Success Your Life

Success Your Life personal blog

နမိတ်ဆိုတာတကယ်ရှိတယ် မြင်တာချဲ့ပါဂုဏ်ယူပါတယ် သင့်အတွက် အိမ်ဝယ်ဖို့ ။အခုပဲလက်ခံလိုက်ပါ
24/01/2025

နမိတ်ဆိုတာတကယ်ရှိတယ် မြင်တာချဲ့ပါ
ဂုဏ်ယူပါတယ်
သင့်အတွက် အိမ်ဝယ်ဖို့ ။အခုပဲလက်ခံလိုက်ပါ

အချစ်ရေးတစ်ခုမှာ ရှိရမဲ့အချက်များ- ရိုးသားမှု- ယုံကြည်မှု - သစ္စာရှိခြင်း- နားလည်မှု - လေးစားမှု- လက်တွေ့လုပ်ဆောင်ခြင်း ...
23/01/2025

အချစ်ရေးတစ်ခုမှာ ရှိရမဲ့အချက်များ
- ရိုးသားမှု
- ယုံကြည်မှု
- သစ္စာရှိခြင်း
- နားလည်မှု
- လေးစားမှု
- လက်တွေ့လုပ်ဆောင်ခြင်း

၁) ရိုးသားမှု (Honestly)
တစ်ဦးနဲ့တစ်ဦး ရိုးသားမှု မရှိရင် လူနှစ်ယောက်က ဘယ်လိုမှ လက်တွဲလို့မရဘူး။
တကယ်ချစ်ရင် မလိမ်ညာရဘူး။ရိုးသားရမယ်။
ပြောပြသင့်တာ အကုန်ပြောပြရမယ်။ဝန်ခံရမယ်။

၂)ယုံကြည်မှု (Trust)
ချစ်တဲ့အခါ သံသယတွေ မရှိသင့်ဘူး။
သံသယရှိရင် အစကတည်းက မချစ်တာ
ပိုကောင်းတယ်။ချစ်ပြီဆိုရင် ယုံကြည်မှု
ရှိရတယ်။လူတစ်ယောက်ကို သံသယတွေနဲ့
မချစ်သင့်ဘူး။တကယ်ပူလောင်စေတာမလို့။
ချစ်ပြီးရင် ယုံကြည်ပေးပါ။အတိုင်းအတာ
တစ်ခုထိတော့ ယုံကြည်ပေးလိုက်ပါ။

၃) သစ္စာရှိခြင်း(Loyalty)
ကိုယ်ရွေးချယ်လိုက်တဲ့လူက နောက်ကွယ်မှာ
ဖြစ်စေ၊ ရှေ့မှာဖြစ်စေ သစ္စာတရားနဲ့ အမြဲမိတ်ဆွေဖွဲ့နိုင်ရမယ်။သစ္စာရှိဖို့ လိုတယ်။
အချစ်ဆိုတာ သစ္စာရှိတာကနေ စတယ်။
ခဏတာအတွက်နဲ့ အနှစ်နှစ်အလလ အနားမှာ
ရှိနေပေးသူကို စွန့်ပစ် မသွားဖို့ သိပ်လိုတယ်။
အချစ်စစ်သည် ပျော်ရွှင်မှုတွေပဲ ရှိနေရမယ်
မဟုတ်ဘူး။ကောင်းကောင်းဆိုးဆိုး အားလုံး
အတူတူ မျှဝေခံစားပေးနိုင်ဖို့ပါ။

၄) နားလည်မှု (Understand)
ရေရှည်လက်တွဲဖို့ဆို ဒီလိုပဲ တစ်ဦးအပေါ်
တစ်ဦးနားလည်ပေးရင်း၊ ညှိယူရင်း
ရှေ့ဆက်ရတာပါပဲ။ဒီအချက်ကို ကျော်ဖြတ်နိုင်ဖို့
သိပ်ခက်ခဲတယ်။လုပ်နိုင်တဲ့အခါလည်း
အတော် ကြည်နူးစရာကောင်းသွားတယ်။
တစ်ဦးကပဲ နားလည်မှုပေးရတာလည်း
မဟုတ်သေးဘူး။နားလည်မှုပေးတယ်ဆိုပြီး
လူပါးဝလို့ မရဘူး။ယုံကြည်မှုအလွဲသုံးစား
မလုပ်ကောင်းဘူး။တန်ဖိုးထားတတ်ရမယ်။

၅)လေးစားမှု (Respect)
မကျော်သင့်တဲ့စည်း မကျော်တာ။မပြောသင့်တဲ့စကားဆို မပြောတာ။တစ်ဖက်လူရဲ့အားနည်းချက်ကို မပြောတာ စသဖြင့် ဒါတွေက လေးစားမှုပြတဲ့သင်္ကေတပါပဲ။
ငါနဲ့တောင် ပတ်သက်ပြီးပဲဆိုပြီး ကိစ္စအဝဝမှာ
ဝင်ပါလို့မရဘူး။လေးစားမှုရှိရမယ်။
ကိုယ့် boundaries နဲ့ ကိုယ်ရှိရတယ်။

၆)လက်တွေ့လုပ်ဆောင်ခြင်း (Acting)
အချစ်မှာ စကားလုံးတွေပဲ မလုံလောက်ဘူး။
လက်တွေ့ကျကျ ချစ်ပေးဖို့လည်း လိုတယ်။
ဝယ်ပေးနိုင်တာဆို ဝယ်ပေးလိုက်ပါ။
လုပ်ပေးနိုင်တာဆို လုပ်ပေးလိုက်ပါ။
ဘာမှမလုပ်နိုင်သေးရင် စကားလုံးအကြီးတွေ
မပြောနဲ့။ဘာမှ အနှစ်သာရ မရှိလို့။
ဘာဝယ်ပေးမယ် ညာဝယ်ပေးမယ်ပြောတဲ့
လူထက် ကြံရည်တစ်ခွက်ချက်ချင်းဝယ်တိုက်
တဲ့လူက များစွာ သာပါတယ်။Action
ဆိုတာ အဲတာပဲ။

လူနှစ်ယောက်ချစ်တာကို ငါးမျှားတာနဲ့
ကိုယ်ကတော့ တင်စားချင်တယ်။ငါးမျှားရင်
ကြိုးကို တင်းလွန်းရင်လည်း အဆင်မပြေသလို
လျှော့လွန်းရင်လည်း အဆင်မပြေပါ။ကြိုးကို
သေချာချိန်ပြီး မျှားမှ ငါးရမယ်။
အချစ်လည်း ထိုနည်းတူပဲ။ပြောရရင်တော့
balance မျှနေရမယ်။ဒါမှ ကြည်နူးစရာ
ကောင်းမယ်၊trauma နည်းမယ်။
အချစ်ကြောင့် သင်ပိုပျော်ရွှင်ပါစေ လို့
ဆန္ဒပြုလိုက်ရပါတယ်။

#နူးနူးအောင်

"တွေးပူတတ်တဲ့အကျင့်ကို လျှော့ပါ"ဘယ်ကိစ္စကိုမဆို တွေးပူနေတဲ့အကျင့်က အလုပ်ကို နှောင့်နှေးစေနိုင်တဲ့အကျင့်တွေထဲက ထိပ်ဆုံးကပ...
23/01/2025

"တွေးပူတတ်တဲ့အကျင့်ကို လျှော့ပါ"

ဘယ်ကိစ္စကိုမဆို တွေးပူနေတဲ့အကျင့်က အလုပ်ကို နှောင့်နှေးစေနိုင်တဲ့အကျင့်တွေထဲက ထိပ်ဆုံးကပါပဲ။ ဘယ်လောက်ပဲ အစွမ်းအစရှိရှိ၊ ကြိုးစားချင်စိတ်ရှိရှိ အဲဒီတွေးပူနေတတ်တဲ့အကျင့်ကြီး ရှိနေရင် ခရီးမတွင်ပါဘူး။

"ငါ လုပ်နိုင်ပါ့မလား"
"အဆင်မပြေရင် ဘယ်လိုလုပ်မလဲ"
"သူများတွေက ဘာပြောကြမလဲ"
"အောင်မြင်နိုင်ရဲ့လား မသိဘူး"
"ရှုံးနိမ့်သွားရင် ဘယ်လိုနေမလဲ"
စတဲ့ အတွေးတွေက တစ်ခုခု စလုပ်ချင်တဲ့စိတ်ကို အားနည်းသွားစေတယ်။

တွေးပူနေတတ်တဲ့သူတွေက မလုပ်ရသေးခင်ကတည်းက ဆင်ခြေတွေ အသင့်ရှာထားတတ်ပါတယ်။ ရှုံးနိမ့်မှုအတွက် အကြောင်းပြချက်တွေ ကြိုပြင်ထားတတ်ပါတယ်။ အရာရာကို အဆိုးဘက်ကနေ တွေးတတ်ပါတယ်။

တကယ်တမ်းကတော့ လုပ်ကြည့်မှသာ ဖြစ်နိုင်၊ မဖြစ်နိုင် သိနိုင်မှာပါ။ စမ်းကြည့်မှသာ အဆင်ပြေ၊ မပြေ သိနိုင်မှာပါ။ ကြိုးစားကြည့်မှသာ အောင်မြင်၊ မအောင်မြင် သိနိုင်မှာပါ။

ဒါပေမယ့် ဘာမှမလုပ်ရသေးခင်ကတည်းက အဆိုးတွေကိုပဲ တွေးနေရင်တော့ ဘာမှ ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။

ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ တွေးပူတတ်တဲ့သူတွေဟာ စေ့စပ်သေချာသူတွေ အသေးစိတ်ကျတဲ့သူတွေ ဖြစ်နေတတ်ပါတယ်။ အရာရာကို သေသေချာချာလေ့လာပြီးမှ စနစ်တကျ လုပ်ချင်တဲ့သူတွေပါ။

ဒါပေမယ့် အဲဒီစနစ်တကျ ဖြစ်ချင်တဲ့စိတ်က လွန်ကဲလာတဲ့အခါမှာတော့ အလုပ်နှောင့်နှေးဖို့ရာ အကြောင်းတရားတစ်ခုအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။

တွေးပူတတ်တဲ့အကျင့်ရဲ့ကောင်းကျိုးတွေ

- အသေးစိတ်ကို သတိထားမိတယ်
- အရာရာကို ဂရုတစိုက် လုပ်တတ်တယ်
- အရေးကြီးတဲ့ အချက်တွေကို မမေ့တတ်ဘူး
- လုပ်ငန်းတွေကို စနစ်တကျ စီစဉ်တတ်တယ်
- မလိုလားအပ်တဲ့ အန္တရာယ်တွေကို ရှောင်ရှားနိုင်တယ်

တွေးပူတတ်တဲ့အကျင့်ရဲ့ဆိုးကျိုးတွေ

- စိတ်ဖိစီးမှုတွေ များလာတယ်
- ညဘက် အိပ်မပျော် ဖြစ်လာတတ်တယ်
- ဆုံးဖြတ်ချက် မချနိုင်အောင် ဖြစ်တတ်တယ်
- ကိုယ့်ရဲ့အရည်အချင်းကို တွေဝေလာတယ်
- အခွင့်အလမ်းကောင်းတွေကို လက်လွှတ်ဆုံးရှုံးတတ်တယ်

တွေးပူနေတဲ့အခါ ကိုယ့်ရဲ့စွမ်းအားတွေက ထွက်မလာတော့ဘူး။ ကိုယ့်ရဲ့ အရည်အချင်းတွေကို ကိုယ်တိုင်အထင်သေးလာမယ်။ တွေးပူတတ်ခြင်းက ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာ ကိုယ်တိုင်တောင် မသိတော့အောင် ဖုံးကွယ်ထားတတ်ပါတယ်။

ကိုယ့်မှာ ဒီလိုမျိုးတွေဖြစ်နေမယ်ဆိုရင် တွေးပူနေတတ်တဲ့အကျင့်ကို ပြောင်းလဲဖို့ လေ့ကျင့်ပေးရပါမယ်။

- ကိုယ်တွေးနေတာတွေက ဖြစ်နိုင်ခြေ ရှိရဲ့လား
- တွေးနေရုံနဲ့ ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး
- တွေးပူနေမယ့်အစား စတင်လုပ်ဆောင်လိုက်ရအောင်
- အဆိုးတွေကိုပဲ တွေးမနေပဲ အကောင်းတွေကိုလည်း တွက်ကြည့်ပါ
- တွေးပူနေတဲ့အချိန်တွေကို လက်တွေ့လုပ်ဆောင်ချိန်အဖြစ် အသုံးချလိုက်ပါ

တစ်ခါတလေ ကိုယ်တွေးသလို မဟုတ်တာတွေ တွေ့ရတတ်ပါတယ်။ ကိုယ်ထင်ထားတာထက် အများကြီး လွယ်ကူနေတတ်ပါတယ်။ လုပ်ကြည့်မှ ဒါက ဒီလောက်တောင် မခက်ဘူးဆိုတာ သိရတတ်ပါတယ်။

ဒါကြောင့် တွေးပူနေမယ့်အစား လက်တွေ့စမ်းကြည့်ပါ။ အဆိုးတွေကိုပဲ တွေးမနေပဲ ဖြစ်လာနိုင်တဲ့ အကောင်းတွေကိုလည်း တွေးကြည့်ပါ။

တွေးပူနေတတ်တဲ့ အကျင့်က ကိုယ့်ကို ဘယ်နေရာမှ မရောက်စေပါဘူး။ စိတ်ဓာတ်ကျစေပြီး ရှေ့ဆက်လို့ မရအောင် ဟန့်တားထားတာ ဖြစ်လို့ တွေးပူတာတွေကို ဖယ်ရှားပြီး လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေနဲ့ အစားထိုးစေချင်ပါတယ်။

ဆရာကြီးဦးအောင်သင်း

#လူငယ်တွေအောင်မြင်ဖို့
#ဆရာအောင်သင်း
#လေးစားစွာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်

အဆင့်အတန်းရှိရှိ အနိုင်ယူပါ======================မင်းကို မုန်းတဲ့သူတွေအရှေ့မှာပျော်ပျော်ရွှင်ရွှင် နေပြလိုက်စမ်းပါ။မင်းက...
23/01/2025

အဆင့်အတန်းရှိရှိ အနိုင်ယူပါ
======================

မင်းကို မုန်းတဲ့သူတွေအရှေ့မှာ
ပျော်ပျော်ရွှင်ရွှင် နေပြလိုက်စမ်းပါ။

မင်းကို မနာလိုသူတွေအရှ့မှာ
ယုံကြည်မှု ရှိရှိ နေပြလိုက်စမ်းပါ။

မင်းကို စွန့်ခွာသွားသူအရှေ့မှာ
"အေးဆေးပါ အပြုံးမပျက်ဘူး"လို့ သိအောင်နေပြလိုက်စမ်းပါ။

မင်း မေတ္တာကို စော်ကားသွားသူအရှေ့မှာ
အေးချမ်းတည်ငြိမ်စွာ နေပြလိုက်စမ်းပါ။

မင်းကို တိုက်ခိုက်နေသူတွေ အရှေ့မှာ
ပြုံးဖြစ်အောင် လှိူက်လှိုက်လှဲလှဲပြုံးပြလိုက်စမ်းပါ။

မင်း ဘဝစုတ်ပြတ်သတ်သွားတာကို မြင်ချင်သူတွေအရှေ့မှာ
ခန့်ညားထည်ဝါစွာ တည်တည်ငြိမ်ငြိမ် နေပြလိုက်စမ်းပါ။

အဲ့ဒါက မင်းကို မုန်းတီးနေသူတွေကို
လှလှပပ အဆင့်အတန်းရှိရှိ အနိုင်ယူခြင်းပဲ။

ခက်တာတွေ့တိုင်း လက်လျှော့နေတတ်တာကို ကံမကောင်းဘူးလို့ ညည်းပြီး ကိုယ့်ကိုယ်ကိုယ် ညှာနေရင်တော့ ဘူပြီးရင် ဘူနေမယ်။ခက်တာကို ခ...
23/01/2025

ခက်တာတွေ့တိုင်း လက်လျှော့နေတတ်တာကို
ကံမကောင်းဘူးလို့ ညည်းပြီး
ကိုယ့်ကိုယ်ကိုယ် ညှာနေရင်တော့ ဘူပြီးရင် ဘူနေမယ်။

ခက်တာကို ခက်ချင်အုံးဟဆိုပြီး ရင်ဆိုင်မှ
အဆိုးတွေ ပျောက်ပြီး ကံကောင်းတာတွေ ရောက်လာမှာ။

လက်ရှိအလုပ်မှာ ခက်ခဲတာကြောင့် နောက်အလုပ်တစ်ခုပြောင်း
နောက်အလုပ်မှာလည်း အဆင်မပြေတာတွေ့လို့ လက်လျော့လိုက်နဲ့ဆိုရင်
မုန့်လုံးစက္ကူကပ်သလို ဖြစ်နေမှာပေါ့။

ကိုယ်ရွေးချယ်ထားတဲ့ Career ကို စိတ်မဝင်စားတော့လို့ မဟုတ်ဘဲ အခက်အခဲကြောင့် ထွက်ပြေးနေပြီး ဝါသနာနဲ့ Career တစ်ထပ်တည်း မကျလို့ ထိုင်အော်နေရင် လိုက်လေဝေးလေ ဝေလေလေနဲ့။

အခက်အခဲက ဖြေရှင်းနိုင်စွမ်းထက် ကြီးနေတဲ့အခါ ထွက်ပြေးချင်တာက
လူ့သဘာဝ ဆိုပေမဲ့ ရင်မဆိုင်ပဲ ရှောင်နေရင် ပိုခက်ခဲနေအုံးမှာပဲ။

အခက်အခဲကို စိတ်ညစ်စရာလို့ မမြင်ဘဲ စိန်ခေါ်မှုလို့ ပြောင်းတွေးကြည့်

အခက်အခဲကို ကျော်လွန်အောင်မြင်ပြီးသွားတဲ့အခါ
ဘာမှ မဟုတ်တဲ့ ကိစ္စလို အသေးအမွှားတွေပဲ ဖြစ်သွားတယ်ဆိုတာ ကြုံဖူးသူတိုင်း သိကြမှာပါ။

ရှစ်တန်းလောက်က ဆယ်တန်းစာမေးပွဲကို လှမ်းတွေးကြည့်တဲ့အခါ
ဘယ်လိုရင်ဆိုင်ရမလဲ တွေးပြီး စိတ်ပူတယ်။ ကြောက်တယ်။
တကယ် ကြုံလာရတော့ ခက်ခဲတယ်။ ပင်ပန်းတယ်။
ဖြေပြီး နှစ်နှစ်လောက် ကြာတော့ ဘာမှ မဟုတ်တော့တဲ့ ကိစ္စတစ်ခုလိုပဲ။

အခက်အခဲတစ်ခု ရင်ဆိုင်ပြီးတိုင်း ပိုသန်မာလာတယ်။
အခက်အခဲတစ်ခု ဖြိုချပြီးတိုင်း
ပိုကြီးတဲ့ အခက်အခဲတွေ ရင်ဆိုင်ဖို့ ပိုအားရှိလာတယ်။

ကံကောင်းအောင် အခက်အခဲမရှိအောင် ယတြာချေနေတာထက်
အခက်အခဲတွေကိုထိပ်တိုက်တွေ့ပြီး ဒူးနဲ့သာ တိုက်ထုတ်လိုက်
ကံကောင်းမှုတွေက ဝင်လာမဆဲတသဲသဲ ဖြစ်နေမှာ။

အခက်အခဲဆိုတာ တစ်နည်းအားဖြင့် ပျော်ရွှင်မှု ကံကောင်းခြင်းဆီကို
အသွင်မပြောင်းခင် အခိုက်အတန့်ပဲ။
ဒါ့ကြောင့် အခက်အခဲ ဖြေရှင်းဖို့ ယတြာအစစ်အမှန်က
ခက်လာတိုင်း ရင်ဆိုင်သာတွေ့ပြီး ကြိုးစားဖြေရှင်းခြင်းပဲ။


#သင့်ဖုန်းထဲကဒစ်ဂျစ်တယ်စာကြည့်တိုက်
Crb Aung Pyay Nyein

ဘဝမှာတစ်ယောက်ထဲတစ်ယောက်ထဲအထီးကျန်နေတယ်လို့ ခံစားနေရတဲ့သူတွေရှိလား...? ဘဝမှာတစ်ယောက်ထဲ ရုန်းကန်နေရလို့ စိတ်ဓာတ်မကျနဲ့ တစ်...
22/01/2025

ဘဝမှာတစ်ယောက်ထဲတစ်ယောက်ထဲအထီးကျန်နေတယ်လို့ ခံစားနေရတဲ့သူတွေရှိလား...?

ဘဝမှာတစ်ယောက်ထဲ
ရုန်းကန်နေရလို့ စိတ်ဓာတ်မကျနဲ့

တစ်ယောက်ထဲဆိုလည်း
တစ်ယောက်ထဲဖြစ်အောင်လုပ်

အားမငယ်နဲ့ လူတိုင်းမှာ ပြီးပြည့်စုံတဲ့
မွေးရာပါ ပါရမီဆိုတာ ဘယ်သူမွ
ပါမလာကြပါဘူး

ဘဝဆျိုတာ
ကိုယ့်တိုင်ဖန်ဆင်းရှင်ပဲ

ဘဝဆိုတာ
လှေငယ်တစ်စင်းနဲ့တူတယ်

ကိုယ်ဦးတည်ရာကိုရောက်ဖို့
ကိုယ်တိုင်ပဲ့ကိုင်နိုင်ရမယ်

ဘယ်သူ့ကိုမှအားမကိုးပာနဲ့
ငွေမရှိရင် လောကကြီးမှာနေရတာ
မျက်နှာငယ်ရတယ်

အချစ်ဆိုတာလည်းငွေရှိမှ
အချစ်ရှိတာ

အမျိုးဆိုတာလဲ
ရွှေရှိမှ အမျိုးတော်ကြတာ

ဒါက လောကလူ့သဘာဝရဲ့နိယာမပဲ

ကိုယ့်သမိုင်းကိုယ်ရေးပါ
ကိုယ်လျှောက်မဲ့လမ်း
ကိုယ်တိုင်ဖောက်ပါ

လူတိုင်းဟာ ကိုယ်အဆင်ပြေရင် ကြိုဆိုမယ့်သူရှိပေမယ့် ကိုယ်အဆင်မပြေရင်
ဘယ်သူမွအေရးမလုပ္ဘူး

ဘဝဆိုတာ လက်တွေ့ခံစားဖူးမှ
ကိုယ်ချင်းစာတက်ကျတာပါ

ဘဝဆိုတာ နိမ့်လိုက်မြင့်လိုက်ပဲ

ဗုံတုံတစ်လှည့်ငါးဖျံတစ်လှည့်ပဲ
အမြဲတမ်းနိမ့်ကြမနေဘူး
အပြောင်းအလဲဆိုတာအမြဲရှိပာတယ်

အဲဒါတွေကို သင်ခန်းစာအဖြစ်
ယူတက်ရင် ကျေနပ်စရာပာ

ဘာပဲဖြစ်ဖြစ်
လောကဇာတ်ခုံပေါ်မှာ

ဇာတ္ဆရာအလိုက် ကရတဲ့အခါ
မင်းသားနေရာက
သရုပ်ဆောင်ရတာရှိသလို

တခါတေလ လူကြမ်းနေရာကနေ
သရုပ်ဆောင်ရတာလဲရှိတာပဲ

ဝမ်းနည်းမနေနဲ့ စိတ်ဓာတ်ကျမနေနဲ့
အခွင့်အရေးဆိုတာ
နှစ်ခါမလာတက်ဘူးတဲ့

ငေးမှိုင် တွေးပူ
နောင်တ ရမနေပာနဲ့

တောင့်ခံထားပါ အားတင်ထားပါ
ကံဆိုးခြင်းတွေပီးရင်

ကံကောင်းခြင်းတွေ
ရောက်လာပာလိမ့်မယ်

မုန်းတိုင်းပြီးရင်
လေပြေလာသလိုမျိုးပေါ့

အဓိက က
စိတ်ဓာတ်ခိုင်မာဖို့
စိတ္ဓာတ္မက်ဖို့
ဘဝကို အရှုံးပေးမသွားဖို့

အောင်မြင်တာရှိသလို
ရှုံးနိမ့်တာလည်းရှိတက်ပါတယ်.။

အောင်နိုင်သည်ဖြစ်စေ
ရှုံးနိမ့်ခဲ့သည်ဖြစ်စေ

အဓိကဟာ
ဘဝအတွက် ခံနိုင်ရည်ရှိဖို့နဲ့
စိတ်ဓာတ်တွေ ကျိုးပျက်ယိမ်းယိုင်
မသွားဖို့ပဲအရေကြီးတာ မဟုတ္လား...

" အထီးကျန်ဖို့ သတ္တိရှိပါ
================
အထီးကျန်တယ်ဆိုတာ...

အိပ်ရာပေါ်မှာ
တစ်ယောက်ထဲရှိမှမဟုတ်ဘူး ။
နှစ်ယောက်ရှိနေလည်း
တစ်ယောက်ချင်းစီရဲ့ စိတ်တွေကွဲပြားနေလည်း
အထီးကျန်တာပါပဲ ။

မိသားစု မရှိလို့
အထီးကျန်တာမဟုတ်ဘူး။
မိသားစုရှိလည်း
အတ္တကိုယ်စီကိုင်ထားကြရင်း
မာနတွေဖုံအုပ်ထားကြရင်း
တွေးခေါ်ပုံတွေမတူညီကြရင်း နေနေရရင်
အထီးကျန်တာပါပဲ ။

မိတ်ဆွေအပေါင်းအသင်းနည်းလို့
အထီးကျန်တယ်မခေါ်ဘူး။
သူငယ်ချင်းတွေဘယ်လောက်ရှိရှိ
မိတ်ဆွေတွေဘယ်လောက်များများ
အတုအယောင်တွေနဲ့
ယှဉ်ပြိုင်မှုတွေနဲ့
နောက်ကျောကို ဓားနဲ့ထိုးမယ့်သူတွေကြားမှာ
ကျီးလန့်စာ စားနေရတာလည်း အထီးကျန်တာပါပဲ ။

လူအများကြီးနဲ့နေရပေမယ့်
ကိုယ့်ကိုလူရာမသွင်းတာမျိုး
ကိုယ့်ခံစားချက် ကိုယ့်စိတ်ကူးတွေကို
နားမလည်ပေးတာမျိုး
ကိုယ့်ရဲ့အလုပ်
ကိုယ့်ရဲ့ခံယူချက်တွေကို
အသိအမှတ်မပြုပေးတာမျိုးက
အထီးကျန်တာပါပဲ။

ဒါကြောင့်
ငါ အထီးကျန်တယ်လို့များ
ဘယ်တော့မှမတွေးပါနဲ့။

ဘာလုပ်မှာလဲ...?
မယုံကြည်ရတဲ့သူတွေနဲ့နေနေရတာ...

ကိုယ့်ကိုထိုးဖို့ ဓားတွေ ဖွက်ထားတဲ့သူတွေနဲ့
နေနေရတာ...

ကိုယ့်ရဲ့ချစ်ခြင်းတရားတွေကို...
အသိအမှတ်မပြုတဲ့သူတွေနဲ့ နေနေရတာ...

ကိုယ်နဲ့အမြဲလိုက်ပြီးယှဉ်ပြိုင်နေတဲ့သူတွေနဲ့
နေနေရတာ...

ကိုယ့်ကိုလိုတဲ့အခါမှာအသုံးပြုပြီး
မလိုအပ်ရင်ချောင်ထဲထိုးထားတဲ့
လိုသုံးတွေကြားမှာ နေနေရတာ...

သာတဲ့အခါ လာပေါင်းပြီး
နာတဲ့အခါ စွန့်ခွာသွားကြတဲ့
သာပေါင်းညာစားတွေ ဝန်းရံခံနေရတာ။

သရုပ်အမှန်မျက်နှာတွေကို
အပြုံးမျက်နှာဖုံးတွေ ဖုံးထားရင်း
မုသားဖုံးစကားချိုချိုတွေပြောနေတဲ့
လူတွေကြားမှာနေနေရတာ...

ဒါတွေထက်စာရင်
သင့်စိတ်နဲ့ သင်ကိုယ်ကို
သင်ကိုယ်တိုင် ပိုင်ဆိုင်ရင်း
ရဲရဲဝံ့ဝံ့ အထီးကျန်ပစ်လိုက်စမ်းပါ။

crd

ကိုယ့်ကို တကယ်မချစ်တဲ့ လူတျောက်ကိုမတွေ့ခဲ့ဘူးဆိုရင်တော့လက်ကျန်ဘ၀ကို တစ်ကိုယ်တည်းပဲဖြတ်သန်းတာဟာပိုစိတ်ချမ်းသာမှုရပါလိမ့်မယ်။အပျိုကြီး ဖြစ်တော့မှာပဲဆိုပြီးအားမငယ်ပါနဲ့။

လက်တွေ့ဘ၀မှာစိတ်ဆင်းရဲရဆုံးကအိမ်ထောင်သည်တွေပါ။၁။ လွတ်လပ်ခွင့်မရှိတော့ဘူးကိုယ်သွားချင်တဲ့နေရာက်ိုသူငယ်ချင်းတွေနဲ့ ဒါမှမဟုတ်တျောက်ထဲဖြစ်စေသွားခွင့်မရှိတော့ပါဘူး၊ကိုယ်ဝါနာပါတဲ့အလုပ်တွေ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကိုပိတ်ပင်ခံရလိုက်ပါပြီ။

၂။အလှအပကိုဆုံးရှုံးလိုက်ရပါပြီကမ္ဘာပေါ်ရှိတဲ့ မိန်းကလေးအများစုက အလှအပကိုကြိုက်
နှစ်သက်ကြပါတယ်။ အ်ိမ်ထောင်သညဘ၀မှအ၀တ်လှလှတွေ၀တ်သနပ်ခါးမိတ်ကပ် အပြန်စားနေချင်လို့မရတော့ပါဘူး။

ကိုယ့်ခင်ပွန်းက ခွင့်ပြုမယ်ဆိုရင်တောင်ပတ်၀န်းကျင်ရဲ့ရှုံ့ချ ကဲ့ရဲ့မှုကို ခံရပါလိမ့်မယ်။၃။မိဘတွေကို ကျွေးမွေးဖို့အခွင့်ရေးနည်းသွားပြီအိမ်ထောင်သည် ဖြစ်သွားပြီဆိုတာနဲ့ ကိုယ့်စီးပွားရေးကိုလိုလားတဲ့သူတွေခြည်ပါပဲ။

သားသမီးမရခင်ချိန်က ခုမှစိီးပွားရေးစလုပ်တာအဆင်မပြေသေးလို့၊သားသမီးရလာတော့ကလေးတွေရဲ့နောင်ရေးရှိသေးတယ်ဆိုပြီးအကြောင်းပြချက်အမျိုးမျိုးနဲ့မိဘတွေကို မေ့နေတက်ကြပါတယ်။

အရာအားလုံးအဆင်ပြေပြန်တော့ သူ့မိဘကျပေးတယ် ငါ့မိဘကျ မပေးဘူးဆိုပြီးပြဿတွေဖြစ်တက်ပါတယ်။တျောက်ထဲဖြစ်နေပေမဲ့.လောကကြီးမှာဖြစ်နေတဲ့အရာအားလုံးကို ပိုင်ဆိုင်ခွင့်ရှိတယ်။ဘယ်သူကမှကိုယ့်လွတ်လပ်မှုကို မချုပ်ချယ်တော့ဘူး။ အလှအပကြိုက်လို့လည်း ပြောမဲ့သူမရှိဘူး။အရေးကြီးဆုံးကမိဘကိုအချိန်ပြည့် ပြုစလုပ်ကျွေးခွင့်ရတာပါပဲ။

သူတို့ဘ၀ကိုအားမကြပါနဲ့ကိုယ့်ဘ၀မှာပဲ ပျော်ရွှင်စွာဖြတ်သန်းပါလူတကာအမြင်မှာမစွန်တဲ့လူအဖြစ် ထင်မြင်ကြလိမ့်မယ်အဖေအမေရင်ထဲမှာတော့ဂုဏ်ယူ ၀င့်ကြွားနေရတဲ့သမီးလိမ္မာလေး ဖြစ်နေတာပါ

အဆုံးထိကြည့်ရူ့နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတဟ်ရှင်။

ယောကျာ်းယူရမှာကို ကျမ မကြောက်ဘူးလူစိတ်မရှိ တဲ့သူနဲ့တွေ့ပြီးလူမှားရွေးမိမှာကိုပဲ ကျမကြောက်တာ …😢အိမ်ထောင်ပြုတယ်ဆိုတာ ထီထို...
21/01/2025

ယောကျာ်းယူရမှာကို ကျမ မကြောက်ဘူး
လူစိတ်မရှိ တဲ့သူနဲ့တွေ့ပြီးလူမှားရွေးမိမှာကိုပဲ ကျမကြောက်တာ …😢အိမ်ထောင်ပြုတယ်ဆိုတာ ထီထိုးသလိုပဲ ပေါက်လဲကိုယ့်ကံ မပေါက်လဲ ကိုယ့်ကံပါပဲ အများစုကတော့

Videoဇာတ်လမ်းတွဲတွေထဲကလို မင်းသမီးအတွက်တော့မင်းသားက Hero ပဲပေါ့ တစ်ကယ်တမ်းလက်တွေ့ကျတော့ နေထက်လင်းပြောသလို ယောက်ျားတွေအချစ်က သုံးနှစ်ထပ်မပိုပါဘူး။

အိမ်ထောင်ရေးကံကောင်းတဲ့သူတွေအတွက်ကတော့ အိမ်ထောင်ပြုခြင်းဆိုတာ မဂ်လာတစ်ပါးပါပဲ။ဒါပေမယ့် အိမ်ထောင်ရေးကံမကောင်းတဲ့သူတွေအတွက်ကတော့ ငရဲတွင်းထဲကိုခုန်ဆင်းမိတဲ့သူတွေနဲ့ထပ်တူကျနေတတ်တယ်။

ချစ်တာတွေ၊မေတ္တာတွေပျောက်ပြီး သူဘာလဲ ငါဘာလဲနဲ့အတ္တတွေ စစ်ခင်းနေတာမျိုးမာနတွေ ပြိုင်နေတာမျိုးပေါ့ နောက်ဆုံး လမ်းခွဲရမယ့်အခြေအနေမျိုးမှာတောင် သက်ညှာမှုမရှိ၊လူသားမဆန်တဲ့ အိမ်ထောင်ဖက်နဲ့တွေ့ရင် မိန်းမသားတို့ဘဝက မတွေးဝံ့စရာပါပဲ။

တစ်ချို့တွေရှိကြတယ် ကိုယ်တိုင်ကျ အမေနှမအထိမခံနိူင်ပေမယ့် အိမ်က ဇနီးမိန်းမကိုတော့ နှမသားချင်းမစာမနာပဲ ညှင်းပန်းနှိမ့်စက်တတ်ကြပြန်တယ်။ ဝဋ်ကြွေးလို့ဆိုရပေမယ့်မိန်းကလေးတွေ အိမ်ထောင်ရေးမှာ လူရွေးမမှားအောင်တော့ သင်ခန်းစာယူစေချင်ပါတယ်။

ကိုယ်တိုင်းကမကောင်းပဲနဲ့ သူများကောင်းဖို့မမျှော်လင့်နဲ့ဆိုပေမယ့် တစ်ချို့မိန်းကလေးတွေ အိမ်ထောင်မှုနိူင်နင်းပြီး စီးပွားရေးအဆင်ပြေအောင် ရုန်းကန်ပြီးအိမ်ထောင်ရေးသာယာအောင် ကြိုးစားကြပေမယ့် ဖောက်ပြန်တဲ့ယောက်ျား၊ဖောက်ပြန်တဲ့မိန်းမဆိုတာ ရှိကြတာပါပဲ။

ချစ်သူရွေးမှားတာကပြင်လို့ရပေမယ့် အိမ်ထောင်ရွေးမှားသွားလို့ပြန်ပြင်ရင် တစ်ခုလပ်၊အိမ်ထောင်ကွဲဆိုတဲ့ အောက်လုံးတွေသုံးပြီးပတ်ဝန်းကျင်ကဲ့ရဲ့တာခံနေရမယ်ညီမလေး…။ဒါကြောင့် ကိုယ်ဘယ်လောက်ပဲချစ်နေပါစေ သူ့စိတ်ဓာတ်ကိုယ့်စိတ်ဓာတ်ထပ်တူမကျရင် ဘယ်လိုမှပေါင်းလို့မရနိူင်ပါဘူး။

ယောက်ျားဆိုတာ မသေမချင်းရတယ် ဒါပေမယ့် လူစိတ်မရှိတဲ့ ယောက်ျားကို မရွေးချယ်မိဖို့ပဲလိုတယ် ညီမလေး…။လေးစားစွာဖြင့်
(ရာမညမြေ)

”မိဘကို” မေ့မထားကြပါနဲ့********************ဖတ်ကြည့်နော်… #ရေနဲ့ကင်းကွာလို့ မရသလိုအ မေ နဲ့ ကင်းကွာလို့ မရပါဘူး။ #ငွေနဲ့ကင...
18/01/2025

”မိဘကို” မေ့မထားကြပါနဲ့
********************
ဖတ်ကြည့်နော်…

#ရေနဲ့
ကင်းကွာလို့ မရသလို
အ မေ နဲ့
ကင်းကွာလို့ မရပါဘူး။

#ငွေနဲ့
ကင်းကွာလို့ မရသလို
အ ဖေ နဲ့ လည်း
ကင်းကွာလို့ မရပါဘူး။

အခြင်းအရာတွေ
ငွေနဲ့ ဖန်တီးလို့ ရချင်ရလိမ့်မယ်။

မိဘမေတ္တာကိုတော့…
ငွေနဲ့ ဖန်တီးယူလို့ မရပါဘူး။

#လောကမှာ…
ရေနဲ့ ငွေ မရှိရင်
မပြည့်စုံသလို

မိဘမရှိရင်လည်း
မပြည့်စုံပါဘူး။

ငွေရှာနေရလို့
မိဘကို မေ့ထားတာမျိုး
မဖြစ်ပါစေနဲ့။

မိဘရှိနေရင်…
အားလုံးပြည့်စုံတယ်လို့
ခံယူထားပါ။

#မိဘတွေ အသ-က်ရှိတုန်းမှာ…
ကျေးဇူးသိပြီး
ကျေးဇူးဆပ်ကြပါ။


အိပ်ယာကို ထချင်တဲ့ အချိန်မှထနိုင်ဖို့ အတွက် ...မထချင်ဘဲ ကြိတ်မှိတ်ပြီး ထခဲ့ရတဲ့ နေ့တွေကို အရင်ဖြတ်ကျော် ရတတ်တယ်။စားချင်တ...
17/01/2025

အိပ်ယာကို ထချင်တဲ့ အချိန်မှ
ထနိုင်ဖို့ အတွက် ...

မထချင်ဘဲ ကြိတ်မှိတ်ပြီး
ထခဲ့ရတဲ့ နေ့တွေကို အရင်
ဖြတ်ကျော် ရတတ်တယ်။

စားချင်တာကို စျေးမကြည့်ဘဲ
ဝယ်စားနိုင်ဖို့ အတွက် ...

စားချင်စိတ်ကို ကြိတ်မှိတ်သည်းခံရတဲ့
နေ့တွေကို အရင်ဖြတ်ကျော်ရတတ်တယ်။

သွားချင်တဲ့ ခရီးကို ချက်ချင်း
ထသွားနိုင်ဖို့အတွက် ...

သွားချင်ရဲ့နဲ့ ကြိတ်မှိတ်ပြီး
အလုပ်တွေ လုပ်နေရတဲ့ နေ့တွေကို
အရင် ဖြတ်ကျော်ရတတ်တယ်။

" ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ဖို့
ကိုယ် မလုပ်ချင်တာတွေကို
အရင်လုပ်ပြီး ပေးဆပ်ရတာ
လောကသဘာဝပဲ။ "

အခု " အသာစံပြီး "
နောက်မှ " အပင်ပန်းခံ " မလား။

ဒါမှမဟုတ် ..

အခု " အပင်ပန်းခံပြီး "
နောက်ပိုင်းမှာ " အသာစံ " ချင် တာလား။

သင်စိုက်တဲ့အတိုင်း သင်ရိတ်ရမှာမို့
အဖြေက သင့်မှာပဲ ရှိပါတယ် မိတ်ဆွေ။

စည်းထားပါလူတိုင်း လူတိုင်းမှာသူ့ရဲ့ ကိုယ်ရေးကိုယ်တာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဆိုတာရှိပါတယ်..လူသိစေချင်တာရှိသလိုလူမသိစေချင...
17/01/2025

စည်းထားပါ
လူတိုင်း လူတိုင်းမှာ
သူ့ရဲ့ ကိုယ်ရေးကိုယ်တာ
စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဆိုတာ
ရှိပါတယ်..

လူသိစေချင်တာ
ရှိသလို
လူမသိစေချင်တာလည်း
ရှိတတ်ကြပါတယ်..

အဲဒါကြောင့်
ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ

သိပေမယ့်
မသိချင်ယောင် ဆောင်ရသလို

သိပေမယ့်
မပြောပဲ နေပေးရတာလည်း ရှိပါတယ်..

ဒီနေရာမှာ "စာနာမှု"က
လူတစ်ယောက်ရဲ့
အဆင့်အတန်းကို ပြပါတယ်..

မိတ်ဆွေအစစ်လို့ ထင်ရတဲ့
ထင်ခဲ့တဲ့ လူတချို့က
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ
အကြောင်းအရာတွေကို
အတင်းတုပ်တဲ့ အခါ
ပုံကြီးချဲ့တဲ့အခါ
ကိုယ်က သိပေမဲ့
မသိချင်ယောင် ဆောင်လိုက်ဝာလည်း
ရှိတယ်..

နောက်တစ်ခါ
သူတို့ ပုံကြီးချဲ့လို့
သိသွားတဲ့သူတွေက
မထိခလုတ် ထိခလုတ်
ခနဲ့ တဲ့တဲ့
ရိ သဲ့သဲ့ လာ လာ ပြောတဲ့အခါ
ဘာမှတော့ ပြန်မပြောဘူး

ဒါပေမယ့်
သီးမခံနိုင်တဲ့ တစ်နေ့
ပြန်ပြောရင်လည်း
တယောက် မျက်နှာ တစ်ယောက်
ကြည့်နိုင်တော့မှာ မဟုတ်ဘူး..

ပြောချင်တာက
ဘာကြောင့် လူမှုရေး နယ်ပယ်မှာ
စည်း မထားတာလဲ-?

ဘာကြောင့်
ကိုယ့်ရဲ့ ပါးစပ်ကို စည်းကမ်း ရှိအောင်
မထိန်းသိမ်းတာလဲ-?

ဘာကြောင့်
သူများရဲ့ အကြောင်းအရာတွေကို
ပယ်ပယ်နယ်နယ် ပြောပြီး
အရသာ ခံချင်ရတာလဲ-?

ငါလည်း တစ်နေ့ သူ့လို ကြုံနိုင်တယ်
ဆိုတဲ့
အဲဒီလို အသိလေး ရှိဖို့ လိုပါတယ်..

လူတစ်ယောက်ရဲ့ အဆင့်အတန်းက
"ငွေကြေး ချမ်းသာမှု"မဟုတ်ဘူး..

လူတစ်ယောက်ရဲ့ အဆင့်အတန်းက
"ပါးစပ်စည်းကမ်း ရှိဖို့" နဲ့
"စာနာ"နားလည်" "ဖေးမတတ်မှု" ပါ...။

မိသားစုတစ်စု ဘာ့ကြောင့်ဆင်းရဲရသလဲ…?-----------(လူသားအားလုံးအတွက် အကျိုးရှိစေတာမို့ ဖတ်ဖြစ်အောင်ဖတ်လိုက်ပါနော်) ကျနော်တို...
17/01/2025

မိသားစုတစ်စု ဘာ့ကြောင့်ဆင်းရဲရသလဲ…?
-----------
(လူသားအားလုံးအတွက် အကျိုးရှိစေတာမို့ ဖတ်ဖြစ်အောင်ဖတ်လိုက်ပါနော်) ကျနော်တို့လူသားတိုင်းမှာ မိသားစု အသိုက်အမြုံဆိုတာ ရှိကြပါတယ်..။ သက်ရှိသတ္တဝါတိုင်းမှာလည်း မိသားစုဆိုတာရှိကြစမြဲပါ… ဒီမိသားစုဆိုတဲ့ လှပတဲ့အဓိပ္ပါယ်လေးက အရမ်းကို လေးနက်မှုရှိသလို ပျော်ရွှင်အေးချမ်းဖွယ် မေတ္တာကမ္ဘာလေး ဆိုလည်း (လုံး၀) မမှားပါဘူး။ တစ်ဦးနဲ့တစ်ဦး အမှီသဟဲ ပြုပြီးနေထိုင်နေကြတာပဲဖြစ်ပါတယ်… ကဲ…ကျနော့်အနေနဲ့ လူသားအားလုံးအေးချမ်းပြီး ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုဘဝလေးကို ပိုင်ဆိုင်စေလိုသော မေတ္တာဖြင့် ထောက်ပြစရာလေး အနည်းငယ်တော့ရှိပါတယ်..။ အဲ့ဒါကဘာလဲဆိုတော့…. အိမ်ထောင်စု တစ်စု မိသားစု တစ်စု ဘာ့ကြောင့်ဆင်းဆင်းရဲရဲ ဒုက္ခတွေကို ရင်၀ယ်ပိုက်နေရသလဲဆိုတာလေးပါ.. လူတိုင်းသိထားသင့်သလို၊ လိုက်နာဆောင်ရွက်သင့်မယ်လို့လည်း ကျနော့်အနေနဲ့ တွေးထင်မိပါတယ်..။ကျနော်အနေနဲ့ မိသားစုတစ်ခုလုံးဆင်းရဲတွင်းထဲနက်နက်စေတဲ့အချက်လေး တွေကတော့....

(၁)မပီသတဲ့ အိမ်ထောင်ဦးစီး

အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီး လုပ်တဲ့သူ တစ်နည်းအားဖြင့် “အဖေ” ကို အဓိကထားစေချင်တာပါအိမ်ထောင်ဦးစီးညံ့ဖျင်း ရင်လည်း ဒီအိမ်ဟာဆင်းရဲမှာပဲ၊ အိမ်ထောင်ဦးစီအနေနဲ့ မိန်းမယူ၊ ကလေးမွေးယုံလောက်နဲ့တော့ အိမ်ထောင်ဦးစီး မခေါ်ထိုက်သေးပါဘူး။ မိသားစုတာ၀န်တွေကို ထမ်းဆောင်းပေးရမယ့်တာ၀န်တွေ ရှိသလို၊ စီးပွားရေး လုပ်ငန်းတွေအတွက်လည်းဆွေးနွေး တိုင်ပင်မှုတွေရှိမှာပဲ၊ပစ္စုပ္ပန်အနာဂတ်ကို ဘယ်လိုဆက်လျှောက်ရမလဲဆိုတဲ့ အတွေးအမြင်တွေလည်းရှိသင့် ရှိထိုက်ပါတယ်။ မိသားစုအရေးတွေကို လည်းရင်ကော့ခေါင်းမော့ပြီး ရှေ့က ဦးဆောင်မှုတွေလည်း လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။ ကဲ…အဲ့လိုမှမဟုတ်ပဲ တစ်နေ့တစ်နေ့ စားလောက်ရုံလေး လုပ်မယ်၊ အိမ်ပြန်ထမင်းစား၊ အိပ်၊ထ၊စား၊သွား ဆိုယုံလောက်ပဲလုပ်နေရင်တော့ ဒီအိမ်ဟာ သေချာတယ်ဆင်းရဲတွင်းထဲရောက်ပြီး ဒုက္ခတွေ တန်းစီပြီး၀င်နေမှာပဲ…ဒါ့ကြောင့် ဒီအိမ်ဟာဆင်းရဲနေမှာပဲ..။

(၂)အိမ်တွင်းသူခိုး

ဒီအချက်ကတော့ အရေးကြီးတယ်အိမ်တစ်အိမ်မှာ အိမ်တွင်းသူခိုးရှိနေရင်လည်း ဒီအိမ်ဟာ ဆင်းရဲမှာ ပဲ အိမ်ထောင်ဆိုတာ လင်နဲ့မယား နှစ်ဦးတည်ဆောက်ထားတာပါ ။ အဲ့ဒီမှာ ပြဿနာတစ်ခုက ယောက်ျားဖြစ်စေ၊ ဇနီးမယားဖြစ်စေ တစ်ယောက်ယောက်က အိမ်တွင်းသူခိုးဖြစ်နေရင်သေချာတယ်။ ဆင်းရဲပြီး...ဆိုလိုတာက ကိုယ့်ဘက်ကိုပဲကြည့်တတ်တဲ့ သူကိုဆိုလိုတာပါ။ ကိုယ့်အိမ်မှာဖြင့်စားမလောက်သေးဘူး၊ ကိုယ့်အမျိုးဆီကိုခိုးခိုးပေးနေတာ မိသားစုရှေ့ရေးကို သိပ်မတွေးဘူး။ ထင်တိုင်းကျဲနေတာမျိုး ထမင်းမငတ်ရုံတမယ်ပဲ ရပ်တည်နေသ၍တော့အဲ့ဒီအိမ်ဟာဆင်းရဲမှာပဲ…. နောက်တစ်နည်းက အရက်သောက်တတ်တဲ့ ယောက်ျားကလည်း ခိုးမှာပဲ၊ ချဲတွေ နှလုံးတွေ ထိုးတတ်တဲ့ မိန်းမကလည်း ခိုးမှာ အဲဒါဆိုသေချာတယ် ဒီအိမ်ထောင်စုဟာ ဆင်းရဲနေမှာပဲ…။

(၃)မတည့်အတူနေမိသားစု

အိမ်တစ်အိမ်မှာ မိသားစုဆိုတာ ဖြစ်ပေါ်လာမှာပဲ… အဲ့မိသားစုတွေမှာပဲ ပြဿနာတစ်ခုက အကြီးနဲ့အငယ် မတည့်တာ၊ အမနဲ့ညီမ မတည့်တာ စတဲ့ စကားများရန်ဖြစ်တတ်တာတွေအစုံပေါ့ ...အိမ်တစ်အိမ်ဟာ ဘယ်တော့မှ သာယာမှုမရှိဘူး၊ နေ့တိုင်းလိုလို စကားများတတ်တယ်၊ မသိရင်သူစိမ်းတွေလိုပဲ။ သူ့ကိုလည်းအဖတ်မလုပ် င့ါကိုလည်းမလေးစား ဖြစ်နေရင်တော့ အဲ့ဒီ့ အိမ်ထောင်စုဟာလဲပြိုပြီးဆင်းရဲတွင်းထဲ လွတ်မြောက် နိုင်မှာမဟုတ်ပါဘူး။

(၄)အိမ်နီးချင်းကောင်းမရှိခြင်း

လူဆိုတာ လူ့အသိုင်းအဝိုင်းထဲမှာ နေတတ်မှ လူနဲ့တူတာပါ။ အဲ့လိုမှ မဟုတ်ရင်တော့ လူဖြစ်တယ်ဆိုရုံပဲ သုံးလို့ရပါတယ်။ လူလို့ မခေါ်ထိုက်လောက်ပါဘူး။ အဓိကပြောချင်တာက ကိုယ်နေတဲ့ ပတ်၀န်းကျင်နဲ့ အဆင်ပြေအောင် နေစေချင်တာပါ… အဲ့လိုမှမဟုတ်ပဲ သူနဲ့ငါ့အကြောင်းပြော ငါနဲ့တွေ့ရင် သူ့အကြောင်းပြော လောကကြီးကို အကောင်းမမြင်းတတ်ဘူး ဆန့်ကျင်ဘက် အတွေးတွေ ရှိနေသ၍ တော့ ဘယ်တော့မှ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး… ။ အဲ့လိုလူမျိုးကို ဘယ်လိုပုဂ္ဂိုလ် ကမှလည်း ဖေးမ စောင့်ရှောက်နေမှာ မဟုတ်တဲ့ အတွက် ဆင်းရဲနေမှာပဲ… ဘယ်တော့မှ အဆင်ပြေပြေနဲ့ ခရီးဆက်နိုင်နေမှာမဟုတ်တဲ့ အတွက် ဒီအိမ်ဟာလည်း ဆင်းရဲနေမှာပဲ။
ကျနော်ပြောတဲ့ ဒီအချက်တွေ တစ်ချက်ချက်နဲ့ ငြိနေတယ်ဆိုရင် ဒီမိသားစုရဲ့ အနာဂတ်ဟာ လှပနေမှာမဟုတ်နိုင်တဲ့ အတွက် ကျနော့် ရဲ့ စာဖတ်ပရိတ်သတ်တွေလည်း ဒီအချက်လေးတွေကို ရှောင်ကျဉ် နိုင်ကြမယ်ဆိုရင် ၀မ်းသာပါတယ်။ ဒီအချက်တွေနဲ့ လွတ်မြောက်နိုင်မယ်ဆိုရင် အေးချမ်းလှတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ အေးချမ်းပြီးပျော်ရွှင်လှတဲ့ မိသားစုဘဝလေးကို လူသားတိုင်း ပိုင်ဆိုင်နိုင်ကြပါစေလို့ဗဟုသုတရွာမှဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ်။

မိသားစုအားလုံး သာယာချမ်းမြေ့နိုင်ကြပါစေ…

ကိုရဲ(Barlarlar)

#မူရင်းရေးသားသူကိုဂါရဝပြုပြန်လည်ပူ‌ဇော်ကုသိုလ်ယူပါသည်ရှင်

အနင်းခံရတဲ့ မြက်တွေဆိုတာရှင်သန်လာပြီဆိုရင် သာမန်အပင်တွေထက် ပိုသန်မာကြပါတယ်။ဘဝက အဖိအနှိမ်ခံနဲ့ တစ်သက်လုံး နေသွားရမှာမှမဟု...
16/01/2025

အနင်းခံရတဲ့ မြက်တွေဆိုတာ
ရှင်သန်လာပြီဆိုရင်
သာမန်အပင်တွေထက် ပိုသန်မာကြပါတယ်။

ဘဝက အဖိအနှိမ်ခံနဲ့
တစ်သက်လုံး နေသွားရမှာမှမဟုတ်တာ။
မဖြစ်နိုင်ဘူးဆိုတဲ့ စကားတွေအောက်မှာ
စိတ်ဓာတ်ကျသွားတာထက်
စိတ်နာတတ်အောင် လေ့ကျင့်ယူရမှာပါ။

ဒီနေ့အဆင်မပြေဘူးဆိုပြီး
ပြိုလဲသွားဖို့မလိုပါဘူး။
မနက်ဖြန်တွေမှာ ပြန်ရပ်တည်နိုင်ဖို့
အခွင့်အလမ်းတွေရှိပါသေးတယ်။

လောကဓံက ကြမ်းတယ်ဆိုတာ
ဘဝတွေသန်မာဖို့အတွက်
အဆင့်အဆင့် သင်ခန်းစာတွေပါပဲ။
မုန်းတိုင်းပြီးရင်
လေပြေဆိုတာ လာစမြဲပဲမဟုတ်လား။

အတွေးနွံထဲမှာပဲ စိတ်နှစ်မနေနဲ့။
ပစ္စုပ္ပန်မှာ အကောင်းဆုံး ရှင်သန်ပါ။

လူတိုင်းက သန်မာနေလို့တော့ ဘယ်ဟုတ်မလဲ။
လဲက်သြားမွာစိုးလို့
တောင့်ခံရင်း ရုန်းကန်းနေကြရတာပါ။

ဘဝက ခက်ခဲချင် ခက်ခဲမယ်
ကြမ်းတမ်းချင် ကြမ်းတမ်းမယ်။
ဒါပေမယ့် ဘယ်တော့မှ အရှုံးမပေးပါနဲ့။

#မေတ္တာဖြင့်တဆင့်ပြန်လည်မျှဝေပေးပါသည်

ခွေးရူးကိုက်တဲ့အခါ ကြက်ဟင်းခါးရွက်နဲ့ ကုမယ်။ရှယ်ထားကြနော်    တနေ့အသုံးဝင်ဒါပေါ့အသက်မရူံးဆုံရတော့ဘူး။  ခွေးရူးကိုက်ခြင်းဟ...
11/01/2025

ခွေးရူးကိုက်တဲ့အခါ ကြက်ဟင်းခါးရွက်နဲ့ ကုမယ်။
ရှယ်ထားကြနော် တနေ့အသုံးဝင်ဒါပေါ့
အသက်မရူံးဆုံရတော့ဘူး။

ခွေးရူးကိုက်ခြင်းဟာ အလွန်အန္တရာယ်ကြီး ပါတယ်။ ဒီအတွက် ငွေးကြေးအကုန်အကျ သက်သာစေရုံသာ မကဘဲ အစွမ်းလည်း ထက်တဲ့ ကြက်ဟင်းခါး
ရွက်နှင့် ကုသတဲ့ နည်းလမ်းလေး တွေကို မျှဝေပေးလိုက် ရပါတယ်။

အဲဒါကတော့ ခွေးရူးကိုက်တဲ့ နေရာကို ကြက်ဟင်းခါး ရွက်ကို အုံးပေးလိုက်ပါ။ သတိထားရမည့် အချက်က ကြက်ဟင်းခါးရွက်ကို ကြိတ်ဖို့လိုပါတယ်။
ကိုက်ခံရတဲ့ နေရမှာ ကြက်ဟင်းခါးရွက်၏ အရည်ကိုလည်း ညစ်ပြီး ထည့်နိုင်ပါတယ်။

နောက်တစ်နည်း ကတော့ ကြက်ဟင်းခါးရွက် အရည်ကို သောက်ပေးခြင်း အားဖြင့်ရောဂါ ပျောက်ကင်း စေနိုင်ပါတယ်။

မသိသူများအတွက် စေတနာဖြစ် မျှဝေခြင်း....
SunDawBarTha
ကူယူဖေါ်ပြပေးပါသည် ဟုတ်၏မဟုတ်ဆိုတာတော့မသိပါ
Credit..မူရင်း

အိပ်ယာကို ထချင်တဲ့ အချိန်မှထနိုင်ဖို့ အတွက် ...မထချင်ဘဲ ကြိတ်မှိတ်ပြီး ထခဲ့ရတဲ့ နေ့တွေကို အရင်ဖြတ်ကျော် ရတတ်တယ်။စားချင်တ...
11/01/2025

အိပ်ယာကို ထချင်တဲ့ အချိန်မှ
ထနိုင်ဖို့ အတွက် ...

မထချင်ဘဲ ကြိတ်မှိတ်ပြီး
ထခဲ့ရတဲ့ နေ့တွေကို အရင်
ဖြတ်ကျော် ရတတ်တယ်။

စားချင်တာကို စျေးမကြည့်ဘဲ
ဝယ်စားနိုင်ဖို့ အတွက် ...

စားချင်စိတ်ကို ကြိတ်မှိတ်သည်းခံရတဲ့
နေ့တွေကို အရင်ဖြတ်ကျော်ရတတ်တယ်။

သွားချင်တဲ့ ခရီးကို ချက်ချင်း
ထသွားနိုင်ဖို့အတွက် ...

သွားချင်ရဲ့နဲ့ ကြိတ်မှိတ်ပြီး
အလုပ်တွေ လုပ်နေရတဲ့ နေ့တွေကို
အရင် ဖြတ်ကျော်ရတတ်တယ်။

" ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ဖို့
ကိုယ် မလုပ်ချင်တာတွေကို
အရင်လုပ်ပြီး ပေးဆပ်ရတာ
လောကသဘာဝပဲ။ "

အခု " အသာစံပြီး "
နောက်မှ " အပင်ပန်းခံ " မလား။

ဒါမှမဟုတ် ..

အခု " အပင်ပန်းခံပြီး "
နောက်ပိုင်းမှာ " အသာစံ " ချင် တာလား။

သင်စိုက်တဲ့အတိုင်း သင်ရိတ်ရမှာမို့
အဖြေက သင့်မှာပဲ ရှိပါတယ် မိတ်ဆွေ။ ✅

❝ နေ့စဉ်ဘုရားရှိခိုး၊ တရားထိုင်တာကို  ပုံမှန်လုပ်ပေးခြင်းဖြင့် ရလာမယ့် အကျိုးကျေးဇူးများ ❞🙏လူတချို့က ဘုရားရှိခိုးတာ၊ တရာ...
11/01/2025

❝ နေ့စဉ်ဘုရားရှိခိုး၊ တရားထိုင်တာကို ပုံမှန်လုပ်ပေးခြင်းဖြင့် ရလာမယ့် အကျိုးကျေးဇူးများ ❞🙏

လူတချို့က ဘုရားရှိခိုးတာ၊
တရားထိုင်တာတွေဟာ ဆုတောင်းချင်လို့၊
ကိုယ်လိုချင်တာတစ်ခုခုအတွက်
ဘုရားကိုအသုံးချဖို့ကြိုးစားနေတာမျိုးလို့
ထင်နေတတ်ကြပါတယ်။

တကယ်တော့ ဘုရားရှိခိုးတာ၊
တရားထိုင်တာဟာ လောကုတ္တရာ
အကျိုးတင်မကဘဲ လောကီ
ဆိုင်ရာအကျိုးတွေလည်း ရစေတဲ့
ကောင်းမွန်တဲ့ အမူအကျင့်တစ်ခုဖြစ်ပါတယ်။🙏

နေ့စဉ်ဘုရားရှိခိုးခြင်းက
ဒီလိုအကျိုးကျေးဇူးတွေကို ရစေပါတယ်။

🙏စိတ်ကြည်လင်စေတယ်။
နေ့တိုင်းဘုရားရှိခိုး၊ မိနစ်အနည်းငယ်
လောက်တရားထိုင်တာကို
ပုံမှန်လေးလုပ်ပေးနိုင်ရင်

နေ့စဉ်စိတ်ကြည်လင်မှုကို ဖြစ်စေပြီး
ရက်တွေကြာလာတဲ့အခါမှာလည်း
စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပိုင်းမှာ
အံ့သြစရာကောင်းလောက်အောင်
တိုးတက်လာတာကို တွေ့ရပါလိမ့်မယ်။

🙏ကောင်းတဲ့စိတ်ကိုဖြစ်စေတယ်။
ပတ်ဝန်းကျင်နဲ့ လူတွေအပေါ်
အဆိုးမြင်စိတ်ကိုလျော့နည်းစေတယ်။

ကောင်းမွန်တဲ့စိတ်ကိုဖြစ်ပေါ်စေပြီး
မျက်နှာ ကြည်လင်စေတယ်။
စိတ်ပျံ့လွင့်မှုတွေ နည်းလာအောင်
ကိုယ့်ကိုယ်ကို ထိန်းချုပ်လာနိုင်ပြီး
ကောင်းမွန်တဲ့ အတွေးတွေပေါက်
ဖွားလာစေပါလိမ့်မယ်။

🙏အာရုံစူးစိုက်မှုပိုကောင်းစေတယ်။
စိတ်ငြိမ်းချမ်းမှုကိုဖြစ်ပေါ်စေတာကြောင့်
ကိုယ့်ရဲ့အတွေးတွေကိုထိန်းချုပ်လာနိုင်ပြီး
အာရုံစူးစိုက်မှု ပိုမိုအားကောင်းလာစေတယ်။

အဲ့ဒါက ပညာရပ်တွေလေ့လာ
သင်ယူတဲ့အခါမှာ၊ လုပ်ငန်းခွင်မှာ
ပိုအဆင်ပြေလာစေပြီး မိသားစု
အတွင်းဆက်ဆံရေးပိုမိုပြေလည်လာစေခြင်း၊ ပေါင်းသင်းဆက်ဆံရေးပိုကောင်းလာခြင်း
စတဲ့အကျိုးဆက်တွေကို ရရှိစေပါတယ်။

🙏ဘဝမှာနေပျော်လာစေတယ်
ဘုရားပုံမှန်ရှိခိုးခြင်း၊ တရားထိုင်ခြင်းကြောင့်
စိတ်ကြည်လင်ငြိမ်းချမ်းခြင်းအပြင်
ဘဝမှာလည်း အရင်ကထက်
ပိုပြီးနေပျော်လာစေပါတယ်။

အဆင်မပြေမှုတွေ၊
အရှုံးတွေကြုံလာရင်လည်း
စိတ်ကိုထားတတ်လာမယ်၊
ရောင့်ရဲတတ်လာမယ်၊
ကိုယ်ချင်းစာနာစိတ်ပိုတိုးလာပါမယ်၊
ဒါကြောင့် ဘဝမှာ ပိုပြီးနေပျော်လာပါလိမ့်မယ်။

🙏ကျန်းမာရေးအတွက်လည်းကောင်းမွန်တယ်။
ဘုရားရှိခိုး၊ တရားထိုင်ခြင်းက
စိတ်ပိုင်းဆိုင်ရာကိုကောင်းကျိုး
ဖြစ်စေရုံမက ခန္ဓာကိုယ်အတွက်လည်း
ကောင်းကျိုးဖြစ်စေပါတယ်။

သွေးတိုးကျစေခြင်း၊ နှလုံးရောဂါဖြစ်နိုင်ချေကိုလျှော့ချပေးခြင်း၊ ဦးနှောက်ကျန်းမာရေးပိုမိုကောင်းမွန်စေခြင်း စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုရရှိစေပါတယ်။🙏🙏🙏

(မူရင်းမျှဝေသူအားလေးစားစွာဖြင့်)

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား တတ်ရမယ်။ကိုယ့်ဘဝ၊ ကိုယ့် ခံယူချက်နဲ့ကိုယ့် ယုံကြည်ချက် ရှိရှိဂုဏ်ယူစွာ ရပ်တည်နိုင်ဖို့ပါ...အ...
08/01/2025

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား တတ်ရမယ်။
ကိုယ့်ဘဝ၊ ကိုယ့် ခံယူချက်နဲ့
ကိုယ့် ယုံကြည်ချက် ရှိရှိ
ဂုဏ်ယူစွာ ရပ်တည်နိုင်ဖို့ပါ...

အသက်မွေးဝမ်းကြောင်း ပညာ
တစ်ခုခု တတ်ကို တတ်ထားရမယ်။
မည်သူ တစ်ဦးတစ်ယောက်ကိုမှ
ဘဝတစ်ခုလုံး ပုံအပ်ပြီး
လောက အလယ်မှာ
အားငယ်စွာ မနေထိုင်ရဖို့ပါ...

လှပစွာ ပြင်ဆင် ဝတ်စား တတ်ရမယ်။
ကိုယ်ဟာ လှပစွာ တည်ရှိနေတယ် ဆိုတဲ့စိတ်ဟာ
ကိုယ့်ကို ယုံကြည်ချက် အများကြီး ပေးနိုင်လို့ပါ...

မနက်စောစော ထရမယ်။
ကိုယ့် ရည်မှန်းချက် တွေဆီ
မြန်မြန်ရောက် နိုင်အောင်
အလုပ်တွေ ပိုမို ပြီးမြောက်အောင်
ရထားတဲ့ အချိန်ကလေး ကို
လုံလောက်စွာ အသုံးချ နိုင်ဖို့ပါ...

အလှူအတန်း ရက်ရောရမယ်။
ဘာကိုမှ မျှော်လင့်ချက် မရှိဘဲ
လွတ်လပ်စွာ လှူတန်းရခြင်းဟာ
ကြီးမားတဲ့ မွန်မြတ်ခြင်း တစ်ခု
ဖြစ်နေလို့ပါ...

ဒါတွေ အားလုံးကို
ကောင်းမွန်စွာ တတ်မြောက်ထားရပါမယ်။
ယောင်္ကျားမို့ ၊ မိန်းမမို့ မဟုတ်ဘူး...
လူတစ်ယောက် ဖြစ်နေလို့ပါ။

နေ့စဉ် လုပ်နေတဲ့ အရာတွေက
အကြောင်းအရာချင်း တူရင်တောင်
ရည်ရွယ်ချက်နဲ့ ခံယူချက် မတူရင်
ဘဝ တန်ဖိုးကလည်း တူမှာ မဟုတ်ဘူး...

တစ်ဖက် စောင်းနင်းတဲ့
အတွေးအခေါ် မျိုးက
လူ့ ပတ်ဝန်းကျင်ကို အကျိုးမပြုစေဘူး။

ကိုယ့်ကို လောင်မြိုက်နေတဲ့ အရာ တစ်ခုကို
သူများလည်း လောင်မြိုက်ပါစေ ဆိုပြီး
ဖြန့်ဝေ နေခြင်းက ကြီးစွာသော
အကုသိုလ် ဖြစ်စေ ပါတယ်...

"လူ" ဆိုတာ ...
တဏှာတစ်ခုတည်းအတွက် ရှင်သန်နေတာမဟုတ်ဘူး...

ကိုယ်ရှင်သန်နေတဲ့ ဘဝရဲ့ တန်ဖိုးနဲ့
ရပ်တည်ချက်တွေကို
ကောင်းကောင်း နားလည် စေချင်မိတယ်...

#လူထုဒေါ်အမာ

" အချစ်ဆိုတာ ဘဝမဟုတ်သလို ဘဝဆိုတာလည်း အချစ်မဟုတ်ပါ"အချစ်ကို ဗန်းပြပြီးကလေးဆန်ရမယ့် အရွယ်လဲမဟုတ်တော့ပါဘူးဘဝဆိုတာကိုလဲ ကလေး...
03/01/2025

" အချစ်ဆိုတာ ဘဝမဟုတ်သလို
ဘဝဆိုတာလည်း အချစ်မဟုတ်ပါ"

အချစ်ကို ဗန်းပြပြီး
ကလေးဆန်ရမယ့် အရွယ်လဲ
မဟုတ်တော့ပါဘူး

ဘဝဆိုတာကိုလဲ ကလေးဆန်ဆန်
အတွေးတွေနဲ့ ဖြတ်သန်းနေသ၍
တိုးတက်လာမှာ မဟုတ်ပါဘူး

အချစ်နဲ့ ဘဝ ဘာကို ရှေ့တန်းတင်မလဲပေါ့
အချစ်နဲ့ဘဝထပ်တူညီဖို့ဆိုတာကလဲ
အင်မတန်ကို ခက်ခဲလွန်းလှပါတယ်
တစ်ခုခုကို ရှေ့တန်းတင်မိရင်
တစ်ခုခုတော့ နောက်ကျကျန်နေမှာအမှန်ပါပဲ

ဒါပေမယ့်
ကိုယ့်ရဲ့ရွေးချယ်မှုက ကိုယ့်ဘဝပါပဲ
ဘဝကို အရင်လှအောင် လုပ်မလား?
အချစ်ကို အရင် ဦးညွှတ်မလား?
ဆိုတာကိုတော့ ကိုယ့်ရဲ့ ရွေးချယ်နိုင်တဲ့
အပေါ် မူတည်ပြီး ခံစား စံစားကြရမှာပါပဲ

ထမင်းရည်အပူ အတူသောက်ပြီး
တဲအိုပျက်မှာ နေရ နေရဆိုတဲ့စကားက
တစ်ကယ့်အပြင်လူ့ဘဝမှာ လွယ်ကူတာမှ
မဟုတ်ပဲ

တိုးတက်လာတဲ့ ခေတ်စနစ်နဲ့အညီ
အများသူငါလို စားချင် သောက်ချင်
ဝတ်ချင်လှချင် အရာရာကို
ထိတွေ့ကိုင်တွယ်
မက်မောချင်နေကြတာလဲ သဘာဝပါပဲ

မိုးမမြင်လေမမြင် ချစ်စခင်စ
ကြင်နာစတုန်းကတော့ သူ့မျက်နှာလေး
မြင်နေရရင်ကို ဗိုက်ပြည့်သွားသလိုလို
အရာရာပြည့်စုံသွားသလိုလိုနဲ့ပါပဲ

တစ်ကယ့် တစ်ကယ်
အဆင်မပြေမှုတွေနဲ့လဲ ကြုံရော
သူ့မျက်နှာလေးလဲ တစိမ့်စိမ့်ထိုင်ပြီး
မငေးနိုင် မကြည့်နိုင်တော့ဘူး
ထမင်းရည်ပူ အတူမသောက်နိုင်တော့
သလို တဲအိုပျက်မှာလဲ
မနေနိုင်ကြတော့ပါဘူး

အချစ်ကိုရှေ့တန်းတင်မိလို့
နစ်မွန်းသွားတဲ့ဘဝတွေရှိသလို
ဖြစ်ထွန်းသွားတာတွေလဲ ရှိပါတယ်
အဆင်မပြေမှုတွေကြားထဲ နားလည်မှုရှိရှိ
လက်တွဲသွားကြတဲ့သူတွေကတော့
တိုးတက်လာနိုင်ပါတယ်
ရှားတော့ ရှားတာပေါ့လေ

ဘဝကိုရှေ့တန်းတင်မိပြန်ရင်လဲ
အချစ်ဆိုတာကို မေ့နေတတ်ကြပါတယ်
ခေါင်းထဲမှာ ကိန်းဂဏန်းတွေပဲရှိပြီး
ခုန်နေတဲ့ နှလုံးကလဲ
သွေးလေလည်ပတ်မှု တစ်ခုထဲအတွက်ပဲ
ဖြစ်နေတတ်ပါတယ်

ဒါပေမယ့် ဘဝကိုသာ
အရင်လှအောင်လုပ်ကြည့်ပါ
အချစ်ဆိုတဲ့အရာ ဘယ်ကနေ
ဝင်မှန်းမသိကို ဝင်လာပါလိမ့်မယ်

အဲ့ဒီတော့
ဘာကို အရင်ရှေ့တန်းတင်မလဲ
ဆိုတာကိုတော့ သေချာလေး
စဉ်းစားဆုံးဖြတ်ပါ သူငယ်ချင်း

အချစ်က ဘဝမဟုတ်သလို
ဘဝဆိုတာကလဲ အချစ်မရှိလို့ မပြည့်စုံနိုင်ပါဘူး


Credit. San Hla
&succcesi

ကိုယ့်ဇနီးကို သဘောထားကြီးစွာ ပံ့ပိုးပေးပါ==========================လုပ်ငန်းခွင်မှာ အောင်မြင်နေတဲ့ အမျိုးသမီးတွေရဲ့နောက်မ...
02/01/2025

ကိုယ့်ဇနီးကို သဘောထားကြီးစွာ ပံ့ပိုးပေးပါ
==========================

လုပ်ငန်းခွင်မှာ အောင်မြင်နေတဲ့ အမျိုးသမီးတွေရဲ့နောက်မှာ စိတ်သဘောထားကြီးမြင့်တဲ့ အမျိးသားတစ်ဦးရှိတယ်လို့ကျွန်မကတော့ယုံကြည်လက်ခံပါတယ်။

“မိန်းကလေးပဲ အချိန်တန် လင်ယူသွားမှာ စာသင်ပေးစရာမလို“ ဆိုတဲ့ ဖခင်မျိုး ရှိသလို၊
“သမီး... တက်ချင်သလောက်တက်ပါ၊ အဖေ ပုခုံးနဲ့ ထမ်းတင်ပေးမယ်“ဆိုတဲ့ ဖခင်မျိုး
လည်း ရှိတာ တွေ့ခဲ့ဖူးတယ်။

ပြီးတော့“အပြင်ထွက်ပြီး ဘာလုပ်ချင်သေးတာလဲ၊ မင်းအလုပ်က ငါတို့အိမ်ထဲမှာပဲရှိတယ်၊ မင်း အလုပ်အကျွေးပြုရမှာလဲ ငါ့ကိုပဲ သိလား“ ဆိုတဲ့ ခင်ပွန်းမျိုး၊ “ မိန်းမရဲ့ ပါရဂူဘွဲ့ အတွက် ပညာဆက်သင်ချင် သင်လေ၊ အိမ်အလုပ်တွေကို ကိုယ်လည်း ကူညီပေးမှာပေါ့၊ ကလေး အတွက်လည်း စိတ်မပူနဲ့မိန်းမ“ ဆိုတဲ့ ခင်ပွန်းသည်မျိုးလည်း တွေ့ခဲ့ဖူးတယ်။

ပြီးတော့မိဘလက်ထဲမှာတော့ ထူးချွန်တယ်၊ တော်တယ် ထက်မြက်တယ်ဆိုတဲ့ အမျိုးသမီးအများစုက အိမ်ထောင်ကျတဲ့အခါ အိမ်ရှင်မဘ၀မှာပဲ အောင်မြင်သွားကြတာ တွေ့ရတယ်။ တကယ့် လုပ်ငန်းခွင်မှာရော၊ အ်ိမ်ထောင်ရေးမှာရော လူမှုအသိုင်းအဝိုင်းကြားမှာပါ အောင်မြင်ဖို့ဆိုတဲ့ အဆင့်ထိ ရောက်မလာခဲ့ကြပါဘူး။

ကျမတို့လို အိမ်ထောင်ရှင်မတွေဟာ ကိုယ့်လင်သား ခင်ပွန်းက စိတ်နေမြင့်ရင် မြင့်သလောက်သာ တက်နိုင်ကြတာပါ။ မိဘနဲ့ နေတုန်းကလည်း မိဘရဲ့ပံ့ပိုးမှုကြောင့် ထူးချွန်ခဲ့တယ်၊ အိမ်ထောင်ကျတော့လည်း ခင်ပွန်းသည်ရဲ့ပံ့ပိုးမှုကြောင့် ဆက်လက်ထူးချွန် အောင်မြင်နေတုန်း ပဲ ဆိုတဲ့ အောင်မြင်တဲ့ အမျိုးသမီးတွေရှိပါတယ်။ နည်းပါးလှတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ရဲ့လူမှုအသိုင်းအဝိုင်းမှာ မိန်းမတစ်ယောက်ကို ပံ့ပိုးအားပေးတတ်တဲ့ အလေ့အကျင့်နည်းပါးလှလို့လို့ပဲ ဆိုချင်ပါတော့တယ်။

ရှေးတုန်းကထက် စာရင်တော့ဒီကနေ့ ခေတ်မှာ နယ်ပါယ်သုံးမျိုး လုံး အောင်မြင်နေတဲ့အမျိုးသမီးတွေရှိနေတာကတော့ ၀မ်းသာကျေနပ်စရာပါ။

ဒါပေမဲ့ အိမ်ရှင်မဘ၀၊ မိခင်ဘ၀မှာကောင်းကောင်းအောင်မြင်နေပေမဲ့ စီးပွားရေးနဲ့လုပ်ငန်းခွင်မှာ အိမ်ရှင်မ၊မိခင်တစ်ယောက်အနေနဲ့ အောင်မြင်ဖို့ ဆိုတာ မလွယ်ကူဘူးဆိုတာကို ကျမအနေနဲ့လည်း တဖြည်းဖြည်းနဲ့ပိုပိုသိလာရလို့ပါပဲ။

တစ်နေ့က အိမ်ရှင်မအမျိုးသမီးတစ်ဦးက ဖုန်းဆက်တယ်။ သူက ဘွဲ့ရ၊ပညာတတ်၊ သတင်းတွေလည်း နားထောင်ပြီး နိုင်ငံရေး အခြေခံအသိလေးလည်းရှိတော့သူ့စိတ်ထဲမှာ တိုင်းပြည်နဲ့လူမျိုးအတွက် သူ့ကိုယ်သူ အသုံးပြုချင်တဲ့ စိတ်ကူးလေးတွေ ရှိတယ်။ ဒါတွေကို သူက အသုံးပြုလို့ရတဲ့ အလုပ်လေးတစ်ခု လုပ်ချင်တယ်။ ဒါပေမဲ့ သူ့ ခင်ပွန်းက ခွင့်မပြုဘူး။

“ငါရှာတဲ့ ပိုက်ဆံက မလုံလောက်လို့လား၊ မင်း ငတ်နေလို့လား၊ ဘာဖြစ်လို့ လတ်လျားလတ်လျားနဲ့ အလုပ်ထွက်လုပ်ချင်ရတာလဲ၊ အိမ်မှာ အေးအေးဆေးဆေး အိပ်နေလို့ရတယ်“ လို့ဆိုသတဲ့။

သူ့ခင်ပွန်းက သူ့ကို ယုံကြည်ပေမဲ့ အပြင်အလုပ်ထွက်လုပ်ဖို့ ပိုက်ဆံလည်း မလိုဘူးတဲ့။ အိမ်အလုပ်မှာ လစ်ဟာသွားမယ်လို့ ဆိုတယ်။ အိမ်အကူ ငှားမှာပေါ့ ဆိုတော့ အိမ်အကူက မင်းလောက်ကောင်းအောင် လုပ်နိုင်ပါ့မလား တဲ့။

အတ္တကြီးလိုက်တာလို့ ကျမ တွေးမိတော့ အဲဒီလို ခင်ပွန်းတွေ ကျွန်မတို့ပတ်၀န်းကျင်မှာ ဘယ်လောက်ရှိသလဲ၊ ကိုယ့်ဇနီးကိုလိင်ကျွန်သာသာပဲသတ်မှတ်ပေးထားတဲ့ ယောင်္ကျားမျိုးတွေ ဘယ်လောက်ရှိသလဲ ဆိုတာ မေးချင်လာမိတယ်။

အချို့ အမျိုးသမီးတွေက မိသားစုအတွက်အပြင် ၊သူတို့သင်ထားတဲ့ပညာနဲ့ အကျိုးပြုနိုင်တဲ့အလုပ်လေးတွေ လုပ်နိုင်အောင် စိတ်ပိုင်းဆိုင်ရာ အမြင်ကျယ်တဲ့စိတ်သဘောထား ကြီးမြင့်တဲ့ အမျိုးသားတွေရှိကြပါတယ်။

ကိုယ့်ဇနီးကို သူတို့ရဲ့ကိုယ်ပိုင်ဘဝလေး ရှိနေပါစေ ဆိုတဲ့စိတ်နဲ့ ဖြည့်ဆည်းပေးတတ်တဲ့ ခင်ပွန်းသည်ကတော့ ပိုက်ဆံဘယ်လောက်ပဲရှိပါစေ သူတို့ဇနီးကို အလုပ်လုပ်ခွင့်ပြုကြတယ်။

ဒါပေမဲ့ အချို့ကတော့သူတို့ကိုယ်တိုင်ရော သူတို့ရဲ့ ထက်မြက်တဲ့ဇနီးသည်တွေကိုရော အောင်မြင်အောင် ထိရောကါစွာ မစွမ်းဆောင်နိုင်ကြဘူး။

အဲဒါက ဘာလဲဆိုတော့ သူတို့စိတ်ထဲ ဝေခွဲမရလို့ပါ။ အောင်မြင်ရင် သူ့ကိုထားခဲ့မလား တွေးတာလည်းပါတယ်။ ကိုယ့်ကို အလေးမထားမှာကို စိုးရိမ်တာလည်းပါတယ်။ ကိုယ့်အတ္တနဲ့စဉ်းစားပြီး ပံ့ပိုးမှုကို ကန့်သတ်လိုက်တယ်။

ဒီလို ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းတဲ့ မျိုးသားတွေကြောင့်အချို့အမျိုးသမီးတွေက အောင်မြင်တဲ့ အဆင့်ထိ တက်မလာနိုင်တော့တာတွေလည်း ရှိပါတယ်။

အိမ်ရှင်မတစ်ယောက်အောင်မြင်ဖို့ ဆိုရင် ဖခင်လို၊ အကိုလို၊ မောင်လို စိတ်ထားမျိုးနဲ့ ခင်ပွန်းမျိုး ရှိဖို့လိုပါတယ်။

ဇနီးသည်ကို အမှန်တကယ်အောင်မြင်စေချင်တဲ့ခင်ပွန်းရဲ့ စိတ်စေတနာအပြင် အမှန်နဲ့အမှားကိုခွဲခြားနိုင်တဲ့ ပညာဥာဏ်ရည်နဲ့ ကိုယ်ရည်ကိုယ်သွေးအပြင် ပံ့ပိုးနိုင်တဲ့ စွမ်းရည်လည်း လိုအပ်ပါသေးတယ်။

လုပ်ငန်းခွင်အောင်မြင်ဖို့ ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ နေ့စဉ် လုပ်ဆောင်ရတဲ့အပိုင်းမှာ မြင်ရတဲ့အခက်အခဲတွေ၊ မမြင်သာတဲ့ ပြဿာနတွေက အများကြီး။မိသားစုတွင်းမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ ဘ၀အရေးမှာပဲ ဖြစ်ဖြစ် မြင်ရ၊ခန့်မှန်းလို့ရတဲ့ အခက်အခဲတွေ ပြဿနာတွေထက် မမြင်ရ၊ မထင်မှတ်ထားတဲ့ ပြဿနာတွေက ပိုပြီး များပြားတတ်သလို၊ ဗြုန်းခနဲတွေ့ရတတ်ပါတယ်။

ဒါကြောင့် မိန်းမတစ်ယောက် အောင်မြင်နေပြီ၊ ထင်ပေါ်ကျော်ကြားနေပြီ ဆိုရင် သူ့နောက်မှာ သူ့ကို နားလည်စွာနဲ့ပံ့ပိုးကူညီနေတဲ့ ယောကျာင်္းတစ်ဦး အမြဲတမ်း ရှိနေတတ်တာပါပဲ။

မိန်းမတစ်ယောက်အောင်မြင်ဖို့ အတွက် ကြိုးစားနေချိန်မှာ ခင်ပွန်းဖြစ်သူက အစစအရာရာကို နားလည်ပေးနိုင်ရပါတယ်။ အဘက်ဘက်ကနေ ဖြည့်ဆည်းပေးရတာတွေ နားလည်မှု ပေးရတာတွေအများကြီး ရှိပါတယ်။

ကြိုးစားနေတဲ့ဇနီးသည်တွေမှာ ရံဖန်ရံခါ အိမ်ရှင်မ တာ၀န် မကျေပွန်နိုင်တာတွေရှိပါတယ်။ လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုတွေကြောင့် အိမ်ထောင်ရေး သုခရရှိအောင် မစွမ်းဆောင်နိုင်တာတွေရှိလာတယ်။ ဒါတွေကိုပါ ခင်ပွန်းဖြစ်သူက နားလည်ပေးကြရတာပါ။

နောက်တစ်ချက်ကတော့ပြင်ပက အမှောင့်ပရောဂတွေလည်းပြောလို့ရနိုင်တဲ့ ကြိုးစားနေတဲ့ ဇနီးအပေါ် နားလည်မှုရှိနေတဲ့ ခင်ပွန်းနဲ့ဇနီးသည်ကြား သွေးကွဲအောင် ပြောဆိုတတ်တဲ့စကားမျိုးတွေ၊ အပြုအမှုတွေကိုလည်း သဘောထားကြီးကြီးနဲ့ ဖြတ်သန်းနိုင်ဖို့ လိုပါသေးတယ်။

အဲဒီလို အခက်အခဲတွေ အခြေအနေတွေ အဆင့်ဆင့်ကို ဖြတ်သန်းနိုင်တယ်ဆိုရင်တောင်မှ ဘ၀မှာမထင်မှတ်တတ်တဲ့အချိုးအကွေ့တွေကြောင့် သဘောင်္မှောက်နိုင်တဲ့ အနေအထားတွေရှိလာနိုင်ပါသေးတယ်။ ဒါတွေကို ခင်ပွန်းဖြစ်သူက အမေ ျှာ်အမြင်ကြီးစွာနဲ့ ကြိုတင်ကာကွယ်ပေးနိုငမယ်ဆိုရင်တော့…အဲဒီ ဇနီးဟာ အောင်မြင်ခြင်း အဆင့်ကို အရှိန်အဟုန်ကြီးစွာနဲ့ ရောက်ရှိသွားတော့တာပါပဲ။

မိန်းမတစ်ယောက် စွမ်းဆောင်နိုင်ဖို့ အရေးကြီးဆုံးက သူကိုယ်တိုင်ဖြစ်သလို၊ အဲဒီမိန်းမ ဘေးက အမျိုးသားတွေရဲ့ပံ့ပိုးကူညီမှုကလည်း အဓိက ကျလှပါတယ်ရှင်။

ကျွန်မတို့တိုင်းပြည်က မိန်းမတွေ မညံ့ကြပါဘူး၊ပတ်၀န်းကျင်ကောင်းနဲ့ပံ့့ပိုးပေးနိုင်သူရှိဖို့ပဲ လိုအပ်တာပါ။

ကျေးဇူးတင်ပါတယ်။

credit

ที่อยู่

1 Soi Kasikornthai, Ratburana Road
Bangkok
10140

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Success Your Lifeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Success Your Life:

วิดีโอทั้งหมด

แชร์