Player 8 ယောက်အထိကစားနိုင်ပြီး Chess Board ပေါ်မှာ ကစားရမှာပဲ ဖြစ်ပါတယ်။ ဒီ Mob လေးဟာ တစ်ဖြည်းဖြည်းကျော်ကြားလာပြီး မေလရောက်တဲ့အခါမှာ ကစားသူ (၈)သန်းအထိ ရှိခဲ့တာပါ။ Auto Battler ဂိမ်းအမျိုးအစားလေးဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ Valve ကလည်း သူတို့ကိုယ်ပိုင် Dota Underlords လို့ခေါ်တဲ့ ထုတ်လုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် Roit Game ကလည်း Teamfight Tactics ၊ ယုတ်ဆွအဆုံး Mobile Legends ရဲ့ Moonton ကတောင် Magic Chess ဆိုပြီး ပုံစံတူဂိမ်းတွေ ထုတ်လုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် Auto Chess ဟာ 2019 အတွင်းမှာ GooglePlay's Best of 2019 Award, Apple App Store's The Pioneer Of New Gameplay စတဲ့ ဆုပေါင်းများစွာလည်း ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Standalone Game တစ်ခုအနေနဲ့ Android မှာ April 18,2019 ၊ IOS မှာ May 22,2019 ၊ Epic Store မှာ July 19,1992 နဲ့ Playstation 4 ကို December 16,2022 စသည်ဖြင့် အသီးသီး ဖြန့်ချီခဲ့ပါတယ်။

Game Informer - "'ဒါက ချက်လည်းမဟုတ် Dota လည်းမဟုတ် ဒါပေမယ့် Solo ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ပါတီကစားလို့ကောင်းတဲ့ ဂိမ်းကောင်းတစ်ခုပဲ။ ဂိမ်းကိုနားလည်ဖို့ တစ်ပွဲနှစ်ပွဲလောက်ပဲ ဆော့ရတယ်။ ဒါပေမယ့် ဒီဂီမ်းမှာ တကယ်ပျော်စရာကောင်းတဲ့ အရာလေးတွေရှိတယ် "လို့ ချီးကျူးပါတယ်။

PCgamersN - " Dota ရဲ့ အအောင်မြင်ဆုံး Third-Party Custom Game "လို့ ဆိုပါတယ်။

Valve က Drodo Studio Developer တွေနဲ့ ပူးပေါင်းဖို့အကြောင်း ဆွေးနွေးခဲ့ကြပါသေးတယ် ။ သို့ပေမယ့်"အကြောင်းပြချက် အမျိုးမျိုးကြောင့် သူတို့နဲ့ လက်တွဲမလုပ်နိုင်ခဲ့ဘူး" လို့ Valve က ဆိုပါတယ်။
ဒါ့အပြင် "ငါတို့တွေ ကိုယ်ပိုင် Standalone Version တွေထုတ်မယ် ၊ တစ်ဖက်နဲ့တစ်ဖက် အပြည့်အဝ ထောက်ပံ့ပေးကြမယ်ဆိုတဲ့ သဘောတူညီမှုတွေလည်း အဆုံးသတ်သွားပြီ"လို့ ဆိုပါတယ်။ သဘောကတော့ Drodo Studio ဟာ Dragonest နဲ့ ပူးပေါင်းပြီးတာကြောင့်ပါပဲ။
March 15,2019 မှာတော့ Dota Element တွေကို ဂိမ်းကနေ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

Dragonest Ceo Loring Lee - "ကျွန်တော်ကိုယ်တိုင်က Auto Chess ရဲ့ အမာခံဖန်ပါ။ အခုဆို Queen ရောက်ဖို့ နည်းနည်းပဲလိုတော့တယ်။ ကျွန်တော်တို့ တစ်ဖွဲ့လုံး ဒီဂိမ်းကို အသေဆော့ကြတာ။ တစ်ဖွဲ့လုံးလည်း အကြီးစားပရိသတ်တွေပါပဲ။ ဒီဂိမ်းမှာ လုပ်ဆောင်ချက်တွေထက် Strategy ကပိုအရေးကြီးပြီး တစ်ပွဲနဲ့တစ်ပွဲ ဘယ်လောက်မှ မကြာသလို အားစိုက်စရာလည်း မလိုပါဘူး။ ဒီအချက်ကပဲ ကျွန်တော်တို့အာရုံကို ဖမ်းစားနိုင်တာပါပဲ "

ဒီနောက်ပိုင်းမှာတော့ Dragonest ဟာ Auto Chess ကို ကမ္ဘာတဝှမ်း ဖြန့်ချီနိုင်ဖို့အတွက် အင်အားကြီးတရုတ် Company ကြီးဖြစ်တဲ့ Tecent နဲ့ လက်တွဲခဲ့ပါတယ်။

Loring Lee - "ထုတ်ကုန်ကောင်းတစ်ခုဆိုတာ လူတွေအမြန်ဆုံး သိဖို့လိုအပ်တယ်။ ပုံရိပ်ကြီးမားမှုအရ Tecent ဟာ QQ နဲ့ WeChat တို့ရဲ့ ကျေးဇူးကြောင့် ကြီးမားတဲ့ ဈေးကွက်ရှိတဲ့ Company ပါပဲ။ ဒါကြောင့်လည်း လက်တွဲဖို့ အကောင်းဆုံးရွေးချယ်မှု ဖြစ်နေတာပါပဲ "

Dragonest ရဲ့ လက်အောက်မှာပဲ Auto Chess ဟာအတော်လေး အောင်မြင်မှုတွေ ရရှိနိုင်ခဲ့ပါတယ်။ MOBA ဂိမ်းဈေးကွက်တိုက်ပွဲမှာ Lee တို့ရဲ့ Dragonest ကဟာ ကျရှုံးခဲ့ဖူးပါတယ်။ အဲ့တာကတော့ 2015 တုန်းက ထွက်ခဲ့ဖူးတဲ့ Fight For Freedom ဆိုတဲ့ MOBA ဂိမ်းလေးပါပဲ။ ဂိမ်းလေးဟာ အတော်အသင့် ဆော့ကောင်းပေမယ့်လည်း အခြား MOBA ဂိမ်းတွေကြားမှာ တိမ်မြုပ်သွားခဲ့ပါတယ်။

"MOBA ဂိမ်းထုတ်ဖို့ဆိုတာ ကျွန်တော်ရဲ့ အိမ်မက်ပါ။ ဒါပေမယ့် ဒီဂိမ်းကို ရုပ်လုံးပေါ်အောင် မဖော်နိုင်ခဲ့ဘူး။ အဲ့အချိန်တုန်းက ဝမ်းနည်းစရာတွေ ၊ မကြေလည်စရာတွေ ရှိခဲ့တာပေါ့။ ဒါကပဲ တွန်းအားတစ်ရပ်ဖြစ်စေခဲ့တာပါ" လို့ Lee ကဆိုပါတယ်။

ဒါ့အပြင် "Auto Chess ဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဂိမ်းတွေဖန်တီးနိုင်ဖို့ ခံစားချက်တွေ ၊ ယုံကြည်မှုတွေ ပေးစွမ်းခဲ့ပါတယ်။ အဲ့တာကြောင့် MOBA တိုက်ပွဲထဲကို တစ်ဖန်ပြန်ဝင်ရောက်ဖို့ အချိန်ကျပြီလို့ ထင်ပါတယ်" လို့ဆိုပါသေးတယ်။

Auto Chess MOBA အတွက်လည်း ကတိ (၃) ခုပေးခဲ့ပါသေးတယ်။ အဲ့တာတွေကတော့ "တရားမျှတရမယ် ၊ ပြိုင်ဆိုင်မှုပြင်းထန်ရမယ်၊ Auto Chess ဖြစ်ရမယ်" ဆိုတာတွေပဲ ဖြစ်ပါတယ်။ တရားမျှတရမယ်ဆိုတာကတော့ Pay-To-Win မဖြစ်စေရဘူး၊ Stats Growth Outside Game မဖြစ်စေရဘူးတို့ပါပဲ။

"ပွဲထဲရောက်ကာမှ ငါ့မှာမရှိတဲ့ Hero မင်းမှာရှိနေမယ်၊ ဒီ Hero ရဖို့ ပိုက်ဆံသုံးမှရမယ်ဆို ဘယ်မျှတပါ့မလဲ"လို့ Lee ကဆိုပါတယ်။

ပြိုင်ဆိုင်မှုပြင်းထန်ရမယ်ဆိုတာကတော့ Dota လိုမျိုး အသေးစားလုပ်ရပ်လေးကအစ ဂိမ်းကိုပြောင်းလဲသွားစေနိုင်မယ့် အရာမျိုးတွေ ပေးမယ်။ အနိမ့်ဆုံးလက်ရည်ကနေ အမြင့်ဆုံးလက်ရည်သမားတွေ ကစားနိုင်တဲ့အထိ ပြု့လုပ်ပေးမယ်လို့ ကတိပေးပါတယ်။ တတိယအချက်တော့ Auto Chess ဖြစ်စေရပါမယ်ဆိုတာပါပဲ။ ဒါကတော့ Auto Chess ရဲ့အရသာလည်း ပျောက်မသွားစေဖို့အတွက် Auto Chess က Character တွေ ၊ Chess Player တွေကို ပြန်သုံးပေးမယ်လို့ ဆိုလိုခြင်းပါပဲ။
ကဲ..ဒီ 2022 ခုနှစ်မှာတော့ Drodo Studio လေးဟာ Loring Lee အားပေးမှုနဲ့အတူ သူတို့မပိုင်နိုင်တဲ့ MOBA လမ်းအပေါ် စတင်လျှောက်လှမ်းလာပါပြီ။ ဘယ်အထိ ပျံသန်းနိုင်မလဲ ဆိုတာကတော့....

Ref- Wiki and other sources

ထင်တော့ထင်သား Region ကြောင့်ဆိုတာ ကိုယ့် Team ထဲ Base မှာထိုင်နေတဲ့ တစ်ကောင်ပါလာပြီဆို အဲ့ပွဲ သေအောင်ထစ်ရော ။ ဖြစ်နိုင်ရ...
02/12/2022

ထင်တော့ထင်သား Region ကြောင့်ဆိုတာ ကိုယ့် Team ထဲ Base မှာထိုင်နေတဲ့ တစ်ကောင်ပါလာပြီဆို အဲ့ပွဲ သေအောင်ထစ်ရော ။ ဖြစ်နိုင်ရင် အခုတလော Myanmar တွေချည်းပဲ Party ဆော့ကြပါ

⚙ Abnormal Condition

We’re aware that there is an issue whereby one team's PING is determined by the PING of the captain's region, which caused some players to experience high latency after teaming up through the world chat channel. We will fix this issue as soon as possible.

To better your gaming experience, we advise you to check whether your regions with lower PING are the same as your teammates’ when you join a team via the world channel or friend list before starting a match. And if it is possible, please team up with players whose region is the same as yours. Thanks for your patience and support!

Auto Chess Moba ဆော့ရတာ Ping မငြိမ်ဖြစ်နေတဲ့ သများအတွက် Lobby ထဲက Region နေရာမှာ Auto အစား ကိုယ်ကြိုက်ရာရွေးလို့ ရပါတယ်။...
02/12/2022

Auto Chess Moba ဆော့ရတာ Ping မငြိမ်ဖြစ်နေတဲ့ သများအတွက် Lobby ထဲက Region နေရာမှာ Auto အစား ကိုယ်ကြိုက်ရာရွေးလို့ ရပါတယ်။
Region ထဲဝင်ပါ > Refresh တစ်ချက်နှိပ်ပါ> ကိုယ်လိုင်းကောင်းမယ့် Region ကိုရွေးပေးလိုက်ပါ။

ဒီနေ့ ထပ်လာပေးတဲ့ Google Pre-Order Rewards က Play store ကနေ Pre-register လုပ်ထားတဲ့ သူတွေအတွက်ပါ။ ရပြီးသားသူတွေက ထပ် Use...
02/12/2022

ဒီနေ့ ထပ်လာပေးတဲ့ Google Pre-Order Rewards က Play store ကနေ Pre-register လုပ်ထားတဲ့ သူတွေအတွက်ပါ။ ရပြီးသားသူတွေက ထပ် Use လိုက်လည်း အကျိုးမထူးတာကြောင့် သိမ်းထားလိုက်ပါ။ နောက် BP ရမရတော့ မပြောတတ် 😁

ဒါတောင် Round 15 အထိ 2Star မရသေးလို့ ဖုန်းပေါက်ခွဲခဲ့တာတွေ ထည့်မပြောသေးဘူး 😒
01/12/2022

ဒါတောင် Round 15 အထိ 2Star မရသေးလို့ ဖုန်းပေါက်ခွဲခဲ့တာတွေ ထည့်မပြောသေးဘူး 😒

ဒီမနက်ပဲ Game က စ Launch ရုံရှိသေးတယ် ဈေးတွေက 0.1 တွေ ဖြစ်ကုန်ပြီ 😂။ ➡️Pocket DragonestAuto Chess သမားတွေက သိပြီးသားဖြစ်...
01/12/2022

ဒီမနက်ပဲ Game က စ Launch ရုံရှိသေးတယ် ဈေးတွေက 0.1 တွေ ဖြစ်ကုန်ပြီ 😂။

➡️Pocket Dragonest

Auto Chess သမားတွေက သိပြီးသားဖြစ်ပေမယ့် အခုမှ Auto Chess Moba ကို စဆော့မယ့် ညီအကိုတွေ ဒီ App လေး ဒေါင်းထားဖို့ လိုမယ်နော်....

ဒီ App ထဲမှာ ကိုယ်အသုံးမလိုတဲ့ Box တွေ (အမှန်က ဝယ်မဖွင့်နိုင်တာ ) Item တွေကို ပြန်ရောင်းလို့ ရမယ်...
ပြန်ရောင်းလို့ရတဲ့ Gold နဲ့ in-game currency ပြန်လဲတာတွေ ၊ Battle Pass ဝယ်တာတွေ ၊ item , Skin စတာတွေကို ပြန်ဝယ်တာတွေ အကုန်လုပ်လို့ ရပါတယ်။

Play store Link

https://play.google.com/store/apps/details?id=com.dragonest.pocket.google
__________________________________________________

Battle pass Lv40 နဲ့ ဒီပုံးတွေပဲရတယ် 😭
01/12/2022

Battle pass Lv40 နဲ့ ဒီပုံးတွေပဲရတယ် 😭

Auto Chess Moba ဒီမနက် ၈:၃၀ မှာ Official Launch လုပ်တော့မှာနော်။ မဒေါင်းရသေးတဲ့သူတွေလည်း Play store မှာ ဒေါင်းလို့ရနေပါပ...
01/12/2022

Auto Chess Moba ဒီမနက် ၈:၃၀ မှာ Official Launch လုပ်တော့မှာနော်။ မဒေါင်းရသေးတဲ့သူတွေလည်း Play store မှာ ဒေါင်းလို့ရနေပါပြီ။

10/11/2022

YouTube မှာ Nexon ကတင်ထားတဲ့ Video အတိုလေးပါ။ Durango ပြန်လာတော့မှာလား?

https://youtu.be/Kabs_yafj8I

2GD ပြန်ရောက်လာLulba to Lordba ဖြစ်လာပြီး EG EG ဖြစ်လာပေမယ့် lower ဆင်းသွား3k carry က 6k carry ဖြစ်True sight ကြည့်​​ပြီ...
20/10/2022

2GD ပြန်ရောက်လာ
Lulba to Lordba ဖြစ်လာပြီး EG EG ဖြစ်လာပေမယ့် lower ဆင်းသွား
3k carry က 6k carry ဖြစ်
True sight ကြည့်​​ပြီး TI အရမ်းရစေချင်ကြတဲ့ LGD lower ဆင်း
TI 10 ချန်ပီယံကြီး ဘဝင်မြင့်လေတိုက်ပြီးတန်းဆင်း
Xnova က အားလုံးရဲ့အချစ်တော်ဖြစ်
Entity က နိုင်သာနိုင်သွားတယ် ဘယ်သူမှသောက်ဖက်လုပ်တာမခံရ
TI play-off day 1 က production သောက်သုံးမကျပေမယ့် ဖျော်ဖြေမှုကောင်းကောင်းပေးနိုင်ခဲ့တယ်ဆိုပေမယ့်
အခုထိတုန်လှုပ်ခြင်းမရှိတဲ့သူတွေကတော့ Nigma Fan တွေပါပဲ

Just a mediocre team with 1.42% chance...
20/10/2022

Just a mediocre team with 1.42% chance...

One good thing coming out from trash production, PGL.Legend 2GD is back!2GD ကိုမှတ်မိကြတဲ့လူတွေရှိမှာပါ မမှတ်မိသူတွေ မသိ...
20/10/2022

One good thing coming out from trash production, PGL.
Legend 2GD is back!

2GD ကိုမှတ်မိကြတဲ့လူတွေရှိမှာပါ မမှတ်မိသူတွေ မသိတဲ့သူတွေလဲ အောက်ကvideo မှာကြည့်လို့ရပါတယ်

https://fb.gg/v/ggFcGbu67o/

A Plague Tale: Requiem ထွက်ပါပြီ Steam မှာ 59.9$ ဈေးရှိပါတယ်။ Rating တွေကတော့... Steam - 9/10IGN      - 8/10Metacritic -...
18/10/2022

A Plague Tale: Requiem ထွက်ပါပြီ Steam မှာ 59.9$ ဈေးရှိပါတယ်။ Rating တွေကတော့...

Steam - 9/10
IGN - 8/10
Metacritic - 84%

Congrats Puppey
12/10/2022

Congrats Puppey

The International All-Timer.

11/10/2022

Auto Chess Item အကြောင်း တစေ့တစောင်း

မရှင်းတာ ၊ သိချင်တာလေးတွေ ရှိရင်လည်း Comment မှာမေးခဲ့ပေးပါ ။


ที่อยู่

Sanam Chain Road
Bangkok
10150

เบอร์โทรศัพท์

+66823718345

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ We Play We Throwผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ตำแหน่งใกล้เคียง บริษัท สื่อ


ครีเอเตอร์วิดีโอการเล่นเกม อื่นๆใน Bangkok

แสดงผลทั้งหมด