Dhamma Channel

Dhamma Channel မဂ်လာပါ ...

ဓမ္မနှစ်သက်သူမျ?
(1)

"ငါးပါးသီလ လုံခြုံခြင်း၏ အကျိုးကျေးဇူး" အနာရောဂါ ကင်းရှင်းပြီး အသက်ရှည်စွာ နေရတာဟာ "ပါဏာတိပါတ"လုံခြုံခြင်းရဲ့ အကျိုးဆက် ...
31/01/2025

"ငါးပါးသီလ လုံခြုံခြင်း၏ အကျိုးကျေးဇူး"

အနာရောဂါ ကင်းရှင်းပြီး အသက်ရှည်စွာ နေရတာဟာ
"ပါဏာတိပါတ"လုံခြုံခြင်းရဲ့ အကျိုးဆက် ဖြစ်တယ်

ပစ္စည်းဥစ္စာ ရှာဖွေလွယ်ခြင်း၊ ရရှိပြီးတဲ့
ဥစ္စာငွေကြေးများ တည်တန့် ခိုင်မြဲခြင်းဟာ
"အဒိန္နာဒါန"လုံခြုံခြင်းရဲ့အကျိုးဆက် ဖြစ်တယ်

• အများအလယ် ဂုဏ်သရေရှိရှိ နေနိုင်တာဟာ
"ကာမေသုမိစ္ဆာစာရ" လုံခြုံခြင်းရဲ့အကျိုးဆက် ဖြစ်တယ်

• မဟုတ်မတရား အစွပ်စွဲမခံရတာဟာ
"မုသာဝါဒ"လုံခြုံခြင်းရဲ့ အကျိုးဆက် ဖြစ်တယ်

• အတွေးအခေါ်. ခုခေတ်လိုဆို
IQမြင့်ခြင်းဟာ "သုရာမေရယ" လုံခြုံခြင်းရဲ့
အကျိုးဆက် ဖြစ်တယ်

• ဒါကြောင့်မို့ ဒီလိုပြည့်စုံစွာ ရပ်တည်နိုင်အောင်
ငါးပါးသီလ လုံခြုံစွာ စောင့်ထိန်းရမယ်လို့
မြတ်စွာဘုရားက မိန့်ကြားခဲ့တာ ဖြစ်ပါတယ်

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ 🙏🙏🙏

❝ ရေချမ်းကပ်တာ၊ ဆွမ်းတော်တင်တာ၊ ပန်းကပ်တာတွေက ဘုရားအတွက်မဟုတ်ဘူး ❞ ဆွမ်းတော်တင်တာ၊ရေချမ်းကပ်တာတွေဟာ ဘုရားအတွက်မဟုတ်ဘူးဗျ...
31/01/2025

❝ ရေချမ်းကပ်တာ၊ ဆွမ်းတော်တင်တာ၊
ပန်းကပ်တာတွေက ဘုရားအတွက်မဟုတ်ဘူး ❞

ဆွမ်းတော်တင်တာ၊ရေချမ်းကပ်တာတွေဟာ
ဘုရားအတွက်မဟုတ်ဘူးဗျ ၊ကိုယ့်အတွက်...

ကိုယ်ကောင်းကောင်း မွန်မွန်လုပ်ရင်
ကောင်းကောင်းမွန်မွန်အကျိုးရမှာပဲ

ဝတ္တရားလို သဘောထားပြီး ဝတ္တရားလိုပဲလုပ်ရင်
အကျိုးပေးကလည်း ဝတ္တရားပေး ပေးမှာပဲ

သက်တော်ထင်ရှား ဘုရားရှင်ကိုမှန်းဆကာ
စေတနာသုံးတန်ပြဋ္ဌာန်းပြီး စေတနာပါပါလုပ်ရင်
အကျိုးပေးတဲ့အခါမှာလည်း
ထူးထူးခြားခြား အကျိုးပေးမှာပဲ

ဆွမ်းစတာတွေကို ဘုရားရှေ့မှာသွားလှူတာဟာ
ကိုယ့်အတွက် ကောင်းကျိုးတရားတွေကို သွားယူတာ
ကိုယ်ယူတတ်ရင် ယူတတ်သလောက်ရမှာပဲ

အလှူဆိုတာ တကယ်တော့ အယူပါ
မယူတတ်ရင်ကုန်မယ် ယူတတ်ရင်စုံတယ်

စေတနာလေး စစ်စစ်သာထား

အမယ်... နည်းတယ်ထင်တဲ့ ဒီကုသိုလ်လေးက
သွားချင်တဲ့ နတ်ပြည်ကိုသွားလို့ရတယ်ဗျ
အမြတ်များတယ် လှူတတ်ရင်ပေါ့………။

🙏ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး🙏

30/01/2025
အကောင်းနဲ့ကြုံသည်ဖြစ်စေ၊ အဆိုးနဲ့ကြုံသည်ဖြစ်စေ ဘုရားဂုဏ်ကို အာရုံပြုဖို့ မပျက်တာ သူတော်ကောင်းစိတ်ကွယ့်"လူကိုယုံသော်လည်း ...
30/01/2025

အကောင်းနဲ့ကြုံသည်ဖြစ်စေ၊ အဆိုးနဲ့ကြုံသည်ဖြစ်စေ
ဘုရားဂုဏ်ကို အာရုံပြုဖို့ မပျက်တာ
သူတော်ကောင်းစိတ်ကွယ့်

"လူကိုယုံသော်လည်း စကားစုံ အကုန်မမြွက်နှင့်"တဲ့
"အပူကြုံသော်လည်း ဘုရားဂုဏ် အာရုံမဖျက်နှင့်"တဲ့

ဘုရားဂုဏ်တစ်ချက် အောက်မေ့နေရင် ဝင်မွှေမယ့်
ကိလေသာ တစ်ချက် ဘေးထွက်သွားရတယ်

ဘုရားဂုဏ်တစ်ချက် လင်းနေရင်လည်း
အတွင်းက ထကြွမယ့်ကိလေသာ တစ်ခါ
သေရပြန်တယ်ကွယ့်

တရားဂုဏ်၊ သံဃာ့ဂုဏ်များလည်းပဲ ဘုရားဂုဏ်နှင့်
သတ္တိချင်း အတူတူပါပဲ

" ရတနာထိုက်တဲ့ သည်ဂုဏ်တွေ အာရုံပြုနေမိရင်ပဲ
သူတစ်ပါးထံစိတ်က ဝင်ရောက်မသွားတော့ဘူး

သူ့ထံ စိတ်မရောက်တော့တဲ့အတွက်
သူ့လက်အပ်နှံထားရတဲ့ သူ့စိတ်မဟုတ်တော့ဘူး
သူပိုင်မဟုတ်ရင် သူအကိုင်မခံရတော့ဘူးပေါ့

ကိုယ့်စိတ် သူမပိုင်လို့ သူမကိုင်တော့ရင်
ကိုယ့်စိတ် ကိုယ်ပိုင်ပြီး ကိုယ်လိုသလို ကိုင်နိုင်ပြီပေါ့

"ကိုယ့်စိတ်သူကိုင် သူအနိုင်မကျင့်တော့လို့ စိုးရွံ့
ထိတ်လန့်စရာမလို, ကိုယ့်စိတ်ကိုယ်ပိုင် ကိုယ်လိုသလို
ပိုင်နိုင်နေလို့လည်းပဲ စိုးရွံ့ထိတ်လန့်စရာမလို။

သည်အကျိုးနှစ်မျိုးက ရတနာ့ဂုဏ်ရဲ့ သတ္တိထူးတွေကွယ့်

“အေး.....ရတနာဂုဏ် ယုံကြတာဟာ သဒ္ဓါယုံနဲ့
မလုံလောက်ဘူး။ ပညာယုံ အလေးတင်းမှ
ရှင်းရှင်းကြီး လုံလောက်တယ်”

“သဒ္ဓါနောက် ပညာအကူမထောက်ရင် သတ္တိဂုဏ်ပျောက်၊
ပုဂ္ဂိုလ်မှာတင်ပဲ လမ်းစပျောက်နေတတ်တယ်။ အဲဒါ
တစ်ဘီးလိမ့်ကွယ့်၊ ဘက်စုံမဟုတ်တော့ လမ်းချော်ရော ”

“ပညာနောက် သဒ္ဓါမပေါက်ရင်လည်းပဲ ပုဂ္ဂိုလ်မှာပဲ
မေးတင် ခပ်အင်အင် ဖြစ်နေပြန်ရော။ ပညာ, သဒ္ဓါ, နှစ်ဖြာ တွဲစပ်မိမှ ဂုဏ်နဲ့ ပုဂ္ဂိုလ်ဟပ်မိလေမှာ ”

“သဒ္ဓါလွန်တော့ရာဂ၊ ပညာလွန်တော့လည်း မာန” လို့
ဆိုတာကိုး၊

ဆင်းရဲဒုက္ခအမျိုးမျိုးနဲ့တွေ့ကြုံနေရချိန်မှာပင်
ရတနာသုံးပါး ဂုဏ်တော်ကျေးဇူးတွေကို
မမေ့မလျှော့ သတိရနေအောင်ကြိုးစားကြ။

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

🩵အိုဘယ့်ကုသိုလ်🩵--------------          များမြောင်လှတဲ့အလုပ်တာဝန်နဲ့ သီးသန့်အချိန်မပေးနိုင်တဲ့သူတွေက ကုသိုလ်လုပ်ဖို့မရနိ...
21/01/2025

🩵အိုဘယ့်ကုသိုလ်🩵
--------------

များမြောင်လှတဲ့အလုပ်တာဝန်နဲ့ သီးသန့်
အချိန်မပေးနိုင်တဲ့သူတွေက ကုသိုလ်လုပ်ဖို့မရနိုင်
လို့ ဝမ်းနည်းအားငယ် စိတ်ဆင်းရဲနေတတ်ကြပါတယ်။

တစ်ချို့ကြပြန်လည်းငွေကြေးလိုအပ်ချက်
တွေများနေရပြန်တော့ မဖြစ်မနေ ဦးစားပေးရမဲ့
ကဏ္ဍတွေနဲ့ ကုသိုလ်ရေးဖက် အလှည့်မရောက်နိုင်
ကြပြန်ဘူး။

အကြောင်းပြချက်တွေအမျိုးမျိုးနဲ့ ကုသိုလ်
ရေးဖက် မျှားဦးမလှည့်နိုင်တဲ့နေ့ရက်တွေများလာ
တော့ တစ်နေ့နေ့ တစ်ချိန်ချိန် အခါအခွင့်သင့်လာ
ရင် ငါ ကုသိုလ်ကြီးတစ်ခုလောက်တော့လုပ်ဖြစ်နိုင်
လောက်ပါရဲ့လို့မှန်းထားတဲ့မျှော်လင့်ချက်ကလေး
တွေလည်း ဝေဝါးနေကြရပြန်ရဲ့။

ဘက်ပြန်လှည့်ပြီးတွေးကြည့်ရအောင်။

ငွေကြေး အချိန်အခါနဲ့ အနေအထား ဘာမှစောင့်နေ
စရာမလိုပါဘူး။စိတ်ကလေးတစ်ချက် ထားတတ် ရင်ဘဲ ကုသိုလ်ဆိုတာ အချိန်တိုင်း အချိန်တိုင်း မှာ
ကိုယ့်အနားတစ်ဖဝါးမှမခွါ ရှိနေပါတယ်။

သတိမမူမိကြလို့ပါ။

အိမ်ရှင်မဆိုလဲ မိသားစုအတွက်နေ့စဉ် ချက်
ရေးပြုတ်ရေးမှာ ဘုရားဆွမ်းတော်ဆက်ကပ် အလှု
ဒါနပြုရန်အတွက် ငါ စဉ်ဆက်မပြတ်ကုသိုလ်အာရုံ
နဲ့လုံ့လထုတ်ခွင့်ရနေတာ နည်းတဲ့ကုသိုလ်ပမာဏ
မဟုတ်ပါလား။

မြတ်ဗုဒ္ဓက သက်ရှိထင်ရှားဘုရားဖြစ်စေ ရုပ်တုဖြစ်စေ ဆင်းတုတော်ဖြစ်စေ ပုံတော်ဖြစ်စေ လှူဒါန်းတဲ့သဒ္ဓါတရားသာ တူပါစေ အကျိုးပေးလည်း အတူတူပါပဲ လို့ ဟောကြားထားပါတယ်။

ဒါဆိုရင် ကျွန်မတို့ဟာ သက်ရှိထင်ရှားဘုရားကို နေ့တိုင်း ဆွမ်း ပန်း ရေချမ်း ဆီမီး စတဲ့ အလိုရှိရာ လှူဒါန်းခွင့်ရနေတာ မဟုတ်ပါလား လို့ စိတ်ကိုဘက်ပြောင်းထားကြည့်ပါ။ ဒါဟာ အင်မတန်ရခဲ့တဲ့ အခွင့်အရေးကြီးပါပဲ။

လူဖြစ်ခွင့်ရတုန်း ထူးမြတ်လှတဲ့ဒါနကုသိုလ်ကြီးကို
နေ့စဉ်ပြုခွင့်ရနေတာက နည်းနည်းနောနော ပါရမီ
ကုသိုလ်ကြီးမဟုတ်ဘူးနော်။

မနက်ပိုင်း ဘုရားရှင်အတွက်ဆိုပြီး ဈေးသွား ဈေးဝယ် နေကြရတဲ့ ခြေလှမ်း တွေဟာလည်း ခြေတလှမ်း ကုဋေ တသန်းတန် ဖြေလှမ်းတွေပါလို့ ပြောရင် လွန်မယ်မထင်ပါဘူး။

ဘုရားရှင်အတွက် ဈေးသွား ဈေးဝယ် လှီးဖြတ် ချက်ပြုတ် ဆွမ်းကပ်ကြတဲ့ သာမန်အလေ့အထ ကနေ ချက်စဉ်
အစ ကပ်စဉ်အဆုံး ယူတတ်ရင်တော့ ကုသိုလ်တွေ
ချည်းပါလေ။

ဒါ့အပြင် မိသားစုအတွက်ဆိုရင်လည်း ဝတ်
ကျေတန်းကျေမျိုး ပြီး ပြီးရောမဟုတ်ပဲ စေတနာ
အပြည့်အဝနဲ့ ချက်ပြုတ်ကျွေးမွေး ပြုစုပြန်တာက
လည်း ကောင်းသောစေတနာဖြင့် ကံကုသိုလ်တွေ နေ့စဉ်နဲ့အမျှ ထပ်တိုးစုဆောင်းနေပြန်တာပါပဲ။

အမိ အဖတွေ ရှိကြသေးရင်လည်း စိတ်ရှည်
လက်ရှည် ပြုစုယုယ ကျွေးမွေးပေးကမ်းထောက်ပံ့ ခွင့် ရနေသရွေ့ လုပ်ကျွေးခွင့်ရနေသရွေ့ သိကြား
မင်းဆီကတောင် တစ်နေ့သုံးကြိမ် ရှိခိုးဂုဏ်ပြုခံရ
တဲ့အထိ ကြီးကျယ်ခန်းနားလွန်းတဲ့ ရွှေကုသိုလ်ကြီး
တွေ အလကားရနေတာပါ။

အလုပ်သမားနဲ့အိမ်အကူတွေရှိတဲ့အိမ်ရှင်မ
ဆိုလဲ ထိုသည့်သူတွေကို ငါတို့စားသလို စားရပါစေ
သူတို့လဲ စားကောင်းသောက်ဖွယ်တွေစားချင်ကြမှာ ပဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့ ကိုယ်တတ်နိုင်တဲ့
အနေအထားအလိုက် စေတနာလေးထားပြီးကြည်
ဖြူစွာ ကျွေးမွေးပေးကမ်းနေခြင်းကလဲ အိမ်တွင်း
ကုသိုလ်အဖြစ် နေ့စဉ်လုပ်လို့ရနေပါတယ်။

တိ လေးတွေမွေးထားရင်လည်း ထိုနည်း၎င်း
ငါတို့ကျွေးမှစားရမဲ့ခလေးတွေပါလားလို့စေတနာနဲ့
မေတ္တာအပေါ် ဂရုဏာလေးထပ်လောင်းပြီး ကုသိုလ်
တွေ မကုန်နိုင်မခမ်းနိုင် သဲ့ယူနေလို့ရပါသေးရဲ့။

ဒါကအိမ်တွင်းကုသိုလ်တွေ ရေးရင်တော့မကုန်နိုင်ပါဘူး။

အိမ်ပြင်ကုသိုလ်ဆိုလဲ သွားရင်းလာရင်း စျေး
ဝယ်ရင်း ကိုယ်တတ်နိုင် စွမ်းနိုင်သလောက် နည်း
များမဟူ ကြုံခိုက် ဆုံခိုက် အလျဉ်းသင့်သလို လှူနိုင်
ပေးနိုင် ကမ်းနိုင်ပါသေးတယ်။

အလှူခံပုဂ္ဂိုလ်ပေါများတဲ့
နိုင်ငံမှာနေထိုင်ခွင့်ရနေသရွေ့ ကုသိုလ်သည်လည်း
ယူတတ်ရင်မကုန်နိုင်မခမ်းနိုင်ပါလေ။

ဒါ့ပြင် တစ်ဆယ့်နှစ်လ ရာသီလုံးမှာ စုပေါင်း
စပ်ပေါင်းပါဝင်နိုင်သော လုပ်အားဒါန ကာလဒါန
တွေကလည်းမနည်းမနော။ကိုယ်တတ်နိုင်တဲ့ အနေ
အထားအလျောက် ပါဝင်ခွင့်ရနေပါရဲ့။

ကောင်းမှုကုသိုလ် အကြီး အသေးဆိုတာဟာ
လည်း ကိုယ့်ရဲ့ စေတနာ အနည်းအများနဲ့ စိတ်စေ
တနာ သန့်ရှင်းမှု မသန့်ရှင်းမှု ၊ဖြူစင်ကြည်ဖြူမှု
မကြည်ဖြူမှူ ရယူလိုမှူလောဘကင်းမကင်းအပေါ်
တိုက်ရိုက်အချိုးကျနေပါတယ်။

စေတနာကောင်းလျင် ကုသိုလ်ကံကောင်းပါ
တယ်။ဆိုခဲ့တဲ့အတိုင်း ကုသိုလ်ဆိုတာ မိမိအလိုရှိနေ သရွေ့ အနားမှာအဆင်သင့်ရှိနေပါတယ်။

🍁အလိုရှိသရွေ့ ကုသိုလ် အစဉ်ပြုခွင့်ရနိုင်ကြ

ပါစေကြောင်း ဆုမွန်ကောင်းဖြင့် ဓမ္မဒါနပြုပါ၏။


မြနန်းခေမာ🙏🙏🙏

 #ပေးနိုင်တဲ့ဘဝဟာ_အကောင်းဆုံး➖➖➖➖➖➖➖➖➖➖➖➖လူတိုင်းအပေါ် မေတ္တာစေတနာထားပါ မေတ္တာစေတနာပေးပါသူတို့နိုင်သလောက် ယူပါလိမ့်မယ် စ...
20/01/2025

#ပေးနိုင်တဲ့ဘဝဟာ_အကောင်းဆုံး
➖➖➖➖➖➖➖➖➖➖➖➖

လူတိုင်းအပေါ် မေတ္တာစေတနာထားပါ မေတ္တာစေတနာပေးပါ
သူတို့နိုင်သလောက် ယူပါလိမ့်မယ်

စေတနာဟာ လူတိုင်းနဲ့ မတန်တာ မှန်ပါတယ်
ဒါပေမယ့် သူတို့နဲ့တန်သလောက်တော့ ထားလိုက်ပါ

မိမိမေတ္တာစေတနာ သူတို့ရမရ မသေချာပေမယ့်
ကိုယ့်အတွက်ကတော့ ကိုယ်ထားသလောက် ကိုယ်ပြန်ရမှာ သေချာပါတယ်

မိမိ သူ့အပေါ်ထားလိုက်တဲ့ မေတ္တာစေတနာဟာ
သူ့ဆီက တိုက်ရိုက် ကိုယ့်ထံပြန်လာမလာ မသေချာပေမယ့်

တစ်ဦးဦးဆီက တစ်နေရာရာက
လမ်းကြောင်းရှာဖွေပြီး ပြန်လာပါလိမ့်မယ်

မေတ္တာစေတနာဆိုတာ ရောင်ပြန်ဟပ်ပါတယ်
အချိန်တော့ စောင့်ချင်စောင့်ရပါလိမ့်မယ်

လူမိုက်ကြီး အရှင်ဒေဝဒတ်တောင် နောက်ဆုံးအချိန်ကျ
ဘုရားရှင်ရဲ့ မေတ္တာစေတနာကို နားလည်သွားပါတယ်

မိမိဘဝအတွက် လုံခြုံစိတ်အချရဆုံး၊ မိမိအတွက် အားအကိုးရဆုံးအရာဟာ
မိမိရဲ့မေတ္တာစေတနာပဲဖြစ်တယ်

မိမိဘဝအတွက် ကောင်းကျိုးချမ်းသာတွေကို
တနင့်တပိုး သယ်ဆောင်လာမယ့်အရာဟာ
မိမိရဲ့ မေတ္တာစေတနာပဲ ဖြစ်တယ်

မိမိဘဝကို မြင့်တင်ပေးမယ့်အရာ၊ မိမိဘဝ
ုပြည့်စုံအောင် ဖြည့်ဆည်းပေးမယ့် အရာဟာ
မိမိရဲ့ မေတ္တာစေတနာပဲဖြစ်တယ်

ရေမြင့်မှ ကြာမြင့်ဆိုတာလို
မေတ္တာစေတနာမြင့်မှ ဘဝက မြင့်မှာ

မေတ္တာလိုချင် မေတ္တာပေးပါ
စေတနာလိုချင် စေတနာပေးပါ
မတ်ေတာစတေနာဆိုတာ
လိုအပ်နေတဲ့နေရာတွေ ချည်းပါပဲ

သူတော်ကောင်း သူမြတ်လောင်းဆိုတာ အပေးပဲရှိပါတယ်၊ အယူမရှိဘူး။

ပေးပြီးပျော်ရတာနဲ့ ယူပြီးပျော်ရတာဟာ ပေးပြီးပျော်ရတာက ပိုကောင်းပါတယ်
ကိုယ်ကပေးနိုင်တဲ့ဘဝမှာနေရတာ အကောင်းဆုံးပါပဲ

လောကမှာ ဘာပဲ လိုချင်လိုချင်
တစ်ခုခုလိုချင်ရင် မိမိက တစ်ခုခုအရင်ပေးရပါလိမ့်မယ်
မပေးဘဲနဲ့ ဘာမှ မရနိုင်ပါ

ပေးမှသာ ရနိုင်ပါတယ်
မပေးဘဲနဲ့ ယူချင်တဲ့စိတ်ဓာတ်ဟာ
အချောင်သမားစိတ်ဓာတ်မို့ မထားအပ်ပါဘူး

ပေးပြီးယူတာကတော့ အပြစ်မဟုတ်ပါဘူး
အယူမပါဘဲနဲ့ ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့
အဲဒီလို ပေးနိုင်မှသာ ပါရမီမြောက်ပါ

မိမိထားရှိလိုက်တဲ့မေတ္တာ စေတနာဟာ
အဟောသိကံ ဖြစ်မသွားပါဘူး
ပုပ်သိုးသွားတယ်ရယ်လို့ မရှိပါဘူး

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အပင်ပေါက်
အသီးသီးလာမှာ မုချပါပဲ

ကိုယ်က တောင့်တနေစရာမလိုပါဘူး
ဒီအစေ့စိုက်ရင် ဒီအပင်ပေါက်မှာပါ

ဒါကြောင့် တွေ့တဲ့လူတိုင်းအပေါ်အတတ်နိုင်ဆုံး မေတ္တာစေတနာထားလိုက်

စန္ဒကူးနံ့သာနှစ်ဟာ သူအပါအဝင် သူ့ပတ်ဝန်းကျင်တစ်ခွင်ကို သူ့ရနံ့နဲ့ သင်းပျံ့မွှေးကြိုင်စေသလို

မိမိရဲ့မေတ္တာစေတနာဟာ မိမိအပါအဝင် မိမိဝန်းကျင်တစ်ခွင် သာယာအေးချမ်းမှုရရှိစေမှာ အမှန်ပင်ဖြစ်ပါတယ်

#ဆရာတော်အရှင်ဆန္ဒာဓိက( ရွှေပါရမီတောရ )
သာဓု သာဓု သာဓုပါအရှင်ဘုရား🙏🙏🙏

Credit. 🙏
🌼𝓛𝓸𝓿𝓮𝓻 𝓸𝓯 𝓑𝓾𝓭𝓭𝓱𝓲𝓼𝓶.🌸
ထာဝရ သစ္စာ

တွေ့ဆုံခြင်းကိုတောင်  လိုလိုလားလား လက်ခံခဲ့သေးရင် ခွဲခွာခြင်းကိုလည်းကျေနပ်စွာ နှုတ်ဆက်ရလိမ့်မယ်။ဗုဒ္ဓက ဟောတယ်ငြိတွယ်မှုမ...
18/01/2025

တွေ့ဆုံခြင်းကိုတောင် လိုလိုလားလား လက်ခံခဲ့သေးရင်
ခွဲခွာခြင်းကိုလည်း
ကျေနပ်စွာ နှုတ်ဆက်ရလိမ့်မယ်။

ဗုဒ္ဓက ဟောတယ်
ငြိတွယ်မှုမှန်သမျှဟာ ဆုံးရှုံးဖို့ရာချည်းပဲတဲ့ ။

တစ်စုံတစ်ခုကို ငြိတွယ်မိပြီ ဆိုတာနဲ့
အချိန်မရွေး ဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့

သဘောတရားကို နားလည် လက်ခံထားရမယ် ✨👏

ကိုယ့်အရွယ်ကို မမေ့နဲ့အသက်အရွယ်လေး ရလာပြီဆိုရင် တစ်ဦး တစ်ယောက် အတွက်အချိန်တိုင်း လွမ်းဆွတ်တမ်းတနေရမယ့် အရွယ်မဟုတ်တော့ဘူး...
16/01/2025

ကိုယ့်အရွယ်ကို မမေ့နဲ့

အသက်အရွယ်လေး ရလာပြီဆိုရင်
တစ်ဦး တစ်ယောက် အတွက်
အချိန်တိုင်း လွမ်းဆွတ်တမ်းတနေရမယ့် အရွယ်
မဟုတ်တော့ဘူး ။

ပြန်မရနိုင်တော့တဲ့အရာတွေ
တမ်းတရင်း ဝမ်းနည်းနေရမယ့် အရွယ်
မဟုတ်တော့ဘူး ။

တစ်စုံတစ်ယောက်ကို နာကျည်းပြီး
မုန်းတီးနေရမယ့်အရွယ် မဟုတ်တော့ဘူး ။

အရွယ်လေး ရလာတော့
တွေးတွေးဆဆနဲ့ပေါ့
ချစ်တာတွေ မုန်းတာတွေ ဘေးဖယ်
အလိုက်သင့်နေရမယ့် အရွယ် ဖြစ်နေပြီ ။

အဆင်ပြေတာ မပြေတာ အပထား
ရင်ဘတ်ကြီးနဲ့ လိုက်မခံစားဘဲ
ဘ၀ကို ပေါ့ပေါ့ ပါးပါး
ဖြတ်သန်းရမယ့် အရွယ် . . .

ဒီလူက ကိုယ့်ကို မချစ်ဘူး
မခင်တွယ်ဘူးမဟုတ်လား
ထားခဲ့လိုက်တော့ ။

ဒီလူက ကိုယ့်ကို
သံယောဇဉ်မရှိဘူး မဟုတ်လား
သူ့အတွက် အချိန်တွေ အကုန်ခံမနေပါနဲ့ ။

ကိုယ့်အပေါ်မှာ
နားမလည်နိုင်တဲ့လူ
ကိုယ်ချင်းစာ မပေးနိုင်တဲ့လူ
မခင်တွယ်နိုင်တဲ့သူ
မကြင်နာနိုင်တဲ့သူ
သတိမရတဲ့သူ
သူ့အကြောင်းတွေ မတွေးနဲ့တော့
လွှတ်ချထားခဲ့လိုက်ပါ ။

ဘာလို့လဲ သိလား
အချိန်တွေ သိပ်မရှိတော့ဘူး
အရွယ်တွေ ရလာပြီ
ကုသိုလ်တွေ လုပ်ရဦးမယ်လေ.......။

အရည်မရ အဖတ်မရနဲ့
အလကားနေရင်း တခြားလူကို
တဖက်သတ်တွေ လိုက်ပြီး အမုန်းပွားနေရသေးရင်
အရွယ်မြန်မြန်ကျတာဘဲအဖတ်တင်မယ်.... အကုသိုလ်တွေဖြစ်မယ်.....။

ဒီ အသက်အရွယ်ထိ
အသိ သတိမရှိဘူးဆိုရင်
နောင်တတွေရစရာဖြစ်နေလေဦးမယ်။

ဘာလို့လဲဆိုတော့ အသက် ၈၀ ကျော်ထိနေရရင်တောင်မှ ရက်ပေါင်း ၃ သောင်းမပြည့်ဘူးရယ် ဒါတောင်ကျန်းမာနေမှပါ....အသက်ရှည်ပြီး ကုတင်ပေါ်လဲနေရသူတွေက အများသား။

ကိုယ်ကို ချစ်တဲ့သူ မုန်းတဲ့သူ
လိုလားတဲ့သူ မလိုလားတဲ့သူတွေဆိုတာ
သူ့သဘာဝနဲ့သူ ရှိနေကြတာပါ......

အထီးကျန်နေတဲ့အခါ
ချစ်တဲ့သူတွေ ခင်တဲ့သူတွေ
ပျောက်သွားရင်တော့
လိုက်မရှာနဲ့တော့

ဒီအရွယ်က
အချစ်ပျောက်ကို
လိုက်ရှာရမယ့်အရွယ် မဟုတ်တော့ဘူး
အထီးကျန်တိုင်း အဖော်မက်ရမယ့် အရွယ်
မဟုတ်တော့ဘူး ။

အရွယ် မကျအောင်
စိတ်ဓာတ် မကျအောင်
စိတ်ပျော်ရွှင်မှုနဲ့ စိတ်ချမ်းသာမှုနဲ့
ထိန်းရမယ့် အရွယ်။

ကုသိုလ်ကောင်းမှုတွေလုပ်ရင်း ငြိမ်းချမ်းရမယ့်အရွယ် ဖြစ်နေပြီလေ..........
ငယ်ငယ်တုန်းကလို ငယ်ဂုဏ်နဲ့
ပစ်စလက်ခတ်နေလို့ မရတော့ဘူး

လှလှပပ သပ်သပ်ရပ်ရပ်နဲ့
ကျော့ကျော့ ရှင်းရှင်း ၀တ်စားဆင်ယင်မှ
အမြင်တင့်တယ်တဲ့ အရွယ် ။

ရောက်လာတဲ့ အကြောင်းတရားတွေကို
အကောင်းမြင်စိတ်နဲ့ ကြိုဆိုရမယ့် အရွယ်လေ
ခံစားချက်တွေ ဘေးဖယ်
ပျော်အောင်နေတတ်ရမယ့် အရွယ် ။

ကိုယ့်အပေါ်
ချစ်သော ခင်သောသူများနဲ့
ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်မှ
စိတ်ကျန်းမာမယ့် အရွယ်
စိတ်ကျန်းမာရေးကို ဂရုစိုက်ရမယ့် အရွယ် ။

ဖြတ်သန်းရတဲ့ဘ၀က ကြမ်းရတဲ့အထဲ
လုပ်ကိုင် ရှာဖွေ စားဝတ်နေရေး
ခက်ခဲရတဲ့အထဲ ၊ အဆင်မပြေရတဲ့ကြားထဲ
ကိုယ့်အပေါ်
မချစ်မနှစ်သက်တဲ့သူတွေအကြောင်း
ရင်ဘတ်ထဲသိမ်းထားပြီး
ခေါင်းထဲပြန်ထည့်
သွားလေရာ သယ်ဆောင်သွားရမယ့် အရွယ်
မဟုတ်တော့ဘူး ။

အသက်တွေ ကြီးလာပြီမို့
အချိန်တွေ မဖြုန်းနဲ့တော့
ငိုဖို့ထက် ရယ်နိုင်အောင်ကြိုးစား ။

အချိန်တွေက ငယ်ရွယ်သူတွေလို
မပိုလျှံတော့ဘူးမို့
သက်တမ်းအရ
ကိုယ်က အရင် သွားကြရမှာမို့
တစ်ပါးသူကို ချစ်ဖို့ထက်
ကိုယ့်ကိုယ်ကို ချစ်ရမယ့် အရွယ်ပါလို့
ပြောပြချင်တာပါ ။

ကိုယ်အရွယ်က ရှေ့သို့ တရွေ့ရွေ့ သွားနေဆဲ ။

- credit to original with respect

ပဋ္ဌာန်းလည်းရွတ်၊ စိတ်ကောင်းလည်းမွေး၊ အမဲသားလည်းရှောင်------------------------------------------------------------------...
15/01/2025

ပဋ္ဌာန်းလည်းရွတ်၊ စိတ်ကောင်းလည်းမွေး၊ အမဲသားလည်းရှောင်
----------------------------------------------------------------------

မေး- မိမိတို့အိမ်ဂေဟာမှာ အလှူဒါန တစ်ခုခု ရည်ရွယ်ပြီး ပြုလုပ်တဲ့အခါ သင်ထား သိရှိပြီး မကျွတ်မလွတ်သေးတဲ့ မိဘဆွေမျိုး မိတ်သင်္ဂဟများ သာဓုခေါ်ဆို လို၍ အနီးအနား ရောက်လာကြတယ်။ ပဋ္ဌာန်းပါဠိတော်များ ရွတ်ထားပါက အနားမကပ်နိုင်ဘဲ မေတ္တာပို့ အမျှပေးဝေမှုကို သာဓုမခေါ် နိုင်ကြဘူးလို့ သိရပါတယ်။ အဲဒါကြောင့် ပဋ္ဌာန်းပါဠိတော် မြတ် မရွတ်ပွားဖို့လိုပါသလား။

ဖြေ- အဲဒါက တစ္ဆေတွေ သရဲတွေ မလာအောင် အဲဒီစေတနာနဲ့တော့ မရွတ်ကောင်းဘူး၊ ကိုယ့်ဟာကိုယ် မြတ်စွာဘုရားတရားကို ပူဇော်တဲ့အနေနဲ့ ရွတ်ရင် တစ္ဆေတွေ သရဲတွေ လာလဲ လာပါ တယ်။ လာပြီး အမျှဝေရင် သူတို့လဲ ရပြီး အဲဒီပုဂ္ဂိုလ်တွေချမ်းသာပါတယ်။ ချမ်းသာတဲ့အတွက် ပဋ္ဌာန်းပါဠိတော်ကို ကြိုးစားရွတ်ပါ။ ရွတ်တဲ့အခါလဲ တစ္ဆေတွေ သရဲတွေ မလာ နိုင်စေသတည်းလို့ မဆိုရဘူး၊ တစ္ဆေတွေ၊ သရဲတွေ၊ ပဋ္ဌာန်း တရားနာလာကြပါ၊ မင်းတို့လဲ ချမ်းသာပါစေ၊ အဲလို စေတနာ နဲ့ ရွတ်ရတယ်။ အဲလိုဆို သူတို့လာကြတယ်။ လာလဲ ဘာမှ အန္တရာယ် မပြုဘူး၊ အားကိုးပြီးလာကြတာနော်။

တကယ်လို့ ကိုယ်က မလာစေချင်တဲ့၊ မလာနိုင်အောင် နတ်တွေက တားပေးပါဆိုရင် ဝမ်းနည်းပက်လက်ဖြစ်ပြီး ပြန်သွားကြ တာနော်။ အဲဒီတော့ မကောင်းပါဘူး၊ မင်းတို့လာကြစေ၊ မင်းတို့ တရားလာနာကြ၊ အဲဒီလို တရားနာခိုင်းရင် ကောင်းပါ တယ်။

လယ်တီဆရာတော်ကြီးအကြောင်း ပြောဘူးသေးလား၊ ထပ်ပြောလိုက်ပါဦးမယ်၊ လယ်တီဆရာတော်ဆိုတာ နာမည် ကျော်ပေါ့၊ မြန်မာနိုင်ငံမှာ၊ မုံရွာ။
လယ်တီဆရာတော်ကြီးက မန္တလေးမှာ စာတွေသင်၊ သင်လို့အကုန်လုံး တတ်မြောက်ပြီဆိုတော့ မုံရွာပြန်လာတယ်။ နေ့ခင်းစာချ၊ ညကျ သင်္ချိုင်းသွား တရားအားထုတ်၊ အဲဒီလို နေတော့ တစ္ဆေတွေ သရဲတွေ လာကြတာတဲ့၊ ဆရာတော်ကြီး ကို အမျိုးမျိုးခြောက်တယ်၊ လှန့်တယ်၊ အေး မင်းတို့ကလဲ ခြောက်ဖို့ လှန့်ဖို့တာဝန်ရှိ ခြောက်ပေါ့ကွာ၊ ငါကတော့ တရားအားထုတ်ရမယ့် တာဝန်ရှိလို့ တရားအားထုတ်မှာ။ အဲလိုဆိုပြီး အားထုတ်တယ်။ နောက်ပိုင်းကျတော့ ယဉ်ကျေး
လာသတဲ့၊ တစ္ဆေတွေ၊ သရဲတွေက၊ တချို့က ရှိခိုးတယ်။

အေး ဟိုကောင်လိမ္မာလာပြီ ဆိုစမ်း ဗုဒ္ဓသရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ဆရာတော်ကြီးက ချပေး၊ တစ္ဆေတွေက လိုက်လိုက်ဆိုသတဲ့၊ အဲလိုက်ဆိုတဲ့ ကောင်တွေ မကြာခင်ပျောက်သွားတာ၊ ပျောက်ပျောက်သွား တယ် ဆိုတာ လူ့ဘုံ နတ်ဘုံရောက်ရောက်သွားဘာ၊ အဲလို နေတော့ မုံရွာနားရှိတဲ့ တစ္ဆေတွေ ကုန်သလောက်နီးနီး ကျွတ်တမ်းဝင်ကြတယ်။

နောက် ဘေးကရွာက တစ္ဆေတွေပါ ခေါ်လာကြသတဲ့၊ သူတို့ကိုလဲ ဆုံးမပါဦးဘုရားလို့ ပြောကြသတဲ့၊ ဆိုဟေ့ ဟိုအကောင်၊ ဗုဒ္ဓသရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ အဲလိုနဲ့ သိမ်မွေ့လာ၊ နောက်ပိုင်း ကျတော့ တစ္ဆေပရိသတ် အကြီးကြီး များလာတာ။ လူပရိသတ် ထက်များသတဲ့၊ ဆရာတော်ဘုရား တပည့်တော်တို့ ဆုတောင်း မလို့ဘုရား၊ ဘာဆုတောင်းမှာတုန်း မင်းတို့က၊ ငါက ပေးနိုင် အုံးမှကိုးလို့ ပြောသတဲ့၊ ပေးနိုင်ပါတယ်ဘုရား၊ ပေးပါဦး ဘုရား၊ ပြောလေကွာ၊ မင်းတို့က ဘာဆုတောင်းမှာတုန်း၊ ဆရာတော် အမဲသား မစားပါနဲ့ဘုရား၊ မစားဘူးကွာ ပေးနိုင် တယ် အဲဒီဆု၊ ဆရာတော် မစားသလို ဆရာတော်တပည့် ကိုရင်တွေ၊ ဦးဇင်းတွေ၊ ဒကာဒကာမတွေ မစားအောင် ဟောပေးပါဘုရား၊ ဟောပေးမယ်ကွာ၊ ငါတရားဟောတတ်
တယ်၊ အဲ ၂-ခု ရှိပြီ၊ နောက် ဘာလိုချင်သေးတုန်း။

လပြည့်နေ့တိုင်း လပြည့်နေ့တိုင်း တပည့်တော်တို့ကို အမဲသား တစ်ပိဿာနဲ့ ဆန်တစ်စိတ်ချက်ပြီး ကျွေးပါဘုရား၊ ခွေးမသားတွေ မင်းတို့တော့ အမဲသားစား၊ ငါတို့တော့ မစားရ ဘူးလားကွာ၊ တပည့်တော်တို့ ငတ်လွန်း ဆာလွန်းလို့ပါ ဘုရား၊ ဆရာတော်မှ မကျွေးရင် မစားရဘူးဘုရား၊ ကျွေးပါ ဘုရားဆိုပြီး ဝိုင်းတောင်းပန်ကြတာတဲ့၊ ကဲ အဲဒါဆိုရင် ငါ ဦးဇင်း ၁-ပါး၊ ကိုရင် ၁-ပါး၊ ကျောင်းသား ၁-ယောက်ခန့် ထားပြီးတော့ ဥပုသ်နေ့တိုင်း ည ၈-နာရီမှာ ကျွေးမယ်၊ လာကြ၊ ဒါပေမယ့် ငါ့ဦးဇင်းတွေ ကိုရင်တွေ ဒကာ ဒကာမ တွေကို မခြောက်မလှန့်ရဘူးနော်လို့ ပြောသတဲ့၊ အရှင်ဘုရား တပည့်တော်တို့ ကူညီစောင့်ရှောက်မှာပါဘုရားလို့ ပြောသတဲ့။

အေး အဲဒါနဲ့ လယ်တီဆရာတော်ကြီး အမဲသား မစားတဲ့ တရားတွေ ဟောတယ်။ အခုအထိ မုံရွာလယ်တီကျောင်းတိုက် က ဘုန်းတော်ကြီးတွေ သူ့တပည့်တပန်းတွေက လပြည့်နေ့၊ ဥပုသ်နေ့ဆိုရင် တစ္ဆေတွေကျွေးတယ်၊ တစ္ဆေတွေ လာစား ကြတယ်။ မခြောက်ပါဘူး၊ ကျေးဇူးတင်လွန်းလို့နော်၊ တပည့်တော်တို့ ဆာလွန်းလို့ပါ။ သူများတွေ လွင့်ပစ်ထားတဲ့ ထမင်းလုံးလေးတွေ၊ ဟင်းဖတ်လေးတွေ လိုက်ကောက်စားရ ပါတယ်ဘုရား၊ တစ်ခါတလေ သူများထွေးပစ်တဲ့ တံတွေးတွေ၊ နှပ်တွေ၊ ချွဲတွေပဲ စားနေရပါတယ်ဘုရား။ တစ်ပတ် တစ်ခါ တစ်လတစ်ခါတော့ ကျွေးပါဘုရားလို့ ဝိုင်းတောင်း ပန်ကြတယ်နော်။ ကဲ ဆိုစမ်းပါဦး။

ဗန်းမော်ဆရာတော်ဘုရားကြီး၏ ပဋ္ဌာန်းတရားတော် စာအုပ်မှ-

မေတ္တာဖြင့်
ဘကြီး
ဆန်း၉ ၊၉၊ ၁၃၈၅(ကြာသာပတေး)

လူဆိုတာ.....လူဆိုတာ တန်ဖိုးရှိလေ တိတ်ဆိတ်လေ ။တန်ဖိုးမဲ့လေ ဆူညံလာလေ။လူဆိုတာမြင့်မြတ်လေ တည်ငြိမ်လာလေ။ယုတ်နိမ့်လေ ဗရုတ်ကျလေ...
15/01/2025

လူဆိုတာ.....

လူဆိုတာ
တန်ဖိုးရှိလေ တိတ်ဆိတ်လေ ။
တန်ဖိုးမဲ့လေ ဆူညံလာလေ။

လူဆိုတာ
မြင့်မြတ်လေ တည်ငြိမ်လာလေ။
ယုတ်နိမ့်လေ ဗရုတ်ကျလေ။

လူဆိုတာ
သီလရှိလေ စကားနည်းလေ။
သီလမဲ့လေ စကားများလေ။

လူဆိုတာ
အမှားများလေ ဖုံးဖိနေရလေ။
အမှားနည်းလေ တည်ငြိမ်အေးချမ်းလာလေ။

လူဆိုတာ
အလိုကြီးလေ ရန်သူပေါလေ။
အလိုနည်းလေ မိတ်ဆွေပေါလေ။

လူဆိုတာ
အတ္တကြီးလေ ခက်ထန်လေ။
အတ္တနည်းလေ မျက်နှာချိုအေးလာလေ။

ကျေးဇူးရှင်
ပါချုပ်ဆရာတော်ဘုရားကြီး
🙏🙏🙏

ထိုင်ဣရိယာပုဒ် ဖြင့် ခန္ဓာဝန်ချ ပျံလွန်တော်မူပါသည် __________________________________________ဗုဒ္ဓမဏ္ဍိုင်အပြည်ပြည်ဆိုင်...
14/01/2025

ထိုင်ဣရိယာပုဒ် ဖြင့် ခန္ဓာဝန်ချ ပျံလွန်တော်မူပါသည်
__________________________________________

ဗုဒ္ဓမဏ္ဍိုင်အပြည်ပြည်ဆိုင်ရာပဋိပတ္တိဌာန(၁၀၈)ခန်း ကမ္မဋ္ဌာန်းတိုက်ကြီး၏
အာဒိကမ္မိက ကျေးဇူးတော်ရှင် နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်ကြီး

#ဘဝနတ်ကျောင်းစံပြောင်းတော်မူ

ဒီနေ့
ပြာသိုလပြည့်နေ့၊
နံနက် ၅ နာရီ ၄၀ မိနစ်ခန့်မှာ

ဆရာတော်ကြီး၊ ဘဝနတ်ကျောင်းစံပြောင်းတော်မူသွားတာပါ။

ဆရာတော်ကြီးသီတင်းသုံးရာ ဇောတိကာရုံကျောင်းဆောင်မှာ

ဓုတင်အကျင့်မြတ်နဲ့အညီ
ထိုင်လျှက်တရားရှုမှတ်စဉ်မှာပဲပျံလွန်တော်သွားတာပါ။

ဆရာတော်ကြီးဟာ ကိုးပါးသော ဓုတင်ကို သက်ဆုံးတိုင် ကျင့်ဆောင်ခဲ့တယ်။

ညပိုင်းထိလည်း ပုံမှန်ပဋ္ဌာန်းတရားပေးခဲ့တယ်။

သက်တော်ကြီးရင့်နေပေမယ့်လည်း
ပျံလွန်တော်မမူခင်နေ့အထိ
နေ့စဉ်ဒကာဒကာမတွေကို ချီးမြှောက်တဲ့အနေနဲ့ ဆွမ်းခံကြွပေးခဲ့ပါတယ်။

ရောဂါရှိတာတို့ ဝေဒနာဖိစီးနေလို့ ဆေးကုသနေရတာတို့ မရှိပါဘူး။

ရုတ်တရက်ပျံလွန်တော်မူသွားတာပါ " ဟု

ဆရာတော်ကြီး၏ တပည့်ရင်းတစ်ဦးက ဖြေကြားသည်။

ဟသ်ာတမြို့ဘုရားကြီးရပ်ကွက်!
ဘုရားကြီးကျောင်း
တိုကျ၏သွဝါဒါစရိယ
(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
အဂ္ဂမဟာကမ္မဌာနာစရိယ )
ဘဒ်ဒန်တပညာသာရ(နဝဓုတင်္ဂါ
စာရ)

သက်တော်(၇၆)နှစ်
သိက္ခာတော်(၅၂)ဝါသည်
(၁၃-၁-၂၀၂၅)
တနလ်ာနေ့
နံက်(၅)နာရီ(၄၅)မိနစ်အချိနတွင်
ဘဝနတ်ထံပြန်လွန်တော်မူခဲ့ပြီး
ကြွင်းကျန်ရစ်သောဥတုဇ
ရုပ်ကလာပ်တော်ကိုအပူဇော်ခံထားရှိကာ

(၁၉-၁-၂၀၂၅)
တနဂ်နွနေ့
နေ့လည်(၁၃း၀၀)နာရီအချိန်တွင်
အမှတ်(၁၈)
ခြေလျင်တပ်ရင်းရှေ့ရှိ ဆရာတော်ကြီး၏အပြည်ပြည်ဆိုင်ရာပဋိပတ္တိဌာန ဓာတ်တော်တိုက်သို့စံကျောင်းပင့်ဆောင်၍
တပည့်ဒါယကာ/မများကအပူဇော်ခံထားရှိမည်
ဖြစ်ပါသည်"

🙏🙏🙏

ရေစက်ရှိလို့ ဆုံကြတာပါ💐☘️💐☘️💐☘️💐☘️💐အခြေအနေတစ်ခုကြောင့်မတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင်ဝမ်းနည်းစရာ မလိုသလိုပြန်ပြီးလည်း မ...
13/01/2025

ရေစက်ရှိလို့ ဆုံကြတာပါ
💐☘️💐☘️💐☘️💐☘️💐

အခြေအနေတစ်ခုကြောင့်
မတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင်

ဝမ်းနည်းစရာ မလိုသလို
ပြန်ပြီးလည်း မမျှော်လင့်ပါနဲ့။

ရေစက်ရှိလို့ ဆုံခဲ့ကြပြီး
ကံကုန်ရင် လမ်းခွဲကြရမယ်။

ကံမကုန်သေးရင်
ပြန်ဆုံတွေ့ဖြစ်ကြမယ်။

ဘဝရဲ့ လှည့်ကွက်တွေအောက်မှာ
တစ်ယောက်နဲ့ တစ်ယောက်
မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြပြီး

မျှော်လင့်မထားတဲ့ ကံကြမ္မာ
မုန်တိုင်း ဖန်တီးလာပြီဆိုရင်

ထင်မှတ်မထားတဲ့ အခြေ
အနေတွေကြောင့်လည်း

တစ်ယောက်နဲ့ တစ်ယောက်
ဝေးကွာသွားကြရတာပါပဲ။

တစ်ကယ်တမ်းကြတော့
ရေစက်ရှိလို့ ဆုံတာထက်

တစ်ယောက်ကို တစ်ယောက်
ကြွေးဆပ်ဖို့ ဆုံဖြစ်ခဲ့ကြတာပါ။

အနားမှာ ထွက်ခွာသွားသူကို
ကျေးဇူးတင်လိုက်ပါ။

သူကြောင့် ဝဋ်ဒုက္ခမှ
လွတ်ကင်းသွားလို့ပါ။

ဘဝဆိုတာ ကိုယ်က ချစ်နေပြန်
တော့လည်း တစ်ဖက်သားက
မုန်းနေပြန်တတ်တယ်။

ကိုယ်က မုန်းနေပြန်
တော့လည်း တစ်ဖက်သားက
ချစ်နေတတ်ပြန်တယ်။

ချစ်ခြင်း မုန်းခြင်းတွေအောက်မှာ
သိပ်ပြီးတော့လည်း လိုက်ခံစား
မနေပါနဲ့။ တွေ့ကြဆုံကြ ခဏလေးပါ။

နေရတဲ့အချိန်လေးမှာ
ကိုယ့်ကြောင့်လည်း
သူတစ်ပါး စိတ်မဆင်းရဲစေနဲ့။

သူတစ်ပါးကြောင့်လည်း
မိမိကိုယ်ကို စိတ်ညစ်မခံပါနဲ့။

ကိုယ့်ကိုယ်ကို အေးချမ်းစွာ
နေရင်း ဘဝလမ်းခရီးကို

အကောင်းမြင်တတ်တဲ့ မျက်လုံး
စာနာတတ်တဲ့ နှလုံးသား

ကူညီတတ်တဲ့ လက်တစ်စုံနဲ့
လျှောက်လှမ်းကြပါ။

ဆရာတော် အရှင်ဆန္ဒာဓိက
(ရွှေပါရမီတောရ)

Credit....🙏

Address

Shah Alam

Telephone

+60182937462

Website

Alerts

Be the first to know and let us send you an email when Dhamma Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share