Nan Khin May Win

Nan Khin May Win 📌အကောင်း😊👍🏼အားဖြင့်
အဆိုးကို
နိုင်🏆💯လော့

📌အဆိုးအားဖြင့်အရှုံး✅🙅🏼‍♂️✅မခံနှင့်💯🙆‍♀️💯 Thanks for everything �

ကြောက်မိတာအမှန်
21/12/2024

ကြောက်မိတာအမှန်

 #မိန်းခလေးတွေအချစ်ကိုစိတ်ကုန်သွားတဲ့အခါ(1) ဂရုစိုက်မှုလေးပေးဖို့ အောက်ကျခံပြီး     တောင်းဆိုမှုတွေ ပြုလုပ်နေမှာမဟုတ်တော...
20/12/2024

#မိန်းခလေးတွေအချစ်ကိုစိတ်ကုန်သွားတဲ့အခါ

(1) ဂရုစိုက်မှုလေးပေးဖို့ အောက်ကျခံပြီး
တောင်းဆိုမှုတွေ ပြုလုပ်နေမှာမဟုတ်တော့ဘူး။
( မှန်တစ်ချပ်လို တုံ့ပြန်လိုက်ဖို့ဘဲ သူဆုံးဖြတ်လိုက်လိမ့်မယ် )

(2) ဖုန်းတွေတဂွမ်ဂွမ်ဆက် မက်ဆေ့ခ်ျတွေတဒေါင်ဒေါင်ပို့
အားအားယားယားအလုပ်တွေ ဆက်လုပ်မှာမဟုတ်တော့ဘူး။
( သူ့ဘာသူ Online လေးတက် Facebook လေးသုံးနဲ့
သာယာတဲ့ဘဝလေးမှာဘဲ နေနေလိမ့်မယ် )

(3) အရည်မရအဖတ်မရ စိတ်ဆိုးစိတ်ကောက်အလုပ်တွေ
စကားနိုင်လုတာတွေ ငြင်းခုန်တာတွေ လုပ်မှာမဟုတ်တော့ဘူး။
( ပြီးပြီးရော ခေါင်းညိတ်လိုက်တာတွေ စကားယှဉ်မပြောတော့ဘဲ
အသာလေးရှောင်ထွက်သွားတာတွေ ရေငုံနှုတ်ဆိတ်နဲ့
Silent talk တွေဘဲ သူလုပ်လာလိမ့်မယ် )

(4) သာလိကာလေးလို ပကျိပကျိနဲ့ ရေပက်မဝင်အောင်စကားတွေ
အသေအလဲပြောပြီး တွယ်ကပ်နေမှာမဟုတ်တော့ဘူး။
( မေးထူးခေါ်ပြောအဆင့်ထက် ပိုဖို့မရှိတော့တာ သေချာပြီလေ )

(5) Jealous ဖြစ်တာတွေ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့
ချုပ်ချယ်တာတွေ ရှိလာမှာမဟုတ်တော့ဘူး။
( သူ့ဘဝလေးနဲ့သူဘဲနေတတ်အောင်နေလိမ့်မယ် ဘယ်သွားသွား
ဘာလုပ်လုပ် စိတ်ပူတာတွေ ရပ်တန်းကရပ်ပစ်လိုက်လိမ့်မယ် )

(6) BFF တွေကိုအရင်ကထက်ပိုတွယ်တာ ပိုပြီးချစ်လာလိမ့်မယ်။
( လွတ်လပ်ပြီး အပူအပင်ကင်းတဲ့ Free style ဘဝလေးကို
ပြန်ရဖို့ဘဲ သူကြိုးစားလာလိမ့်မယ် )

(7) သင်ကသူ့ကို ချစ်ချစ်မချစ်ချစ် စိတ်ကိုဝင်စားမှာမဟုတ်တော့ဘူး။
( သူ့ကိုယ်သူဘဲ ချစ်တတ်သွားလိမ့်မယ် အရင်ကထက်ပိုပြီး
လှပပြည့်စုံတဲ့ မိန်းခလေးဖြစ်ဖို့ဘဲ သူလုပ်လာလိမ့်မယ် )

(8) သင့်ဘက်ကလမ်းခွဲစကားပြောလည်းရင်တုန်မှာမဟုတ်တော့ဘူး။
( သူမဘဝထဲကနေ သင့်ကိုအပြီးအပိုင်ထုတ်ပစ်ဖို့ လုံလောက်တဲ့
Reason အချို့သူ့ဆီမှာရှိနေပြီးသားဖြစ်နေလို့ဘဲလေ )

အပြုံးကျမနဲ့အတူတူအလုပ်လုပ်တဲ့ အဘွားတစ်ယောက်က ကျမကိုပြောတယ်။your smile is so sweet တဲ့။ပြီးတော့သူကဆက်ပြောတယ်။မင်းအမြဲပြုံ...
20/12/2024

အပြုံး

ကျမနဲ့အတူတူအလုပ်လုပ်တဲ့ အဘွားတစ်ယောက်က
ကျမကိုပြောတယ်။your smile is so sweet တဲ့။ပြီးတော့သူကဆက်ပြောတယ်။မင်းအမြဲပြုံးပြုံးလေးနေပါတဲ့။
အော် အဘွားရယ် စိတ်ညစ်စရာတွေဒီလောက်များတဲ့လောကကြီးမှာ ဘယ်လိုလုပ်ပြီး အမြဲပြုံးနေနိုင်မလဲလို့ပေါ့။

ဒါပေမဲ့ကျမအဲစကားကိုသေချာစဉ်းစားကြည့်တော့ အဘွားပြောတာမှန်တယ်။ လူဆိုတာ ဘယ်လောက်ပြသာနာရှိရှိ
အမြဲပြုံးနေနိုင်ရမယ်။ဘာလို့လဲဆိုတော့ လူတိုင်းမှာ ဒုက္ခ ပြသနာဆိုတာ အနည်းအများရှိနေကြတာပါပဲလေ။

တစ်လောကလုံးမှာကိုယ်ပဲ ကြုံနေရတာမဟုတ်ဘူးလေ။
ဒီတော့ ဒုက္ခပြသနာကို ငိုယိုပြီးမကျေမနပ်နဲ့ ရင်ဆိုင်ဖြတ်သန်းမလား။အပြုံးမျက်နှာမပျက်ပဲ ရင်ဆိုင်ဖြတ်ကျော်မလားဆိုတာ သေချာစဉ်းစားဆုံးဖြတ်တတ်ဖို့လိုပါတယ်။

သေချာတာတစ်ခုကတော့ အပြုံးဆိုတာသိပ်တန်ဖိုးကြီးသလို
မြင်သူတိုင်းကို စိတ်ချမ်းသာစေတယ်ဆိုတာပါပဲ။ဒီတော့ အမြဲပြုံးတတ်သူဖြစ်ကြပါစေနော်။

နွယ်-SH

အခက်ခဲတွေကြုံတိုင်း စိတ်ဓာတ်ကျမနေပဲ အဆင်ပြေသွားမှာပဲဆိုတဲ့စိတ်နဲ့ တောင့်ခံကြည့်ပါ ။ လူမှုရေး ပြဿနာတွေဖြစ်ဖြစ် ၊ အသဲကွဲတာ...
20/12/2024

အခက်ခဲတွေကြုံတိုင်း စိတ်ဓာတ်ကျမနေပဲ အဆင်ပြေသွားမှာပဲဆိုတဲ့စိတ်နဲ့ တောင့်ခံကြည့်ပါ ။

လူမှုရေး ပြဿနာတွေဖြစ်ဖြစ် ၊ အသဲကွဲတာပဲဖြစ်ဖြစ် ၊ ငွေကြေးအခက်ခဲဖြစ်ဖြစ် … အားလုံးက အချိန်တစ်ခုထိပါပဲ ။ နိုင်ငံရပ်ခြားကို စရောက်တဲ့သူဆိုရင်လည်း ဘာသာစကားအခက်ခဲ ၊ နေထိုင်မှု ပတ်ဝန်းကျင်အခက်ခဲတွေ ၊ Home sick ဖြစ်မှုတွေဟာ နှစ်အနည်းငယ်တော့ ကြုံရမှာပဲ ။ ဒါပေမဲ့ အချိန်တစ်ခုရောက်ရင် ကျွမ်းကျင်ပြီး နေတတ်လာလိမ့်မယ် ။ လုပ်ငန်းခွင်အသစ်ကို စဝင်ရရင်လည်း အစပိုင်းပဲ ခက်ခဲမှာပါ … တဖြည်းဖြည်း သင်ယူလာရင်းက အဆင်ပြေလာမှာပါပဲ ။ အခက်ခဲ စဖြစ်တဲ့အချိန်တွေ ၊ ပထမဆုံးခြေလှမ်းတွေဟာ မလွယ်ကူတတ်ပါဘူး ။

အခက်ခဲတွေ … ပြဿနာတွေကြောင့် ခံစားရတဲ့ နာကျင်မှုတွေ ၊ ပင်ပန်းမှုတွေဟာ ဒီရက် ၊ ဒီလ ၊ ဒီနှစ် အတွက်ပါပဲ … ဒီတစ်ဘဝလုံးစာအတွက် မဟုတ်ပါဘူး ။ အချိန်တစ်ခုပေးလိုက်ရင် အခက်ခဲတွေလည်း ပြေလည်သွားမယ် ၊ ပြဿနာတွေလည်း ဖြေရှင်းနိုင်သွားမယ် ၊ ဒဏ်ရာတွေလည်း အနာကျက်သွားမှာပါပဲ ။ ခုလက်ရှိဖြစ်နေတဲ့ အရာတွေဟာ ခဏလေးပဲ … အချိန်တန်ရင် အဆင်ပြေသွားလိမ့်မယ် ဆိုတဲ့ စိတ်မျိုးထားတတ်ရင် move on ရတာလည်းမခက်ဘူး ၊ စိတ်ဓာတ်လဲ ကျနေမှာမဟုတ်ဘူး ။ ပထမဆုံးခြေလှမ်းစတင်ရတဲ့ အခါမျိုးမှာလည်း ကိုယ်လုပ်နိုင်တယ် ဆိုတာကို ယုံကြည်ပြီး … စိတ်ကို ပေါ့ပေါ့ပါးပါးထားရင် အလွယ်တကူ သင်ယူတတ်မြောက်နိုင်ပါတယ် ။

ဘဝဆိုတာက အမြဲတမ်း အဆင်ပြေနေတယ်လို့တော့ ဘယ်ရှိပါ့မလဲ ။ အလင်းရောင်မြင်ဖို့ အမှောင်ကိုဖြတ်ရတာပဲ မဟုတ်လား ။ လူတိုင်း သေချင်စော်နံအောင် ခက်ခဲတဲ့နေ့တွေ ရှိတယ် ။ ဒီတိုင်း တောင့်ခံရင်းပဲ ဆက်လက် ရှင်သန်သွားကြရတာပဲ ။ ခက်ခဲပေမဲ့လည်း တောင်ခံမယ်ဆိုတဲ့ စိတ် ထားတတ်ရင် ဘယ်လိုနေထိုင်ရမလဲ သိလာတယ် ၊ နာတာတွေများလာရင်လည်း ခံနိုင်ရည်ရှိလာတယ် ။

တစ်နေ့ တစ်ချိန်မှာတော့ သိပ်မပင်ပန်းရတဲ့ …သက်တောင့်သက်သာရှိတဲ့ နေ့တွေလည်း ကိုယ့်အတွက် သေချာပေါက် ရှိလာဦးမှာပါ ။

- Thar Htwe -
🩵📚

😁
19/12/2024

😁

Happy Life 🍀🙆🏼‍♀️🍀🥰
19/12/2024

Happy Life 🍀🙆🏼‍♀️🍀🥰

19/12/2024

ဘယ်သူမဆို
ကိုယ်ချစ်တဲ့အရာတွေနဲ့
အတူတူနေချင်တာ
တရားမျှတပါတယ် ။

🍀🙆🏼‍♀️✅

🍀🙆🏼‍♀️✅
19/12/2024

🍀🙆🏼‍♀️✅

လူလောကအနေနဲ့ဘယ်အရာမှမတည်မြဲဘူးဆိုပေမယ့် 🍀ကိုယ်ကိုယ်တိုင်ရွေးချယ်တည်‌ဆောက်ခဲ့တဲ့အိမ်ထောင်တစ်ခုတော့👨‍👩‍👧တည်မြဲချင်တယ်💯✅
19/12/2024

လူလောကအနေနဲ့ဘယ်အရာမှ
မတည်မြဲဘူးဆိုပေမယ့် 🍀
ကိုယ်ကိုယ်တိုင်ရွေးချယ်တည်‌ဆောက်ခဲ့တဲ့အိမ်ထောင်တစ်ခုတော့👨‍👩‍👧
တည်မြဲချင်တယ်💯✅

19/12/2024

ကိုယ့်မိန်းမထက်သူ့သူငယ်ချင်းတွေကို
အလေးနက်ထားပြီး စေတနာရှိနေတာ
ငါမုန်းတယ်😭

19/12/2024

ဘဝကထင်သလောက်မလွယ်ကူခဲ့ဘူး😓🥹🥲

သူတို့ဖောက်ပြန်ခဲ့လို့ မင်းကိုတောင်းပန်တာမဟုတ်ဘူးမင်းသိသွားလို့ တောင်းပန်လာတာဖြစ်တယ်။ဖောက်ပြန်တယ်ဆိုတာ ကိုယ်ခန္ဓာထိတွေ့မ...
18/12/2024

သူတို့ဖောက်ပြန်ခဲ့လို့ မင်းကိုတောင်းပန်တာမဟုတ်ဘူး
မင်းသိသွားလို့ တောင်းပန်လာတာဖြစ်တယ်။
ဖောက်ပြန်တယ်ဆိုတာ ကိုယ်ခန္ဓာထိတွေ့မှ စတာမဟုတ်ဘူး
ခိုးကြောင်ခိုးဝှက် ပို့ကြတဲ့ စာတိုလေးတွေကနေ စတာ။

ကိုယ့်စိတ်ကမရိုးသားဘဲ ရိုးသားပါတယ်လို့ပြောကြတယ်
ယုံကြည်မိတဲ့သူဟာ သစ္စာဖောက် ခြင်းကိုခံရတယ်။

အပြစ်ရှိတဲ့သူက အေးချမ်းပြီး
အပြစ်မရှိတဲ့သူက ပူလောင်ခြင်းကို ခံစားရတယ်
ဒါကို ဖောက်ပြန်ခြင်း လို့ခေါ်တယ်။

"မကျော်သင့်သောစည်းကလေးများ"လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာစည်းလေးတစ်ခုတော့ထားပေးပါ.သူငယ်ချင်းပဲဖြစ်ဖြစ်ချစ်သူချင်းပဲဖြစ်ဖြစ...
18/12/2024

"မကျော်သင့်သောစည်းကလေးများ"

လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ
စည်းလေးတစ်ခုတော့ထားပေးပါ.

သူငယ်ချင်းပဲဖြစ်ဖြစ်
ချစ်သူချင်းပဲဖြစ်ဖြစ်
မောင်နှမကြားမှာပဲဖြစ်ဖြစ်
မိဘနဲ့ဆရာ ကြားမှာပဲဖြစ်ဖြစ်.
နောက်ဆုံး မိဘနဲ့သားသမီးကြားမှာတောင်
စည်းလေးတစ်ခုရှိရပါမယ်

လိုတာထက် ပိုမဝင်မိစေဖို့...
သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက် ကိုယ်ပိုင်ခံယူချက်
သူ့ရဲ့လွတ်လပ်ခွင့် သူ့ရဲ့ရည်မှန်းချက်
သူ့ရဲ့ပြင်လို့မရတဲ့ဗီဇနဲ့စရိုက်တွေအတွက်
ကိုယ်က ဝင်ရောက်သင့်တဲ့အတိုင်းအတာထက်
ပိုပြီးမဝင်မိစေဖို့....
မေးသင့်မေးထိုက်တာထက်
ပြောသင့်ပြောထိုက်တာထက်ပိုပြီး
ဘောင်တွေမကျော်ဖို့အတွက်
စည်းတစ်ခုထားကိုထားရပါမယ်...

အရမ်းချစ်ကြတဲ့သူတွေ
ဘာလို့မုန်းသွားကြသလဲ?
အရမ်းခင်ကြတဲ့မိတ်ဆွေတွေက
ဘာလို့အမုန်းဆုံးရန်သူတွေဖြစ်သွားကြသလဲ?
အရင်ကအရမ်းအဖွဲ့ကျ
စားအတူသွားအတူပျော်ခဲ့ကြတဲ့ သူတွေ
ဘာလို့ခပ်တန်းတန်းတွေဖြစ်ကုန်ကြသလဲ?
ဘာလို့ တစ်ယောက်နဲ့တစ်ယောက်အထင်မကြီး
မလေးစားကြတော့တာလဲ...?

ပြဿနာအများစုရဲ့အဖြေကတော့
လိုတာထက်ပိုပြီး စည်းတွေကျော်
ဘောင်တွေနင်းခဲ့ကြလို့ပါ...

အဆင်ပြေနေတုန်းတော့ အဆင်ပြေနေတာပေါ့

ကိုယ့်အတွေးကိုယ့်အမြင်တွေကို
သူကလက်မခံတဲ့အခါ ရန်တွေဖြစ်လာကြတယ်..

သူ့ရဲ့စည်းလွတ်ဘောင်လွတ် နယ်ချဲ့ပြီး
မိမိအတွင်းရေးအထိ ပါဝင်လာတာကိုလည်း
ကိုယ်တိုင်က အရင်လိုမနှစ်သက်နိုင်တော့ပါဘူး

အဲဒီအခါမှာတော့...
သူ့အပေါ်ကိုယ်မြင်ခဲ့တဲ့ ကိုယ်အထင်ကြီးခဲ့တဲ့
အားသာချက်တွေအပြင်
ကိုယ်လက်ခံလို့မရတဲ့ ကိုယ်မကြိုက်နှစ်သက်တဲ့
သူ့ရဲ့ character တွေပါသိလာရတဲ့အချိန်မှာ
စည်းတွေတော်တော်ကျော်နေပါပြီ...

အကောင်းမြင်တာတွေမှေးမှိန်ပြီး
မကောင်းမြင်ချက်တွေ
အားသာလာတဲ့အချိန်မှာတော့
လူနှစ်ဦးရဲ့ဆက်ဆံရေးဟာ အရင်ကလိုမနွေးထွေးနိုင်တော့ပါဘူး...

သူကငါထင်သလိုမဟုတ်ဘူး ဆိုတာတွေ
သူကမိတ်ဆွေကောင်းမဟုတ်ဘူး ဆိုတာတွေ
တွေးမိလာကြပါတယ်

တကယ်တော့
လူတိုင်းရဲ့အတွင်းစိတ်မှာ
weak point တွေရှိနေပါတယ်
မရင့်ကျက်မှုတွေရှိတယ်
မပြည့်ဝတာတွေလည်းရှိနေပါတယ်..

အပေါ်ယံကသာ လူတွေနဲ့အဆင်ပြေဖို့
လူအထင်ကြီးဖို့ ရုပ်ဝတ္ထုပစ္စည်းတွေ
အပြုံးတုတွေနဲ့ဖုံးကွယ်ထားကြတာပါ..

ခက်တာက လူတွေက
ကိုယ်တိုင်သာကောင်းအောင်မနေနိုင်ကြတယ်
သူများကိုတော့ကောင်းတဲ့အရာကိုပဲ
မြင်ချင်ကြတာမျိုး ကြုံချင်ကြတာမျိုးပါ....
ဒါ့ကြောင့် သူတပါးရဲ့ weak point တွေနဲ့
ကြုံတွေ့ရတဲ့အခါ
စည်းလွတ်ဝါးလွတ်တွေပြောဆိုကြ
ပြင်ဖို့ကြိုးစားကြ
မရတဲ့အခါ လှောင်ပြောင်ရှုံ့ချကြ
ကဲ့ရဲ့အတင်းပြောကြရင်း စိုသောလက်တွေ
ခြောက်လာကြတာကြုံဖူးကြမှာပါ..

ဒါ့ကြောင့်
လူနှစ်ဦးအနေနဲ့
လူတစ်စုအနေနဲ့ ရေရှည်လက်တွဲသွားဖို့
ရည်ရွယ်တယ်ဆိုရင်....

နေသင့်တဲ့နေရာမှာပဲနေပါ
မမေးသင့်တဲ့အရာတွေကိုမမေးပါနဲ့.
လိုလိုလားလား ရှင်းပြတာကို နားထောင်ပါ.
မသိသင့်တဲ့အကြောင်းတွေကို မသိချင်ပါနဲ့..

ကိစ္စတစ်ခု ပြဿနာတစ်ခုကို
သင်နဲ့ထပ်တူကျဖို့ ဘယ်တော့မှအတင်းအကြပ်
မကြိုးစားပါနဲ့..

ကောင်းဖို့အတွက်စေတနာနဲ့ပြောတာရယ်
ဝင်ရောက်စွတ်ဖက်တာရယ်က
မတူဘူးဆိုတာသိပါ...

မိတ်ဆွေကောင်းဆိုတာ ရိုးသားရပါမယ်
ဒါ့အပြင် အကင်းလည်းပါးရပါမယ်
သူ့စည်းကိုယ့်စည်း ၂ခုစလုံးကို
မပြောဘဲနဲ့အလိုလိုနားလည်ရပါမယ်...

လူနှစ်ယောက်ဟာ
ဘယ်သောအခါမှ
အရာရာအတွက်
ထပ်တူကျနိုင်မယ်မဟုတ်ဘူးဆိုတာလည်း
သိရပါမယ်

ဒါ့ကြောင့်
မချစ်ခင်က မမုန်းဖို့အတွက်
ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်

စည်းကလေးတွေ မနင်းမိအောင်ပေါ့....
ဘောင်ကလေးတွေ မကျော်မိအောင်ပေါ့..

မေတ္တာဖြင့်ပြန်လည် မျှဝေပါ၏
မူရင်းပိုင်ရှင်အား Crd ပေးပါသည်။

တချို့လာခြင်းတွေက 😫😣
17/12/2024

တချို့လာခြင်းတွေက 😫😣

လူတွေဟာ သူတို့ရဲ့ ရည်မှန်းချက်တွေအောင်မြင်အောင် ကူညီပေးခဲ့သူတွေကိုအလွယ်တကူ မေ့သွားနိုင်ပါတယ်...!!! #𝘾𝙧𝙙._𝙩𝙤_𝙤𝙧𝙜._𝙒𝙧𝙞𝙩𝙚𝙧
17/12/2024

လူတွေဟာ
သူတို့ရဲ့ ရည်မှန်းချက်တွေ
အောင်မြင်အောင် ကူညီပေးခဲ့သူတွေကို
အလွယ်တကူ မေ့သွားနိုင်ပါတယ်...!!!

#𝘾𝙧𝙙._𝙩𝙤_𝙤𝙧𝙜._𝙒𝙧𝙞𝙩𝙚𝙧

မှားမှန်းသိရင်ပြင်ပါအမှားမှာပျော်နေသူမဖြစ်ပါစေနဲ့နွယ်-SH
16/12/2024

မှားမှန်းသိရင်ပြင်ပါ
အမှားမှာပျော်နေသူမဖြစ်ပါစေနဲ့

နွယ်-SH

16/12/2024

အမြင်ချင်း မတူတာ
နေရာကြောင့်ပါ။

နေရာချင်း မတူရင်
အမြင်ချင်း မတူနိုင်ပါဘူး။

ဒါကြောင့်...
ဒေါင့်စုံ သုံးသပ်မှု မရှိပါဘဲနဲ့
ဘယ်အရာကိုမှ
အပြစ်တင် မစောမိပါစေနဲ့။

အမြင်မှန် ဆိုတာ
အမှန်မြင်နိုင်တဲ့ နေရာကို ရောက်မှ
အမြင်မှန်သွားမှာပါ။

#ဦးဇာဂရ မန်း
#ပညာရှိအဖိုးအို........Credit

Address

Utama-3 Sungai Besi
Kuala Lumpur
57000

Alerts

Be the first to know and let us send you an email when Nan Khin May Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nan Khin May Win:

Videos

Share