03/11/2024
အကြောတက်ခြင်း အဆိရှိအကောင်ငယ်များ၏အဆိပ်ကိုပြယ်စေခြင်း သွေအန်သွေးကျခြင်းနှင့် အခြားရောဂါများစွာတွင် ဆေးဖက်ကုသအသုံးပြုနိုင်သော ဟင်းနုနွယ်ဆူးပေါက် ကို ယနေ့ လှိုင်သာယာ ရန်ကုန်သို့တင်ပို့ပေးလိုက်ပါပြီခင်ဗျာ
ယခုလိုယုံကြည်စွာငွေကြိုလွှဲဝယ်ယူပေးခဲ့သောမိတ်ဆွေအားကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ
ဟင်းနုနွယ်ဆူးပေါက် ဆေးဖက်ဝင်ပုံအကြောင်း
ဆူးရှိသော ဟင်းနုနွယ်သည်လူသိများ သောအပင်ဖြစ်သဖြင့် အကျယ်မရေးတော့ပါ။
ဂုဏ် နှင့် စွမ်းရည်။ ။ဟင်းနုနွယ်ဆူးပေါက်ကြီးသည် အေး၏။ ဆီးဝမ်းကို ရွှင်စေ ၏၊ ကြေကျက်လွယ်၏၊ သားအိမ် နာကျင် ကိုက်ခဲခြင်းကို ပျောက်ကင်းစေ၏၊ နို့ ကို ပွားများ စေ၏၊ သားအိမ်ကို အထူးသဖြင့် အားပေး၏။ အဆိပ်ကို ပယ်တတ်၏၊ သွေးယိုစီးခြင်းကို တား မြစ်တတ်၏၊ ၎င်းအပြင် သွေးစုနာ, ကျပ်တီးနာတို့ကို ၎င်းအမြစ်ကို လိမ်းမှု ပျောက် ကင်း၏၊ ရင်၌ထိုးကျင်ခြင်း, အဆိပ်သင့်ခြင်း, မီးရပ် လွန်ခြင်းတို့ကိုလည်း ပျောက်ကင်းစေသော ဂုဏ် ရှိ၏။
ရောဂါအလိုက် အသုံးပြုပုံ
🌿🌿မြွေဆိပ်နိုင်ဆေး။ ။မြွေကိုက်သောသူအား ၎င်းပဉ္စငါးပါ၏ သတ္တုရည်ကို တိုက်က အဆိပ်ပြေ၏။
🌿🌿ကင်းဆိပ်နိုင်ဆေး။ ။ကင်းကိုက်မှု ၎င်းအမြစ်ကို ရေနှင့် သွေး၍ ကင်းကိုက်ရာသို ထူထူ လိမ်းပေးမူ ကင်းဆိပ် ပြေ၏။
🌿🌿နှာခေါင်း သွေးယိုပျောက်ဆေး။ နှာခေါင်းမှ သွေးယို သွေးလျှံသော အခါ ၎င်းဟင်းနုနွယ် ဆူးပေါက်ကြီးရွက်ကို ညက်ညက်ကြိတ်၍ နှာခေါင်းမှစပြီး မျက်နှာ အထက်ပိုင်း သို့ လိမ်းကျံပေးပါက နှာခေါင်းသွေးလျှံသွေးကျများ ပျောက်ကင်း၏။
🌿🌿ကျောက်တည်ရောဂါ ပျောက်ဆေး။ ၎င်းအရွက်ကို ဟင်းချက်၍ ၇- ရက်မျှ စားပါက ဆီးအောင့် ကျောက်တည် ရောဂါများကို ပျောက်ကင်း၏။
🌿🌿အကြောတက်ရောဂါပျောက်ဆေး။ ။အကြောတက်သူများအား ၎င်း၏ အမြစ် ကို သွေး၍ လိမ်းခြင်း, ၎င်းအမြစ်ကို ကြိတ်၍ အုံပေးခြင်း ပြုလုပ်ပါက အကြောတက်ရောဂါ ပျောက် ကင်း၏။
🌿🌿ပင့်ကူရှပ်ပျောက်ဆေး။ ပင့်ကူရှပ်မူ ၎င်းအရွက်ကို သွေး၍ လိမ်းပေးပါက ပျောက်ကင်း၏။
🌿🌿သွေးအန်သွေးကျရောဂါပျောက်ဆေး။ ။သွေးအန်သွေးကျ ရောဂါများကို ၎င်း သတ္တုရည်ကို ပျားရည်နှင့် ရော၍ လျက်မူ သွေးအန်သွေးကျ ရောဂါ ပျောက်ကင်း၏၊ ၎င်းအ ပြင် မီးရပ်သွေး အလွန် ဆင်းခြင်း, မီးရပ်ဖြူ ဆေးခြင်း ညောင်းကျခြင်း အနာအဖုအပိန့်များ ပေါက်ခြင်းတို့ကိုလည်း အထက်ပါ နည်းအတိုင်း သုံးစွပါ။
အခြားရောဂါများတွင်လည်းများစွာ ဆေးဖက်ဆိုင်ရာအသုံးဝင်နိုင်ပါသေးသည်။
သတ္တဝါအားလုံး အနာရောဂါကင်းဝေးပြီးကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့လျက်
🙏🙏🙏ပို့စ်ရှဲပေးကြသူ အယောက်စီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ
🔔🔔ကူးယူတည်းဖြတ်ပါက credit ပေးပါခင်ဗျာ
သန်းလှိုင် (ပဲခူးရိုးမ)
၂၅.၁၀.၂၀၂၄
မှတ်ချက်။ ။အထက်ပါဆူးပေါက်ဟင်းနုနွယ် ၏ ဆေးဖက်အသုံးဝငါပုံများကို အရှင်နာဂသိန် ပုံပြဆေး အဘိဓာန် တတိယအတွဲ စာမျက်နှာ ၄၀၇၊၄၀၈ ၊၄၀၉ တိုမှ ထုတ်နုတ် မျှဝေအပ်ပါသည်။
+++++++++++++++++++++++++++++++++