Čelebrity Myanmar

Čelebrity Myanmar CM page မှာ ကြော်ငြာထည့်သွင်းလိုပါက Page message မှာစုံစမ်းနိင်သည်။

28/09/2024

လူငယ်တွေအတွက်
အထိရောက်ဆုံး အကြံပေးပါဆိုရင်

"ဘာလုပ်လုပ် ဖောရှောမလုပ်နဲ့" လိုပဲပြောရမယ်

ကိုယ်လုပ်မယ် စိတ်ဝင်စားတယ်ဆိုတာတွေ
ဖြစ်ချင်တယ်ဆိုတာတွေကို အမှန်အကန်လုပ်

သိရုံကြားဖူးရုံ basic လောက်တတ်ရုံနဲ့ရပ်မနေနဲ့
ဒီထက် ပိုသိ ပိုနားလည် ပိုအသုံးချနိုင်အောင်လုပ် 🤘🏻

THB30ပေးပြီး ဘန်ကောက်ရဲ့ ကျောက်ဖရာမြစ်ထဲ Boat 🛥 စီးပြီး ဘန်ကောက်မြို ရူခင်းကြည့်မယ်။ဘန်ကောက်မြိုရဲ့ ရူခင်းကို ကျောက်ဖရား...
02/09/2024

THB30ပေးပြီး ဘန်ကောက်ရဲ့ ကျောက်ဖရာမြစ်ထဲ Boat 🛥 စီးပြီး ဘန်ကောက်မြို ရူခင်းကြည့်မယ်။
ဘန်ကောက်မြိုရဲ့ ရူခင်းကို ကျောက်ဖရားမြစ်တလျောက်ကနေကြည့်ဖို THB30 ပဲကျသင့်မှာပါ။
Phra Arthit Pier (ခေါက်ဆန်လမ်း )ကနေ
Asiatique Pier အထိမြစ်ကြောတစ်လျောက်ကနေ ဘန်ကောက်မြိုအလှကိုခံစားနိုင်မှာပါ။
🛥 Boat tripတလျောက်မှာရှိတဲ့ tourist attraction ရှိတဲ့နေရာများတွင် ခဏဆိုက်ကပ်ပေးမှာဖြစ်ပေးမဲ့ ကိုယ်က အဲ့နေရာတွေ သွားဖိုမဟုတ်ပဲ ရူခင်းကြည့်ဖိုရည်ရွယ်ရင် မဆင်းပဲနေရမှာပါ။(ဆင်းလိုက်ပြီးပြန်တက်ရင် THB30ထပ်ပေးရမှာပါ။THB30ကfor one time useပါ။ boat trip တလျောက် နေရာစုံရောက်ချင်သေးတယ်ဆိုရင် Oneday boat trip ticket ဝယ်ဖိုလိုပါမယ်။THB150ပါ။သူကတက်လိုက်ဆင်းလိုက်လုပ်လိုရပါတယ် ။အချိန်ပေးရပါတယ် ။)ရူခင်းကြည့်ရုံသက်သက်ဆိုရင် ညနေပိုင်းနေအေးတဲ့အချိန်ဆို အတော်ပါပဲ။
အလင်းရောင်ရှိတဲ့အချိန်ရယ် ညမီးထွန်းတဲ့ အချိန်ရယ် နှစ်မျိုးခံစားနိုင်မှာပါ။
လှေမစီးတတ်ဘူးဆိုရင် လမ်းကြောင်းမြေပုံဆော့ဝဲ ဒေါင်းထားပါ -
https://bit.ly/3Yu2WKk

ထိုင်းဘတ် 30 ပေးပြီး ဘန်ကောက်မြို့ရဲ့ ကျောက်ဖရာမြစ်ထဲမှာ Boat 🛥️ စီးပြီး ဘန်ကောက်မြို့ ရူခင်းကြည့်ကြမယ်😊♦️ဘန်ကောက်မြို့ရ...
02/09/2024

ထိုင်းဘတ် 30 ပေးပြီး ဘန်ကောက်မြို့ရဲ့ ကျောက်ဖရာမြစ်ထဲမှာ Boat 🛥️ စီးပြီး ဘန်ကောက်မြို့ ရူခင်းကြည့်ကြမယ်😊
♦️ဘန်ကောက်မြို့ရဲ့ ရူခင်းကို ကျောက်ဖရားမြစ်တလျောက်ကနေကြည့်ဖို့ ဘတ် 30 ပဲကျသင့်မှာပါ😊
♦️Phra Arthit Pier (ခေါက်ဆန်လမ်း ) ကနေ
Asiatique Pier အထိမြစ်ကြောတစ်လျောက်ကနေ ဘန်ကောက်မြို့ရဲ့ အလှအပ ကိုခံစားနိုင်မှာပါ။
♦️🛥️ Boat Trip တလျောက်မှာရှိတဲ့ Tourist Attraction ရှိတဲ့နေရာများတွင် ခဏဆိုက်ကပ်ပေးမှာဖြစ်ပေးမယ့် ကိုယ်က အဲ့နေရာတွေ သွားဖို့မဟုတ်ပဲ ရူခင်းကြည့်ဖို့ရည်ရွယ်ရင် မဆင်းပဲနေရမှာပါ။
♦️ဆင်းလိုက်ပြီး ပြန်တက်ရင် နောက်ထပ် ဘတ် 30 ထပ်ပေးရမှာပါ။
♦️ဘတ် 30 က one time useပါ။
♦️Boat Trip တလျောက် နေရာစုံရောက်ချင်သေးတယ်ဆိုရင် One day boat trip ticket ဝယ်ဖို့လိုပါမယ်၊ဘတ် 150 ပါ။သူကတက်လိုက်ဆင်းလိုက်လုပ်လို့ရပါတယ် ။
♦️ရူခင်းကြည့်ရုံသက်သက်ဆိုရင် ညနေပိုင်းနေအေးတဲ့အချိန်ဆို အတော်ပါပဲ။

လှေစီးဖို့အတွက် ‌လမ်းကြောင်းမြေပုံဆော့ဝဲကို
ဒီမှာဒေါင်းယူထားပါ - https://bit.ly/3Yu2WKk

ထိုင်းနိုင်ငံမသွားခင်သိထားသင့်သောအချက်များ1. Sim Cardတစ်နေရာနဲ့ တစ်နေရာ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ဖို့ ထိုင်းSim Cardတွ...
02/09/2024

ထိုင်းနိုင်ငံမသွားခင်သိထားသင့်သောအချက်များ
1. Sim Card
တစ်နေရာနဲ့ တစ်နေရာ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ဖို့ ထိုင်းSim Cardတွေကတော မရှိမဖြစ်လိုအပ်တဲ့ထဲမှာ ပါပါတယ်ဗျ။ Simcard ကို foreigner တွေအတွက်သီးသန့် လေဆိပ်မှာဝယ်လို့ရတဲ့ SimCardမျိုးမဟုတ်ဘဲ ထိုင်းဖုန်းSim card ဝယ်တာက အကောင်းဆုံးပါ။ AIS နဲ့ True Move ကိုတော့ အသုံးများကြပြီး Simcardတွေကို အလွယ်တကူ လမ်းက 7eleven မာ(ဒါမှမဟုတ်) AIS , True Move showroom တွေမှာဝယ်နိုင်ပါတယ်ဗျ ။ ဘယ်မှာပဲဝယ်ဝယ် Simcard တွေ မှတ်ပုံတင်ရမှာဖြစ်လို့ Passport ယူဆောင်သွားရပါမယ်ဗျ။ Passportမပါရင် လုံးဝမရောင်းပါဘူး။ Passport ပေးပြီးရင် မှတ်ပုံတင်မယ့်သူရဲ့ မျက်နှာကို Scanဖတ်ပြီး ရပြီဆို ဆိုင်က ရနိုင်တဲ့Package planတွေပြပါတယ်။ အဲ့ထဲက ကိုယ်အဆင်ပြေတဲ့Package ကိုဝယ်ရင်ရပါပြီနော်။
2.Passport နဲ့ Visa
နောက်တစ်ချက်အနေနဲ့ကတော့ ထိုင်းကိုမသွားခင် Passport နဲ့ Visa ကိုစစ်ဆေးရမှာဖြစ်ပါတယ်ဗျ။ အားလုံးသိထားတဲ့အတိုင်း မြန်မာကနေဆိုရင်တော့ အလည်အပတ်ဆို (14) ရက်အတွင်းဆို Visa မပါပဲ Passport ကိုင်ဆောင်ထားတာနဲ့တင် ရပါတယ်ဗျ။ Passport ကအနည်းဆုံး ကုန်ဆုံးရန်ကျန်ရှိချိန် ၆လအထက်ဖြစ်နေရပါမယ်ဗျ။
3. Money Exchange
Airport မှာဖြစ်နိုင်ရင် ငွေလုံးဝမလဲပါနဲ့ ။
ပြန်ရတဲ့ Rateက တအားနည်းပါတယ်။ အလျှင်လိုရင်တော့ လိုသလောက်ပမာဏပဲ ထုတ်ထားပြီး ကျန်တာကိုတော့ နာမည်ရှိတဲ့ Money Exchange ဆိုင်တွေမှာလဲသင့်ပါတယ်။ အများစုကတော့ Superrich Thai Exchange နဲ့ Rattana Supply ကနေ ငွေလဲရတာ အဆင်ပြေတယ်ပြောပါတယ်။ ဆိုင်ခွဲတော်တော်များများက Mallတွေထဲမှာရှိတတ်ပါတယ်။ ATM တွေလည်းတော်တော်များများရှိပါတယ်ဗျ။
4. Seasons (ရာသီဥတု)
မြန်မာနိုင်ငံလိုပဲ နွေ၊ မိုး၊ ဆောင်း ဆိုပြီး (၃)ရာသီရှိပါတယ်။ အထူးသဖြင့် မိုးရာသီတွေဆို ထိုင်းနိုင်ငံဟာ သွားရလာရတာ အဆင်မပြေလှပါဘူး။ ကားလမ်းမထက်တွေအထိပါ ရေတွေတက်တာ ၊ ရွာရင် ဝုန်းဒိုင်းဆိုပြီး ချက်ချင်းရွာတာ၊ ရေအိုင်တာတွေ၊ ရေတွေနဲ့ စိုစွတ်စွတ်ဖြစ်ရတဲ့ထဲ Traffic ကြောင့် လမ်းတွေပိတ်တာ စတာတွေကြောင့် ထိုင်းရောက်လို့ လှလှလေးဝတ်ပြီး ဘန်ကောက်ရဲ့ အသက်ဖြစ်တဲ့ မုန့်စျေးတန်းတွေ ၊ ရှုခင်းလှလှလေးတွေကို လျှောက်လည်မယ်ဆို မိုးရာသီဟာ အဆင်မပြေဆုံး ရာသီဥတုဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံး ထိုင်းကို လာရောက်လည်ပတ်မယ်ဆို ရာသီဥတုကို အဓိကထားပြီး စဉ်းစားရပါမယ်ဗျ။
ထိုင်းနိုင်ငံရှိရာသီဥတုများအနေနဲ့
နွေရာသီ- မတ်လ ၊ဧပြီလ ၊ မေလ
မိုးရာသီ -ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်၊ စက်တင်ဘာလ၊အောက်တိုဘာလ
ဆောင်းရာသီ-နိုဝင်ဘာလ၊ဒီဇင်ဘာလ၊ဇန်နဝါရီလ၊ဖေဖော်ဝါရီလတို့ပဲဖြစ်ပါတယ်ဗျ။
5. နာမည်ကြီးပွဲတော်များ
နာမည်ကြီး ပွဲတော်များ ကျင်းပတဲ့ ရက်တွေနဲ့ နေရာတွေကို တစ်စုတစည်းတည်းဖော်ပြရရင်
Chaung Mai ပန်းပွဲတော် (2-4February)
တရုတ်နှစ်ကူး (Feb လထဲ)
သင်္ကြန်ပွဲတော် (13-15 April)
သရဲပွဲတော် (23-25June)
သပ်သပ်လွတ်ပွဲတော် (3-10 October) အဲ့အချိန်ဆို Shopping Mallတိုင်းသက်သက်လွတ်ပဲရောင်းကြပါတယ်။
မီးမျှောပွဲ - လွယ်ကထုံ (15Nov)
6. သွားလာရေးအတွက် အသုံးပြုရမည့် App များ
Bolt - https://bit.ly/4fobW9D
Grab - https://bit.ly/3A5EOU6
Via bus - https://bit.ly/3ybq5GG
Bangkok MRT & BTS Metro Guide - https://bit.ly/3yzXURi
အခြား မရှိမဖြစ် သုံးသင့်တဲ့ App များ
Hotel ငှါးဖို့ဆို - https://bit.ly/3yzXURi
အိမ်ပြောင်းဖို့ဆို Lala Move App - https://bit.ly/4c5NNln
အိမ်ငှါးဖို့ဆို Renthub - https://bit.ly/3LJwo7s
Online Shopဆို Lazada - https://bit.ly/3LPSULK
#ထိုင်း
#ထိုင်းမလာခင်


#ထိုင်းရောက်ရွှေမြန်မာ
#ထိုင်းကိုသွားမယ့်သူတွေအတွက်

ဘန်ကောက်မှာ Sky Train စီးတော့မယ်ဆိုပါက Bangkok BTS Route Guide သိထားဖိုလိုအပ်ပါတယ်။Bangkok ကိုရောက်တာနဲ့ Sky Train စီးတေ...
02/09/2024

ဘန်ကောက်မှာ Sky Train စီးတော့မယ်ဆိုပါက Bangkok BTS Route Guide သိထားဖိုလိုအပ်ပါတယ်။
Bangkok ကိုရောက်တာနဲ့ Sky Train စီးတော့မယ်ဆိုရင်သိထားသင့်တဲ့ Bangkok BTS Route Guide👇👇✊
ဆော့ဝဲဖြင့်ကြည့်ရန် -
https://bit.ly/3yzXURi
ဘန်ကောက်မှာ BTS လမ်းကြောင်းနှစ်ခုရှိပြီး SILOM LINE နှင့် 🚉SUKHUMVIT LINEတိုပဲဖြစ်ပါတယ်။
SILOM LINE ကတော့ အနောက်မှ တောင်သိုပြေးဆွဲတာဖြစ်ပြီး Siam Shopping Area မှာရှိတဲ့ the National Stadium နှင့် ကျောက်ဖုရာမြစ်ကိုဖြတ်သန်းပြီးThonburiကနေBang Waသိုအထိပဲဖြစ်ပါတယ်။
SUKHUMVIT LINE ကတော့ မြောက်မှအရှေ့ ဖြစ်တဲ့ Ha Yaek Lat Phrao နှင့် Kheha အထိပဲဖြစ်ပါတယ်။ ဒီ BTS Route နှစ်ခုက Siam Stationဆုံကြပြီး underground (MRT) နှင့် လေးနေရာဆက်သွယ်ထားကြပါတယ်။
အဲ့ဒီနေရာတွေကတော့ Sala Daeng Station (Silom Line) and Asok, Mo Chit and Ha Yaek Lat Phrao stations (Sukhumvit Line) တိုပဲဖြစ်ပါတယ်။
⏱3-6 minutesတိုင်းရထားအသစ်တစ်စီးဆိုက်ရောက်ပြီး 6.30am and midnightကြားပြေးဆွဲပါတယ်။ နောက်ဆုံးရထားကတော့ 11.30pm and 11.50pmကြားမှာထွက်ခွာပါတယ်။
သတိထားရမှာကတော့ ရထားတွေက မနက် 7am to 9amရယ် 4pm to 7pmကြားများလူတွေပြည့်ကျပ်နေတတ်ပါတယ်။ ဒီလိုအချိန်တွေ ဘန်ကောက်မှာရုံးတက်ရုံးဆင်းတွေလူတွေ အလုပ်သွားတဲ့အချိန်နှင့် အလုပ်ပြန်ချိန်တွေပဲဖြစ်ပါတယ်။
ဓာတ်လှေကားရတဲ့ stations တွေကတော့ Mo Chit, Siam, Asok, On Nut and Chong Nonsiတိုပဲဖြစ်ပါတယ်။
BTS Tourist Information Centersကတော့ Siam, Nana and Saphan Taksin stationsတိုမှာတွေ့ရှိနိုင်ပါတယ်။ BTS city mapတွေကိုတော့ ဘယ်stationsမှာပဲဖြစ်ဖြစ် အခမဲ့ရယူနိုင်ပါတယ်။
Fares and Skytrain Passes
ဈေးနုံးသက်သာစွာနှင့် Skytrainကိုစီးဖိုဆိုလျှင်တော့ BTS Rabbit cardsကိုပြုလုပ်ထားသင့်ပါတယ်။ တစ်ဘူတာကို15 bahtကနေပြီး တစ်ရက်တာမှာ BTS အသုံးပြုပြီးသွားလာနေတဲ့သူတွေအတွက် ဒီ BTS Rabbit cardsကိုအသုံးပြုသင့်ပါတယ်။💡
One-day Pass
တစ်ရက်လုံးကို 150 ဖြင့် Unlimited သွားလာနိုင်ပါတယ်။☺️☺️Standard Rabbit Card / Stored Value Cardsဒီကဒ်ကိုအသုံးပြုမယ်ဆိုလျှင်တော့ ဘတ် 100 ထည့်ထားပြီး ဘတ် ၂၀၀ဖိုးအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဘန်ကောက်ကနေ မဟာချိုင်ကို ရထားစီးပြီး ဘယ်လိုသွားမလဲ ?အရင်ဆုံး ဘန်ကောက်မြို့မှာရှိတဲ့ Wong Wian Yai ( ဝန်းဝင်းယိုင်) ဘူတာဆ...
02/09/2024

ဘန်ကောက်ကနေ မဟာချိုင်ကို ရထားစီးပြီး ဘယ်လိုသွားမလဲ ?
အရင်ဆုံး ဘန်ကောက်မြို့မှာရှိတဲ့ Wong Wian Yai ( ဝန်းဝင်းယိုင်) ဘူတာဆီ ရောက်အောင် လာခဲ့ဖို့လိုပါမယ်။ အဲ့ကိုရောက်တဲ့ လိုင်းကား နံပါတ်တွေကတော့ ...
20 , 21, 37, 68, 82, 85, 57, 105 စတဲ့ လိုင်းကားနံပါတ်တွေစီးရင် ဝန်းဝင်းယိုင်ကိုရောက်ပါတယ်။
ရထားပြေးဆွဲတဲ့ အချိန်က မနက် 5:30 - ည 8:00 အထိပြေးဆွဲပါတယ်။ ဒီရထားက ဘန်ကောက် မဟာချိုင်ဆိုတဲ့အတိုင်း မဟာချိုင် ဂိတ်အဆုံးထိ ပြေးဆွဲပေးပါတယ်။ ရထားစီးချိန် ၁ နာရီလောက် ကြာမှာဖြစ်ပြီး ရထားပေါ်မတက်ခင် မုန့်တွေ ၊ ရေတွေ ကြိုဝယ်သွားဖို့ မမေ့ပါနဲ့ခင်ဗျ။
"မူရင်းရေးသားသူကို ခရက်ဒစ်ပေးပါတယ်"
ဆော့ဝဲဖြင့်ကြည့်ရန် - https://bit.ly/3yzXURi

ဘန်ကောက်ကို MRTနဲ့ လည်ကြမယ်🚋ဘန်ကောက်MRT (Metropolitan Rapid Transit) စနစ်ဟာ အမြန်ရထားလိုင်း လေးလိုင်းရှိပြီး လက်ရှိမှာဆေ...
02/09/2024

ဘန်ကောက်ကို MRTနဲ့ လည်ကြမယ်🚋

ဘန်ကောက်MRT (Metropolitan Rapid Transit) စနစ်ဟာ အမြန်ရထားလိုင်း လေးလိုင်းရှိပြီး လက်ရှိမှာဆောက်လုပ်ဆဲ လိုင်းတွေလဲ ရှိပါတယ်။

MRT လိုင်းတွေကို အရောင်တွေနဲ့ခွဲခြားထားပြီး လိုင်းတစ်ခုစီမှာ နံပါတ်တွေနဲ့အက္ခရာကုဒ်တစ်ခုစီ ရှိပါတယ်။ ပြောရမယ်ဆိုရင် ခရမ်းရောင်လိုင်းအတွက် PP၊ အပြာလိုင်းအတွက် BL၊ ပန်းရောင်လိုင်းအတွက် PK၊ အဝါရောင်လိုင်းအတွက် YLဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။

အဲဒီထဲကမှ အပြာလိုင်း BLအကြောင်းကို ပြောပြပေးပါမယ်။

အပြာရောင်လိုင်းမှာဘူတာ ၃၈ ဘူတာရှိပြီး ခရီးသွားလာမှုပုံစံ စက်ဝိုင်းပုံသဏ္ဍာန်‌ေပြးဆွဲပါတယ်။ ရထားတွေဟာ မနက် ၆ နာရီကနေ သန်းခေါင်အထိ ပြေးဆွဲပြီး အများအားဖြင့် တစ်စင်းနဲ့တစ်စင်းကွာဟမှုဟာ ၅ မိနစ်ကနေ ၇ မိနစ်လောက်ပဲ ကွာပါတယ်။

ဒီရထားကိုစီးရင် ဘယ်ရောက်မလဲ။ ဘယ်ကိုသွားလို့ရမလဲဆိုရင်
နာမည်ကြီး တနင်္ဂနွေဈေးဖြစ်တဲ့Chatuchak ပန်းခြံကိုသွားနိုင်သလို Wat Mangkornမှာရှိတဲ့ တရုတ်တန်းကိုလဲ သွားနိုင်ပါတယ်။ နောက်ပြီးတော့ Lumphini နဲ့ Sukhumvit အနီးမှာတော့ အေးဆေးတည်းခိုလို့ရတဲ့ဟိုတယ်တွေလဲ ရှိပါသေးတယ်။

တရုတ်တန်းရှိတဲ့ Wat Mangkorn ဘူတာရုံဟာ တရုတ်-ပေါ်တူဂီပုံစံ ဗိသုကာလက်ရာတွေ၊ ဒီဇိုင်းတွေရှိတဲ့အနုပညာလက်ရာမြောက် ဘူတာတစ်ခုပါ။ Samyod ဘူတာကတော့ ကိုလိုနီခေတ်ပုံစံမျိုးဖြစ်ပြီး သမိုင်းဝင် ပုံရိပ်‌ေတွကို ပြသထားပါတယ်။ Sanam Chai ဘူတာကတော့ ရထားဘူတာဆိုတာထက် နန်းတော်နဲ့ပြတိုက်ကြားကဖြတ်လမ်းတစ်ခုလိုမျိုး ခံစားရစေမှာပါ။ Thonburiမှာရှိတဲ့ Itsaraphap ဘူတာရုံကတော့ ရွှေရောင်ငန်းတွေနဲ့ အလှဆင်ထားတဲ့ဘူတာရုံဖြစ်ပါတယ်။

ဒီတော့ အပြာရောင်MRTလိုင်းကိုလိုက်ပါစီးနင်းမယ်ဆိုရင်တော့ ရှုခင်းလှလှတွေကို တစ်ဝကြီးခံစားရမှာ ကျိန်းသေပါပဲနော်။

MRT ဆော့ဝဲကိုဒီမှာရယူပါ
https://bit.ly/3yzXURi

ဘန်ကောက်မှာ ဘတ်စ်နဲ့လည်မယ်🚌🚏ဘန်ကောက်ကို နှံ့ချင်တယ်၊ badgetလဲ သိပ်မကုန်ချင်ရင် ဘတ်စ်နဲ့လည်လို့ရပါတယ်။ ဘန်ကောက်မှာ အမြန်ဘ...
02/09/2024

ဘန်ကောက်မှာ ဘတ်စ်နဲ့လည်မယ်🚌🚏
ဘန်ကောက်ကို နှံ့ချင်တယ်၊ badgetလဲ သိပ်မကုန်ချင်ရင် ဘတ်စ်နဲ့လည်လို့ရပါတယ်။
ဘန်ကောက်မှာ အမြန်ဘတ်စ်ကား၊ အဲကွန်းဘတ်စ်ကားနဲ့ ပန်ကာပါဘတ်စ်ကားဆိုပြီး သုံးမျိုးရှိပါတယ်။
လေအေးပေးစက်ပါတဲ့ ဘတ်စ်ကားတွေကတော့ စီးတဲ့သူအများဆုံးပါ။ လိုရာခရီးကိုမြန်မြန်ဆန်ဆန်ရောက်ချင်ရင်တော့ အဲကွန်းဘတ်စ်တွေက အကောင်းဆုံးပါပဲ။
ခရီးအကွာအဝေးပေါ်မူတည်ပြီး အဲကွန်းဘတ်စ်ကားတွေက 11-24ဘတ်၊ အဲကွန်းမပါတဲ့ဘတ်တွေကတော့ 7-8ဘတ်‌သာ ကျမှာပါ။ ည ၁၀ နာရီနောက်ပိုင်းထွက်တဲ့ဘတ်စ်‌‌တွေကို စီးမယ်ဆိုရင်တော့ 1.5 ဘတ် ထပ်ပေးရပါလိမ့်မယ်။
တက္ကစီ‌တွေလိုပဲ ဘတ်စ်ကားတွေမှာ အရောင်နဲ့သတ်မှတ်ထားတာရှိပါတယ်။ အဲယားကွန်းဘတ်စ်ကားတွေဟာ အများအားဖြင့် အဝါရောင် (သို့မဟုတ်) လိမ္မော်ရောင်တွေ များပါတယ်။ ပန်ကာပါဘတ်စ်ကားတွေကတော့ အနီ၊ အပြာ၊ အစိမ်း ဒါမှမဟုတ် ပန်းရောင်တွေပါပဲ။ ခွဲရအလွယ်ဆုံးနည်းကပြတင်းပေါက်‌ဖွင့်ထားရင် ၎င်းဟာ ပန်ကာပါတဲ့ဘတ်စ်ကားပါ။
ဘတ်စ်ကားမှတ်တိုင် ဆိုင်းဘုတ်တွေကတော့ အဟောင်းတွေ၊ အသစ်တွေ ရောနှောနေတာမျိုးရှိပေမဲ့ မြို့လယ်ဧရိယာ မှတ်တိုင်အများအပြားမှာတော့ ပြေးဆွဲတဲ့လမ်းကြောင်းများနဲ့ကားထွက်အချိန်ဇယားတွေကို သေချာပြထားတာမျိုး ရှိပါတယ်။
ဒါကြောင့် ဘန်ကောက်မှာလည်ချင်ရင် ဘတ်စ်ကားနဲ့လည်ကြည့်ဖို့ အကြံပြုပါတယ်။ လက်မှတ်တွေ၊ ကားတွေကိုလဲ ဒီappထဲ ဝင်ကြည့်လို့ ရပါတယ်နော်။
မူရင်းPost ရေးသားသူ - ကိုဇင်ကြီး
ဆော့ဝဲဖြင့်ကြည့်ရန် - https://bit.ly/3Lj4DCe

US မှာ မြို့တွင်း ခရီးသွားလာသူတွေအနေနဲ့ ကုန်းလမ်း၊ရေလမ်း၊ ရထားလမ်း ဆိုင်ရာ လမ်းကြောင်းတွေကို ငွေကုန်ကြေးကြ သက်သက်သာသာနဲ့...
02/09/2024

US မှာ မြို့တွင်း ခရီးသွားလာသူတွေအနေနဲ့ ကုန်းလမ်း၊ရေလမ်း၊ ရထားလမ်း ဆိုင်ရာ လမ်းကြောင်းတွေကို ငွေကုန်ကြေးကြ သက်သက်သာသာနဲ့ သွားလို့ရမဲ့ transit app လေးကို သုံးကြည့်သင့်တယ်နော်။ဒါ့အပြင် မိမိ မကြာခဏသွားလာသော လမ်းကြောင်းများကို အချိန်နဲ့ တပြေးညီ ပြသထားတဲ့ အတွက် အလွယ်တကူ သွားရတဲ့အပြင် လမ်းကြောင်းတွေကိုလဲ လွယ်ကူစွာ သုံးရလို့ လူကြီးလူငယ်မရွေး အသုံးပြုလို့ရတဲ့ ဆော့ဝဲ တခုဖြစ်ပါတယ်။
ဆော့ဝဲက သွားရမယ့် လမ်းကြောင်း
ဆင်းရမယ့် မှတ်တိုင်နဲ့
ကုန်ကျစရိတ်အားလုံးကို တွက်ချက်ပေးတာကြောင့် ခရီးသွားသူတွေအတွက် အရမ်းအဆင်ပြေပါတယ်။

ဆော့ဝဲကိုဒီမှာဒေါင်းယူပါ
https://bit.ly/3LnRqIq

♥️ဂျပန်ကငွေရှာလို့ပဲကောင်းတာ ကိုယ့်အတွက်တော့ တစ်သက်လုံးနေဖို့အဆင်မပြေဘူး။ဂျပန်မှာအလုပ်ရှိရင်ငွေဝင်ပေမယ့် ကုမ္မဏီဝန်ထမ်းပ...
02/09/2024

♥️ဂျပန်ကငွေရှာလို့ပဲကောင်းတာ
ကိုယ့်အတွက်တော့ တစ်သက်လုံးနေဖို့အဆင်မပြေဘူး။
ဂျပန်မှာအလုပ်ရှိရင်ငွေဝင်ပေမယ့် ကုမ္မဏီဝန်ထမ်း
ပုံမှန်လူ၁ယောက်ရဲ့ဝင်ငွေက (လူ၂ယောက်စာ)
ရေရှည်လူတန်းစေ့နေနိုင်ဖို့ခက်ခဲတယ်။
ဇနီးရဲ့လစာက (လူ၂ယောက်စာ)စားဝတ်နေရေးပြေလည်ရုံလောက်သာရှိပြီး၊ ဝင်ငွေပိုများတဲ့အမျိုးသားရဲ့လစာကို
စုနိုင်ကာမှ တော်ရာကျမယ်။
ဘာကြောင့်ဆိုရင် အသက်ကြီးလာတဲ့အခါ
ပင်စင်ငွေလေးရယ်၊ စုထားတဲ့ငွေလေးရယ် ပေါင်းမှသာ
အဖိုးအဖွား၂ယောက် ချောင်လည်နိုင်မယ်။
♥️ဂျပန်မှာက အိုမင်းလာတဲ့အခါ
သားသမီးကမိဘကို ပြန်ထောက်ပံ့နိုင်တာ ရှားတယ်။
ကိုယ့်အသိထဲ (အသက်၆၀)ကျော်မိဘက
သားသမီးကို ခုထိ စားစရာပို့ပေး၊ နှစ်သစ်မုန့်ဖိုးပေးတာပဲကြားဖူးတယ်။
မိဘကို လစဉ်ပြန်မထောက်ပံ့ကြဘူး။ မိဘအိမ်လာလည်တဲ့အခါမှ မုန့်ဝယ်လာတာက ဂျပန်ရိုးရာဖြစ်နေပြီ။
မိဘမှာပင်စင်ငွေနဲ့ စုငွေသာမရှိရင်
စားဝတ်နေရေးအဆင်ပြေဖို့တောင် ခက်ခဲတယ်။
ဆေးရုံဆေးခန်းကုန်ကျငွေဟာ
ကျန်းမာရေးအခွန်မဆောင်ထားရင် ရိုးရိုးဖျားတာတောင် မြန်မာငွေ ၃~၄သိန်းကုန်ကျနိုင်တယ်။
အိမ်နီးနားချင်း၊ ဘေးအိမ်အသိဆိုတာမျိုးမရှိဘူး။
အထီးကျန်စွာ တိတ်တိတ်လေးသေဆုံးနေတဲ့
အဖိုးအဖွားတွေအများဆုံးရှိတဲ့နိုင်ငံထဲပါတယ်။
♥️ကြိုးစားနေသရွေ့လစာတိုးတဲ့နိုင်ငံ
တစ်နေ့၄နာရီလုပ်ရုံနဲ့တောင် နေနိုင်စားနိုင်တဲ့နိုင်ငံဆိုပေမယ့်
“လမ်းဘေးမှာအိပ်နေတဲ့အိမ်ရာမဲ့တွေက
လက်မလှုပ်ရင် ပါးစပ်မလှုပ်နိုင်ဘူး”ဆိုတဲ့
အခြေခံအချက်ကိုပြနေတယ်။
အပြင်ပန်းကျော့ရှင်းနေပေမယ့်
ဖြစ်သလိုဘဝကိုရှင်သန်ရင်း
ကြွက်တွင်းလိုအခန်းလေးထဲနေတဲ့သူတွေရှိတယ်။
ငယ်တုန်းကျောင်းသေချာတက်၊ အလုပ်ကောင်းကောင်းဝင်
စာမေးပွဲတွေဖြေ၊ လစာတိုးအောင်လုပ်
ပင်စင်ငွေသွင်း၊ အရစ်ကျအိမ်ဖိုးသွင်း၊
တက္ကသိုလ်ဝင်ကြေးအရစ်ကျသွင်း…
ဒီလိုနဲ့အသက်၆၀ လောက်မှ အကြွေးကင်း၊
စုထားတဲ့ငွေ၊ အလုပ်ကပေးတဲ့ပင်စင်ကြေးငွေ၊
အသက်၆၅နှစ်မှ နိုင်ငံကလစဉ်ပြန်ပေးတဲ့ပင်စင်ငွေနဲ့ ကျန်တဲ့ဘဝကိုဖြတ်သန်းတာက ပုံမှန်ဂျပန်တစ်ယောက်ရဲ့ဘဝပါ။
♥️ယဉ်ကျေးပေမယ့် စိမ်းကားကြတယ်။
နွေးထွေးပျူဌာပေမယ့် နေနိုင်ကြတယ်။
ဂျပန်တိုင်းတက်ကြွပျော်ရွှင်ပုံဖမ်းနေကြပေမယ့်
အတွင်းထဲမှာ ပြိုကွဲနေကြတယ်…
အဖေအမေတို့က ဂျပန်မှာအိမ်ဝယ်ဖို့လို့ပြောပေမယ့်
ဒီမှာငွေရှာဖို့သာနေတာဖြစ်ပြီး ပင်စင်ယူပြီးတဲ့နေ့
အိမ်ပြန်ဖို့သာ နေ့တိုင်းတွေးနေတာပါ။
♥️ဒါ့ကြောင့်ခုထဲက သတ်သတ်မှတ်မှတ် ငွေစုတယ်
အနာဂတ်အတွက်အစီအစဉ်တွေချတယ်။
ရင်းနှီးမြှုပ်နှံတယ်။
♥️နှစ်၄၀နီးပါး Building and factory design
အတွေ့အကြုံတွေကို Juniors တွေဆီ
လက်ဆင့်ကမ်းပေးချင်တယ်။
ကိုယ်အသက်ကြီးတဲ့အခါ အားငယ်ဝမ်းမနည်းချင်ဘူး
အခန်းကျဉ်းလေးထဲ အထီးကျန်မနေချင်ဘူး
မြန်မာစကားပဲနေ့တိုင်းကြားချင်တယ်
ဆွေမျိုးမိတ်ဆွေသိုက်သိုက်ဝန်းဝန်းနဲ့ နေချင်တယ်
ပုဂံ၊အင်းလေး၊ကျိုက်ထီးရိုး၊ချောင်းသာ၊ပြင်ဦးလွင်
မြန်မာပြည်အနှံ့ ခနခနထပ်သွားမယ်။
♥️ခနလေးပဲပြန်ချင်တာမဟုတ်ဘူး
တစ်သက်လုံးပြန်နေမှာပါ….
စာသားလေးကကိုယ့်စိတ်နဲ့ထပ်တူကျလို့ ကူးယူဖော်ပြခြင်းသာ…
မူရင်းရေးသားသူအား Crd ပါ။

ဂျပန်မှာမလုပ်သင့်တဲ့အပြုအမူတချို့ဂျပန်ဟာ စည်းကမ်းသေသပ်မှုကြောင့် နာမည်ကြီးတဲ့နိုင်ငံပါ။ ဒါကြောင့် ဂျပန်ကိုမသွားခင်မှာ ကိ...
02/09/2024

ဂျပန်မှာမလုပ်သင့်တဲ့အပြုအမူတချို့

ဂျပန်ဟာ စည်းကမ်းသေသပ်မှုကြောင့် နာမည်ကြီးတဲ့နိုင်ငံပါ။ ဒါကြောင့် ဂျပန်ကိုမသွားခင်မှာ ကိုယ့်မှာ ဒီအပြုအမူတွေရှိနေရင် မြန်မာမှာပဲ ချန်ခဲ့လိုက်ပါ။

🎌 လမ်းလျှောက်ရင်းအစားမစားရပါဘူး

ဒါက ဂျပန်တွေရဲ့အခြေခံအကျဆုံးအချက်ပါ။ လမ်းသွားရင်း မုန့်စားတာကို ဂျပန်တွေက မယဉ်ကျေးတဲ့အပြုအမူလို့မှတ်ယူထားကြပါတယ်။ ကိုယ်က တစ်ခုခုစားချင်တာဆိုရင်လဲ စားဖို့နေရာတစ်ခုရှာ၊ အရင်စား၊ ပြီးမှ ကိုယ်သွားလိုတဲ့ခရီးကို ဆက်သင့်ပါတယ်။

🎌 လူသွားစင်္ကြံတွေပေါ်မှာ မထိုင်သင့်ပါဘူး။

အချို့တွေကတော့ မောလို့နားချင်ရင် ခဏတစ်ဖြုတ်ထိုင်တတ်ပေမဲ့ ဂျပန်အများစုက မကြိုက်ပါဘူး။ သွားမဲ့လမ်းပိတ်နေတယ်ဆိုပြီး ဂျပန်တွေက မကြိုက်ကြတာပါ။

🎌 လမ်းလျှောက်ရင်းဆေးလိပ်မသောက်ပါနဲ့။

မိတ်ဆွေဟာ လမ်းလျှောက်ရင်း ဆေးလိပ်သောက်ရတဲ့အရသာကို ကြိုက်တတ်ရင်တော့ မြန်မာမှာပဲနေလိုက်ပါ။ ဂျပန်ရဲ့လမ်းထောင့်တွေမှာ၊ လမ်းထိပ်တွေမှာ ဆေးလိပ်မသောက်ရပုံလေးတွေ ထားထားပါတယ်။ အဲနေရာတစ်ဝိုက်မှာပဲဆေးလိပ်မသောက်နဲ့လို့ပြောတာမဟုတ်ဘဲ လမ်းသွားရင်း ဆေးလိပ်မသောက်စေချင်တာပါ။ လမ်းလျှောက်ရင်း ဆေးလိပ်သောက်တဲ့အခါ အငွေ့က ဘေးပတ်ဝန်းကျင်က လူတွေကို လဲ စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ဂျပန်မှာ Smoking Area ဆိုပြီးသတ်မှတ်ပေးထားတာတွေ ရှိပါတယ်။ ဆေးလိပ်သောက်ချင်ရင် အဲနေရာတွေမှာ သောက်လို့ရပါတယ်။ လေဆိပ်တွေ၊ Mall တွေမှာလဲ ဆေးလိပ်သောက်ဖို့နေရာတွေ လုပ်ထားပေးတတ်ပါတယ်။

🎌 လူကူးမျဉ်းကြားကနေပဲ လမ်းကူးပါ။

ဂျပန်ရဲ့လမ်းကြိုးလမ်းကြားလေးတွေမှာတောင် လူကူးမျဉ်းကြားတွေ ရှိပါတယ်။ လူကူးမျဉ်းကြားကနေလမ်းကူးတာဟာ မတော်တဆမှုတွေကိုလဲ လျော့နည်းစေပါတယ်။

🎌 စက်ဘီးလမ်းမှာ လမ်းလျှောက်လို့မရပါဘူး။

ဂျပန်က စက်ဘီးစီးတဲ့သူများတဲ့နိုင်ငံပါ။ ကားလမ်း၊ ရထားလမ်းတွေလိုပဲ စက်ဘီးလမ်းလေး‌တွေလဲ ပြုလုပ်ထားပေးပါတယ်။ ကိုယ်က စက်ဘီးလမ်းမှာ လမ်းသွားလျှောက်မိရင်တော့ လမ်းမလျှောက်ဖို့သတိပေးနေတဲ့ ကိုယ့်နောက်က စက်ဘီးဘဲလ်သံတွေကြားရမှာပါ။

🎌 လမ်းလျှောက်ရင်း ဖုန်းမသုံးပါနဲ့။

ဂျပန်မှာ ဖုန်းသုံးရင်း လမ်းလျှောက်တာကြောင့် မတော်တဆမှုတွေ ပိုများလာပါတယ်။ ဒါကြောင့်ပဲ ဂျပန်အစိုးရက စည်းကမ်းအဖြစ်ချမှတ်လိုက်တာပါ။ ဂျပန်ရဲ့လမ်းတွေ၊ မြို့တွေမသိဘူးဆိုရင်လဲ နေရာတစ်ခုရှာ၊ Google map ကို ဖုန်းကနေကြည့်၊ ပြီးမှ ကိုယ်သွားချင်တဲ့နေရာကို ဆက်သွားလို့ရပါတယ်။

🎌 လမ်းပေါ်မှာပုံရိုက်လို့မရပါဘူး။

လမ်းပေါ်မှာဆိုတာထက် လမ်းဆုံတွေမှာ ဓာတ်ပုံရိုက်တာမျိုးရှောင်သင့်ပါတယ်။ ဂျပန်က Shibuya လမ်းဆုံမှာဆိုရင် ဓာတ်ပုံအတော်ရိုင်ကြပါတယ်။ အဲလိုရိုက်တာက ယာဉ်တိုက်မှုတွေဖြစ်စေနိုင်ပါတယ်။ ရိုက်ချင်တယ်ဆိုရင်လဲ မီးပွိုင့်နီချိန်မှ ရိုက်သင့်ပါတယ်။

🎌 အမှိုက်ကို စနစ်တကျပစ်ပါ။

ဂျပန်က အမှိုက်ကင်းရှင်းရေးနဲ့ပတ်သက်ရင် စံထားရတဲ့နိုင်ငံပါ။ လမ်းပေါ်မှာ အမှိုက်တစ်စတောင်မရှိသလို အမှိုက်ပုံးအကြီးကြီးတွေလဲ တွေ့ရခဲပါတယ်။ အမှိုက်ပစ်ရင်လဲ အမှိုက်အမျိုးအစားအလိုက် သတ်မှတ်ထားတဲ့နေရာမှာပဲ ပစ်ကြပါတယ်။

မိတ်ဆွေက ဂျပန်သွားမယ်၊ အလုပ်လုပ်မယ်၊ အလည်အပတ်သွားမယ်ဆိုရင်လဲ ဒီအချက်တွေကို သိထားသင့်ပါတယ်။
မူရင်းရေးသားသူ - ကိုဇင်
မည်သူ့ကိုမှ ပြန်လည်ကူးယူခွင့်မပေးပါ

ဂျပန်မှာဆောင်ထားသင့်တဲ့ ခရီးသွားဆော့ဝဲ -
https://bit.ly/3WRw4tM

Shimbashi (ရှင်းဘရှီ) ဘူတာရုံကိုသွားမယ်ဆိုရင် 市01ဆိုတဲ့ဘတ်စ်ကားကို စီးလို့ရပါတယ်။ Suisan- Nakaorashi -To (ဆုအိဆန် နာကာအိ...
02/09/2024

Shimbashi (ရှင်းဘရှီ) ဘူတာရုံကိုသွားမယ်ဆိုရင် 市01ဆိုတဲ့ဘတ်စ်ကားကို စီးလို့ရပါတယ်။

Suisan- Nakaorashi -To (ဆုအိဆန် နာကာအိုရာရှီ တို) မှတ်တိုင်ကနေစစီးလို့ရပါတယ်။ အဲကနေမှ ရှင်းဘရှီကို ရောက်ဖို့ဆိုရင် မှတ်တိုင် ၆ခုကို ဖြတ်ရမှာပါ။

Shijo-Mae Sta (ရှီဂျိုမဲ ဘူတာရုံ)
Shin-Tayosu Sta (ရှင်း တာရိုစု ဘူတာရုံ)
Harumi 3 (ဟာရုမိ ၃)
Kachidoki Sta (ကာချိဒိုခိ ဘူတာရုံ)
Tsukiji 6 (စုခိဂျိ ၆)
Kokuritsu-Gan-Kenkyū Center (ခိုခုရိစု ဂန်း ကန်းကျူး စင်တာ)
ဒီမှတ်တိုင် ၆ ခုကိုဖြတ်ပြီးမှ နောက်ဆုံးမှတ်တိုင် shimbashi ဘူတာရုံမှတ်တိုင်ကို ရောက်မှာပါ။ ကြာချိန်က နာရီဝက်လောက်ပဲမို့ မြန်မာနိုင်ငံကဘတ်စ်တွေထက်စာရင်တော့ အတော်ကိုမြန်ပါတယ်။
မူရင်းရေးသားသူ - ကိုဇင်
မည်သူ့ကိုမှ ပြန်လည်ကူးယူခွင့်မပေးပါ

လုံခြုံစွာ လိုင်းကားစီးနိုင်ကြပါစေ
ဆော့ဝဲကို ဒီမှာဒေါင်းယူပါ - https://bit.ly/3WRw4tM

ကိုယ်က Kinshichō Sta ( ခင်းရှိ‌ချိုး ဘူတာရုံ) မှတ်တိုင်ကိုသွားချင်ရင်တော့ FL01ဆိုတဲ့ဘတ်စ်ကိုစီးရမှာပါ။ မှတ်တိုင် ၁၁မှာ သ...
02/09/2024

ကိုယ်က Kinshichō Sta ( ခင်းရှိ‌ချိုး ဘူတာရုံ) မှတ်တိုင်ကိုသွားချင်ရင်တော့ FL01ဆိုတဲ့ဘတ်စ်ကိုစီးရမှာပါ။ မှတ်တိုင် ၁၁မှာ သွားစီးလို့ရပြီး Kinshichō ကိုမရောက်ခင် ကြားမှာ မှတ်တိုင် ၁၇ ခုကို ဖြတ်ရမှာပါ။
ဂိတ်စ Nagashimacho-kōsaten (နာဂါရှိမချို ခိုးစတန်) မှတ်တိုင်ကနေစစီးလို့ရပါတယ်။

Kasai - Chūgakko (ကစိုင်း ချူးဂတ်ခို)
Shinkawabashi (ရှင်းကဝဘရှိ)
Sankaku (စန်းခခု)
Funabori 7 (ဖူနဘိုရိ ၇)
Jinyabashi (ဂျင်းယဘရှိ)
Funabori - Nakagami (ဖူနဘိုရိ နာခဂမိ)
Funabori shōgakko (ဖူနဘိုရိ ရှိုးဂတ်ခို)
Funabori Sta (ဖူနဘိုရိ ဘူတာရုံ)
Higashi - Ōjima Sta. Iriguchi (ဟိဂရှိ အိုးဂျိမ ဘူတာရုံ၊ အိရိဂုချိ)
Kameido Chūgakko Iriguchi (ခါမဲဒို ချူးဂတ်ခို အိရိဂုချိ)
Kameido 9 (ခါမဲဒို ၉)
Kameido 7 (ခါမဲဒို ၇)
Kameido 6 (ခါမဲဒို ၆)
Suijimmori (ဆုအိဂျင်းမ်မိုရိ)
Kameido Sta (ခါမဲဒို ဘူတာရုံ)
Kameido 1 (ခါမဲဒို ၁)
Kōto-Shako (ခိုးတို ရှခို)
ဒီမှတ်တိုင်တွေကိုဖြတ်ပြီးမှ ခင်းရှိချိုးဘူတာရံုမှတ်တိုင်ကို ရောက်မှာပါ။

ခရီးတစ်လျှောက်ကြာချိန်ကတော့ မိနစ်သုံးဆယ်/၃၅ မိ‌နစ်လောက်ပဲကြာမှာပါ။
မူရင်းရေးသားသူ - ကိုဇင်
မည်သူ့ကိုမှ ပြန်လည်ကူးယူခွင့်မပေးပါ

လုံခြုံစွာ လိုင်းကားစီးနိုင်ကြပါစေ
ဆော့ဝဲကို ဒီမှာဒေါင်းယူပါ - https://bit.ly/3WRw4tM

ဂျပန်ရဲ့အလုပ်ခွင်အမူအကျင့်များဂျပန်ဟာ စည်းစနစ်ကျတာနဲ့ပတ်သက်ပြီးကျော်ကြားပါတယ်။ ဒါကြောင့် ဂျပန်မှာ အလုပ်သွားလုပ်တော့မယ်ဆိ...
02/09/2024

ဂျပန်ရဲ့အလုပ်ခွင်အမူအကျင့်များ

ဂျပန်ဟာ စည်းစနစ်ကျတာနဲ့ပတ်သက်ပြီးကျော်ကြားပါတယ်။ ဒါကြောင့် ဂျပန်မှာ အလုပ်သွားလုပ်တော့မယ်ဆိုရင် ဒီအချက်တွေကို သိထားရပါတယ်။ ဒါမှ သူတို့အလုပ်ခွင်မှာ ကိုယ်ဟာအဆင်ပြေတဲ့သူတစ်ယောက်ဖြစ်နေမှာပါ။

အသက်အရွယ်နဲ့ရာထူးအလုပ်အကိုင်

ဂျပန်မှာ အသက်အရွယ်ကို အရမ်းအလေးထာူပါတယ်။ အသက်ကြီးသူတွေကိုလဲ အရမ်းရိုသေလေးစားကြပါတယ်။ နောက်ပြီး အလုပ်ခွင်မှာဆိုရင် ရာထူးအလုပ်အကိုင်အလိုက် လေးလေးစားစားဆက်ဆံပြောဆိုကြပါတယ်။

Business card

ဒါကတော့ ဂျပန်အလုပ်ခွင်မှာ မရှိမဖြစ်လိုအပ်တာတွေပါ။ ကိုယ့်အလုပ်အကိုင်နဲ့ဆိုင်တဲ့ business card ကို တစ်ဖက်လူဆီ လက်နှစ်ဖက်နဲ့ရိုရိုသေသေ ပေးရမှာပါ။ ပြီးရင် ဉီးညွှတ်ပြီးလေးစားသမှုပြပေးဖို့လဲ လိုပါတယ်။

ဂျပန်နာမည်တွေ

ဂျပန်နာမည်တွေမှာ မိသားစုနာမည်တွေက အရင်လာပါတယ်။ ဥပမာ - Takana Hoshi ဆိုရင် Takana က မိသားစုနာမည်ပါ။ နောက်ပြီး နာမည်ခေါ်ရင်လဲ Takana-san ဆိုပြီး လေးစားသမှုနဲ့ခေါ်ဝေါ်ကြပါတယ်။ San ဆိုတာက Mr, Mrs, Ms တို့နဲ့အဓိပ္ပာယ်တူတူပါပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သုံးနှုန်းချင်ရင်တော့ san ဆိုတာကို ထည့်ခေါ်စရာမလိုပါဘူးနော်။

ဦးညွှတ်ခြင်းနဲ့လက်ဆွဲနှုတ်ဆက်ခြင်း

ဂျပန်မှာ လက်ဆွဲနှုတ်ဆက်ကြတာရှိပေမဲ့ ဦးညွှတ်အရိုအသေပြုပြီး နှုတ်ဆက်တာက ပိုများပါတယ်။ အဲဒါက အလုပ်ခွင်မှာတင်မဟုတ်ဘဲ နေ့စဉ်ဘဝမှာပါ အရေးကြီးတဲ့အပြုအမူတစ်ခုပါ။ အလုပ်ကိစ္စဆွေးနွေးတဲ့အခါမှာလဲ အချင်းချင်းမိတ်ဆက်တဲ့အခါ ဦးညွှတ်အရိုအသေပြုပြီး မိတ်ဆက်တာများပါတယ်။ အဲလိုဦးညွှတ်တာကလဲ ကိုယ့်အထက်လူကြီးတွေဆိုရင် 30-45° လောက် ဦးညွှတ်နှုတ်ဆက်ကြပါတယ်။ ကိုယ်နဲ့အတော်ရင်းနှီးသူတွေကိုတောင်မှ 15° ညွှတ်ပြီး နှုတ်ဆက်ကြပါတယ်။
အဲလိုနှုတ်ဆက်ရာမှာ တစ်ဖက်လူနဲ့ မျက်လုံးချင်းမဆုံရပါဘူး။ ဆုံရင် ရိုင်းတဲ့အပြုအမူလို့ သတ်မှတ်ပါတယ်။

Building relationships

ဂျပန်လူမျိုးတွေဟာ အခြားသူနဲ့စီးပွားရေးစမလုပ်ခင်မှာ ပါတနာအကြောင်းကို သိချင်တတ်ကြပါတယ်။ ဒါကြောင့် အလုပ်ကိစ္စမတိုင်ခင် ညစာအတူတူစားတာမျိုး၊ တစ်ခွက်တစ်ဖလားသောက်တာမျိုးတွေလုပ်ပြီး ပါတနာအကြောင်းကို လေ့လာတတ်ကြပါတယ်။

ဝတ်စားပုံ

ဂျပန်အလုပ်ခွင်မှာ ဝတ်စားပုံအပြင်အဆင်ကလဲ အရေးကြီးပါတယ်။ အမျိုးသားတွေက အလုပ်ခွင်မှာဆိုရင် အမဲရောင်အနောက်တိုင်းဝတ်စုံကို အောက်ကတီရှပ်လက်ရှည်အဖြူ၊ နက်ခ်တိုင်တို့နဲ့ သေချာတွဲဖက်ဝတ်ဆင်ရပြီး အသုံးအဆောင်အနေနဲ့ နာရီတစ်လုံး၊ လက်ထပ်လက်စွပ်ဝတ်ထားရင်ကို အဆင်ပြေပါတယ်။

ကျိုးနွံ့နှိမ့်ချတတ်မှု

ဒီအချက်က ဂျပန်အလုပ်ခွင်မှာ အရေးကြီးဆုံးလို့ဆိုရမှာပါ။ အလုပ်လုပ်ရမှာ ကျိုးနွံ၊ နှိမ့်ချရပါမယ်။ စကားကိုလဲ အလွန်အကျွံကျယ်ကျယ်လောင်လောင်မပြောရပါဘူး။ နောက်တစ်ခုကတော့ smile ပါ။ ပြုံးရပါမယ်။ ဒီနိုင်ငံက အရောင်းစာရေးမတွေလို မျက်နှာသေနဲ့နေလို့မရပါဘူး။ ပြုံးတာက နှိမ့်ချ၊ ကျိုးနွံခြင်းလို့ ဂျပန်တွေက လက်ခံယုံကြည်ထားတာပါ။

ဒီလောက်ဆိုရင် ဂျပန်မှာအလုပ်သွားလုပ်တဲ့အခါ အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်။
မူရင်းရေးသားသူ - ကိုဇင်
မည်သူ့ကိုမှ ပြန်လည်ကူးယူခွင့်မပေးပါ

ဂျပန်မှာဆောင်ထားသင့်တဲ့ ခရီးသွားဆော့ဝဲ -
https://bit.ly/3WRw4tM

01/09/2024

မန်ယူနဲ့ လီပါပူး ပွဲကတော့ အခု လာနေပြီနော်။အင်တာနက်ရှိရုံနဲ့ လိုင်းကောင်းပြီး ကြည်ကြည်လင်လင် ကြည့်ချင်တယ်ဆိုရင်တော့ MyanScore Appကို ဒေါင်းပြီး ကြည့်လို့ရပါတယ်။တစ်ပွဲမှမချန်ပဲ တင်ထားပေးလို့ မင်မင်တော့ အကြိုက်ဆုံးပဲ
ဒီလင့်မှာသွားကြည့်လို့ရပါပြီ
https://www.facebook.com/share/p/YAbvkQbhcJ124i48/

ဘန်ကောက် /နွန်ထပူရီ မြို့နယ်ထဲ တစ်ဝိုက် ပြေးဆွဲနေတဲ့ လိုင်ကား အကြီး အငယ်များရဲ့ ပြေးဆွဲ ရောက်ရှိတဲ့ နေရာလေတွေနဲ့ နွန်ထပူ...
31/08/2024

ဘန်ကောက် /နွန်ထပူရီ မြို့နယ်ထဲ တစ်ဝိုက် ပြေးဆွဲနေတဲ့ လိုင်ကား အကြီး အငယ်များရဲ့ ပြေးဆွဲ ရောက်ရှိတဲ့ နေရာလေတွေနဲ့ နွန်ထပူရီမြို့နယ်ထဲမှာ ရောက်ရှိနေတဲ့ မြန်မာပြည်သားတွေ အဆင်ပြေအောင်ပါ ဘယ်ကားက ဘယ်ကိုသွားလဲ ဆိုတာ အလွယ်တစ်ကူ သိရှိနိုင်အောင် တင်ပေးလိုက်တာပါ
ဆော့ဝဲနှင့်ကြည့်ရန် - (New Version) -
https://bit.ly/3ybq5GG

နွန်ထပူရီ နယ်ထဲ ကနေ ပြေးဆွဲရောက်ရှိတဲ့ လိုင်ကား အကြီး အငယ် နံပါတ်တွေကတော့
နံပါတ် 1 ( နွန်ထပူရီ အဝိုင်း -- စနန်ဘင်နမ် (ထိုင်းထီးဖွင့်ရာ နေရာ )
နံပါတ် 2 ( နွန်ထပူရီ 8လမ်း -- ဖိဘွန်စွန်ရ်ခါ လမ်း21 )
နံပါတ် 3 ( ပါရ်ကတ် အဝိုင်း -- ပါရ်ကတ် မြို့ရှောင်းလမ်း)
နံပါတ် 4 ( ငန်ဝန်ရ်ဝမ် 18လမ်း-- ပါချာချေ့)
နံပါတ် 5( ထင်လန် -- ကွန်ထစ်နွန် 12လမ်း)
နံပါတ် 6 (ကန်ကစေ့နွန်ထပူရီ --ဝတ် ပချာလန်စမ်)
နံပါတ် 7 (ကန်ကစေ့ နွန်ထပူရီ -- ဝတ် လွပ်ရ် ဘန်စီထောင်ရ်)
နံပါတ် 8 ( ငန်ဝန်ရ်ဝမ် 27လမ်း -- စာရ်မခီ လမ်း )
နံပါတ် 9 ( ပါရ်ကတ် -- မိုးဘမ် ဆာကော့် စမ် )
နံပါတ် 10 ( ဘန်စီးမေလ် လှေဆိပ် -- မိုးဘမ် ရဝဖန် )
နံပါတ် 1002 ( နွန်ထပူရီ -- ဘန်ယိုင် )
နံပါတ် 1003 ( ဘန်ကွေ့ -- စိုင်နွဲ့ )
နံပါတ် 1004 ( ဘန်ဖူထောင်ရ် -- စိုင်နွဲ့ )
နံပါတ် 1010 ( ဘန်ကွေ့ -- ပါရ်နန် )
နံပါတ် 1023 ( ဘန်ယိုင် အဝိုင်း -- ဘန် ခိုလပ်)
နံပါတ် 1024 ( ဘန်ဖူထောင်ရ်အဝိုင်း -- ဖလန်ဟ rama 5 တံတား )
နံပါတ် 1025 ( ပါရ်နန် --ပါရ်ကတ် )
နံပါတ် 1026 ( ဘန်ကွေ့ -- ဘန်ယိုင် )
နံပါတ် 1027 ( ပါရ်ကတ် -- ဝတ် စလပ် နွန် )
နံပါတ် 1029 ( ပါရ်ကတ် --ဆွယ် ဖရ်မဲ့ကာလွန်)
နံပါတ် 1030 ( ဘန်ယိုင် -- ဘမ်မိုင်းကျောင်း )
နံပါတ် 1053 ( နွန်ထပူရီ -- ဝတ်ဆာရီခွန် )
နံပါတ် 1102 ( နွန်ထပူရီ -- လရ်ဝတီ )
နံပါတ် 1107 ( ကျမ့်ဝထန -- ဒွန်မေလ် )
နံပါတ် 1133 ( ဝတ်ပါရ်နမ် -- ဝတ် ခမ်ခေါင်)
နံပါတ် 1135 ( ချော့ရ်လန် -- လရ်ထနာတီဗိတ် 26 လမ်း )
နံပါတ် 1136 (ဘန်ယိုင် -- စီမိရာ ကျောင်း )
နံပါတ် 1231 ( ဘန်ယိုင် -- ဖလန်ဟ rama5 )
နံပါတ် 1232 ( နွန်ထပူရီ-- တီဝါနွန်)
နံပါတ် 6028 ( တီဝါနွန် -- လရ်ချပါလွတ် )
နံပါတ် 6029 (ပါရ်ကတ် အဝိုင်း -- ဘန်ယိုင် )
နံပါတ် 6043(ဘန်ကွေ့ -- စမ်ရဲ့ ချောင်ရ်ထောင်ရ် )
နံပါတ် 6044 ( ဘန်ဖူထောင်ရ် -- ဟွန်စင်ရ် )
နံပါတ် 6062 ( မိုးဘမ် ထိုင်း -- စီးစမန် )
နံပါတ် 6255 ( ဘန်ယိုင်စျေး -- ထေဝီဝတ်ထနာ )
နံပါတ် 6256 ( ဘန်ယိုင် စျေး -- မိုးဘမ် လင်နမ် ),
နံပါတ် 6258 ( ဘန်ဖူထောင်ရ် -- ဘန်ယိုင် )
နံပါတ် 6266 ( ခေါင်ရ် ဘန်ဖိုင်ဘူတား -- ပါရ်စဲ )
နံပါတ် 356 ( ဘန်ဖူထောင်ရ် -- ထရ်မစက် လန်စစ် တက္ကသိုလ် )
နံပါတ် 359 ( ပါရ်ကတ် -- ပထွန်ဌာနီ )
နံပါတ် 364/367 ( ဘန်ဖူထောင်ရ် -- လပ်ရ်ဘိုလွန် )
နံပါတ် 370 ( ပထွန်ဌာနီ -- နွန်ထပူရီ )
နံပါတ် 377 ( နွန်ထပူရီ -- ပထွန်ဌာနီ )
နံပါတ် 387 ( ပါရ်ကတ် -- ကန်ချရ်နာဖိစစ် )
နံပါတ် 388 ( ပါရ်ကတ် -- လရ်တနာတီဗိတ် )
နံပါတ် 391 ( မေထုံဌာနီ -- လရ် လွန်ကဲ )
နံပါတ် 646 ( နွန်ထပူရီ -- စေနာ )
နံပါတ် 680 ( ဘန်ယိုင်စျေး -- လန်စစ် )
နံပါတ် 699 ( နဝနခွန် -- ဘန်ဖူထောင်ရ် )

နံပါတ် 17 🚌🚌( ဖလန်ဆောင် -အမေရိကန်သံရုံး)(ဖလန်ဆောင် ၆၆လမ်း /ဖလန်ဆောင် ဆေးရုံ/ဝေါ့ကဗေရ်လမ်းဆုံ/စင်တာဖလန်ဆောင်/ဘန်ပကော်ကောင...
31/08/2024

နံပါတ် 17 🚌🚌( ဖလန်ဆောင် -အမေရိကန်သံရုံး)
(ဖလန်ဆောင် ၆၆လမ်း /ဖလန်ဆောင် ဆေးရုံ/ဝေါ့ကဗေရ်လမ်းဆုံ/စင်တာဖလန်ဆောင်/ဘန်ပကော်ကောင်ရ်ဆေးရုံ/big c ဘန်ပကော် /ဘန်ကကော်စျေး/စွတ်စဝတ်လမ်း/လရ်ဘိုလနဆေးရုံ/လရ်ဘိုရနလမ်း/ဂျလိမ်ရ်နခွန်လမ်း/အာရှထေ့ရ်/ဝတ်စူတီ/ဝတ်ရန်နဝါ/စူလရ်စပ်လမ်း /မြန်မာသံရုံး/စူလရ်စပ်bts/ဆာထောင်ရ်လမ်း/အမေရိကန်သံရုံး/လုရ်မနီစီလွန် ပန်းခြံ )🚌
ဒီထက်ပိုပြီးတော့ စုံစုံလင်လင်သိချင်တယ်ဆိုရင်တော့ အောက်က ဆော့ဝဲလေးကို ဒေါင်းပြီးတော့ လိုင်းကားစီးလို့ရပါတယ်
(နောက်ဆုံးထွက် ဗားရှင်းဖြစ်လို့ ကိုယ့်ဖုန်းမှာ ရှိနေရင်တောင် Update ဒေါင်းထားလိုက်ပါ)
ထိုင်းခရီးသွားဆော့ဝဲ ဗားရှင်းအသစ်
ဆော့ဝဲကိုဒီမှာဒေါင်းယူပါ - https://bit.ly/3ybq5GG

ထိုင်းကိုရောက်လာပြီးတော့ ကားစီးလို့မတတ်တဲ့ သူတွေ ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်ဒီဆော့ဝဲလ်နဲ့သာဆိုရင် ကားစီးဖို့အတွက် လုံးဝအခက်...
31/08/2024

ထိုင်းကိုရောက်လာပြီးတော့ ကားစီးလို့မတတ်တဲ့ သူတွေ ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်
ဒီဆော့ဝဲလ်နဲ့သာဆိုရင် ကားစီးဖို့အတွက် လုံးဝအခက်အခဲရှိတော့မှာမဟုတ်ပါဘူး။ကားထွက်မယ့် လမ်းကြောင်းတွေ ကားနံပါတ်တွေနှင့်တကွပြထားတာကြောင့် တော်တော်ကြီးအဆင်ပြေပါတယ်။ ထိုင်းကိုအလည်လာကြတဲ့ နိုင်ငံခြားခရီးသွားတွေတိုင်း ဆောင်ထားကြတဲ့ လိုင်းကားဆော့ဝဲလ်ဖြစ်ပါတယ်။
ဆော့ဝဲလ်ဒေါင်းရန်လင့် - https://bit.ly/3ybq5GG

Address

Serdang

Alerts

Be the first to know and let us send you an email when Čelebrity Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Čelebrity Myanmar:

Videos

Share

Category


Other Video Creators in Serdang

Show All