News For U

News For U မဂၤလာပါ

ကြက်ကုန်း​ဘောင်ကိုဆိုင်အရသာအတိုင်း​ကြော်နည်းလိုအပ်​သောပစ္စည်းများ..ကြက်ရင်အုပ်သားငရုတ်ပွ အစိမ်း/အနီငရုတ်​သီးခြောက်အနီဂျင...
21/09/2024

ကြက်ကုန်း​ဘောင်ကိုဆိုင်အရသာအတိုင်း​ကြော်နည်း
လိုအပ်​သောပစ္စည်းများ..
ကြက်ရင်အုပ်သား
ငရုတ်ပွ အစိမ်း/အနီ
ငရုတ်​သီးခြောက်အနီ
ဂျင်း
ကြက်သွန်နီ
ကြက်သွန်ဖြူ
​မြေပဲ
ကြက်သွန်မြိတ်
ပထမဦးစွာကြက်သားကိုအရသာနှယ်ပြီး မိနစ်၃၀​လောက်နှပ်ထားပါမယ်​နော် ကြက်သားကိုအရွယ်​တော်အတုံး​လေး​တွေလှီးပါမယ် အရသာအတွက်ဆားအနည်းငယ် ကြက်သားမှုန့် ပဲငံပြာရည်အကြည် ကြက်ဥတလုံး ​ကော်မှုန့်အနည်းငယ် ငရုတ်​ကောင်းအနည်းငယ်တို့ကိုထည့်နှယ်ထားပါမယ်​နော်
-ကြက်သွန်နီ ငရုတ်ပွတို့ကို၄စိတ် ခြမ်းထားပါမယ်​နော်
-ငရုတ်သီး​ခြောက်ကိုပိုင်းဖြတ်ပြီးအ​စေ့​လေး​တွေထုတ်ထားပါမယ်
-ဂျင်းအနည်းငယ် ကြက်သွန်ဖြူအနည်းငယ်ကို ခပ်ပါးပါးလှီးထားပါမယ်
-ကြက်သွန်မြိတ်လှီးထားပါမယ်
ကြက်ကုန်း​ဘောင်​ကြော်တဲ့အခါမှာ​ဆော့ကအသက်ပါ​နော် ​ဆော့စပ်နည်း​လေးက​တော့
-ပဲငံပြာရည်အကြည်၁ဇွန်း
-ပဲငံပြာရည်အ​နှောက်၁ဇွန်း
-ခရုဆီ၁ဇွန်း
-​သကြားအနည်းငယ်
-ဆားအနည်းငယ်
-​ပြောင်း​ကော်မှုန့်၁ဇွန်း
​-​ရေအနည်းငယ်တို့​နဲ့​ဖျော်ထားပါမယ်​နော် ကယ်​ဆော့လည်းရပြီးဆို​တော့စ​ကြော်ပါ​တော့မယ်
ဒယ်အိုးမှာဆီလိုသ​လောက်ထည့်ပါမယ် ဆီပူလာပြီဆိုရင် ငရုတ်သီးအ​ခြောက်ထည့်ပါမယ် ဂျင်း၊ကြက်သွန်နီ၊ကြက်သွန်ဖြူထည့်ပါ ကြက်သားနှပ်ထားတာ​လေးအကုန်ထည့်ပါမယ် ခန​ကြော်​ပေးပါ ပြီးလျှင် ငရုတ်ပွလှီးထားတာ​လေး​တွေထည့်ပါမယ် ​စပ်ထားတဲ့ဆော့​လေး​လောင်းထည့်ပါမယ် ခန​လောက်တည်ထားပါမယ်​နော် ​နောက်ဆုံးရခါနီးကျရင် ​မြေပဲ၊ကြက်သွန်​မြိတ်​လေးအုပ်ပြီး အနံ့အရသာနဲ့ပြည့်စုံတဲ့ ကြက်ကုန်း​ဘောင်ဟင်းတစ်ခွက်ရပါပြီရှင်🧡🧡🧡

🙏 ရိုသေလေးစာစွာဖြင့် မူရင်း ပိုင်ရှင် crd 🙏

ရခိုင်သမိုင်းမှ ပျောက်ဆုံးသွားသော ခေါင်းလောင်း~~~~~~~~~~~~~~~~ရခိုင်သမိုင်းတွင် အထူးထင်ရှားကျော်စောခဲ့သော လျှိုဝှက်ဆန်းက...
21/09/2024

ရခိုင်သမိုင်းမှ ပျောက်ဆုံးသွားသော ခေါင်းလောင်း
~~~~~~~~~~~~~~~~
ရခိုင်သမိုင်းတွင် အထူးထင်ရှားကျော်စောခဲ့သော လျှိုဝှက်ဆန်းကြယ်သည့် ယတြာခေါင်းလောင်းတော်ကြီးမှာကား ပျောက်ချင်းမလှ ပျောက်ဆုံးနေသည်။ လွတ်လပ်ရေးရပြီး မကြာမီအခါကပင် ပျောက်ဆုံးသွားကြောင်း သိရပေသည်။ သို့သော် လွန်ခဲ့သည်နှစ်တစ်ရာခန့်က အသေအချာ မှတ်တမ်းတင်လေ့လာခဲ့သော ဂျာမန်လူမျိုး ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာဖောချမ်းမား၏ ကျေးဇူးကြောင့် ဂ ဃ န ဏ သိရှိရပေသည်။
ယတြာခေါင်းလောင်းတော်၏ မူလနေရာမှာ အရှေ့မြောက်ထောင့်ရင်ပြင်ပင် ဖြစ်သည်။ ကောဇာသက္ကရာဇ် ၁၀၉၅ ခုနှစ်တွင် သွန်းလုပ်ကြောင်းပါရှိ၍ နန်းဆက်ဇယားဖြင့် တိုက်ဆိုင်ကြည့်ရာ မြောက်ဦးခေတ် စန္ဒသူရိယရာဇာစိုးစံနေသောအချိန် ဖြစ်သည်။ အချို့က သက္ကရာဇ် ၁၀၀၀ တွင်နန်စံခဲ့သော င/ကုသလခေါ် နရပတိလက်ထက် သွန်းလုပ်ခဲ့ကြောင်းလည်း အစဉ်အလာပြောစမှတ်ပြုကြသည်။ င/ကုသလမှာ ယင်္တြာကိန်းခန်းစသော လောကီပညာအရာ၌ ကျွမ်းကျင်သူဖြစ်သည်။
အေဒီ ၁၈၂၆ ခု၊ အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲအပြီးတွင် စစ်တွေမြို့သစ်ကို တည်ဆောက်ခဲ့ရာ ခေါင်းလောင်းကို ရွေ့ယူခဲ့ပြီး တရားရုံးတော်ရှေ့တွင် ချိတ်ဆွဲထားခဲ့သည်။ ၄င်းနောက် အေဒီ ၁၈၆၇ ခုနှစ် ကောဇာသက္ကရာဇ် ၁၂၂၈ ခုနှစ်တွင် ရှမ်းဆရာမောင်ရွှေမှုံက မဟာမုနိဘုရားအား ပြန်လည်မွမ်းမုံပြင်ဆင်ခဲ့ရာ မဟာမုနိဘုရားရင်ပြင်ပေါ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ၄င်းကို ရင်ပြင်တော်၏ အပြင်ဘက်နံရံနှင့် ညောင်ပင်ကြီး၏ သစ်ကိုင်းခွကို တန်းသွယ်ကာ ချိတ်ဆွဲထားသည်။
၄င်းခေါင်းလောင်းမှာ လောကီဆိုင်ရာအစီအမံဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အင်းကွက်များ ပါရှိသည်။ အပေါ်ပိုင်းတွင် အင်းကွက်ကြီး (၈)ကွက်နှင့် ယင်းအင်းကွက်များအောက်တွင် အင်းကွက်သေး (၃၈)ကွက်တို့ကို ပါဠိသက္ကတနှင့် ရခိုင်ဘာသာတို့ဖြင့် စီမံအင်းချထားခြင်း ဖြစ်သည်။ အက္ခရာမှာ ယခုခေတ်သုံး အက္ခရာနှင့် အတော်ပင်နီးစပ်နေပေပြီ။ အင်းကွက်များတွင် သက်ဆိုင်ရာတိုင်းပြည်များ၏ နက္ခတ်နှင့် ဂါထာမန္တာန်၊ ကိန်းဂဏန်းများကို ရေးသားထားသည်။
ရန်သူနိုင်ငံတစ်ခုခုက ကျူးကျော်၀င်ရောက်လာပါက ၄င်းနိုင်ငံနှင်သက်ဆိုင်သော အင်းကွက်နေရာကို အချိန်နာရီ ဂြိုဟ်နက္ခတ် သွားလာမှုကိုကြည့်၍ နေ့၊ နာမ်ကိုက်ညီသူက တီးခေါက်ရသည်။ ခေါင်းလောင်း၏ မြည်ဟည်းသောအသံကြောင့် ရန်သူစစ်တပ်ပျက်စီး၍ ပြေးရသည်။ ၄င်းအပြင်နိုင်ငံတစ်ခုအား မကောင်းသောအကြံအစည်ကို သိလိုလျှင်သော်လည်းကောင်း၊ နိုင်ငံတစ်ခုအား ဆုတ်ယုတ်ပျက်စီးလိုလျှင်သော်လည်းကောင်း ထိုနိုင်ငံ၏ နာမ်ကိုလိုက်၍ ထိုအင်းဇယားမှ ရည်ညွှန်းဖော်ပြသော နေရာတွင် ဘုရားတည်ခြင်း၊ ရေကန်တူးခြင်း၊ သစ်ပင်စိုက်ခြင်းစသည့် ယတြာကို ပြုလုပ်ရသည်။
ထိုခေါင်းလောင်းတွင်ပါ၀င်သော ၄င်းတို့ မယုံပြည်ရသော အိမ်နီးချင်း ပဒေသရာဇ်ပြိုင်ဘက်များအဖြစ် (၁)ဗရင်ဂျီ၊ (၂) ယိုးဒယား၊ (၃)မုတ္တမ၊ (၄)ပဲခူး၊ (၅) မွန်၊ (၆) သံလျင်၊ (၇) ပြည်၊ (၈) တောင်ငူ၊ (၉) ပုဂံ၊ (၁၀) အင်း၀၊ (၁၁) အောက်သား၊ (၁၂) ဥဒရစ်မြို့ပြည်၊ (၁၃) ပထန်ကုလား၊ (၁၄) ရှမ်း၊ (၁၅) သက် တို့ကို တွက်ချက်ဖော်ပြထားပေသည်။ ထိုးဇယားအရ ဗရင်ဂျီအား ထည့်သွင်းဖော်ပြထားကြောင်း တွေ့ရှိရာ ဤခေါင်းလောင်းကြီး၏ သက်တမ်းမှာ ပေါ်တူဂီများ ရခိုင်ကိုအနှောက်အယှက်ပေးသော (၁၆)ရာစုနှင့် (၁၇)ရာစုထက်မစောသော ကာလကပင် သွန်းလုပ်ထားရှိခဲ့ခြင်းဖြစ်သည်ဟုဆိုရပေမည်။
#ဆရာထွန်းရွှေခိုင်(မဟာဝိဇ္ဇာ)
#၁၉၉၀~ပြည့်နှစ်



 #နေ့ရက်တွေကို  #ဘာ့ကြောင့်ဒီလိုခေါ်သလဲ?🗓️📆🗓️📅🗓️📅🗓️📅ငယ်ငယ်တုန်းက ကျနော် လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွ...
21/09/2024

#နေ့ရက်တွေကို
#ဘာ့ကြောင့်ဒီလိုခေါ်သလဲ?
🗓️📆🗓️📅🗓️📅🗓️📅
ငယ်ငယ်တုန်းက ကျနော် လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လို့ ခေါ်ရတာလဲ.." စသည်ဖြင့်ပါ။ အကြောင်းအရင်းတော့ ရှိရမှာပေါ့..။
နောက်ပိုင်း ကျောင်းဆရာဘဝနဲ့ မြန်မာစာပေ၊ မြန်မာ့သမိုင်းကို လေ့လာကြည့်တဲ့အခါမှာ မြန်မာဘာသာ
စကားပညာရှင် ဆရာကြီး ဦးဖိုးလတ် ရဲ့ "မြန်မာအစ" ဆိုတဲ့ စာပေတွေမှာ နေ့ရက်တွေရဲ့ အမည်တွေ ကို ရေးသား ထားတာတွေ့လို့ အနာဂတ် မြန်မာလူငယ်လေးများအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်..။
တနင်္ဂနွေနေ့ .................
မြန်မာအယူအဆမှာ တနင်္ဂနွေ ဟာ နေမင်းကြီးကို ကိုယ်စားပြုတဲ့ နေ့ပါပဲ..။ ပုဂံကျောက်စာ များမှာ.. "တန်နှင်ကုနုယ်၊ တန်နှင်ကုနွေ၊၊ တန်နှင်ကနွေ" ဟု ပါရှိတယ်လို့ မှတ်သားရပါတယ်။ "တန်နှင်" ကို မြန်မာဘာသာနှင့် နှီးနွယ်သော ရောင်းရင်း ဖြစ်ပြီး ဘာသာစကားတို့နှင့် ချင့်ချိန်၍ အဓိပ္ပါယ်ကောက်သောအခါ "နေ့" ဟု အဓိပ္ပါယ် ရပါတယ်။ "ကုနုယ်၊ ကုနွေ၊ ကနွေ" ဟူသည်ကား"နေ" ကို ဟောခြင်းဖြစ်ပါတယ်။ ထို့ကြောင့် "တန်နှင်ကုနုယ်" မှာ "နေနေ့" ဟု အဓိပ္ပါယ် ရပါတယ်။
တနင်္လာနေ့ ................
အလုပ်လုပ်တဲ့သူတွေနဲ့ ကျောင်းတက်သူတွေ တော်တော်များများ မနှစ်သက်တဲ့ တနင်္လာနေ့ဟာ အမှန်တော့ အေးချမ်းခြင်းနိမိတ်ကိုဆောင်တဲ့ လမင်းကြီး (Moon) ကို ကိုယ်စားပြုတဲ့နေ့ ဖြစ်ပါတယ်။ တနင်္လာဟူသော ဝေါဟာရမှာ ပုဂံရှေးရေး "တန်နှင်လာ" မှ လာသည် လို့ဆိုပါတယ်။ "လာ" ဟူသောပုဒ်မှာ အလွန် ရှေးကျသော "လ" ဟောပုဒ်ဖြစ်သည်။ ထို့ကြောင့် "တနင်္လာ" ဆိုသည်မှာ "နေ့လ" သို့မဟုတ် "လမင်းနေ့" ဖြစ်သည်။ လမင်းကို အစွဲပြု၍ ခေါ်သောနေ့ပင် ဖြစ်ပါတယ်။
အင်္ဂါနေ့ ...........
တနင်္ဂနွေ၊ တနင်္လာမှအပ ကျန်နေ့များ၏ အမည်တို့မှာ မြန်မာအခေါ်အဝေါ် မဟုတ်ဘဲ သက္ကတဘာသာမှ ဆင်းသက်လာကြောင်း ဦးဖိုးလတ်က ဝန်ခံပါတယ် ။ ရှေးကျောက်စာတို့၌"အင်္ကာ၊ အင်ကာ၊ အင်္ဂါ"ဟူ၍တွေ့ရပါတယ်။ "အင်္ဂါရ"ဟူသော သက္ကတမှ လာသောစကား ဖြစ်၍ "မီးကျီးမီးခဲ"ဟု အဓိပ္ပါယ်ရသည် ။ ထို့ကြောင့်"အင်္ဂါ" ဆိုသည်မှာ "မီးကျီးကဲ့သို့ နီသောအဆင်းရှိသောဂြိုဟ်" ဟု အဓိပ္ပါယ်ရပါတယ်။ အင်္ဂါဂြိုဟ်ကိုအစွဲပြု၍ အင်္ဂါနေ့ဟု ဖြစ်ပေါ်လာရသည် ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့.............
ဗုဒ္ဓဟူးနေ့ကို သက္ကတဘာသာဖြင့် "ဗုဒ္ဓဒိန" ဟူ၍လည်းကောင်း၊ "ဗုဒ္ဓဝါရ" ဟူ၍လည်းကောင်း ခေါ်ဆိုကြပါတယ်။ ဗုဒ္ဓ၏ အနက်မှာ "နိုးကြားခြင်း၊ ပညာရှိခြင်း၊ သောမဂြိုဟ်ဖြစ်သော လမင်း၏သား" ဟူ၍ဖြစ်၏။ ရာဇမတ္တဏ် စသောကျမ်းတို့၌ တနင်္လာဂြိုဟ် (လမင်း) မိဖုရား တာရာဒေဝီတွင် ဖွားမြင်သောသား ဟု ဖော်ပြသည်။ "ဒိန" နှင့် "ဝါရ" တို့၏ အနက်မှာ နေ့ဖြစ် သည်။ ဗုဓ ဟူသောပုဒ်ကို ပါဠိ၊ သက္ကတတို့၌ ဗုဒ္ဓဟူ၍ လဲလှယ်ရေးသားခေါ်ဝေါ်ကြသည်။ မွန်တို့က "ဗုဒ္ဓဝါရ" တွင် "ရ" ကိုချေ၍ "ဗုဒ္ဓဝါ" ဟုခေါ်သည်။ မြန်မာတို့က ဗုဒ္ဓဟူး ဟုခေါ်သည်။
ကျောက်စာတို့၌ "ပုတ္တ" ဟု တွေ့ရသဖြင့် ရှေးမြန်မာတို့သည် ဗုဒ္ဓကို အမည်လွှဲပြီး "ပုတ္တ" ဟုရေးကြသည်ဟု သိနိုင် ပါသည်။ ထို့ကြောင့် "ပုတ္တ" မှာ "ဗုဒ္ဓ" ပင်ဖြစ် သည်။ "ဟူ" သည် ပင့်ခေါ်ခြင်းအနက်ရှိသည်ဟု ဆို၏။ ထို့ကြောင့် "ပုတ္တဟူ" "ဗုဒ္ဓဟူး" သည် ဘုရားရှင်ကိုပင့်ခေါ်သောနေ့ဟု အဓိပ္ပါယ်ကောက်လို့ရပါတယ်။
ကြာသပတေးနေ့......................
ရာဇမတ္တဏ်ကျမ်းအရ ကြာသပတေး သည် သိဒ္ဓတိုင်း၊ အင်္ဂီရသအနွယ်၊ "ကျာသပတေး" ကို အစွဲပြု၍ ခေါ်သည် ဟု ဆို၏ ။ ပုဂံကျောက်စာတို့၌ "ကြာသပတိယ်" နှင့်ဆင်တူအရေးအသားကို တွေ့ရသည်။ ယင်းပုဒ်သည် "ဗြိဟသွတိ" မှ သော် လည်းကောင်း၊ ယင်းနှင့်အနက်တူ "ဝစသံပတိ (သို့) ဝကျသံပတိ" မှသော်လည်းကောင်း လာဟန်ရှိကြောင်း ဦးဖိုးလတ်က ဆိုပါတယ်။
၄င်းပုဒ်နှစ်ခုစလုံး၏ အနက်မှာ "ဝစသာ = စကား + ပတိ = အရှင်" = စကား၏အရှင် ဖြစ်သည်။ မြန်မာ ကျောက်စာ၌ ရေးသော "ပတိယ်" သည် ခေတ်အရေးအသားနှင့်ဆိုသော် "ပတိ" နှင့် အတူတူပင်ဖြစ်သည်။
သောကြာနေ့.................
တောဇာဂ္ဋတိုင်းသား၊ သေတဗျအမျိုး၊ ဘဝုရသေ့၏မယားဖြစ်သူ သုဇိတာမှ ဖွားမြင်သော "သောကြာ" ကို အစွဲပြု၍ "သောကြာ" ဟုခေါ်ကြောင်း ရာဇ မတ္တဏ်ကျမ်းတွင် ပြဆိုသည်။ "သုကြာ" ဟူသောအရေးအသားကို ပုဂံ ကျောက်စာများတွင် တွေ့ရသည် ။ "သုကြာ" ဟူသောပုဒ်မှာ သက္ကတဘာသာ "သုကြ" မှ ဆင်းသက်လာ သောပုဒ်ဖြစ်သည်ကို မငြင်းသာချေ။ "သုကြာ" မှ သောကြာဖြစ်လာပုံကိုဦးဖိုးလတ်က အဆင့်ဆင့်ရှင်းပြ ထားသည်။ သုကြာ၏ အဓိပ္ပါယ်မှာ "ဖြူစင်တောက်ထွန်းခြင်း" ဖြစ်၏။
စနေနေ့..........
ရာဇမတ္တဏ်ကျမ်း၌ "စနေ" ကို "သနေ" ဟုပြသည်။ သောရဌတိုင်း၊ ကာရ အနွယ် ၊ တနင်္ဂနွေ ဂြိုဟ်မင်း၏ မယား ၊ ယသိဆာယာတွင် ဖွားမြင်သောသား "ဇပ္ပ"ကို အစွဲပြု၍ခေါ်ကြောင်းလည်း ဆိုသည် ။
ပုဂံ ကျောက်စာတို့၌ စနေကို "စနိဟ်" ဟုရေးသည်။ ယင်းမှာ သက္ကတဘာသာ"ဂနိ" (ရှနိ ဟု ဖတ်ပါ) မှဆင်းသက်လာသည် ဟု ဦးဖိုးလတ်က ရှင်းပြသည်။ အဓိပ္ပါယ်မှာ "ဖြည်း ညင်းစွာသွားခြင်း" ဖြစ်၏။ ရှေးရိုးကျမ်းဂန်တို့၌ စနေနှင့်စပ်လျဉ်း၍ "သနေ စရ" ဖြည်းဖြည်းသွားသည်ဟု ဆိုကြသည်။
သန့်ဦး (အာကာသနှင့် စကြဝဠာ)
ကိုးကား။ ။ ဝီကီပီးဒီးယား

#ကညောမူဖိုး
#နော်ဂဲလယ်ထူး (စာပေပရဟိတ)
Credit

ကောင်လေးငယ်ငယ်တစ်ယောက် ဒေါ်လာတစ်ဒေါ်လာကိုင်ပြီး တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ သူလိုချင်တဲ့အရာကို လိုက်မေးနေခဲ့တယ်။"ဒီဆိုင်...
21/09/2024

ကောင်လေးငယ်ငယ်တစ်ယောက် ဒေါ်လာတစ်ဒေါ်လာကိုင်ပြီး တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ သူလိုချင်တဲ့အရာကို လိုက်
မေးနေခဲ့တယ်။
"ဒီဆိုင်မှာ ဘုရားသခင်ရောင်းပါသလား?"
အဲဒီလို သူမေးလိုက်တိုင်း ဆိုင်ရှင်တွေက သူ့ကိုနောက်ပြောင်သူ၊ ကျပ်မပြည့်သူထင်ပြီး ဆိုင်ပြင်ဖက်ကို မောင်းထုတ်
လိုက်ကြတယ်။ နေဝင်မိုးချုပ်ခါနီးအချိန်မှာ (၂၉)ဆိုင်မြောက် ဆိုင်ပိုင်ရှင်က သူ့ကိုနွေးနွေးထွေးထွေး ကြိုဆိုခဲ့တယ်။
ဆိုင်ပိုင်ရှင်က ဆံပင်တွေဖြူဖွေးနေတဲ့ အသက်(၆ဝ)ကျော် အဘိုးအိုတစ်ဦးဖြစ်တယ်။ ကလေးငယ်ရဲ့အမေးကို ကြားတော့ အဘိုးအိုက ပြုံးပြုံးရယ်ရယ်နဲ့ ပြန်မေးခဲ့တယ်။
"ကလေး.. ဘုရားသခင်ကို ဝယ်ပြီး ဘာလုပ်မလဲ? အဘိုးကို ပြောပြနိုင်မလား?"
အဘိုးအိုရဲ့ ကြင်နာတဲ့စကားကိုကြားတော့ ကလေးငယ်က မျက်ရည်အဝဲသားနဲ့ သူ့နာမည်ဟာ ဘွန်နီဖြစ်ကြောင်း၊ ငယ်စဉ်က မိဘတွေသေဆုံးခဲ့လို့ ဦးလေးဖြစ်သူနဲ့နေကြောင်း ပြောပြတယ်။ ဦးလေးက လက်သမားတစ်ဦးဖြစ်ကြောင်း၊ ရှေ့
ရက်က ဦးလေးဟာ အမြင့်ပေါ်ကပြုတ်ကျပြီး ဆေးရုံရောက်နေရကြောင်း၊ အခုချိန်ထိ မေ့မျောနေသေးကြောင်း၊
ဆရာဝန်က "ဘုရားသခင်"သာလျှင် ဦးလေးကို ကယ်တင်နိုင်မယ့်အကြောင်း ပြောတယ်။
ဘွန်နီက ဘုရားသခင်ဆိုတာအရမ်းထူးဆန်းတဲ့အရာဖြစ်လိမ့်မယ်။
ဒါကြောင့် ဦးလေးအသက်ရှင်ဖို့ ဘုရားသခင်ကို သူလိုက်ဝယ်နေကြောင်း
အဘိုးအိုကိုပြောပြခဲ့တယ်။
အဘိုးအိုက ကရုဏာသက်စွာနဲ့ "ကလေးမှာ ပိုက်ဆံဘယ်လောက်ရှိလဲ?" လို့ ဘွန်နီကိုမေးတယ်။
"တစ်ဒေါ်လာရှိပါတယ်"
"ကလေး... ဘုရားသခင်ရဲ့ တန်ဖိုးကလည်း တစ်ဒေါ်လာပဲကွ!"
အဘိုးအိုဟာ ပြောပြောဆိုဆို စင်ပေါ်မှာရှိတဲ့ "Kiss of God"တံဆိပ် အချိုရည်ပုလင်းယူပြီး ဘွန်နီကို လှမ်းပေးလိုက်
တယ်။ "ယူသွား.. ကလေး.. မင်းဦးလေး ဒီ "ဘုရားသခင်"ကို သောက်ပြီးရင် နေကောင်းသွားလိမ့်မယ်"
ဘွန်နီက ဝမ်းသာအားရ အချိုရည်ပုလင်းကို ရင်ခွင်ထက်မှာပွေ့ပြီး ဆေးရုံကိုအပြေးသွားခဲ့တယ်။ လူနာခန်းထဲရောက်
တာနဲ့ "ဦးဦး.. ဦးဦး.... ဘုရားသခင်ကို သားဝယ်ခဲ့ပြီ... ဦးမကြာခင် နေကောင်းသွားလိမ့်မယ်" လို့ပြောတယ်။ နောက်
တစ်ရက်မှာ အထူးကုအဖွဲ့တစ်ဖွဲ့ ဆေးရုံကိုရောက်လာခဲ့ပြီး ဘွန်နီ့ဦးလေးကို ဆေးကုပေးခဲ့တယ်။
အဲဒီအဖွဲ့က အကောင်းဆုံးကုသမှု၊ ခေတ်အမီဆုံးကိရိယာတွေနဲ့ ဘွန်နီဦးလေး နေကောင်းပျောက်တဲ့အထိ ကုသ
ပေးခဲ့တယ်။ ဆေးရုံကမဆင်းခင် ကြီးမြင့်တဲ့ကုန်ကျစရိတ်ကိုမြင်တော့ ဘွန်နီဦးလေး ပြန်မေ့မျော့သွား မတတ်ပါ
ဘဲ။ ဒါပေမယ့် ဆေးရုံတာဝန်ခံက ကုန်ကျစရိတ်တွေကို အဘိုးအိုတစ်ဦး ရှင်းပေးခဲ့ကြောင်း၊ အဲဒီအဘိုးအိုဟာ
သူဌေးသူကြွယ်တစ်ဦးဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီတစ်ခုရဲ့ ဥက္ကဌရာထူးကနေ အငြိမ်းစားယူထားကြောင်း၊ သူ့အား
လပ်ရက်ကို ကုန်စုံဆိုင်လေးဖွင့်ပြီး ကုန်ဆုံးခဲ့ကြောင်း၊ အထူးကုအဖွဲ့ကိုလည်း သူပဲငှားရမ်းခဲ့ကြောင်းပြောပြတယ်။
အဘိုးအိုကို ဘွန်နီတို့ အရမ်းကျေးဇူးတင်မိခဲ့ပြီး အဘိုးအိုကို သွားရောက်ရှာဖွေခဲ့တယ်။ ဒါပေမယ့် အဘိုးအိုက ဆိုင်ကိုရောင်းပြီး ခရီးထွက်သွားခဲ့ပါတယ်။
ရက်သိပ်မကြာခင်မှာပဲ အဘိုးအိုရဲ့စာတစ်စောင်ကို သူတို့လက်ခံရရှိခဲ့တယ်။
စာထဲမှာက...-
"အမောင်လူငယ်... ခင်ဗျားမှာ ဘွန်နီလိုတူတစ်ယောက်ရှိတဲ့အတွက် အရမ်းကံကောင်းပါတယ်။
ခင်ဗျားအသက်ကိုကယ်ဖို့ ငွေတစ်ဒေါ်လာနဲ့ နေရာအနှံ့ ဘုရားသခင်ကို သူလိုက်ဝယ်ခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါ.. ခင်ဗျား
အသက်ကို သူကယ်လိုက်ပါတယ်။ ဒါပေမယ့် ခင်ဗျားသေချာမှတ်ထားရမှာက
တကယ့်ဘုရားသခင်ဆိုတာလူတွေရဲ့မေတ္တာစိတ်ပဲဖြစ်တယ်" လို့ ရေးထားပါတယ်။

#မေတ္တာဖြင့်ပြန်လည်မျှဝေပါတယ်။

ဦးနေဝင်း၊ ရှော်ဖီအာမက်နဲ့ မေနန်းနွယ် ရှော်ဖီ (သို့) အက်စ်အာမက်wwwwwwwwwwwwwwwwwwwwwwwwwwwအက်စ်အာမက်ဟာ မိတ္ထီလာဇာတိပါ။ ကိ...
21/09/2024

ဦးနေဝင်း၊ ရှော်ဖီအာမက်နဲ့ မေနန်းနွယ်
ရှော်ဖီ (သို့) အက်စ်အာမက်
wwwwwwwwwwwwwwwwwwwwwwwwwww
အက်စ်အာမက်ဟာ မိတ္ထီလာဇာတိပါ။
ကိုလိုနီ ခေတ်ကတည်းက မိတ္ထီလာကို ရောက်ရှိအခြေချနေထိုင်တဲ့ ဘင်္ဂလားဇာတိဖြစ်တဲ့ မိသားစုဝင် ဖြစ်ပါတယ်။ လူအများက သူ့ကိုအတိုကောက် ရှော်ဖီလို့ ခေါ်ကြပါတယ်။ ကျွန်တော်မြို့ပေါ်မှာ ကျောင်းနေတော့ သူ့မိသားစုဟာ မိတ္ထီလာမြို့ရဲ့ အချမ်းသာဆုံး မိသားစုမှာ ပါခဲ့ပါတယ်။ ရှော်ဖီရဲ့ လုပ်ငန်းတွေကတော့ လမ်း၊ တံတားနဲ့ အ ဆောက်အအုံများ ဆောက်လုပ်တဲ့ ကန်ထရိုက်တာတစ်ဦးပါ။
မိတ္ထီလာမှာ ကျောင်းပိတ်ချိန်ရောက်ရင် ၁ဝ တန်း ကျောင်းသားတွေ အပါအဝင် လူငယ် ၄၀ ၅ဝ လောက်ကို ကုလားရွာ(သူ့ဇာတိ)က သူ့ရဲ့ ခြံဝင်းထဲမှာ ညအိပ်နေစေ ပြီး သင်္ကြန်သံချပ်နဲ့ သီချင်းတွေ တိုက်စေပါတယ်။ သင်္ကြန်ကျချိန်မှာတော့ ကုန်တင်ကားကြီးတစ်စီးကို အလှပြကားအဖြစ် ဖန်တီးကာ သူ့ခြံမှာ ခေါ်ထားတဲ့ လူငယ်လေးတွေနဲ့အတူ မန္တလေးကို သွားပြီး သင်္ကြန်ဆင်နွှဲ ကြပါတယ်။ သင်္ကြန်ပြီးမှ ပတ်စာခွာ ဖျာသိမ်းလုပ်ကြပြီး အိမ်ပြန်ကြတာပါ။ အဲဒီအဖွဲ့တွေရဲ့ ကုန်ကျစရိတ်အားလုံးကို ရှော်ဖီက အကုန်ခံခဲ့တာပါ။
သူတို့အဖွဲ့ရဲ့ နာမည်ကိုတော့ ''ထီလာမောင်''လို့ အမည်ပေးထားပါတယ်။ အဲဒီအဖွဲ့ထဲမှာ ကျွန်တော့် ဦးလေးများဖြစ်ကြတဲ့ ဦးငြိမ်းမောင်နဲ့ ဦးသန်းမောင်တို့ လည်း ပါပါတယ်။ ကျောင်းပိတ်ချိန်ကစပြီး သင်္ကြန်ပြီးတဲ့ အထိ လူ ၄၀ ၅ဝ ရဲ့ ကုန်ကျစရိတ်၊ ထီလာမောင်သင်္ကြန် အဖွဲ့ မန္တလေးသွားတဲ့ စရိတ်တွေကို သူ့မိသားစုက ကျခံ တယ်ဆိုတာ ငယ်ငယ်က ကျွန်တော့်ဥာဏ်နဲ့ လိုက်မမီခဲ့ပါ။ လူ ၄၀ ၅ဝ ကို နှစ်လခန့် ကျွေးမွေးထားရုံမက မန္တလေးသင်္ကြန်လည်ပတ်တဲ့ ကုန်ကျစရိတ်တွေကို ဘာဖြစ်လို့များ သူတို့ကျခံနိုင်လဲ ဆိုပြီးတော့ပေါ့။
ကျွန်တော်သိရသလောက် ကျွန်တော်တို့ လူမှန်းသိတဲ့အချိန်မှာ တပ်မတော်က ဆောက်လုပ်ရေး ကန်ထရိုက်တွေ ရခဲ့ပါသတဲ့။ မိတ္ထီလာမြို့ပေါ်က တပ်မတော်အဆောက်အအုံများ၊ တောင်ကြီးမှာရှိတဲ့ ရပခ အဆောက်အအုံများနဲ့ ဗထူးတပ်မြို့က အဆောက်အအုံတွေကို ကန်ထရိုက် ရခဲ့တယ်လို့ သိရပါတယ်။
ကျွန်တော် ကျောင်းသားဘဝကတည်းက ရှော်ဖီ မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုအကြောင်းကို ကြားခဲ့ဖူးပါတယ်။ တစ်ခါမှာတော့ ရှမ်းပြည်ကနေ ရှော်ဖီ ဂျစ်ကားနဲ့ ပြန်လာပါသတဲ့။ သူ့တပည့် ၂၊ ၃ ယောက်နဲ့အတူပေါ့။
ကလောအလွန်ကတော့ လမ်းတစ်နေရာက လူတချို့ ထွက်လာပြီး ရှော်ဖီ့ကားကို တားပါသတဲ့။ တားတဲ့သူတွေ က ဓားပြတွေပါ။ အဲဒီခေတ်တုန်းက မိတ္ထီလာ-တောင် ကြီးလမ်းသွားတဲ့ ကားတွေကို ခဏခဏဓားပြတိုက်လေ့ ရှိပါတယ်။
ဓားပြတွေက ကားရပ်တော့ သေနတ်နဲ့ချိန်ပြီး ပါတာအကုန်ထုတ်ဖို့ ခြိမ်းခြောက်ပါတယ်တဲ့။
ရှော်ဖီက ဓားပြတွေကို ''ငါရှော်ဖီပါကွ'' လို့ဆိုတာနဲ့ ဓားပြတွေက ''ဟာ...ဆရာမှန်းမသိလို့ တားမိတာ ခွင့်လွှတ်ပါ''လို့ တောင်းပန်ပါသတဲ့။ အဲဒီတော့ ရှော်ဖီက ဓားပြတွေကို ပိုက်ဆံအိတ်ထဲက ပါလာတဲ့ ငွေတချို့ ထုတ်ပေးလိုက်ပါ သတဲ့။ ၅ဝဝဝိ/-လောက် ရှိတယ်လို့ ပြောကြတယ်။ ဒီသတင်းဟာ ရှမ်းပြည်နဲ့မိတ္ထီလာမှာ ချက်ချင်းပျံ့နှံ့သွား ပါတယ်။ အဲဒီအချိန်မှာ ရှော်ဖီရဲ့ အသက်က (၃၅) နှစ် လောက်ရှိပါပြီ။
မေနန်းနွယ်
wwwwwwwwwwwwwwwwwwwwww
၁၉၅၉ ခုနှစ်၊ ဧပြီလကုန်လောက်မှာ ကျွန်တော် DSA ဝင်ခွင့် စာမေးပွဲအောင်ပြီး ရန်ကုန်ကို လာရပါတယ်။ ဗိုလ်ရွေးအဖွဲ့ Officer Testing Team – OTT (ယခုပြည်သူ့ရင်ပြင်)မှာ လာဖြေရတာပါ။ OTT မှာ လေး ရက်လောက်ဖြေပြီးတဲ့အခါ အရွေးခံရလို့ သူနဲ့ တစ်ဆက်တည်း စစ်သားစုဆောင်းရေး တပ်ဝင်းမှာ မေမြို့ကိုသွားဖို့ စောင့်နေရပါတယ်။
ကျွန်တော်နဲ့အတူ အနယ်နယ်အရပ်ရပ်က အရွေးခံရတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီအထဲမှာ ကိုကျော်ခင်(ကွယ်လွန်) လည်း ပါပါတယ်။ သူ့မိဘက တပ်မတော်ထဲကပါ။ မိတ္ထီလာ တပ်မတော်ကျောင်းမှာ ကျောင်းအိပ် ကျောင်းစား နေရင်းနဲ့ ပါလာတာပါ။
စစ်သား စုဆောင်းရေးတပ်မှာ နေရင်း အားတဲ့ အချိန်တွေမှာ မြေနီကုန်းက ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်ကြည့်၊ တစ်ခါတစ်လေ လှမ်းမြင်နေရတဲ့ ရွှေတိဂုံဘုရားပေါ် တက်ဖူး စတဲ့ လည်ပတ်မှုမျိုးပဲ လုပ်နိုင်ပါတယ်။ အသုံးစရိတ်ကလည်း အတောင့်ကြီး မဟုတ်ပါဘူး။ ကိုကျော်ခင်ကတော့ အပေါင်းအသင်း များပါတယ်။ နေ့တိုင်းလိုလို အပြင်ထွက်လည်လေ့ ရှိပါတယ်။ တစ်နေ့ကျတော့ သူက ကျွန်တော့်ကို ထူးဆန်းတဲ့မေးခွန်းတစ်ခု မေးပါတယ်။ ''ဟေ့ကောင် ... မင်းမိန်းမချောချော မြင်ဖူးလား''ပါတဲ့။
ကျွန်တော် ရုတ်တရက် ပြန်မဖြေနိုင်ပါ။
ကျောင်းသားဘဝ သူငယ်တန်းကနေ (၁ဝ)တန်းအထိ နေခဲ့ရာမှာ အတန်းဖော်မိန်းကလေး သူငယ်ချင်းတွေ အများကြီးရှိပါတယ်။ သူတို့ဟာ လှလား၊ မလှလား ကျွန်တော် သတိမပြုမိပါ။ ဒါ့ကြောင့် ကျွန်တော်က ကိုကျော်ခင်ကို ''မပြောတတ်ဘူးဗျာ'' လို့ ပြန်ပြောလိုက်တော့ သူက ''ဒါဆိုညနေ ငါနဲ့လိုက်ခဲ့၊ မင်းကိုပြမယ်'' လို့ ပြောပါတယ်။ ညနေကျတော့ ကျွန်တော် သူခေါ်ရာကို လိုက်ခဲ့ပါတယ်။ ဘတ်စ်ကားနှစ်ဆင့် စီးရပါတယ်။ ကျောက်ကုန်းဆိုတဲ့ ရပ်ကွက်ကိုပါ။
လမ်းမကြီးကနေ အထဲဝင်တော့ ခြံနဲ့၊ ဝင်းနဲ့ လုံး ချင်းတိုက်အိမ်တစ်လုံးကို ရောက်ပါတယ်။ အိမ်ရှင်တွေက ကျွန်တော့်ကို ဖော်ဖော်ရွေရွေ ဧည့်ခံပါတယ်။ ကိုကျော်ခင်နဲ့ မူလကတည်းက သိကျွမ်းပြီးသားနဲ့ တူပါတယ်။ ဧည့်ခန်းက ဆက်တီကုလားထိုင်မှာ လူတစ်ယောက် ထိုင်နေပါတယ်။ အသက် သုံးဆယ်ကျော် လောက်ရှိမှာပါ။ အရပ်က ၅ပေ၊ ၃လက်မလောက်ပဲ ရှိ မယ်ထင်ပါတယ်။ သူ့ထူးခြားချက်က ထိပ်ကပြောင်နေပါပြီ။ အဲဒီအချိန်မှာ အိပ်ခန်းလို့ ထင်ရတဲ့ အခန်းတစ်ခန်းက အမျိုးသမီးတစ်ယောက် ထွက်လာပါတယ်။
အမျိုးသမီးက ကိုကျော်ခင်ကို နှုတ်ဆက်ပြီး ကျွန်တော့်အနားမှာ လာထိုင်ပါတယ်။ ကျွန်တော့်ကိုလည်း မိတ်ဆက်ပေးပါတယ်။ အမျိုးသမီး ကျွန်တော့်အနားမှာ လာထိုင်တာနဲ့ သင်းထုံနေတဲ့ ရေမွှေးနံ့ရပါတယ်။ သူ့အသက်က ကျွန်တော်တို့နဲ့ ရွယ်တူလောက်ရှိမှာပါ။ အရပ်ကတော့ သိသိသာသာ မြင့်ပါတယ်။ ၅ပေ၈လက်မလောက် ထင်ပါတယ်။ ဒါတင်မကဘူး။ ရုပ်ရည်အင်မတန် လှပတဲ့ မိန်းမတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော့်စိတ်ထဲမှာ ဖြစ်ပါတယ်။ သူ့နာမည်က 'မေနန်းနွယ်' ပါတဲ့။
သူ့နာမည်ကို ကျွန်တော်ကြားဖူးပါတယ်။ မယ်ဒဂုံလား၊ မယ်ဗမာလား အရွေးခံရပြီးသားပါ။ ကိုကျော်ခင် ကျွန်တော့်ကို ပြောတဲ့ မိန်းမချောဆိုတာ သူပဲပေါ့လို့ ကျွန်တော့်စိတ်မှာ ဖြစ်လာပါတယ်။ ကျွန်တော်တို့လည်း နာရီဝက်လောက်ကြာတော့ ပြောစရာစကား ကုန်တာနဲ့ နှုတ်ဆက်ပြီး ပြန်လာကြပါတယ်။
အပြန်ကျမှ ဘတ်စ်ကားပေါ်ရောက်တော့ ကိုကျော်ခင်က ဧည့်ခန်းမှာ တွေ့ခဲ့တဲ့ ထိပ်ပြောင်ပြောင်နဲ့လူဟာ မေနန်းနွယ်အရင် တစ်နှစ်(၁ဝ)တန်းဖြေစဉ်မှာ ကျူရှင်ပေးတဲ့ ဆရာပါတဲ့။ အင် ဂျင်နီယာဘွဲ့ရတစ်ယောက်ဖြစ်ပြီး မေနန်းနွယ်နဲ့ အိမ် ထောင်ကျနေပြီလို့ ပြောပါတယ်။
အဲဒီတော့မှာ ကျွန်တော်က ကိုကျော်ခင်ကို ''ခင် ဗျားဗျာ ... သူများမိန်းမဖြစ်နေတဲ့ သူ့ကိုများ ကျုပ်ကို ခေါ်ပြနေသေးတယ်။ ဘာမှအဓိပ္ပာယ်မရှိဘူး''လို့ ပြောတဲ့ အခါ ''ဘာပြောပြော၊ လှတာတော့ လှတယ်မို့လား''လို့ ကိုကျော်ခင်က စကားပိတ်လိုက်ပါတယ်။
နောက်ပိုင်း ကျွန်တော်တို့ DSA ရောက်တဲ့အခါ ကိုကျော်ခင့်ဆီကပဲ မေနန်းနွယ်ရဲ့ သတင်းကြားရပါတယ်။ သူ့ယောက်ျားကြီးနဲ့ကွဲပြီး မြန်မာ့လေကြောင်း Burma Airways Corporation - BAC မှာ လေယာဉ်မယ်လုပ်နေတဲ့ အကြောင်း သိရပါတယ်။
မေနန်းနွယ်၊ရှော်ဖီနဲ့ ဦးနေဝင်း
wwwwwwwwwwwwwwwwwwwwww
တစ်ရက်သောနေ့မှာတော့ ဦးနေဝင်းကလည်း မန္တလေးမှာ တပ်ကိစ္စလာရင်း အပြန်မှာ BAC နဲ့ပြန်ပါတယ်။ ရှော်ဖီကလည်း မန္တလေးကို လုပ်ငန်းအတွက်လာ ကြည့်ရင်းနဲ့ ရန်ကုန်ကို ပြန်မှာမို့လေယာဉ်စီးတော့ ဦးနေဝင်းနဲ့ လေယာဉ်ပျံပေါ်မှာ ဆုံကြပါတယ်။ သူတို့နှစ်ယောက်က မူလကတည်းက သိကျွမ်းပြီးသားပါ။ ဖြစ်ချင်တော့ အဲဒီလေယာဉ်ပျံပေါ်မှာ လိုက်လာတဲ့ လေယာဉ်မယ်က မေနန်းနွယ်ပါ။
အဲဒီအချိန်မှာ ရှော်ဖီက အိမ်ထောင်ကျနေပါပြီ။ ဦးနေဝင်းက ဒုတိယအိမ်ထောင်နဲ့ အဆင်မပြေလို့ ကင်းကွာနေပြီး တတိယအိမ်ထောင်ဖြစ်မယ့် ဒေါ်ခင်မေသန်းနဲ့ မဆုံရသေးပါ။ မေနန်းနွယ်ဟာ အင်မတန်ချောတဲ့ မိန်းကလေးဆိုတော့ လေယာဉ်ပျံပေါ်မှာ ဆုံတဲ့အခိုက် သူ့ကို ဦးနေဝင်းကရော၊ ရှော်ဖီကပါ သဘောကျကြပါသတဲ့။
ဦးနေဝင်းက ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ ဂုဏ်ပုဒ်ရှိတော့ မေနန်းနွယ်ကို နှုတ်ဆက်ရင်း နောက်လိုက်၊ ပြောင်လိုက်နဲ့ ဆက်ဆံပါသတဲ့။ သူစိတ်ဝင်စားပေမယ့် ''ရောက်ရောက်ခြင်း၊ ဆောက်နဲ့ထွင်း''သလို မလုပ်ဘဲ ရေရှည်ချဉ်းကပ်ရမယ့်နည်းကို သုံးမယ့်ဟန်တူပါတယ်။ သမာဓိပိုး ပိုးမယ့်သဘောပါ။
ဒါပေမဲ့ ရန်ကုန်ကိုရောက်လို့ မေနန်းနွယ် မိမိအိမ်ကို ရောက်ခါရှိသေးတယ် ရှော်ဖီက သူ့အိမ်ကို ကား နဲ့လိုက်လာပါသတဲ့။ သူနဲ့အတူ လက်ကိုင်အိတ်အကောင်း စား Attache Case တစ်ခုနဲ့အပြည့် ရာတန်စက္ကူတွေ ထည့်လာပါသတဲ့။ စုစုပေါင်း ကျပ်ငါးသိန်း ရှိပါသတဲ့။ ရှော်ဖီက အဲဒီပိုက်ဆံနဲ့ မေနန်းနွယ်ကို သူ့မိဘဆီက လာတောင်းတာပါ။ အဲဒီခေတ်က ငွေ ၅ဝဝဝိ/- ရှိရင် ဂျစ်ကားတစ်စီးဝယ်လို့ရတဲ့ ခေတ်ပါ။
''အဲဒီလောက်များတဲ့ငွေတွေဆိုတော့လည်း သူ့မိ ဘက ဘယ်လိုငြင်းနိုင်တော့မှာလဲ''လို့ နောက်တော့ မေနန်းနွယ်က သူ့အသိမိတ်ဆွေတွေကို ပြောပါသတဲ့။ ရှော်ဖီမှာ ပထမ မယားကြီးရှိသော်လည်း သူက ဗုဒ္ဓဘာသာမှမဟုတ်တာ၊ ပြဿနာမရှိဘူးပေါ့။ ရှော်ဖီကလည်း အိမ်တစ်ဆောင်၊ မီးတစ်ပြောင်နဲ့ သူ့ကို ထားပါတယ်။ ရွှေတောင်ကြားရပ်ကွက်က ရေကူးကန်ပါတဲ့ အိမ်တစ်လုံးကို သူ့နာမည်နဲ့ နေစေပါတယ်။
မေနန်းနွယ်ဟာ ရှော်ဖီနဲ့ရသွားပြီလို့ကြားတဲ့အခါ မှာ ဦးနေဝင်းက အကြီးအကျယ် ဒေါသထွက်ပါသတဲ့။ မေနန်းနွယ်ကို သူနဲ့ရှော်ဖီတို့ တစ်ပြိုင်နက်တည်း တွေ့ခဲ့ကြတာ သူမှတ်မိတာပေါ့။ ပြီးတော့ သူက ကြိမ်းဝါးပါ တယ်။ ''ခွေးကုလား ... ငါတို့တပ်က ကန်ထရိုက်တွေနဲ့ ကြီးပွားနေတဲ့ကောင်၊ သိမယ်''လို့ဆိုပြီး မကြာမီမှာ တပ်မတော်မှာ ဂျီအီး G.E လို့ အများက သိထားတဲ့ဆောက် လုပ်ရေးအင်ဂျင်နီယာတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။
ဒါ့ကြောင့် G.E တပ်ဖွဲ့ ပေါ်ပေါက်လာတာဟာ မေနန်းနွယ်ကျေးဇူးမကင်းဘူးလို့ ပြောနိုင်ပါတယ်။ အဲဒီ နောက်ပိုင်းမှာ တပ်မတော်က လုပ်ငန်းကြီးမှန်သမျှ (လမ်း၊ တံတား၊ အဆောက်အအုံ)တွေ ဆောက်လုပ်ရာ မှာ G.E ကိုပဲ တာဝန်ပေးပါတော့တယ်။ အခုဆိုရင် လူအများက G.E က ပုဂ္ဂိုလ်ဆိုရင် ဘယ်လိုပုံစံမျိုးဆိုတာ အားလုံးက သိကြပါတယ်။ အဲဒီတပ်မှာ ရဲဘော်ကစပြီး တပ်ညွှန်ကြားရေးမှူး၊ ဗိုလ်ချုပ်အဆင့်အထိ သာမန်ချောင်လည်တယ်ဆိုတာထက်ပိုတဲ့ အနေအထား တွေရှိနေပါပြီ။
ရှော်ဖီ ထောင်နန်းစံရခြင်း
===============
မဆလခေတ်မှာ ဆိုရှယ်လစ်စီးပွားရေး စနစ်တည် ဆောက်မယ်ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ နိုင်ငံရဲ့ စီးပွားရေးကို ဦးနေဝင်းက အကောင်အထည်ဖော်ဖို့ ကြိုး စားခဲ့ပါတယ်။ အောင်မြင်မှုမရဘဲ အခက်အခဲမျိုးစုံကြုံခဲ့ရပါတယ်။
ဒါကြောင့် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကာကွယ်စောင့်ရှောက်ရမယ့် ဥပဒေတွေ ထုတ်ပြန်ခဲ့ပါ တယ်။ အဲဒီဥပဒေကို အကောင်အထည်ဖော်တဲ့အနေ နဲ့ ''စူဇကာ စစ်ဆင်ရေး''လို့ အမည်တပ်ပြီး တစ်နိုင်ငံလုံးက ခရိုင်အဆင့်ထိ မြို့အသီးသီးမှာရှိတဲ့ ချမ်းသာကြွယ်ဝတဲ့သူတွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။
ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာနဲ့ မေမြို့က ကျွန်တော့်အသိမိတ်ဆွေတွေလည်း ပါသွားခဲ့ပါတယ်။
ရှော်ဖီကတော့ ထိပ်ဆုံးကပေါ့။ သူ့ကို ဥပဒေအရလည်း ငြိလို့ဖမ်းတာအပြင် လူပုဂ္ဂိုလ်ချင်း အမြင်မကြည်လို့ဆိုတဲ့ အချက်လည်း ပါနိုင်ပါတယ်။
ရှော်ဖီအဖမ်းခံရတဲ့ အချိန်နဲ့ တစ်ပြိုင်နက်လောက်မှာ ဘိန်းဘုရင်လို့ နာမည်ကြီးတဲ့ လော်စစ်ဟန် (ကိုထွန်းမြင့်နိုင် - Steven Lao ရဲ့ အဖေ)လည်း အင်းစိန်ထောင်မှာ ရှိပါတယ်။ ထောင်ဝန်ထမ်းတွေကတော့ အဲဒီလို ပိုက်ဆံချမ်းသာတဲ့လူတွေ ထောင်ထဲရောက်လာတာ အရမ်းဝမ်းသာကြပါတယ်။ သူတို့ကို မှီပြီး လက်ဆောင်ပစ္စည်းတွေ ရတတ် ကြလို့လေ။
သူတို့ရှိစဉ်တုန်းက နွေရာသီဆိုရင် ရေခဲပေါင် ၂ဝဝ တုံးတွေကို ထောင်ထဲသွင်းပြီးတစ်ထောင်လုံး အအေးတိုက်တာတို့၊ တစ်ထောင်လုံး ဒံပေါက်ကျွေးတာတို့ လုပ်ခဲ့တယ်လို့ ထောင်ဝန်ထမ်းတွေ ပြောပြတာ ကြားခဲ့ရဖူးပါတယ်။ ရှော်ဖီထောင်ထဲရောက်တဲ့အချိန်မှာ မေနန်းနွယ်က ထောင်ဝင်စာ ပုံမှန်လာတွေ့တယ်လို့သိရတော့ သူတို့အိမ်ထောင်ရေးဟာ ကြာရှည်ခိုင်မြဲတယ်လို့ သိလိုက်ရပါတယ်။ ရှော်ဖီမှာ မေနန်းနွယ်အပြင် တခြားမိန်းမရှိတယ်လို့ မကြားမိခဲ့ပါဘူး။
အခုတော့ ဦးနေဝင်းရော၊ ရှော်ဖီရော ကွယ်လွန်သွားခဲ့ကြပါပြီ။ မေနန်းနွယ် ကွယ်လွန်တာကိုတော့ မကြားမိသေးပါဘူး။ ရှိသေးရင်တော့ ကျွန်တော်နဲ့ရွယ်တူမို့ အသက်(၈ဝ) မပြည့်တပြည့်တော့ ရှိနေပြီလို့ ဆိုရမှာပါ။
ဒီဆောင်းပါးရေးရခြင်းရဲ့ ရည်ရွယ်ချက်က တပ်မတော်မှာ နာမည်ကြီးတဲ့ G.E တပ်ဖွဲ့ဟာ ရှော်ဖီက ခြေသွက်၊ လက်သွက်နဲ့ မေနန်းနွယ်ကို ကောက်ယူလိုက်တာကို ထိုစဉ်က ဗိုလ်ချုပ်ကြီးနေဝင်းက မကျေနပ်တဲ့အတွက် ရှော်ဖီလုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ဖို့ တပ်ဖွဲ့တစ်ခုဖွဲ့ရင်းနဲ့ G.E တပ် ပေါ်ပေါက်လာ ပုံကို တင်ပြချင်လို့ပါ။
crd # ဦးဝင်းထိန်

အိမ်တွေ ဆိုင်တွေမှာ တွေ့ရတဲ့ (လှိမ့်​ဝင်တည်သုံး)အဆောင် အကြောင်းမိတ်ဆွေတစ်ယောက်နဲ့ ၂ နှစ်ခွဲနေမှ ပြန်တွေ့တော့ သူ့မိသားစုက...
21/09/2024

အိမ်တွေ ဆိုင်တွေမှာ တွေ့ရတဲ့ (လှိမ့်​ဝင်တည်သုံး)အဆောင် အကြောင်း
မိတ်ဆွေတစ်ယောက်နဲ့ ၂ နှစ်ခွဲနေမှ ပြန်တွေ့တော့ သူ့မိသားစုကတော်တော်လေး အဆင်ပြေနေပြီး အရင် ထရံအိမ်လေးနေရာမှာအခု အာစီတစ်ထပ်တိုက်ကြီးနဲ့ပေါ့ အရမ်းကိုအဆင်ပြေပြီးနောက်ထပ်တိုက်တစ်လုံးတောင် ဆောက်နေတယ်လို့ ပြောပါတယ်။
သူ့လုပ်ငန်းက တအားလှိမ့်ဝင်သွားတာကို အဲ့..... သူ့အိမ်ရှေ့အဝင်ဝမှာ လှိမ့်ဝင် စဉ့်အရုပ်လေးကို အိမ်ဘက် လှိမ့်ဝင်နေတဲ့ ပုံချိတ်ထားတာတွေ့ရပါတယ်။ အိမ်ဧည့်ခန်းမှာတော့ စဉ့်အိုးလေးတည်နေတဲ့ပုံကို တင်ထားတာတွ့ရပါတယ်။ မေးကြည့်တော့ လှိမ့်ဝင် တည် သုံးလေတဲ့စီးပွားဖြစ်တယ်။ လုပ်ငန်းကောင်းတယ်တဲ့ဗျာ။
ကျွန်တော်တို့မြို့မှာထမင်းဆိုင်တစ်ဆိုင်ရှိတယ် အရမ်းကိုရောင်းရတယ်။ အလှူပေးနေသလိုကိုရောင်းရတာ သူတို့အိမ်မှာလည်းအိမ်ရှေ့သံတံခါးအုတ်ခုံမှာအဲဒီလှိမ့်ဝင်အရုပ်လေးအိမ်ဘက်ကို လှိမ့်ဝင်နေတဲ့ပုံလေးတင်ထားတာတွေ့ရပါတယ်။သူ့ထမင်းဆိုင်ကတော့လူတွေလှိမ့်ဝင်နေတော့တာပါပဲဗျာ။
အဲဒါနဲ့လူမဝင် လုပ်ငန်းမကောင်းတဲ့သူနဲ့ အကြွေးတင်နေတဲ့မိတ်ဆွေတစ်ယောက် နှစ်ယောက်ကိုအဲဒီအရုပ်လေး နှစ်ခုကိုထားဖို့ ပြောလိုက်တာသူတို့လည်း ကျောက်ဆည် တပေါင်းပွဲနဲ့ကြုံတော့စဉ့်ကူးက စဉ့်အိုးသည်တွေလာတာနဲ့ အဲဒီအရုပ်လေးကို တစ်ရုပ်ကို အိမ်ရှေမှာထားပြီး တစ်ရုပ်ကို အိမ်ထဲမှာထားဖို့ ပြောလိုက်တာ အဲဒီ ၃ယောက်ဟာ ၆လအတွင်းလုံးဝမဆပ်နိုင်တော့ဘူးလို့ထင်ထားတဲ့အကြွေးတွေ ကြေပြီးအဆင်ပြေသူတွေဖြစ်နေပါပြီဗျာ။
အဲဒါနဲ့ ပြင်ဦးလွင်က ဗေဒင်ဆရာ ဆရာဝင်းမော်အောင် အိမ်လာတော့ အဲဒီယတြာအကြောင်းပြောပြလိုက်တာ သူလည်းသဘောကျပြီး အဲဒါကိုအားလုံးသိအောင် facebook ပေါ်တင်ပေးပါလို့ ပြောလို့တင်ပေးရာကနေ လှိမ့်ဝင်တည်သုံးအိုးသည်တွေ ရောင်းမလောက် ဖြစ်ကုန်တော့တာပါပဲဗျာ။
လှိမ့်ဝင်တည်သုံးစဉ့်အိုးလေးတွေဘယ်လိုဓာတ်ဆင်ရတာပါလဲ
အဲဒီလှိမ့်ဝင်တည်သုံး အရုပ်လေးတွေကဟိုအရင် လောကီပညာရှင်(ဆန်းပညာရှင်) တွေ လုပ်သွားခဲ့တာပါ။
ပညှပ်သွားရာဓါတ်သက်ပါဆိုသလိုလူအများသုံးစကား လှိမ့်ဝင် ဆိုတာကိုယူပြီး လှိမ့်ဝင် နေတဲ့အရုပ်ကလေးတွေကို စီရင်ပေးသွားတာပါ။
အဲဒီမှာ စဉ့်အိုးလေးကိုလှိမ့်ဝင်နေတဲ့ ကောင်လေး(၂၄)ပုံ လေးပါ။ စဉ့်အိုးကို ဘာလို့သုံးလဲ တစ်ခြားဟာတစ်ခုခုကိုလည်းလှိမ့်ဝင် လို့ရတာပဲလို့ တွေးမိတော့ စဉ့်အိုး ၃၁ ဆိုတာ အောင်စေ အေးစေ= ၁၃ ကိုကက်ကင်းရိုက်သွားတယ်ထင်ပါတယ်။
လှိမ့်ဝင် ဆိုတာကတော့ဗျာ လှိမ့်ဝင် = ၄၄ = ရွှေလာ = လူလာ = လိုရာ = ရလာ ဓါတ်ပေါ့ ...... လှိမ့်ဝင် ပြီးတော့ဘာလုပ်မလဲ ဆိုတော့ တည်သုံးလေတစ်ရုပ်လုပ်သွားပါတယ်။ လှိမ့်ဝင်လာတဲ့ဟာတွေကို ဘုရားတည်။ ကျောင်းတည်။ ဇရပ်တည်။ သာသနာတည်နိုင်တဲ့ အထိ သုံးနိုင်ဖို့ လောကီဝိဇ္ဇာအဘများကစီရင်သွားခဲ့တဲ့ ဓါတ်အရုပ်လေးတွေပါ။
ဘယ်လို သုံးမလဲ ဘယ်လိုဆောင်မလဲဗျာ ........
၁။ သန ချေ ရပါတယ်။ အညံ့ခြေရပါတယ် ကိုယ့်စီးပွားအတွက်အထွဋ်အမြတ်ဆောင်မည့်ပစ္စည်းဟာ ကားနဲ့သယ်လားရင် အမျိုးသား၊ အမျိုးသမီး ၊ ကလေး ၊လူကြီး ကျော်ခွသွားတာမျိုး၊ ကားထိုင်ခံအောက်ထဲထည့်သယ်လာတာမျိုး တွေရှိတတ်ပါတယ်။ အဲဒီလို အညံ့ဓါတ်တွေကင်းဖို့ ဆားရည် (ရေ ၁ဂါလံကို ဆား၂ ဇွန်းထည့်ပြီး)ကို ဇလုံထဲထည့်ပြီး လက်ဆယ်ချောင်က ဆေး ဖြစ်စေဆိုပြီး ၃ခါ ပြောပြီးလက်နှစ်ဖက်ကိုဇလုံထဲထည့်ပြီး သနပ်ခါး သွေးသလိုလက်ယာရစ် မွှေပြီးပါးစပ်မှာလည်း " ဉုမ်သန သန သန အပေါင်း ထောင်သောင်း ကြေစရာ ကြေ " ဆိုပြီး ၃၇ ခေါက် ရွတ်ပြီးမှ အဲဒီ အရုပ်များကို ၎င်းရေနဲ့ ဆေးပါ ပြီးမှ ၎င်းအရုပ်များကို ရေမွှေး(နဝင်းရေ)ရည်နဲ့ပက်ဖြန်းပြီးမှာအိမ်ဘက်သို့အိုး လှိမ့်ဝင် နေတဲ့ပုံအိုးကို အိမ်ဘက်အတွင်းသို့ ထားပြီး အိမ်ရှေ့မှာထားလိုက်ပါ။ တည်သုံးအိုး လေးကိုတော့ အလုပ်စားပွဲ အိပ်ခန်းစားပွဲ အိမ်ထဲမှာထားထားလိုက်ပါ ထူးထူးခြားခြားအဆင်ပြေလာတာကို တွေ့ရပါလိမ့်မယ်ခင်ဗျာ။
ဘယ်နေ့ဘယ်အချိန်မှာဆောင်ထားရမလဲ
မိမိမွေးနေ့မနက် 9 : 45 မှာတင် ဆောင်ထားပါလေ ။ လူမဝင်သောဆိုင်များ၊ တည်းခိုခန်းများ၊ ဟိုတယ်များ လူများလှိမ့်ဝင်လာပါလိမ့်မယ် အရောင်းအဝယ်လုပ်ငန်းများသိသိသာသာတိုးတက်လာတာကိုတွေ့ရပါလိမ့်မည်။
တစ်ပတ် လောက်လှိမ့်ဝင်နေပြီး နောက်ပိုင်းနည်းနည်းပါးသွားတာမျိုးဖြစ်ခဲ့ရင်တော့ လှိမ့်ဝင် အရုပ်ကလေးကို မျက်နှာသစ်ပေးလိုက်ပါပြီးတော့ ရေမွှေးလေး ဆွတ်ပေးလိုက်ပါပြီးတော့ လာထား ... လာထားဆိုပြီးတော့ လက်ခုတ်တီးပြီးပြောလိုက်ပါ ဝင်လာပါလိမ့်မယ်ဗျာ။
ပထမဆုံးဝင်သောငွေမှအနည်းအကျင်းကိုဘုရားလှူလိုက်ပါ၊ ပြီးမှကျန်တဲ့ပိုက်ဆံကိုသုံးပါလေ ပထမဆုံးဝင်တဲ့ပိုက်ဆံကို အနိဌပစ္စည်းတွေဝယ်မသုံးလိုက်ပါနဲ့။
နောက်ပြီးလာဘ်တိတ်စေတဲ့ အကြောင်းတရားတွေကို ရှောင်ပေးရပါတယ်အရင်က ရေးခဲ့ဖူးပါတယ်။ အခုပြန်ရေး ပြလိုက်ရပါတယ်။
၁။ မနက်အိပ်ယာထလျှင် အိမ်သာထဲသို့ တန်းမသွားရ မီးဖိုချောင်ထဲသို့တန်းသွားပြီး မီးမွေးခြင်း ထမင်းအိုးတည်းခြင်း တန်း မလုပ်ရပါ လာဘ်တိတ်တတ်ပါသည်။
၂။ ထမင်းစားလျှင် ဘေးမှာကျနေသာအမှိုက်များကိုထမင်းစားပြီးလျှင် မိမိပန်းကန်ထဲသို့ ထည့်ပြီး ဆေးဖို့ မယူသွားရပါ။
၃။ စားပြီး အိုးခွက်ပန်းကန်များကို မနက်မှ ဆေးတော့ပါမယ်ဆိုပြီး မီးဖိုချောင်ထဲမှာမဆေးပဲ တစ်ညလုံးပုံမထားသင့်ပါ။
၄။ အိမ်ထောင်ဦးအမျိုးသား၏ အင်္ကျီ၊ စွတ်ကျယ်၊ တဘက်၊ ပုဆိုးအဟောင်းများကို ကြမ်းသုတ် လက်သုတ် ဖုန်သုတ် မလုပ်ရပါ။
၅။ လင်မယားအချင်းချင်း ၉ နာရီမကျော်မီစောစောစီးစီးစကားများရန်မဖြစ်ရမငြူစူရ ဒေါသမဖြစ်ရပါ။ စောစောစီးစီးနိမိတ်မကောင်းသော အမင်္ဂလာ သီချင်းများမဖွင့်ရပါ အဲဒီ ၅ချက်မှ ၂ချက်လောက်လုပ်မိလျှင် လာဘ်တိတ်စေတတ်ပါတယ် ငွေဝင်ပါလျှင်လည်း အသာလွတ်ပြန်ပြန်ထွက်သွားတတ်ပါသည်။
ထို့ကြောင့်အဲဒီအချက်များကို ရှောင်သင့်ပါသည်။ အားလုံး ငွေကြေးရတနာများ လုပ်ငန်းကောင်းများ လှိမ့်ဝင်ကြပြီးအလှူအတန်း၊ ဘာသာရေး၊သာသာနာရေး၊ ပရဟိတအရေးအတွက်သုံးနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သရင်း.............
Credit:

မသောက်သင့်တော့ပါဘူးစျေးပေါတာတွေ**************************************☕☕☕☕☕☕☕☕☕ကော်ဖီမစ် မှာပစ္စည်း ၃ မျိုးပါဝင် ပါတယ်။ ၁...
20/09/2024

မသောက်သင့်တော့ပါဘူး
စျေးပေါတာတွေ
******************
********************
☕☕☕☕☕☕☕☕☕
ကော်ဖီမစ် မှာ
ပစ္စည်း ၃ မျိုးပါဝင် ပါတယ်။
၁။ ကော်ဖီမှုန့်
၂။ သကြား
၃။ ကော်ဖီမိတ်
၁။ ကော်ဖီမှုန့်က မူလက ကော်ဖီစေ့ကနေ တဆင့်ပြုလုပ်ထားတဲ့ ချက်ချင်း အရည်ပျော်စေနိုင်တဲ့ အသင့်ဖျော်ကော်ဖီမှုန့် ကို သုံးကြပါတယ် ။
အခု နောက်ပိုင်း ပိုစျေးသက်သာတဲ့ ကော်ဖီမှုန့် အတုတွေ သုံးလာကြပါတယ်။
ကုန်ကျစရိတ်က အဆ ၁၀၀ အဆ ၂၀၀ အထိ သက်သာတယ်လို့ ထိုင်ဝမ်က အစားအသောက် ပညာရှင်တွေက ပြောပါတယ် ။
ထိုင်ဝမ်မှာ ကော်ဖီမှုန့် အတုကို ပဲစိမ်းအမှုန့် ၊ ကော်ဖီရနံ့ လို့ခေါ်တဲ့ ဓာတုဗေဒ ကော်ဖီမှုန်နဲ့ ရော လိုက်တာပါ ။
အဲဒါကို သကြား ကော်ဖီမိတ် တွေနဲ့ ရော ဖျော် လိုက်တဲ့ အခါ ကော်ဖီ အစစ်နဲ့ ခွဲ လို့ မရ တော့ပါဘူး။
ဒီလို လုပ်တာ စိတ်ကောင်းရှိတဲ့ ထုတ်လုပ်သူတဲ့။ တချို့က ပဲစိမ်းမှုန့် မထည့်ဘဲ မီးသွေးမှုန့်တွေ ထည့်လုပ်ကြတယ်။
ကော်ဖီရနံ့ လို့ခေါ်တဲ့ ဓာတုဗေဒ ကော်ဖီတွေဟာ အသည်း နဲ့ ကျောက်ကပ်ကို ထိခိုက် နိုင်တယ် လို့ ပညာရှင်တွေက ပြောကြပါတယ် ။
ထိုင်ဝမ် FDA က ကော်ဖီမှုန့် အတု ၊ ကော်ဖီရနံ့တွေကို တရားဝင် ရောင်းချခွင့်ပြုထားတဲ့ အတွက် ကော်ဖီမှုန့် အတု နဲ့ လုပ်ထားတဲ့ ကော်ဖီတွေ ရောင်းချနေကြပါတယ် ။
ကော်ဖီမှုန့် အတုတွေကို ပဲစိမ်းမှုန့်နဲ့ လုပ်တဲ့အတွက် ပရိုတိန်းဓာတ်တော့ နည်းနည်း ရနိုင်ပါတယ် ။
မီးသွေးမှုန့်က အစားအသောက်မှာ သုံးတာ ရှိပါတယ် ။
ထိုင်ဝမ်မှာ မီးသွေးမှုန့်နဲ့လုံးထားတဲ့
မြေပဲ ရှိပါတယ် ။
အမေရိကန်မှာ ချားကိုးလ်မိုခါး ဆိုပြီး ချောကလက်မှုန့် ၊ မီးသွေးမှုန့် ၊ သကြား ၊ ကော်ဖီမိတ်တွေပါတဲ့ ဖျော်ရည် ရောင်းပါတယ် ။
မီးသွေးမှုန့်က အုန်းမုတ်ခွက်က ရတဲ့ မီးသွေးမှုန့် လို့ ဖော်ပြထားပါတယ် ။
ဟိုတလောက မြန်မာပြည်က ကော်ဖီမစ် စက်ရုံကို အုန်းမှုတ်ခွက်တွေ ပို့တဲ့ ဆောင်းပါး တစ်ပုဒ် Facebook မှာ တွေ့လိုက်တယ် ။
အုန်းမှုတ်ခွက်ကို မီးသွေးမှုန့် လုပ်ပြီး
ကော်ဖီမစ် ထဲ ထည့်တာလားတော့
မသိဘူး ပေါ့လေ ။
ထင်တာ ပြောတာပါ။
ပိုဆိုးတာကတော့ အဆိပ်ပါတဲ့
ကော်ဖီမှုန့်တွေပါ။
၂၀၁၈ ခု ဧပြီလမှာ ဗီယက်နမ် နိုင်ငံရှိ ကော်ဖီစက်ရုံ တစ်ခုကိုစစ်ဆေးကြည့်တဲ့ အခါ ဓာတ်ခဲ အဟောင်းတွေက ရတဲ့ အမည်းရောင် အမှုန့်တွေကို သုံးပြီး ကော်ဖီစေ့တွေကို ဆေးဆိုးတာ တွေ့ရှိခဲ့ပါတယ် ။
ဓာတ်ခဲ အဟောင်းတွေကရတဲ့ အမှုန့် ၃၅ ကီလိုဂရမ် တွေ့ရှိခဲ့ပြီး ဒီအမှုန့်တွေကို အပေါစား ကော်ဖီစေ့တွေ ဝယ်ပြီး အရောင်လှအောင် ဆေးဆိုးတယ်ဆိုတာ ပိုင်ရှင်က ဝန်ခံခဲ့ပါတယ် ။
ဓာတ်ခဲက ရတဲ့ အမှုန့်တွေမှာ မဂ္ဂနီးစ်ဒိုင်အောက်ဆိုဒ် ဆိုတဲ့ အဆိပ်ဓာတ် ပါတဲ့ အတွက် ဒီကော်ဖီမှုန့်တွေ ရေရှည် သောက်သုံးသူတွေမှာ ဦးနှောက်နဲ့ အာရုံကြောတွေ ပျက်စီးစေပါတယ် ။
ဒီလို အဆိပ်ပါတဲ့ ကော်ဖီစေ့ ၁၀ တန်ကျော်ကို သိမ်းဆည်း ရမိပြီး ၃ တန် ကျော်က စျေးကွက်ထဲကို ရောင်းချပြီး ဖြစ်ပါတယ် ။
ဒီသတင်းဟာ ကော်ဖီ သောက်သုံးသူများကို အထိတ်တလန့် ဖြစ်သွား စေခဲ့ပါတယ် ။
ထိုင်ဝမ်ကို ဗီယက်နမ်ကော်ဖီ တံဆိပ် ၁၅ မျိုး တင်သွင်းခွင့်ပြုထားတာမို့ ဒီလို အဆိပ်ပါတဲ့ ကော်ဖီ ၊ ကော်ဖီ မှုန့်တွေ မဝင်ဘူး လို့ ဘယ်သူမှ အာမ မခံနိုင်ခဲ့ပါဘူး ။
၂။ သကြားကတော့ အရည်ပျော်လွယ်တဲ့ အမှုန့်နုတဲ့ သကြား ကို သုံးပါတယ် ။
၃။ ကော်ဖီမိတ် ကို ၁၉၆၁ ခုမှာ အမေရိကန် နက်စ်တယ်ကုမ္ပဏီက စထုတ်ခဲ့ပါတယ် ။
နွားနို့ နှင့် မပြုလုပ် ထားသော
မလိုင်အဆီ ပါ။
ဘာတွေနဲ့ လုပ်ထားတာလဲ ဆိုတာ
#ဒေါက်တာခင်နွယ်ဝင်း ဆောင်းပါးကို
ဖတ်ကြည့် ရအောင် ။👇👇
ကော်ဖီ သောက် ရင် အသုံးပြု သည့်
နွားနို့နှင့် မပြုလုပ်ထား သော အမှုန့်များ
ဟာ ၊ ဘာ တွေ ပါ နေ တာ ပါ သ လဲ ?❓
၁။ ပြောင်းဖူး မှ လာ သော သ ကြား
၂။ နို့ထည့် ထား သ ကဲ့ သို့ ၊ ဖြစ် နေ တာ က တော့ ပဲပိစပ်ဆီ ကြောင့် ဖြစ် ပါ တယ်။
၃။ ဆိုဒီယမ်ကက်စီနိတ်-- နွားနို့မှာ ပါဝင် သော ပရိုတင်းဓာတ် ဖြစ် ပါ တယ်။
သူ ဟာ ဒြဗ်ဝတ္ထု များ မပြိုကွဲ စေ ရန် ထည့် သည့် ဓာတု ပစ္စည်း တစ်ခု ဖြစ် ပါ တယ်။
၄။ မိုနိုဂလိုင်စီရိတ် နှင့် ဒိုင်ဂလိုင်စီရိတ် -- ပါဝင် နေ သော ပစ္စည်း များ ရောစပ် ရာ တွင် ကောင်းစွာ သမ ၍ တစ်သားတည်း ဖြစ် စေ ရန် အတွက် ထည့် ရ သော ဝတ္ထု ပစ္စည်း ကော်ဖီ နှင့် အမှုန့်တစ်သားတည်း ဖြစ် နေ စေ ရန်ဖြစ် ပါ တယ်။
၅။ ဖော့စဖိတ်အက်ဆစ်-- ခပ် ပြစ်ပြစ် က လေး ဖြစ် နေ စေ ပြီး ၊ ပါဝင် နေ သော ပစ္စည်း များ တစုတစည်း တည်း တပေါင်း တည်း ဖြစ် နေ စေ ရန် ဖြစ် စေ သော ဓာတုပစ္စည်း
သြော် စဉ်းစား ကြည့် မယ် ဆို ရင် အိပ်ယာ က နိုး လာ သည့်အခါ သောက် တော့ မည့် ကော်ဖီ ခွက် ထဲ မှာ ဒီ #ဓာတုဆေးမျိုးစုံ ကို ထည့် ပြီး သောက် ချင် ပါ သ လား ဆို တဲ့ မေးခွန်း ပေါ် ထွက် လာပါ တယ်။⁉️🙄
အချို့ အမှုန့်ဆိုရင် အရသာ အမျိုးမျိုး ထွက် အောင် ထပ် ပြီး ရောနှော ထား သည့် ဓာတုဆေး တွေ လဲ အပို ပါပါ သေး တယ်။
ဒီကော်ဖီမိတ်တွေ ဟာ အမှုန့်အနေ နဲ့ လာသလို အရည် အဖြစ် နဲ့ လဲ ရောင်း ချ လေ့ ရှိ ပါ တယ်။
အမှုန့်မှာ က ခဲ မသွား ရ အောင် ဓာတုဆေး တစ် မျိုး ထပ် ပြီး ပါ ပြန် ပါ တယ်။
ဆိုဒီယမ် အလူမီနိုဆီလီကိတ် ဖြစ် ပါ တယ်။
လောင်ကျွမ်း စေ တတ် သော ဓာတ် တစ် မျိုး လဲ ဖြစ် ပါ တယ်။
အင်္ဂလိပ် လိုဖတ် ရန် ခက်ခဲ မှု ရှိ သူ များ အတွက် ဘာသာ ပြန် ပေးလိုက် ခြင်း သာ ဖြစ် ပါ တယ်။
ကျွန်မ ၏ အာဘော် မဟုတ်ပါ။💢
🛑(ဒေါက်တာဒေါ်ခင်နွယ်ဝင်း
ဆောင်းပါးမှ ကူးယူ ဖော်ပြပါသည်။)🛑
⁉️ ကော်ဖီမိတ် ဟာ ကျန်းမာရေးနဲ့
❓ ညီညွတ်မှု ရှိမရှိ ။
ကော်ဖီမိတ်မှာ သကြား ၊ မကောင်းတဲ့အဆီ၊ တာရှည် အထားခံဆေး ပဲပါလို့ ကျန်းမာရေး အတွက် မကောင်းပါ ။
ကော်ဖီမိတ်လုပ်တဲ့ ဖော်မြူလာတွေက နှစ်ကြာလာတာနဲ့ အမျှ ပြောင်းလဲမှုတွေ ရှိလာပြီး နောက်ဆုံးမှာတော့ အရောင်ချွတ် သကြား နဲ့ တာရှည်ခံဆေးတွေပဲ ပါတော့တဲ့ ပစ္စည်း တစ်ခု ဖြစ်လာပါပြီ။
ပြောင်းဖူးမှလာသော သကြား ပြောင်းဖူးတွေ အများစုက မျိုးရိုးဗီဇ ပြောင်းထားတာတွေပါ။
သကြားတွေက လူကို အဝလွန်စေပါတယ် ။
ကိုယ်တွင်း ကလီစာတွေမှာ အဆီတွေ စုပြီး ဆီးချို ၊ သွေးတိုး ၊ နှလုံးရောဂါ ၊ ကင်ဆာ တွေ ဖြစ်ပွားစေပါတယ် ။
တချို့ အင်ဇိုင်းတွေကို ထိခိုက်စေပြီး ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ စုတ်ယူခြင်းကို လျော့နည်း စေပါတယ် ။
ပဲပိစပ် ဆီ က တာရှည်ခံအောင် လုပ်ထားတဲ့ဆီ ပါ။ ခန္ဓာကိုယ် အတွက် ဆိုးကျိုးပေးတဲ့ အဆီပါ ။
သွေးတွင်း အဆီများမှုကို အားပေးပြီး နှလုံးသွေးကြောရောဂါ အဖြစ်များစေပါတယ် ။
နောက်ဓာတု ပစ္စည်းတမျိုးဖြစ်တဲ့ ဖော့စဖိတ်အက်ဆစ် က ဓာတ်မြေသြဇာနဲ့ အလှကုန် ပစ္စည်းတွေ မှာလည်း သုံးပါတယ်။
ကော်ဖီမိတ်မှာ ဘာ အာဟာရဓာတ်မှ မပါတဲ့ အပြင် ကျန်းမာရေး အတွက် ဆိုးကျိုးသာ ဖြစ်စေတာမို့ နွားနို့ ၊ အုန်းနို့ ၊ ပျားရည် စသည်တို့ အစားထိုး သုံးဖို့ အကြံပေးကြပါတယ် ။
ကော်ဖီမှုန့် အစစ်နဲ့လုပ်တဲ့ ကော်ဖီမစ် အထုတ်တွေလည်း ရှိပါတယ် ။ စျေးပေါတဲ့ ကော်ဖီမစ်တွေကတော့ သကြားတောင် စျေးပေါတဲ့ ဆေးသကြား ၊ အပေါစား ကော်ဖီမိတ်တွေ သုံးတာပါ ။ တထုတ်လုံးက ဓာတု ပစ္စည်းတွေပါပဲ ။
တီးမစ်ကလည်း ထိုနည်း၎င်းပါပဲ ။ သဘာဝ လက်ဖက်ခြောက်က ထုတ်တာရှိသလို ဓာတု ပစ္စည်းတွေနဲ့ ထုတ်ထားတာတွေလည်း ရှိပါတယ် ။
Credit::::::://///****

Address

Singapore

Website

Alerts

Be the first to know and let us send you an email when News For U posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Media/News Companies in Singapore

Show All