Yone Kyi Yar Information

07/12/2024
နေညိုချိန်လေး.....💚☕
05/12/2024

နေညိုချိန်လေး.....💚☕

28/11/2024

ကလေးလေးတွေ အစာ ရွေးတယ် မစားချင်ဘူး။ ကျွေးလို့မရဘူး။

ခဏခဏ မေးကြပါတယ်။
မစားဘူးဆရာမ ဘယ်လိုလုပ်ရမလဲ။

ဆရာမလဲစားပေးလို့မရ ဆရာမလဲကျွေးပြီးလို့မရ မေမေတို့ကိုယ်တိုင်သာရအောင်ကျွေးရမှာဖြစ်ပါတယ်နော်🥰

အမြဲတိုက်တွန်းဖြစ်တဲ့အရာလေးက အတူတူစားဖို့ပါ။
ကလေးနဲ့လူကြီး ထမင်းဝိုင်းမှာအတူတူစားပါ။
သူ့အတွက် သက်သက်မကျွေးပါနဲ့။

အချိန်မှန် တနေ့ သုံးနပ် လူကြီးနဲ့ ကလေးအတူတူ စားကြမယ်။

စားရတော့မယ့် အချိန် ဆိုတာ ကလေးလေးက သိနေမယ်။

အားလုံးတူတူစားရင်း တစ်ဦးနဲ့တစ်ဦး ပျော်ရွှင်ကြည်နူးမှုတွေ ဖလှယ်ကြမယ်။

ကိုယ်က အားရပါးရ စားနေတာ အစားအစာကို တန်ဖိုးထားတာ မိသားစု အတူတူ စားရတဲ့ ပျော်ရွှင်မှုကိုဖလှယ်တာ ဒါတွေကို ကလေးလေးက သင်ယူနေပါတယ်။

မိသားစု ထမင်းလက်စုံစားပွဲလေးဟာ ကလေးငယ်ရဲ့ စိတ်ကျန်းမာရေးနဲ့ အာဟာရမျှတရေးအတွက် ထင်ထားတာထက် အကျိုးရှိတယ်ဆိုတာ သိစေချင်ပါတယ်။

ထမင်းဝိုင်းမှာ ကလေးစားချင်တာ စားသင့်တာတွေပဲ ပြင်ဆင်ထားစရာမလိုပါဘူး။
သူစားရမယ့်အရာကို ချစ်စရာလေးတွေပြင်ဆင်ပေးထားလို့ရပါတယ်။
ကိုယ်စားရမယ့် အရာကိုလဲ ကိုယ်ပြင်ဆင်ထားပြီး စားလို့ရပါတယ်။
မေမေတို့အကြိုက် အချဉ်အစပ်လေးတွေ ကိုယ့်ဘာသာကိုယ် စားကြပါမယ်။
မေမေက မြိန်ရည်ရှက်ရည်စားနေတာလေးက ကလေးလေးကို အစာစားချင်စိတ်‌ေတာင် ဖြစ်ပေါ်လာစေနိုင်ပါသေးတယ်။
ဘာတွေက အာဟာရဖြစ်တယ် ဘာတွေက စားသင့်တယ် ပြောပြပါ။
တခါတလေတော့ စားချင်တာ စားလို့ရကြောင်းပြောပြပါ။
အချဉ်တွေအစပ်တွေ သူလိုက်စားကြည့်ချင်ရင်လဲ နည်းနည်းပေး မြည်းစမ်းလိုက်ပါ။
သူမကြိုက်ရင် သူ့သူ သူ့အတွက်ပြင်ဆင်ထားတာကိုကျေကျေနပ်နပ်စားပါလိမ့်မယ်။
သူပါ မြိန်ရည်ရှက်ရည်လိုက်စားလာရင်တော့လဲ ကိုယ်က အရသာ ပြင်းတာတွေ တဖြေးဖြေးလျော့လိုက်ပါ။

သူစားချင်တာကိုကျွေးပါ။
အရွက်မစားဘူး။ ဘယ်လိုလုပ်ရမလဲ။ အသီးစားပါ။

ထမင်းမစားဘူး ဆရာမ ခေါက်ဆွဲပဲစားတယ်။ အတူတူပါပဲ။ တချို့နိုင်ငံတွေက ထမင်းကိုအဓိက စားပြီး တချို့နိုင်ငံတွေက ခေါက်ဆွဲကို အဓိက စားကြပါတယ်။

အသားလဲ မကြိုက်ဘူး အသားကျွေးရင် ထွေးပစ်တယ်။
ကြက်ဥဘဲဥရော စားပါသလား။ ပရိုဒိန်းဓါတ်ခြင်းတော့အတူတူပါပဲ။

အရောင်စုံ အရွက်စုံ အသီးစုံ အသားစုံ စားရင်တော့အကောင်းဆုံးပါ။
ခုက အစားချေးများတဲ့ ကလေးလေးတွေ လွယ်ကူတဲ့နည်းလမ်းလေးတွေ ‌ေရးပေးတာပါ။

#မလုပ်သင့်သောအရာများ

TV iPad cartoon screen တခုခုပေးပြီး ငြိမ်တယ် ကျွေးလို့ကောင်းတယ်ဆိုပြီး မကျွေးပါနဲ့။

ကလေးစားအောင်ဆိုပြီး အရသာရှိရှိချက်ချင်လို့ အရသာမှုန့်တွေထည့်တာ မလုပ်ရပါဘူး။

ဒါစားပြီးရင် ဘာကျွေးမယ် ဘာ၀ယ်ပေးမယ်နဲ့ တခုခုနဲ့ မြှားပြီးအပေးအယူမလုပ်ရပါဘူး။

သူမကြိုက်တဲ့ အရာတွေ ဆေးတွေကို သူကြိုက်တဲ့အရာတွေထဲထည့်ပြီး လိမ် ညာမကျွေးရပါဘူး။

အော်ငေါက်ပြီး ကြောက်အောင် ခြောက် ကျွေးတာလဲ မလုပ်ရပါဘူး။

တလုပ်စားလိုက် ဆော့လိုက်နဲ့ မလုပ်ရပါဘူး။

အချိန်အကြာကြီး စားခွင့် မပြုပါနဲ့။ အားလုံးတူတူစားပြီးချိန်လောက်ဆို ထမင်းဝိုင်းကို သိမ်းလိုက်ပါ။

ကိုယ်ကျွေးချင်တာ သူစားသင့်တာတွေကိုပဲ အတင်းကျွေးမနေပါနဲ့။ စားသင့်တဲ့ထဲက သူကြိုက်တာလေးတွေကို မျှတအောင်ပြင်ဆင်ပေးပါ။

သူကြိုက်တာလေးတွေ မျှတ သင့်တင့်အောင် စားနေပြီဆိုမှ နောက်တဆင့်အနေနဲ့ သူမကြိုက်တဲ့အရွက်တွေ အသားတွေ သူစိတ်၀င်စားလာအောင် ပြင်ဆင်ပြီး ကျွေးပါမယ်။

အစားအစာကို စိတ်၀င်စားလာပါစေ။ သူမစားချင် ချေးများနေသေးတဲ့အချိန်မှာ အစားအစာကိုကြောက်သွားအောင် အတင်းမကျွေးပါနဲ့။

စားသင့်တာတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ စားချင်လာအောင် အချိန်ယူစိတ်ရှည်ပေးပါ။ ကြိုးစားကြည့်ပေးပါ။

ကျန်းမာရွှင်လန်းကြပါစေ.....
#ဒေါက်ရွှေ
#ကလေးတို့ရဲ့ကျန်းမာရေး

23/11/2024

ကလေးများအတွက် အဖွင့် စိတ်ထားများနှင့် အပိတ် စိတ်ထားများ
(Growth Mindsets and Fixed Mindsets)

Growth mindset နဲ့ Fixed mindsets အကြောင်း ရေးသားထားကြသူတွေ၊ ရှင်းပြထားသူတွေ အများကြီးရှိသလို အဓိပ္ပါယ်ကိုလည်း အမျိုးမျိုး ဘာသာပြန်ကြပါတယ်။ ကျွန်မကတော့ ဖွင့်ထားတဲ့ စိတ်တံခါးရှိတယ် (အဖွင့်စိတ်ထားရှိတယ်) ဆိုရင် Growth mindset လို့ ဘာသာပြန်ပြီး ပိတ်ထားတဲ့ စိတ်တံခါး ရှိတယ် (အပိတ်စိတ်ထားရှိတယ်) ဆိုရင် Fixed mindset လို့ ဘာသာပြန်ပါတယ်။ အဖွင့်စိတ်၊ အပိတ်စိတ် တွေက ဘာတွေလဲ၊ ကျွန်မတို့လို ဆရာ၊မတွေ မိဘတွေမှာ ဘယ်လို စိတ်ထားတွေ ရှိနေလဲ၊ ကလေးတွေအတွက်ရော ဘယ်လို စိတ်ထားမျိုး ရှိအောင် ပံ့ပိုးပေးရမလဲဆိုတာ ကျွန်မ နားလည်သလို အကျဉ်းချုပ်မျှဝေပါ့မယ်။

Growth mindset နဲ့ Fixed mindset အကြောင်းကို အမေရိကန်နိုင်ငံ Standford တက္ကသိုလ်က Dr. Carol S. Dweck ရဲ့ သုတေသနတွေ့ရှိချက်တွေကို အခြေခံပြီး ရေးထားတဲ့ mindset ဆိုတဲ့ စာအုပ်ကနေ အဓိက သင်ယူခဲ့တာပါ။ စိတ်ဝင်စားသူများ ဖတ်ရှုနိုင်ပါတယ်။

Growth mindset ဆိုတဲ့ အဖွင့်စိတ်ဆိုတာ "လူတွေဟာ ဇွဲရှိမယ်၊ ကြိုးစားမယ်၊ အားထုတ်ကြမယ်ဆိုရင် သင်ယူနိုင်စွမ်း၊ တိုးတက်နိုင်စွမ်းရှိတယ် ဆိုတဲ့ ယုံကြည်ချက်" ဖြစ်ပါတယ်။ အလွယ်ပြောရရင် သင်ယူဖို့ တိုးတက်ဖို့အတွက် စိတ်ကို ဖွင့်ထားကြသူတွေပေါ့။ ဥပမာ - အခက်အခဲ ကြုံလာရင် အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ ကြိုးစားတယ်။ လုပ်ဆောင်နိုင်မယ့် နည်းစနစ်သစ်တွေ ရှာဖွေတယ်။ အမှားကနေ သင်ယူစရာ ထုတ်ယူပြီး အကောင်းဆုံး ဆက်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ အလုပ်လုပ်တယ်။

Fixed mindset ဆိုတဲ့ အပိတ်စိတ်ဆိုတာ "လူတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ စွမ်းရည်တွေဟာ မွေးကတည်းက ပါလာပြီးသားဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်" ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် သင်ယူဖို့၊ တိုးတက်ဖို့အတွက် အခွင့်အလမ်းတွေမလာနိုင်အောင်၊ ရပ်တန့်နေအောင် စိတ်တံခါးပိတ်ထားကြသူတွေပေါ့။ ဥပမာ - အခက်အခဲ ကြုံလာရင် ဘယ်လို ခေါင်းရှောင်ရမလဲဆိုတာ စဉ်းစားကြတယ်။ အခြားသူတွေကို လက်ညှိုးထိုး အပြစ်တင်တယ်။ အမှားလုပ်မိတဲ့အခါ ရှောင်ပြေးတာမျိုး၊ မျက်ကွယ်ပြုတာမျိုး လုပ်ကြတယ်။

Dr.Dweck က ဒီစိတ်နေသဘောထားတွေကို ကျောင်းသား၊သူတွေ သူတို့ရဲ့ ရှုံးနိမ့်မှု၊ အခက်အခဲတွေကို ကြုံတွေ့တဲ့အခါ ဘယ်လို ရင်ဆိုင်ကြသလဲဆိုတဲ့ အချက်အပေါ်မှာ မူတည်ပြီးတော့ သုတေသနပြုခဲ့တာဖြစ်ပါတယ်။ အချို့ ကျောင်းသားတွေက အခက်အခဲတွေနဲ့ ကြုံတဲ့အခါ အကောင်းဆုံး ကျော်လွှားဖို့အတွက် ပြင်ဆင်ကြိုးစားပြီး လုပ်ဆောင်ကြတယ်၊ အချို့ကတော့ အခက်အခဲတွေကို ရှောင်လွှဲဖို့၊ ပုန်းရှောင်ဖို့ လုပ်ကြတယ်။ အခက်အခဲတွေကို အကောင်းဆုံး ရင်ဆိုင် ကျော်လွှားတဲ့ ကလေးတွေဟာ အခက်အခဲတွေကို မျက်နှာလွှဲတတ်သူတွေထက် ပညာရေးရလဒ်တွေမှာ ပိုမို ကောင်းမွန်ကြတာကိုတွေ့ရတယ်။ ကလေးတွေ ဘယ်စိတ်နေသဘောထား ရှိသလဲဆိုတဲ့အပေါ် မူတည်ပြီး သူတို့ရဲ့ ရလဒ်တွေကလည်း ကွာသွားတယ်ဆိုတာ တွေ့ရှိခဲ့တယ်။

ကလေးတွေကို ကူညီပံ့ပိုးပေးမယ့် ကျွန်မတို့ မိဘတွေ၊ ဆရာ၊မတွေကရော ဘယ်လို စိတ်နေသဘောထားတွေနဲ့ နေထိုင်ရှင်သန်နေကြလဲ။ Dr.Dweck ပေးထားတဲ့ လွယ်ကူတဲ့ ဆန်းစစ်တဲ့ စာကြောင်းလေးတွေ မျှဝေပါ့မယ်။ ကိုယ့်အတွက် ဘယ်နံပါတ်က မှန်လဲဆိုတာ မှတ်ထားပါ။

၁) အချို့အရာတွေကို ငလုံးလုံး သင်ယူနိုင်စွမ်းမရှိဘူး/အချို့အရာတွေမှာ ကိုယ်ဟာ တော်တော် ညံ့တယ်။
၂) ကျရှုံးမှာ မစိုးရိမ်ပါဘူး။ အဲဒါက သင်ယူခွင့်ကို ပေးစွမ်းပါတယ်။
၃) အခြားသူတွေ ကိုယ့်ထက်ပိုကောင်းအောင် လုပ်နိုင်တဲ့အခါ ကိုယ့်ကို အားငယ်စေတယ်။
၄) အသစ်အသစ်တွေ လုပ်ကြည့်ရတာ ကြိုက်တယ်။ ကိုယ့်အရမ်းမကျွမ်းကျင်ရင်တောင်မှပေါ့။
၅) ကိုယ်တော်တဲ့အချက်တွေ အခြားသူကို မြင်အောင် ပြနိုင်တဲ့အခါ ကိုယ့်ကိုကိုယ် အောင်မြင်သူကြီးလို ခံစားရတယ်။
၆) အခြားသူတွေ အောင်မြင်ကြတဲ့အခါ လေးစားအတုယူတယ်။
၇) ကိုယ့်ပတ်ဝန်းကျင်ကလူတွေ မလုပ်နိုင်တဲ့အရာ လုပ်ပြနိုင်တဲ့အခါ စိတ်ထဲ နေလို့ကောင်းတယ်။
၈) ကိုယ်ဘယ်လောက် ဉာဏ်ရည် ထက်မြတ်မှုက ပြောင်းလဲလို့ရတယ်။
၉) လူတွေဟာ မွေးရာပါ ထူးချွန်ထက်မြတ်တွေ ပါလာပြီးသား၊ ဘာမှ သိပ်ပြောင်းလဲလို့ မရနိုင်ဘူး။
၁၀) စိတ်ပျက်၊ စိတ်ရှုပ်ရတဲ့ အရာတွေကြုံတဲ့အခါ ကိုယ့်ကို ပိုပြီး ကြိုးစားဖို့ တွန်းအားတွေရတယ်။

ဖြေပြီးပါပြီလား။ နံပါတ် (၁)၊ (၃)၊ (၅)၊ (၇)၊ (၉) က fixed mindset ရှိတဲ့သူတွေ ယေဘူယျအားဖြင့် ကြုံတွေ့ရတဲ့ အချက်တွေဖြစ်ပြီး နံပါတ် (၂)၊ (၄)၊ (၆)၊ (၈)၊ (၁၀) တွေကတော့ growth mindset ရှိသူတွေမှာ ရှိတတ်တဲ့ အရာလေးတွေဖြစ်ပါတယ်။ ရွေးချယ်တဲ့အခါ Growth mindset ကိုယ်စားပြုတဲ့ နံပါတ်တွေ သီးသန့်မဟုတ်ဘဲ Fixed mindset ရဲ့ နံပါတ်အချို့လည်း ရောနေတာမျိုး ကြုံရလား။ ဒါဟာ ပုံမှန်ပါပဲ။ ကျွန်မတို့တွေမှာ စိတ်နေသဘောထား နှစ်မျိုးလုံး ရှိတတ်ပါတယ် ဒါပေမယ့် ဘယ်စိတ်နေသဘောထားက ပိုပြီး များများရှိလဲဆိုတဲ့ အပေါ်မှာ ကျွန်မတို့ရဲ့ အောင်မြင်မှု၊ ရလဒ်တွေ ကွာဟသွားတာပါ။

ကျွန်မတို့ရဲ့ ကလေးတွေမှာ Growth mindset တွေ ပိုရှိဖို့ ကျွန်မတို့ ကိုယ်တိုင် Growth mindset တွေနဲ့ လမ်းပြရှေ့ဆောင်လုပ်ဖို့ အရေးကြီးပါတယ်။
ဥပမာ - ဒီတစ်ခေါက် သင်ရမယ့်အတန်းက လူဆိုးလေးတွေကြည့်ပဲ။ သင်လို့ကို မရဘူးလို့ တွေးမယ့်အစား ကျောင်းသားတိုင်းက သင်ယူနိုင်ပါတယ်၊ သူတို့နဲ့ ကိုက်ညီတဲ့ နည်းစနစ်ကိုရှာဖွေပြီး တစ်ယောက်ချင်းစီကို ဂရုတစိုက်သင်ပေးရမယ်လို့ တွေးတာမျိုးပေါ့။
ကလေးတွေမှာ သင်ယူနိုင်စွမ်းရှိတယ်၊ တိုးတက်နိုင်စွမ်းရှိတယ်ဆိုတာကို ယုံကြည်ပြီး သူတို့ကို အကောင်းဆုံး ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ ဒါမှ ကလေးတွေကိုယ်တိုင်က သူတို့ဟာ သင်ယူနိုင်စွမ်းရှိတယ်၊ တိုးတက်နိုင်စွမ်းရှိတယ်ဆိုပြီး စိတ်ကို ဖွင့်ထားနိုင်မှာပါ။

နောက်အပတ်တွေမှာ ကလေးတွေကို growth mindset ရှိလာအောင်လုပ်ပေးနိုင်မယ့် နည်းစနစ်တွေ မျှဝေပေးသွားပါ့မယ်။ ဒီတစ်ပတ်တော့ ဖတ်တဲ့ မိဘတွေ၊ ဆရာ၊မတွေအနေနဲ့ ကိုယ်တိုင်က Growth mindset နဲ့ fixed mindset မှာ ဘယ်အပိုင်းမှာ ပိုအားသာနေလဲဆိုတာ ဆန်းစစ်ကြည့်ပါဦး။ ပြီးရင် ကိုယ့်ရဲ့ စိတ်တံခါးကို ဖွင့်နိုင်အောင် ဘယ်လို ကြိုးစားကြည့်မယ်ဆိုတာ စဉ်းစားပြီး ကျွန်မတို့နဲ့အတူ မျှဝေပေးပါဦးနော်။ အားလုံး သင်ယူခွင့်ရရှိကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ
Reference - Mindset - changing the way you think to fulfil your potential by Dr Carol S. Dweck
Photo credit to - https://brainart.co/2019/03/19/art-and-growth-mindset/

စားကောင်းတာ ကျွေးတဲ့သူက...လူကောင်းပဲ😅
14/11/2024

စားကောင်းတာ ကျွေးတဲ့သူက...
လူကောင်းပဲ😅

missing......
14/11/2024

missing......

Don't forget to smile....😄
13/11/2024

Don't forget to smile....😄

Coffee date with besties💚
08/11/2024

Coffee date with besties💚

🌠
03/11/2024

🌠

မိမိတို့သူငယ်ချင်းတစ်စု ဓာတ်ပုံရိုက်သောအခါ... ညာဘက်အစွန်ဆုံးကတစ်ယောက်က....ငါပေါ့😅
31/10/2024

မိမိတို့သူငယ်ချင်းတစ်စု ဓာတ်ပုံရိုက်သောအခါ...
ညာဘက်အစွန်ဆုံးကတစ်ယောက်က....ငါပေါ့😅

😅
31/10/2024

😅

27/10/2024

ที่อยู่

Ban Phai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Yone Kyi Yarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์