Karenni Nationalities Defense Force -B-02

Karenni Nationalities Defense Force -B-02 -This is the page of Karenni Nationalities Defense Force-B-02,
in Karenni, Myanmar(Burma).

"တိုက်ပွဲသတင်းထုတ်ပြန်ချက်""အောင်သပြေဂူ ကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခြင်း"(18-12...
21/12/2024

"တိုက်ပွဲသတင်းထုတ်ပြန်ချက်"

"အောင်သပြေဂူ ကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခြင်း"
(18-12-2024)
- ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)
ဗျူဟာအမှတ်- ၂၊ KNDF တပ်ရင်းအမှတ်- ၂၊ KNDF တပ်ရင်းအမှတ်- ၁၄၊ KNDF UAV နှင့်
Loikaw PDF တို့ ပူးပေါင်း၍ လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူ ကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ စခန်းအား မနက် ၆နာရီခန့်မှ စတင်၍ တိုက်ပွဲဆင်ဝင်ရောက် တိုက်ခိုက်ခဲ့ပါသည်။
- ထို တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ ၂ပွင့် ဗိုလ် (၁)ဦး၊ တပ်ကြပ် (၁)ဦး အပါအဝင် တပ်သားအဆင့် (၉)ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၄)ဦး အရှင်ဖမ်းမိခဲ့ပါသည်။
- မိမိတို့ တပ်ပေါင်းစုဖက်မှ MA-1 (၇)လက်၊ MA-11(၄)လက် နှင့် MA-3 (၁)လက် စုစုပေါင်း သေနတ် (၁၂)လက် သိမ်းဆည်းရမိခဲ့ပြီး ရဲဘော် (၁)ဦးမှာ လက်မောင်းရှပ်ထိ (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပါသည်။
-စစ်ကောင်စီဖက်မှ အထိနာ၍ ဒရုန်းအပါအဝင် လက်နက်ကြီးများဖြင့် အများအပြား ပြန်လည်ပစ်ခတ်ခဲ့ပါသည်။

ကရင်နီတွင် စစ်ကောင်စီသည် လွိုင်ကော်မြို့မှတဆင့်
အခြားနေရာဒေသများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်လျက်ရှိနေပြီး ပြည်သူလူထုအနေဖြင့် အခြေအနေအား အမြဲမပြတ်နားစွင့်ထားရန်လိုအပ်ပါသည်။


#ဗျူဟာအမှတ်၂
#မုဆိုးTheHunter

စစ်ကောင်စီ၏ တပ်သား (၄)ဦး KNDFထံ ထွက်ပြေး၍ ဘက်ပြောင်းခိုလှုံလာခြင်း ။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၁၈)ရက်။ စစ်ကောင်စီ၏ တပ်သား (၄...
19/12/2024

စစ်ကောင်စီ၏ တပ်သား (၄)ဦး KNDFထံ ထွက်ပြေး၍ ဘက်ပြောင်းခိုလှုံလာခြင်း ။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၁၈)ရက်။

စစ်ကောင်စီ၏ တပ်သား (၄) ဦးမှာ ကရင်နီပြည်နယ် ရှေ့တန်းနယ်မြေတစ်ခုတွင် ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ( ၁၁) ရက်နေ့၌ မိမိတို့ KNDF ထံသို့ထွက်ပြေး၍ ဘက်ပြောင်းခိုလှုံလာခဲ့ပါသည်။

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းခေါင်းစဉ်ဖြင့် အဓမ္မစုဆောင်းခံရပြီး ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရသော တပ်သား (၄) ဦး မှာ MA-1 သေနတ် (၃) လက်နှင့်အတူ မိမိတို့ KNDF ထံထွက်ပြေး၍ ဘက်ပြောင်းခိုလှုံလာခဲ့ခြင်းဖြစ်ပါသည်။

စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များအနေဖြင့် အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးနှင့် လူတစ်စုကောင်းစားရေးအတွက်ပေးဆပ်လုပ်ကိုင်နေသောဘဝနှင့် ပြည်သူအပေါ် ကျောခိုင်းခြင်းမျိုး မပြုလုပ်ကြဘဲ လွတ်လပ်မျှတသော စနစ်တစ်ခုအမြန်ပေါ်ထွန်းနိုင်ရန် ပြည်သူသို့မျက်နှာမှု၍ ယုံကြည်စွာဖြင့် မိမိတို့ထံ ဘက်ပြောင်းခိုလှုံလာကြဖို့ ကြိုဆိုတိုက်တွန်းပါသည်။

KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန

ကျွန်တော်တို့ တပ်ရင်းအမှတ်(၂) ဆီမှာလည်း ထောက်ပို့ထီထိုးရင်း လာရောက်အားဖြည့်ပေးနိုင်ကြောင်း ဖိတ်ခေါ်အပ်ပါတယ်ခဗျာ။   #ကရင်...
07/12/2024

ကျွန်တော်တို့ တပ်ရင်းအမှတ်(၂) ဆီမှာလည်း ထောက်ပို့ထီထိုးရင်း
လာရောက်အားဖြည့်ပေးနိုင်ကြောင်း ဖိတ်ခေါ်အပ်ပါတယ်ခဗျာ။



#ကရင်နီ

နှစ်သစ်ကို သိန်း၅၀၀ နဲ့ ကြိုဆိုကြမလား...✨❤️

ဒီဇင်ဘာလအတွက် ထီလက်မှတ်တွေ ကို တစ်စောင် မှ မြန်မာကျပ်ငွေ ၂၀၀၀ ကျပ်နဲ့ ဝယ်လို့ရနေပါပြီ 🍀🍀🍀

#ထောက်ပို့ထီ #ဖက်ဒရယ်ခေတ်ဆီမျှော်မှန်းရည်တွဲလက်ညီညီထောက်ပို့ထီ
#သိန်း၅၀၀

#အရေးတော်ပုံအောင်ရမည်

(ကံထမ်းလာတာမမြင်ရပေမဲ့ လှံထမ်းလာတာကို မြင်နိုင်တယ်ဆိုတဲ့ စကားအတိုင်း) ထီထိုးရင် ကျနော်တို့ဆီမှာ ကံစမ်းနိုင်ပါပြီ။ Hello....
15/11/2024

(ကံထမ်းလာတာမမြင်ရပေမဲ့ လှံထမ်းလာတာကို မြင်နိုင်တယ်ဆိုတဲ့ စကားအတိုင်း) ထီထိုးရင် ကျနော်တို့ဆီမှာ ကံစမ်းနိုင်ပါပြီ။

Hello..
ကျွန်တော် တို့တပ်ရင်း အမှတ် ( ၂ ) အနေဖြင့် ထောက်ပို့ထီ ကို တစ်ဆင့်ပြန်လည်ရောင်းချပေးနေပြီဖြစ်ပြီး ကျွန်တော်တို့ဆီမှာလည်း အားပေးဝယ်ယူ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ထောက်ပို့နိုင်ကြောင်းပြောအပ်ပါသည်။

"ပထမဆု သိန်း(၅၀၀)ကျပ်"
"ဒုတိယဆု သိန်း(၅၀)ကျပ်"
"တတိယဆု သိန်း(၃၀)ကျပ်"
ပထမဆု၏ နောက်ဆုံးဂဏန်း (၅) လုံးတူဆု - ၅သိန်းကျပ်
ပထမဆု၏ နောက်ဂဏန်း (၄) လုံးတူဆု - ၁သိန်းကျပ်
ပထမဆု၏ နောက်ဆုံးဂဏန်း (၃) လုံးတူဆု - ၅‌‌သောင်းကျပ်
ဒုတိယဆု၏ နောက်ဆုံးဂဏန်း (၅) လုံးတူဆု - (၅)သိန်းကျပ်
ဒုတိယဆု၏ နောက်ဆုံးဂဏန်း (၄) လုံးတူဆု - ၁သိန်းကျပ်
ဒုတိယဆု၏ နောက်ဆုံးဂဏန်း (၃) လုံးတူဆု ၅သောင်းကျပ်" ‌‌‌‌‌‌ဖြစ်ပြီး တော်လှန်ရင်း ရင်ခုန်စွာ ထောက်ပို့ထီထိုးပြီး ကျွန်တော်တို့ တပ်ရင်းအမှတ် - ၂ ကို လစဉ် လတိုင်း ထောက်ပို့ပါ၀င်အားဖြည့်ပေးပါဦးလို့ ဖိတ်ခေါ်အပ်ပါတယ်ဗျာ။

-02သတင်းနှင့်ပြန်ကြားရေး

◾️KNDF/B-02 (Telegram Channel)https://t.me/Kndf_b_02

◾(FacebookLink)https://www.facebook.com/profile.phpid=100069277473484&mibextid=ZbWKwL ကနေ တဆင့် Page Messenger ထောက်ပို့အားဖြည့်‌ပေးနိုင်ပါသည်။



#ကရင်နီ

ပင်လောင်း- ဖယ်ခုံ မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်မှ အရပ်သား (၂၀၀ )ကျော်အား မတရားဖမ်းဆီးစာအမှတ် - KNDF/ ...
13/11/2024

ပင်လောင်း- ဖယ်ခုံ မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်မှ အရပ်သား (၂၀၀ )ကျော်အား မတရားဖမ်းဆီး
စာအမှတ် - KNDF/ ၁ / ၂၀၂၄ (၀၀၈)။
ရက်စွက်။။ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပူချယ်ကျေးရွာမှ ကောက်ရိတ်ပြန်လာသော အရပ်သားပြည်သူ (၂၀၀) ဦးကို ပင်လောင်း-ဖယ်ခုံမြို့နယ်တွင် စစ်ကြောင်းထိုးနေသာ စစ်ကောင်စီတပ်ဖွဲ့မှ မတရားဖမ်းဆီး ထားကြောင်း ရှေ့တန်းမြေပြင် သတင်းများ အရသိရပါသည်။
ဖမ်းဆီးထားသော ပြည်သူ (၂၀၀) ဦးအား စစ်ကောင်စီမှ ပင်လောင်းမြို့ အားကာစားရုံးအတွင်း ထိန်းသိမ်းထားကြောင်း ကနဦးသိရှိပြီး ဖမ်းစီးခံရသူ ပြည်သူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် အမျိူးသား၊အမျိုးသမီး မည်မျှပါဝင်သည်ကို စုံစမ်းနေဆဲ ဖြစ်ပါသည်။ ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပင်လောင်း-ဖယ်ခုံ ကြားရှိ၊ နန့်ဖာမူ ၊ ပင်စုံ၊ လွုင်ကြိုင်း၊ ကုန်းပေါ၊ ဗန်းမောက်၊ ကျေးရွာများနှင့် ဖယ်ခုံမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များအား ဖောက်ထွင်း လုရက်ခြင်း၊ မီးရှို့ခြင်းများကို လုပ်ဆောင်ခဲ့ပါသည်။
စစ်ကြောင်းထိုးရာ လမ်းလျှောက်တွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု အကြိမ် (၁၀၀) မက လုပ်ဆောင် ခဲ့သည့်အပြင် တိုက်ပွဲနှင့် မသက်ဆိုင်သည့် ကျေးရွာများ၊ စစ်ရှောင်စခန်းများကိုလည်း လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။ နိုဝင်ဘာလအတွင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုတို့ကြောင့် (၈) နှစ် အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ (၆) ဦးသေဆုံးခဲ့ရပြီး (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။
KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန။


ဆက်သွယ်ရန်။ (Signal app) +၉၅၉၄၅၇၂၉၆၄၈၇၊ +၉၅၉၄၄၅၂၅၂၂၇၄ ၊ +၉၅၉၇၉၅၉၄၆၆၁၆။

"အရာရာကို ပေးခဲ့တဲ့ သူရဲကောင်းတို့၏ ရဲရင့်သော ဝိညာဉ်တွေအတွက် ဂုဏ်ပြုခြင်း" မင်းတို့ရဲ့ အနစ်နာခံမှုက မတရားမှုကိုပြောင်းလဲ...
11/11/2024

"အရာရာကို ပေးခဲ့တဲ့ သူရဲကောင်းတို့၏ ရဲရင့်သော ဝိညာဉ်တွေအတွက် ဂုဏ်ပြုခြင်း"

မင်းတို့ရဲ့ အနစ်နာခံမှုက မတရားမှုကိုပြောင်းလဲဖို့ အုတ်မြစ်ချခဲ့တယ်။

မင်းတို့ရဲ့ ရဲရင့်မှုက တရားမျှတမှု၊ အမှန်တရားတို့နဲ့ တည်ဆောက်မယ့် ကမ္ဘာကြီးရဲ့ အိပ်မက်တွေကို ဖော်ဆောင်လမ်းပြခဲ့တယ်။

မင်းတို့ဟာ အမှောင်ထဲမှာ လင်းလက်နေတဲ့ အလင်းဖြစ်ပြီး ငါတို့ကို အခက်အခဲတွေကြားက လမ်းပြပေးခဲ့တယ်။

မင်းတို့ရဲ့ရဲစွမ်းသတ္တိက ငါတို့ကို စစ်မှန်တဲ့တရားမျှတမှုရှိတဲ့ ကမ္ဘာတစ်ခုဆီကိုခေါ်ဆောင်သွားမယ်ဆိုတာ ယုံကြည်တယ်။

Battalion-02 သတင်းနှင့်ပြန်ကြားရေး
◾️KNDF/B-02 (Telegram Channel)https://t.me/Kndf_b_02


#ကရင်နီ

ပြည်သူများအား အသိပေးကြေညာခြင်း။
07/11/2024

ပြည်သူများအား အသိပေးကြေညာခြင်း။

အများပြည်သူများအား အသိပေးကြေညာခြင်း

ရက်စွဲ။ ။၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ (၆)ရက်။

တော်လှန်ရေးကာလတစ်လျှောက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ဗဟိုကော်မတီဝင်များမှ စ၍ ဌာန ၊ ဗျူဟာ ၊ တပ်ရင်းတပ်ဖွဲ့များ အဆင့်ဆင့်အလိုက် ဘဏ္ဍာရှာဖွေရေးများကို စနစ်ကျမှုရှိစေရန်နှင့် အလွဲသုံးစားမှုများ မရှိစေရန် ကြိုးစားလုပ်ဆောင်ခဲ့ပါသည်။

သို့သော် မိမိတို့ (KNDF)၏ ဗဟိုဌာနများ ၊ ဗျူဟာများ ၊ တပ်ရင်းများ၏ အမည်များနှင့် တပ်ဖွဲ့ဝင်များ၏ ပုံရိပ်များကို အသုံးပြု၍ ပြည်သူများအပေါ် လိမ်လည်အလှူခံခြင်း ၊ ဂုဏ်ပြုမှတ်တမ်းလွှာများကို အတုပြုလုပ်၍ အလှူငွေများ ရယူခြင်း ၊ KNDF အပေါ် ပြည်သူများ ယုံကြည်မှုယုတ်လျော့အောင်ပြုလုပ်ခြင်းများကို မသမာသူများမှ ပြုလုပ်လျှက်ရှိနေကြောင်း အများပြည်သူများအား အထူးအသိပေးလိုပါသည်။ အထက်ပါအခြေနေများကြောင့် ပြည်သူလူထုများအနေဖြင့် မိမိတို့ (KNDF) အား ကူညီထောက်ပံ့ရာတွင် ယုံကြည်စိတ်ချစွာ အကူညီများပေးနိုင် ရန်အတွက် အောက်ပါ အချက်များအား သတိပြုပေးနိုင်ပါရန်အသိပေးလိုပါသည်။

(၁) KNDF တွင် ဗဟိုကော်မတီ ၊ ဗဟိုဌာနများ ၊ ဗျူဟာများ ၊ တပ်ရင်းများအလိုက် အဆင့်ဆင့်ဖွဲ့စည်းထားပြီး ဘဏ္ဍာရှာဖွေရေးအတွက် တာဝန်ယူတာဝန်ခံရသည့် သက်ဆိုင်ရာ တာဝန်ရှိများအား ခန့်အပ်ထားပါသည်။

(၂) KNDF တပ်ဖွဲ့ဝင်တစ်ဦးဦး၏ အမည်ဖြင့်သော်လည်ကောင်း၊ ဌာန/ဗျူဟာ /တပ်ရင်း များ၏ အမည်ဖြင့်သော်လည်ကောင်း လာရောက်အလှူခံမှုများရှိလာပါက သက်ဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ ဗဟိုဌာနမှူးများ ၊ ဗျူဟာမှူးများ ၊တပ်ရင်းမှူးများအား အကြောင်းကြားအတည်ပြုပေးကြပါရန်။

(၃) ရဲဘော်တစ်ဦးဦးမှ သော်လည်ကောင်း ၊ တပ်ဖွဲ့ဝင်တစ်ဦးဦး၏ ပုံရိပ်အား အသုံးပြု၍သော်လည်ကောင်း လာရောက်အလှူခံပါက အလှူငွေအားတစ်ပါတည်းပေးခြင်းမျိုးမပြုလုပ်ဘဲ ဦးစွာတာဝန်ထမ်းဆောင်နေသည့် ဌာန/ ဗျူဟာ /တပ်ရင်း အမည် နှင့် ကိုယ်ပိုင်အမှတ်အား တောင်းယူ၍ အထက်တွင်ဖော်ပြထားသည့်အတိုင်း သက်ဆိုင်ရာတာဝန်ရှိသူများထံအတည်ပြုချက်ဦးစွာရယူပြီးမှသာ လှူဒါန်းကြပါရန်။

(၄) KNDF တပ်ရင်းများအလိုက် အလှူငွေဘဏ္ဍာရှာဖွေရန်အတွက် page များအား တပ်ရင်းများ၏ နံပတ်နှင့်အတူ ဖွင့်လှစ်ခွင့်ပြုထားပြီး တပ်ရင်းနာမည်များဖြင့် မှုမမှန်သည့် အလှူငွေလာရောက်တောင်းခံမှုများရှိပါက သက်ဆိုင်ရာ တပ်ရင်း page ၏ messenger တွင်လည်းမေးမြန်းအတည်ပြုနိုင်ပါသည်။

(၄) KNDF နှင့်သက်ဆိုင်သော အလှူငွေတောင်းခံခြင်း ကိစ္စရပ်များအားလုံးအတွက် အတည်ပြုချက်များကို KNDF ဗဟို၏ page တွင်မေးမြန်းအတည်ပြုနိုင်သလို သက်ဆိုင်ရာ ဗဟိုကော်မတီဝင်များ ၊ စစ်ဦးစီး ၊ စစ်ရေးချုပ် ၊ စစ်ထောက်ချုပ် ၊ ဗျူဟာမှူးများ ၊ တပ်ရင်းမှူးများ ထံတိုက်ရိုက်အတည်ပြုကြပါရန်။

02/11/2024

ထောက်ပို့ထီ ထိုးထားသော ထီလက်မှတ်များကို ရင်ခုန်လို့ရနေပါပြီဗျာ...

ကရင်နီအမျိုးသားကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ်(၂)၏ နယ်မြေလုံခြုံရေးနှင့် စစ်ရေးပြင်ဆင်နေမှု ပုံရိပ်များ....Battalion-02သတင်းန...
23/10/2024

ကရင်နီအမျိုးသားကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ်(၂)၏ နယ်မြေလုံခြုံရေးနှင့် စစ်ရေးပြင်ဆင်နေမှု ပုံရိပ်များ....

Battalion-02သတင်းနှင့်ပြန်ကြားရေး

◾️KNDF/B-02 (Telegram Channel)https://t.me/Kndf_b_02

#ကရင်နီအမျိုးသားများကာကွယ်ရေးတပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၏ ဗျူဟာအမှတ်(၈)သည် (၁.၆.၂၀၂၄) တွင် စတင်ဖွဲ့စည်းခဲ့ပြီး (၆.၆.၂၀၂၄) တွင် တရားဝင် ထုတ်ပြန်ကြ...
22/10/2024

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၏ ဗျူဟာအမှတ်(၈)သည် (၁.၆.၂၀၂၄) တွင် စတင်ဖွဲ့စည်းခဲ့ပြီး (၆.၆.၂၀၂၄) တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

https://www.facebook.com/share/p/4BBPvMKSLqn5Juos/

ဗျူဟာ(၈)မှ ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်သော
▫️တပ်ရင်း အမှတ်(၂၉)
▫️တပ်ရင်းအမှတ်(၃၀) တို့အား
ကျွန်တော်တို့တပ်ရင်းအမှတ်( ၂ )မှ နွေးထွေးစွာ ကြိုဆိုကြောင်း ဂုဏ်ပြုအသိပေးအပ်ပါသည်။

KNDF Battalion-02
သတင်းနှင့်ပြန်ကြားရေး


ကရင်နီပြည် လွိုင်ကော်မြို့နယ်ဧရိယာအတွင်းရှိ ရေလွမ်းမိုးခံနေရသော ရပ်ကွက်/ကျေးရွာများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများအာ...
26/09/2024

ကရင်နီပြည် လွိုင်ကော်မြို့နယ်ဧရိယာအတွင်းရှိ ရေလွမ်းမိုးခံနေရသော ရပ်ကွက်/ကျေးရွာများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများအား ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တပ်ရင်းအမှတ် ( ၂ ) ထောက်ပို့ဆရာမဒေါ်ခိုင်ညို ထံမှတစ်ဆင့် အလှူငွေကျပ် သိန်းငါးဆယ်ကူညီလှူဒါန်းပေးပါသော Myanmar Nationalities' Support Organization _ JP အဖွဲ့အား မိမိတို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တပ်ရင်းအမှတ် ( ၂ ) အနေဖြင့်အထူးပင်ကျေးဇူးတင်ရှိပါသည်။ နောက်နောင်များတွင်လည်း ဖိနှိပ်ခံပြည်သူများ နှင့် အတူတကွရပ်တည်ရင်း ဆက်လက်ပါဝင်ကူညီစေချင်ပါသည်။ ယခုကဲ့သို့ စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း အင်ပြည့်အားပြည့်ပါဝင်ကူညီပေးသည့်အတွက် မိမိတို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တပ်ရင်းအမှတ် ( ၂ ) အနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

#ကရင်နီစစ်ဘေးရှောင် #ရေဘေး

သတင်းထုတ်ပြန်ချက် …။ သတင်းထုတ်ပြန်ချက်အပြည့်စုံနှင့် ဓါတ်ပုံမှတ်တမ်းများအား အောက်ပါ KNDF ၏ Telegram channel တွင် ဝင်ရောက...
16/09/2024

သတင်းထုတ်ပြန်ချက် …။

သတင်းထုတ်ပြန်ချက်အပြည့်စုံနှင့် ဓါတ်ပုံမှတ်တမ်းများအား အောက်ပါ KNDF ၏ Telegram channel တွင် ဝင်ရောက်ကြည့်ရှုပေးပါ။

Telegram Channel - https://t.me/KNDF_official

ထုတ်ပြန်ချက်၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်။စာအမှတ်- KNDF ၁ / ၂၀၂၄ (၀၀၆)ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဆေးဌာနမှကြီးမှူးဖွ...
14/09/2024

ထုတ်ပြန်ချက်

၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်။

စာအမှတ်- KNDF ၁ / ၂၀၂၄ (၀၀၆)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဆေးဌာနမှကြီးမှူးဖွင့်လှစ်သော ဆေးသင်တန်းမှ သင်တန်းသားများသည် ၂၀၂၄ ခုနှစ် စက်တက်ဘာလ (၁၁) ရက်နေ့ ညနေတွင် သင်ခန်းစာမစ်ရှင်လေ့ကျင့်ခြင်းပြုလုပ်နေစဉ် ရေချောင်းတခုကိုဖြတ်ကျော် ရန် ကြိုးစားအားထုတ်ရာတွင် မတော်တဆဖြစ်ပွားခဲ့ကာ ဆေးသင်တန်းသား(၁၈)ဦး ရေထဲသို့မျောပါကာ ဆုံးရှုံးခဲ့ရပါသည်။
ဆေးသင်တန်းသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် တပ်ပေါင်းစုံတို့၏လိုအပ်ချက်အရ ကရင်နီပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုတိုးတက်ကောင်းမွန်ရန် ရည်ရွယ်ချက်ဖြင့် သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ ထိုသင်တန်းမှ ဆေးတပ်သားများ တိုးပွားလာစေရန်အတွက်လည်း ရည်မှန်းထားခဲ့ပါသည်။
သို့သော် ယခုကဲ့သို့ မတော်တဆဖြစ်စဉ် ဖြစ်ပေါ်လာခဲ့ပြီး ဆေးသင်တန်းသား (၁၈)ဦး ဆုံးရှုံးခဲ့ရသည့်အပေါ် မိမိတို့ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF) အနေဖြင့် သက်ဆိုင်ရာမိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ များစွာဝမ်း နည်းကြေကွဲရပါသည်။
ယခုမတော်တဆဖြစ်စဉ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗဟိုအနေဖြင့် လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများပြု လုပ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များနှင့် မိဘပြည်သူများကို ထုတ်ပြန်အသိပေးသွားမည် ဖြစ်ပါသည်။
မိမိတို့နှင့်အတူ တပ်ပေါင်းစုံအနေဖြင့် လိုအပ်နေသောလူ့အရင်းအမြစ်များနှင့် တော်လှန်ရေးရည်မှန်းချက်များကို မဆုတ် မနှစ် ဆက်လက်ကြိုးပမ်းရင်း တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် အမှားအနည်းဆုံးဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားကြ မည်ဟု ကနဦးအသိပေးရင်း ထုတ်ပြန်လိုက်ပါသည်။
ဗဟိုကော်မတီ
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF )

ပျော်ရွှင်စရာ မွေးနေ့ မွေးရက်ကို  လာရောက်ထောက်ပို့ပေးသော Wang Yibo Fan များအား ကျေးဇူးအထူးတင်ရှိပြီး ​မွေးနေ့မှာလည်း ပျေ...
05/08/2024

ပျော်ရွှင်စရာ မွေးနေ့ မွေးရက်ကို လာရောက်ထောက်ပို့ပေးသော Wang Yibo Fan များအား ကျေးဇူးအထူးတင်ရှိပြီး ​မွေးနေ့မှာလည်း ပျော်ရွှင်စွာ ဖြတ်သန်းရင်းနဲ့ တောင်းတဲ့ဆုနဲ့ ပြည့်ဝရပါစေ လို့ ဆုမွန်ကောင်းပေးအပ်ပါသည်။



#ကရင်နီအမျိုးသားများကာကွယ်ရေးတပ်

လွိုင်ကော်မြို့တွင် ပြည်သူလူထုနေအိမ်များအား စစ်ကောင်စီတပ်ဖွဲ့များမှ နေ့စဉ်မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေခြင်း ။ ၂၀...
28/07/2024

လွိုင်ကော်မြို့တွင် ပြည်သူလူထုနေအိမ်များအား စစ်ကောင်စီတပ်ဖွဲ့များမှ နေ့စဉ်မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေခြင်း ။

၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ (၂၇)ရက်။

ကရင်နီပြည်နယ် ၊ လွိုင်ကော်မြို့တွင် ဇွန်လ နောက်ဆုံးအပတ်မှစ၍ စစ်ကောင်စီတပ်ဖွဲ့များမှာ မိုင်းလုံးရပ်ကွက်အတွင်းသို့ အင်အားဖြည့်၍ စစ်ရေးလှုပ်ရှားမှုများစတင်ခဲ့ပြီးနောက် ဇူလိုင်လ (၁) ရက်နေ့မှစ၍ ယနေ့ထိ မိုင်းလုံး၊ ရွာတန်းရှည် ရပ်ကွက်များအတွင်းရှိ ပြည်သူလူထုနေအိမ်များအား အကြောင်းအရင်းမရှိ မီးရှို့ဖျက်ဆီးခြင်းများကို နေ့စဉ်နီးပါး ဆက်တိုက်လုပ်ဆောင်နေခဲ့ပါသည်။

လွိုင်ကော်မြို့ ၊ မိုင်းလုံးရပ်ကွက်အတွင်း စစ်ကြောင်းဖြန့်၍ စစ်ရေးလှုပ်ရှားလာသော စစ်ကောင်စီတပ်ဖွဲ့များမှာ ဇူလိုင်လ (၁) ရက်နေ့မှစ၍ ရပ်ကွက်အတွင်းရှိ လူထုနေအိမ်အဆောက်အဦးများအား ဖျက်ဆီးဝင်ရောက်၍ ပစ္စည်းများယူဆောင်ခဲ့သည့်အပြင် မီးရှို့ဖျက်ဆီးခြင်းများကို နေ့စဉ် ရက်ဆက် လုပ်ဆောင်နေခဲ့ပြီး ဇူလိုင်လ (၂၇) ရက်နေ့ထိ ၎င်းတို့မီးရှို့ဖျက်ဆီးခြင်းကြောင့် မိုင်းလုံး ၊ ရွာတန်းရှည် ရပ်ကွက်များထဲရှိ ပြည်သူလူထုနေအိမ် (၆၀) ကျော် မီးလောင်ပျက်ဆီးခဲ့ပါသည်။

(၁၁.၁၁)တစ်လေးလုံး စစ်ဆင်ရေးစတင်သည့်အချိန်မှစ၍ ယနေ့အထိ လွိုင်ကော်မြို့အနှံ့တွင် မိမိတို့တော်လှန်ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများမှာ ရပ်တန့်သွားခဲ့ခြင်း မရှိဘဲ တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း အသိပေးလိုပါသည်။

ဇွန်လ နောက်ဆုံးအပတ်မှစ၍ စစ်ကောင်စီတပ်ဖွဲ့များမှာ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်အတွင်းသို့ အင်အားဖြည့်ကာ စစ်ကြောင်းများဖြန့်ထိုး၍ စစ်ရေးလှုပ်ရှားလာခဲ့သောကြောင့် မိမိတို့ KNDF တပ်ရင်းများနှင့်အတူ KA ၊ MK CDF တို့ပူးပေါင်း၍ စစ်ကောင်စီတပ်ဖွဲ့များအား တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မိုင်းလုံး ၊ ရွာတန်းရှည် ၊ ထူဒူငံသ ၊ လွိုင်ကော်နည်းပညာတက္ကသိုလ် နှင့် မြကလပ်တောင်တို့တွင် ဇူလိုင်လ (၄) ရက်နေ့မှစ၍ ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ပြီး ယနေ့ထိ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။

တိုက်ပွဲများအတွင်းတွင်သာမက တိုက်ပွဲငြိမ်သက်ချိန်များတွင်ပါ စစ်ကောင်စီတပ်ဖွဲ့များမှာ ၎င်းတို့ရောက်ရှိသည့် နေရာများအနီးရှိ ပြည်သူလူထု၏ နေအိမ်များအား အကြောင်းအရင်းမဲ့စွာ လိုက်လံမီးရှို့ဖျက်ဆီးခြင်းများကို နေ့စဉ်လုပ်ဆောင်လျှက်ရှိပါသည်။ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်များအား အကြောင်းအရင်းမဲ့စွာ ဖျက်ဆီးလုပ်ဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့များအား မိမိတို့တော်လှန်ရေးတပ်များမှ တန်ပြန်တိုက်ခိုက် ချေမှုန်းလျှက်ရှိ၍ အထူးသဖြင့် မိုင်းလုံး ၊ ရွာတန်းရှည် ၊ ထူဒူငံသ ရပ်ကွက်များတွင် ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျှက်ရှိပါသည်။ထောက်ပို့မိဘပြည်သူများမှလည်း စစ်ဆင်ရေးများ အလျင်အမြန် ရည်မှန်းချက် ရောက်ရှိနိုင်ရေးအတွက် လိုအပ်သည့်အကူအညီများအား ကူညီထောက်ပံ့ပေးကြပါရန် တောင်းဆိုအပ်ပါသည်။

စစ်ကောင်စီမှ လွိုင်ကော်မြို့တွင် တည်ငြိမ်နေသယောင် ဝါဒဖြန့်ကာ ၎င်းတို့၏ယန္တရားများ ပြန်လည် လည်ပတ်နိုင်ရေးအတွက် မြို့နေလူထုများအားနေရပ်ပြန်ကြရန် စည်းရုံးလှုံ့ဆော်ကာ လူထုအားအသုံးချ အကာအကွယ်ယူရန်ကြိုးစားနေသည်ကို အထူးသတိပြုရန်လိုအပ်ပြီး အထက်ဖော်ပြပါ စစ်ရေးအခြေနေများနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် တိုက်ပွဲအခြေနေများကြောင့် ပြည်သူများအနေဖြင့် နေအိမ်ပြန်ခြင်းများ မပြုလုပ်ကြရန် ၊သက်ဆိုင်သည့် တာဝန်ရှိသူများထံမှ မှန်ကန်သည့် သတင်းအချက်အလက်များရယူကြရန် နှင့် မိမိတို့၏ လုံခြုံရေးကို ဦးစားပေး၍ စစ်ရေးသတိရှိကြပါရန် အထူးတိုက်တွန်းပါသည်။

KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
https://t.me/KNDF_official
https://kndf.org/

 ိုသတင်းနှင့်ပြန်ကြားရေး  Facebook  Page အသစ်ဖြစ်ပါတယ်။စစ်ရေးသတင်းထုတ်ပြန်ချက်များ၊ အများပြည်သူအတွက်စစ်ရေးအခြေအနေများကို...
17/07/2024

ိုသတင်းနှင့်ပြန်ကြားရေး
Facebook Page အသစ်ဖြစ်ပါတယ်။

စစ်ရေးသတင်းထုတ်ပြန်ချက်များ၊ အများပြည်သူအတွက်စစ်ရေးအခြေအနေများကို အချိန်နှင့်
တပြေးညီသိရှိနိုင်အောင် Like လုပ်ထားပေးဖို့ လိုအပ်ပါတယ်ဗျာ။

◽Page link

https://www.facebook.com/profile.php?id=61562036049131&mibextid=ZbWKwL

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF
အများပြည်သူများသို့ အသိပေးခြင်း

၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၇ရက်။


ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ page အသစ် အား ပြောင်းလဲအသုံးပြု သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား အသိပေးလိုပါသည်။

ယခင်အသုံးပြုခဲ့သော မိမိတို့ KNDF ဗဟို ၏ page မှာ မသမာသူများ၏ အကြိမ်ကြိမ်နှောင့်ယှက်တိုက်ခိုက်မှုနှင့် အခြားသော Facebook ၏စည်းမျဉ်းများကြောင့် ၂၀၂၄ ခုနှစ်၊ မေလ မှစတင်ကာ အသုံးပြု၍မရတော့ပဲ unpublished ဖြစ်သွားခဲ့ပါသည်။

အထက်ပါ အခြေနေများကြောင့် မိမိတို့ KNDF နှင့်သက်ဆိုင်သော စစ်ရေးသတင်းထုတ်ပြန်ချက်များ ၊ အများပြည်သူ သိသင့်သောစစ်ရေးအခြေနေများအား အချိန်အတိုင်းအတာ တစ်ခုထိ ထုတ်ပြန်ပေးနိုင်ခြင်းမရှိခဲ့၍ ယခု အသစ်သုံးစွဲမည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟို ၏ page အသစ် မှ အခြားလူမှုကွန်ယက် ပလပ်ဖောင်းများဖြစ်သည့် KNDF ၏ Telegram Channel နှင့် Website တို့မှလည်း စစ်ရေးဆိုင်ရာသတင်းထုတ်ပြန်ချက်များနှင့် အများပြည်သူသိသင့်သော စစ်ရေးအခြေနေများအား တစ်ဆက်တည်း ပြန်လည်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန

Address

Blk 754 Woodlands Circle, Woodlands
Singapore
731754

Website

Alerts

Be the first to know and let us send you an email when Karenni Nationalities Defense Force -B-02 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Karenni Nationalities Defense Force -B-02:

Videos

Share