Suzy’s Little Corner

Suzy’s Little Corner Suzyရဲ့ဟင်းချက်နည်း၊ကိတ်မုန့်ပြုလုပ်နည်လေးတွေမျှဝေပေးသွားမှာမို့ Like and Share လေးလုပ်ပေးပါဦးနော်

မှတ်မိကြတယ်မဟုတ်လား၊စေ့စပ်ပွဲလုပ်တုန်းက ဝိုင်းလှော.င်ကြတာခံခဲ့ရတဲ့ မန္တလေးက ဦးမျိုးသန့်လေ ...။ဘာမှ မတုန့်ပြန်ဘူး၊ အလုပ်...
02/01/2025

မှတ်မိကြတယ်မဟုတ်လား၊စေ့စပ်ပွဲလုပ်တုန်းက ဝိုင်းလှော.င်ကြတာခံခဲ့ရတဲ့ မန္တလေးက ဦးမျိုးသန့်လေ ...။
ဘာမှ မတုန့်ပြန်ဘူး၊ အလုပ်နဲ့သ-က်6.သ
ပြလိုက်ပြီ။ အမွှာပူးလေးပါ တဲ့ ...!!!

Congratulations ပါ ❤️❤️❤️

Squid game season 2 ရဲ့နိုင်ငံတကာမှာ ကွဲပြားးခြားးနားပုံ 😍😍😍
31/12/2024

Squid game season 2 ရဲ့နိုင်ငံတကာမှာ ကွဲပြားးခြားးနားပုံ 😍😍😍

သီတာ စိန်ရွှေရတနာဆိုင်ဖွင့်ပွဲအတွက် ပွဲတက်ပေးခဲ့တဲ့ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ် ❤️❤️❤️သိန်ပေါင်းသောင်းချီနီးပါး တန်...
31/12/2024

သီတာ စိန်ရွှေရတနာဆိုင်ဖွင့်ပွဲအတွက် ပွဲတက်ပေးခဲ့တဲ့ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ် ❤️❤️❤️

သိန်ပေါင်းသောင်းချီနီးပါး တန်ဖိုးရှိပြီး ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ဂါဝန်နဲ့ ဘုရင်မကြီးလို ပွဲတက်လာတဲ့ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ် ✨

Dark Nuns (2025) တွင် Sister Yunia အဖြစ် ပါဝင်မယ့် Song Hye Kyo ❤️❤️❤️Song Hye Kyo၊ Jeong Yeo Been နှင့် Lee Jinuk တို့ ...
30/12/2024

Dark Nuns (2025) တွင် Sister Yunia အဖြစ် ပါဝင်မယ့် Song Hye Kyo ❤️❤️❤️

Song Hye Kyo၊ Jeong Yeo Been နှင့် Lee Jinuk တို့ ပါဝင်သရုပ်ဆောင်ထားသည့် သည်းထိတ်ရင်ဖိုရုပ်ရှင် "Dark Nuns" သည် 2025 ခုနှစ် ဇန်နဝါရီလ 24 ရက်နေ့တွင် ထွက်ရှိရန် အတည်ပြုလိုက်ပြီဖြစ်သည်။

သီလရှင်များ အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။
ဒီဇာတ်ကားဟာ "The Priests" ရဲ့ အမျိုးသမီး ဇာတ်ဆောင်လို့ ပြောလို့ရပါတယ်။

's Kwon Hyuk-jae မှ ဒါရိုက်တာ။

🎬bts ပုံများ

ချစ်စရာအလွန်ကောင်းတဲ့ မိသားစုလေး ❤️❤️❤️
30/12/2024

ချစ်စရာအလွန်ကောင်းတဲ့ မိသားစုလေး ❤️❤️❤️

ရဲရင့်သော နှင်းဆီ--------------------လေပြင်း ဘယ်လောက်တိုက်တိုက်ဦးငိုက်စိုက်ရိုး မရှိ ။မုန်တိုင်း ဘယ်လောက်ထန်ထန်ပန်းပန်ပ...
30/12/2024

ရဲရင့်သော နှင်းဆီ
--------------------

လေပြင်း ဘယ်လောက်တိုက်တိုက်

ဦးငိုက်စိုက်ရိုး မရှိ ။

မုန်တိုင်း ဘယ်လောက်ထန်ထန်

ပန်းပန်ပျက်ရိုး မရှိ ။

ဖြူစင်သော မေတ္တာ

မှန်ကန်သော အလုပ်နဲ့

ကြိုးကုတ်အားထုတ်နေသ၍

ပြိုလဲသွားမှာ မဟုတ် ။

သူမ နောက်မှာ

လွတ်လပ်ခြင်း အသီးအပွင့်တို့က

ဝဝေဆောဆာ ။ ။

#ဆင့်လွင်ငြိမ်း

လူရှုပ်တဲ့နေရာတွေ မကြိုက်ဘူး ။စိတ်ရှုပ်စေမဲ့ အရာတွေလည်း မကြိုက်ဘူး ။လေသံမာရင် မကြိုက်ဘူး ။လူတွေနဲ့ ရောရောထွေးထွေး နေရတာထ...
29/12/2024

လူရှုပ်တဲ့နေရာတွေ မကြိုက်ဘူး ။
စိတ်ရှုပ်စေမဲ့ အရာတွေလည်း မကြိုက်ဘူး ။
လေသံမာရင် မကြိုက်ဘူး ။
လူတွေနဲ့ ရောရောထွေးထွေး နေရတာထက်
တစ်ယောက်ထဲ အေးအေးဆေးဆေး နေရတာ
ပိုနှစ်သက်တယ် ။
အပေါ်ယံတွေ မုန်းတယ် ။
ဝေဖန်ခြင်းကို မုန်းတယ် ။
မေးရင်ထူးတယ် ခေါရင်ပြောမယ် ။
ဒါဟာ ငါရဲ့ လူမှုရေးပဲ ။
ဘဝကို သမာအာဇီဝကျကျ ရိုးရိုးပဲ ကျင့်တယ် ။
ခိုးခိုးပီး မကျင့်ဘူး
crd

အိမ်တစ်အိမ်လိုချင်တယ်⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️✨မာနနည်းတဲ့အိမ်✨ဒေါသနည်းတဲ့အိမ်✨မေတ္တာတရားတွေနဲ့အိမ်✨လုံခြုံအေးချမ်းတဲ့အိမ်✨ရယ်...
29/12/2024

အိမ်တစ်အိမ်လိုချင်တယ်

⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

✨မာနနည်းတဲ့အိမ်
✨ဒေါသနည်းတဲ့အိမ်
✨မေတ္တာတရားတွေနဲ့အိမ်
✨လုံခြုံအေးချမ်းတဲ့အိမ်
✨ရယ်သံတွေဖောဖောသီသီကြားရတဲ့အိမ်
✨တစ်ဦးကိုတစ်ဦး ခွင့်လွှတ်တတ်တဲ့အိမ်
✨တစ်ယောက်ကိုတစ်ယောက် ကြင်နာဖေးမတဲ့အိမ်
✨ငွေအတွက်ပျော်စရာတွေ မပျောက်ရှတဲ့အိမ်
✨မိသားစုအတွက် အချိန်သီးသီးသန့်သန့်ရှိတဲ့အိမ်

🏡🏡🏡🏡🏡🏡🏡🏡🏡🏡🏡🏡🏡🏡🏡🏡🏡

ဘယ်ကဘဲစစ ချစ်ခြင်းမေတ္တာနဲ့စပြီး
ဘယ်မှာဘဲဆုံးဆုံး ချစ်ခြင်းမေတ္တာနဲ့ဆုံးတဲ့အိမ်

🌺အိမ်ထောင်ကျပြီဆိုရင် အိမ်ခွဲနေပါ 🌺🌼မဖြစ်မနေ နေရမယ်ဆိုရင် အိမ်ငှါးနေပါ အိမ်ထောင်ရေးပြိုကွဲရခြင်းရဲ့ ၈၀% ဟာ အိမ်ခွဲမနေနို...
28/12/2024

🌺အိမ်ထောင်ကျပြီဆိုရင် အိမ်ခွဲနေပါ 🌺

🌼မဖြစ်မနေ နေရမယ်ဆိုရင် အိမ်ငှါးနေပါ
အိမ်ထောင်ရေးပြိုကွဲရခြင်းရဲ့ ၈၀% ဟာ
အိမ်ခွဲမနေနိုင်ခြင်းက စတာပါ

နှစ်ယောက်တဘဝတောင် ထူထောင်တည်ဆောက်ပြီးပြီးပဲ ၊ဘာလို့ ဘဝကို Lead လာလုပ်ပြီး Management လာလုပ်မယ့် နှစ်ဖက် မိဘတွေရဲ့ အုပ်ချုပ်မှုကို ခံနေအုံးမှာလဲ??သေချာတယ်
လက်ထပ်ပြီးတဲ့အထိ ကိုယ်ပိုင် ဘဝမရှိတဲ့ မိဘ အုပ်စိုးမှုခံနေရသေးရင် ပြိုကွဲဖို့ ၁၀၀% ပဲ၊ဒီနေရာမှာယောက်ျားလေး မိဘ၊မိန်းကလေးမိဘဆိုတဲ့ခွဲခြားမှုမရှိဘူး ၊နှစ်ဖက်စလုံးကမိဘရဲ့ ဝင်ရောက်စွက်ဖက်မှုတိုင်းကိုဆိုလိုတာ၊
နောက်တစ်ချက်က ဟိုဘက်မိဘ၊ဒီဘက်မိဘရဲ့
အားကိုးအားထားပြုပြီး နေထိုင်ရတဲ့သူမျိုးကိုရွေးချယ်မိရင်သေချာတယ် ရန်သူ အဖြစ်နဲ့ကို သတ်မှတ်ခံရပြီး အမြဲအမြင်စောင်း ရန်လိုခံနေရမှာ
ပြီးရင် လုံးဝကိုမှ ကိုယ်ချင်းမစာနာတတ်ပါသော ညီအကိုမောင်နှမတွေ ပိုင်ဆိုင်ထားခဲ့ရင်သေချာပါတယ်
အိမ်ထောင်ရေးအဆင်မပြေစေဖို့ ကလော်ကလယ် ကတုန်းကတိုက် လုပ်ပြီး သွေး ထိုး မယ့် သူ ဖြစ်ခဲ့ရင်
ဘယ်လောက်ပဲအကောင်းဆုံးတည်ဆောက်ထားပါစေ ကွဲမှာပါ

🌷နောက်ဆုံးတစ်ခုကတော့ ကိုယ့်လူပါပဲ
ဘယ်သူမကောင်းကောင်း ၊ကိုယ့်လူက
ယောက်ျားဖြစ်စေ၊မိန်းမဖြစ်စေ
ကိုယ့်ဘက်က အပြည့်အဝရပ်တည်ပြီး
လက်တွဲမယ် ၊ဘယ်သူ့လောင်းရိပ်မှာမှ မမှီခိုဘူး
မင်းရှိရင်ပြည့်စုံပြီးဆိုရင်တော့
Everything is okay ပါ
ဒီ့တော့ အိမ်ထောင်ရေးဆိုတာ သမီးရည်းစားဘဝလောက်မရိုးရှင်းပါဘူး ၊
မလွယ်ကူပါဘူး ၊သေချာစဉ်းစားပါ
အကောင်းဆုံးရွေးချယ်ပါ၊မှန်ကန်စွာဆုံးဖြတ်ချက်ချပြီးမှ တည်ဆောက်ပါ ၊ထူထောင်ပါ ….🍀🍀🍀

facebookမှာပုံအတင်ဆုံး သူတွေ ကြည့်လိုက်အသက်၄၀ကျော်ဘွားတော်တွေချည်းဘဲတဲ့ကဲ့ရဲ့ကြတာကဲ့ရဲ့ကြတာပုံနှိပ်စက်ပိုင်ရှင်တွေလို့လည...
27/12/2024

facebookမှာ
ပုံအတင်ဆုံး သူတွေ ကြည့်လိုက်
အသက်၄၀ကျော်
ဘွားတော်တွေချည်းဘဲ
တဲ့

ကဲ့ရဲ့ကြတာ
ကဲ့ရဲ့ကြတာ

ပုံနှိပ်စက်ပိုင်ရှင်တွေလို့လည်း စကားထာ ဝှက်ကြတယ်
အိုမင်းရွတ်တွနေတဲ့ပုံတွေနဲ့
နှိပ်စက်လို့ပေါ့ အေ
သ ဘော က

ခွင့်လွှတ်လိုက်ပါအေ

ကိုယ်တွေ ၄၀ကျော်တွေကလေ
အရမ်းသနားဖို့ကောင်းတာ

ဟိုးငယ်ငယ်ကဆို
ခုခေတ် သငယ်မတွေလို လွပ်လပ်မှု့မရခဲ့ကြရှာဘူး

ရပ်ကွက်ထဲက စောင့်ကြည့်
အဖွားအဖိုး အဖေအမေ အကိုအမ အဒေါ်တွေရဲ့
မိန်းမ ဆိုတာ
ဘယ်လို နေရမယ်ဆိုတဲ့
မျက်စောင်းတွေအောက်မှာ ကြီးခဲ့ကြရတာ

ဟားဟား လို့ရီရင် မိန်းမကောင်းမဟုတ်

အတိုအပြတ်ဒူးပေါ်ပေါင်ပေါ်ဆို မိန်းမကောင်းမဟုတ်

လက်ဖက်ရည်ဆိုင်ထိုင်ရင်မိန်းမကောင်းမဟုတ်

ယောက်ျားလေးကိုမျက်စပစ်တတ်ရင်မိန်းမကောင်းမဟုတ်

ရည်းစားအများကြီးထားရင် ပျက်ဆီးနေပြီ

ဓာတ်ပုံရိုက်ရင် ရိုက်ပြန်ပြီ

အခုခေတ်လို

ဘီယာဆိုင်ထိုင်ခွင့်ရဖို့

ဟိုးး အဝေးကြီးအေ

အရက်ပုန်းဆိုင်ဘဲရှိတာ

ရက်စ်တော့ရင့်ဆိုင်ထိုင်ရင် အရမ်းကဲ့ရဲ့ခံရတာ

ခုခေတ်

သငယ်မလေးတွေ ကံကောင်းချက်

တက္ကသိုလ်တက်ရလို့ အဆောင်နေတဲ့သူဆို

အိမ်ပြန်လာရင်အဖွားတွေ ကြီးဒေါ်တွေက

မျက်စိဒေါက်ထောက်ကြည့်ဆူတာခံရတာ

တို့ခေတ်က

ဖုန်းလည်းမရှိ

TVလည်းမရှိ

အလှဓာတ်ပုံဆိုခုလို ခုရိုက်ခုရတာမဟုတ်

အမ် မ လေး

စောင့်ရတာ

ဓာတ်ပုံထဲ မလှလို့ ခုလို ဒလိ လုပ်

လို့မရဘူးအေ့

အဲ့မလှတဲ့ပုံကြီး

မျက်ခွက်ဖွေးဖွေးခြေထောက်
လက်မဲမဲကြီးက

တစ်သက်လုံး ရာဇဝင်တွင်သွားတာ

ခုလို

အဖက်တွေဘာတွေထည့်ပြင်လို့မရဘူး

ကိုယ်တွေ ပုံတင်တာ

ကျန်းမာနေသေးကြောင်း

အသက်ရှိနေသေးကြောင်း

အချင်းချင်း လက်တို့တာ

နိုင်ငံ ရေး နဲ့လည်းဒီဘွားတော်တွေကို လာမရောထွေးနဲ့

ဘာလုပ်သင့်တယ်သိတာကသပ်သပ်

အဓိက နေကောင်းနေတယ်ဆိုတာ အချင်းချင်းသိဖို့😘😘

ဒီတော့

အသက်၄၀ကျော်မကလို့ဘယ်အရွယ်ပဲဖြစ်ဖြစ်

ကိုယ်တွေ ကတော့

Carry on နေမှာဘဲ

သိလား😁

အသက်၄၀ကျော် ဘော်ဘော်တို့ရေ

မ ..င်္ဂ...လာ...ပါ....
Over50.. 60..70တွေလည်းwelcomeပါ..
Selfloveနော်..ကိုယ်ပျော်ချိန်လေးနည်းလာပီလေ..

ခရက်ဒစ် # Khin thidar aye khant

စာသားလေးသဘောကျလို့ယူလာတာ😊

ဒီဟင်းလေးချက်မယ်ဆိုရင်လေ ထမင်းပိုတည်ထားနော်။တော်ကြာ စားရင်း ထမင်းကုန်သွားရင် အဆင်မပြေမှာ စိုးလို့ 😊😊😊အမဲသားရယ် (အမဲအကြော...
27/12/2024

ဒီဟင်းလေးချက်မယ်ဆိုရင်လေ ထမင်းပိုတည်ထားနော်။
တော်ကြာ စားရင်း ထမင်းကုန်သွားရင် အဆင်မပြေမှာ စိုးလို့ 😊😊😊

အမဲသားရယ် (အမဲအကြောဆိုပိုကောင်း)၊
မျှစ်ချိုနုရယ်၊
ထောပတ်ခရမ်းသီးရယ်ကို
ငရုတ်သီး အနီ အစိမ်း နှစ်မျိုးပေါင်းနဲ့ ချက်ထားတာပါ။

မျှစ်ကိုသုံးရင် ပြုတ်ပြီးမှ သုံးပါနော်။ ဘေးထွက်ဆိုးကျိုူနည်းအောင်ပါ။

ပထမဆုံး ကြက်သွန်နီ၊ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်း အနီနဲ့အစိမ်း အဲ့လေမျိုးကိုဆုံထဲထောင်းပါ(တြိတ်မယ်ဆို မညက်တညက်ပဲတြိတ်နော်)။
ပြီးရင် မီးဖိုပေါ် ဆီပူလာရင် ခုနက ထောင်ထားတဲ့ ၄ မျိုးလုံးထည့်ပြီး ဆီသတ်ပါ။ ဒီနေရာမှာ ငရုတ်သီးစားလို့ ဗိုက်နာသူများရှိတတ်ရင် ငရုတ်သီးနည်းနည်းလေးထည့်ပြီ အစပ်အစား ငရုတ်ကောင်းမှုန့်လေးသာ ထည့်ပါ။ ငရုတ်ကောင်းက ဘေးထွက်ဆိုးကျိုးမရှိသလို ဝမ်းလည်းမပူ ဗိုက်လည်းမနာပါဘူး။
ဆီသတ်တာ နည်းနည်း နွမ်းပြီဆိုရင် ဆနွင်းထည့်ပါ။ ငံပြာရည် ၊ငါးပိ ​ကြိုက်သူများ ဒီနေရာမှာ ကြိုက်ရင်နည်းနည်းထည့်ပါ။
ကျမတော့ ဆားနဲ့ပဲထည့်ချက်ထားတာပါ။ အဆင်ပြေပါတယ်။
ပြီးရင် အမဲသားထည့်ပါ ရေထည့်ပြီး မီးအေးအေးနဲ့ ချက်ပါ။ မျှစ်ပြုတ်ပြီးသားလေးထည့်ပါ မျှစ်ကကြာကြာချက်လေ နူးအိလေပါပဲ။
နံနံပင် အမြစ်လေးကို ရသလောက် ရေသေချာဆေးပြီးထည့်ပါ။ သူက ဟင်းကိုတအားမွှေးစေလို့ပါ။ နံနံပင်အမြစ်က အရွက်ထက်ပိုမွှေးပြီး အနံ့တအားမွှေးပါတယ်။
အမဲသား နူးကာနီးဖို့ နည်းနည်း လိုချိန်ကျ အခွံနွှာ ထားတဲ့ ခရမ်းသီးလေးတွေထည့်ပါ။
အသားလည်းနူး ခရမ်းသီးလည်းနူး ဆီပြန်ရေကျန်ချိန်လေးကျရင် ရှမ်းနံနံနဲ့နံနံပင်လေး အုပ်ပြီး ချလိုက်တော့နော်။
အင်မတန် မွှေးကြိုင်ပြီး ပူစပ်စပ်နဲ့ ခံတွင်းတွေ့မယ့်ဟင်းလေးတခွက်ရပါပြီ။
တခါလောက် ချက်ကြည့်ဖို့ အကြံပေးပါရစေ အိမ်းရှင်မတို့ရေ။
လွယ်ကူ အဆင်ပြေကြပါစေနော်။
🥰🥰🥰

ချစ်ခြင်းဖြင့် ချက်သော စားဖွယ်စုံ

Credit ချစ်ခြင်းဖြင့် ချက်သော စားဖွယ်စုံ ဆီမှ ကူးယူပါသည်

ငရုတ်အသီးမတင်ဘဲ အပွင့်ကြွေရသည့် အဓိကအချက် ၆ ချက်  ************************************************ငရုတ်စိုက်ပျိုးသောတောင...
27/12/2024

ငရုတ်အသီးမတင်ဘဲ အပွင့်ကြွေရသည့် အဓိကအချက် ၆ ချက်
************************************************

ငရုတ်စိုက်ပျိုးသောတောင်သူများ၏ ငရုတ်စိုက်ခင်းများတွင် ပန်းပွင့်ချိန် အပွင့်ကြွေပြီး
အသီးမတင်ရခြင်းအကြောင်းအရင်းများမှာ အောက်ပါအချက်များကြောင့်ဖြစ်ပါသည်။

(၁) ရာသီဥတု အခြေအနေကြောင့် အပူအအေးမမျှတခြင်း (ပူလွန်းခြင်း၊ အေးလွန်းခြင်း)

(၂) ရေအလွန်အကျွံပေးမိခြင်း၊ ရေငတ်ခြင်း၊ ရာသီဥတုပူပြင်းချိန်တွင် ရေရုတ်တရက်ပေးသွင်းမိခြင်း

(၃) အပင်ဦးရေများပြီး လေဝင်လေထွက်အားနည်းခြင်း၊

(၄) အသီးဖြစ်စေရန် အရေးကြီးသည့် ဝတ်မှုံကူး မအောင်မြင်ခြင်း၊

(၅) မြေသြဇာ အသုံးများခြင်း၊

(၆) ဖျက်ပိုးများဖျက်ဆီးခံရခြင်း( လှေးပိုးသည် ငရုတ်အပွင့်ကြွေရသည့် အဓိက အကြောင့်းအရင်းတစ်မျိုးထဲတွင် အဓိက ပါဝင်သည်။ လှေးပိုး သည် ပန်းပွင့်အတွင်းရှိ ဝတ်ဆံ များကို စားသောက်ဖျက်ဆီးကြသည်။ အဖူးအပွင့်များသည် ကြေးနီရောင်း ပြောင်းလာပြီး ရိုးတံများကြွပ်ဆပ်ကာ ကြွေကျ သွားရသည်။

#ပြန်လည်မျှဝေခြင်းဖြစ်ပါသည်

֍ ပုံမှာရေးထားတဲ့ B က ဘယ်လ်ဂျီယမ် နိုင်ငံကို ဆိုလိုတာဖြစ်ပြီး NL ကတော့ နယ်သာလန်နိုင်ငံကို ဆိုလိုတာဖြစ်ပါတယ်။֍ နှစ်နိုင်င...
26/12/2024

֍ ပုံမှာရေးထားတဲ့ B က ဘယ်လ်ဂျီယမ် နိုင်ငံကို ဆိုလိုတာဖြစ်ပြီး NL ကတော့ နယ်သာလန်နိုင်ငံကို ဆိုလိုတာဖြစ်ပါတယ်။

֍ နှစ်နိုင်ငံရဲ့နယ်စပ်ဖြစ်တဲ့ ဒီနေရာမှာတော့ ဘယ်လ်ဂျီယမ် မြို့ကလေး Baarle-Hertog နဲ့ နယ်သာလန်မြို့ကလေး Baarle-Nassau တို့ဟာ ရောယှက်တည်ရှိနေပါတယ်။

֍ နှစ်နိုင်ငံရဲ့ နယ်စပ်နေရာတွေကို မျဉ်းတွေ နဲ့ ရေးဆွဲသတ်မှတ်ထားတာဖြစ်ပါတယ်။

֍ ဒီမြို့နှစ်မြို့ရဲ့ နယ်မြေပိုင်ဆိုင်မှုကလည်း အလွန်ရှုပ်ထွေးပါတယ်။ တမြို့ရဲ့နယ်နိမိတ်ထဲမှာ အခြားတမြို့ရဲ့နယ်မြေများစွာ ဟာလည်း တသီးတခြားတည်ရှိနေတာကြောင့် အလွန်ရှုပ်ထွေးတဲ့ နယ်နိမိတ်သတ်မှတ်မှုလို့လည်း ဆိုကြပါတယ်။

֍ နယ်နိမိတ် သတ်မှတ်မှုကသာ ရှုပ်ထွေးပေမယ့် ဒီမြို့နှစ်မြို့ကတော့ တမြို့တည်းအလား ပေါင်းစည်းနေသလို နိုင်ငံမတူပေမယ့် ဒေသခံအချင်းချင်း စည်းလုံးညီညွတ်ကြပါတယ်။

֍ အငြင်းပွားခြင်း ပိုင်ဆိုလိုမှု ရယူလိုမှုတွေမရှိသလို ဒါနဲ့ပတ်သက်လို့ အမှုကြီးငယ်လည်းမရှိတာကြောင့် ဒီနေရာကို အငြိမ်းချမ်းဆုံးနယ်စပ် နယ်မြေလို့ ဆိုလေ့ရှိကြပါတယ်။

Thuta City

The Ronaldos family ⚽ So lovely
26/12/2024

The Ronaldos family ⚽

So lovely

ဂျပန်မှာ ဘတ်စ်ကား စီးမတတ်သေးရင် ဆောင်ထားသင့်တဲ့ Appဂျပန်ရောက်ပြီဆိုတာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး အစအဆုံး လိုက်လုပ်မှ အရာရ...
26/12/2024

ဂျပန်မှာ ဘတ်စ်ကား စီးမတတ်သေးရင် ဆောင်ထားသင့်တဲ့ App

ဂျပန်ရောက်ပြီဆိုတာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး အစအဆုံး လိုက်လုပ်မှ အရာရာ အဆင်ပြေတာ မိတ်ဆွေအသိဆုံးဖြစ်မှာပါ။ ဒါကြောင့်ပဲ တစ်ခုခုဆို ကိုယ့်ဘာသာ လုပ်တတ်ကိုင်တတ် သွားတတ်လာတတ် ဖြစ်စေဖို့ ဒီလိုမျိုး အထောက်အကူဖြစ်စေမယ့် ဆော့ဝဲတွေ ဆောင်ထားသင့်တာပေါ့။

အခုပြပေးမယ့်ဆော့ဝဲနဲ့ဆို မိတ်ဆွေ ဘတ်စ်ကားစီးနိုင်ဖို့ အရမ်းကို အထောက်အကူဖြစ်စေမှာပါ။ ကိုယ်လက်ရှိရောက်နေတဲ့နေရာ နဲ့ အိမ်ကို မှတ်လိုက်တဲ့အခါ ဘယ်မှတ်တိုင်ကနေ ဘာကားစီးသွားရမလဲ ? အဲ့ဒီကားက ဘယ်အချိန်ရောက်မလဲ ? ပိုက်ဆံ ဘယ်လောက်ကျမလဲ အကုန်ကြည့်လို့ရပါတယ်။

တကယ်လို့ ကိုယ်စီးရမယ့် ကားမမှီရင်တောင် နောက်ထပ် ဘာကားတွေလာနေပြီ ဘယ်ကားကို တက်စီးသွားရင် ဘယ်ထိရောက်မလဲ အသေးစိပ်ပြပေးပါသေးတယ်။ ဒီ App သာရှိထားရင် ဂျပန်မှာ တစ်ယောက်ထဲ ဘတ်စ်ကားတွေ လည်လည်ပတ်ပတ် စီးတတ်သွားမှာပါ

ဆော့ဝဲကို ဒီမှာ ဒေါင်းပါ - https://bit.ly/3ItXD4n

မူရင်းရေးသားသူ ko kaung ~

ကလေးရော လူကြီးရော အကြိုက်တွေ့မယ့် Sandwich လုပ်နည်းမျှဝေပေးပါတယ် မူရင်းရေးသားသူအား လေးစားလျှက်crd
26/12/2024

ကလေးရော လူကြီးရော အကြိုက်တွေ့မယ့် Sandwich လုပ်နည်းမျှဝေပေးပါတယ်

မူရင်းရေးသားသူအား လေးစားလျှက်

crd

"လူချင်းတူသော်လည်း" ပညာတတ်ခြင်း မတတ်ခြင်း နှစ်ခုကြားမှာ စာနာတတ်ခြင်း ရှိတဲ့သူက ပိုပြီး လူသားဆန်တယ်  မြင့်မြတ်ခြင်းနဲ့ ယု...
26/12/2024

"လူချင်းတူသော်လည်း"

ပညာတတ်ခြင်း မတတ်ခြင်း နှစ်ခုကြားမှာ
စာနာတတ်ခြင်း ရှိတဲ့သူက
ပိုပြီး လူသားဆန်တယ်


မြင့်မြတ်ခြင်းနဲ့ ယုတ်ညံ့ခြင်း နှစ်ခုကြားမှာ
လူကိုလူလို ဆက်ဆံ တတ်တဲ့သူက
ပိုပြီး လူသားဆန်တယ်


လက်ဖဝါးနဲ့ လက်ဖမိုး အုပ်စု နှစ်ခုကြားမှာ
အမှန်တရားကို ဆုပ်ကိုင်နိုင်တဲ့
ဘက်ခြမ်းက
ပိုပြီး လူသားဆန်တယ်


အနိုင်နဲ့ အရှုံး နှစ်ခုကြားမှာ
ကိုယ်ကျိုးအတွက် သိက္ခာကို
ချနင်းနေသူထက်
အများအကျိုး အတွက်
အသက်ကို စတေးရဲ သူတွေက
ပိုပြီး လူသားဆန်တယ်


ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်း နှစ်ခုကြားမှာ
စွန့်လွှတ်ရဲ ပေးဆပ်ရဲတဲ့သူက
ပိုပြီး လူသားဆန်တယ်


ခါးသီးခြင်းနဲ့ ချိုမြိန်ခြင်း နှစ်ခုကြားမှာ
ဘဝ ရေဆန်ကို အားမာန်နဲ့ ကူးနေသူက
ပိုပြီး လူသားဆန်တယ်


အရှက်တရား မရှိသူတွေက
ပြောချင်ရာပြောတတ်တယ်
လူသားမဆန်တဲ့သူတွေက
လုပ်ချင်ရာလုပ်တတ်တယ်

ဒါပေမယ့်....။


ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ နှစ်ခုကြားမှာ
ကိုယ့်အကျိုးအတွက်
တစ်ခြားသူတွေကို
ထိခိုက်နစ်နာအောင်
မလုပ်တတ်တဲ့ ကိုယ်ကျင့်တရား ရှိသူက
ပိုပြီး လူသားဆန်ပါတယ်... ။


 #ကျောက်ဖရုံသီးဖျော်ရည်ပြုလုပ်နည်း  ဆီးနှင့် ကျောက်ကပ်ဆိုရင် မြန်မာလူမျိုးအများစု ပြေးမြင်လိုက်တာက ကျောက်ဖရုံသီး။တကယ်လည်...
26/12/2024

#ကျောက်ဖရုံသီးဖျော်ရည်ပြုလုပ်နည်း ဆီးနှင့် ကျောက်ကပ်ဆိုရင်

မြန်မာလူမျိုးအများစု ပြေးမြင်လိုက်တာက ကျောက်ဖရုံသီး။
တကယ်လည်း ကျောက်ဖရုံသီးရဲ့ကောင်းကျိုးတွေကို လက်တွေ့ကိုယ်တွေ့ ရှိထားပြီးသားဖြစ်လို့ လူတိုင်းမငြင်းနိုင်တဲ့အချက်ပါ။ ဒါကြောင့် ....
ဒီတစ်ခေါက် တင်ပြပေးချင်တာကတော့ ကျောက်ဖရုံသီးဖျော်ရည် ပြုလုပ်နည်းလေးပါ။
ကျောက်ဖရုံသီးဖျော်ရည်ဆိုပြီး ကြားလိုက်ရင် '' ဟင်.. စိမ်းရွှင်ရွှင်ကြီးနေမှာပေါ့လို့ '' ထင်ကြမြင်ကြ ပြောကြမှာ အသေအချာပါပဲ။ ဒါပေမဲ့ စနစ်တကျ ဖျော်ပြီး ပါဝင်ပစ္စည်းတွေ မှန်မှန်ကန်ကန်ထည့်မယ်ဆိုရင် သခွားမွှေးဖျော်ရည် သောက်ရသလို အရသာအလွန်ရှိပြီး အဝင်ကောင်းလှပါတယ်။
၁။ ဖျော်ရည်လုပ်မဲ့ ကျောက်ဖရုံသီး မနုမရင့် အနေတော်ဖြစ်ဖို့လိုပါတယ်။
၂။ အခွံခွာ အစေ့ပါအတွင်းသားကိုလှီးထုတ်ပြီး အသားနံရံထူထူလေးတွေကို အနေတော်အတုံးလေးတွေ တုံးပါ။
၃။ ဖျော်စက်ထဲကိုထည့်ပြီး ရေ၊ ပူစီနံ၊ သကြား၊ သံပုရာသီးနဲ့ ဆားအနည်းငယ်ထည့်ပြီးကြိတ်ပါ။
(သံပုရာသီးက အနံ့အဖြစ်ပဲထည့်ဖို့လိုပါတယ်)
၄။ ကြိတ်ပြီးရင် ပိတ်ပါးပါးလေးနဲ့ ဒါမှမဟုတ် ရေစစ်ကိုသုံးပြီး စစ်ထုတ်၊ ညစ်ထုတ်လိုက်ပါ။
၅။ ဖန်ခွက်ထဲမှာ ရေခဲတုံးလေးတွေနဲ့ ထည့်ပြီး သောက်ကြည့်ရင် ချိုအေးမွှေး အရသာကို ရရှိမှာပါ။
နေ့စဉ်သောက်သုံးပေးမယ်ဆိုရင် ကျောက်ကပ်ရောဂါတော်တော်များများကို သက်သာပျောက်ကင်းစေပါတယ်။ ချက်စားတာထက် ဖျော်ရည်လုပ်သောက်ခြင်းဟာ ကျောက်ဖရုံသီးရဲ့ ပါဝင်ဓါတ်ပေါင်းတွေကို ခန္ဓာကိုယ်က ပိုမိုရရှိနိုင်လို့ အကျိုးပိုမိုထူးခြားနိုင်ပါတယ်။

ကျောက်ဖရုံသီး ပေါ်ခြေထောက်တင်ထားပါ # # # # # # # # # # # ဒါလေးလည်းအတော်ကောင်းတယ်
ကျမကဆီချိူသမား ကျောက်ကပ်ထိမှာ အတော်ကြောက်😁
တရက်မိတ်ဆွေတစ်ယောက်ကကျောက်ဖရုံသီးဝယ်နေလို့
စကားစပ်မိကြပြီး ကျောက်ဖရုံသီးပေါ်ခြေထောက်လေးတင်ထားတာတဲ့ သူလည်းfb မှာဖတ်မိတာ ကျောက်ကပ်ကုနေရတဲသူတောင်သက်သာတယ်တဲ့တခြားကောင်းတာတွေလည်းပြောတယ် သူပြောတာတွေသိပ်တော့မမှတ်မိတော့ဘူး
ဒါနဲ့စဉ်းစားကြည့်တာ အပူအပုတ်တော့စုတ်မှာပဲလုပ်ကြည့်အုံးမယ်ဆိုပြီး
ကျမ စလုပ်တယ် ညမှာထိုင်ခုံပေါ်ထိုင် ပုတီးစိတ်ရင်းနဲ့ ၄၅ မိနစ်လောက်တော့ကြာတယ် ဒီလိုလေးတင်ထားလိုက်တာ ဒုတိယမြောက်နေ့တင်ပြီးမနက်မှာ ဆီးတွေအရမ်းပူတယ် အပူအစပ်လည်းမစားပဲနဲ့
ဒါနဲ့မေမေ့ကိုပြောတော့ မေမေလည် ဟိုရက်ကဆီးတွေပူတာတဲ့ သူ့လည်းလုပ်ခိုင်းပါတယ် မေမေကအရင်လုပ်တာ
နောက်နေ့တွေတော့မပူတော့ဘူး
ခုလုပ်တာ၁၀ ရက်ကျော်ပြီ
သိသိသာသာ နေလို့ထိုင်လို့ပေါ့ပါးလာတယ်
လုပ်ကြည့်နော် အပူအပုတ်စင်တာပေါ့
ကျမတော့ကျောက်ဖရုံသီးကို ၁၅ ရက်တခါလဲမယ် ----------------------------------------------------------------

#ကျောက်ဖရုံသီးအစွမ်း

ကျောက်ဖရုံသီး၏
ဂုဏ်သတ္တိမှာ အေး၏။
အရသာမှာ ချိုပေါ့၏။
အဆုတ်၊ အူမကြီးကို ကောင်းစေနိုင်သည်။

ကင်ဆာရောဂါကို ခုခံကာကွယ်ပေးနိုင်သည်။ ကျောက်ဖရုံသီးသည် အေးသောဓာတ်ဖြစ်သောကြောင့် နွေရာသီတွင် စားပေးရန် သင့်လျော်ပါသည်။

စားသုံးသင့်သူများ

ကျောက်ဖရုံသီးကို အားနည်းသူ၊ ခေါင်းမူးတတ်သူ၊ ဖြူဖပ်ဖြူရော်ဖြစ်နေသူ၊ မျက်လုံးအမြင်မှုန်ဝါးနေသူ၊ ကျောက်ကပ်ရောဂါရှိသူ၊
ဆီးရောဂါရှိသူ၊ နှလုံးအဆို့ရှင် ရောဂါရရှိသူတို့ စားသင့်ပါသည်။

မစားသင့်သူ

ကျောက်ဖရုံသီးကို သရက်ရွက်၊
အစာအိမ် အားနည်းသူ၊
အသည်းရောင် B ပိုးသမားတို့ မစားသင့်ပါ။

ပါဝင်သောဓာတ်များ

ကျောက်ဖရုံသီးထဲတွင် ပရိုတင်းဓာတ်၊ ဗီတာမင်B1 ဗီတာမင် B2 ၊ ဗီတာမင် C ၊ ကြေးဓာတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်ဓာတ်၊ ဆယ်လူလို့စ်ဓာတ်၊ မီးစုန်းနှင့် သံဓာတ်တို့ ပြည့်ဝစွာ ပါဝင်သည်။

ကောင်းကျိုး

ကျောက်ဖရုံသီးသည် အအေးဓာတ်ဖြစ်သောကြောင့် ခန္ဓာကိုယ်အတွင်းရှိ အပူများကို စုပ်ယူပေးနိုင်သည်။ ကျောက်ဖရုံသီးစားပေးခြင်းဖြင့် အပူကျစေမည်။ အပူများသူများ ပိုစားပေးသင့်သည်။

ကျောက်ဖရုံသီးထဲတွင် ဗီတာမင် C ဓာတ်ပါသောကြောင့် သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါတို့ကို မဖြစ်စေရန် ကာကွယ်ပေးသည်။ ဆီးသွားခြင်းကို ကောင်းကျိုးပြုပေးနိုင်မည်။

အဆုတ်ကို စိုစွတ်စေမည်။ အူမကြီးအတွင်းရှိ အဆိပ်များကို ရှင်းလင်းပေးနိုင်သည်။

ဝမ်းချုပ်ခြင်းကို မဖြစ်စေဘဲ
အစာကြေရန် ကူညီပေးနိုင်သည်။
ကျောက်ဖရုံသီးစားပေးခြင်းဖြင့် ရေဖျဉ်းစွဲခြင်း၊ ရေငတ်ခြင်း၊ မျက်နှာပေါ်တွင် အမည်းစက်များ ပေါ်ထွက်လာခြင်း၊ ရင်ကျပ်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝက်ခြံထွက်ခြင်း၊ စအိုကျွံခြင်း၊ ထုံနာကျဉ်နာတို့ မဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။

ဆံပင်၊ သွေးရည်၊ အရေပြား၊ အရိုး၊ ဦးနှောက်၊ အသည်း၊ နှလုံးနှင့် ရောဂါခုခံစနစ်တို့ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရန် အထောက်အကူ ပြုစွမ်းအားများ ပေးနိုင်သည်။

ကျောက်ဖရုံသီးစားပေးခြင်းဖြင့်
သလိပ်ကို ကျစေမည်။ ချောင်းဆိုးကို ပျောက်စေမည်။ ဆံပင်ကို မပျက်စီးစေရန် ကာကွယ်ပေးသည်။ ခန္ဓာကိုယ်တွင်းရှိ အဆီများကိုလည်း ချပေးနိုင်သည်။ အသားအရေနှင့် ကိုယ်ခန္ဓာကို လှပစေနိုင်သည်။

ကျောက်ဖရုံသီးထဲတွင် ပရိုတင်းဓာတ်၊ ဗီတာမင် B ဓာတ်များ ပါဝင်သောကြောင့် လူ့ခန္ဓာကိုယ်အတွင်းရှိ သွေးရည်ထဲတွင် ရှိနေသော ကိုလက်စထရောနှင့်အဆီကို လျှော့ချပေးနိုင်သည်။ ထို့ကြောင့် နှလုံးအဆို့ရှင်ရောဂါ မဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။

ကျောက်ဖရုံသီးသည် ဝသောသူများ အဓိကစားသုံးရန် သင့်လျော်ပါသည်။

ကိုယ်ဝန်ဆောင်မိခင်များ ကျောက်ဖရုံသီးကို တစ်ကြိမ်တည်း ပမာဏများစွာ မစားသုံးသင့်ပါ။
ဟင်းချိုအဖြစ် ပြုလုပ်ပြီး အရည်ကိုသာလျှင် သောက်ပေးသင့်ပါသည်။

ကျောက်ဖရုံသီးထဲတွင် ဆယ်လူလို့စ်ဓာတ်ပါသောကြောင့် သွေးကြောမာခြင်းကို ကာကွယ်ပေးသည်။ သွေးတွင်းအဆီများကို လျှော့ချပေးနိုင်သည်။
ကင်ဆာရောဂါကို ခုခံပေးနိုင်သည်။

Crd .Mie Mie ThuKha

Address

Singapore

Alerts

Be the first to know and let us send you an email when Suzy’s Little Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Suzy’s Little Corner:

Videos

Share