![မန်စီးတီးအသင်းဟာ မနေ့ညတုန်းက အာဆင်နယ်အသင်းကို အီးမရိတ်ကွင်းထဲမှာ ၅-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ် ။ အဆိုပါပွဲအပြီးမှာ မန်စီးတီ...](https://img3.medioq.com/122/053/1136439731220535.jpg)
03/02/2025
မန်စီးတီးအသင်းဟာ မနေ့ညတုန်းက အာဆင်နယ်အသင်းကို အီးမရိတ်ကွင်းထဲမှာ ၅-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ် ။ အဆိုပါပွဲအပြီးမှာ မန်စီးတီးကစားသမား အာလင်းဟာလန်း ဟာ သူ့ဂျာစီလက်မောင်းက ရွှေရွှောင်ပရီးယားလိဂ်လိုဂိုကို ညွှန်ပြပြီး သူတို့အသင်းဟာ လက်ရှိချန်ပီယံ ဖြစ်ကြောင်း အာဆင်နယ်ဖန်တွေကို သတိပေးခဲ့ပါတယ် ။ ဟာလန်း ဟာ ပထမအကျော့ မန်စီးတီးကွင်းမှာတုန်းကလည်း အာဆင်နယ်နည်းပြ အာတီတာကို "Stay Humble" လို့ ပြောခဲ့တာကြောင့် နာမည်ကြီးခဲ့ပါသေးတယ် ။ ဒါပေမယ့် ဟာလန်း သတိမပြုမိခဲ့တာက အာဆင်နယ်အသင်းဟာ မန်ယူနိုက်တက် နဲ့ လီဗာပူးတို့ပြီးရင် အမှတ်ပေးချန်ပီယံဆုကို တတိယအများဆုံး ရရှိထားတဲ့ အသင်းဖြစ်ပြီး မန်စီးတီးထက် ၃ ကြိမ်ပိုများနေတာပဲ ဖြစ်ပါတယ် ။