Alien World

Alien World let's Fan
(1)

21/07/2024

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

04/07/2024

ꮤꭼꮮꮯꮎꮇꭼ ꭲꮎ ꭺꮮꮖꭼꮑ ꮤꮎꭱꮮꭰ 👽

ကဲ Iphone ချစ်တဲ့ 😁မလေးရှား က အမျိုး တွေ ရော ...  မြန်မာ နိုင်ငံ က အမျိုး တွေရော  🔥 Offer Price 🔥 လေး နဲ့ လာပြီ နော် ။ မ...
23/03/2023

ကဲ Iphone ချစ်တဲ့ 😁
မလေးရှား က အမျိုး တွေ ရော ... မြန်မာ နိုင်ငံ က အမျိုး တွေရော 🔥 Offer Price 🔥 လေး နဲ့ လာပြီ နော် ။

မလေးရှား တစ်နိုင်ငံလုံး နေရာ အနှံ ပို့ ဆောင်ပေးပါတယ်။ 💯

Walk in ဆိုင်ကို လာရောက် ကြည့်ရှု့ ချင်သူ တွေ အတွက်လဲ အောက်မှာ ပြောပြထားပါတယ်။ Ph 011-5116 1776 ကိုလဲ ဆက်သွယ် နိုင်ပါတယ် ။ 💯

Price Sales 💯

✴ IPHONE ✴

7+ 128 GB - RM 849

7+ 256 GB - RM 949

X 64 GB - RM 1099

X 256 GB - RM 1149

XR 64 GB - RM 1199

XR 128 GB - RM 1249

XR 256 GB - RM 1349

XS 64 GB - RM 1149

XS 256 GB - RM 1249

XS 512 GB - RM 1299

XS Max 256 GB - RM 1549

XS Max 512 GB - RM 1649

11 128 GB - RM 1599

11 256 GB - RM 1699

11 Pro 256 GB - RM 1849

11 Pro 512 GB - RM 1949

11 Pro Max 256 GB - RM 2099

11 Pro Max 512 GB - RM 2199

12 64 GB - RM 1899

12 128 GB - RM 2099

12 256 GB - RM 2199

12 Pro 128 GB - RM 2399

12 Pro 256 GB - RM 2599

12 Pro 512 GB - RM 2699

12 Pro Max 128 GB - RM 2999

12 Pro Max 256 GB - RM 3099

12 Pro Max 512 GB - RM 3199

Full set box 💯💯💯

✅ USED - Good second

✅ Condition : 90%

✅ Founction : 10/10

✅ Warranty 1 Month

Free Temperd Glass

Free Apple Id

Will Delivery : J&T SERVICE / GDEX
(postage 20 with insurance) ✅

Walk In : WP Kuala Lumpur , Jalan 3/93, Cheras , 55200 Kuala Lumpur !
Contact this Number ✴ 011 5116 1776 ✴

ကဲ တစ်ချိန်လုံး မေးနေကြတဲ့ .... 😎မလေးရှားကို Free Calling နဲ့ လာချင်သူများ အတွက် ရပါပြီ။ ✅Free Calling ဆိုတာ ဘာလဲ ... ဘယ...
17/11/2022

ကဲ တစ်ချိန်လုံး မေးနေကြတဲ့ .... 😎

မလေးရှားကို Free Calling နဲ့ လာချင်သူများ အတွက် ရပါပြီ။ ✅

Free Calling ဆိုတာ ဘာလဲ ... ဘယ်လိုပုံစံ လဲ မသိသေးတဲ့ သူများ အတွက်ပါ တစ်ခါထဲ ရှင်းပြပေးပါမယ်။ 🤗

Free Calling ဆိုတာ .....

လုပ်ငန်းတစ်ခုမှာ လူခေါ်ခွင့် KDN approval
က လူ အယောက် ၁၀၀ စာ ရမယ် ပဲထား ....
အဲ့ လုပ်ငန်း အတွက် တစ်ကယ်တန်း အလုပ်သမား လိုအပ်ချက်က အယောက် ၅၀ စာ ပဲ ...
အဲ့တော့ ကျန်တဲ့ အယောက် ၅၀ စာ ကို လုပ်ငန်း အတွက် မသုံးပဲ လုပ်ငန်းရှင်က Calling ပြန်ရောင်းတဲ့ သဘောပါပဲ။ ☑

Free Calling ဆိုတာ သူတို့ နိုင်ငံအစိုးရက
ကိုယ်ကြိုက်တဲ့နေရာ ၊ ကိုယ်ကြိုက်တဲ့အလုပ်ကို
လုပ်လို့ရတယ်ဆိုပြီး ခွင့်ပြုထားတာမျိုးတော့မဟုတ်ဘူး။ 👍

ဒါပေမယ့် ကိုယ့် လက်ထဲမှာ ပဲ Passport စာအုပ် ကို...ကို ကိုယ်တိုင် ကိုင်ပြီး ပါမစ် အမှန် ဖြစ်တဲ့ အတွက်ကြောင့် .... မလေးရှား တစ်နိုင်ငံလုံး အပြင် ကြိုက်တဲ့ နိုင်ငံကို သွားရောက်လည်ပတ်နိုင်တယ် ။✅

ကိုယ် က အမှန်သမား ဖြစ်တဲ့ အတွက်ကြောင့် .... ကိုယ် နဲ့ ကိုက်ညီ အဆင်ပြေမယ့် အလုပ်အမျိုးမျိုး ကို ရွေးချယ် လုပ်ကိုင် နိုင်မယ်။ ✅

ဒီ အလုပ် မှာ အဆင် မပြေလို့... နောက် အဆင်ပြေမယ့် အလုပ်တစ်ခု ပြောင်းမလား ရတယ်။ ✅

လွတ်လပ်မှု့ရှိတယ်။✅

လမ်းသွား လမ်းလာ ရဲ အစစ်အဆေး အေးဆေး ဖြေရှင်းလို့ရမယ် .... ကိုယ်က စာအုပ် ကိုင်ထားတဲ့ အမှန်သမား မို့ ။✅
( တစ်ခုတော့ရှိတာပေါ့ သူ့နိုင်ငံ သူ့စည်းကမ်းတော့ လိုက်နာရမှာပေါ့ ... အမှန်သမား ဆိုပြီး သူများနိုင်ငံမှာ သောင်းကျန်းလို့တော့ မရဘူးပေါ့ 😄 )

အရေးအကြောင်း ကိစ္စ ရှိလို့ မြန်မာနိုင်ငံ ပြန်ချင်တာမျိုးလည်း ပြန်လို့ရမယ်။✅

✅✅✅✅✅
အခု လက်ရှိမှာတော့ .... (construction) နဲ့ Free Calling ရှိပါမယ်။

နှစ်စဥ် နှစ်တိုင်း .... သက်တမ်းလဲတိုးနိုင်သလို ....

ပေးရမယ့် နှုန်းထားကလဲ.....လက်ရှိ အလည်ဗီဇာ တွေ .... ရိုးရိုး Calling တွေ နဲ့ သိပ်မကွာတဲ့ စျေးနှုန်း နဲ့ လူ အယော​က် ၅၀ စာ ရပါမယ်။ 💯☑☑☑

ငွေပေးချေမှု့ အတွက် နှစ်ရစ် ခွဲသွင်းရပါမယ်။

Passport စာအုပ် နှင့် အတူ ပထမ အရစ် စရံငွေ ပေးသွင်းပြီးလျှင် .... ငွေပေးချေ မှု့ အတွက် Register တင်ထားပြီးကြောင်း စလစ်ရပါမယ်။ ✅

ထို့နောက် ... နှစ်လ ( မြန်လျှင် တစ်လ ) အတွင်း Calling ကျပါမယ်။ Calling ရလျှင် ဒုတိယ အရစ် ငွေပေးချေရပါမယ်။ ✅

ပြီးတာနဲ့ မိမိ ဘဝ ရည်မှန်းချက် တွေ ပြည့်စုံဖို့ အတွက် .... မလေးရှား နိုင်ငံသို့ စတင် ထွက်ခွာ နိုင်ပါပြီ။ 😍

အလုပ်အပ်နှံမယ် သေချာပြီဆိုရင်.. လိုအပ်တဲ့ အချက်အလတ် တွေနဲ့ ... လူကိုယ်တိုင် လာရပါမယ်။

🚫 Online မှငွေကြိုလွှဲစရာမလိုပါ။
🚫 ( ကျွန်ုပ်တို့ ၏ Garphex Gadgetry Page မှ လုပ်ငန်းစဥ်များ အား ကူးယူ၍ လိမ်ညာ နေသော သူများအား သတိပြုပါ )⛔

အသေးစိတ် ထပ်မံ သိရှိ လိုပါက ....
✅ ယခု Page Messenger နှင့်
ph no : +601151161776 ရဲ့ Viber / Whatsapp တို့ကနေ လဲ ဆက်သွယ် ခေါ်ဆို မေးမြန်း ဆွေးနွေး နိုင်ပါတယ်။ ( မအားလပ်၍ Reply မပြန်နိုင်ပါက စောင့်ဆိုင်းပေးရပါမည်)

( အခြားသော Contact များနှင့် ဆက်သွယ် ခြင်းပြုလုပ်ပါက ကျွန်ုပ်တို့ Garphex Gadgetry မှမဟုက်ပါ ။ )

ကဲ Page မှာ ခရီးသွား Services Post တွေပဲ များနေလို့ ... Messenger / vb / Whatsapp မှာ လိုချင်တာကို Order လာတင်လို့ရနေတာက...
15/11/2022

ကဲ Page မှာ ခရီးသွား Services Post တွေပဲ များနေလို့ ... Messenger / vb / Whatsapp မှာ လိုချင်တာကို Order လာတင်လို့ရနေတာကို သိတဲ့ Customers များအပြင် မသိသေး တဲ့ New Customers များကိုလဲ အသိပေးရင်း ...

J.Springs by Seiko ကို Speicl price လေးနဲ့ ဖော်ပြလိုက်တယ်နော် 😍😍😍

Direct from Malaysia 😍
မလေးရှား နိုင်ငံ မှ တိုက်ရိုက် ပို့ဆောင် ပေးခြင်းဖြစ်ပါသည် ။ 🚚 🚢 🛫

Malaysia မှ သို့ သယ်ယူပို့ဆောင်ခ နှင့် အတွင်း မိမိ အိမ်သို့ အရောက် .... နှစ်မျိုးလုံး အတွက် ... Delivery ခ #လုံးဝ #လုံးဝ ပေးစရာမလိုပါ 🤗 ( နယ်ဝေး customer တွေအတွက်လဲ သက်ဆိုင်ရာ ကားကွင်း/ဂိတ် အထိ ပစ္စည်း ပို့ဆောင်ပေးပြီး #တန်ဆာခ တစ်မျိုးသာ ပေးရပါမည်။) 😍

😍 (SPECIAL PRICE) J.Springs by Seiko Prestige Sports Quartz 200M BBH102 BBH103 Men's Watch

Features:
Brand - J.Springs by Seiko
Stainless Steel Case
Stainless Steel Bracelet
Quartz Movement
Caliber: VJ32
Mineral Glass
Blue Dial
Luminous Hands And Markers
Unidirectional Rotating Bezel
Date Display
Screw Caseback
Screw Lock Crown
Deployment Clasp
200M Water Resistance

Approximate Case Diameter: 42.3mm
Approximate Case Thickness: 11.6mm

အောက်ပါပုံ များ အောက်တွင် စျေးနှုန်း များ ထည့်သွင်းဖော်ပြထားပေးပါသည် 💯 👇

ဝယ်ယူလိုပါက - ဝယ်ယူမည့် ပစ္စည်း ၏ photo / Screen shot တို့ဖြင့် ... အမည် / ဖုန်းနံပါတ် / ပို့ဆောင်ရမည့်​နေရပ်လိပ်စာ အပြည့်အစုံနှင့် page messenger (or) အောက်ပါပုံတွင် တင်ပေးထားသော viber/whatsapp နံပါတ် တို့ကို msg ပို့၍ ဆက်သွယ်နိုင်ပါသည် ။ 😊

( ငွေပေးချေရာတွင် အောက်ပါ ဖော်ပြရာပုံတွင် ပေးထားသော KPay / WavePay / AYA MB banking အကောင့် ၃ ခုကိုသာ အသုံးပြုပါသည် )

လူကြီးမင်းတို့စိတ်ကြိုက် ... ဘယ်အမျိုးအစား ကိုမဆို Brand New ( Authentic ) ဖြစ်စေ / First Copy Ori ဖြစ်စေ အခြားသော Brand အမျိုးမျိုး ကိုလဲ....
နဲ့ ပြော၍ လဲ မှာယူ နိုင်ပါတယ် 😍

Thanks for ur support ❤

Immigration (အင်မီဂရေးရှင်း) မှာ စစ်ဆေးမေးမြန်းခံရတဲ့အခါ 📌ယခုလိုကာလမှာ စည်းစနစ်ကြီးတဲ့ နိုင်ငံကြီးတွေ နဲ့ စည်းကမ်းတင်းကျ...
15/11/2022

Immigration (အင်မီဂရေးရှင်း) မှာ စစ်ဆေးမေးမြန်းခံရတဲ့အခါ 📌

ယခုလိုကာလမှာ စည်းစနစ်ကြီးတဲ့ နိုင်ငံကြီးတွေ နဲ့ စည်းကမ်းတင်းကျပ်တဲ့ နိုင်ငံတွေကို အလည်ပတ်ဗီဇာနဲ့ လည်ပတ်ဖို့ သွားတဲ့အခါ မှာ

ဟိုဘက်နိုင်ငံ အဝင် Immigration မှာ စစ်ဆေးမေးမြန်းခံရတာတွေ Immigration က လက်မခံလို့ လှည့်ပြန်ခဲ့ရတဲ့အဖြစ်မျိုးတွေ ကြုံရတက်ပါတယ် ⚠️
_____________________________

ဒါကြောင့် Garphex Gadgetry ရဲ့ ခရီးသွားဧည့်သည်တော်တွေ
အခက်အခဲမရှိစေဖို့

1️⃣ Immigration တွေ မှာ ဘာကြောင့် မေးမြန်းစစ်ဆေးတတ်တာလဲ

2️⃣ ဘယ်လိုအကြောင်းအရာတွေ မေးတာလဲ

3️⃣ တကယ်လို့ စစ်ဆေးခံရတဲ့အခါမှာရော ဘယ်လို ရင်ဆိုင်ဖြေရှင်းလို့ရနိုင်မလဲ

4️⃣ ဒါ့အပြင် စစ်ဆေးမေးမြန်းမခံရအောင်ရော ဘယ်လိုပြင်ဆင်သွားရမလဲ ဆိုတာကို

ယေဘုယျအားဖြင့် ဖော်ပြပေးလိုက်ပါတယ်။
_____________________________

1️⃣ Immigration တွေမှာ ဘာကြောင့် မေးမြန်းစစ်ဆေးတတ်တာလဲ ‼️

နိုင်ငံတစ်ခုရဲ့ လူဝင်မှုကြီးကြပ်ရေးအနေနဲ့ သံသယဖြစ်စရာတစ်ခုခုကို မြင်တွေ့ရတဲ့အခါ (သို့) သံသယရှိလာတဲ့အခါမှာ ဘာကြောင့် ဒီနိုင်ငံကို ဝင်ရောက်တာလဲ -

ဘယ်လိုပစ္စည်းအမျိုးအစားတွေ သယ်ယူလာတာလဲ ထို့နောက် သင်က ဘယ်လိုလူလဲ ဆိုတာကို သိဖို့ လေ့လာတဲ့အနေနဲ့ စစ်ဆေးမေးမြန်းလေ့ရှိပါတယ်။

ယခုလိုကာလမှာဆိုရင် အလည်ပတ်ဗီဇာ ကိုင်ဆောင်ဝင်ရောက်ပြီး အလုပ်လုပ်ဖို့ overstay နေတာတွေ ရှိတတ်လို့ ပိုမိုတင်းကြပ်စစ်ဆေးလေ့ရှိပါတယ်။
_____________________________

2️⃣ ဘယ်လိုအကြောင်းအရာတွေ မေးတာလဲ🤔

မေးမြန်းလေ့ရှိတာကတော့ ဒီနိုင်ငံ - ဒီမြို့မှာ ဘယ်နှစ်ရက်လည်ပတ်မှာလဲ ဘယ်တွေကိုသွားမှာလဲ ဘာလုပ်ဖို့သွားမှာလဲ ဘယ်သူတွေနဲ့အတူလာတာလဲ အစရှိတဲ့မေးခွန်းတွေအပြင် တည်းခိုနေထိုင်မယ့်နေရာရဲ့လိပ်စာ, အပြန်လေယာဉ်လက်မှတ်, လုံလောက်တဲ့ ပမာဏရှိတဲ့ Show Money နဲ့အတူ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြခိုင်းလေ့ရှိပါတယ်။ 📝

တကယ်လို့ သင်က မေးခွန်းတွေကိုလည်း သေသေချာချာမဖြေနိုင်ဘူး စာရွက်စာတမ်းအထောက်ထားတွေကလည်း စုံလင်သေချာစွာ မပြနိုင်ဘူး သယ်ယူလာတဲ့ပစ္စည်းတွေမှာလည်း သူတို့နိုင်ငံရဲ့ ကန့်သတ်ထားတဲ့ အစားအသောက်တွေ ပစ္စည်းတွေလည်း ပါဝင်လာမယ် ဒါမှမဟုတ် သင်ရဲ့ Passport မှာလည်း သင့်နာမည် သို့မဟုတ် Passport နံပါတ်တွေမှာပါ တစ်ခုခု သံသယရှိစရာကောင်းနေခဲ့မယ်။

Passport အဟောင်းနဲ့ အသစ်မှာလည်းတစ်ခုခု ကွာခြားနေခဲ့မယ်ဆိုရင်တော့ Immigration Counter တင်မပြီးပဲ မေးမြန်းစစ်ဆေးတဲ့ အခန်းထဲထိ ခေါ်ဆောင်သွားခံရနိုင်ပါတယ်။ 😪

မေးမြန်းစစ်ဆေးတဲ့အခါမှာလည်း Immigration Officer မေးသမျှကို ဘာသာစကားအခက်အခဲအရ ကောင်းကောင်းမွန်မွန်မဖြေရှင်းနိုင်ခဲ့တဲ့အခါ၊ သို့မဟုတ် သင်ကိုယ်တိုင်မသိလိုက်ပဲ သင်ကိုယ်တိုင် တစ်ခုခုပြုလုပ်ထားလိုက်မိတဲ့အခါ၊ Immigration Officer တွေကလည်း သင့်အဖြေတွေကို ဘဝင်မကျခဲ့တဲ့အချိန်နဲ့လည်း တိုက်ဆိုင်သွားမယ်ဆိုရင်တော့ ပြည်ဝင်ခွင့် ရရှိမှာမဟုတ်ပဲ အနီးစပ်ဆုံးလေယာဉ်နဲ့ပဲ အမိနိုင်ငံကို ပြန်လွှတ်ခြင်းခံရမှာပါ။

တကယ်လို့ - အာမခံပေးမယ့် အသိမိတ်ဆွေ၊ ဆွေမျိုး အစရှိတဲ့ နိုင်ငံသား ရှိခဲ့မယ်ဆိုရင်တော့ တစ်ရက် ဖြစ်စေ၊ နှစ်ရက်ဖြစ်စေ ခေတ္တထိန်းသိမ်းခံရပြီးမှ ပြန်လွှတ်တာမျိုးလည်း ရှိပါတယ်။

ဒါမှမဟုတ် တစ်ခုခုချိုးဖောက်ထားခဲ့မယ်ဆိုရင်တော့ ဒဏ်ကြေးဖြစ်စေ နောက်တစ်ခါထပ်မလုပ်ပါဘူးဆိုတဲ့ ဝန်ခံကတိဖြစ်စေ ရေးထိုးခဲ့ရမှာပဲ ဖြစ်ပါတယ်။ 🛃
_____________________________

3️⃣ တကယ်လို့ စစ်ဆေးခံရတဲ့အခါမှာရော ဘယ်လို ရင်ဆိုင်ဖြေရှင်းလို့ရနိုင်မလဲ 💯

စစ်ဆေးမေးမြန်းခံရခဲ့မယ်ဆိုရင်တော့ တည်တည်ငြိမ်ငြိမ်ဖြေရှင်းတဲ့နည်းလမ်းကို အသုံးပြုဖို့ အရင်ဆုံးအကြံပေးချင်ပါတယ်။ ပြီးရင်တော့ ကိုယ့်ရဲ့ ခရီးစဉ်အသေးစိတ်ကို နားလည်အောင်ရှင်းပြပါ။

ဒါတွေအပြင် ဘာကြောင့်လည်ပတ်ကြောင်းနှင့် အလုပ်အကိုင် တို့ကို ဖော်ပြပေးပါ။ ဘာသာစကားအခက်အခဲဖြစ်ခဲ့ရင် စာရွက်စာတမ်းနဲ့ပြပြီး ဖြေရှင်းတာက အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ ✅
_____________________________

4️⃣ ဒါဆိုရင် စစ်ဆေးမေးမြန်းမခံရအောင်ရော ဘာတွေပြင်ဆင်သွားရမလဲ။ 🧳

လေယာဉ်ပေါ်ကဆင်းလို့ Immigration ဝင်ရမယ့်နေ့နဲ့ ထွက်ရမယ့်နေ့မှာ အဝတ်အစားကို အတတ်နိုင်ဆုံး သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ပါ 🧥
ဟိုတယ်ဘိုကင်, အပြန်လေယာဉ်လက်မှတ်, လုံလောက်တဲ့ ပမာဏရှိတဲ့ Show Money နှင့်တကွ ခရီးစဉ်တစ်ခုလုံးအတွက် လိုအပ်မယ့် စာရွက်စာတမ်းတွေကို ဖုန်းထဲမှာဖြစ်စေ Print ထုတ်ပီးဖြစ်စေ သယ်ဆောင်သွားပါ။ 📱

မိမိလည်ပတ်မည့်ခရီးစဉ်၊ ဟိုတယ်အမည်နှင့် လိပ်စာများ၊ အပြန် လေယာဉ်အချိန် အစရှိသည့် လိုအပ်သည်များကိုလည်း မေးလိုက်သည်နှင့် ပြောနိုင်အောင် မှတ်သားထားပါ။ 👩🏻‍💻

Passport အဟောင်း (ရှိခဲ့လျှင်) နှင့် သွားခဲ့ဘူးသမျှ ဗီဇာများကိုလည်း ဓါတ်ပုံရိုက်ထားပါ။ 📸

အလုပ်အကိုင် အထောက်အထားပြသော စာရွက်စာတမ်းများ ဖြစ်စေ Visiting Card ဖြစ်စေ အမြဲလိုလို ကိုယ်နှင့်မကွာဆောင်ယူသွားဖို့လည်း အကြံပေးပါရစေ။ ✍🏻
_____________________________

ဒီလိုအချက်တွေကို ရှောင်သင့်တာတွေရှောင်ပီး ဆောင်သင့်တာလေးတွေလည်း ဆောင်ယူသွားရင်း Immigration ကို အခက်အခဲမရှိ ချောချောမွေ့မွေ့ဖြတ်သန်းရင်း ပျော်ရွှင်စရာခရီးလေးတွေ ပိုင်ဆိုင်ကြပါစေ။ 😍
_____________________________

နောက်နေ့တွေမှာလည်း ဒီလို စိတ်ဝင်စရာကောင်းတဲ့
သတင်းအချက်အလက်တွေ နဲ့ Promotion / watch တွေနဲ့ အခြားသော Item များကိုလည်း ရောင်းချ /
ဖော်ပြ ... ပေးသွားမှာဖြစ်လို့ Garphex Gadgetry Page လေးကို နေ့တိုင်းဝင်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 💞
_____________________________

✅ ယခု Page Messenger နှင့်
ph no : +601151161776 ရဲ့ Viber / Whatsapp တို့ကနေ လဲ ဆက်သွယ် ခေါ်ဆို မေးမြန်း ဆွေးနွေး နိုင်ပါတယ်။ ( မအားလပ်၍ Reply မပြန်နိုင်ပါက စောင့်ဆိုင်းပေးရပါမည်)


✈✈✈ရန်ကုန် လေဆိပ်မှ နိုင်ငံခြား / ပြည်ပထွက်ခွာမည့် သူများ အတွက် Departure Card ထွက်ခွာကတ်ဖြည့်နည်း လေးကို ပြန်လည် မျှဝေ ...
15/11/2022

✈✈✈

ရန်ကုန် လေဆိပ်မှ နိုင်ငံခြား / ပြည်ပထွက်ခွာမည့် သူများ အတွက် Departure Card ထွက်ခွာကတ်ဖြည့်နည်း လေးကို ပြန်လည် မျှဝေ လိုက်ပါတယ်။



10/11/2022

👉🇲🇾မလေးရှားအလုပ်နဲ့ပတ်သတ်ပြီး🇲🇾‼️👇👇

အထင်လွဲ အမှတ်လွဲ အမြင်လွဲ မိမိထင်သလိုမဟုတ်
Demand Letter နဲ့ပတ်သက်တဲ့အကြောင်း Calling
အကြောင်းတွေ အနည်းအကျဉ်းရေးပြမယ်

လူအများစုကမေးကြတယ်..ဘာမေးလဲဆိုတော့
​အစ်ကိုရေ ... အစ်မရေ ... မလေးရှားကောလင်းတွေကျပြီလားတဲ့။

ကောလင်းကဘယ်တုန်းကတင်ထားလို့လည်း
အလုပ်တွေရောအပ်ပြီးပြီလား။

ဆေးစစ်ပြီး ဆေးအွန်လိုင်းတင်ပြီးပြီလားဆိုတော့
မလုပ်ရသေးဘူး။ မသိဘူးတဲ့။ စာအုပ်လည်းမလုပ်
ရသေး အလုပ်လည်မအပ်ရသေးဘူးတဲ့။

မိမိလုပ်ရမယ့်အလုပ်အရင်မလုပ်ပဲ အဆင့်တွေကျော်မေးနေတယ်။ နိုင်ငံခြားသွားဖို့ စိတ်ကူးယဉ်
နေကြတယ်။ သေချာလည်းမသိနားမလည်းကြဘူး
မေးလည်မမေးတတ်ဘူး။
သူတို့သိချင်တာ သွားဖို့တခုပဲ။ အဲဒီသွားဖို့အကြောင်းပဲ ဦးတည်မေးနေတယ်။
ကောလင်းကဘယ်လိုကျမလည်းဆိုတော့မှ
မသိဘူးလေတဲ့ ။

အမှန်က မိတ်ဆွေတို့အမှတ်မှားနေကြတာပါ
သူမေးချင်တာက Demand Letter
စက်ရုံတစ်ရုံအတွက်အလုပ်သမားတောင်းခံခွင့် (သို့)
အလုပ်ခေါ်စာ။
နောက်ထပ်ရှိသေးတယ်
အရေးကြီးတာ KDN Approval ရှိရမယ်။
KDN Approval မကျပဲ အလုပ်သမားခေါ်လို့မရပါဘူးဗျား။

မှတ်ချက်..KND ဆိုတာ မလေးစကားနဲ့အတိုကောက်ရေးထားတာဖြစ်တယ်။ လူဗိန်းနားလည်အောင်ရေးပြရင် (အလုပ်သမားဝန်ကြီးဌာန
မြန်မာပြည်အနေနဲ့ ခေါ်ကြလိမ့်မယ်)

ခုပြောမဲ့ကောလင်းဆိုတာက
KDN Approval ကျပြီးသားဆိုရင်
အလုပ်သမားခေါ်ဖို့အတွက်ရပြီ
မြန်မာပြည်ကအေဂျင်စီတွေထံ
Demand Letter ပို့ပေးပြီး
ဒီစက်ရုံ ဒီအလုပ်အတွက်အလုပ်သမား
ကျားဘယ်နှစ်ယောက်/ မဘယ်နှစ်ယောက်
လစာကဘယ်လောက် အိုတီကဘယ်လောက် စသည့် အလုပ်သမားရဲ့ခံစားခွင့်တွေ စည်းကမ်းချက်တွေအားလုံးDemand Letter ထဲမှာပါပါတယ်။

အဲဒီတော့မှ အေဂျင်စီက Demand ချပြပြီး
ဒီအလုပ်ရှိတယ် လျှောက်မလားမေးတယ်။

လျှောက်မယ်ဆို အရင်ဆုံးဆေးစစ်ရတယ်
ဆေးစစ်လို့ဆေးအောင်ပြီဆိုရင်
ဆေးအွန်လိုင်းတင်ရတယ်
ဆိုကြပါစို့ အယောက်၁၅၀ခေါ်မယ်။

အကုန်လုံးဆေးအောင်လို့ ဆေးအွန်လိုင်းတင်ပြီး
လူစုံပြီဆိုတာနဲ့ မိတ်ဆွေတို့အမှတ်မှားနေတဲ့
ကောလင်းဆိုတာကိုစတင်ရပါတယ်။

မလေးရှားဘက်ကအေးဂျင့်ကလျှောက်ပေးတယ်
ကောလင်းကျဖို့က ၂ ပတ်ကနေ၁လကျော်ထိကြာတတ်တယ်။ ဒါမလေးအခြမ်းဘက်

ကောလင်းတင်နေချိန် သင်တန်းကြိုတက်ထားရတယ်။ စမတ်ကဒ်အတွက်ဖြစ်ပါတယ်
ဘာကြောင့်သင်တန်းတက်ရလည်းဆိုတော့
သင်တန်းဆင်းလက်မှတ်အတွက်ပဲ
ဒါကကြိုတင်ပြင်ဆင်မှုတစ်ခု
သင်တန်းတက်ပြီးတိုင်း ငါသွားရတော့မယ်ဆိုပြီးထင်နေကြလို့ပါ...။

အဲတော့သင်တန်းတက်ပြီးပြီဆိုရင် အေးဆေးနားနေ
ကျန်တာက မလေးရှားအေဂျင့်နဲ့မြန်မာပြည်ဘက်ကအေဂျင်စီတွေရဲ့အလုပ်ပဲ။

ကောလင်းကျဖို့ခဏစောင့်နေလိုက်
ကောလင်းကျလာပြီဆိုမှ သင်တန်းကြိုတက်ထားတဲ့
သင်တန်းဆင်းလက်မှတ်ကအဆင်သင့်ဖြစ်နေပြီမို့
အဲအချိန်မှာ သင်တန်းဆင်းလတ်မှတ်+ ကောလင်းဗီဇာနဲ့အတူSmart Card ရဖို့ နေပြည်တော်ကိုတင်ရတယ်။ ၂ပတ်၃ပတ်ကြာတယ်။

အဲတာတွေအားလုံးရဲ့ Processကို
အေဂျင်စီတွေကလုပ်ပေးရတယ်။
နေပြည်တော်ကစာကျလာပြီဆိုမှ
မြောက်ဒဂုံပင်လုံခန်းမမှာ Smart Card တစ်ရက်သွားရိုက်ရတယ်။

Smart Card ရပြီဆိုရင် မိတ်ဆွေတို့သွားရဖို့က
၉၀ ရာခိုင်နှုန်းဖြစ်နေပြီ ။
တခြားလိုအပ်တာတွေကို ကုမ္ပဏီကစီစဉ်ပြီး ဟိုဘက်ကသူဌေးနဲ့ချိတ်ဆက်ပြီး။ အဆင်ပြေမဲ့ရက်ကိုရွေး လေယာဉ်လတ်မှတ်ဖြတ်ပြီးရင်မလေးရှားကိုသွားလို့ရပါပြီ။

ဒါကြောင့် မလေးရှားကိုအမြန်သွားချင်တယ်ဆိုတိုင်းမရပါဘူး။
Process အတိုင်းသွားရတာမို့ မြန်ရင်(၃)လ
ကြာရင်(၅) လလို့ပြောတာပါ ။

ကုန်ကျစရိတ်က
ဒေါ်လာ ၁၂၀၀ ပေးရမယ်ဆိုကြပါစို့
(ဥပမာပြောတာ အေဂျင်စီတစ်ခုနဲ့တစ်ခု
ကောက်တဲ့စျေးကမတူဘူး) နော်
(ပေါက်စျေးအတိုင်းဆိုတာထည့်ပြောလိမ့်မယ်
မပြောလည်းမိမိကသိရမယ်)

ကိုယ်လည်းသဘောတူလို့ Process စတော့မယ်ဆို
အရင်ဆုံးလုပ်ရမှာက
ဆေးစစ်+ ဆေးအွန်လိုင်းတင်
(မိမိပိုက်ဆံဖြင့်သာ)လုပ်ရမည်။
ပြီးရင်အလုပ်စအပ်ပြီဆို စရံပေးရတယ်။ ဥပမာ..

ထားပါ ၃သိန်း။ ပြီးရင်ကောလင်းတင်မယ်
ကောလင်းကျရင် ၁၀သိန်းထပ်သွင်းရမယ်
ဒါဆို ၁၃သိန်းရှိပြီနော်..မှတ်ထားကြ

ပြီးရင် Smart Card ရိုက်ပြီးရင်
ငွေအကြေချေရမယ် လာပါပြီ
ခင်ဗျားတို့သိချင်နေတဲ့ကုန်ကျစရိတ်
ချေရမဲ့နေ့ကျ ဒေါ်လာစျေးက
3500ဖြစ်နေရင်3500×1200=4200000
(မြန်မာငွေ ၄၂သိန်း)
စရံပေးထားတာ ၁၃သိန်းဆိုရင်၄၂သိန်းထဲကပြန်နှုတ်မယ်ဒါဆို ၂၉သိန်းထပ်ပေးရမယ်။

အဲတာကုန်ကျစရိတ်ပဲ ဒါကြောင့်
ဒေါ်လာစျေးတက်ရင်စျေးများမယ်။
ဒေါ်လာစျေးကျရင်စျေးနည်းမယ်။

ဒီလောက်ဆို အကြမ်းဖျင်းသိရောပေါ့😊😊



10/11/2022

မလေးရှား ပြန်
Ci အကြောင်းလေးပြောပြပါမယ်
အမေးများလွန်းလို့ ....

သိရသလောက် Ci က ၅နှစ်ကျော်ရင်
ပြန်၀င်လို့ရပါပြီ အကယ်၍ကိုယ်က
ပြန်လာတာ၅နှစ်ကျော်နေပြီး
အ၀င်မှာလက်ဗွေငြိနေရင် ...

ဘယ်လိုနည်းနဲ့၀င်မလည်း ???
ဘယ်လိုဖြေရှင်းမလည်း ???

နံပတ် (၁)
ဘယ်နေ့ကပြန်လာတာလည်း
ကိုယ်ပြန်လာတဲ့နေ့ကိုမှတ်မိရမယ်
ကိုယ်က၅နှစ်ကျော်နေပြီဆိုရင်
မေးတဲ့အခါတိတိကျကျပြောနိုင်ရမယ်။

နံပတ်(၂)
ဘယ်လေယာဥ်နဲ့ပြန်လာတာလည်း
ကိုယ်ပြန်ခဲ့တဲ့လေကြောင်းလိုင်းနဲ့
လေယာဥ်နံပါတ်ကိုပြောပြနိုင်ရမယ်။
Air Asia နဲ့လား MAI နဲ့လား Malaysia Airline နဲ့လား
လေယာဥ်နံပတ် AK504 AK503 စသဖြင့်ပေါ့
ဒါတွေမှတ်မိနေရမယ် မေးတဲ့အခါပြောပြနိုင်ရမယ်။

နံပတ်(၃)
မိမိအသုံးပြုခဲ့တဲ့ Passport နံပါတ်
Passport ထဲကနာမည် မွေးနေ့တွေ
အာလုံးကိုမေးတဲ့အခါပြောပြနိုင်ရပါမယ်။

အကယ်၍Ci နဲ့ပြန်လာပြီး ၅နှစ်ကျော်လို့
ပြန်၀င်တဲ့အချိန်မှာငြိနေပါက
အထက်ပါအချက်၃ချက်နဲ့တိကျမှန်ကန်စွာပြောပြပြီး
ရှင်းပြလို့ရပါတယ်တဲ့။

အရေးကြီးတာကတော့ ကိုယ်ကပြန်၀င်တော့မယ်ဆို
အရင်မလေးမှာရှိနေစဥ် အသုံးပြုခဲ့တဲ့
Passport ထဲကအချက်တွေနဲ့
စာအုပ်အသစ်လုပ်ရင်ပဲဖြစ်ဖြစ်
သက်တမ်းတိုးတာပဲဖြစ်ဖြစ်
အရင်နာမည် အရင်မွေးနေ့တွေအားလုံးနဲ့
အတူတူပဲဖြစ်နေရပါမယ်။

ဒါတွေတူနေမှ မေးတဲ့အခါလည်း
မှန်မှန်ကန်ကန်ဖြေနိုင်ရင်တော့
အဆင်ပြေမှာပါ။

အပေါ်ကအချက်တွေက
Ci ပြန် ၅နှစ်ကျော်ဆို
80%လောက်သေချာပေမဲ့
20%ကတော့မိမိရဲ့ကံပါပဲ
အတိအကျတော့အာမ မခံနိုင်ပါဘူး။
အနီးစပ်ဆုံးနဲ့အဖြစ်နိုင်ဆုံးတွေကို
သိရသလောက်ပြန်လည်မျှဝေပေးတာပါ။

တစ်ချို့ကသူများမှတ်ပုံတင်တွေသုံးပြီး
စာအုပ်အသစ်တွေလုပ်ကြ
အသက်တွေလျှော့ပြီးလုပ်ကြ
ကိုယ်ကCi နဲ့ပြန်လာပြီး
ပြန်၀င်မယ်ဆိုရင်
အဲတာတွေကိုရှောင်ရပါမယ်
မလေးလ၀ကမှာက မျက်လုံးScan ဖတ်
လက်ဗွေနှိပ်လိုက်တာနဲ့
မိမိရဲ့Bio Dataတွေကျန်နေသေးရင်
အားလုံးပြန်ပေါ်လာမှာပါ။
အဲအချိန်ကျရင် အချက်အလက်တွေလွဲနေရင်တော့
ရှင်းလို့ရမှာမဟုတ်ပဲ ဆုတ်ပြန် ဆန်ပြုတ်ပါပဲ။

နောက်ဆုံးတစ်ချက်ကတော့
မလေးရှားဘက်ကအရင်သူဌေးဖြစ်ဖြစ်
အေးဂျင့်ဖြစ်ဖြစ်အကူအညီတောင်းပြီး
မိမိရဲ့ Bio Data တွေကို ၅နှစ်မကျော်သေးလည်း
ပိုက်ဆံပေးပြီး ဖျက်ခိုင်းလို့ရပါတယ်တဲ့။

အကောင်းဆုံးနဲ့အသေချာဆုံးကတော့
ISC ပါပဲ သူကလည်းခုနောက်ပိုင်း
ပြန်တောင်ဖွင့်ပါ့မလားပဲမလေးရှား
Fully Open ဖြစ်တဲ့အချိန်
ISC ပြန်ဖွင့်ပါစေပဲဆုတောင်းရတော့မယ်

တစ်ခုရှိတာက မြန်မာပြည်က
အေဂျင်စီတော်တော်များများက
Ci ပြန်ဆိုအလုပ်အပ်ရင်လက်မခံချင်ကြဘူး
အကြောက်တရားကြီးမားလွန်းကြတယ်
ဒါကတော့ Ci သမားတွေနဲ့နစ်နာစရာအချက်ပါပဲ။



Hello 😍 မင်္ဂလာပါ။ 🙏နိုင်ငံခြား သို့ သွားရောက် နိုင်ရန် အတွက် ... Passport နှင့် ပတ်သက်သော ဝန်ဆောင်မှု့များအားလုံးကို .....
28/10/2022

Hello 😍 မင်္ဂလာပါ။ 🙏

နိုင်ငံခြား သို့ သွားရောက် နိုင်ရန် အတွက် ...
Passport နှင့် ပတ်သက်သော ဝန်ဆောင်မှု့များအားလုံးကို ...

✅ တစ်ရက် ထဲ ... နေ့တွင်းချင်း အပြီး အစီး ဖြင့် အချိန်ကုန် လူပင်ပန်း မဖြစ်စေရန် ဝန်ဆောင်မှု့ ပေးနေပါပြီ။

📔 PV Passport ပြုလုပ်ခြင်း

📔 PJ Passport ပြုလုပ်ခြင်း

📔 PV (or) PJ သက်တမ်းတိုး

📔 PV မှ PJ သို့ ပြောင်းလဲခြင်း

📔 PJ မှ PV သို့ ပြောင်းလဲ ခြင်း

📔 အသက်အရွယ် အတိုး အလျော့ နှင့် အပျောက်လျောက် ....
အားလုံးကို အဆင်ပြေချောမွေ့လွယ်ကူစေရန် ကူညီ ဆောင်ရွက်ပေးပါသည် ။ 😊

အလုပ်အပ်နှံသူစိတ်ကြိုက် ပြုလုပ်လိုသောနေ့ရက် အတိုင်းOnline Booking တင်ပေးသည်။ ထိုနေ့ရက်တွင် Passport ရုံးထဲသို့ ဝင်ရပါမည်။
လူအုပ်တိုးတန်းစီစရာလည်း မလိုဘဲ ....
အချိန်ကုန်သက်သာ လူသက်သာအောင် စီစဥ်ဆောင်ရွက်ပေးနေပါပြီ။ 😍

ငွေပေးချေမှု့ အတွက် - - - -
Online Booking မတင်ခင် စရံငွေ အရင် ပေးချေ၍ ... ချလံထွက်သော အခါ ကျန်ရှိသော ကျသင့်ငွေ ကို အပြီးပေးချေ ရပါမည်။

✅ Online Booking တင်ရန် အတွက် ....
မိမိမှတ်ပုံတင်၏ အရှေ့ / အနောက် ပုံကို ရိုက်၍ ပို့ပေးရပါမည်။

ရန်ကုန် နှင့် အလှမ်းဝေးသည့် နယ် မှ မိတ်ဆွေ ညီအစ်ကို မောင်နှမ များ အတွက်ကတော့ ...
Passport လုပ်တဲ့ အချိန်ခဏတော့ လူကိုယ်တိုင်လာပေးရပါမယ် ထို့နောက် နေ့ချင်းပြီး .... စလစ်စာရွက်ရပါမယ်။

Passport စာအုပ် ရတဲ့အခါ ထပ်လာစရာမလိုအောင် ကိုယ်တိုင်ထုတ်၍ စာတိုက် / ကားဂိတ်တင် / Delivery .... များဖြင့်လည်း ပို့ဆောင်ပေးမှာ မို့ နယ်မှ ညီ အစ်ကို မောင်နှမများအတွက်လဲ အဆင်ပြေလွယ်ကူပါတယ်နော် ။ 😍

✅ ယခု Page Messenger နှင့်
ph no : +601151161776 ရဲ့ Viber / Whatsapp တို့ကနေ လဲ ဆက်သွယ် ခေါ်ဆို မေးမြန်း ဆွေးနွေး နိုင်ပါတယ်။ ( မအားလပ်၍ Reply မပြန်နိုင်ပါက စောင့်ဆိုင်းပေးရပါမည်)

✅✅✅✅✅✅✅ #မြေသြဇာစက်ရုံ 🏗 #ကားအင်ဂျင်အဟောင်းစက်ရုံ 🏚အခြေခံအလုပ်ချိန် ၈နာရီ ✅အိုတီ တနေ့အနည်းဆုံး ၂နာရီ✅အခြေခံလစာ ၁၅၀၀+ OT ...
04/09/2022

✅✅✅✅✅✅✅

#မြေသြဇာစက်ရုံ 🏗
#ကားအင်ဂျင်အဟောင်းစက်ရုံ 🏚
အခြေခံအလုပ်ချိန် ၈နာရီ ✅
အိုတီ တနေ့အနည်းဆုံး ၂နာရီ✅
အခြေခံလစာ ၁၅၀၀+ OT တနာရီ ၁၀ ✅
နေစရာပေး✅

#ဆောက်လုပ်ရေး ⚙🛠
အုတ်စီ အချောကိုင် ကြွေပြားကပ်
ကျွမ်းကျင် တနေ့ တစ်ရာနဲ့အထက် ✅
အကူသမား တနေ့ ၈၀✅
တနေ့အလုပ်ချိန် ၈နာရီ ✅
နေစရာပေး✅

#ဆိုလာတပ်ဆင်​ရေးအလုပ် ♻
တနေ့ ၉၀ ✅
တရက်အလုပ်ချိန် ၇နာရီ ✅
နေစရာပေး ✅

#မိန်းခလေးမာဆပ် 💆💆‍♂️
ရိုးရိုးအနှိပ်သီးသန့်မာဆပ် လစာ ၂၅၀၀+++ ✅

#ဟော်တယ်သန့်ရှင်းရေး လင်မယားအတွဲရ 🏢
အခြေခံအလုပ်ချိန် ၈နာရီ+ OT ✅
အခြေခံလစာ ၁၅၀၀+ OT တနာရီ ၁၀✅

#အလူမီနီယမ် စာတိုက်ပုံးထုတ် စက်ရုံ 📬📮
အခြေခံအလုပ်ချိန် ၈နာရီ+ OT ✅
အခြေခံလစာ ၁၅၀၀+ OT တနာရီ၁၀နှုန်း ✅

#စားသောက်ဆိုင် 🍝🍜
နေစရာပေး / စားစရာပေး ✅
တစ်နေ့ ၆၀ ✅
တစ်ပတ် တစ်ရက် နား ☑

✅✅✅✅✅✅

အလုပ်များ တစ်ချိန် နှင့် တစ်ချိန် မတူညီပါ ... လူပြည့် မြန်တဲ့အတွက်ကြောင့် 💯 လုပ်ချင်သူများ အမြန် ဆက်သွယ်ပါ။

မလေးရှား နိုင်ငံ အတွင်း နေထိုင်သော သူများအတွက်
☑☑☑ ( ပွဲစားခ လုံးဝ မယူပါ )

https://m.facebook.com/story.php?story_fbid=440699821415908&id=100064276803070

✅ ယခု Page Messenger နှင့်
ph no : +601151161776 ရဲ့ Viber / Whatsapp တို့ကနေ လဲ ဆက်သွယ် ခေါ်ဆို မေးမြန်း ဆွေးနွေး နိုင်ပါတယ်။ ( မအားလပ်၍ Reply မပြန်နိုင်ပါက စောင့်ဆိုင်းပေးရပါမည်)

( အခြားသော Contact များနှင့် ဆက်သွယ် ခြင်းပြုလုပ်ပါက ကျွန်ုပ်တို့ Garphex Gadgetry မှမဟုက်ပါ ။ )

လူတစ်ယောက်၏ တန်ဖိုး သည် ... ထို လူ၏ စိတ်ဓာတ် လုပ်ရပ် အပြုအမူ နှင့် တိုက်ရိုက် အချိုးကြပါသည် ။People Respect ☑
29/08/2022

လူတစ်ယောက်၏ တန်ဖိုး သည် ... ထို လူ၏ စိတ်ဓာတ် လုပ်ရပ် အပြုအမူ နှင့် တိုက်ရိုက် အချိုးကြပါသည် ။

People Respect ☑

🚘  ကား လေးတစ်စီးလောက် ရှာနေပါတယ် လိုချင်လို့ပါ ဆိုတဲ့ 🚘မလေးရှား က ... ရွှေမျိုး မိတ်ဆွေ များ အတွက် ☺✅ Hyundai Matrix 1.6...
26/08/2022

🚘 ကား လေးတစ်စီးလောက် ရှာနေပါတယ် လိုချင်လို့ပါ ဆိုတဲ့ 🚘

မလေးရှား က ... ရွှေမျိုး မိတ်ဆွေ များ အတွက် ☺

✅ Hyundai Matrix 1.6 cc ( Auto )

✅ Year made 2003 / Register 2004

✅ Tip Top condition

✅ Smooth Engine and gearbox

✅ Aircon Good

✅ Very clean interior

💯 Best Price - RM 6800 💰💰💰

အထောက်အထား အားလုံး ခိုင်မာ ပြည့်စုံ ☑☑☑

ဝယ်ယူ ချင်ပါက -

✅ ယခု Page Messenger နှင့်

ph no : +601151161776 ရဲ့ Viber / Whatsapp တို့ကနေ လဲ ဆက်သွယ် နိုင်ပါတယ်။

( မအားလပ်၍ Reply မပြန်နိုင်ပါက စောင့်ဆိုင်းပေးရပါမည်)

✅✅✅✅✅✅ဆိုလာတပ်ဆင်ရေးလုပ်ငန်း လစာတနေ့ ၇၀ ကျပ် 💰အဆောင် / ဟိုတယ် နေစရာပေးပါတယ် 🏠ကိုယ့်အစီအစဥ်နဲ့ကိုယ်စား ရပါမယ် 🍔🍗🍛တနေ့အလုပ...
23/08/2022

✅✅✅✅✅✅

ဆိုလာတပ်ဆင်ရေးလုပ်ငန်း

လစာတနေ့ ၇၀ ကျပ် 💰

အဆောင် / ဟိုတယ် နေစရာပေးပါတယ် 🏠

ကိုယ့်အစီအစဥ်နဲ့ကိုယ်စား ရပါမယ် 🍔🍗🍛

တနေ့အလုပ်ချိန် ၈နာရီ ⏰

နေမပူ ... မိုးမရွာတဲ့ ... အချိန်စီစဥ်ပြီးစိတ်ကြိုက်လုပ်လို့ရပါတယ် ☁☁☁

အလုပ်က မခက်ခဲ တဲ့အတွက် ဘာမှ မတက် တဲ့သူလဲရပါတယ် ... အားလုံးသင်ပေးပါတယ် 💯

လုပ်ငန်းပိုင်း ... ကျွမ်းကျင်သွားရင် ၉၀ / ၁၀၀ ကျပ် ထိရနိုင်တယ် 😍

Project တစ်ခုပြီးလျှင် နောက် တစ်ခု သွားရမယ့် အလုပ်ဖြစ်ပါတယ် ☑☑☑

အခု နောက် ထပ် Project အသစ်အတွက် စလုပ်ရပါမယ် 💯 လုပ်ချင်သူများ အမြန် ဆက်သွယ်ပါ။

မလေးရှား နိုင်ငံ အတွင်း နေထိုင်သော သူများအတွက်
☑☑☑ ( ပွဲစားခ လုံးဝ မယူပါ / Project အတွက် လူလို၍ ကူညီ ခေါ်ဆောင်ပေးခြင်းဖြစ်ပါသည်။ )

https://m.facebook.com/story.php?story_fbid=397942019025022&id=100064276803070

Comment တွင် Bonus Video ထည့်သွင်း ဖော်ပြထားပါသည် 😊

✅ ယခု Page Messenger နှင့်
ph no : +601151161776 ရဲ့ Viber / Whatsapp တို့ကနေ လဲ ဆက်သွယ် ခေါ်ဆို မေးမြန်း ဆွေးနွေး နိုင်ပါတယ်။ ( မအားလပ်၍ Reply မပြန်နိုင်ပါက စောင့်ဆိုင်းပေးရပါမည်)

( အခြားသော Contact များနှင့် ဆက်သွယ် ခြင်းပြုလုပ်ပါက ကျွန်ုပ်တို့ Garphex Gadgetry မှမဟုက်ပါ ။ )

မလေးရှားနိုင်ငံ၏ ကောလင်း ပြသာနာများ...နိုင်ငံခြားသားများခေါ်ယူမှုနှင့် ပတ်သတ်ပြီး ယနေ့ မလေးရှား ဝန်ကြီးချုပ် ကိုယ်တိုင် ...
26/07/2022

မလေးရှားနိုင်ငံ၏ ကောလင်း ပြသာနာများ...

နိုင်ငံခြားသားများခေါ်ယူမှုနှင့် ပတ်သတ်ပြီး ယနေ့ မလေးရှား ဝန်ကြီးချုပ် ကိုယ်တိုင် မီဒီယာများနှင့် တွေ့ဆုံပြောကြားခဲ့ပါသည်။

မလေးရှား နိုင်ငံမှ နိုင်ငံခြားသား အလုပ်သမားအသစ်များ ခေါ်ယူခွင့်အသစ်များ လုံးဝ ခွင့်ပြုထားခြင်း မရှိသေးပါ...

ယခု ရရှိနေသော ကောလင်းအသစ်များမှာ မလေးရှားရှိ အစိုးရနှင့် တိုက်ရိုက် ဆက်သွယ်ခြင်း မရှိသော အေဂျင်စီများမှ သမာရိုးကျ မဟုတ်သော နည်းလမ်းများဖြင့် လိမ်ညာ ထွက်ရှိလာသော ကောလင်းများ ဖြစ်နေသောကြောင့် ဝင်ရောက်ထားပြီးသော ကောလင်းများအား ပြန်လည် အထူးကြပ်မတ် စစ်ဆေးပီးကိုဗစ် မတိုင်ခင် စစ်မှန်သော လက်ကျန်ကောလင်း အဟောင်းစာရင်းများသာ မလေးရှားနိုင်ငံအတွင်း လက်ခံပီး အလုပ်လုပ်ခွင့် ပြုမည် ဖြစ်ပါသည်။

ကောလင်းအလိမ်အညာများဖြင့် ဝင်ရောက်ထားသူများ Reject , Cancel ဖြစ်နိုင်ပီး အလုပ်ရှင်နှင့် အေဂျင်စီတွေ မှ ဒဏ်ကြေးများစွာ ပေးဆောင်နိုင်မှသာ မလေးရှားတွင် အလုပ်လုပ်ခွင့် ရရှိပေလိမ့်မည်။

မလေးရှားနိုင်ငံ ဝန်ကြီးချုပ်မှ ကောလင်းများအတွက် ယခုလကုန်ပြီးမှ အစည်းအဝေးခေါ်ယူပြီး ဆွေးနွေး ဆုံးဖြတ်ရန် စဉ်းစားပါအုန်းမည်။

% အနည်းငယ်သော နိုင်ငံခြားသားများ ခေါ်ယူမှုကို ဝန်ကြီးချုပ် ကိုယ်တိုင် တင်းကျပ်စွာ ကိုင်တွယ်ပြီးအလုပ်သမား ဝန်ကြီးဌာနတခုတည်းမှ စည်းကမ်းချက်များနှင့် အညီ ခေါ်ယူသွားမည် ဖြစ်ပါသည်။

မြန်မာပြည်မှ မလေးရှားသို့ လာရောက်ချင်သူများ
စိတ်ဆန္ဒမစော ကြပါရန်... မလေးရှားရှိ အစိုးရနှင့် တိုက်ရိုက် ဆက်သွယ်ခြင်း မရှိသော အေဂျင်စီများမှ ပုံမှန် သမာရိုးကျ မဟုတ်သော ကောလင်းများကို ကောင်းစွာ ဂရုပြု ရှောင်ကြဉ်နိုင်ကြပါစေ....အလည်ဗီဇာနှင့် လာရောက်လိုသူများလည်း အစစ်အမှန် အလည်ဗီဇာနှင့် လာရောက်နိုင်ရန် အထူး သတိပြုပါ။

ရွှေမြန်မာ အားလုံးတို့အား မလေးရှား နိုင်ငံသို့ တရားဝင် လာရောက်ခွင့်နှင့် နေထိုင်ခွင့်များကို အထူးအလေးထား ဆောင်ရွက်လျက် .... MDR

လေဆိပ်သွားရင် မျက်စိမလည်စေဖို့ ✅✅✅နိုင်ငံခြားသွားနေကျ မဟုတ်ရင် လေဆိပ်အတွင်း မျက်စိလည်မှာ စိုးရိမ်တဲ့စိတ် အနည်းနဲ့အများ ရ...
22/07/2022

လေဆိပ်သွားရင် မျက်စိမလည်စေဖို့ ✅✅✅

နိုင်ငံခြားသွားနေကျ မဟုတ်ရင် လေဆိပ်အတွင်း မျက်စိလည်မှာ စိုးရိမ်တဲ့စိတ် အနည်းနဲ့အများ ရှိကြမယ်ထင်တယ်၊ ကျွန်တော်တို့လို ခရီးခဏခဏ သွားတဲ့သူတွေတောင် ခုချိန်ထိ လေဆိပ်အတွင်း Sign တွေလိုက်ကြည့်ပြီးပဲ သွားရတာပါ။ Dubai, Doha နဲ့ Kuala Lumpur တို့လို Transit အဝင်အထွက်များတဲ့ Airport တွေဆို Terminal တစ်ခုနဲ့တစ်ခုကူးဖို့ လေဆိပ်အတွင်း Bus နဲ့ Mini Train တွေတောင် ရှိတတ်ပါသေးတယ်။ ဒါပေမယ့် နိုင်ငံတကာက လေဆိပ်တွေအားလုံးရဲ့ အဆင့်ဆင့်ဖြတ်ကျော်ပုံက အတူတူပဲမို့ အထောက်အကူဖြစ်အောင် ဒီ Content လေး ရေးပေးလိုက်ပါတယ်၊ အသုံးလိုတဲ့အခါ ထုတ်ကြည့်လို့ ရအောင်ပေါ့...။

အဆင့် (၇) ဆင့်ကို အလွတ်မှတ်ထားပါ 💯

၁။ Check-in Counter သွားမယ် 👩‍💻

အရင်ဆုံး ကိုယ့်လေယာဉ် ဘယ် Terminal ကစီးရမှာလဲ သိရမယ်၊ အဲ့တာကလည်း Flight Ticket ထဲ ပါမှာမို့ စိတ်ပူစရာမလိုပါ။ ထွက်ခွာဆို Departure ကိုသွားပြီး ဆိုက်ရောက်က Arrival ပါ။ Departure Terminal အတွင်း ကြိုက်တဲ့ Gate ကဝင်ပြီး အရင်ဆုံးလုပ်ရမှာ Airline Check-in Counter ရှာရပါမယ်၊ လေဆိပ်တွေမှာ အပေါက်ဝဝင်ဝင်ချင်း LED Board တွေနဲ့ ဘယ် Airline Counter ကတော့ ဘယ် Roll မှာ A, B, C စသဖြင့် ရေးထားလို့ အဲ့မှာကြည့်ပြီး Sign အတိုင်းလိုက်သွားပါ၊ ကိုယ်စီးရမယ့် Flight နံပါတ် ပြထားတဲ့ Counter တွေ့ရင် တန်းစီ Passport ပေးပြီး Luggage အပ်၊ Check-in ဝင်ပါ။ Luggage အပ်တဲ့အခါ ကွဲတတ်တာတွေပါရင် တစ်ခါတည်းပြောပါ၊ Battery ပါတဲ့ Power Bank လို ပစ္စည်းတွေကတော့ ကိုယ်နဲ့အတူ လေယာဉ်ပေါ် Hand Carry သယ်သွားပါ။ မတော်တဆပါသွားခဲ့ရင် လေယာဉ်ပေါ်ရောက်ပြီးမှ ကိုယ့်နာမည်ခေါ်ပြီး ပြန်လာထုတ်ခိုင်းလို့ အရမ်းကို အလုပ်ရှုပ်တဲ့အပြင် လေယာဉ်ပါ Delay ဖြစ်နိုင်တာမို့ အထူးဂရုစိုက်ပါ။ (ခုက Traditional နည်းပဲ ရေးထားပါတယ် Online နဲ့ Self Check-in နည်းတွေပါရေးရင် ရှည်သွားမှာမို့ ဒီလောက်ပဲမှတ်ထားရင် ရပါပြီ)

၂။ Immigration ဖြတ်မယ် 👮

Check-in ဝင်ပြီးပြီဆို ကိုယ်လေယာဉ်စီးရမယ့် လက်မှတ် Boarding Pass ရလာပါမယ်၊ အဲ့တာရပြီးပြီဆို လူဝင်မှုကြီးကြပ်ရေး Immigration ဆိုပြီး ရဲပုံလေးနဲ့ Sign နောက်ကို သွားပါ၊ ဒါမှမဟုတ် To Gates ဆိုတာနောက် လိုက်သွားလည်း ရပါ၏၊ ကိုယ်ဒီနိုင်ငံက ထွက်ခွာသွားပြီဆိုတဲ့ တုံးထုပေးဖို့ပါပဲ စိတ်ပူစရာမလို ကြောက်စရာမလို။ ကိုယ်သွားမယ့်နိုင်ငံက မြန်မာနိုင်ငံသားတွေအတွက် Visa လိုတယ်ဆို ဒီနေရာမှာ စစ်ပါတယ်၊ မြန်မာပြည်က Departure Card ဆိုတာ ဖြည့်ရလို့ Check-in Counter မှာရလာတဲ့ Card ကိုဖြည့်ပြီး Immigration မှာပေးခဲ့ပါ။

၃။ Security စစ်မယ် 👮

Immigration ကို ဖြတ်လာပြီးရင်တော့ လေယာဉ်စီးရမယ့် Gate တွေကို မရောက်ခင် ကိုယ့်ကိုရော လေယာဉ်ပေါ်ယူသွားမယ့် Hand Carry ကိုပါ Security စစ်ပါမယ်၊ ဒီနေရာမှာ အရည်ပါတဲ့ပစ္စည်းတွေ 100ml ထက်ပိုပြီး သယ်မရပါ Skincare ဘူးကြီးတွေဆိုလည်း အကုန်ထားခဲ့ရမှာမို့ Luggage အကြီးထဲထည့်ပေးလိုက်ဖို့ မမေ့ပါနဲ့။ လိုအပ်ချက်ပေါ် မူတည်ပြီး ဖိနပ်၊ ဦးထုပ်၊ အနွေးထည်နဲ့ ခါးပတ်တွေပါ ချွတ်ခိုင်းမှာမို့ သူတို့တောင်းဆိုတဲ့အတိုင်း လုပ်ပေးပြီး အစစ်ဆေးခံပါ။

၄။ စီးရမယ့် Gate ရှာမယ် ⛩

ဒီနေရာကို ရောက်လာပြီဆို စိတ်နည်းနည်းအေးရပါပြီ... To Gates ဆိုတဲ့ ဆိုင်းဘုတ်တွေနောက် လိုက်သွားပါ၊ Boarding Pass ပေါ်က ကိုယ်စီးရမယ့် Gate နံပါတ်ကို လိုက်ရှာပြီး Boarding Time မခေါ်ခင်ထိ Duty Free Area ထဲ သွားချင်တဲ့နေရာသွားပြီး စျေးဝယ် မုန့်စား ကော်ဖီသောက်ရင်း စောင့်ဆိုင်းရုံပါပဲ။ တစ်ခုသတိထားရမှာက Last Minute မှ Gate ပြောင်းတတ်လို့ ကိုယ့် Gate ကိုတော့ အမြဲ Check နေပါနော်။

၅။ လေယာဉ်ပေါ်တက်မယ် ✈

Boarding ခေါ်တဲ့အခါ အသံနဲ့ကြေငြာပါတယ်၊ အများအားဖြင့် Business Class က အရင်ဝင်ရပြီး Economy Class ကတော့ သူပြီးရင် ဝင်ရပါတယ်၊ လေယာဉ်အတွင်းရောက်ပြီဆို ကိုယ့်ရဲ့ Seat နံပါတ်အတိုင်း လိုက်ရှာပြီး ထိုင်ပါ။ ကိုယ် Window Seat ဆို ကိုယ့်နံပါတ်ဘေးမှာ လေယာဉ်ပြတင်းပေါက်ပုံလေး ပြထားပါလိမ့်မယ်၊ မဟုတ်ရင်တော့ ဆန့်ကျင်ဘက်ခုံပေါ့။

၆။ Immigration ဖြတ်မယ် 👨‍✈️

Landing ဖြစ်ပြီး လေယာဉ်ပေါ်က ပြန်ဆင်းရပြီဆို Arrival ဆိုတဲ့ Sign အတိုင်းလိုက်သွားပါ၊ အရင်ဆုံး Immigration ဖြတ်ရမှာအပြင် တခြားမရှိပါ၊ ကိုယ့်မှာပါတဲ့ စာရွက်စာတမ်းတွေပြ၊ Officer က တုံးထု၊ လိုအပ်တဲ့ Scan ဖတ်တာတွေလုပ် ပြီးရင် သူတို့နိုင်ငံအတွင်း ဝင်လို့ရပါပြီ။ လေဆိပ်သွားရင် သပ်သပ်ရပ်ရပ်ဝတ်စားသွားဖို့ အရေးကြီးတယ်ဆိုတာ ဒီနေရာမှာ အရမ်းစကားပြောပါတယ်၊ ကိုယ့်ကိုမသင်္ကာရင် မသင်္ကာသလို ရစ်နိုင်လို့ ကိုယ်ကကြောက်နေတဲ့ပုံ မနေသင့်ပါဘူး၊ ပုံမှန်အားဖြင့်တော့ ဒီတိုင်းတုံးထုပေးပြီး မစစ်လိုက်တာများပါတယ်၊ ကျန်တာတော့ ကိုယ့်ကံပေါ့။

၇။ Baggage Claim မယ် 💼

နောက်ဆုံးအဆင့်ရောက်ပါပြီ၊ Immigration က ထွက်တာနဲ့ ကိုယ့်ရဲ့ Flight က ဘယ်နံပါတ်မှာ Luggage တွေ ချပေးမလဲဆိုတာ ကြည့်ရမယ့် LED Board ကို ရှာပါ။ အဲ့မှာကြည့်ပြီး အထုပ်စောင့်ယူပြီးပြီဆိုရင်တော့ လိုအပ်တဲ့ Sim Card ဝယ်၊ ကိုယ်ဆက်သွားမယ့်နေရာ ဆက်သွားနိုင်ပါပြီ။

ဒီအဆင့်တွေအားလုံးက ကျော်စရာလည်းမလိုသလို ကျော်လို့လည်း မရပါဘူး... စိတ်ချမ်းသာပြီး အရာရာ အဆင်ပြေတဲ့ ခရီးစဉ်တွေ ဖြစ်ကြပါစေခင်ဗျာ။

💯💯💯💯 ❤

..............

     Discounts Sales 💯 ✅✅✅အများ ကြီး မပြောတော့ဘူးနော် ...အလုပ်နဲ့ပဲ သက်သေပြလိုက်ပြီ 😍လက်ဆောင်လေးတွေ ပေးဖို့ အတွက်လဲ လုံး...
16/07/2022



Discounts Sales 💯 ✅✅✅

အများ ကြီး မပြောတော့ဘူးနော် ...အလုပ်နဲ့ပဲ သက်သေပြလိုက်ပြီ 😍

လက်ဆောင်လေးတွေ ပေးဖို့ အတွက်လဲ လုံးဝ တန် 😍 လုံးဝ မိုက် ပြီး လူတိုင်း ကြိုက်တဲ့

Direct from Malaysia 😍
မလေးရှား နိုင်ငံ မှ တိုက်ရိုက် ပို့ဆောင် ပေးခြင်းဖြစ်ပါသည် ။ 🚚 🚢 🛫

Malaysia မှ သို့ သယ်ယူပို့ဆောင်ခ နှင့် အတွင်း မိမိ အိမ်သို့ အရောက် .... နှစ်မျိုးလုံး အတွက် ... Delivery ခ #လုံးဝ #လုံးဝ ပေးစရာမလိုပါ 🤗 ( နယ်ဝေး customer တွေအတွက်လဲ သက်ဆိုင်ရာ ကားကွင်း/ဂိတ် အထိ ပစ္စည်း ပို့ဆောင်ပေးပြီး #တန်ဆာခ တစ်မျိုးသာ ပေးရပါမည်။) 😍

Brand - Guess
Watch Face - Analog
Watch Movement - Quartz / Automatic Mechanical
Watch Style - Business / Fashion / Sports / Others
Warranty Type - Supplier Warranty
Watch Case Diameter - 49mm / 45mm / 46mm/ 43mm / 48mm / 50mm / 53mm
Case shape - Round / Buckle
Strap Material - Silicon / Stainless steel
Water Resistance - 30mm - 50mm
Watch Glass - Mineral Glass
Multifunction: 24 hour function, date display and day function.

အောက်ပါပုံ များ အောက်တွင် စျေးနှုန်း များကို ထည့်သွင်းဖော်ပြထားပေးပါသည် 💯 👇

ဝယ်ယူလိုပါက - ဝယ်ယူမည့် ပစ္စည်း ၏ photo / Screen shot တို့ဖြင့် ... အမည် / ဖုန်းနံပါတ် / ပို့ဆောင်ရမည့်​နေရပ်လိပ်စာ အပြည့်အစုံနှင့် page messenger (or) အောက်ပါပုံတွင် တင်ပေးထားသော viber/whatsapp နံပါတ် တို့ကို msg ပို့၍ ဆက်သွယ်နိုင်ပါသည် ။ 😊

( ငွေပေးချေရာတွင် အောက်ပါ ဖော်ပြရာပုံတွင် ပေးထားသော KPay / WavePay / AYA MB banking အကောင့် ၃ ခုကိုသာ အသုံးပြုပါသည် )

လူကြီးမင်းတို့စိတ်ကြိုက် ... ဘယ်အမျိုးအစား ကိုမဆို Brand New ( Authentic ) ဖြစ်စေ / First Copy Ori ဖြစ်စေ အခြားသော Brand အမျိုးမျိုး ကိုလဲ....
နဲ့ ပြော၍ လဲ မှာယူ နိုင်ပါတယ် 😍

Thanks for ur support ❤

ရိုးရိုး ရှင်းရှင်း လေးနဲ့ လုံးဝ လှပ အထာကျ ပြီး ရိုးသလိုလို နဲ့ ဆန်းနေတဲ့ ဒီဇိုင်း အမိုက် Casio ထပ်လာပါပြီ 😍Men for 2 / ...
03/07/2022

ရိုးရိုး ရှင်းရှင်း လေးနဲ့ လုံးဝ လှပ အထာကျ ပြီး ရိုးသလိုလို နဲ့ ဆန်းနေတဲ့ ဒီဇိုင်း အမိုက် Casio ထပ်လာပါပြီ 😍

Men for 2 / Women for 4 လာပြီနော် ရှိုးကြည့်လိုက်တော့ 😍😘

Direct from Malaysia 😍

မလေးရှား နိုင်ငံ မှ တိုက်ရိုက် ပို့ဆောင် ပေးခြင်းဖြစ်ပါသည် ။ 🚚 🚢 🛫

Malaysia မှ သို့ သယ်ယူပို့ဆောင်ခ နှင့် အတွင်း မိမိ အိမ်သို့ အရောက် .... နှစ်မျိုးလုံး အတွက် ... Delivery ခ #လုံးဝ #လုံးဝ ပေးစရာမလိုပါ 🤗 ( နယ်ဝေး customer တွေအတွက်လဲ သက်ဆိုင်ရာ ကားကွင်း/ဂိတ် အထိ ပစ္စည်း ပို့ဆောင်ပေးပြီး #တန်ဆာခ တစ်မျိုးသာ ပေးရပါမည်။) 😍

MTP-1370L-1AV Men Analog Date Day Functioning Classic Black Dial Black Leather
General LTP-VT02BL Leather Band Women Watch

Brand - Casio
Watch Face - Analog
Watch Movement - Quartz
Watch Style - Business / Fashion / Sports / Others
Warranty Type - Supplier Warranty
Watch Case Diameter - 44mm / 45mm / 34mm
Case shape - Round
Strap Material - Leather
Water Resistance - 30mm - 50mm
Watch closure Style - Buckle
Watch Glass - Mineral Glass
Men
Specifications
Case / bezel: Ion plated
Genuine Leather Band
Mineral Glass
50-meter water resistance
Day of the week wide display
Date display
Regular timekeeping
Analog: 3 hands (hour, minute, second)
Accuracy: Âą20 seconds per month
Size of case / Total weight
Size of case : 45×39.8×8.8mm
Total weight : 49g

Woman
Specifications
Leather Band
Mineral Glass
Black ion plated case
Water Resistant
Regular timekeeping
Analog: 3 hands (hour, minute, second)
Accuracy: Âą20 seconds per month
Approx. battery life: 3 years on SR626SW
Close
Size of case / Total weight
Size of case : 36×30×7.9mm
Total weight : 25g

အောက်ပါပုံ များ အောက်တွင် စျေးနှုန်း များ ထည့်သွင်းဖော်ပြထားပေးပါသည် 💯 👇

ဝယ်ယူလိုပါက - ဝယ်ယူမည့် ပစ္စည်း ၏ photo / Screen shot တို့ဖြင့် ... အမည် / ဖုန်းနံပါတ် / ပို့ဆောင်ရမည့်​နေရပ်လိပ်စာ အပြည့်အစုံနှင့် page messenger (or) အောက်ပါပုံတွင် တင်ပေးထားသော viber/whatsapp နံပါတ် တို့ကို msg ပို့၍ ဆက်သွယ်နိုင်ပါသည် ။ 😊

( ငွေပေးချေရာတွင် အောက်ပါ ဖော်ပြရာပုံတွင် ပေးထားသော KPay / WavePay / AYA MB banking အကောင့် ၃ ခုကိုသာ အသုံးပြုပါသည် )

လူကြီးမင်းတို့စိတ်ကြိုက် ... ဘယ်အမျိုးအစား ကိုမဆို Brand New ( Authentic ) ဖြစ်စေ / First Copy Ori ဖြစ်စေ အခြားသော Brand အမျိုးမျိုး ကိုလဲ....
နဲ့ ပြော၍ လဲ မှာယူ နိုင်ပါတယ် 😍

Thanks for ur support ❤

Address

Kuala Lumpur

Telephone

+601162480233

Website

Alerts

Be the first to know and let us send you an email when Alien World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Alien World:

Videos

Share

Category