Cele Paradise Knowledge and Entertainment Videos platform.

15/07/2024

Rose နဲ့ Jisoo ပရိသတ်တွေကတော့ သူတို့ရဲ့ Idol နဲ့ပတ်သက်ပြီး ငြင်းခုန်နေကြပေမယ့် တကယ်တော့ ...

ပလတ်စတစ်ကို အနိုင်ပိုင်းမည့် ကွမ်းသီးဖက်ထုတ်ကုန် ""တစ်ခါသုံး ဖော့ဘူးနဲ့ ပလတ်စတစ်ပစ္စည်းတွေကို မသုံးတော့ဘူးဆိုရင် ဘာကိုအစ...
12/07/2024

ပလတ်စတစ်ကို အနိုင်ပိုင်းမည့် ကွမ်းသီးဖက်ထုတ်ကုန် ""

တစ်ခါသုံး ဖော့ဘူးနဲ့ ပလတ်စတစ်ပစ္စည်းတွေကို မသုံးတော့ဘူးဆိုရင် ဘာကိုအစားထိုးသုံးကြမလဲ။
ဒါက သဘာဝပတ်ဝန်းကျင်အတွက် အရေးပါတဲ့ မေးခွန်းတစ်ခုဖြစ်နေသလို၊ အဖြေပေးရခက်တဲ့ မေးခွန်းတစ်ခုလည်း ဖြစ်ပါတယ်။
သဘာဝဆန်တဲ့ နာမည်နဲ့ Nature Myanmar ဆိုတဲ့လုပ်ငန်းတစ်ခုကတော့ ဖော့နဲ့ ပလတ်စတစ်နေရာမှာ အစားထိုးစရာရှိနေပြီဆိုတဲ့ အဖြေတစ်ခုထွက်လာနိုင်ဖို့ကြိုးပမ်းနေပါပြီ။
Nature Myanmar ကို ကွမ်းသီးပင်တွေကနေ သဘာဝအတိုင်း ကြွေကျပြီး မီးရှို့ဖျက်ဆီးလိုက်တဲ့ ကွမ်းသီးဖက်တွေကို နှမြောစိတ်ဖြစ်နေတဲ့ ကိုမင်းကျော်ဇင်နဲ့ နေ့တိုင်း ဖော့နဲ့ ပလတ်စတစ်တွေကို အသုံးပြုနေရလို့ စိတ်မသန့်ဖြစ်လာတဲ့ ထမင်းဆိုင်လုပ်ငန်းရှင် ကိုသန်းဇော်ဦးတို့ နှစ်ယောက်ပေါင်းပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။
ကိုမင်းကျာ်ဇင်က တနင်္သာရီတိုင်းဒေသကြီးမှာ သွားရောက်အလုပ်လုပ်ကိုင်နေရင်း အဲဒီဒေသထဲက ကွမ်းသီးပင်စိုက်ပျိုးတဲ့ နေရာတွေမှာ သဘာဝအတိုင်း ကြွေကျတဲ့ ကွမ်းသီးဖက်တွေကို မီးရှို့ဖျက်ဆီးတဲ့မြင်ကွင်းကို မကြာမကြာတွေ့မြင်ခဲ့ရပါတယ်။
အရင်ကတော့ ကွမ်းသီးပင်ပေါ်ကနေ သဘာဝအတိုင်း ကြွေကျတဲ့ ကွမ်းသီးဖက်တွေက လူ့အသုံးအဆောင်တွေအတွက် အသုံးမဝင်လှပါ။ အမှိုက်အနေနဲ့သာရှိနေခဲ့ပြီး၊ နယ်မှာကြီးပြင်းကြတဲ့ ကလေးတွေအတွက်တော့ ဆော့စရာတစ်ခုထက် ပိုပြီးအသုံးမဝင်ခဲ့ပါဘူး။ ဒါပေမဲ့ ကိုမင်းကျော်ဇင်ရဲ့ စိတ်ထဲမှာတော့ ပျက်စီးသွားတဲ့ ကွမ်းသီးဖက်တွေကို နှမြောနေမိခဲ့ပါတယ်။
"ဒါတွေကို မီးရှို့ဖျက်ဆီးတာမြင်တော့ နှမြောတယ်။ ပြီးတော့ တောတောင်ထဲသွားရင် ဖက်တွေကို ဖြတ်ပြီး ထည့်စားကြတာဆိုတော့ ဒါကရော မရနိုင်ဘူးလားဆိုပြီး တွေးမိတယ်" လို့ ကိုမင်းကျော်ဇင်က ပြောပါတယ်။
သူ့စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ တွန်းအားပေးလိုက်တာကတော့ ကွမ်းသီးဖက်အပါအဝင် သဘာဝထွက် စွန့်ပစ်ပစ္စည်းတွေကို လူသုံးကုန်အဖြစ် ထုတ်လုပ်တဲ့ အိန္ဒိယနိုင်ငံက You Tube ဗီဒီယိုဖိုင်တစ်ခု ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ မြိတ်မြို့က ဒေသခံတစ်ဦးဖြစ်တဲ့ ကိုသန်းဇော်ဦးဆိုသူကလည်း ဒီပစ္စည်းတွေကိုထုတ်လုပ်နေတယ်လို့ သူကကြားသိခဲ့ပြီး ကိုသန်းဇော်ဦးနဲ့ချိတ်ဆက်ခဲ့ပါတယ်။
သူတို့နှစ်ဦး ပူးပေါင်းကြိုးပမ်းချက်ကြောင့် Nature Myanmar ဆိုတာပေါ်ပေါက်လာပြီး ကွမ်းသီးဖက်ကနေ တစ်ခါသုံး လူ့အသုံးအဆောင်ပစ္စည်းတွေကို စတင်ထုတ်လုပ်ခဲ့ပါတယ်။
"သူလည်း စစမ်းနေတယ်။ နှစ်ယောက်ပေါင်းလိုက်တော့ ကိုယ့်အတွေး၊ သူ့အတွေးနဲ့ပေါင်းပြီး ဖြစ်လာတာ" လို့ ကိုမင်းကျော်ဇင်က ဆိုပါတယ်။
ကိုသန်းဇော်ဦးကတော့ မြိတ်မြို့ဒေသခံတစ်ဦးဖြစ်ပြီး ထမင်းဆိုင်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုသူဖြစ်ပါတယ်။ ရေမြောင်းတွေမှာ ပိတ်ဆို့နေတဲ့ ပလပ်စတစ်နဲ့ ဖော့အမှိုက်တွေကိုတစ်စတစ်စ တွေ့ရဖန်များလာတဲ့အခါ ကိုသန်းဇော်ဦးတစ်ယောက် မနေနိုင်မထိုင်နိုင်တော့ဘဲ ပလတ်စတစ်နဲ့ ဖော့နေရာမှာ အစားထိုးစရာကို ရှာဖွေခဲ့တာဖြစ်ပါတယ်။
"ထမင်းဆိုင်ဆိုတော့ ကျွန်တော်လည်း ဒါတွေကို အမြဲသုံးရတယ်။ ကြာလာတော့ မသုံးချင်တော့ဘူး။ လေ့လာရင်းဖတ်ရင်းမှတ်ရင်းပဲ အိန္ဒိယက ငှက်ပျောဖက်နဲ့ လုပ်နေတာကိုတွေ့ပြီး ဒါကို စမ်းလုပ်ဖြစ်ခဲ့တာပဲ" လို့ Nature Myanmar ရဲ့ ထုတ်ကုန်အပိုင်းကို အဓိက တာဝန်ယူလုပ်ဆောင်နေတဲ့ ကိုသန်းဇော်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်ကာလကဆိုရင်လည်း သူ့အတွက် များစွာစိတ်ထိခိုက်ခဲ့ရတယ်လို့ဆိုပါတယ်။ အကြောင်းက သင်္ကြန်တွင်းမှာ အလ·အတန်းပြုကြသူတွေ၊ စတုဒီသာကျွေးမွေးသူတွေက တစ်ခါသုံး ဖော့ဘူးတွေ အများကြီးသုံးပြီး အမှိုက်တွေ အများကြီးထွက်လာခဲ့လို့ ဖြစ်ပါတယ်။
လာမယ့်ပွဲတော်တွေမှာတော့ ဖော့ဘူးလုံးဝပျောက်ကွယ်သွားအောင် လုပ်မယ်လို့ သူကကြုံးဝါးထားပါတယ်။
"လာမယ့် တန်ဆောင်မုန်းပွဲတွေဆိုရင် ဖော့ဘူးကို မမြင်ရအောင်ထိ တစ်ခါသုံး ကွမ်းသီးဖက်ခွက်တွေကို အစားထိုးပြီး သုံးနိုင်အောင်လုပ်မယ်" လို့ ကိုသန်းဇော်ဦးက ဆိုပါတယ်။ အခုဆိုရင် တစ်ခါသုံးကွမ်းသီးဖက်ထုတ်ကုန်တွေကိုတောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ ကျိုက်ထီးရိုးကအထိ ကျယ်ကျယ်ပြန့်ပြန့် မှာယူနေကြပြီလို့ သူက ဝမ်းသာစွာ ဆိုပါတယ်။
စီးပွားရေးအကျိုးအမြတ်ထက် မမြင်နိုင်တဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးအမြတ်တွေက သူ့အတွက်ခွန်အားဖြစ်စေသလို ပလတ်စတစ်နဲ့ဖော့ဘူးနေရာမှာ ကွမ်းသီးဖက်ကို အစားထိုးသုံးထားတာမြင်တိုင်း သူကကြည်နူးပီတိဖြစ်နေပါတယ်။
ကွမ်းသီးဖက်ကနေထုတ်လုပ်တဲ့ တန်ဖိုးမြင့်ထုတ်ကုန်တွေကို ၂၀၁၈ ခုနှစ်၊စက်တင်ဘာလမှာ စထုတ်ခဲ့ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ ကုန်ပစ္စည်းတွေကို လက်အားနဲ့ စတင်စမ်းသပ်ထုတ်လုပ်ခဲ့ပြီး လက်ရှိမှာတော့ ရန်ကုန်မှာ စက်အားကို အသုံးပြုပြီး ထုတ်လုပ်နေပါပြီ။ မြိတ်မြို့မှာတော့ လျှပ်စစ်မီတာဈေးနှုန်းမြင့်မားတာကြောင့် လက်အားနဲ့သာ ဆက်ပြီး ထုတ်လုပ်နေတုန်းဖြစ်ပါတယ်။
"ဆုံးရှုံးမှုတွေရှိခဲ့တယ်။ နောက်ပိုင်း စက်နဲ့လုပ်တဲ့ အချိန်မှာတော့ တဖြည်းဖြည်းတိုးတက်လာတယ်။ အဲဒီမှာ မီတာခက တစ်ယူနစ်ကို ကျပ် ၅၀ဝ ပေးရတယ်" လို့ သူက ပြောပါတယ်။ ကွမ်းသီးဖက်တန်ဖိုးမြင့်ထုတ်ကုန်အတွက် ကုန်ကြမ်းပစ္စည်းတွေကိုတော့ တနင်္သာရီတိုင်းဒေသကြီးက အဓိကရယူပြီး ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတို့ကလည်း ရရှိပါတယ်။ ဒေသအကွာအဝေးနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်အပေါ်မှာ မူတည်ပြီး ကုန်ကြမ်းဝယ်ဈေးလည်း ကွာခြားတယ်လို့ ဆိုပါတယ်။
ကုန်ကြမ်းတွေဝယ်ယူတဲ့အခါ ကွမ်းသီးဖက်ရဲ့ အရည်အသွေးကို သေသေချာချာစိစစ်ဝယ်ယူရပြီး အစားအသောက်ကဏ္ဍမှာ အသုံးပြုမယ့် ကုန်ပစ္စည်းဖြစ်တာကြောင့် သန့်ရှင်းပြီး အရည်အသွေးကိုလည်း အဓိကထားရတယ်လို့ ကိုမင်းကျော်ဇင်က ပြောပါတယ်။
အစပိုင်းမှာ ကွမ်းသီးဖက်တစ်ခုရဲ့လိုအပ်တဲ့ အပူချိန်နဲ့စိုထိုင်းဆကို မျှခြေကိုက်အောင် အသုံးမပြုတတ်ခဲ့တာကြောင့် ဆုံးရှုံးမှုတွေဖြစ်ခဲ့ပြီး လိုချင်တဲ့ ပုံစံတွေနဲ့ လွဲချော်ခဲ့ရတယ်လို့ ကို သန်းဇော်ဦးကဆိုပါတယ်။
လက်ရှိမှာတော့ စုစုပေါင်း ထုတ်ကုန်အမျိုးအစား ၁၃ မျိုးကို ထုတ်လုပ်နေပြီး အသစ်နှစ်မျိုးကိုလည်း ထပ်မံထုတ်လုပ်မှာဖြစ်ပါတယ်။
အရွယ်အစားကွဲပြားမယ့် ပန်းကန်ပြား၊ ပန်းကန်လုံးနဲ့ အချဉ်ရည်ခွက် (sausage) အပါအဝင် လူကြိုက်အများဆုံးဖြစ်တဲ့ ကော်ဖီခွက်၊ ဖော့ဘူးအစားထိုး ဖော့ဘူးပုံစံနဲ့တူတဲ့ အဝေးကို ထုပ်ပိုးသယ်ယူနိုင်မယ့် ဘူးတွေကိုလည်း အဓိကထုတ်လုပ်နေပါတယ်။ ဈေးကွက်ထဲမှာဖြန့်ချိနေတဲ့ဈေးနှုန်းတွေကတော့ ပစ္စည်းအလိုက် အမျိုးအစားတစ်ခုကို ကျပ် ၅၀ ကနေ ကျပ် ၁၈၀ ထိ ရှိပါတယ်။
ကုန်ကြမ်းရရှိမှုနဲ့ သယ်ယူပို့ဆောင်ရေး စရိတ်တွေကြောင့် ဈေးနှုန်းကမြင့်မားနေပေမဲ့ သုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှုကလည်း မျှော်လင့်ထားတာထက် မြင့်မားနေတယ်လို့ ကိုမင်းကျော်ဇင်က ပြောပါတယ်။
"လူတွေသုံးနိုင်ပါ့မလားလို့ ဈေးကွက်သုတေသန လုပ်ကြည့်တော့ ထင်ထားတာထက်ပိုပြီးတော့ စိတ်ဝင်စားတာတွေ့တယ်။ ဒါကြောင့်လည်း ဈေးကွက်လိုအင်ကိုတောင်မဖြည့်နိုင်သေးဘူး" လို့ ကိုမင်းကျော်ဇင်က ပြောပါတယ်။
လတ်တလောမှာတော့ Nature Myanmar က ထုတ်ကုန်တွေကို ဈေးကွက်ထဲသို့ တိုက်ရိုက်ပို့ပေးနေတာမရှိသေးပါဘူး။ Zero plastic Myanmar ဆိုတဲ့ သီးခြားလုပ်ငန်းတစ်ခုကတစ်ဆင့် ဈေးကွက်ထဲ ဖြန့်ပေးနေတာဖြစ်ပါတယ်။
"စိတ်ဝင်စားကြပါတယ်။ ဝယ်လည်းဝယ်ကြပါတယ်။ အဓိကတော့ စားသောက်ဆိုင်လုပ်ငန်းတွေက ပိုဝယ်တယ်။ ဟိုတယ်တွေထိတော့ မရောက်ဘူး။ အနယ်နယ် အရပ်ရပ်က ဝယ်လက်တွေ ရောက်ပါတယ်" လို့ Zero plastic Myanmar က တာဝန်ရှိသူအမျိုးသမီးတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
အများစုကတော့ ပလတ်စတစ်လျှော့ချရေးကို စိတ်ဝင်စားကြတဲ့ ဟိုတယ်၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင်နဲ့ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေက အဓိက စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။
ကိုမင်းကျော်ဇင်ကတော့ သူကိုယ်တိုင်ထုတ်လုပ်နေတဲ့ ကွမ်းသီးဖက် ကုန်ပစ္စည်းတွေအပေါ်မှာ သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးအရာပါ ရာနှုန်းပြည့်အာမခံတယ်လို့လည်း ဆိုပါတယ်။
သဘာဝစွန့်ပစ်အမှိုက်က ဖြစ်လာတဲ့ပစ္စည်းဖြစ်တာကြောင့် တချို့က ကျန်းမာရေး၊ သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး သံသယဖြစ်ကြပါတယ်။ ဒါပေမဲ့ ကိုမင်းကျော်ဇင်ကတော့ ဒီလုပ်ငန်းမစခင်ကတည်းက ကြိုတင်ပြင်ဆင်ပြီး သေသေချာချာစနစ်တကျ ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
"ဒီလုပ်ငန်းက စွန့်ဦးတီထွင် အသေးစား စီးပွားရေးလုပ်ငန်း တစ်ခုဆိုလည်းမမှားပါဘူး။ နိုင်ငံအနေနဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုလုပ်ဆောင်နေတာတွေရှိပေမဲ့ ဒီကွမ်းသီးဖက်တန်ဖိုးမြင့်ထုတ်ကုန်လုပ်ငန်းကတော့ မျက်ကွယ်ပြုခံရတဲ့ အနေအထားမှာသာ ရှိနေသေးတယ်" လို့ ကိုမင်းကျော်ဇင်က ဆိုပါတယ်။
"ကျွန်တော်တို့ နိုင်ငံရဲ့ အားနည်းချက်က ထုတ်ကုန်မရှိဘူး။ အပြင်ကပဲ တောက်လျှောက် ဝယ်သုံးရတယ်။ ကျွန်တော်တို့ကြိုးစားပြီးထုတ်တယ်။ နိုင်ငံတော်က စိတ်ဝင်တစားနဲ့ ပံ့ပိုးပေးဖို့လိုတာပေါ့" လို့ သူကပြောပါတယ်။
ဆန်းသစ်တဲ့ဒီဇိုင်းတွေနဲ့ ကုန်ပစ္စည်းတွေ ထုတ်ပြီး ဈေးကွက်ထဲကို ဝင်ဖို့အသင့်အနေအထားမှာ ရှိနေပေမဲ့နည်းပညာထောက်ပံ့ပေးမှုတွေ လိုအပ်နေသလို တစ်ဖက်မှာလည်း သူတို့လျှောက်လှမ်းတဲ့ခရီး ရေရှည်တည်တံ့ပြီး ခရီးရောက်ဖို့အတွက် ငွေကြေးထောက်ပံ့မှုရရှိဖို့ကလည်း အရေးပါနေပါတယ်။ ကွမ်းသီးဖက်တန်ဖိုးမြင့်ထုတ်ကုန်ရဲ့ အကျိုးအမြတ်က လုပ်ငန်းရှင်အတွက်သာ မဟုတ်ဘဲ ကွမ်းသီးပင်ပေါက်ရောက်တဲ့ဒေသက ခြံရှင်တွေ၊ အခြေခံလက်လုပ်လက်စားဒေသခံတွေကိုလည်း အဆင့်ဆင့် စီးဆင်းသွားမှာဖြစ်ပါတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုထိ ဖြစ်လာနိုင်ပြီး ကွမ်းသီးဖက်တန်ဖိုးမြင့် ထုတ်ကုန်နဲ့ပတ်သက်တဲ့ အသင်းအဖွဲ့တွေကို တည်ထောင်ကာ အများပါဝင်လာအောင်ထိ လုပ်ဖို့ကိုလည်း ကိုမင်းကျော်ဇင်က မျှော်မှန်းထားပါတယ်။
သဘာဝစွန့်ပစ်အမှိုက်တွေကို လိုက်ဝယ်ပြီး အကုန်အကျခံကာ ဆယ်ဘီးကားကြီးတွေနဲ့ ကွမ်းသီးဖက်တွေကို ရန်ကုန်ထိသယ်ဆောင်လာတဲ့အခါမှာတော့ ကိုမင်းကျော်ဇင်တစ်ယောက် အများရဲ့ အံ့သြတဲ့အကြည့်တွေကိုလည်း ခံခဲ့ရပါသေးတယ်။
ဒါပေမဲ့ ပလတ်စတစ်နဲ့ စွန့်ပစ်အမှိုက်တွေကြောင့် ပျက်စီးယိုယွင်းလာတဲ့ ကမ္ဘာကြီးကို ကယ်တင်ရာမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လိုတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့စခဲ့တဲ့ ဒီလုပ်ငန်းကို သူတို့အနေနဲ့ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။
"အဓိကကတော့ ဒါကိုအသုံးပြုခြင်းဖြင့် ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်အရေးမှာ အများကြီး အကျိုးရှိနိုင်တယ်လို့ မက်ဆေ့ခ်ျပေးချင်တာပါ" လို့ ကိုမင်းကျော်ဇင်က ပြောပါတယ်။
==========
လေးစားစွာ ပေးပါသည်

11/07/2024

Jennie က သူမရဲ့အမှားတစ်ခုအတွက် အားလုံးကိုပြန်လည်တောင်းပန်ခဲ့တယ်။

09/07/2024

Jisoo က သူမရဲ့တစ်ကိုယ်တော် Album JS2 ကိစ္စကို အတည်ပြုလာခဲ့တယ်။

08/07/2024

Lisa ကတော့ နောက်ထပ်သီချင်းအသစ်အတွက် Collab လုပ်မယ့်သူကိုအတည်ပြု

04/07/2024

Rose ရဲ့ပုံတစ်ပုံက ပရိသတ်တွေကိုစိုးရိမ်ပူပန်စေခဲ့တယ်။

02/07/2024

Lisa ရဲ့သီချင်းအသစ်က ကျန် Blackpink အဖွဲ့ဝင်တွေနဲ့ လူအများကို ဘယ်လိုတောင်အံ့ဩစေခဲ့တာလဲ ?

25/06/2024

Rose က Lisa ရဲ့မိမိုက်နေတဲ့ Rockstar ပုံစံကိုချီးကျူးခဲ့ပြီး Jisoo ကလည်း ပဲရစ်ကိုခရီးထွက်သွားခဲ့တယ်။

24/06/2024

Lisa ရဲ့မိမိုက်လွန်းနေတဲ့ ဒီဇိုင်းကတော့ လူတိုင်းကိုအံ့ဩစေခဲ့သလို Blackpink အဖွဲ့တို့ရဲ့လှုပ်ရှားမှုအသစ်များ

21/06/2024

Jennie နဲ့ Billie Eilish တို့က JN1 အတွက် collect လုပ်ဖို့ အတည်ပြုခဲ့တယ်။

20/06/2024

Rosë တစ်ယောက် Black Label နဲ့ လက်မှတ်ထိုးလိုက်ပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့တယ်။

18/06/2024

Blackpink ရဲ့အငယ်ဆုံးလေးကတော့ သူမရဲ့အမိုက်စား အယ်ဘမ်နဲ့ Lyrics တွေကိုထုတ်ပြခဲ့တယ်။

17/06/2024

Lisa က " Baby, i am rockstar" teaser ထွက်ပြီးနောက် မတော်တဆ လျှို့ဝှက်ချက်ကို ဖော်ထုတ်မိခဲ့တယ်။

15/06/2024

Jennie က သူမရဲပထမဆုံးလမ်းလျှောက်ရှိုးမှာပဲ မထင်မှတ်တာလုပ်ပြခဲ့တယ်။

12/06/2024

Babymonster အဖွဲ့အကြောင်း လူသိနည်းတဲ့အချက် ၁၁ ချက်

12/06/2024

Jennie ရဲ့အမိုက်စားလမ်းလျှောက်ဖက်ရှင်က လူတိုင်းကိုစွဲလမ်းစေခဲ့

မမျှော်လင့်ပါဘူး*****************12June2024(Wendesday)တစ်ပွင့်လောက်ပွင့်ပြီးတစ်တောလုံးဝေခဲ့ဖို့ မမျှော်လင့်ပါဘူး ။တစ်ခက်...
12/06/2024

မမျှော်လင့်ပါဘူး
*****************
12June2024(Wendesday)
တစ်ပွင့်လောက်ပွင့်ပြီး
တစ်တောလုံးဝေခဲ့ဖို့
မမျှော်လင့်ပါဘူး ။
တစ်ခက်လောက်ဖြာခဲ့လို့
တစ်ယောက်လောက် အေးရင်ပဲ
ကျေနပ်ပါပြီ ။
စာတွေရေးပြီး
စိတ်ကိုပြင်လောက်အောင်ထိလည်း
မတော်ပါဘူး ။
ကိုယ့်ဘဝကို အကောင်းမြင်တာဟာ
သူများဘဝကို အဆိုးမြင်ဖို့ မဟုတ်ကြောင်း
ကိုယ့်ကိုယ်ကို အထင်ကြီးတာဟာ
သူများကို အထင်သေးဖို့ မဟုတ်ကြောင်း
ကိုယ့်အိပ်မက်ကို တည်ဆောက်တာဟာ
သူများအိပ်မက်ကို နင်းခြေဖို့ မဟုတ်ကြောင်း
အရောင်လေး မပီ့တပီနဲ့
အရုပ်လေး တချို့တဝက် ရေးဆွဲခဲ့ချင်ရုံပါ ။
ဘဝမှာ နေပျော်တယ်ဆိုတာ
ကိုယ့်အကြောင်းကို ပြန်တွေးတိုင်း
နောင်တကင်းကင်းနဲ့ ပြုံးနေနိုင်ခြင်းပဲ မဟုတ်လား ။
သမိုင်းသစ်တွေရေးဖို့ထက်
မေတ္တာစက်ဝိုင်းလေးကြီးဖို့ပဲ
ကြိုးစားပါဦးမယ် ။

11/06/2024

Jisoo က သူ့မရဲ့တစ်ကိုယ်တော်အယ်ဘမ်အကြောင်းကို အရိတ်အမြွတ်ပေးခဲ့တယ်။

10/06/2024

Blackpink အဖွဲ့ Paris မှာ ပြန်လည်ဆုံကြမယ်

08/06/2024

သီချင်းအသစ်ထွက်မယ့်အကြောင်း Lisa အတည်ပြုလိုက်တယ်။

08/06/2024

Lisa က Bvlgari နဲ့ စာချုပ်ကိုအဆုံးသတ်ခဲ့ပြီး အမိုက်စား project တွေစတင်တော့မှာပါ။

07/06/2024

Jennie ရဲ့ JN1 Album ထွက်လာတော့မှာဖြစ်ကြောင်း အရိပ်ယောင်ပြလာခဲ့

06/06/2024

LS 2 အတွက် ကိုယ်ပိုင် Tiktok အကောင့်ဖွင့်လိုက်တဲ့ Lisa

ဒီနှစ်အတွက် အကယ်ဒမီဆုရှင်လေးပါ
06/06/2024

ဒီနှစ်အတွက် အကယ်ဒမီဆုရှင်လေးပါ

06/06/2024

Rose ရဲ့ထွက်ပေါ်လာတဲ့ ပုံတစ်ချို့ကြောင့် ပရိသတ်တွေကို စိုးရိမ်တကြီးဖြစ်ခဲ့ရတယ်။

05/06/2024

Rose ရဲ့ ရိုက်ကူးရေးအသစ်တွေနဲ့ Blackpink အဖွဲ့ရဲ့အောင်မြင်မှု

04/06/2024

မင်းသမီး Jisoo က ဒီနှစ်မှာ Come Back လာဖို့ရှိနေသလို Jennie ရဲ့အမိုက်စား ဖန်တီးမှုအသစ်တွေ

03/06/2024

BLACKPINK အဖွဲ့ဝင်တို့ရဲ့လှုပ်ရှားမှုအသစ်နဲ့ Jennie ရဲ့ ဟောလိဝုဒ်သရုပ်ဆောင်ချက်

ဒီပုံကိုမှတ်မိသေးရဲ့လား ?
03/06/2024

ဒီပုံကိုမှတ်မိသေးရဲ့လား ?

30/05/2024

Blackpink ကတော့ သူတို့ရဲ့စံချိန်ကို သူတို့ကိုယ်တိုင်ပြန်ချိုးသွားခဲ့တယ်။

ที่อยู่

Sukhumvit 60, Khlon Tan Nuea, Wattna
Bangkok
10110

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Cele Paradiseผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Cele Paradise:

วิดีโอทั้งหมด

แชร์


Bangkok บริษัท สื่ออื่นๆ

แสดงผลทั้งหมด