ဆရာမဂျူးစာပေ

ဆရာမဂျူးစာပေ Like Page Share

ခေါင်းကွဲအောင်ထိအရိုက်ခံလိုက်ရတဲ့ Liveဗီဒီယိုဖိုင်တက်လာတဲ့ မြန်မာမော်ဒယ်မင်းသမီး-ဖွေးဖွေးရဲ့သတင်းထူး …See more
19/08/2022

ခေါင်းကွဲအောင်ထိအရိုက်ခံလိုက်ရတဲ့ Liveဗီဒီယိုဖိုင်တက်လာတဲ့ မြန်မာမော်ဒယ်မင်းသမီး-ဖွေးဖွေးရဲ့သတင်းထူး …See more

all newsခေါင်းကွဲအောင်ထိအရိုက်ခံလိုက်ရတဲ့ Liveဗီဒီယိုဖိုင်တက်လာတဲ့ မြန်မာမော်ဒယ်မင်းသမီး-ဖွေးဖွေးရဲ့သတင်းထူး …Se...

၁၉ နှစ်သမီးလေးရဲ့ အဖြစ်ဆိုး-ဖခင်ဇင်ဝိုင်းရဲ့ လက်ရှိအခြေနေကို ဝမ်းနည်းစွာပြောပြလာတဲ့မင်းမော်ကွန်း…..Read More
14/08/2022

၁၉ နှစ်သမီးလေးရဲ့ အဖြစ်ဆိုး-ဖခင်ဇင်ဝိုင်းရဲ့ လက်ရှိအခြေနေကို ဝမ်းနည်းစွာပြောပြလာတဲ့မင်းမော်ကွန်း…..Read More

all news၁၉ နှစ်သမီးလေးရဲ့ အဖြစ်ဆိုး-ဖခင်ဇင်ဝိုင်းရဲ့ လက်ရှိအခြေနေကို ဝမ်းနည်းစွာပြောပြလာတဲ့မင်းမော်ကွန်း…..Read More...

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ မိခင်အရင်းကို ရက်ရက်စက်စက် လုပ်ရက်တဲ့သမီး ဗီဒီယိုအမိအရရိုက်ကူးနိုင်ခဲ့…….Read More
13/08/2022

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ မိခင်အရင်းကို ရက်ရက်စက်စက် လုပ်ရက်တဲ့သမီး ဗီဒီယိုအမိအရရိုက်ကူးနိုင်ခဲ့…….Read More

all newsကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ မိခင်အရင်းကို ရက်ရက်စက်စက် လုပ်ရက်တဲ့သမီး ဗီဒီယိုအမိအရရိုက်ကူးနိုင်ခဲ့.....

အန္တရာယ်ရှိသော Lunar Naga ကိုမြင်လျှင် အပြစ်ကင်းစင်သော ကလေး၏ဦးခေါင်းကို လှည့်ကြည့်လိုက်သည်။ သူ့အမေက ဂျနာကီကို လောင်းကစား...
11/08/2022

အန္တရာယ်ရှိသော Lunar Naga ကိုမြင်လျှင် အပြစ်ကင်းစင်သော ကလေး၏ဦးခေါင်းကို လှည့်ကြည့်လိုက်သည်။ သူ့အမေက ဂျနာကီကို လောင်းကစားခြင်းဖြင့် သူ့အသက်ကို ကယ်တင်ခဲ့သည်။ ကလေးအခန်းထဲမှာ မြွေဟောက်………See More

Myanmar NewSအန္တရာယ်ရှိသော Lunar Naga ကိုမြင်လျှင် အပြစ်ကင်းစင်သော ကလေး၏ဦးခေါင်းကို လှည့်ကြည့်လိုက်သည်။ သူ့အမေက ဂျနာကီက....

မိခင်ဖြစ်သူက ပေါင်တွေနာနေတဲ့ …(၉) နှစ်သမီးလေးကို ….နတ်ကိုင်တယ်ထင်ခဲ့ပြီး အဒေါ်ဖြစ်သူမှ မသင်္ကာသဖြင့် မေးမြန်းရာ…See more
06/08/2022

မိခင်ဖြစ်သူက ပေါင်တွေနာနေတဲ့ …(၉) နှစ်သမီးလေးကို ….နတ်ကိုင်တယ်ထင်ခဲ့ပြီး အဒေါ်ဖြစ်သူမှ မသင်္ကာသဖြင့် မေးမြန်းရာ…See more

Myanmar NewSမိခင်ဖြစ်သူက ပေါင်တွေနာနေတဲ့ …(၉) နှစ်သမီးလေးကို ….နတ်ကိုင်တယ်ထင်ခဲ့ပြီး အဒေါ်ဖြစ်သူမှ မသင်္ကာသဖြင့် မ.....

သတင်းကချိုမြိန်နေတယ်ဟေ့ အရသာကောင်းကောင်းသတင်းပဲ
05/08/2022

သတင်းကချိုမြိန်နေတယ်ဟေ့ အရသာကောင်းကောင်းသတင်းပဲ

Myanmar NewSသတင်းကချိုမြိန်နေတယ်ဟေ့ အရသာကောင်းကောင်းသတင်းပဲ August 5, 2022 - by Heng Baby - Leave a Comment သတင်းကချိုမြိန်နေတယ်ဟေ့ အရသာကောင်း...

တစ်နိုင်ငံလုံးက ချစ်တဲ့ပရိသတ်တွေကို အရမ်းလွမ်းနေတယ်လို့ အမှာပါးလိုက်တဲ့ အဆိုတော် ပိုပို
04/08/2022

တစ်နိုင်ငံလုံးက ချစ်တဲ့ပရိသတ်တွေကို အရမ်းလွမ်းနေတယ်လို့ အမှာပါးလိုက်တဲ့ အဆိုတော် ပိုပို

Myanmar NewSတစ်နိုင်ငံလုံးက ချစ်တဲ့ပရိသတ်တွေကို အရမ်းလွမ်းနေတယ်လို့ အမှာပါးလိုက်တဲ့ အဆိုတော် ပိုပို August 4, 2022 - by Heng Baby - Leav...

ပျော်ရွှင်သော စံပြအိမ်ထောင်ရေး***************************ဖတ်ကြည့်နော်အိမ်ထောင်ရေးဆိုတာမျိုးကဘောလုံးအသင်း တစ်သင်းလိုပါပဲ။...
28/07/2022

ပျော်ရွှင်သော စံပြအိမ်ထောင်ရေး
***************************
ဖတ်ကြည့်နော်
အိမ်ထောင်ရေးဆိုတာမျိုးက
ဘောလုံးအသင်း တစ်သင်းလိုပါပဲ။
တစ်ယောက်တည်း
ကွင်းပတ်ကစားလို့ မရနိုင်ပါဘူး။
လင်နဲ့ မယား အပေးအယူ
အချိတ်အဆက် မိမှ
သာယာသော အိမ်ထောင်ရေး
ဖြစ်လာမှာပါ။
အိမ်ထောင်ဦးစီးကလည်း
ငွေကြေးရှာဖွေပေးရုံနဲ့ မလုံလောက်သလို
အိမ်ရှင်မကလည်း
အိမ်မှုကိစ္စ လုပ်နိုင်ရုံနဲ့ မပြည့်စုံပါဘူး။
အိမ်ထောင်ဦးစီးတစ်ယောက်
ပြုလုပ်သင့်သော တာဝန်များမှာ
၁။အလုပ်တစ်ခုကို အတည်တကျ
လုပ်ပါ။
၂။အသုံးနဲ့အဖြုန်းကို နားလည်တတ်ပါစေ။
၃။မိသားစုအတွက် တတ်နိုင်သမျှ
အချိန်ပေးပါ။
၄။အရက်သေစာ လောင်းကစား
အပျော်အပါးများကို
တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
၅။သား သမီးများကို အချိန်ရရင် ရသလို
နွေးထွေးမှုပေးပြီး ဆုံးမပါ။
၆။ကိုယ်ကျင့်တရားကို
အတတ်နိုင်ဆုံး လုံခြုံအောင် ထိန်းပါ။
၇။ဘုရား တရား သံဃာ မိဘ ဆရာကို
ရိုသေ ကိုးကွယ်ပါ။
၈။အသိပညာမြင့်မားအောင် စာဖတ်ပါ။
၉။အကောင်း အဆိုးကို ခွဲခြားတတ်ဖို့
လိုပါတယ်။
၁ဝ။အမြင်ကျယ်ပြီး
စိတ်သဘောထားမြင့်မားဖို့ လိုပါတယ်။
၁၁။ဇနီးသည်ကို လေးစား တန်ဖိုးထားပါ။
(ကိုယ်ကိုယ်တိုင် တန်ဖိုးထားမှ
သား သမီးနှင့် ပတ်ဝန်းကျင်က
လေးစား တန်ဖိုးထားမှာပါ)
၁၂။အလုပ်ရဲ့ဖိအားကို
အိမ်မှာ မပေါက်ကွဲမိပါစေနဲ့။
၁၃။တည်ကြည်သော စကား
နွေးထွေးသော အပြုအမူနဲ့
အိမ်ရှင်မရဲ့ ချွေးကို သုတ်ပေးပါ။
၁၄။အိမ်ရှင်မကို ရိုက်နှက်ခြင်း နှင့်
စကားကြမ်းကြမ်းပြောဆိုခြင်း
မပြုလုပ်သင့်ပါ။
အိမ်ထောင်ဦးစီးဆိုတာ
ဇနီးမယား၏ အားကိုးရာ ဖြစ်သလို
သား သမီးများအတွက်
စံနမူနာ ပုဂ္ဂိုလ် ဖြစ်သောကြောင့်
ကိုယ်ကျင့်တရား လုံခြုံဖို့တော့ လိုပါတယ်။
အိမ်ရှင်မ ဆိုတာ
အိမ်ကို ရှင်သန်အောင် မ-စ သူ ဖြစ်သလို
သား သမီးများ၏ ဘဝကို
တည့်မတ်အောင် မ-စ ပေးနိုင်သော
အနွေးထွေးဆုံး ရင်ခွင်တစ်ခုပါ။
အိမ်ရှင်မတစ်ယောက်
ပြုလုပ်သင့်သော တာဝန်များမှာ
၁။စည်းကမ်းရှိပါ။
၂။နှစ်ဖက်ဆွေမျိုးတွေအပေါ်
အတတ်နိုင်ဆုံး ကြည့်ရှုပေးကမ်းပါ။
၃။ဖြစ်သလို မနေသင့်သလို
အလွန်အကျွံ အလှအပ မမက်မောသင့်ပါ။
၄။အနေအထိုင် အပြောအဆို
သတိထားပါ။
၅။ဝင်ငွေ ထွက်ငွေကို အသုံးချတတ်ပါစေ။
၆။သစ္စာတရားကို လက်ကိုင်ထားပါ။
၇။မယျတဈရှကျ မရွက်နိုင်ရင်တောင်မှ
ပလိုင်းပေါက်မဖြစ်ဖို့ အရေးကြီးပါတယ်။
၈။ဘုရား တရား သံဃာ မိဘ ဆရာကို
ကိုးကွယ်ယုံကြည်ပါ။
၉။အိမ်လည်ခြင်း
ချဲထီစသော လောင်းကစားများကို
ရှောင်ကြဉ်ပါ။
၁ဝ။ဘေးလူပြောစကားထက်
ကိုယ့်လင်သားကို ယုံကြည်မှု ထားပါ။
၁၁။ကိုယ့်လင်သားကို လေးစားပါ။
(ကိုယ်လေးစားမှ
သားသမီးနှင့် ပတ်ဝန်းကျင်က
လေးစားမှာပါ)
၁၂။လင်ယောက်ျား
အလုပ် အဆင်ပြေသည် ဖြစ်စေ
မပြေသည် ဖြစ်စေ
ပုံမှန်အတိုင်း ပြောဆိုဆက်ဆံပါ။
၁၃။ချိုသာသောစကား နှစ်လိုဖွယ်အပြုံးနဲ့
လင်ယောက်ျားရဲ့
ဘဝအမောတွေကို ဖြေဖျောက်ပါ။
၁၄။လင်ယောက်ျား စိတ်ရှုပ်နေတဲ့အခါ
စကားကို သတိထားပြောပါ။
အိမ်ထောင်ရေးမှာ အရေးအကြီးဆုံးကတော့
အတ္တတွေ လျှော့ချပြီး ချစ်ခြင်းထက်
ယုံကြည်မှု
နားလည်မှုကို
ခိုင်မာအောင် တည်ဆောက်ရတာမျိုးပါ။
အတ္တတွေ လျှော့ချပြီး
သူ့ဘက် ကိုယ့်ဘက်မျှတအောင် ကြည့်ရှု
ခံစားပေးခဲ့ရင်
သစ္စာတရား ခိုင်မာလာပြီး
မေတ္တာတရား လေးနက်လာပါလိမ့်မယ်။
ပျော်ရွှင်စရာကောင်းသော
စံပြအိမ်ထောင်ရေး ဖြစ်လာဖို့က
နှစ်ဦးစလုံးနဲ့ သက်ဆိုင်ပြီး
ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို ဦးစားပေးမှသာ
ပျော်ရွှင်စရာဘဝတစ်ခု ဖြစ်လာပါလိမ့်မယ်။

အိမ်ထောင်ရေး ကံကောင်းတယ်ဆိုတာ ငွေကြေးချမ်းသာသူတစ်ယောက်  ခင်ပွန်းတော်ထားရတာမဟုတ်ဘူးကို့ယ်ကိုနွေးထွေးကြင်နာနားလည်ခွင့်လွှတ...
28/07/2022

အိမ်ထောင်ရေး ကံကောင်းတယ်ဆိုတာ
ငွေကြေးချမ်းသာသူတစ်ယောက် ခင်ပွန်းတော်
ထားရတာမဟုတ်ဘူး
ကို့ယ်ကိုနွေးထွေးကြင်နာ
နားလည်ခွင့်လွှတ်ပေးတတ်သူကို
ပိုင်ဆိုင်ထားရတာပါ
ဂုဏ်ယူဖို့ကောင်းတယ်ဆိုတာ
တင့်တောင်းတင့်တယ် ထားနိုင်တာ
မက်လောက်စရာတွေပေးနိုင်တယ်
တင်တောင်းနိုင်တာ မဟုတ်ပါဘူး
ဘယ်အခြေအနေမဆို
ကိုယ့်ကိုသာအရာရာဦးစားပေးခံရတာ
ညှာသာစာနာ
အလျှော့ပေးလိုက်လျောမှုတွေရတာပါ
လိုက်ဖက်လိုက်တာနော်ဆိုတာ
ဂုဏ်ချင်းထပ် ရွှေချင်းထပ်လို့ မြတ်တာကိုမခေါ်ဘူး
သူရဲ့ ကိုယ်ရဲ့ အားနည်းချက် အားသာချက်တိုင်းကို
နှစ်ဦးနှစ်ဖက်လုံးက ချစ်နိုင်ကြပြီး
တစ်ယောက်ကိုတစ်ယောက်
အပြန်အလှန်ဖေးမနိုင်ကြတာကိုခေါ်တာ
အားက်စရာပဲဆိုတာ
Suprise မျိုးစုံလုပ်ကြ social
network တွေမှာဝက်ဝက်ကွဲချစ်ကြတာကို
ဆိုလိုတာ မဟုတ်ဘူး
ဘယ်အခြေအနေမှာမဆို လက်တွဲမြဲမြဲနဲ့
ရန်တွေ ဘယ်လောက်ဖြစ်ဖြစ်
သစ္စာတစ်ချက်မပြတ်ကြပဲ
သက်ဆုံးတိုင်ချစ်သွားကြတာကိုဆိုလိုတာ
CRD.
လင်းသိုက်ညွှန့်

"အခမ်းနားဆုံးး မုသားများ " သူဌေးအိမ်မှာ အိမ်ဖော်လုပ်နေတဲ့ ကောင်မလေးကို နယ်ကသူ့အမေက ဖုန်းဆက် ရင်းမေးတယ် သမီးလေးအလုပ်လုပ်ရ...
28/07/2022

"အခမ်းနားဆုံးး မုသားများ "
သူဌေးအိမ်မှာ အိမ်ဖော်လုပ်နေတဲ့
ကောင်မလေးကို နယ်ကသူ့အမေက ဖုန်းဆက်
ရင်းမေးတယ် သမီးလေးအလုပ်လုပ်ရအဆင်
ပြေရဲ့လားး??
"ဟုတ်ကဲ့အမေ သမီးအဆင်ပြေပါတယ် သူဌေးလင်မယားကလဲ သဘောအရမ်းကောင်း
ကြတယ်"တဲ့
သူဌေးကတော် ခေါက်လို့ဖူးနေတဲ့ ခေါင်းလေးကို
ပွတ်ရင်းဖြေတယ် #
---------------
"မောင်တိုးရေ မင်းအမေဖုန်းဆက်တယ်
လာပြောလိုက်ဦး"
စားပွဲထိုးလေးမောင်တိုးဆေးလက်စပန်းကန်
တွေပစ်ချပီးပြေးသွားတယ်
"သား လူလေး နေကောင်းလား အဆင်ပြေလား
သားလေး"
"အင်းးးအမေ ပြေတယ် စားသောက်ဆိုင်ဆိုတော့
မုန့်တွေလဲများကြီးစားရတယ်အမေရဲ့"
မနက်ကတည်းက ဘာမှမစားရသေးလို့
တဂွီဂွီမြည်နေတဲ့ ဗိုက်ကအသံ အမေကြားသွား
မလားလို့တော့ စိုးရိမ်မိသားး
------------
"ဟျောင့်းးးးဖိုးးဇော် တပ်ရင်းအဝမှာ မင်းအဖေ
ဧည့်တွေ့လာတယ် သွားလိုက်ဦးး"
ရဲဘော်လေးဖိုးဇော် အိပ်ယာအောက်ကိုလှန်
သတင်းစာလေးနဲ့ ကျစ်ကျစ် ပါအောင် ထုတ်ပီး
ဖွက်ထားတဲ့ လစာ တစ်သိန်းကိုယူပီး တပ်ရင်း
ဝက သူ့အဖေဆီပြေးးတယ်
"သားးဖိုးဇော် အဆင်ပြေရဲ့လားးကွ ဒီမှာ
မင်းစားဖို့မင်း အမေဟင်းဘူးတွေထည့်ပေး
လိုက်တယ်"
"ဟာ အေဖကလဲ မလိုပါဘူး အေဖတို့စားဖို့
ပြန်ယူသွား သားဒီမှာအဆင်ပြေတယ် ဒီလ
လစာကျန် တစ်သိန်းတောင် အဖေတို့ကိုသား
ကန်တော့နိုင်မယ်
အဖေ့လက် လစာလေးအပ် အဲ့နားမြေကြီး
ထဲတင် ဒူးလေးထောက် ထိုင်ကန်တော့-
"သားးးးမင်းသုံးဖို့ရော ရှိရဲ့လားကွာ ပြန်ယူ
ထားပါလား"
"ရပါတယ် အဖေရာ သားအတွက်က ဘာမှပူ
စရာမရှိပါဖူး အစစအရာရာအဆင်ပြေပါတယ်"
အဖေ့ရဲ့အပြုံးးတွေအောက် နေ့တိုင်းစားနေ
ရတဲ့ ပဲရည်ကျဲဟင်းနဲ့ ကြက်ဥရေလုံပြုတ်က ပိုပီး
အားရှိစေခဲ့တယ် #
---------------
လိမ်ညာခြင်းဟာမကောင်းကြောင်း လောက
နီတိတွေ ကိုသင်ပီးပြန်လာတဲ့ ကျောင်းဆရာ
မလေးးမိုးချုပ်လို့ အိမ်နဲ့ phပြောတဲ့အခါ
-ဗွက်တောထဲ လမ်းလျှောက်သွားရတဲ့ ဒုက္ခတွေ
မသိတော့ဖူး
-အိမ်ပို့ဖို့ လစာမကျန်မှာစိုးလို့ အသီးရွက်ကြော်နဲ့
ဘဲဥပဲ အမြဲစားနေရတဲ့ ဒုက္ခတွေ မရှိတော့ဖူးး
-နယ်မြေက မငြိမ်းချမ်းလို့ ကျီးလန့်စာစား
နေနေရတဲ့ သောကတွေကို မေ့ပီးအဆင်
ပြေပါတယ် အမေလို့ ညာမိပြန်တယ် #
------------
ဘဝမှာ လူတကာကို အကြိမ်ကြိမ် ညာဖူး
လိမ်ဖူးကြပေမယ့်
အဝေးရောက်သားသမီးတွေရဲ့ ကိုယ့်ရဲ့
လက်တလောဒုက္ခတွေ သောကတွေကိုမေ့ပီး
မိဘတွေစိတ်ချမ်းသာဖို့အတွက်
"အဆင်ပြေပါတယ် အဖေ"
"အဆင်ပြေပါတယ် အမေ" လို့ ညာရတဲ့
အချိန်တွေက အခမ်းးနားဆုံးးနဲ့ ကျေနပ်ရဆုံး
အချိန်တွေပါပဲ 😊😊
(အဝေးရောက် သားသမီးများသာ နားလည်မည်)
crd.လင်းသိုက်ညွှန့်

ဖတ်ကြည့်နော် သိပ်ကောင်းတယ်ဘဝနေထိုင်နည်း ==========( ၁ ) သိသလောက် မပြောပါနဲ့ကိုယ်သိတာနဲ့ သူများက လက်ခံထားတာ မတူညီနိူင်ပါဘ...
28/07/2022

ဖတ်ကြည့်နော် သိပ်ကောင်းတယ်
ဘဝနေထိုင်နည်း
==========
( ၁ ) သိသလောက် မပြောပါနဲ့
ကိုယ်သိတာနဲ့ သူများက လက်ခံထားတာ မတူညီနိူင်ပါဘူး
လူတစ်ယောက်ရဲ့ လက်ခံနားလည်မှူဆိုတာ အရွယ်နဲ့ဆိုင်သလို
သူကြုံတွေ့ခဲ့ရသော ဘဝအတွေ့အကြုံ ၊ အတွေးအခေါ်နဲ့
ဆိုင်ပါတယ်။ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်ကို
မိန်းမယူတာ ၊ ရည်းစားထားတာ မကောင်းဘူး အပူမရှာနဲ့
တရားရှာလို့ သွားပြောရင် လက်ခံမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။
ပါးစပ်မှာ ခဲဖျက်မပါသလို စကားဆိုတာကလည်း တန်ဖိုးထားတတ်
သူနဲ့သာ သင့် စကားတွေက တန်ဖိုးထားခြင်း ခံရမှာပါ။
( ၂ ) အမြင်မတော်ရင် မျက်နှာလွဲနေပါ
အမြင်မတော်တာတွေ့တိုင်း ၊ မှားနေတာတွေ့တိုင်း မပြောပါနဲ့
အမြင်မတော်တိုင်းသာ ပြောနေမယ်ဆိုင် သင် ရွာပြင်
အထုတ်ခံရပါလိမ့်မယ်။ဘာလို့လဲဆိုတော့ လူအများစုက ကိုယ်လုပ်
တာ ကိုယ်မှန်တယ်ထင်နေပြီး အမှန်တရားကိုထောက်ပြရင်
သူတို့ကို အရှက်ခွဲတယ်ဆိုပီး သင့်ကို အမြင်စောင်းကြပါလိမ့်မယ်။
လူအများအရှေ့မှာ ဖက်နမ်းနေပီး အမြင်မတော်သော အပြုအမူများ
လုပ်ဆောင်နေသော ချစ်သူနှစ်ဦးကို "မင်းတို့ မရှက်ကြဘူးလားကွာ"လို့
သွားပြောရင် သင့်ကို အထင်လွဲသွားပါလိမ့်မယ်။
( ၃ ) ကြားတိုင်းမယုံပါနဲ့
နားဆိုတာက အကြားအာရုံဖြစ်သောကြောင့် သင့် နားထဲကို
ဟုတ်တာ ၊ မဟုတ်တာ ၊ မှန်တာ ၊ မမှန်တာ အကုန်ကြားနေရပါလိမ့်
မယ်။ကြားနေတိုင်း လိုက်ခံစားနေရင် သင့် မှာ နှလုံးသား အပိုမပါ
သလို ဦးနှောက်လည်း အပိုမပါဘူးလေ။လူတစ်ချို့က သင့်ကို တစ်မျိုး
ပြောမယ် ၊ နောက်လူတစ်ချို့က သင့် ကိုတစ်မျိုးလာပြောကြပါလိမ့်မယ်။
ဘယ်သူတွေက ဘာတွေပဲပြောပြော ကိုယ့်ဦးနှောက်နဲ့ ချင့်ချိန်ပီး
နှလုံးသားနဲ့ တော်သင့်ရုံပဲ ခံစားပါ။
မြင်ရင်မြင်တယ်လို့ မှတ် ၊ ကြားရင် ကြားတယ်လို့မှတ်ပြီး လောကမှာ ဖြစ်ပျက်နေတဲ့ အရာတော်တော်များများကို သင်လက်ခံလာနိူင်ရင်
သင့် ပါးစပ်ကလည်း သင့်တော်သော ၊ အမုန်းမပွားသော ၊ အများလက်ခံ
နိူင်သော စကားကို ပြောဆိုလာပါလိမ့်မယ်။
နှူတ် ကိုစောင့်စည်းလာနိူင်ခြင်းသည် လူမုန်းနည်းလာမယ်။
အမြင်ကျယ်ကျယ်ကြည့်လာနိူင်ပြီး အကောင်းမြင်စိတ်များလာရင်
သူရော မိမိပါ အေးချမ်းလာပါလိမ့်မယ်။
နားကကြားခဲ့သမျှကို ဟိုဘက်နားကဝင်ပြီး ဒီဘက်နားက ထွက်ခဲ့ရင်
သင့် ရင်ထဲမှာ ခံစားချက်နည်းလာသလို အခြားသူကို အပြစ်မြင်မှူ
လည်း လျော့နည်းလာပြီး ကိစ္စတော်တော်များများမှာ သင်
ငြိမ်းချမ်းပျော်ရွှင်လာပါလိမ့်မယ်။
သူငယ်ချင်း....
နေတတ်ရင် ၊ လက်ခံတတ်ရင် အရာအားလုံးက ကျေနပ်စရာတွေ
ချည်းပါပဲ။

သိပ်တော်တဲ့ ယောက်ျား ဆိုတာမိန်းမတစ်ယောက်ကို ကိုယ်စွမ်း ကိုယ်စ နဲ့လူတန်းစေ့  ထားနိုင်တဲ့ အပြင် ဘာအကြောင်းကြောင့်မှ စိတ်ဆင...
28/07/2022

သိပ်တော်တဲ့ ယောက်ျား ဆိုတာ
မိန်းမတစ်ယောက်ကို
ကိုယ်စွမ်း ကိုယ်စ နဲ့
လူတန်းစေ့ ထားနိုင်တဲ့ အပြင်
ဘာအကြောင်းကြောင့်မှ
စိတ်ဆင်းရဲမှု ကို
မပေးတတ်သူ ကို ခေါ်တယ် . . .
သိပ်တော်တဲ့ မိန်းမ ဆိုတာ
ဘဝမှာ တယောက်တည်း ကျန်ခဲ့လဲ
လောကဓံကို မမှုဘဲ
ကိုယ့်စွမ်းကိုယ်စနဲ့ ကိုယ့်ဒူးကိုယ်ချွန်
ရပ်တည်နိုင်တဲ့သူကို ခေါ်တယ် . . .
သိပ်တော်တဲ့ သူငယ်ချင်းဆိုတာ
ဝမ်းနည်း အားငယ် နေတဲ့အချိန်
အားပေး နှစ်သိမ့်မှုနဲ့
ကူညီတတ်သူကို ခေါ်တယ်...
သိပ်တော်တဲ့ လူဆိုတာ
ကိုယ်ကျင့်တရား ကောင်းမွန်ပြီး
ကိုယ့်ဘဝဖြတ်သန်းမှုထဲ ထိပ်ဆုံးရောက်အောင်
ဘယ်လို ကြိုးစားခဲ့ရလဲဆိုတာ
နောက်လူသိအောင်
လမ်းညွှန်ပေးတဲ့သူ ကိုခေါ်တယ်....
သိပ်တော်တဲ့ ပုဂ္ဂိုလ်ဆိုတာ
သေရတော့မဲ့အချိန်မှာ
နောင်တ ကင်းကင်း အမှားနည်းနည်းနဲ့
ကောင်းမှု ကုသိုလ်တွေကိုသာ
စုဆောင်းထားသူ ကိုခေါ်တယ်....
တကယ်တော့ ....
လူ့ဘဝဆိုတာ
သေခြင်းတရား မလာမီ အချိန်အတွင်း
အစွမ်းကုန် ကြိုးစားပြီး
နေထိုင် အသက်ရှင်စဉ်မှာ
လောကမှာ
ကုသိုလ် နဲ့ အကုသိုလ်ကို
ကောင်းစွာ သိတဲ့အပြင်
တရားခြင်း မတရားခြင်းကိုလည်း
နားလည်တဲ့ သိပ်တော်တဲ့ သူ ဖြစ်တာကိုက
လူ့ဘဝရတာ
အဖိုးတန်ဆုံးပါဘဲ သူငယ်ချင်း . . . . .

တန်းဖိုးရှိသောစာ ၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ ၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင...
27/07/2022

တန်းဖိုးရှိသောစာ

၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ

၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်။

၃။ တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ

၄။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။

၅။ အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတတ်ပါစေ။

၆။ ဘဝသီအိုရီ တွက်ချက်ရတဲ့အခါ မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ။

၇။ ဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေ တန်ဖိုးထားတတ်အောင် ကြိုးစားပါ။

၈။ ပညာရှာတဲ့အရွယ်ပညာရှာ ကြင်ယာရှာတဲ့အရွယ် ကြင်ယာရှာပါ
ပညာရှာတုန်း ကြင်ယာမရှာမိပါစေနဲ့
ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ဆိုတာ မလုံလောက်သေးဘူး။

၉။ အသိပညာအတွက် မရှက်ပါနဲ့ ပညာရှာ ပမာသူဖုန်းစားတဲ့။

၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချို့က သင်အောင်မြင်တာကို အသိအမှတ်ပြုဖို့ မေ့နေကြပြီး သင်ကျရှုံးတဲ့အချိန် လက်ညိုးထိုးဖို့ စောင့်ကြည့်နေကြလိမ့်မယ်

၁၁။ လူတိုင်းကို မယုံမိပါစေနဲ့။ သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်

၁၂။ ကိုယ့်အပေါ်အမှားလုပ်မိတဲ့အခါ ခွင့်လွတ်နိုင်ဖို့ ကြိုးစားလိုက်ပါ။

၁၃။ ငွေကြေးနဲ့ပတ်သက်ရင် လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့။

၁၄။ အားနာရင် ခါးပါတတ်တယ်။
မဖြစ်နိုင်ရင် လိမ္မာပါးနပ်စွာ ရဲရဲငြင်းဆိုပါ ။

၁၅။ မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့
မျှော်လင့်ချက်က တစ်နေ့ ဒုက္ခပေးတတ်တယ်။

၁၆။ ချစ်တော့ ချစ်ပါ။ နှလုံးသားနဲ့ အရင်ခံစားပြီးမှ ဦးနှောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။

၁၇။ ပေးကမ်းပါ စွန့်ကြဲပါ တစ်စုံတစ်ခုပြန်ရဖို့ မမျှော်လင့်ပါနဲ့။

၁၈။ လူတိုင်းကို မချစ်နိုင်ရင်တောင် မမုန်းမိအောင် ကြိုးစားပါ။

၁၉။ စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့ ပေးဆပ်လိုက်ပါ စိတ်အေးချမ်းပါတယ်။

၂၀။ မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်။

၂၁။ အပြောမကောင်းရင်တောင် နားထောင်ကောင်းသူဖြစ်အောင် ကြိုးစားပါ။

၂၂။ နည်းနည်းပြောပြီး များများနားထောင်ပါ။

၂၃။ မပေးကမ်းနိုင်ရင်တောင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ လက်တစ်စုံဟာ ယူဖို့အတွက်ဖြစ်သလို ပေးကမ်းတတ်ဖို့လည်း လိုပါတယ်။

၂၄။ ချွေတာသင့်တာ ချွေတာပြီး စုဆောင်းသင့်တာ စုဆောင်းပါ ။ ရေတစ်စက်တန်ဖိုး ရေငတ်မှသိသလို ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သိလာလိမ့်မယ်။

၂၅။ မသိရင် သိသလိုမနေပါနဲ့ ။ မသိရင်မေးပါ ။ အမေးရှိရင် အဖြေတစ်ခုတော့ ရလာမှာပဲ။

၂၆။ တစ်နေ့ စာဖတ်ချိန်သီးသန့်ထားပါ။ စာဖတ်ခြင်းဖြင့် ဦးနှောက်ကို လေ့ကျင့်ပျိုးထောင်ပါ။

၂၇။ သူဘယ်လိုလူလဲဆိုတာထက် ငါဘယ်လိုလူလဲဆိုတာ သုံးသပ်ပါ။

၂၈။ သူတပါးက လက်ညိုးမထိုးခင် ကိုယ်က လက်မထောင်နိုင်အောင် ကြိုးစားပါ။

၂၉။ အချိန်မီ ကျေးဇူးတင်စကားပြောဖို့ မမေ့သင့်သလို တောင်းပန်စကားပြောဖို့လည်း ဝန်မလေးမိပါစေနဲ့။

၃၀။ လူအချို့က ဝေဖန်လာရင် လက်ခံနိုင်ဖို့ ကြိုးစားပါ။
အောင်မြင်တဲ့လူတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းဒဏ် ခံနိုင်ရည်ရှိကြရတယ် ။ ရဲရဲရင်ဆိုင်ဖြတ်ကျော်ပါ။

Credit..လင်းသိုက်ညွှန့်
သင့်အတွက် စိတ်ခွန်အား၊
အားဆေးတစ်ခွက် ဖြစ်ခဲလျှင်
ပြန်လည်၊ ဝေမျှပေးပါ။

 #အကြိုက်ဆုံးစကားစုတစ်ချို့  ငါးကြီးကြီး လိုချင်ရင်       ပင်လယ်ထဲကို သွားပါ ။         ဒါပေမယ့်       မုန်တိုင်းတော့ ရှိ...
27/07/2022

#အကြိုက်ဆုံးစကားစုတစ်ချို့

ငါးကြီးကြီး လိုချင်ရင်
ပင်လယ်ထဲကို သွားပါ ။
ဒါပေမယ့်
မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။

ဘဝကို ကြက်တူရွေးလို မနေဘဲ
သိန်းငှက်လို ကျင့်ကြံပါ
ကြက်တူရွေးက စကားတတ်ပေမဲ့
အမြင့်မပျံနိုင်ဘူး
သိန်းငှက်က နူတ်ဆိတ်ပေမဲ့
မိုးထိအောင် ပျံနိုင်တယ် ။

ကြိုးစားတဲ့ လူတိုင်းက
မအောင်မြင်ပါဘူး
ဒါပေမယ့်
အောင်မြင်နေတဲ့ သူတိုင်းက
ကြိုးစားခဲ့ကြပါတယ် ။

လမ်းပျောက်နေလို့
စိတ်ဓာတ်မကျပါနဲ့
ကိုယ်လျှောက်မယ့် လမ်းက
ကိုယ်တိုင်ဘဲ ဖောက်ရမှာပါ ။

လူ့ သက်တမ်းက
အကန့်သတ်ရှိတာ မှန်ပါတယ်
ဒါပေမဲ့ သင့်ကြိုးစားမှု ရလဒ်ကတော့
အကန့်သတ် မရှိပါဘူး

အစိတ်စိတ် ကွဲနေတဲ့
ဖန်ကွဲစက ပြောတယ် ဖြစ်ပြီးမှ
နောင်တရနေရင် အလကားဘဲ ။

ဘောပင်က ပြောတယ်
မှင်ကုန်ရင် လွင့်ပစ်လိုက်ပါတဲ့
မင်းအတွက် အသုံးမဝင်တာကို
သိမ်းမထားပါနဲ့တဲ့

တံခါးပေါက်က ပြောတယ်
ငါ့ကို ဖွင့်ပီး
မင်းအောင်မြင်မှု လမ်းကြောင်းကို
ရောက်အောင် သွားတဲ့ ။

မီးသီးကပြောတယ်
ဘဝကို တောက်ပအောင် လုပ်ပါတဲ့ ။

ပြတင်းပေါက်က မြင်ရတဲ့
လမင်းက ပြောတယ်
ရည်မှန်းချက်ကို မြင့်မြင့်ထားတဲ့

ပြက္ခဒိန်ကပြောတယ်
ကုန်လွန်သွားတဲ့ ရက်စွဲတွေက
နောက်ပြန်လှည့်လို့ မရဘူး

စာအုပ်တွေကပြောတယ်
ဗဟုသုတကို ဝယ်လို့မရဘူး
ဖတ်ပြီး မှတ်လို့ဘဲ ရတယ် ။

ဓားတစ်လက်က ပြောတယ်
မသုံးဘဲထားရင်
တုံးသွား လိမ့်မယ်တဲ့

နာရီလေးက ပြောတယ်
အချိန်ဆိုတာ နောက်ပြန်မရနိုင်ဘူး

ရေသန့်ဘူးက ပြောတယ်
စိတ်ကိုကြည်လင်အောင်ထား
ဘဝကို သန့်ရှင်းအောင်နေတဲ့ ။

ပိုက်ဆံလေးက ပြောတယ်
များများ သုံးချင်ရင် များများရှာတဲ့

 #မိဘမိဘကိုလုပ်ကျွေးတဲ့သူက ရှာဖွေရ ပိုလွယ်တယ်။မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူကပိုပြည့်စုံလာတယ်။မိဘကိုပြန်ကြည့်တတ်တဲ့သူက ပိုအဆ...
27/07/2022

#မိဘ

မိဘကိုလုပ်ကျွေးတဲ့သူက
ရှာဖွေရ ပိုလွယ်တယ်။

မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူက
ပိုပြည့်စုံလာတယ်။

မိဘကိုပြန်ကြည့်တတ်တဲ့သူက
ပိုအဆင်ပြေလာတယ်။

မိဘစကားနားထောင်တဲ့သူက
ပိုစိတ်ချမ်းသာရတယ်။

ဒါကြောင့်ရှိနေတုန်းမှာ သိတတ်ပါ အသက်ကြီးမှ ပြန်ကြည့်မယ်လို့မတွေးပါနဲ့
ကိုယ်ပြန်ကြည့်နိုင်တဲ့အချိန်
သူတို့ရှိချင်မှရှိတော့လိမ့်မယ်။

မချမ်းသာလို့ မပြည့်စုံသေးလို့ဆိုတဲ့
ဆင်ခြေတွေအစားကိုယ်တတ်နိုင်သလောက် အဖေအမေကြိုက်တတ်တဲ့ မုန့်ကလေးတထုတ် နွေးထည်လေးတထည် ဖိနပ်လေးတရံနဲ့တင် သူ့တို့ကို စိတ်ချမ်းသာစေတယ် ပြည့်စုံစေတယ်။

စကားတခွန်းရှိတယ်။
မိဘအတွက်ကုန်သွားတဲ့ငွေက
အမြဲဆယ်ဆပြန်လာတယ်
ကိုယ့်ဆီက နဲနဲရပီး များများ
ပြန်ပေးချင်သူကမိဘတွေအပြင်မရှိပါဘူး

လက်ရှိ အောင်မြင်နေတဲ့သူတွေကို
ကြည့်ရင် မိဘကို သိတတ်သူတွေ
ချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင်
မိဘကိုဘယ်တုန်းကမှမငြိုငြင်တတ်သူတွေ

မယုံမရှိနဲ့ ... သူတို့ကြောင့်
မိဘအဆင်ပြေတာမဟုတ်ပဲ
မိဘကြောင့် သူတို့အဆင်ပြေနေတာကို သူတို့ယုံကြည်တာ။

“အတုံ့ရှိခဲ့ရင် အလှည့်ဆိုတာ လာစမြဲပါ”•••••••ဘဝမှာတစ်ယောက်ယောက်ကြောင့်နာကျင်မှုတွေ ကြုံခဲ့ရင် ..."ကိုယ်ယူခဲ့တာ ပြန်ပေးလို...
27/07/2022

“အတုံ့ရှိခဲ့ရင် အလှည့်ဆိုတာ လာစမြဲပါ”
•••••••
ဘဝမှာ
တစ်ယောက်ယောက်ကြောင့်
နာကျင်မှုတွေ ကြုံခဲ့ရင် ...

"ကိုယ်ယူခဲ့တာ ပြန်ပေးလိုက်ရတာပဲ"လို့
သဘောထားလိုက်ပါ။

ကိုယ့်ဆီက ပါသွားလို့
သူများဆီက
ပြန်ယူမယ်ဆိုတဲ့ စိတ်မျိုး
မမွေးပါနဲ့။
သံသရာတွေ ထပ်ရှည်တတ်လို့ပါ။

ကိုယ်ခံလိုက်ရပြီလို့
သိလိုက်တဲ့အချိန်မှာ ...

"အကြွေးတစ်ခု
ဆပ်ခွင့်ရလိုက်တာပဲ"လို့
ဖြေကြည့်လိုက်ပါ။

ကိုယ်ခံစားရသလို
ပြန်ခံစားစေရမယ်ဆိုတဲ့
စိတ်မျိုးတော့ မဖြစ်ပါစေနဲ့။
အတုံ့အလှည့်တွေက
ထပ်လာနေအုံးမှာပဲလေ။

ကိုယ့်မှာခံစားရတဲ့
ဒုက္ခတွေကကြီးလွန်းတဲ့အခါ ...

"ဝဋ်ကြွေးတွေဆပ်နေရတာပဲ"လို့
သေဘာထားပါ။
‘အတိုး’ မများခင်
ဆပ်ရတာ ကောင်းတယ်လို့
ကျေနပ်လိုက်ပါ။

ကိုယ်ဒုက္ခကြီးသလို
သူတို့တွေလည်း
ကြီးပါစေ ဆိုတာမျိုးနဲ့တော့
မတုန့်ပြန်ပါနဲ့။
ဒုက္ခကြီးတွေ ထပ်တိုးနေဦးမယ်။

တကယ်တမ်းတော့
သတ္တဝါတွေမှာ
ကံသာ အားကိုးရာရှိတာပါ။
ကိုယ့်သံသရာကောင်းဖို့
ကိုယ်ပဲလုပ်ရမှာလေ။
ကိုယ့်သံသရာပြတ်ဖို့လဲ
ကိုယ်ပဲ ဖြတ်ရမှာပါ။

ကိုယ့်ဝဋ်ကြွေးတွေ ကျေဖို့
ကိုယ်ပဲ ဆပ်ရမှာလေ။
အကြွေးဆပ်ရင်း
အကြွေးတွေ ထပ်မတင်အောင်ပဲ
သတိနဲ့ ရှောင်တတ်ဖို့ပါပဲလေ...။

Credit.🙏

ထာဝရ သစ္စာ

26/07/2022

😭😭😭😭😭😭😭😭

🙏🙏🙏
26/07/2022

🙏🙏🙏

ที่อยู่

Bangkok Yai

เบอร์โทรศัพท์

+6624785326

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဆရာမဂျူးစာပေผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ဆရာမဂျူးစာပေ:

วิดีโอทั้งหมด

แชร์