Myo Satt Thit Donation Group

Myo Satt Thit Donation Group Welcome to save the future of peoples.

28/11/2023

မြန်မာနိုင်ငံက ကျောင်းထိုင် ဘုန်းကြီးတွေ ကြည့်လိုက် စီးပွားရေးသမားထက် ဆိုးတယ်

ဟိုတုန်းက..ပြင်သစ် ဥရောပကနေလာပြီး

ဗုဒ္ဓဘာသာထဲဝင် ရဟန်းဝတ် ပြီးတော့

ထေရဝါဒတွေ တက်နေတဲ့

နိုင်ငံခြားသား ကိုယ်တော်တပါးက ပြောဖူးတယ်..

ဘာပြောတုန်းဆိုတော့...

ကိုယ်တော်တို့..တဲ့

တပည့်တော် ပြောတဲ့စကား ကြားရင်

ရီများ ရီမလား မသိဘူး..တဲ့၊ ပြောပရစေ..တဲ့၊

“အရှင်ဘုရား စကားတွေ ခံမနေပါနဲ့ဘုရား၊

အများအတူတူ ဆွေးနွေးနေကြတာပဲ..

ပြောပါ ရပါတယ်.." ဆိုတော့၊

“အရှင်ဘုရားတို့ နောင် နှစ်ပေါင်း ရာချီ

ကြာလာလို့များ ထေရဝါဒ ဗုဒ္ဓဘာသာရဲ့

အနှစ်သာရ စစ်စစ်မှန်မှန်ကို လေ့လာလိုတယ်

သိလိုတယ် လိုက်စားလိုတယ်ဆိုရင်

အရှင်ဘုရားတို့ အနောက်ဥရောပကို

လာလေ့လာရလိမ့်မယ်” တဲ့..

အဲတော့ ကျန်တဲ့ကိုယ်တော်တွေက

ပြုံးတော့ ပြုံးတာပဲ၊ ဒါပေမယ့်

သူက ပြောထားပီးသား ဆိုတော့

"အရှင်ဘုရား ဘယ်လိုအမြင်နဲ့

ဘယ်လိုအတွေးအခေါ်နဲ့ ပြောတာလဲဘုရား၊

ပြန်ရှင်းပါဦး.." ဆိုတော့

“အရှင်ဘုရားတို့ အခု မြန်မာနိုင်ငံမှာ ကြည့်ရတာ

ဘာသာရေးခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်တွေ၊

လူတွေဘက်မှာပါတဲ့ ဘာသာရေး ခေါင်းဆောင်တွေ၊

အသင်းတွေ အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ ရှိတယ်၊

ရဟန်းတွေ သာမဏေတွေ ဘက်မှာလဲ

ခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်"

ဒါကို သူက ရည်ညွှန်းတယ်၊

"အရှင်ဘုရားတို့ဆီမှာ ရှိနေတဲ့ အချို့

ဘာသာရေး ခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်တွေက

ရုပ်ဝတ္ထုတွေ အပေါ်မှာပဲ တန်ဘိုးထားပြီးတော့

ရုပ်ဝတ္ထု ကြီးပွားကြောင်းတွေ နောက်ကနေပဲ

တစိုက်မတ်မတ်နဲ့ လိုက်နေကြတယ်.."

ဟုတ်တာပေါ့၊

တချို့ ကားတစီးရှိတဲ့ ဘုန်းကြီးကလဲ နှစ်စီးရှိ၊

တိုက်တတိုက်လုံး ရှိတဲ့ သူကလဲ တိုက်နှစ်လုံး

ရှိချင်တယ်၊ အဲသလိုနဲ့ပဲ ရုပ်ဝတ္ထုတွေကိုပဲ

အထင်ကြီးပြီး ရုပ်ဝတ္ထုတွေနောက် လိုက်ပြီးတော့

ကြီးပွားအောင် လုပ်၊ ဒါတွေကို မြင်တဲ့အတွက်ကြောင့်

"အရှင်ဘုရားတို့ဆီ တဖြေးဖြေး တဖြေးဖြေးနဲ့

ပျက်တာကနေ နောက်ပိုင်းကျ လိုက်စားမယ့်သူတွေ

နည်းသွားမယ်၊ အခု တပည့်တော်တို့ ဥရောပကနေ

လာကြတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက တပါးဖြစ်ဖြစ်

နှစ်ပါးဖြစ်ဖြစ် လာသမျှ ပုဂ္ဂိုလ်တွေက

ဒီရုပ်ဝတ္ထုတွေရဲ့ကြီးပွား တိုးတက်ကြောင်းတွေ၊

ရုပ်ဝတ္ထုတွေ ကြီးပွားမှုတွေက တကယ့်ချမ်းသာ

အစစ်မဟုတ်ဘူး ဆိုတာတွေ သိပြီးသားဖြစ်တော့

ဘယ်ဟာ ချမ်းသာအစစ်လဲ၊ ဘာသာဝါဒတွေထဲမှာ

ချမ်းသာအစစ် ဘယ်နေရာမှာ ရှိနိုင်သလဲ

ဘယ်ဝါဒမှာ ရှိနိုင်သလဲ လေ့လာလိုက်တဲ့အခါမှာ

ထေရဝါဒ ဗုဒ္ဓဘာသာမှာ အနှစ်သာရ တကယ့်ငြိမ်းချမ်းမှုဆိုတာ

ရှိတယ်ဆိုတာ သိတဲ့အတွက်ကြောင့် တပည့်တော်တို့က

ဟို ရုပ်ဝတ္ထုတွေက တန်ဘိုးမရှိဘူးဆိုတာ

သိပြီးသားလည်း ဖြစ်လို့

ဒီဘက်က နာမ်ဘက် စိတ်ရဲ့ငြိမ်းချမ်းမှု ရဖို့

ရအောင်တပည့်တော်တို့က လာရှာကြပြီ၊

တပါးဆို တပါး တကယ်ကို အသိနဲ့ ရှာကြတော့

တဖြေးဖြေး တဖြေးဖြေးနဲ့ တပည့်တော်တို့က

များလာခဲ့ရင် တပည့်တော်တို့တတွေက

ဒီအနှစ်သာရကိုပဲ ဦးစားပေးကြတော့မှာ..

ဒါ့ကြောင့် တဖြေးဖြေးနဲ့ တပည့်တော်တို့ဆီမှာ

အင်အားတွေ များလာနိုင်ပြီးတော့

အရှင်ဘုရားတို့ဆီမှာ ထေရဝါဒရဲ့ အနှစ်သာရ

လိုက်တဲ့ ပုဂ္ဂိုလ်တွေက နည်းသွားမှာမို့လို့

နောက် နှစ်များ ရာချီ ထောင်ချီ ကြာလာခဲ့ရင်တော့

အရှင်ဘုရားတို့ဆီက ထေရဝါဒဗုဒ္ဓဘာသာရဲ့

အနှစ်သာရ ရလိုသိလိုတဲ့ ပုဂ္ဂိုလ်တွေ

အနောက်ဥရောပ လာရမယ် ထင်တယ်"..တဲ့၊

#မစိုးရိမ်တိုက်သစ်
#မဟာနာယကဆရာတော် #ဦးဝါသေဋ္ဌာဘိဝံသ။ သြဝါဒများထဲမှကောက်နူတ်ချက်
Credit
ပြန်လည်မျှဝေပါသည် BH😍

27/11/2023
The festival celebrates the Buddha's descent from heaven, where he had spent three months teaching the sacred Abhidhamma...
22/10/2023

The festival celebrates the Buddha's descent from heaven, where he had spent three months teaching the sacred Abhidhamma to his mother and other heavenly gods.

22/10/2023

Reborning!

Address

Raffles Park
680453

Telephone

+6581682889

Website

Alerts

Be the first to know and let us send you an email when Myo Satt Thit Donation Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myo Satt Thit Donation Group:

Share