Cho That - Digital knowledge sharing

Cho That - Digital knowledge sharing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cho That - Digital knowledge sharing, Digital creator, Kuala Lumpur.

24/07/2024

edit ထားတာလေး

02/07/2024

edit ကြည့်တာ

အပေါ်ယံတခုမှမပါခဲ့ဘူး
02/07/2024

အပေါ်ယံတခုမှမပါခဲ့ဘူး

ကျွန်တော်တို့မှာ ချစ်သူ ရှိနေဖို့ထက်သူငယ်ချင်းကောင်း ရှိနေဖို့ ပိုအရေးကြီးပါတယ် ချစ်သူရှိဖို့ မလိုဘူးလို့ ပြောတာ မဟုတ်ပါ...
02/07/2024

ကျွန်တော်တို့မှာ ချစ်သူ ရှိနေဖို့ထက်
သူငယ်ချင်းကောင်း ရှိနေဖို့
ပိုအရေးကြီးပါတယ်

ချစ်သူရှိဖို့ မလိုဘူးလို့ ပြောတာ မဟုတ်ပါဘူး။ လူအများစုဟာ သူငယ်ချင်းထက်စာရင် ချစ်သူကို ပိုပြီး တန်ဖိုးထားမိတတ်ကြပါတယ်။ သူငယ်ချင်းကောင်းရှိနေဖို့ ဦးစားမပေးဘဲ ချစ်သူကောင်းကိုပဲ လိုက်ရှာနေမိတတ်ကြပါတယ်။

တကယ်တော့ လူတစ်ယောက်ဟာ single ပဲ ဖြစ်နေနေ၊ ရည်းစားပဲ ရှိနေနေ၊ အိမ်ထောင်ပဲ ရှိနေနေ၊ ဘယ်လိုအခြေအနေမျိုးမှာမဆို သူငယ်ချင်းကောင်းရှိနေဖို့ လိုအပ်ပါတယ်။ အပေါ်ယံသူငယ်ချင်း အများကြီးရှိနေဖို့ မလိုပါဘူး။ ဘဝအတွက် စစ်မှန်တဲ့သူငယ်ချင်း၊ ဘဝတစ်လျှောက် လက်တွဲနိုင်တဲ့သူငယ်ချင်း တစ်ယောက်လောက် ရှိနေသင့်ပါတယ်။

ဘာလို့ ချစ်သူထက် သူငယ်ချင်းက အရေးကြီးတာလဲ ?

1. အကြာကြီးလက်တွဲနိုင်ဖို့ ပိုသေချာပါတယ်။
Relationship ရော၊ Friendship ရောဟာ ပြတ်တောက်နိုင်ပါတယ်။ လောကကြီးမှာ ဘယ်အရာကမှ မတည်မြဲပါဘူး။ ဒါပေမယ့် ချစ်သူနဲ့တွေ့ပြီး လမ်းခွဲရဖို့ဆိုတာ 50% လောက် ဖြစ်နိုင်ပေမယ့် သူငယ်ချင်းကောင်းနဲ့ တွေ့ပြီး လမ်းခွဲရဖို့ဆိုတာ 10% လောက်ပဲ ဖြစ်နိုင်ပါတယ်။

2. ၅၂၈ မေတ္တာဖြစ်လို့ ပိုအေးချမ်းရပါတယ်။
ဘယ်လိုချစ်ခြင်းမျိုးမှာမဆို အပူ အအေး ကိုယ်စီရှိကြပေမယ့် ၁၅၀၀ ချစ်ခြင်းဟာ ပူလောင်ခြင်းပိုများပြီး ၅၂၈ မေတ္တာကတော့ ကျိန်းသေ အေးချမ်းခြင်းပိုများပါတယ်။

3. ရှုပ်ထွေးမှုတွေ ပိုနည်းပါးပါတယ်။
ချစ်သူဘဝဟာ သဝန်တိုရတာတွေ၊ စိတ်မချရတာတွေ၊ စိတ်ဆိုးစိတ်ကောက်ရတာတွေ၊ ရန်ဖြစ်ရတာတွေ ပိုများပါတယ်။ သူငယ်ချင်းတွေကတော့ တော်ရုံ မဖြစ်ကြပါဘူး။ ဖြစ်လာခဲ့ရင်လည်း သူငယ်ချင်းကောင်းသာမှန်ရင် အမြန်ပြေလည်ပါတယ်။

4. စိတ်တူ ကိုယ်တူ ပိုဖြစ်တယ်။
ချစ်သူနှစ်ဦးဟာ အကြိုက်တူဖို့၊ အကျင့်တူဖို့ တော်ရုံ မဖြစ်နိုင်ပါဘူး။ ချစ်နေတုန်းခဏ စုံလုံးကန်းပြီး အပြစ်မမြင်စရာတွေက ကြာလာရင် အပြစ်ဖြစ်လာနိုင်ပါတယ်။ သူငယ်ချင်းဆိုတာကတော့ စိတ်တူကိုယ်တူဖြစ်ပြီးမှ ပေါင်းသင်းကြတာမို့ ဒီပြဿနာတွေ နည်းပါတယ်။

5. ဟန်ဆောင်ရတာတွေ မရှိဘူး။
ချစ်သူဆိုတာ တွဲကာစမှာ ဟန်ဆောင်ခြင်းတွေ ရှိတတ်ကြပြီး ကြာလာလို့ ဟန်ဆောင်ခြင်းတွေ မရှိတော့တဲ့အခါ ဆက်လက်တွဲဖို့ မသေချာတာမျိုး ဖြစ်တတ်ပါတယ်။ သူငယ်ချင်းတွေကတော့ စတွဲကတည်းက ဟန်ဆောင်ခြင်းကင်း ပြုံးပျော်ခြင်းပါပဲ။

လူရယ်ဆိုမှတော့ လက်တွဲဖော်လေးလည်း ရှိချင်ကြမှာပါပဲ။ တစ်နေ့မှာ right person လည်း ကိုယ့်ဆီ ရောက်လာနိုင်တာပါပဲ။ ဒီ post ဟာ ချစ်သူမထားဖို့ ပြောတဲ့ post မဟုတ်ပါဘူး။

ဘယ်အချိန်၊ ဘယ်လိုပုံစံမှာမဆို
သူငယ်ချင်းကောင်းကို တန်ဖိုးထားမိစေဖို့
remind လုပ်ပေးတာ ဖြစ်ပါတယ်။

သူငယ်ချင်းကောင်းတွေ ရှာဖွေနိုင်ကြပါစေ။
သူငယ်ချင်းကောင်းတွေ ပိုင်ဆိုင်နိုင်ကြပါ

Crd..

ခပ်တည်တည်ပဲ
02/07/2024

ခပ်တည်တည်ပဲ

တစ်ခါတလေ ဆက်ရှင်သန်ရဲတာကိုက သတ္တိတစ်မျိုးပဲ ရောမခေတ် တွေးခေါ်ပညာရှင် Lucius Annaeus Seneca ရဲ့ အဆိုအမိန့်ပါ။Sometimes ev...
30/06/2024

တစ်ခါတလေ ဆက်ရှင်သန်ရဲတာကိုက သတ္တိတစ်မျိုးပဲ

ရောမခေတ် တွေးခေါ်ပညာရှင် Lucius Annaeus Seneca ရဲ့ အဆိုအမိန့်ပါ။

Sometimes even to live is an act of courage.

နေ့စဉ်နဲ့အမျှ ကြပ်သထက် ကြပ်လာတဲ့ စီးပွားရေး အခြေအနေ၊ ဆိုးသထက် ဆိုးလာတဲ့ ဖိနှိပ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြား ရှင်သန်နေရတဲ့ ပြည်သူတွေကို ကိုယ်ချင်းစာတယ်လို့တောင် ပြောမထွက်ပါဘူး။ ဒီလိုကုန်ဈေးနှုန်းနဲ့ အခြေခံလူတန်းစားတွေဆို ဘယ်လိုများ စားသောက်နေကြသလဲ တွေးကြည့်လို့တောင် မရဘူး။

(ဒီစာကို ဖတ်လို့ရနေသေးတဲ့) လူလတ်တန်းစားတွေဆိုလည်း "ငါတို့ပဲ အထဲမှာ ကျန်နေခဲ့တော့မှာလား၊ ဒီဖိနှိပ်မှုတွေအောက်မှာ သားစဉ်မြေးဆက် တစ်သက်လုံး နေသွားရတော့မှာလား" စတဲ့ အတွေးတွေ ဝင်နေလောက်ပါတယ်။ နိုင်ငံခြားထွက်ဖို့၊ လွတ်မြောက်နယ်မြေ သွားဖို့ဆိုတာလည်း အပြောလွယ်သလောက် အလုပ်ခက်တယ်မို့လား။ အဘက်ဘက်က စဉ်းစားစရာတွေ၊ ငဲ့ကွက်စရာတွေ၊ ထောက်ညှာစရာတွေ ရှိနေပြန်တယ်။

Social comparison ဆိုတဲ့ နှိုင်းယှဉ်မိတဲ့ ပြဿနာက ရပ်တည်ချက်တူသူ အချင်းချင်းကြားထဲမှာတောင် ဖြစ်တတ်ပါတယ်။ အနည်းဆုံးတော့ သူတို့က လွတ်ရာကျွတ်ရာ ရောက်သွားကြပြီ၊ ငါတို့လို ပူပန်နေစရာ မလိုတော့ဘူး ဆိုတဲ့အတွေးမျိုးက ရံဖန်ရံခါတော့ ဝင်ကြမှာပဲ။

အဲဒီရဲ့ တစ်ဆက်တည်းမှာ ငါတို့ပဲ ဒုက္ခတွင်းထဲ ကျန်ခဲ့တော့မယ် ဆိုတဲ့ ကြောက်စိတ်က လိုက်လာတယ်။ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာတယ်။ ရုန်းထွက်ဖို့ကျပြန်တော့လည်း ဆုံးဖြတ်ဖို့၊ အကောင်အထည်ဖော်ဖို့ရာ ခက်နေပြန်တယ်။ ဒီတော့ အားမလို အားမရဖြစ်တာတွေ၊ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ဘဝကိုယ် စိတ်ပျက်တာတွေပါ ထပ်ဝင်လာရော။

သြော် ငါတို့ပြည်သူတွေရဲ့ ဘဝကလည်း ကြမ်းတမ်းလိုက်တာ၊ အရှင်လတ်လတ် ငရဲကျနေသလိုပဲ၊ ဒီလိုအခြေအနေမျိုးမှာ ရှင်သန်ဖို့လမ်းကို ရွေးထားသေးတယ် ဆိုကတည်းကိုက သတ္တိတစ်မျိုး ဖြစ်နေပြီလို့ တွေးမိပါတယ်။

အတော့်ကို ကြံ့ကြံ့ခံနိုင်စွမ်း မြင့်တဲ့သူတွေပါပဲ။

ဒီလိုအနေအထားကို ရင်ဆိုင်ဖို့မှာ ရေတို ရေရှည် ၂ နည်း ရှိပါတယ်။

ရေရှည်ကတော့ သိတဲ့အတိုင်း ပြဿနာရဲ့ အကြောင်းရင်းခံကို ဖယ်ရှားဖို့ပါပဲ။ အကြောင်းကို မဖယ်သရွေ့ အကျိုးတရားတွေက ရှိနေမှာပါ။ ညည်းနေရုံနဲ့ ပြေပျောက်သွားမှာတော့ မဟုတ်ပါဘူး။

အဲဒီလို ကြိုးစားနေကြတဲ့ တပြိုင်တည်းမှာ ရေတိုအနေနဲ့လည်း ကိုယ့်ရဲ့ ရှင်သန်ရေးကို စဉ်းစားကြရမှာ ဖြစ်ပါတယ်။

ငွေကို ဘယ်လိုချွေတာမလဲ၊ မိသားစု ကျန်းမာရေးအတွက် ဘယ်လိုပြင်ဆင်မလဲ၊ ဖိနှိပ်မှုတွေကို တွန်းလှန်ရာမှာ ဆက်ပြီး ပါဝင်နိုင်အောင် ဘယ်လိုလုပ်မလဲ စသဖြင့် စသဖြင့် စဉ်းစားကြရမယ်လို့ ထင်ပါတယ်။

အရေးကြီးဆုံးကတော့ မကြာခဏလည်း ပြောဖြစ်သလို၊ အချင်းချင်း ရိုင်းပင်းကြဖို့ပါပဲ။

Social Support ဟာ ကြံ့ကြံ့ခံနိုင်စွမ်း (Resilience) ကို တည်ဆောက်ရာမှာ သိပ်အရေးကြီးပါတယ်။ ကျွန်တော်တို့ အခက်အခဲ ကြုံတိုင်းမှာလည်း အပြန်အလှန် ဖေးမရင်းနဲ့ပဲ ရှေ့ဆက်ကြရတာပါ။ တစ်ပင်တည်း ထီးထီးကြီး ဖြစ်နေခြင်းက လဲပြိုဖို့ အခွင့်အလမ်း သိပ်များစေပါတယ်။

ဒီလိုကာလက ဝိသမလောဘသားတွေအတွက်လည်း တကယ့်မဟာ အခွင့်အရေးပါပဲ။ အဲဒီကြားကနေမှ အများမိုးခါးရေ သောက်သလို ကိုယ်လိုက်မသောက်ဘူး ဆိုတဲ့သူတွေလည်း ခပ်များများ လိုအပ်ပါတယ်။

ငွေကြေးကူညီနိုင်မှလည်း မဟုတ်ပါဘူး။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေလည်း အပြန်အလှန် ပေးလို့ရပါတယ်။

လူတိုင်းသာ ကောင်းနေကြရင်တော့ လောကကြီးဟာ သိပ်လှနေမှာပေါ့။ မကောင်းတဲ့သူတွေ ရှိနေမှာပဲ။ အဲဒီအချိုးအစားကို လျှော့ချပစ်၊ Dilute လုပ်ပစ်ဖို့အတွက်က တစ်ဖက်မှာ လူကောင်းတွေ လိုအပ်တယ်။ အဲဒီထဲမှာ ကိုယ်တစ်ယောက်တော့ အပါအဝင် ဖြစ်စေရမယ် ဆိုတဲ့ စိတ်နဲ့၊ လူမှုအသိုင်းအဝိုင်းကို အဆိုးဘက် တစ်ဖက်စောင်းနင်း ဖြစ်မသွားအောင် ထိန်းညှိပေးစေချင်ပါတယ်။

ရှေ့လာမဲ့ အချိန်တွေဟာ ပိုပိုပြီး ခက်ခဲကြမ်းတမ်းလာဖို့ များပါတယ်။ ဒီအတွက် ခံနိုင်ရည် အားကောင်းအောင် ပြင်ဆင်ပါ။ တစ်ဦးကိုတစ်ဦး ရိုင်းပင်းပါ။ ပြဿနာရဲ့ ရင်းမြစ်ကို ဖယ်ရှားဖို့လည်း မျက်ခြည်မပြတ်စေပါနဲ့။

ဒီလိုရေတိုရေရှည် မျှမျှတတ ပြင်ဆင်ရင်း ဖြစ်လာသမျှကို အတူရင်ဆိုင်ကြတာပေါ

ဒေါက်တာ ဖြိုးသီဟ

Address

Kuala Lumpur

Telephone

+60134574497

Website

Alerts

Be the first to know and let us send you an email when Cho That - Digital knowledge sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cho That - Digital knowledge sharing:

Videos

Share