TNN LIFE Channel.

TNN LIFE Channel. အောင်မြင်လိုသူ လူငယ်တိုင်းအတွက်
ကြယ်တစ်ပွင့်စာ အလင်းပြခွင့်ရချင်ယုံသက်သက်ပါပဲ။

ရုပ်ရည်တစ်ခုတည်း ချောမောတဲ့သူကိုလူတွေသဘောကျတဲ့ခေတ်က ကုန်ဆုံးလာပါပြီ။၂၀၂၀ နောက်ပိုင်းမှာ လူတစ်ယောက်က လူတစ်ယောက်ကိုစိတ်ဝင်...
01/01/2025

ရုပ်ရည်တစ်ခုတည်း ချောမောတဲ့သူကို
လူတွေသဘောကျတဲ့ခေတ်က ကုန်ဆုံးလာပါပြီ။

၂၀၂၀ နောက်ပိုင်းမှာ လူတစ်ယောက်က လူတစ်ယောက်ကို
စိတ်ဝင်စား သဘောကျ နှစ်သက်လာဖို့ဟာ
ရုပ်ရည်တစ်ခုတည်းလှပနေရုံနဲ့ မဖြစ်နိုင်တော့ပါဘူး။

လူတွေဟာ ဘာကို ပိုစိတ်ဝင်စားလာကြသလဲဆိုရင်
Intelligence နဲ့ Attitude ကို စိတ်ဝင်စားလာကြပါတယ်။
ရုပ်လှတာထက်
ဉာဏ်ကောင်းတာကို သဘောကျလာကြတယ်။
စိတ်ကောင်းတာကို သဘောကျလာကြတယ်။

ဒီထက် ပိုလွယ်အောင်ပြောရရင်တော့
Physical Beauty အပြင်ပိုင်းအလှအပထက်
Brain ဦးနှောက်ရယ်
Heart နှလုံးသားရယ်ကို
လူတွေက ပိုမြင်လာတတ်ကြတာ ဖြစ်ပါတယ်။

Intelligence ဆိုတာက ကျောင်းစာတော်တာ မဟုတ်ပါဘူး။
တစ်ခုခုမှာ ထူးချွန်ကောင်းမွန်နေတာဟာ Intelligence ပါပဲ။
အတွက်အချက် ကောင်းတယ် ..
သီချင်းဆို တော်တယ် ..
နံပတ်တွေ၊ နာမည်တွေကို မှတ်မိလွယ်တယ် ..
စာအရေးအသား ပြောင်မြောက်တယ် ..
ဘာသာစကား ထူးချွန်တယ် ..
အချက်အပြုတ် ပါရမီရှိတယ် ..
စတဲ့ စတဲ့ ကိုယ့်ရဲ့အရည်အချင်းတစ်ခုစီတိုင်းဟာ
ကိုယ့်ရဲ့ Intelligence ဖြစ်ပါတယ်။

Attitude ကတော့ အကျင့်၊ စရိုက်၊ စိတ်၊ သဘောထား
စတာတွေ ကောင်းမွန်တာ ဖြစ်ပါတယ်။
ကြင်နာတတ်တယ် ..
ရိုးသားတယ် ..
စေတနာကောင်းတယ် ..
ကျေးဇူးသိတတ်တယ် ..
မုဒိတာပွါးနိုင်တယ် ..
အကောင်းမြင်တယ် ..
စတဲ့ စတဲ့ ကိုယ့်ရဲ့အတွင်းစိတ်က ကောင်းမွန်ခြင်းတွေဟာ
ကိုယ့်ရဲ့ Attitude ဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ လူတွေဟာ
လက်တွဲဖော်ကို ရွေးချယ်တဲ့အခါမှာပဲ ဖြစ်ဖြစ်
အပေါင်းအသင်း သတ်မှတ်တဲ့အခါမှာပဲ ဖြစ်ဖြစ်
အနုပညာရှင်ကို အားပေးတဲ့အခါမှာပဲ ဖြစ်ဖြစ်
Intelligence နဲ့ Attitude ကို တွဲမြင်လာကြပြီဖြစ်တဲ့အတွက်
ရုပ်ရည်ဘယ်လောက်ပဲ ချောမောလှပနေပါစေ
Intelligence မကောင်းမွန်ဘူး
Attitude မကောင်းမွန်ဘူး ဆိုရင်
စိတ်ဝင်စားခြင်း နည်းသွားမှာ ဖြစ်ပါတယ်။

Beauty တစ်ခုတည်းပါလာပြီး
Brain နဲ့ Heart တစ်ခုမှ မကောင်းမွန်တဲ့သူဟာ
လူတွေရဲ့အမြင်မှာ လှနေမှာ မဟုတ်တော့ပါဘူး။

Beauty မပါလာသည့်တိုင်
Brain ဖြစ်စေ၊ Heart ဖြစ်စေ၊ တစ်ခုခုကောင်းမွန်တဲ့သူကတော့
လူတွေရဲ့အမြင်မှာ ထည်ဝါနေမှာဖြစ်ပါတယ်။
သဘောကျစရာ၊ မြတ်နိုးစရာလေး ဖြစ်နေမှာဖြစ်ပါတယ်။

ရုပ်ရည်ဟာ 100% လုံး အရေးမပါတာတော့ မဟုတ်ပါဘူး။
ရုပ်ရည်လှပမှုဆိုတာ လူ့ဘဝရဲ့
ကြီးမားတဲ့ကံကောင်းခြင်းတစ်ခုပါပဲ။
လှပတာကို မကြိုက်တဲ့သူရယ်တော့ ဘယ်ရှိပါ့မလဲ။

ဒါပေမယ့် အရာရာတိုးတက်ပြောင်းလဲနေတဲ့ ခေတ်၊
ဒီ ၂၁ ရာစုနဲ့ နောင် ၂၂ ရာစု စပ်ကြားမှာ
ရုပ်ရည်လှပမှုရဲ့ အရေးပါခြင်းဟာ နည်းပါးလာမှာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် ဒီ ၂၁ ရာစုမှာ
Beauty အတွက် ပြုပြင်ပြောင်းလဲနိုင်တာတွေဟာ
အများကြီးမှ အများကြီးရှိနေပါပြီ။
အလှအပဟာ ဖန်တီးယူလို့ရနေပါပြီ။

ဒါပေမယ့် Intelligence နဲ့ Attitude ကတော့
အလွယ်တကူ ဖန်တီးယူလို့ မရနိုင်ပါဘူး။
အများကြီး ကြိုးစားကာမှ ပိုင်ဆိုင်နိုင်မယ့်
တန်ဖိုးကြီးအရာ ၂ ခု ဖြစ်ပါတယ်။

ဉာဏ်ရည်ဟာ အောင်မြင်ခြင်းတွေ ပေးမယ်။
စိတ်ထားဟာ ပျော်ရွှင်ခြင်းတွေ ပေးမယ်။
အောင်မြင်ပျော်ရွှင်နေရတဲ့သူတစ်ဦးလောက်
ဘယ်သူကများ ပိုလှနိုင်ပါဦးမလဲ။

Intelligence is se*xy ဆိုတဲ့ခေတ်၊
Attitude is se*xy ဆိုတဲ့ခေတ်ကို
ရောက်ရှိနေကြောင်း အသိပေးပါရစေခင်ဗျာ။

Someone

" ကျွန်တော်ချမ်းသာချင်တာ အရမ်းပဲ "“ငရုတ်သီး ငါးကျပ်သား၊ ပနံသီး ငါးကျပ်သား၊ ငရုတ်ကောင်း ငါးကျပ်သား၊ ချင်း ငါးကျပ်သား၊ ဇဝတ...
01/01/2025

" ကျွန်တော်ချမ်းသာချင်တာ အရမ်းပဲ "

“ငရုတ်သီး ငါးကျပ်သား၊ ပနံသီး ငါးကျပ်သား၊ ငရုတ်ကောင်း ငါးကျပ်သား၊ ချင်း ငါးကျပ်သား၊ ဇဝတ်သာ ငါးကျပ်သား၊ ဒုတ်ထာ ငါးကျပ်သား၊ အခေါက်ရွှေ ငါးကျပ်သား၊ အမှုန့်ပြု ငရဲမီး လက်ဖက်ရည်ပန်းကန် တလုံးစာထည့် သမအောင်မွှေ မြေအိုးမှာသိပ် မြေစလောင်းဖုံး ရွံ့မံ စပါးခွံမီးငွေ့ငွေ့နဲ့ ခုနစ်ရက်ကြာအောင် ဖုတ်၊ ရလာသောပြာကို မီးတောက်အရက်နဲ့တေ၊ ဆီးစေ့ခန့် အလုံးလေးများပြု နံနက်တလုံး ညတလုံး ရေသန့် တစ်ဖန်ခွက်နှင့်...”

“ဦးလေး အဲဒါကို မှီဝဲရင် ချမ်းသာရောလား”

“ကျွန်တော်တူတော်မောင် မောင်သိန်းက သွားရည်ယိုနေတဲ့ မျက်နှာနဲ့ ကျွန်တော်ကို မေးတယ်ခင်ဗျာ”

မောင်သိန်းက အရမ်း ချမ်းသာချင်နေတာဗျာ၊ ကျွန်တော့်ဆီ ရောက်တဲ့အခါ သူဌေးဖြစ်နည်းကို မေးလေ့ရှိတယ်ခင်ဗျာ့။

"ဟေ့ကောင် မောင်သိန်း လောကမှာ ချမ်းသာချင်တဲ့သူတွေချည်းပဲကွ၊ ဒါပေမယ့် ချမ်းသာအောင် လုပ်တဲ့ဖော်နည်းကတော့ မရှိဘူးကွ”

"သင်တန်းတွေဘာတွေ တက်ရင်ကော မရဘူးလား ဦးလေးရာ”

“သူဌေးဖြစ်နည်း သင်တန်းရယ်လို့လည်း မရှိဘူးကွ”

“ဒါဖြင့်ဦးလေးရာ ကျွန်တော်က သူဌေးသမီးကို ယူလိုက်ရင်ကော သူဌေး မဖြစ်နိုင်ဘူးလားဗျာ”

"ဟာ.. မင်းက သူဌေးသမီးကို ယူလိုက်ရုံနဲ့တော့ သူဌေးမဖြစ်ဘူးကွ၊ သူဌေးသမီး ယောက်ျား၊ သူဌေးရဲ့ သမက်ပဲ ဖြစ်မယ်ကွ”

“သူဌေးမ အပျိုကြီး ဒါမှမဟုတ် သူဌေးမ မုဆိုးမကြီးကို ယူလိုက်ရင်ကောဗျာ”

“ဒါလည်း သူဌေးမဖြစ်ဘူး သူဌေးမရဲ့ လင်ပဲ ဖြစ်မယ်"

“ထီ သိန်း ၃၀၀ ဆုကြီး ပေါက်ရင်ကော သူဌေး မဖြစ်နိုင်ဘူးလား”

“ဒါလည်း သူဌေးမဖြစ်သေးဘူးကွ၊ မင်း ထီပေါက်သူပဲဖြစ်မယ်”

“တက်ကျမ်းတွေ ဖက်ရင်ကောဗျာ”

“တက်ကျမ်းတွေ ဖက်တာကတော့ ဖတ်တာပေါ့ကွာ တက်ကျမ်းဖက်ရုံနဲ့တော့ သူဌေးမဖြစ်နိုင်ဘူးကွ၊ မင်းဟာ စာဖတ်သူပဲဖြစ်မယ်”

“ဒါဖြင့် သူဌေးဖြစ်ဖို့ မလွယ်ဘူးပေါ့နော်”

"မောင်သိန်း... မင်းဟာ အတွေးခေါင်နေတာကွ၊ မင်းဟာ အဝေးကြီးကို ကြည့်လွန်း နေတယ်၊ အမှန်က သူဌေးးဖြစ်နည်းက ဟိုးအဝေးကြီးမှာ မရှိဘူးကွ မင်းမှာ ရှိနေတာ”

“ဗျာ... ကျွန်တော် နားမလည်ဘူး”

“မင်းမှာ နားရှိတယ် မဟုတ်လား၊ မျက်စိရှိတယ် မဟုတ်လား၊ နားနဲ့ မျက်စိကို သုံးကွ"

“ပါးစပ်ကိုကော မသုံးရဘူးလား၊ ပါးစပ်ရှိနေတာပဲဟာ”

“ပါးစပ်ရှိတာ မှန်ပါတယ်၊ ဒါပေမယ့် ပါးစပ်ကို မသုံးရဘူးကွ"

“ပြောပါဦး ဦးလေး၊ ကျွန်တော် နားမရှင်းသေးလို့”

"ဒီလိုကွာ.. ဟိုအဝေးကို မကြည့်နဲ့၊ မင်းတို့ လမ်းထဲမှာ မင်းတို့ ရပ်ကွပ်ထဲမှာ၊ မင်းတို့ မြို့ထဲမှာ ကြည့်လိုက်ကွာ မင်းနဲ့ လက်လှမ်းမီရာမှာ မင်းတွေ့လိမ့်မယ်၊ ဘယ်သူ စီးပွား တက်နေသလဲ၊ ဘယ်သူ စီးပွားပျက်နေလဲ စီးပွားတက်နေတဲ့သူ၊ ချမ်းသာနေတဲ့သူ၊ သူဌေးကို မင်းမြင်ပြီ၊ မင်းတွေ့နေရပြီ၊ မင်းမျက်စိနဲ့ကြည့်၊ သူဘာလုပ်နေလဲ၊ သူဘယ်လို လုပ်ပြီး ချမ်းသာလာသလဲ၊ သူ့သတင်းကို နားထောင်၊ သူ့ဆီက တစ်စွန်းတစ ထွက်လာတဲ့ စကားကို နားထောင် ၊ ပါးစပ်ကို မသုံးနဲ့ “ခင်ဗျား ဘယ်လိုဘယ်နည်း ချမ်းသာလာသလဲ ဗျာ၊ ကျွန်တော်ကို ပြောစမ်းပါ” အဲဒီလို မင်းပါးစပ်က သွားမမေးလေနဲ့ သူအရမ်း စိတ်ဆိုး တယ်၊ တကယ် သူဌေးက မပြောဘူးကွ၊ သူက သူ့ရှာပုံ ရှာနည်းကိုဘယ်တော့မှ ထုတ်မ ပြောဘူး၊ တက်နိုင်သမျှ သိုသိပ်ထားတာ၊ ရှာပုံရှာနည်းကို ပြောပြတယ် ဆိုရင်လည်း အစစ်အမှန်တွေ ဟုတ်ချင်မှဟုတ်မှာ ထုတ်ပြောတယ်ဆိုရင်တော့ သူဌေးအစစ်တော့ မဖြစ်နိုင်ဘူး လူကြွားပဲဖြစ်မယ်”

“ဒါဖြင့်"

“ဒီလိုကွာ.. သူတက်လာပုံ တက်လာနည်းကို ကြည့်ရတယ်၊ သူ ဘယ်ဘဝကနေ တက်လာသလဲ၊ သူဘာတွေ လုပ်သလဲ၊ သူ့ရဲ့ စိတ်ဓာတ်က ဘယ်လိုရှိသလဲ အကဲခတ်ရ တယ်ကွ၊ မသမာတဲ့နည်းနဲ့ ချမ်းသာလာတာလား၊ လောင်းကစားနဲ့ တက်လာတာလား၊ တအိအိ မှန်မှန်တက်နေသလား၊ ဝုန်းခနဲ တက်လာသလား၊ တက်လိုက်ကျလိုက် ဖြစ်နေ သလား၊ သေသေချာချာ ကြည့်ပေါ့ကွ၊ မင်းအားကျနေတဲ့ သူဌေး၊ မင်းမြင် မင်းတွေထားတဲ့ သူဌေးဟာ တကယ်အစစ်အမှန် သူဌေး၊ နည်းယူထိုက်တဲ့ သူဌေး၊ နမူနာယူလောက်တဲ့ သူဌေးမျိုး ဖြစ်နေပြီ၊ အားကိုး အားထားပြုလောက်တဲ့ သူဌေးဖြစ်နေပြီ ဆိုပါတော့ကွာ၊ မင်းသူ့ဆီက နည်းယူလိုက်ပေတော့ မောင်”

“ဟင်… ဒါဆို လွယ်လှချည့်လား”

“ဟကောင်… မင်းက သူဌေးဖြစ်နည်းပဲ ရသေးတာကွ၊ မင်းဟာ သူဌေးမဖြစ် သေးဘူး လေကွာ”

“အယ်... ဟုတ်သားပဲ ဦးလေး၊ ဒီလိုဆို...”

“လွယ်ပြီလေကွာ၊ မင်းသူ့ဆီက နည်းတွေရပြီ၊ မင်းလုပ်တော့ပေါ့၊ မင်းတကယ် ချမ်းသာချင်တယ်ဆိုရင် သူ့နည်းတွေ လက်တွေသုံး၊ တကယ်လုပ်၊ မင်းလုပ်သလောက် မင်းချမ်းသာမယ်၊ မင်း အရမ်းကြီး လုပ်လိုက်ရင် မင်းအရမ်းကြီး ချမ်းသာမယ်၊ နည်းနည်းလေး လုပ်ရင်တော့ နည်းနည်းလေးပဲ ချမ်းသာမယ်ကွ။"

မူယင်းရေးသားသူအား လေးစားစွာဖြင့် CRD ပေးပါသည်။

" နှစ်သစ် မင်္ဂလာ ဆုတောင်းလွှာ "နှစ်ဟောင်းကုန်၍ နှစ်သစ်အခါသမယ၌** အဆိုးမှန်သမျှ နှစ်ဟောင်း၌သာ ကျန်ခဲ့ပါစေ။** စီးပွား လာဘ်...
01/01/2025

" နှစ်သစ် မင်္ဂလာ ဆုတောင်းလွှာ "

နှစ်ဟောင်းကုန်၍ နှစ်သစ်အခါသမယ၌

** အဆိုးမှန်သမျှ နှစ်ဟောင်း၌သာ ကျန်ခဲ့ပါစေ။

** စီးပွား လာဘ်လာဘများ ဒီရေအလား တိုးပွားပါစေ။

** ဘေးဒုက္ခ အန္တာရာယ် ရန်အသွယ်သွယ်မှ ကျော်လွှားနိုင်ကြပါစေ။

** မတောင့်မတ မကြောင့်မကျ ပြည့်စုံသော ဘဝမျိုး ပိုင်ဆိုင်ကြပါစေ။

** ရည်မှန်းချက်တွေ ပြည့်ဝကြပြီး
ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝကို ရရှိကြပါစေ။

TNN LIFE Channel.

ကောင်းခြင်း ဆိုးခြင်းအလီလီကို ဖြတ်ကျော်လို့၂၀၂၄ ခုနှစ် ကိုတော့လက်ပြနှုတ်ဆက်ခဲ့ကြပြီလာမယ့် ၂၀၂၅ ခုနှစ်မှသည်မြန်မာနိုင်ငံသ...
31/12/2024

ကောင်းခြင်း ဆိုးခြင်း
အလီလီကို ဖြတ်ကျော်လို့
၂၀၂၄ ခုနှစ် ကိုတော့
လက်ပြနှုတ်ဆက်ခဲ့ကြပြီ

လာမယ့် ၂၀၂၅ ခုနှစ်မှသည်
မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း
ဆန္ဒ နဲ့ ဘဝ တစ်ထပ်တည်း ကျနိုင်ကြပြီး
ပျော်ရွှင်မှု အပေါင်း ခညောင်းနိုင်ကြပါစေ လို့ ကျနော်တို့ရဲ့
TNN LIFE Channel နဲ့ TNN For You
အဖွဲ့သားများမှ ဆုမွန်ကောင်း
တောင်းပေးလိုက်ပါတယ် 🙏🙏

31/12/2024

ဖောက်ပြန်တဲ့ သူတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာ ၁၂ ခု



#ပုံပြင်
#ကျွန်ုပ်တို့အနာဂတ်ကိုကျွန်ုပ်တို့ကိုယ်တိုင်တည်ဆောက်အံ့

ဖောက်ပြန်တဲ့သူတွေမှာ ဒီလို လက္ခဏာတွေ ပြလာတတ်တယ်။* လူက အိမ်မှာ အတူရှိနေပေမယ့် စိတ်က အပြင်ကို ရောက်သလို ဖြစ်နေတတ်တယ်။ * အိ...
31/12/2024

ဖောက်ပြန်တဲ့သူတွေမှာ ဒီလို လက္ခဏာတွေ ပြလာတတ်တယ်။

* လူက အိမ်မှာ အတူရှိနေပေမယ့် စိတ်က အပြင်ကို ရောက်သလို ဖြစ်နေတတ်တယ်။

* အိမ်မှာရှိတဲ့ မိသားစုကို အပြစ်ရှာပြီး အမြဲ အလိုမကျဖြစ်နေတတ်တယ်။

* တစ်ယောက်တည်းနေတဲ့ အချိန်တွေ ပိုများလာတယ်။

* ဖုန်းကို အမြဲလျှို့ဝှက်ထားတယ်
အထူးသဖြင့် Messenger Viber
စတဲ့ Apk တွေကို သော့ခတ်ထားတတ်တယ်။

* အရင်ကထက် ပိုပြီး လျှို့ဝှက်တဲ့အပြုအမူတွေ လုပ်လာတယ်။

* အိပ်ယာဝင်ချိန်တွေ ​နောက်ကျလာတတ်တယ်။

* အပြင်ကို အကြောင်းမရှိ အကြောင်းရှာ မကြာခဏ ထွက်တတ်လာတယ်။

* အဝတ်အစားတွေမကြာခဏလဲတယ်၊ အမွှေးနံ့သာတွေ ​မွှန်ထူနေအောင် သုံးလာတတ်တယ်။

* ငွေကြေးအသုံးစရိတ်တွေ ပိုများလာတယ်။

* အရင်ကနဲ့မတူပဲ ဂနာမငြိမ်သလိုဖြစ်နေတတ်တယ်။

* ကိုယ့်ရဲ့ ဇနီးမယား ဒါမှမဟုတ် လင်ယောကျ်ားကို အရင်လို ချစ်ခင်ကြင်နာတဲ့ အပြုအမူတွေ လျော့ပါးသွားတယ်။

* တစ်ခုခုကို တွေးတောနေသလိုလို
စိတ်နဲ့ လူနဲ့မကပ်သလိုလို အမူအယာတွေ မကြာခဏဖြစ်နေတတ်တယ်။

ဒါကြောင့် ကို့ရဲ့ အိမ်ထောင်ဖက်ဟာ
ဒီလို အပြုအမူတွေကို လုပ်လာပြီဆိုရင် သေသေချာချာ စောင့်ကြည့်ဖို့
လိုလာပြီဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။

TNN LIFE Channel.

" EQ နဲ့ IQ ဆိုတာ ဘာလဲ "လူတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို တိုင်းတာတဲ့အခါ IQ နဲ့ EQ ဆိုတဲ့ အဓိပ္ပာယ်ကွဲပြားတဲ့ အချက်အလက်နှ...
30/12/2024

" EQ နဲ့ IQ ဆိုတာ ဘာလဲ "

လူတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို တိုင်းတာတဲ့အခါ IQ နဲ့ EQ ဆိုတဲ့ အဓိပ္ပာယ်ကွဲပြားတဲ့ အချက်အလက်နှစ်ခုကို ကြားဖူးကြမှာပါ။

* IQ (Intelligence Quotient) ဆိုတာဘာလဲ *

IQ ဆိုတာ Intelligence Quotient ရဲ့အတိုကောက်ဖြစ်ပြီး လူတစ်ယောက်ရဲ့ ဉာဏ်ရည်ထက်မြက်မှုကို တိုင်းတာတဲ့ တစ်မျိုးသော စံနှုန်းဖြစ်ပါတယ်။
* အဓိပ္ပာယ်:
* တွေးခေါ်နိုင်စွမ်း
* သင်ယူနိုင်စွမ်း
* ပြဿနာဖြေရှင်းနိုင်စွမ်း
* အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း စတဲ့ ဉာဏ်ရည်ပိုင်းဆိုင်ရာ စွမ်းရည်တွေကို တိုင်းတာတာဖြစ်ပါတယ်။
* ဥပမာ:
* သင်္ချာပေါင်းစပ်ခြင်း
* ပဟေဠိဖြေခြင်း
* စာဖတ်နားလည်မှု
* နည်းပညာသုံးစွဲနိုင်ခြင်း စတဲ့ လုပ်ငန်းတွေမှာ IQ က အရေးပါပါတယ်။

* EQ (Emotional Quotient) ဆိုတာဘာလဲ *

EQ ဆိုတာ Emotional Quotient ရဲ့အတိုကောက်ဖြစ်ပြီး လူတစ်ယောက်ရဲ့ စိတ်ခံစားမှုကို နားလည်ပြီး ထိန်းချုပ်နိုင်စွမ်းကို တိုင်းတာတဲ့ တစ်မျိုးသော စံနှုန်းဖြစ်ပါတယ်။
* အဓိပ္ပာယ်:
* ကိုယ့်ရဲ့စိတ်ခံစားမှုကို နားလည်ခြင်း
* အခြားသူတွေရဲ့ စိတ်ခံစားမှုကို နားလည်ခြင်း
* ကိုယ့်ရဲ့စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ခြင်း
* အခြားသူတွေနဲ့ ဆက်ဆံရေးကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေကို တိုင်းတာတာဖြစ်ပါတယ်။
* ဥပမာ:
* အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း
* ပြဿနာတွေကို ဆွေးနွေးဖြေရှင်းနိုင်ခြင်း
* ခေါင်းဆောင်မှုစွမ်းရည်
* စိတ်ရှည်သည်းခံနိုင်ခြင်း စတဲ့ လုပ်ငန်းတွေမှာ EQ က အရေးပါပါတယ်။

* IQ နဲ့ EQ ဘယ်ဟာက ပိုအရေးကြီးသလဲ *

အရင်ကတော့ IQ က အရေးကြီးတယ်လို့ ယူဆကြပေမယ့် လက်ရှိအချိန်မှာ EQ ကလည်း အရေးကြီးတယ်ဆိုတာ သိရှိလာကြပါတယ်။ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် IQ နဲ့ EQ နှစ်ခုလုံး လိုအပ်ပါတယ်။

* IQ ကောင်းတဲ့သူတွေက ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း ပိုကောင်းပေမယ့် လူမှုဆက်ဆံရေးမှာ အခက်အခဲတွေ ရှိနိုင်ပါတယ်။

* EQ ကောင်းတဲ့သူတွေက လူမှုဆက်ဆံရေးမှာ ကောင်းမွန်ပေမယ့် ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း နည်းနိုင်ပါတယ်။

** အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် IQ နဲ့ EQ ကို ဘယ်လို မြှင့်တင်နိုင်မလဲ **

* IQ မြှင့်တင်ဖို့:
* စာဖတ်ခြင်း
* ပဟေဠိဖြေခြင်း
* သင်တန်းတက်ခြင်း
* စိတ်ဝင်စားတဲ့ အရာတွေကို လေ့လာခြင်း စတဲ့ လုပ်ငန်းတွေ လုပ်ဆောင်နိုင်ပါတယ်။

* EQ မြှင့်တင်ဖို့:
* အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံခြင်း
* ကိုယ့်ရဲ့ စိတ်ခံစားမှုကို နားလည်ဖို့ ကြိုးစားခြင်း
* အခြားသူတွေရဲ့ အမြင်ကို လေးစားခြင်း
* စိတ်ရှည်သည်းခံခြင်း စတဲ့ လုပ်ငန်းတွေ လုပ်ဆောင်နိုင်ပါတယ်။

* ဆန်းစစ်ချက် *

IQ နဲ့ EQ ဟာ လူတစ်ယောက်ရဲ့ အောင်မြင်မှုကို ဆုံးဖြတ်ပေးနိုင်တဲ့ တစ်ခုတည်းသော အချက်အလက်တွေ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ အောင်မြင်မှုမှာ ကြိုးစားအားထုတ်မှု၊ အခွင့်အလမ်း၊ ပတ်ဝန်းကျင် စတဲ့ အခြားအချက်တွေကလည်း အရေးပါပါတယ်။

* အရေးကြီးတာက IQ နဲ့ EQ ကို ဘယ်လို ပေါင်းစပ်အသုံးချနိုင်မလဲဆိုတာပါ။ ကိုယ့်ရဲ့ အားသာချက်တွေကို သိပြီး အားနည်းချက်တွေကို ပြုပြင်နိုင်ရင် ဘဝမှာ ပိုမိုအောင်မြင်နိုင်ပါလိမ့်မယ်။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသားပါစေ။

လေးစားစွာဖြင့် သားညီ
TNN LIFE Channel.

စိတ်ပျက်နေတယ်ဆိုရင်ပြင်လို့ရပါတယ်။စိတ်ဓာတ်ကျနေတယ်ဆိုရင်ပြန်တင်လို့ရပါတယ်။စိတ်ပျက်စရာတွေစိတ်ဓာတ်ကျစရာတွေနဲ့ချည်းတစ်သက်လုံ...
30/12/2024

စိတ်ပျက်နေတယ်ဆိုရင်
ပြင်လို့ရပါတယ်။

စိတ်ဓာတ်ကျနေတယ်ဆိုရင်
ပြန်တင်လို့ရပါတယ်။

စိတ်ပျက်စရာတွေ
စိတ်ဓာတ်ကျစရာတွေနဲ့ချည်း
တစ်သက်လုံး
ပေါင်းသင်းနေထိုင်ရမယ်လို့
စာချုပ် ချုပ်ထားတာမှ မဟုတ်ဘဲ။

မင်းမကြိုက်ရင်
မကြိုက်တဲ့အချိန်မှာ
လမ်းခွဲလို့ရနေတာပဲလေ။

TNN LIFE Channel.

ဒီနေ့မှာ ကျရောက်တဲ့ကရင်နှစ်သစ်ကူးနေ့လေးမှာညီနောင် တိုင်းရင်းသားကရင်လူမျိုးများ ကိုယ်စိတ်နှစ်ဖြာကျန်းမာ ရွှင်လန်းနိုင်ကြပ...
30/12/2024

ဒီနေ့မှာ ကျရောက်တဲ့
ကရင်နှစ်သစ်ကူးနေ့လေးမှာ
ညီနောင် တိုင်းရင်းသား
ကရင်လူမျိုးများ ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ရွှင်လန်းနိုင်ကြပါစေ။

လူတိုင်းဟာအရာရာကို လက်ခံပိုင်ခွင့်ရှိသလိုငြင်းဆန်ပိုင်ခွင့်လည်း ရှိပါတယ်ဒါကြောင့် မင်းအနေနဲ့စိတ်ညစ်စရာတွေစိတ်ဓါတ်ကျစရာတွ...
30/12/2024

လူတိုင်းဟာ
အရာရာကို လက်ခံပိုင်ခွင့်ရှိသလို
ငြင်းဆန်ပိုင်ခွင့်လည်း ရှိပါတယ်

ဒါကြောင့် မင်းအနေနဲ့
စိတ်ညစ်စရာတွေ
စိတ်ဓါတ်ကျစရာတွေကို
ငြင်းဆန်ပြီး

အကောင်းမြင်စိတ်တွေ
ပျော်ရွှင်ခြင်းတွေကိုပဲ
လက်ခံတတ်ဖို့ ကြိုးစားပါ။

TNN LIFE Channel.

အသက်ရှင်ပါမနက်မင်္ဂလာလို့ နှုတ်ဆက်ဖို့   အမှောင်ကျလည်း   ဦးနှောက်ထဲမှာလင်းနေပါစေ...   အဆက်အသွယ်မရလည်း   နှလုံးသားထဲမှာနွ...
29/12/2024

အသက်ရှင်ပါ
မနက်မင်္ဂလာလို့ နှုတ်ဆက်ဖို့

အမှောင်ကျလည်း
ဦးနှောက်ထဲမှာလင်းနေပါစေ...

အဆက်အသွယ်မရလည်း
နှလုံးသားထဲမှာနွေးနေပါစေ...

ပြန်ဆုံမည့်ရက်
အရုဏ်တက်ကို
အသက်ဆွဲဆန့်ကြိုနိုင်ကြပါစေ..

Crd - မောင်စိန်ဝင်း (ပုတီးကုန်း)

" ပန်းပန်လျက်ပဲ "* ညိုပြာပြာ၊ လတာပြင့် ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာ ဆင်း။* ဆင်းရလဲ မသက်သာ။ အုန်းလက်ကြွေ ရေ...
29/12/2024

" ပန်းပန်လျက်ပဲ "

* ညိုပြာပြာ၊ လတာပြင့် ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊
လှိုင်းသက်ရာ ဆင်း။

* ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

* ဆောင့်ခဲ့လဲ မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ။
တစ်လံကွာလှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

* ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ ဗေဒါကတစ်ပင်တဲ။
အယက် အကန်ခံလို ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ပဲ။

ဆရာ ဇော်ဂျီ

ဒီကဗျာလေးက ဆရာဇော်ဂျီရဲ့
ဗေဒါလမ်း ကဗျာတွေထဲက နိုင်ငံကျော် လူသိများတဲ့ ကဗျာလေးပါ။

ကဗျာလေးရဲ့ရသက အခက်အခဲတွေ ဒုက္ခမုန်တိုင်းတွေနဲ့
ကြုံနေရတာတောင် ပန်းပွင့်လေးတစ်လူလူနဲ့
ဒုက္ခကို ဦးမညွှတ်တဲ့ ဗေဒါပင်လေးတစ်ပင်ရဲ့ စရိုက်သဘာဝကို
ဖော်ကျူးထားတဲ့ ကဗျာကောင်းလေး တစ်ပုဒ်ပါ။

အခုအခြေအနေမှာလည်း ကျနော်တို့ နိုင်ငံသူ နိုင်ငံသားအားလုံးဟာ
ဆရာ ဇော်ဂျီရဲ့ကဗျာထဲက ဗေဒါပင်လေးလို
လှိုင်းက ပုတ်လိုက် အုန်းလက်ကြွေက ဆောင့်လိုက်
ဘဲအုပ်က ဆိတ်လိုက်နဲ့
ဘက်ပေါင်းစုံကနေ အထုခံနေရတဲ့
ပေတုံးတစ်တုံးဘဝ ရောက်နေကြရပါတယ်။

ဒါပေမဲ့ အားတင်းထားကြပါခင်ဗျာ

အဆိုးတွေကလည်း အမြဲမလာသလို
အကောင်းတွေဆိုတာလည်း အမြဲမလာတတ်ပါဘူး။

ဒါကြောင့် အခုလို အဆိုးတွေကြုံနေရချိန်မှာ အားတင်းထားကြပါ

အမှောင်တွေပြီးရင် ရောင်နီလာတတ်တာမို့ အခက်အခဲတွေကို
ကြံ့ကြံ့ခံ ရှင်သန်ကြရင်း
ရောင်နီသာတဲ့ နေတွေ့မှာ ပျော်ရွှင်စွာ ပြန်လည် ဆုံတွေ့ကြပါစို့ ခင်ဗျာ

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ

လေးစားစွာဖြင့် သားညီ
TNN LIFE Channel.

28/12/2024

ရုန်းကန်နေရတဲ့ အချိန်မှာ သတ္တိရှိဖို့ လိုတယ်



#ပုံပြင်
#ကျွန်ုပ်တို့အနာဂတ်ကိုကျွန်ုပ်တို့ကိုယ်တိုင်တည်ဆောက်အံ့

27/12/2024

အချစ်က ဘဝမဟုတ်ဘူး



#ပုံပြင်
#ကျွန်ုပ်တို့အနာဂတ်ကိုကျွန်ုပ်တို့ကိုယ်တိုင်တည်ဆောက်အံ့

26/12/2024

ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ သခင်ပဲ



#ပုံပြင်
#ကျွန်ုပ်တို့အနာဂတ်ကိုကျွန်ုပ်တို့ကိုယ်တိုင်တည်ဆောက်အံ့

မင်းကို တစ်ယောက်တစ်လေကမုန်းတယ် ဆိုတာလောက်နဲ့တော့ခေါင်းရှုပ် ခံမနေပါနဲ့။တကယ်လို့ ကမ္ဘာလောက တစ်ခုလုံးကမင်းကို မုန်းမယ်ဆိုရ...
26/12/2024

မင်းကို တစ်ယောက်တစ်လေက
မုန်းတယ် ဆိုတာလောက်နဲ့တော့
ခေါင်းရှုပ် ခံမနေပါနဲ့။

တကယ်လို့
ကမ္ဘာလောက တစ်ခုလုံးက
မင်းကို မုန်းမယ်ဆိုရင်တောင်
မင်းကိုယ်မင်း ပြန်ချစ်ဖို့အတွက်
မင်းမှာ အခွင့်အရေး ရှိပါတယ်။

TNN LIFE Channel.

အနာဂတ်မှာ ကောင်းတာတွေရချင် ကြုံချင်တယ် မဟုတ်လားဒါဆို ဒီနေ့လုပ်ရမဲ့ အရာတွေကိုအကောင်းဆုံးသာ လုပ်TNN LIFE Channel.
26/12/2024

အနာဂတ်မှာ ကောင်းတာတွေ
ရချင် ကြုံချင်တယ် မဟုတ်လား
ဒါဆို ဒီနေ့လုပ်ရမဲ့ အရာတွေကို
အကောင်းဆုံးသာ လုပ်

TNN LIFE Channel.

တစ်ခါတစ်လေမှာအဆင်မပြေမှုတွေနဲ့ ကြုံရင်ငါ ကံနိမ့်နေတယ်လို့ဘယ်တော့မှ မတွေးပါနဲ့စိတ်ဓါတ် မကျပါနဲ့မင်း ကြိုးစားနေသမျှကံကောင်...
25/12/2024

တစ်ခါတစ်လေမှာ
အဆင်မပြေမှုတွေနဲ့ ကြုံရင်
ငါ ကံနိမ့်နေတယ်လို့
ဘယ်တော့မှ မတွေးပါနဲ့
စိတ်ဓါတ် မကျပါနဲ့
မင်း ကြိုးစားနေသမျှ
ကံကောင်း နေမှာပါပဲ။

LIFE Channel.

Address

Singapore

Alerts

Be the first to know and let us send you an email when TNN LIFE Channel. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TNN LIFE Channel.:

Videos

Share