Mara Star Channel

Mara Star Channel Mara Star Channel Verified
(5)

Global လိုင်လင်းပီ ပြည်သူ သဘောထား ထုတ်ပြန်ချက်သြဂုတ် ၁၉
19/08/2024

Global လိုင်လင်းပီ ပြည်သူ သဘောထား ထုတ်ပြန်ချက်

သြဂုတ် ၁၉

MTC/MDF ဘက်မှသဘောတူညီချက်များမလိုက်နာတာကြောင့် Reunification မှဆက်လက်လုပ်ဆောင်မယ့် လုပ်ငန်းများကို ရှေ့မတိုးတော့ဘဲရပ်တန့...
12/06/2024

MTC/MDF ဘက်မှသဘောတူညီချက်များမလိုက်နာတာကြောင့် Reunification မှဆက်လက်လုပ်ဆောင်မယ့် လုပ်ငန်းများကို ရှေ့မတိုးတော့ဘဲရပ်တန့်တာလို့ CDF-Mara ထုတ်ပြန်

June 12,2024

မရာ ဘာသာရေးခေါင်းဆောင်များရဲ့ ညှိနှိုုင်းပေးမှုကြောင့် နှစ်ဖက်ငြိမ်းချမ်းရေး သဘောသူစာချုပ် ကို မကြာသေးခင်ကမှ ချုပ်ဆိုထားတဲ့ IMC/CDF-Mara နဲ့ MTC/MDF တို့ကြားမှာ MTC/MDF ဘက်က သဘော တူညီချက်ကို မလိုက်နာတာကြောင့် Reunification က ဆက်လက်လုပ်ဆောင်မယ့် လုပ်ငန်းများကို ရပ်တန့် ထားတယ်လို့ IMC/CDF-Mara က ဒီကနေ့ ဇွန်လ ၁၂ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

၂၀၂၄ ခုနှစ်ဇန်နဝါရီလ ၅ ရက်နေ့မှာ MTC/MDF ဘက်က အကြောင်းမဲ့ဖမ်းဆီးခဲ့သော CDF-Mara ဗျူဟာမှူး အပါအဝင် ရဲဘော် ၄ ဦးတို့ဟာ ၅ လ တိတိချုပ်နှောင်ခံခဲ့ရပြီး ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အလုပ်ကြမ်း ခိုင်းစေခြင်းစတဲ့ အကြောင်းအမျိုးမျိုးကြောင့် မခံနိုင်ကြတော့ဘဲ မေလ ၂၃ ရက်ညသန့်ခေါင်မှာ ထွက်ပြေးခဲ့ ကြရာ ကျန်းမာရေးချို့ယွင်းချက်များရှိခဲ့တာကြောင့် ယနေ့အချိန်ထိဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆိုပါ တယ်။

CDF-Mara ရဲဘော်တစ်ဦးနဲ့ လိုင်လင်းပီ ဒေသခံနှစ်ဦးတို့ကို MTC/MDF ဘက်မှယခုအချိန်ထိ ဖမ်းဆီးချုပ်နှောင် ဆဲဖြစ်ပါတယ်။IMC/CDF-Mara ဘက်မှဖမ်းဆီးထားသော တရားခံနှစ်ဦးတို့ကို ဇွန်လ ၁၀ ရက်နေ့မှာတာဝန်ရှိ သူများထံကောင်းကောင်းမွန်မွန်လွှဲအပ်ပေးခဲ့ပြီး ကျန်နှစ်ဦးကိုတော့ စောင့်ကြည့်ရန်ရှိနေတာကြောင့် ဆက်လက် ထိန်သိမ်းခဲ့တယ်လို့ ဆိုထားပါတယ်။

လိုက်နာရန်နဲ့ ဆောင်ရွက်ရန် သဘောတူညီချက်နံပါတ် ၂ မှာ မာရာဒေသကို အခြားလက်နက်ကိုင်များ ဖြတ်သန်းသွားလာမယ်ဆိုရင် နှစ်ဖက် စစ်ဦးစီးချုပ် နဲ့ ငြိမ်းချမ်းရေးကော်မရှင်ထံအကြောင်းကြားပြီး သွားလာ ခွင့်ပြုရန် အချက်ပါတဲ့အတိုင်း ဇွန်လ ၁ ရက်နေ့မှာ ချင်းအမျိုးသားတပ်မတော် CNA က မတူပီမြို့နယ်၊ ဆတူးရွာ ဘက်ကို ခရီးသွားရန် MDF စစ်ဦးစီးချုပ်ထံ အကြောင်းကြားခဲ့ပေမယ့် လစ်လှူရှုပြီးငြင်းပယ်ခဲ့တယ် လို့သိရပါတယ်။

ဒါ့အပြင် သဘောတူညီချက် နံပါတ် ၈ အရ နှစ်ဦးနှစ်ဖက်ဖမ်းဆီးထားသူများကို ငြိမ်းချမ်းရေးသဘောတူညီ ချက် ရေးထိုးပြီး ၁၄ ရက်အတွင်း ပထမခြေလှမ်းအဖြစ် အပြန်အလှန်ယုံကြည်မှုနဲ့ ချွင်းချက်မရှိလွှတ်ပေးရန် အချက်ပါတဲ့အတိုင်း IMC/CDF-Mara ဖမ်းဆီးထားတဲ့ တရားခံ ၄ ဦးတို့ကို အချိန်နဲ့တပြေးညီလွှတ်ပေးနိုင်ဖို့ လိုင်လင်းပီမြို့ကို ဇွန်လ ၁ ရက်နေ့မှာ ခေါ်ဆောင်ထားပြီးလွှတ်ပေးရန် စီစဉ်ခဲ့ပြီဖြစ်ပါတယ်။

သို့သော် MTC/MDF ဘက်မှ ထိန်းသိမ်းထားတဲ့တရာခံ (၃) ဦးကို ပြန်လွှတ်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ ပေမယ့် လုံးဝငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။

ဒါ့ကြောင့် ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းရေးအတွက် သဘောတူညီချက်တစ်ချို့ကို MTC/MDF ဘက်မှ ပြောင်ပြောင် တင်းတင်း ချိုးဖောက်ပြီး ငြိမ်ချမ်းရေးပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိပြုလုပ်ခြင်းဖြစ်တာကြောင့် Reunification ဘက်မှ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှေ့မတိုးတော့ဘဲ ရန်တန့်နေရခြင်းဖြစ် တယ်လို့ IMC/CDF-Mara က သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

IMC/CDF-Mara နဲ့ MTC/MDF တို့ဟာ မာရာဧဝံဂေလိအသင်းတော်မှ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ၂၀၂၄ ခုနှစ် မေလ ၂၂ ရက်နဲ့ ၂၃ ရက်တို့မှာ နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင် ၈ ဦးစီဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြကာ ငြိမ်ချမ်းရေးနဲ့ ပူးပေါင်းရေးအတွက် သဘောတူညီချက် ၇ ချက်၊ လိုက်နာရန်နဲ့ ဆက်လက်ဆောင်ရွက်ရန် သဘောတူညီချက် ၈ ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြတာဖြစ်ပါတယ်။

𝐒𝐭. 𝐁𝐞𝐢𝐜𝐡𝐡𝐮𝐚𝐭𝐥𝐚𝐢 𝐭𝐡𝐢𝐧𝐚 𝐤𝐲𝐡 𝐥𝐢𝐚𝐭𝐚 𝐆𝐥𝐨𝐛𝐚𝐥 𝐋𝐢𝐚𝐥𝐚𝐢𝐩𝐢 𝐬𝐚𝐰𝐳𝐲 𝐩𝐚𝐥𝐨 𝐩𝐡𝐚𝐨Joint Statement (14/02/2024)1. Lialaipi khihpi cha SAC p...
28/02/2024

𝐒𝐭. 𝐁𝐞𝐢𝐜𝐡𝐡𝐮𝐚𝐭𝐥𝐚𝐢 𝐭𝐡𝐢𝐧𝐚 𝐤𝐲𝐡 𝐥𝐢𝐚𝐭𝐚 𝐆𝐥𝐨𝐛𝐚𝐥 𝐋𝐢𝐚𝐥𝐚𝐢𝐩𝐢 𝐬𝐚𝐰𝐳𝐲 𝐩𝐚𝐥𝐨 𝐩𝐡𝐚𝐨

Joint Statement (14/02/2024)

1. Lialaipi khihpi cha SAC pheisaih camp a vaw y na su a châpa hawhta, Burma pheisaih hmo tao chhiepa hluhpi nata chariah adyuhna vâta khihsaw zy riethei rairuna thata a vaw tyh pachai lymâpa eima châ. November 2023 liata SAC jet fighter bomb pathlana vâta eima kyhpachâpa Puhpa Mechha hrona a lei hlei khôta, o nata hmodah chhaichhi hluhpi miah a parao. Khihsawzy cha hro abohna châta khih puasai pata, râpaipa ta eima vaw y. SAC pheisaih camp a y khao lei tawhta, Mara unawhzy deichhyna nata thlahchhâ kheina vâta khih la ngai heihpata, khihsa totuna kyh zy patopatia haina daihti a châ. Cha hawhta a châ nota kyh eima pachâ kawpa St. Beichhuatlai cha eima khih râh a bohna châta riah avaina su, ano yna ti nata râh liata ahy chariah mo hropa châ leipata, Marasaw meithei charih tlaita a hrona sôh kawpa cha January 24, 2024, nohta a ma vaw pahlei haw.

2. SAC pheisaih adyuhna kyh liata pachâna, aduana nata apyna alyu leipa vâta Marapa hry nata chipho hropa zy chhao py hluhpi ta kao nano nata su nano tawhta chariah ama dyuh chyu. Anodeikua, cha hawhta chariah adyuhna châ leipata sasyh hro pahleipadiana taihta achhuahpa Marasaw thokha ku tlaita St. Beichhuatlai hrona ama pahlei hawpa he tao thai aru tah pita, eima palôh apasa ngaita kaw.

3. Eima unawhpa thina chôchâh liata Mara unawh likawh buana a hluh via lei nawpa khohpasa tuna vâta hmotao biereina kyh liata asohsipa nata mao ohpa ta eima y. Anodeikua, a thi noh tawhta thla kha chhôh tlaita St.Beichhuatlai hrona apahleituhpazy tawhta a chhôhkha, khihsaw nata Marasaw lâta ngiathai ahawna, taokheina nata tao hriana khâpa hmâhta hmô leipa pita, khihsaw nata Marasaw hluhpi ta eima palôh a pasa via rili. Chavâta, chariahpa châ leipa pita Marasaw sasyh thisaih lona nata hro pahleipadiana taihta a taotuhpazy tawhta aryna phapa taona a y leipa vâta hiehâhna, a hmôchheina nata a hryuna apôh via lymâ. He hlâta chhao hmo pei via pazy a vaw tlô tlamaw awpa thata eima ngiaroh.

4. He hawhta khihsaw nata chhôhkhazy mâchhiesapa ta eima y nota taokheina nata deichhyna miah hneituhpa zydua chô lâta palôh hmeiseihpa ta eima châ ly. Thokha deikua eima unawhpa hrona ama pahleipa papeisa leipa eita, mâchhie sapa chhôhkha, khihsaw nata Mara unawhzy châta palôh pasana, a hmôchheina nata a theichhei via nawpata bie nata châ pha leipa papua ei ta, chahawhta hmo atao raruah tuhpazy lâta thata eima maochhie. Eima khihpi kyh liata bie do leipa nata bie sialeipa aphuatuhpazy zo lei awpa nata ahaona-ahryuna apapôh via awpa hmotao lei awpa chhao eima châ haw.

5. Thâtihpha vâta Krizyhpa râh eima vaw châ tawhta Marapa nata Marapa sasyh chariah hawhta a siehnaohpata meithei chaihrai ta a thiesao pa he vaw pahno beih mapi. Cha hawhta eima unawhpa hrona sôh kawpa a pahlei tuhpa cha Khazohpa ta phuh-la sala, he hawhpa hmo eima khih râh lia rai ta atlô beih khao lei awpa eima khoh. Khâpa phupy rai ta khihsaw zy châta thaina-sona, achuna, hnatlâna nata khitlâh raihriana kyh zy pabua lei awpa ahaw pita, khih râh liata abohna, sidiana nata thlalôhna a y patôh awpa khona eima palâsa.

အောက်တိုဘာ ၃၁ ရက်နေ့ တိုက်ပွဲသတင်းများစစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်း(၇)ခုကိုထပ်မံသိမ်းယူရရှိပြီး ယနေ့အထိ စုစုပေါင်း(၈၇)ခုကိ...
01/11/2023

အောက်တိုဘာ ၃၁ ရက်နေ့ တိုက်ပွဲသတင်းများ
စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်း(၇)ခုကိုထပ်မံသိမ်းယူရရှိပြီး ယနေ့အထိ စုစုပေါင်း(၈၇)ခုကိုသိမ်းပိုက်နိုင်ခဲ့

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့

အောက်တိုဘာ (၃၁) ရက်နေ့ တွင် ကိုးကန့် ၊ မုံးကိုး ၊ မူပန်(သိန္နီ) စသည့်ဒေသများတွင် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့မှ (၁၀.၂၇) စစ်ဆင်ရေး operation ကြီးကို ဆက်လက်လုပ်ဆောင်နေပါသည်။ တိုက်ပွဲ တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့်(MNDAA)မှ စစ်ကောင်စီ၏တပ်စခန်း (၇)ခု ကို ထပ်မံ တိုက်ခိုက်သိမ်းယူခဲ့ပါသည်။ (၁၀.၂၇)စစ်ဆင်ရေး operation ကြီးကို စတင်လုပ်ဆောင်လာပြီး ဒီနေ့ အထိဆိုလျှင် MNDAA မှ စစ်ကောင်စီ၏ တပ်စခန်း အကြီးအသေးပေါင်း (၈၇)ခုကို အောင်မြင်စွာ တိုက်ခိုက် သိမ်းယူနိုင်ခဲ့ပါသည်။
ကိုးကန့်တိုက်ပွဲ
=====
(၃၀) ရက်နေ့တွင် MNDAAမှ ကိုးကန့်ခရိုင်၊ တုန်ရှမ်းဒေသ ၊ ဟိုကျီတုံနေရာရှိ စစ်ကောင်စီတပ်ဖွဲ့၏ စခန်းကို တစ်ညလုံး အဆက်မပြတ်ထိုးစစ်တိုက်ခိုက်ပြီး (၃၁)ရက်နေ့ နံနက်(၈း၂၇)နာရီအချိန်ခန့်တွင် ၎င်းဒေသရှိ စစ်ကောင်စီ၏ စခန်း(၄)ခုကို အောင်မြင်စွာသိမ်းယူနိုင်ခဲ့ပါသည်။ MNDAA ၏ ပြင်းထန်သော ပစ်ခတ်တိုက်ခိုက် သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် စစ်ယူနီဖောင်းချွတ်ပြီး စခန်းမှထွက်ပြေးခဲ့ကြသည်ကို တွေ့ရပါ သည်။ ထို့ပြင် ရှင်းဝမ်ဒေသတွင်လည်း MNDAA နှင့် ဒေသလုံခြုံရေးအဖွဲ့ တို့မှ ကိုးကန့်ခရိုင်၊ ရှမ်းဝမ်းဒေသ ရှင်ဖင်ကိုင်ရွာ၊ တရုတ်ဘုရားကျောင်းတွင် အခြေချနေထိုင်သော စစ်ကောင်စီ၏တပ်စခန်းကို ထိုးစစ်တိုက်ခိုက်ခဲ့ ပြီး နေ့လည် (၁၂)နာရီခန့် တွင် ၎င်းတပ်စခန်းကို အောင်မြင်စွာ သိမ်းယူခဲ့သည်။ တိုက်ပွဲတွင် စစ်ကောင်စီ (၇)ဦး ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ပါသည်။

မူပန်(သိန္နီ)တိုက်ပွဲ
======
အောက်တိုဘာ( ၃၀ )ရက်မှ( ၃၁ )ရက်နေ့အထိတွင် ကိုးကန့်(MNDAA)နှင့်ရက္ခိုင့်တပ်တော်AAတို့သည် မူပန်(သိန္နီ)ဒေသ ဟိုပန်ကျေးရွာအုပ်စု ၊ မိုင်းတင်ရော်ဘာတောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းနှင့် နာတိအခြေချ နေထိုင်သော ပြည်သူ့ စစ်အဖွဲ့စခန်းကို တိုက်ခိုက်သိမ်းယူခဲ့ပါသည်။ နာတိတပ်စခန်းတွင် ပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် (၁၆)ယောက် ဖမ်းဆီးရရှိခဲ့၍ (၅)ယောက်ချေမှုန်းနိုင်ခဲ့ပြီး (၃)ယောက်ကို ထိခိုက်ဒဏ်ရာများရရှိစေခဲ့ပါသည်။ ထို့ပြင် စစ်ပစ္စည်း အချို့ကိုလည်းသိမ်းဆည်းရရှိပါသည်။ အခြားတစ်ဖက် တွင် MNDAA မှ စစ်ကောင်စီ၏ မူပန်(သိန္နီ)ခရိုင်၊ဟော်ပန်ကျေးရွာအုပ်စု၏ လမ်းခွဲတွင်အခြေချထားသော တပ်စခန်း နှင့် နန်ဖုန်းကျေးရွာရှိ တပ်ရင်း(၂၉၁)၏တပ်စခန်း (၂)ခု ၊ ကွမ်ယုံနတ်ကျောင်းစခန်း နှင့် ကွမ်းလုံစခန်း များကို ထိုးစစ်တိုက်ခိုက်ခဲ့ပါသည်။ (၃၀) ရက်နေ့ နေ့လည် (၁၂)နာရီမှ (၁)နာရီကြားတွင်လည်း စစ်ကောင်စီ၏ လားရှိုးမှ စစ်ကူလာသော သံချပ်ကာအဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါသည်။

မုံးကိုးတိုက်ပွဲ
=======
မုံးကိုးဘက်တွင် သိမ်းပိုက်ထားသောတပ်စခန်းများကို နယ်မြေရှင်းလင်းရေးများဆက်လက်လုပ်နေပါသည်။ ထို့ပြင် မိုးကိုးခရိုင်၊ ဟုတ်ကျီကျင့်ဒေသရှိ စစ်ဆေးရေးဂတ်တစ်ခုကို လည်း ချေမှုန်းနိုင်ခဲ့ပါသည်။

01/11/2023

သတင်းထူး။ ။ စစ်ကောင်စီ ၏ ခလရ(၁၄၃)တပ်ရင်းတစ်ရင်းလုံး ညီနောင်မဟာမိတ် (၃)ဖွဲ့ထံသို့ လက်နက်ချအလင်းဝင်ခဲ့

၂၀၂၃ခုနှစ် နိုင်ဝင်ဘာလ (၁) ရက်

၂၀၂၃ခုနှစ် အောက်တိုဘာလ (၃၀) ရက်နေ့တွင် ကွမ်းလုံမြို့နယ်၏တောင်ပိုင်းရှိ ကံမိုင်းဒေသ တွင် အခြေချတပ်ထိုင်သော (ရမခ) လက်အောက်ခံတပ်ရင်း ခလရ (၁၄၃) မှ လူဦးရေ (၄၁) ဦးသည် ညီနောင်မဟာမိတ် (၃)ဖွဲ့ ထံသို့ လက်နက်ချပြီး အလင်းဝင်လာခဲ့ပါသည်။ ၎င်း (၄၁) ဦး အနက်
ဒု-တပ်ရင်းမှူး (၁) ဦး နှင့် တပ်ခွဲမှူး (၂) ဦးပါဝင်သည်ဟု သိရှိရပါသည်။

၁၀.၂၇ စစ်ဆင်ရေး Operation ကြီးစတင်ပြီးတဲ့နောက်ပိုင်းတွင် ညီနောင်မဟာမိတ် (၃)ဖွဲ့ အနေဖြင့် စစ်ဆင်ရေးအောင်မြင်မှုများကို တစ်ခုပြီးတစ်ခုဖော်ဆောင်နိုင်ခဲ့ကြပြီး ကံမိုင်းဒေသတွင် အခြေချတပ်ထိုင်ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လည်း တပ်စခန်းအတွင်းတွင်သာ ခိုအောင်းခဲ့ကာ စစ်ကူများကိုစောင့်ဆိုင်းနေခဲ့ပါသည်။ အောက်တိုဘာလ (၂၈) ရက်နေ့ ညပိုင်းတွင် ညီနောင်မဟာမိတ် (၃) ဖွဲ့ မှ ၎င်းတပ်ရင်းအား လက်နက်ချအလင်းဝင်ရန် တောင်းဆိုခဲ့ပါသည်။ (၂၉) ရက်နေ့တွင် MNDAA မှ မိမိတို့တပ်မတော်ဟာ MNTJP ပါတီ၏ဦးဆောင်ညွှန်ကြားချက်အတိုင်း နိုင်ငံရေးတာဝန်ကိုထမ်းဆောင်နေတဲ့တော်လှန်ရေး အဖွဲ့အစည်းဖြစ်ကြောင်း၊ သူတစ်ပါးအားသတ် ခြင်းဟာ မိမိတို့၏ရည်ရွယ်ချက်မဟုတ်ကြောင်း၊ မိမိတို့တပ်ဖွဲ့ဝင်များအနေဖြင့် စစ်သုံ့ပန်းမူဝါဒကို တစ်စိုက်မတ်မတ်လိုက်နာပြီး စစ်သုံ့ပန်းများကို သဘောထားကြီးစွာဖြင့် ပြုစုစောင့်ရှောက်ပါမည်ဟု တပ်မတော်၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြောပြခဲ့ပါသည်။ ထို့နောက် နှစ်ဦးနှစ်ဘက်မှ တစ်နေ့လုံး ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး အောက်တိုဘာလ (၃၀) ရက်နေ့တွင် ခလရ (၁၄၃) ၏တပ်ဖွဲ့ဝင်များက လက်နက်ချပြီးအလင်းဝင်လာခဲ့ပါသည်။ စစ်ရေးပစ္စည်းများ၊ လက်နက်ခဲယမ်းများကိုလည်း တပ်စခန်းတွင် ထားရှိခဲ့ပြီး ဆုတ်ခွာခဲ့ပါသည်။

MNDAA မှ အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၁) ဦးအား တစ်ဦးလျှင် လမ်းစရိတ် (၁၅)သိန်း (စုစုပေါင်း သိန်း ၇၀၀ ကျော်)ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါသည်။

လက်ရှိအချိန် စစ်ကောင်စီတပ်ဖွဲ့တွင် လူအင်အားအလွန်ချို့တဲ့နေပြီး တပ်ရင်း (၁) ရင်းလျှင် လူအင်အား (၁၀၀)ခန့်သာရှိပါတော့သည်။ ထို့ပြင် ထွက်ပြေးသူ၊ ကျဆုံးသူများလည်း နေ့စဥ်နှင့်အမျှ ဆက်တိုက်တိုးများနေပါသည်။

ကာမိုင်းဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ဟာ ယခုကဲ့သို့ တပ်ရင်း(၁)ရင်းလုံး လက်နက်ချ အလင်းဝင်တဲ့ အခြေအနေမျိုး လုံးဝမရှိခဲ့ကြောင်း၊ ဒါကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီတပ်၏ အတွင်းပိုင်းဟာ လုံးဝပျက်စီးနေပြီး ပြိုကွဲမည့်အခြေအနေသို့ရောက်ရှိနေပြီ ဟု MNDAA၏ ရှေ့တန်းအရာရှိတစ်ဦးက ဖော်ပြပြောဆိုခဲ့ပါသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီ၏အောက်ခြေတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်၏အခြေအနေကို ပိုမိုသိရှိနာလည်လာပြီး ၎င်းတို့အတွက်ဆက်လက်ပြီးအသက်စွန့်ရန်မလိုလားကြတော့ပါ။ ထို့ပြင် စစ်ကောင်စီဟာ ၎င်းတို့၏ ထိပ်သီးခေါင်းဆောင်တစ်ချို့အတွက်သာ အကျိုးဆောင်နေသည်ဟု လည်း ပိုမိုသိမြင်လာကြပါသည်။ စစ်ကောင်စီဟာ နိုင်ငံတော်ကိုကိုယ်စားမပြုနိုင်သလို၊ ပြည်သူ လူထုတစ်ရပ်လုံးကိုလည်း ကိုယ်စားမပြုနိုင်ပါ။ ထို့ပြင် ၎င်းတို့သည်သာလျှင် ပြည်သူလူထု တစ်ရပ်လုံးကို ကျွန်ပြုနေတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်ပါသည်။ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းထံသို့ အလင်းဝင်လာသည်မှာ ရှက်စရာကောင်းတဲ့လုပ်ရပ်မဟုတ်ပါ။ အာဏာသိမ်း စစ်ကောင်စီအတွက် လက်နက်တာဝန်ထမ်းဆောင်နေခြင်းက ရှက်စရာကောင်းပါသည်။
ခလရ (၁၄၃) မှ ရရှိခဲ့သောပစ္စည်းများမှာ-

ဆက်သွယ်ရေးစက် (၃) ခု၊ ရိုင်ဖယ်သေနတ် (၂၇) လက်၊ စက်လက်အငယ် (၅) လက်၊ RPG (၂) လက်၊ Sniper (၁) လက်၊ စက်လက်အကြီး (၂) လက်၊ Type -82 စိန်ပြောင်း (၁) လက်၊ ၆၀မမ စိန်ပြောင်း (၂) လက်၊ ၅.၅၆ ကျည် (၁၁) ဖာ၊ ၅.၅၆ Shot Gun ကျည် (၈၀၀၀)တောင့်၊ အီနာဂါ (၃) ဖာ၊ ရိုင်ဖယ်ကျည်ကပ် (၁၃၀) ခု၊ MA-4 ဗုံးသီး(၈၀) လုံး၊ ဗုံးသီးအမျိုးမျိုး (၂၄၇) လုံး၊ ၈၂မမ ဗုံးသီး (၉၁) လုံး၊ ၁၀၀မမ ဗုံးသီး (၄၆) လုံး ၊ MA-4 (၄)လက် ၊ လက်ကိုင်ဖုန်း (၂၈) လုံး၊ စကားပြောစက် (၇) ခု၊ ဆန် (၃၈) အိတ်၊ Readymade Food (၁၂) ဖာ၊ ကုလားပဲ (၃) ပုံး၊ ဆေး (၅) ဖာ၊ စားသုံးဆီ (၃) ပုံး၊ လောင်စာဆီ (၃) ပုံး၊ ဝက် (၁) ကောင်။

31/10/2023

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)မှ ကိုးကန့်ခရိုင်ရှိ ဟိုကျီတုံတပ်စခန်း အပါအဝင် တပ်စခန်း (၄)ကို ထပ်မံသိမ်းယူနိုင်ခဲ့

၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်

အောက်တိုဘာ (၃၀) မှ (၃၁) ရက်နေ့ နံနက်(၁၀)နာရီခန့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့်(MNDAA) နှင့် ရက္ခိုင့်တပ်တော်(AA) တို့သည် စစ်ကောင်စီတပ်၏ တပ်စခန်း (၄) ခုကို ဆက်လက်တိုက် ခိုက်သိမ်းယူခဲ့ပါသည်။
မူပန်(သိန္နီ)တိုက်ပွဲ
=====
အောက်တိုဘာ( ၃၀) ရက်နေ့ ညနေ(၅း၂၀)နာရီခန့် တွင် MNDAAသည် စစ်ကောင်စီတပ်ဖွဲ့၏ မူပန်(သိန္နီ)ဒေသ ၊ ဟိုပန်ကျေးရွာ ၊ မိုင်းတင်ရာဘာတောင်ကုန်းရှိ တပ်စခန်းကို တိုက်ခိုက်သိမ်းယူခဲ့ပါသည်။ ထိုနေ့ည(၁၀)နာရီ ခန့်တွင် ရက္ခိုင့်တပ်တော်(AA)မှ နာတီရွာတစ်ဝိုက်တွင် အခြေချသော စစ်ကောင်စီတပ်ဖွဲ့၏လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ၏တပ်စခန်းကိုလည်း တိုက်ခိုက်သိမ်းယူခဲ့ပါသည်။

ကိုးကန့်တိုက်ပွဲ
=====
ယနေ့နံနက်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့်(MNDAA)သည် ကိုးကန့်ခရိုင် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်ဖွဲ့၏ ဟိုကျီတုံ တပ်စခန်း(၂)ခုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နံနက် (၈း၂၀)နာရီခန့်တွင် ၎င်းတပ်စခန်း(၂)ခုကို အောင်မြင်စွာသိမ်းယူနိုင်ခဲ့သည်။ မိမိတို့မီဒီယာဤသတင်းရရှိစဉ်တွင် MNDAA သည် ၎င်းတပ်စခန်းများကို ရှင်းလင်းရေးလုပ်ဆောင်နေဆဲဟု သိရှိရပါသည်။

31/10/2023

မုံးကိုးဒေသနန်ကျွမ်းတိုက်ပွဲတွင်စစ်ကောင်စီနှင့်နန်ကျွမ်းပြည်သူ့စစ်ထံမှ သိမ်းဆည်းရမိခဲ့သည့် လက်နက်ပစ္စည်းများ

ချင်း ပြည်နယ် မတူပီ ခရိုင် လိုင်လင်းပီ မြို့ တွင် အကြမ်းဖက် ဗူစောထီး (MDF)နှင့် စကစ အချင်းချင်း ရန်ရှာ ပြုလုပ်ခဲ့သော သတင...
03/10/2023

ချင်း ပြည်နယ် မတူပီ ခရိုင် လိုင်လင်းပီ မြို့ တွင် အကြမ်းဖက် ဗူစောထီး (MDF)နှင့် စကစ အချင်းချင်း ရန်ရှာ ပြုလုပ်ခဲ့သော သတင်းအမှန် ထုတ်ပြန်

၂၅.၉.၂၀၂၃ မှ ၂၈.၉.၂၀၂၃ အထိ လိုင်လင်းပီ က MDF နှင့် SAC အချင်းချင်း ပြသနာ ဖြစ်ပွား

ရိက္ခာယူရန်လာစဉ် KIA နဲ့ AA က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်၂ အောက်တိုဘာ ကချင်၊ မိုးမောက်မြို့နယ်၊ နွမ့်လန်ကျေးရွာအနီး အ...
02/10/2023

ရိက္ခာယူရန်လာစဉ် KIA နဲ့ AA က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်

၂ အောက်တိုဘာ

ကချင်၊ မိုးမောက်မြို့နယ်၊ နွမ့်လန်ကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်ကို KIA တပ်ရင်း ၂၅ နဲ့ AA တပ်ဖွဲ့တို့က စက်တင်ဘာ ၃၀ ရက်၊ မနက် ၉ နာရီမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စကစ အချို့ ဇီဝိန်ချုပ်ခဲ့ပြီး စကစ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၅ ဦး တို့ကို လက်နက်တွေနဲ့တကွ အရှင်ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။

သမင်အင်းကုန်းရွာအနီးတိုက်ပွဲ စစ်သား ၃၀ ကျော်သေပြီး လက်နက် ၂၀ ကျော်ရရှိဟု တော်လှန်ရေးအဖွဲ့ပြော"လက်နက်တွေကတော့ ထပ်ရနေတုန်း...
10/08/2023

သမင်အင်းကုန်းရွာအနီးတိုက်ပွဲ စစ်သား ၃၀ ကျော်သေပြီး လက်နက် ၂၀ ကျော်ရရှိဟု တော်လှန်ရေးအဖွဲ့ပြော

"လက်နက်တွေကတော့ ထပ်ရနေတုန်းပါပဲ" အမှတ် (၂ )စစ်ဒေသ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦး

ပဲခူးတိုင်း ၊ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာအနီး ယမန်နေ့(ဩဂုတ်လ ၉ရက်)ကတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းအ
မြောက်အများသိမ်းဆည်းနိုင်ခဲ့ကြောင်းအမှတ် (၂ )စစ်ဒေသ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက အတည်ပြုပြောကြားသည်။

"လက်နက်တွေကတော့ ထပ်ရနေတုန်းပါပဲ" ဟု ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် People's Spring မှတစ်ဆင့် အသိပေးပြောကြားသည်။

စစ်ကောင်စီခြေမြန်တပ်ရင်း ၅၈၉ ဦးဆောင်လာသည့် အင်အား ၆၀ခန့်ပါ စစ်ကြောင်းနှင့်KNLA၊ PDF ပူးပေါင်းအထူးကွန်မန်ဒိုတပ်ဖွဲ့သည် သမင်အင်းကုန်းရွာအနီးတွင် သြဂုတ်( ၉ )ရက်နေ့ နေ့လယ် ၁ နာရီခန့်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"သမင်အင်းကုန်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA၊ မိမိတို့ ရိုးမစစ်ကြောင်း (၂ ) ၊တပ်ခွဲ(၂) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၃၀ ကျော်သေဆုံးကာ လက်နက်အများအပြားလည်း သိမ်း
ဆည်းရမိခဲ့ပါတယ်" ဟု တောင်ပိုင်းတိုင်းအမှတ် (၂ )စစ်ဒေသခွဲ၊ရိုးမစစ်ကြောင်း(၂) ကထုတ်ပြန်ထားသည်။

စစ်ကောင်စီစစ်ကြောင်းလှုပ်ရှားမှုရှိနေ၍ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ရွာအပြင်ဖက်တွင် လုံခြုံရေးယူထားစဉ် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲအပြင်းထန်ဖြစ်ပွားခြင်းဟုသိရသည်။

အခုထိရှင်းနေတုန်းပဲ လက်နက်တွေက ထပ်ရသေးတယ်။ မနေ့က ၁၈လက်တစ်ကြိမ်ရရှိပြီး ဒီနေ့မနက် ၆လက် ထပ်မံရရှိပါတယ်။ ဆက်လက်ရှင်းလင်းနေဆဲပါ။ ကျနော်တို့ဘက်ကလည်း ထိခိုက်ကျဆုံးရှိတယ်။ရန်သူသေဆုံးမှုက ၃၀ကျော်ရှိတယ်၊ ဒဏ်ရာတော်တော်များများရသွားတယ်၊ သူတို့အလောင်းတွေကတော့ ပြန်မကောက်သေးဘူးဟု လည်းဖာ်ပြထားသည်။

တောင်ပိုင်းတိုင်းအမှတ် (၂ )စစ်ဒေသခွဲ၊အထူးကွန်မန်ဒိုစစ်ကြောင်းမှ ရဲဘော်ကျော်ကြီး ဦးခေါင်း လက်နက်ငယ် ထိမှန်ကာကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့သည်ဟုသိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ စက်လက်တစ်လက်၊ MA 1 ရှစ်လက်၊ MA 2 တစ်လက်၊ MA3 ၁ တစ်လက်၊ MA 4 တစ်လက်၊ မိုင်းရှာစက် တစ်လုံး၊ ဒရုန်းပစ်တစ်လက်၊ ကျည်အိမ် ၁၂ခု၊ ၆၀မမ ဗုံးသီးတချို့နှင့် ကျည်ဆန်အများအပြားအပါအဝင် ယနေ့ နံနက်အထိ သေနတ် ၂၄လက်
ထက်မနည်း ရရှိထားကြောင်း အသိပေးထားသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-အထူးကွန်မန်ဒိုတပ်ရင်း-တောင်ပိုင်းတိုင်း)

ကျားဖြူတပ်ခွဲ (၁) မှ PDF ရဲဘော် ဇွဲမာန်လင်း (ခ) စနေ၊ ရဲဘော် ထွန်းလင်းအောင် (ခ) မြကြီး၊ ရဲမေ မခင်သန္တာဆွေ (ခ) မမြင့်  သင်...
09/05/2023

ကျားဖြူတပ်ခွဲ (၁) မှ PDF ရဲဘော် ဇွဲမာန်လင်း (ခ) စနေ၊ ရဲဘော် ထွန်းလင်းအောင် (ခ) မြကြီး၊
ရဲမေ မခင်သန္တာဆွေ (ခ) မမြင့် သင်တို့လွတ်လပ်ရာသို့ သွားနိုင်ပြီ။
အလေးပြု လိုက်ပါတယ်...... ရဲဘော်တို့

စစ်အာဏာရှင်စနစ်အဆုံးသတ်တိုက်ပွဲအတွင်း
(၈/၅/၂၀၂၃) ရက်နေ့တွင် အသက်ပေးလှူသွားသည့် ရဲဘော် ဇွဲမာန်လင်း (ခ) စနေ၊ ရဲဘော်
ထွန်းလင်းအောင် (ခ) မြကြီး၊ ရဲမေ မခင်သန္တာဆွေ (ခ)
မမြင့် သင်တို့၏ ရဲရင့်သောတာ၀န်ကျေပြွန်မှုများက
ကျနော်တို့ကျားဖြူတပ်ခွဲ (၁)၏ အစားထိုး
မရတဲ့ဆုံးရူံးမှုကြီးတစ်ခုဖြစ်ပြီး မိသားစုနှင့်ထပ်တူ
ဝမ်းနည်းကြေကွဲရပါကြောင်း၊

PDF ရဲဘော် ဇွဲမာန်လင်း (ခ) စနေ၊ ရဲဘော်
ထွန်းလင်းအောင် (ခ) မြကြီး၊ ရဲမေ မခင်သန္တာဆွေ (ခ)
မမြင့် သင်တို့သည် မိမိ မိသားစု၊ မိမိချစ်သူ
မိမိလူမှုအသိုင်းအဝိုင်း၊ မိမိတပ်ခွဲ၊ မိမိတပ်ဖွဲ့၊
မိမိစစ်ကြောင်း၊ မိမိ၏ PDF တပ်မတော်၊
မိမိနိုင်ငံနှင့် အဆုံးစွန်သောလူ့ဘောင်ကို
အဓမ္မတရား မင်းမူစိုးမိုးနေရာကနေ
ဓမ္မတရားထွန်းကားစေဖို့ ခွင့်တူညီမျှ
ဝါဒဖြူစင်သည့် ဒီမိုကရေစီစနစ်၏
အနှစ်သာရတို့နဲ့ပြည့်ဝတဲ့ ဖက်ဒရယ်ပြည်ထောင်စု
ပေါ်ထွန်းလာဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့
ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်တယ်။
သင်တို့ဟာ ဓမ္မဘက်တော်သား PDF များ
ဖြစ်တယ်။
ကျားဖြူတပ်ခွဲ (၁) တွင် သင်တို့ထမ်းဆောင်ခဲ့သည့်
တာဝန်များမှ လွတ်လပ်စွာ ထွက်ခွါခွင့်ပြုလိုက်တယ်။

#ကျားဖြူစစ်ကြောင်း
#ကျားဖြူတပ်ခွဲ(၁)
#သတင်းနှင့်ပြန်ကြားရေး

07/05/2023

တိုင်းပြည်ကို ကယ်တင်ကြမယ့် ပြည်သူ့စစ်သား ပြည်ချစ်သားများသို့ အမှာစကား

ဖာပွန်ခရိုင်ရှိ တပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားနှင့် BGF ၇ ဦး သေဆုံး၊ လက်နက်များရကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ...
04/05/2023

ဖာပွန်ခရိုင်ရှိ တပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားနှင့် BGF ၇ ဦး သေဆုံး၊ လက်နက်များရ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်နှင့် ကမမောင်းမြို့အကြားရှိ စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ ပူးပေါင်းအထိုင်ချနေသော ဝါ့သိုးခို့စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် BGF ခုနစ်ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်ရရှိခဲ့ကြောင်း KNLA နှင့် နီးစပ်သော သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

အဆိုပါ ဝါ့သိုးခို့စခန်းအား မေလ ၂ ရက်နေ့ ၊ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် KNLA တပ်မဟာ (၅) တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်း ဝါ့သိုးခို့စခန်း တိုက်ပွဲတွင် KNLA ဘက်ကလည်း တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း KNLA နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

"၂ ရက်နေ့၊ ညနေပိုင်းက သွားတိုက်ခဲ့တာဖြစ်တယ်။ အကျအဆုံးက KNLA ဘက်က တစ်ယောက်ကျပါတယ်။ အသက် ၁၈ နှစ်အရွယ်ပါ။ သူတို့ဘက်ကတော့ ခုနစ်ယောက်ကျတယ်။ လေးယောက်ဒဏ်ရာ ရပါတယ်" ဟု KNU သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဝါးသိုးခို့စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ မဟာမိတ်တပ်ဖြစ်သော BGF တို့ထံမှ လက်နက်များ၊ ဆက်စပ်အစ္စည်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါ KNU သတင်းရင်းမြစ်က ပြောသည်။

သို့သော်လည်း သိမ်းဆည်းရမိခဲ့သော လက်နက်၊ ဆက်စပ်ပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများစာရင်းနှင့် အမျိုးအမည်ကို လောလောဆယ်မှာ တိတိကျကျ မသိရသေးပေ။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းကလည်း KNLA တပ်မဟာ (၁) သထုံခရိုင်နှင့် တပ်မဟာ (၅) ဖာပွန်ခရိုင်ကြားရှိ မယ်စိထာစစ်ကောင်စီ ဂိတ်စခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့မှ နာရီဝက်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

ထိုမယ်စိထာစခန်းသိမ်း တိုက်ပွဲအတွင်း အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး ကိုးဦး ထွက်ပြေးလွတ်မြောက်သွားကာ ပစ္စတို MA 5 တစ်လက်၊ K3 79 တစ်လက်၊ K3 သုံးလက်နှင့် ဆက်စပ်ပစ္စည်းများကို KNLA က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပွေးကျစ်ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲ ဖြစ်ပွားပြီး ရဲနှစ််ဦး သေဆုံးပြီး လက်နက်ခဲယမ်း...
03/05/2023

ပွေးကျစ်ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲ ဖြစ်ပွားပြီး ရဲနှစ််ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းခံရ

၊ မေလ ၃

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းရှိ စစ်ကောင်စီစစ်သားများကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ စီးနင်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး ရဲနှစ်ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းတာဝန်ခံက " အင်အားက ၁၃ ယောက်လောက်ရှိတာ၊ တစ်ချို့က တရားရုံး သွားတယ်လို့ သတင်းအတိအကျ ရတဲ့အချိန်မှာ ဝင်စီးတာ၊ သူတို့ ဘာမှ မခုခံနိုင်ဘူး၊ ထွက်ပြေး၊ သေတဲ့သူက နှစ်ယောက်ပါ" လို့ Red Peacock သတင်းမီဒီယာကို ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်မေလ ၂ ရက်နေ့၊ နေ့လယ် ၂ နာရီဝန်းကျင်တွင် ပွေးကျစ်ရဲစခန်းက ပြည်သူ့ကာကွယ်ရေးရဲ ဘော်များ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး လက်နက်တိုက်ကို ဖွင့်ကာ G-4 တစ်လက်၊ G-3 နှစ်လက်၊ အူစီ တစ်လက်၊ ခြောက်လုံးပူး လေးလက်၊ လက်ပစ်ဗုံး ရှစ်လုံး၊ ရုံးသုံး Laptop တစ်လုံး၊ ကျင်စက် နှစ်ခု၊ လက်ထိတ် တစ်ခုနှင့် ကျည် (၉၃၅) တောင့် သိမ်းဆည်းခံခဲ့ရကာ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။

အဆိုပါစစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်း(၃)၊ နှင့်အတူ ညောင်ဦးခရိုင်း တပ်ရင်း ၅၊ Bagan Orge Force ၊ ကျောက်ပန်းတောင်း PDF၊ ဒီပဲယင်း PDF နှင့် မြင်းခြံခရိုင်တပ်ရင်း (၁) Burmese Guerrilla Force တို ပူးပေါင်းဆင်နွှခဲ့ပါသည်။

CNA တပ်မဟာ (၅)နယ်မြေတိုက်ပွဲတွင် စကစစစ်သား ၂၀ဦးခန့်သေဆုံး၊ လက်နက်ခဲယမ်းများသိမ်းဆည်းမေလ ၁ရက်၊ယနေ့ မေလ ၁ရက်နေ့ မနက်ပိုင်း...
01/05/2023

CNA တပ်မဟာ (၅)နယ်မြေတိုက်ပွဲတွင် စကစစစ်သား ၂၀ဦးခန့်သေဆုံး၊ လက်နက်ခဲယမ်းများသိမ်းဆည်း

မေလ ၁ရက်၊

ယနေ့ မေလ ၁ရက်နေ့ မနက်ပိုင်းတွင် ဖြစ်ပွားသော CNA တပ်မဟာ (၅)နယ်မြေ၊ ဟားခါးမြို့နယ်အတွင်း တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ် အထိနာပြီး CNA နဲ့ CDF ပူးပေါင်းတပ်ဖွဲ့က လက်နက်များ သိမ်းဆည်းရမိ

ဂန့်ဂေါ်မြို့နယ်မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ ခြေလျှင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ တပ်မ (၇၇)နဲ့ CNA၊ CDF ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တာပါ။

အကြမ်းဖက်စစ်တပ်ဖက်၌ စစ်သား ၂၀ဦးခန့်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပြားကြောင်း သိရပါတယ်။

အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ သေနတ် ၉လက်၊ ၆၀မမ မော်တာတစ်ခု၊ RPG လောင်ချာတစ်ခု၊ လက်ပစ်ဗုံး ၁၁လုံး၊ မိုဘိုင်းဖုန်းများနဲ့ အခြားစစ်အသုံးအဆောင်နဲ့ လက်နက်ခဲယမ်းများကို CNA နဲ့ CDF ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းခဲ့

ပုံစာ - ယနေ့မနက်ပိုင်း ဟားခါး-ဂန့်ဂေါ်အကြားတိုက်ပွဲတွင် သိမ်းဆည်းရမိသော စစ်ကောင်စီ တပ်မ (၇၇) ရဲ့ လက်နက်ခဲယမ်းများ။

25/04/2023

Mara rah he padua pathi awpa ma kho khiah , eima hro ataopathi khai su vy

ကလေးမြို့မှာ အငြိမ်းစား ဗိုလ်ကြီးတစ်ယောက် လက်ဖက်ရည်ဆိုင်ကအပြန် ပစ်သတ်ခံရတယ်လို့သိရဖေဖော်ဝါရီလ ၁၄ ရက်။စစ်ကိုင်းတိုင်းဒေသက...
14/02/2023

ကလေးမြို့မှာ အငြိမ်းစား ဗိုလ်ကြီးတစ်ယောက် လက်ဖက်ရည်ဆိုင်ကအပြန် ပစ်သတ်ခံရတယ်လို့သိရ

ဖေဖော်ဝါရီလ ၁၄ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တောင်ဖီလာရပ်ကွက်ကအတွင်းက ကျန်စစ်သားလမ်းမကြီးပေါ်မှာ ယမန်နေ့ မနက်ပိုင်းက အရပ်ဖက်ကိုပြောင်းလာတဲ့ အငြိမ်းစား ဗိုလ်ကြီးဟောင်းတစ်ယောက် လက်ဖက်ရည်ဆိုင်က အပြန်မှာ လက်နက်ကိုင်လူတစ်စုက ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကိုင်လူတစ်စုက ပစ်သတ်ခဲ့တဲ့ အငြိမ်းစားဗိုလ်ကြီးဟောင်းမှာ အခုလက်ရှိသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူးတစ်ယောက်ဖြစ်ပြီး လက်ဖက်ရည်ဆိုင်ကအပြန်မှာ ပစ်သတ်ခံရတာလို့ ဒေသခံတစ်ယောက်က အခုလိုပြောပါတယ်။

လက်ဖက်ရည်ဆိုင်ကအပြန် မနက်၉ခွဲလောက်မှာ အပစ်ခံရတာ၊ လက်ဖက်ရည်ဆိုင်ကအပြန်မှာပေါ့ ၊သူက ပတ်/ထိန်းပေါ့ (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန) အဲ့က လက်ညွှန်ဖြစ်တယ်၊ အရင်တုန်းက စစ်ဖက်ကပေါ့ ၊ ကိုဗစ်စဖြစ်ဖြစ်ချင်းမှာ ကလေးမြို့ကိုပြောင်းလာတဲ့သူ၊ သူ့မှာလက်နက်ပါတယ် မပါဘူးဆိုတာ တော့ သေချာမသိဘူးလို့ပြောပါတယ်။

အခုလို အငြိမ်းစားဗိုလ်ကြီးဟောင်းဖြစ်သူ ဦးငွေဇင်အပစ်ခံရတာနဲ့ပတ်သက်လို့ ကလေးမြို့မြို့ပြစစ်ဆင်ရေး အဖွဲ့ဖြစ်တဲ့ Operation MoMo က ၎င်းတို့ရဲ့ လုပ်ရက်ဖြစ်တယ်လို့ ဝန်ခံထားပြီး ကားတစ်စီး၊ သေနက်တစ်လက်နဲ့ အတူ ကျည်ဆံများစစ်မှုထမ်းဟောင်းများအဖွဲ့ဝင်ကတ်ပြားများ ၊ ဝန်ထမ်းကတ်ပြားသိမ်းဆည်းရမိတယ်လို့ သူတို့ထုတ်ပြန်ချက်အရသိရပါတယ်။

Address

Kuala Lumpur
43200

Alerts

Be the first to know and let us send you an email when Mara Star Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies

  • Malaysia Solid

    Malaysia Solid

    Fortuna Centra Residensi Sentrum Kepongno 2 Jalan Merto Perdana 6Taman Kepong

Other Media/News Companies in Kuala Lumpur

Show All