Fact Media

Fact Media Online News, Facebook & Multimedia

၉.၁.၂၀၂၄ ရက်မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဒုတိယအကြိမ်ကျင်းပမယ့် I Am Model Sreach International 2023 (Teen) ပွဲကို ...
09/01/2024

၉.၁.၂၀၂၄ ရက်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဒုတိယအကြိမ်ကျင်းပမယ့် I Am Model Sreach International 2023 (Teen) ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ရှင်မေခက ဝင်ရောက်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံကနေဇန်နဝါရီ ၉ ရက်က စတင်ထွက်ခွာခဲ့တာဖြစ်တယ်လိုသိရပါတယ်။
ဇန်နဝါရီ ၁၀ ရက်ကနေ ဇန်နဝါရီ ၁၅ ရက်အထိ အဆိုပါ ပြိုင်ပွဲကြီးမှာ ဖိလစ်ပိုင် ၊ ကမ္ဘောဒီးယား ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ဗီယက်နမ် စတဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံ ကျော်က အလှမယ်တွေနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

05/01/2024

ဘဝရဲ့ လက်ကျန်ချိန်
တေးရေး - သတိုး၊တေးဆို - မိုင်းအောင်ဆာ၊ ထက်ထက်မြတ်နိုး၊ ယွန်းပွင့်ဖြူ၊ဂျူးဂျူးအလက်ာ
သရုပ်ဆောင်- မိုင်းအောင်ဆာ၊ မာန်ဟိန်းထက်၊ ထက်ထက်မြတ်နိုး ၊ယွန်းပွင့်ဖြူ၊ ဂျူးဂျူးအလက်ာ၊ဝတ်ရည်သိမ့်၊ ယွန်းမီမီအောင်
Mixing - ကိုအောင်ကို Studio- Studio Yangon
ဒါရိုက်တာ - ရှိုင်းကိုအသံဖမ်း- ကိုအောင်ကို
Crew - BT group

04/01/2024

ဘဝရဲ့ လက်ကျန်ချိန်
တေးရေး - သတိုး
တေးဆို - မိုင်းအောင်ဆာ၊ ထက်ထက်မြတ်နိုး၊ ယွန်းပွင့်ဖြူ၊ဂျူးဂျူးအလက်ာ
သရုပ်ဆောင်- မိုင်းအောင်ဆာ၊ မာန်ဟိန်းထက်၊ ထက်ထက်မြတ်နိုး ၊ယွန်းပွင့်ဖြူ၊ ဂျူးဂျူးအလက်ာ၊ဝတ်ရည်သိမ့်၊ ယွန်းမီမီအောင်
Mixing - ကိုအောင်ကို
Studio- Studio Yangon
ဒါရိုက်တာ - ရှိုင်းကို
အသံဖမ်း- ကိုအောင်ကို
Crew - BT group

02/01/2024

ပေါ့ပျက်ပျက်
တေးရေး- လူလူ
တေးဆို- မိုင်အောင်ဆာ
သရုပ်ဆောင်- မိုင်အောင်ဆာ၊ ကောင်းခန့်အာကာ ၊ထက်ထက်မြတ်နိုး၊ ယွန်းပွင့်ဖြူ
Studio - Other Way
ဒါရိုက်တာ- ရှိုင်းကို

27/12/2023

အနုပညာကို အဆိုတော်သဘောမျိုးနဲ့ပြန်ဝင်လာတာပါဆိုတဲ့ သရုပ်ဆောင်နေမင်းခ
#သီချင်း #ဘဝရဲ့ကြိုးဝိုင်း

18/12/2023

အဆိုတော်တစ်ယောက်အဖြစ် ကြိုးစားနေဆဲအခက်အခဲအကြောင်းတွေကိုပြောပြလာတဲ့ မိုင်းရှူးမြို့က တောင်ပေါ်သားလေးမိုင်အောင်ဆာ

#မိုင်အောင်ဆာ #မိုင်းရှူးမြို့
#အဆိုတော်

အောက်တိုဘာ ၁၀ရက်2023 ခုနှစ် စက်တင်ဘာလ 30 ရက်နေ့တွင် စင်္ကာပူနိုင်ငံရှိ The Ritz-Carlton Millenia Hotel တွင် HOFS AWARD 2...
10/10/2023

အောက်တိုဘာ ၁၀ရက်

2023 ခုနှစ် စက်တင်ဘာလ 30 ရက်နေ့တွင် စင်္ကာပူနိုင်ငံရှိ The Ritz-Carlton Millenia Hotel တွင် HOFS AWARD 2023 ဆုပေးပွဲကျင်းပခဲ့ပြီး ၎င်းဆုပေးပွဲမှာ ၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း အောင်မြင်ထူးချွန်သော လူပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းများကို ဂုဏ်ပြုသည့် အနေဖြင့် ပြုလုပ်သော ဆုချီးမြှင့်ပွဲ အခမ်းအနား ဖြစ်ပါသည်။

ဤ ပွဲ၏ ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝှမ်းရှိ လူများစွာအတွက် အိပ်မက်နယ်ပယ်ဖြစ်သော စင်္ကာပူတွင် စီးပွားရေး အခွင့်အလမ်းများ ချဲ့ထွင်ရန် ချိတ်ဆက်မှုများ ဖန်တီးရန် စီစဉ်ခြင်းဖြစ်ပြီး စင်္ကာပူရှိ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ခုလုံး၏ ပူးပေါင်းပါဝင်မှုဖြင့် ကျင်းပသော ထူးခြားသည့် အခမ်းအနား အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဤအခမ်းအနားတွင် ဆုရရှိကြသူများ အနေဖြင့် ၎င်းတို့၏ အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်များကို ကမ္ဘာ့အဆင့်ထိ တိုးချဲ့မြှင့်တင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

Singapore Hall of Fame 2023 ဆုပေးပွဲတွင် ထူးချွန်အောင်မြင်သော လူပုဂ္ဂိုလ်များနှင့် ထိပ်တန်းစီးပွားရေးလုပ်ငန်းများ အတွက် ကဏ္ဍအလိုက် ဆုအမျိုးအစားများ ပါဝင်သည်။ Influencer နယ်ပယ်တွင် ကဏ္ဍ ၁၁ ခု အတွက် ဆုအရေအတွက် ၂၆ ဆု ချီးမြှင့်ခဲ့ပြီး၊ စီးပွားရေးနယ်ပယ်တွင် ကဏ္ဍ ၁၈ ခုအတွက် ဆု အရေအတွက် ၃၆ ဆု ချီးမြှင့်ခဲ့ပါသည်။

Singapore Hall of Fame 2023 ဆုပေးပွဲတွင် မြန်မာနိုင်ငံမှ Dr. Laurel က အရှေ့တောင်အာရှ နိုင်ငံများ အတွင်း နာမည်ကျော်ကြားသူများ၊ အောင်မြင်သူများ အကြားတွင် Beauty and Health Influencer Award 2023 ဆုကို ရရှိခဲ့ပြီး မြန်မာနိုင်ငံမှ သရုပ်ဆောင် ပိုင်တံခွန် က Iconic Figure Award ကို ရရှိခဲ့ပါသည်။

Dr. Laurel သည် PAN Aesthetics ၏ CEO / Founder တစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများအတွက် အလှအပနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ၊ သိမှတ်ဖွယ်ရာများကို (၆) နှစ် ကျော်ကြာ စဉ်ဆက်မပြတ် မျှဝေခဲ့သူ တစ်ယောက် ဖြစ်သည်။ ကိုဗစ်ကာလအတွင်း “Go Corona” သီချင်းဖြင့် ကျန်းမာရေးပညာပေး အက/ performance ဖြင့် မြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှ နိုင်ငံများအထိပါ လူသိများခဲ့ပြီး သူမ၏ ပညာရပ်ဆိုင်ရာ မျှဝေမှုများ၊ သူမ၏ ထူးချွန်မှုများကြောင့် နာမည်ကျော်ကြားသူ တစ်ဦးလည်း ဖြစ်ပါသည်။

အောက်တိုဘာ(၃)ရက်နေ့မြန်မာနိုင်ငံတွင်ပထမဆုံးကျင်းပပြုလုပ်သည့် SO-ကိုယ်ပိုင်သံစဉ်တေးရေး၊တေးဆိုတေးသီချင်းပြိုင်ပွဲကြီး၏Gran...
03/10/2023

အောက်တိုဘာ(၃)ရက်နေ့

မြန်မာနိုင်ငံတွင်ပထမဆုံးကျင်းပပြုလုပ်သည့် SO-
ကိုယ်ပိုင်သံစဉ်တေးရေး၊တေးဆိုတေးသီချင်းပြိုင်ပွဲကြီး၏Grand Finalပွဲသို့တက်လှမ်းခဲ့ကြသည့်Top Finalistများအားစာနယ်ဇင်းများနှင့်မိတ်ဆက်ပွဲကိုရန်ကုန်မြို့တာမွေမြို့နယ်ရှိHexagon Complex၌ယနေ့ပြုလုပ်ခဲ့သည်။

အဆိုပါပွဲတွင်တေးရေးပြိုင်ပွဲအတွက်ရွေးချယ်ထားသည့်(၆)ဦးနှင့်တေးဆိုပြိုင်ပွဲအတွက်(၆)ဦးကိုမိတ်ဆက်ပေးခဲ့သည်။တေးရေးပြိုင်ပွဲအတွက်ထည်ဝါ၊အားဖုန်၊ပင်လယ်အေး၊သော်ဇင်လတ်၊မှုန်ကြီးနှင့်ဉာဏ်လင်းထွဋ်တို့ကရွေးချယ်ခံရပြီးတေးဆိုပြိုင်ပွဲတွင်တေးဆိုပြိုင်ပွဲအတွက်မောင်သု၊ဘွဲ၊Anoni Mus၊ဉာဏ်လင်းထက်၊Moanaနှင့်ပုလဲဖြူစင်ဖွေးတို့ကရွေးချယ်ခြင်းခံထားရကြောင်းသိရသည်။

SOကိုယ်ပိုင်သံစဉ်တေးရေး၊တေးဆိုတေးသီချင်းပြိုင်ပွဲကြီး၏Grand Finalပွဲကြီးးကိုအောက်တိုဘာလ(၇)ရက်နေ့ညနေ(၆)နာရီမှစတင်၍ရန်ကုန်မြို့တာမွေမြို့နယ်‌ရွှေထွဋ်တင်ကွင်းရှိHazagon Studio၌ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။ယင်းအပြင်အဆိုပါပြိုင်ပွဲအစီအစဥ်အစဥ်များအားChannel-9နှင့်Sky Net Music Channelတို့မှတိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

vivo က အံ့မခန်းဖွယ်ကောင်းသော Delightful Night V29 5G မိတ်ဆက်ပွဲအခမ်းအနား ကနေတဆင့် မြန်မာနိုင်ငံသို့ ဆန်းသစ်သောအတွေ့အကြုံ...
02/10/2023

vivo က အံ့မခန်းဖွယ်ကောင်းသော Delightful Night V29 5G မိတ်ဆက်ပွဲအခမ်းအနား ကနေတဆင့် မြန်မာနိုင်ငံသို့ ဆန်းသစ်သောအတွေ့အကြုံများကို ယူဆောင်လာ
=================================================


ရန်ကုန်၊ အောက်တိုဘာလ ၂ ရက်

စျေးကွက်ရှေ့ဆောင်နည်းပညာ အမှတ်တံဆိပ်တစ်ခု ဖြစ်သည့် vivo သည် များစွာသော ကောင်းမွန်သည့်မျှော်လင့်မှုများဖြင့် V29 5G စမတ်ဖုန်းကို 'Delightful Night' အမည်ဖြင့် ယနေ့တွင် LC International Hotel တွင် ဂုဏ်ယူစွာဖြင့် မိတ်ဆက်ခဲ့ပြီး မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့သည်။ V29 5G ကို မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး ဆန်းသစ်တီထွင်မှု၊ ခေတ်မီဒီဇိုင်းနှင့် နည်းပညာမြင့် ကင်မရာလုပ်ဆောင်ချက်များကြောင့် ကျော်ကြားသည့် V Series ၏ အရည်အသွေးများကို ဆက်လက်ထိမ်းသိမ်းထား ရှိနိုင်ပြီဖြစ်သည်။

V29 5G သည် ပါးလွှာမှုအတွက် စံသစ်တစ်ခုသတ်မှတ်ထားပြီး 120 Hz 3D Curved Screen ဖြင့် စမတ်ဖုန်းဒီဇိုင်းကို သာမာန်ထက်ပိုမိုကောင်းမွန်သော ဒီဇိုင်းအဖြစ် ဖန်တီးတီထွင်ထားသည်။ V27 5G ၏ အောင်မြင်မှု‌အပေါ်အခြေခံကာ ဓာတ်ပုံရိုက်နိုင်မှုစွမ်းရည်များတွင် ထူးထူးခြားခြား မြှင့်တင်မှုများနှင့်အတူ ပြောင်မြောက်ပြီး ခေတ်မီလှပသော ဒီဇိုင်းပါရှိသည်။ အဓိကလုပ်ဆောင်ချက်များအဖြစ် Smart Aura Light Portrait၊ Supermoon Mode၊ Food Mode နှင့် 50 MP AF Group Selfie ကင်မရာတို့ ပါဝင်ပါသည်။

vivo ၏ CEO Mr. Nelson Ni ၊ vivo မှ တာဝန်ရှိသူများ၊ Brand Ambassador များဖြစ်ကြသော နော်ဖောအယ်လ်ထားနှင့် နန်းစန္ဒာလှထွန်း၊ Alice Ong၊ ကျော်ထက်ဇော်၊ အောင်ရဲထိုက်၊ ဟိဏ်းသစ်၊ Amera Hpone၊ ဝင်းခန့်မိုး၊ သံသာညီ၊ စုလှိုင်၊ Jewel နှင့် သရုပ်ဆောင်၊ မော်ဒယ်များနှင့် influencer ၂၀ ကျော်တို့သည် V Series ၏ မျိုးဆက်သစ် မွေးဖွားခြင်းကို မျက်မြင်သက်သေအဖြစ် လာရောက်တွေ့ဆုံကြည့်ရှု ခဲ့ကြသည်။

vivo Myanmar ၏ CEO ဖြစ်သူ Mr. Nelson Ni က “ဒီနေ့ ဒီမှာ ရင်းနှီးတဲ့ မိတ်ဟောင်း မိတ်သစ်တွေ စုဝေးနေတာကို တွေ့ရလို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ V Series မျိုးဆက်သစ်ရဲ့ အရုဏ်ဦးကို အတူတူ မျက်မြင် ကိုယ်တွေ့ ကြည့်ရှုကြရအောင် ဒီဇိုင်းဆန်းသစ်တီထွင်မှုမှာ vivo ဟာသုံးစွဲသူတွေကိုအဆုံးစွန်သော ထုတ်ကုန်အတွေ့အကြုံကို ပေးစွမ်ဖို့ရည်ရွယ် ကြောင်း မယိမ်းယိုင်တဲ့ ကတိကဝတ်တွေနဲ့‌ ပြောကြားလို ပါတယ်။ မိုဘိုင်းပုံရိပ်ဖော်ခြင်းမှာ ဦးဆောင်သူတစ်ဦးအနေနဲ့နည်းပညာတိုးတက်မှုအတွက် ကျွန်တော်တို့ ရည်စူးထားပါတယ်။ ယခုလ 19th Asian Games Hangzhou အတွက် မိုဘိုင်းလ်ဖုန်းများ ထောက်ပံ့ပေးနိုင်ခဲ့တဲ့အတွက် များစွာ ဂုဏ်ယူပြီး ကမ္ဘာ့ဖလားနဲ့ ဥရောပချန်ပီယံရှစ်ကဲ့သို အားကစားပွဲ များနဲ့အတူ ထင်ရှားကျော်ကြားတဲ့ အားကစားပွဲတွေမှာ ပူးပေါင်းဆောင်ရွက်မှု သမိုင်းကြောင်း ရေးထိုးနိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

vivo ၏ မြန်မာနိုင်ငံတွင် ရပ်တည်လာမှုနှင့် ပတ်သက်၍ Mr. Nelson Ni ဆက်လက်၍ "vivo ဟာ မြန်မာနိုင်ငံဈေးကွက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲရာမှာ ကိုးနှစ်ကျော်ရှိပြီဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ဟာ အရောင်းပြခန်း ၁၀ ခုကျော် နဲ့ သုံးစွဲသူဝန်ဆောင်မှုစင်တာ ၁၅ ခုကျော်နဲ့အတူ ခိုင်မာတဲ့ ဝန်ဆောင်မှုကွန်ရက်တစ်ခုကို ထူထောင်ထားပါတယ်။ ထူးခြားကောင်းမွန်တဲ့ ထုတ်ကုန်တွေ ပေးအပ်ဖို့ ကတိကဝတ်ပြုထားတာကြောင့် vivo ဟာ သုံးစွဲသူတွေအကြား ချစ်ခင်ရတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲပါတယ်။ယနေ့မှာ ကျွန်တော်တို့ ခရီးရဲ့ ခြေလှမ်းသစ်ဖြစ်တဲ့ V29 5G ကို မိတ်ဆက်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၉ ဂဏန်းဟာ ကံကောင်းခြင်းမင်္ဂလာဟု ယူဆပါတယ်။ ကံကောင်းစေမယ့် V29 5G နဲ့ကျွန်တော်တို့ရဲ့နောက်ထပ်ခရီးကို အတူတူစတင်လိုက်ပါစို့” ဟု ၎င်း၏ အတွေးအမြင်များကို မျှဝေခဲ့သည်။

vivo Myanmar ၏ Product Manager ကိုကောင်းထက်မိုးက “ဒီနေ့မှာတော့ မြန်မာနိုင်ငံမှာ V29 5G ကို မိတ်ဆက်လိုက်တဲ့အတွက် သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝတွေမှာ ဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေနဲ့ နောက်ထပ်ခြေလှမ်းတစ်ခုကိုလှမ်းဖို့ စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့ရဲ့ တာဝန်မှာ အသုံးပြုသူတွေကို စွမ်းအားမြှင့်တင်ပေးဖို့ဖြစ်ပြီး V29 5G ကို မြန်မာနိုင်ငံဈေးကွက်မှာ မိတ်ဆက်ပေးလိုက် တာဟာ ဒီခရီးကို အတူတကွစတင်ရန် ပီတိဖြစ်ရပါတယ်" ဟုထုတ်ဖော်ပြောကြားခဲ့သည်။

မိတ်ဆက်ပွဲအခမ်းအနားမှာ vivo Myanmar ရဲ့ Product Manager ကိုကောင်းထက်မိုး၊ မီဒီယာကိုယ်စားလှယ်တော်များဖြစ်ကြသော Technity မှ ကို John Smith နှင့် MMTR မှ ကိုအောင်ကျော်သူ နှင့် Brand Ambassadors များ၊ နာမည်ကျော် ဓာတ်ပုံဆရာ ကိုအောင်ကျော်ထွန်း ၊ တို့နှင့်အတူ အစီစဉ်တင်ဆက်သူ Teresa Khine တို့မှ ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေခဲ့ပြီး V29 5G သည် ၎င်းတို့ စိတ်ကြိုက်လုပ်ဆောင်ချက်များပါဝင်ပြီး စွဲမက်ဖွယ်ရာ အရောင်များ ပါရှိကြောင်း ချီးကျူးပြောဆိုခဲ့ကြသည်။

ဆန်းသစ်တီထွင်မှု၊ နှစ်သက်ဖွယ်ဒီဇိုင်းနှင့် နည်းပညာကျွမ်းကျင်သော သုံးစွဲသူများအတွက် တောက်ပသော အနာဂတ်ကို ယူဆောင်လာမည့် V29 5G ကို စျေးနှုန်း ၁,၃၉၉,၈၀၀ ကျပ်ဖြင့် အောက်တိုဘာလ (၂) ရက်နေ့မှ (၇) ရက်နေ့အထိ ကြိုတင်မှာယူနိုင်ပြီး Bluetooth Speaker များကို လက်ဆောင်အဖြစ် ရယူနိုင်ပြီဖြစ်သည်။ V29 သည် စိတ်လှုပ်ရှားဖွယ်ရာ အရောင်နှစ်မျိုးဖြစ်သည့် Peak blue နှင့် Noble Black တို့ဖြစ်သည်။ နောက်ထပ်အချက်အလက်များအတွက် https://www.vivo.com/en/about-vivo/news တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

ရန်ကုန်၊အောက်တိုဘာ ၁ ရက် "လရောင်အောက်က ကုမုဒြာ" ဇာတ်လမ်းတွဲ ကန်တော့ပွဲကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Ori...
02/10/2023

ရန်ကုန်၊အောက်တိုဘာ ၁ ရက်

"လရောင်အောက်က ကုမုဒြာ" ဇာတ်လမ်းတွဲ ကန်တော့ပွဲကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Oriental House Resturant မှာကျင်းပခဲ့ပါတယ်။
ဇာတ်လမ်း ဇာတ်ညွှန်း အနေနဲ့ ကဗျာသစ် ရေးသားထားပြီး ဒါရိုက်တာ တင်အောင်ကျော်က သရုပ်ဆောင်တွေဖြစ်တဲ့ ဟိန်းဝေယံ ၊ အကယ်ဒမီ စိုးပြည့်သဇင် ၊ အကယ်ဒမီမေသန်းနု ၊ အကယ်ဒမီ ဝါဝါအောင် ၊ ဒေါင်းဝေ ၊ ပိုးဝတီသာ စတဲ့အနုပညာရှင်တွေနဲ့ ရိုက်ကူးမှာဖြစ်ပါတယ်။

ဇာတ်လမ်းတွဲအတွက် ၄၅ မိနစ်စာ အပိုင်း ၁၅ ပိုင်းစာကို အောက်တိုဘာလဆန်းပိုင်းက စတင် ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ‌‌ရှမ်းလေး ဗီဒီယိုထုတ်လုပ်ရေးက ရိုက်ကူးပြီး လာမယ့် ၂၀၂၄ ခုနှစ် လဆန်းပိုင်းမှာ ChannelK ရုပ်သံလိုင်းကထုတ်လွင့်ပြသမှာလည်းဖြစ်ကြောင်းသိရှိရပါတယ်။

ဇွန် ၂၄ရက်ဒါရိုက်တာအဖြစ်သရုပ်ဆောင်ခင်လှိုင်ရိုက်ကူးထာားသည့်အထိန်းတော်” ရုပ်ရှင်ဇာတ်ကားကြီး Premier Show ကို ဇွန်လ ၂၄ရက်က...
25/06/2023

ဇွန် ၂၄ရက်

ဒါရိုက်တာအဖြစ်သရုပ်ဆောင်ခင်လှိုင်ရိုက်ကူးထာားသည့်အထိန်းတော်” ရုပ်ရှင်ဇာတ်ကားကြီး Premier Show ကို ဇွန်လ ၂၄ရက်က ရန်ကုန်မြို့ ရှိသမ္မတအဆင့်မြင့်ရုပ်ရှင်ရုံ၌ပြုလုပ်ခဲ့သည်။အဆိုပါဇာတ်ကားတွင်သရုပ်ဆောင်အကယ်ဒမီမြင့်မြတ် ၊ ရှင်မွေလ ၊အိချောပို၊သုသု၊လင်းလင်း၊ခင်လှိုင်၊ဒိန်းဒေါင် ၊ ဝေယံကျော်၊ဇော်ဝင်းနိုင်၊ဆင်မ၊မင်းသူ၊ချစ်လူလူ၊စိစိ၊အကယ်ဒမီဂွမ်းပုံ၊ အကယ်ဒမီဝါဝါအောင်၊ခေးလရောင်၊ယမုံ၊ချိုမဒီသွင်နှင့်အခြားအနုပညာရှင်များစွာပါဝင်သရုပ်ဆောင်ထားကြပြီးဇွန်လ(၃၀)ရက်၌ရုံတင်ပြသသွားမည်ဟုသိရသည်

17/06/2023

ချစ်ကြွေးဝိညာဉ် ဇာတ်လမ်းတွဲထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့အသက် ၆နှစ်ထဲကနေ စပြီ အနုပညာလောကထဲဝင်ရောက်လာတဲ့ ကလေးသရုပ်ဆောင် ကြယ်စင်ဝင့်ကျော်

#ကြယ်စင်ဝင့်ကျော် #ချစ်ကြွေးဝိညာဉ်

13/06/2023

ဝါရင့်အနုပညာသရုပ်ဆောင် တွေအပေါ်မှာ မျိုးဆက်သစ် သရုပ်ဆောင်တွေအားလုံး လေးစားတတ်ဖို သိစေချင်လို ပြောပြလာတဲ့ ဒါရိုက်တာ ကျော်ဘိုဘိုသာ

#ကြယ်စင်ဝင့်ကျော်

၁၀.၆.၂၀၂၃ ရက်သုခုမ အကယ်ဒမီ ရုပ်ရှင်ထုတ်လုပ်ရေး မှ  သရုပ်ဆောင် သင်တန်းသား /သင်တန်းသူ သရုပ်ဆောင်များ စုပေါင်းကာ အကယ်ဒမီ ဒေ...
10/06/2023

၁၀.၆.၂၀၂၃ ရက်
သုခုမ အကယ်ဒမီ ရုပ်ရှင်ထုတ်လုပ်ရေး မှ သရုပ်ဆောင် သင်တန်းသား /သင်တန်းသူ သရုပ်ဆောင်များ စုပေါင်းကာ အကယ်ဒမီ ဒေါ်မြတ်မွန် အားသုခုမ အကယ်ဒမီ ရွှေစင်ရွှေသား ကြယ်စင် ပေးအပ်ကန်တော့ ပွဲကို ယခုလ ၁၀ ရက်နေ့ နေ့လည်၁ နာရီ က ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ် အမှတ်(၄)ရပ်ကွပ် အာသာဝတီလမ်းရှိ သီရိလက္ခာဏာရာမ ဒဂုံသာသနာ့ရိပ်သာကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သောပုံရိပ်များဖြစ်ပါတယ်။

ဒီကနေ့မှာတော့Dc group ကမွေးထုတ်ပေးလိုက်တဲ့ကလေးသရုပ်ဆောင် အလင်းကြယ်စင် လေးနဲ့မိတ်ဆက်ပေးပရစေအသက်(၈)နှစ်အရွယ်လေးနဲ့ အနုပညာလ...
23/05/2023

ဒီကနေ့မှာတော့Dc group ကမွေးထုတ်ပေးလိုက်တဲ့
ကလေးသရုပ်ဆောင် အလင်းကြယ်စင် လေးနဲ့
မိတ်ဆက်ပေးပရစေအသက်(၈)နှစ်အရွယ်လေးနဲ့ အနုပညာလောကထဲရောက်လာခဲ့တဲ့ သမီးလေး
အလင်းကြယ်စင် ရဲ့အကြောင်းနဲ့ သူလေး ရဲ့ အနုပညာလှုပ်ရှားမူလေးနဲ့ မျှဝေပေးပါရစေ။

ဒါရိုက်တာ ကိုမိုးရဲ့
မျှော်လင့်ခြင်းကမ်းလွန် ဇတ်ကားဖြင့်
အနုပညာ လောကမှာပါဝင်လှုပ်ရှားလာခဲ့ပါတယ်။

အဲဒိနောက်မှာတော့
ဒါရိုက်တာမင်းဇော်ရဲ့ မနုတသာဒုလဘ ဇတ်ကား
ဒါရိုက်တာကိုမိုးရဲ့ အဖြူရောင်တိမ်တိုက်
ဒါရိုက်တာ​အောင်ဟိန်းရဲ့ မိထွေးစရိုက်အမှန်မိုက်
စတဲ့ဇတ်ကားတွေအပြင်ယခု
ဆရာသိုးဆောင်း၏ဝတ္ထုဖြစ်တဲ့
ခေါင်ရမ်းပန်းတို့ပွင့်နေပြီ ဇတ်လမ်းတွဲမှာလည်း
သက်ထက်စံ ဇတ်ကောင်နေရာမှအရွေးခံထားရပါတယ် ဆက်လက်ပြီးအနုပညာအလုပ်တွေ
လုပ်ဆောင်နေတဲ့DC group ရဲ့မင်းသမီးလေး
အလင်းကြယ်စင် လေးကိုချစ်ခင်အားပေးကြပါအုံး။

#အလင်းကြယ်စင်

မေလ ၂၃ ရက်မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ Malaysia Master 2023 ပြိုင်ပွဲမှာ အမေရိကန်နိုင်ငံသူ ပြိုင်ဘက် Lauren L...
23/05/2023

မေလ ၂၃ ရက်

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ Malaysia Master 2023 ပြိုင်ပွဲမှာ အမေရိကန်နိုင်ငံသူ ပြိုင်ဘက် Lauren LAM ကို အနိုင်ယူပြီး ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။ Malaysia Master 2023 ပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတာဖြစ်ပြီး ဆုကြေးငွေအနေနဲ့ ဒေါ်လာ လေးသိန်းနှစ်သောင်းချီးမြှင့်သွားမှာပါ။ ကမ္ဘာ့အဆင့် ၅၈ ရှိတဲ့ သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၄၂ ရှိတဲ့ အမေရိကန်နိုင်ငံသူ ပြိုင်ဘက် Lauren LAM ကို ၃ ပွဲကစား ၂ ပွဲနိုင်နဲ့ အနိုင်ရရှိခဲ့တာပါ။ သက်ထားသူဇာဟာ R32 အဆင့်မှာ ကမ္ဘာ့အဆင့် ၁၃ ရှိတဲ့ ထိုင်းနိုင်ငံသူ Busanan ONGBAMRUNGPHAN နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

#သက်ထားသူဇာ

မေလ ၁၅ ရက်ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင် အဖြစ်ကျင်းပနေသည့် ၂၀၂၃ ခုနှစ် ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွ...
15/05/2023

မေလ ၁၅ ရက်

ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင် အဖြစ်ကျင်းပနေသည့် ၂၀၂၃ ခုနှစ် ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအမျိုးသမီးအသင်းသည် ဗီယက်နမ်အမျိုးသမီးအသင်းကို ၂ဂိုး ပြတ် နဲ့ ရှုံးနိမ့်ခဲ့သည်။

မေလ ၁၃ရက်၂၀၁၉ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန့်မာရုပ်ရှင်ထူးချွန်ဆုရရှိသူများနှင့် ကူညီပံ့ပိုးပေးသူမ...
13/05/2023

မေလ ၁၃ရက်

၂၀၁၉ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန့်မာရုပ်ရှင်ထူးချွန်ဆုရရှိသူများနှင့် ကူညီပံ့ပိုးပေးသူများအား ယနေ့ မေလ ၁၃ရက်နေ့က ရန်ကုန်မြို့ Sky Star Hotel မှာ ဂုဏ်ပြုညစာစားပွဲ တည်းခင်းဧည့်ခံခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

Address

Kuala Lumpur
50000

Website

Alerts

Be the first to know and let us send you an email when Fact Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Fact Media:

Videos

Share