
09/04/2025
#သတိ⚠ ကျားဖြန့်
တော်တော်ဆိုးနေပြီ၊ ခြိမ်းခြောက်စာပါ ပို့လာတယ်
ခုတလော လူတော်တော်များများ ကြုံတွေ့နေရတဲ့
ဖုန်းMessageထဲ ဂိမ်းဆော့ဖို့ လင့်ပို့လာတဲ့
ကျားဖြန့်လူလိမ်(scammers)များ ဖြစ်ပါတယ်
ဒီလိမ်နည်းက SMS scams (သို့) Smishing လို့ခေါ်ပါတယ်
ပုံမှာတွေ့ရတဲ့အတိုင်း သူစိမ်းဖုန်းနံပတ်တွေနဲ့ စာပို့လာကြလိမ့်မယ်။ ယုံအောင် သိန်းပေါင်းဘယ်လောက်ရကြောင်း၊ အနိုင်ရကြောင်း ပြောပြလိမ့်မယ်
Kpay အကောင့်ရှိတဲ့နံပတ်တွေ၊ စီးပွားလုပ်ငန်းရှင်တွေကို
Targetထားပြီး ပို့လာတယ်၊ မသိလို့ လောဘကြီးပြီး ဝက်ဆိုဒ်link နှိပ်မိတဲ့လူတွေ Kpay, အကောင့်တွေ ပါသွားနိုင်ပါတယ်
ဘယ်လို ရှောင်သင့်လဲ?
- သူတို့ပို့လာတဲ့ စာတွေကို reply မပြန်ပါနဲ့
- ပို့လာတဲ့လင့်တွေကို မနှိပ်မိပါစေနဲ့
- ဂိမ်းလင့်ပို့ရင် ချက်ချင်း block လိုက်ပါ
- အမြဲသတိထားနေပါ၊ အလွယ်တကူ မယုံပါနဲ့
- လူလိမ်ဖြစ်ကြောင်း အသိမိတ်ဆွေများကို ပြောပြပါ
Yein Yam
#လူလိမ် #ကျားဖြန့်