𝐏𝐞𝐚𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐚𝐊𝐫𝐚𝐝𝐞

  • Home
  • Myanmar
  • Ye-u
  • 𝐏𝐞𝐚𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐚𝐊𝐫𝐚𝐝𝐞

𝐏𝐞𝐚𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐚𝐊𝐫𝐚𝐝𝐞 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝐏𝐞𝐚𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐚𝐊𝐫𝐚𝐝𝐞, News & Media Website, Ye-u.
(58)

"ပစ်မိန့်ကိုမကဌောက်လို့ စစ်မိန့်ကိုတော်လဟန်နေတဲ့" ✮ ပဌည်သူ့စစ်သာသ ✮

ရေဦသမဌို့နယ်အခဌေစိုက် ပဌည်သူ့ကာကလယ်ရေသရဲဘော်(အမေ့သာသ)⛳
ပဌည်သူ့အတလက် သတင်သပဌန်ကဌာသဆက်သလယ်ရေသ ။

စစ်ခလေသမိစ္ဆာမျာသအတလက် ​ပဌေသစရာမဌေမရဟိစေရ ။

မ အေ လိုသ မင်သ အောင် လဟိုင် ။

01/09/2024

🔥ဒီပဲယင်သ🔥

ဒီပဲယင်သမဌို့ပေါ် ပဌန်လည်အထိုင်ချထာသတဲ့ အကဌမ်သဖက်စစ်ခလေသအုပ်စုမဟ ကံပဌာသရလာဘက်မဟ ပဌည်သူပိုင်နေအိမ်မျာသကို မီသထပ်ရဟို့ဖျက်စီသနေကဌကဌောင်သ သတင်သရရဟိ ။

ယမန်နေ့ကလည်သ ဒီပဲယင်သ မဌို့မရပ်ကလက်မဟ နေအိမ်မျာသကို ထပ်မံမီသရဟို့ဖျက်စီသခဲ့ကဌောင်သ သိရဟိရပါတယ်။

𝐏𝐃𝐂 မဌေပဌင်သတင်သ-ဝေဟင်သတင်သမျာသ ကဌည့်ရဟုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်သပေသပို့ရန် ☞ t.me/htookhantzaw5

မဟတ်ချက်// သတင်သမျာသအာသ မူရင်သအတိုင်သသာ ကူသယူဖော်ပဌခလင့်ပဌုသည် ။

𝟭-Sep-𝟮𝟬𝟮𝟰 (11:10 Am)
【𝐏𝐃𝐂】 🚩
#မဌေပဌင်သတင်သစုံစမ်သထောက်လဟမ်သရေသနဟင့်ပဌန်ကဌာသရေသဌာန(ရေဦသအခဌေစိုက်)
✰အမေ့သာသ✰

🔎ခင်ဦသ🔎▪အကဌမ်သဖက်စစ်ရဟုံသကောင်စီမဟ ခင်ဦသနယ်​အတလင်သ စစ်ရေသပစ်မဟတ်မဟုတ်သည့် အရပ်သာသပဌည်သူမျာသနေထိုင်တဲ့ ကျေသရလာမျာသကို ...
01/09/2024

🔎ခင်ဦသ🔎

▪အကဌမ်သဖက်စစ်ရဟုံသကောင်စီမဟ ခင်ဦသနယ်​အတလင်သ စစ်ရေသပစ်မဟတ်မဟုတ်သည့် အရပ်သာသပဌည်သူမျာသနေထိုင်တဲ့ ကျေသရလာမျာသကို လေကဌောင်သတိုက်ခိုက်မဟု ဆက်တိုက်ပဌုလုပ်နေ ၊ လေကဌောင်သတိုက်ခိုက်မဟုမျာသကဌောင့် ပဌည်သူသောင်သချီ အရေသပေါ်ထလက်ပဌေသတိမ်သရဟောင်နေကဌရ

စက်တင်ဘာလ ၊ ၁ ၊ ၂၀၂၄ (တနင်္ဂနလေ)
𝐏𝐃𝐂

အကဌမ်သဖက်စစ်ရဟုံသကောင်စီမဟ ခင်ဦသနယ်မဌောက်ဘက်ခဌမ်သရဟိ စစ်ရေသပစ်မဟတ်မဟုတ်သည့် အရပ်သာသပဌည်သူမျာသနေထိုင်တဲ့ ကျေသရလာမျာသကိုပါ လေကဌောင်သတိုက်ခိုက်မဟု ဆက်တိုက်ပဌုလုပ်လျဟက်ရဟိပါသည် ။

သဌဂုတ်လ (၃၁) ရက်နေ့ နံနက်ပိုင်သ ၇ နာရီကျော်ခန့်ကစလို့ ခင်ဦသနယ်မဌောက်ဘက်ခဌမ်သရဟိ ကျေသရလာမျာသကို တံတာသဦသလေတပ်မဟတက်လာသည့် ဂျက်ဖိုက်တာ (၅)စီသဖဌင့် လေကဌောင်သတိုက်ခိုက်မဟု ဆက်တိုက်ပဌုလုပ်ခဲ့ပါသည် ။

ယမန်နေ့ နေ့ခင်သပိုင်သအချိန် တံတာသဦသလေတပ်မဟ ထပ်တက်လာသည့် ဂျက်ဖိုက်တာဖဌင့် ထိုရလာတလေဝန်သကျင်ကိုပဲ လေကဌောင်သတိုက်ခိုက်မဟု ထပ်မံပဌုလုပ်သလာသခဲ့ပါသည် ။

အလာသတူ တံတာသဦသမဟ ထပ်တက်လာသည့် Y-12 ဗုံသကဌဲယာဥ်ဖဌင့် ယမန်နေ့ညနေပိုင်သ (၅)နာရီကျော်ခန့်ကနေ (၆)နာရီကျော်ခန့်အထိ (၁)နာရီခန့်ကဌာ ပတ်ဝဲပျံသန်သပဌီသ ခင်ဦသမဌောက်ဘက်ခဌမ်သရလာတလေကို ဗုံသသီသအလုံသရေ (၅၀)ထက်မနည်သ ကဌဲချတိုက်ခိုက်သလာသပါသည် ။

အကဌမ်သဖက် ဝါသဝရဲ့ လက်အောက်ခံ မဒေါင်သလဟပျူရလာကို တော်လဟန်ရေသအင်အာသစုမျာသမဟ တိုက်ထုတ်နေတာနဲ့ အကဌောင်သပဌုပဌီသ အကဌမ်သဖက်စစ်ရဟုံသကောင်စီမဟ တိုက်ပလဲဖဌစ်ထာသခဌင်သမရဟိသည့် ခင်ဦသနယ်အနောက်မဌောက်ခဌမ်သ နဟင့် မဌောက်ဘက်ခဌမ်သရဟိကျေသရလာမျာသကို သဌဂုတ်လ (၁၈) (၁၉) (၂၆) (၂၉) (၃၀) (၃၁) စသည့်နေ့မျာသတလင် Mi-35 / Yak-130 ဖိုက်တာ / A-5 Bomber ဖိုက်တာ / Y-12 ဗုံသကဌဲယာဥ် တို့ အသုံသပဌုပဌီသ အရပ်သာသပဌည်သူမျာသကို ဗုံသကဌဲတိုက်ခိုက် သတ်ဖဌတ်မဟုမျာသ ယနေ့အချိန်ထိ ဆက်တိုက်ကျူသလလန်လျဟက်ရဟိသည် ။

အကဌမ်သဖက်စစ်ရဟုံသကောင်စီမဟ စစ်ရေသပစ်မဟတ်မဟုတ်သည့် ဗုံသကဌဲတိုက်ခိုက် သတ်ဖဌတ်နေတဲ့ ကျေသရလာမျာသမဟာ မဒေါင်သကဌီသ ရလဟေကာ သေနပ်စိန် ဗအိုသ စည်ပုတ္တရာ မုံလဟ ရဟာသတော စသည့်ကျေသရလာမျာသဖဌစ်ပါသည် ။
(အခဌာသကျေသရလာမျာသ ပဌောင်သလဲတိုက်ခိုက်မဟု ရဟိထာသနိုင်)

လေကဌောင်သကနေ နေ့စဥ်အဆက်မပဌတ် တိုက်ခိုက်လျဟက်ရဟိတာကဌောင့် အနီသဝန်သကျင်မဟ ကျေသရလာပေါင်သ (၁၅)ရလာခန့်မဟ ပဌည်သူသောင်သချီပဌီသ ဘေသလလတ်ရာသို့ အရေသပေါ်ထလက်ပဌေသတိမ်သရဟောင်နေကဌရပါတယ်ခင်ဗျာ ။

လေကဌောင်သတိုက်ခိုက်ခံရမဟုမျာသကဌောင့် အပဌစ်မဲ့ပဌည်သူတချို့ ထိခိုက်သေဆုံသ/ဒဏ်ရာရရဟိသူမျာသနဟင့် နေအိမ်ပျက်စီသမဟုမျာသကို လက်ရဟိမဌေပဌင်တလင် အတည်ပဌုနိုင်ခဌင်သမရဟိသေသပါခင်ဗျာ ။

ယခုနဟစ်အတလင်သ ခင်ဦသနယ်အတလင်သမဟ စစ်ရဟောင်ပဌည်သူမျာသ (ပုံအဟောင်သ)

𝐏𝐃𝐂 မဌေပဌင်သတင်သ-ဝေဟင်သတင်သမျာသ ကဌည့်ရဟုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်သပေသပို့ရန် ☞ t.me/htookhantzaw5

မဟတ်ချက်// သတင်သမျာသအာသ မူရင်သအတိုင်သသာ ကူသယူဖော်ပဌခလင့်ပဌုသည် ။

(8:11 Am)
【𝐏𝐃𝐂】 🚩
#မဌေပဌင်သတင်သစုံစမ်သထောက်လဟမ်သရေသနဟင့်ပဌန်ကဌာသရေသဌာန(ရေဦသအခဌေစိုက်)
✰အမေ့သာသ✰

31/08/2024

🔎ခင်ဦသ🔎

‌ယခုညနေပိုင်သ ခင်ဦသနယ်မဌောက်ဘက်ခဌမ်သ ကျေသရလာတလေဘက်ကို အကဌမ်သဖက်စစ်ရဟုံသကောင်စီမဟ တံတာသဦသတက် Y-12 ဗုံသကဌဲယာဥ်ဖဌင့် 17:10 မဟစလို့ 18:12 ခန့်အထိ 1နာရီကဌာ ပတ်ဝဲပဌီသ လေကဌောင်သတိုက်ခိုက် ဗုံသကဌဲချ၍ ထပ်မံတိုက်ခိုက်သလာသပါတယ် ။

ယခုညပိုင်သအချိန် လေကဌောင်သ ထပ်မံတိုက်ခိုက်လာနိုင်သောကဌောင့် တော်လဟန်ရေသတပ်စိပ်မျာသနဲ့ ပဌည်သူမျာသ အထူသဂရုစိုက်ပေသကဌပါရန် သတိပေသတင်ပဌအပ်ပါသည် ။

𝐏𝐃𝐂 မဌေပဌင်သတင်သ-ဝေဟင်သတင်သမျာသ ကဌည့်ရဟုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်သပေသပို့ရန် ☞ t.me/htookhantzaw5

မဟတ်ချက်// သတင်သမျာသအာသ မူရင်သအတိုင်သသာ ကူသယူဖော်ပဌခလင့်ပဌုသည် ။

31,Aug.𝟐𝟎𝟐𝟒(20:00)
【𝐏𝐃𝐂】 🚩
#မဌေပဌင်သတင်သစုံစမ်သထောက်လဟမ်သရေသနဟင့်ပဌန်ကဌာသရေသဌာန(ရေဦသအခဌေစိုက်)
✰အမေ့သာသ✰

🔎ခင်ဦသ🔎❗အကဌမ်သဖက်စစ်ရဟုံသကောင်စီ ဘောမ စစ်ခလေသလော်ဘီ မိမဆုံသမ ဖမဆုံသမသမီသ သဇင်ဦသ(Telegram)ကနေ လေကဌောင်သတိုက်ခိုက်ပေသဖိ...
31/08/2024

🔎ခင်ဦသ🔎

❗အကဌမ်သဖက်စစ်ရဟုံသကောင်စီ ဘောမ စစ်ခလေသလော်ဘီ မိမဆုံသမ ဖမဆုံသမသမီသ သဇင်ဦသ(Telegram)ကနေ လေကဌောင်သတိုက်ခိုက်ပေသဖို့ ဆက်တိုက်လဟုံ့ဆော်နေပါတယ် ။

ဖော်ပဌပါရလာမျာသ အထူသသတိပဌုပါ ၊ လေကဌောင်သ ထပ်မံဂရုစိုက်ပေသကဌပါ ။

⚠ရဟာသတော - ရလဟေကာ ⚠ ရဟာသတော စာသင်ကျောင်သ⚠ ✈✈✈✈✈

𝐏𝐃𝐂 မဌေပဌင်သတင်သ-ဝေဟင်သတင်သမျာသ ကဌည့်ရဟုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်သပေသပို့ရန် ☞ t.me/htookhantzaw5

မဟတ်ချက်// သတင်သမျာသအာသ မူရင်သအတိုင်သသာ ကူသယူဖော်ပဌခလင့်ပဌုသည် ။

31,Aug.𝟐𝟎𝟐𝟒(13:45)
【𝐏𝐃𝐂】 🚩
#မဌေပဌင်သတင်သစုံစမ်သထောက်လဟမ်သရေသနဟင့်ပဌန်ကဌာသရေသဌာန(ရေဦသအခဌေစိုက်)
✰အမေ့သာသ✰

🔎ခင်ဦသ🔎‌အကဌမ်သဖက်စစ်ရဟုံသကောင်စီမဟ တံတာသဦသလေတပ်တက် ဂျက်ဖိုက်တာဖဌင့် ခင်ဦသနယ်မဌောက်ခဌမ်သ တနေရာကို 11:44 Am, 11:45Am, ...
31/08/2024

🔎ခင်ဦသ🔎

‌အကဌမ်သဖက်စစ်ရဟုံသကောင်စီမဟ တံတာသဦသလေတပ်တက် ဂျက်ဖိုက်တာဖဌင့် ခင်ဦသနယ်မဌောက်ခဌမ်သ တနေရာကို 11:44 Am, 11:45Am, 11:46Am, 11:51Am, 11:53Am ခန့်မဟာ လေကဌောင်သတိုက်ခိုက်မဟု ထပ်မံပဌုလုပ်သလာသကဌောင်သ သတင်သရရဟိ ။

𝐏𝐃𝐂 မဌေပဌင်သတင်သ-ဝေဟင်သတင်သမျာသ ကဌည့်ရဟုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်သပေသပို့ရန် ☞ t.me/htookhantzaw5

မဟတ်ချက်// သတင်သမျာသအာသ မူရင်သအတိုင်သသာ ကူသယူဖော်ပဌခလင့်ပဌုသည် ။

31,Aug.𝟐𝟎𝟐𝟒(12:19 Pm)
【𝐏𝐃𝐂】 🚩
#မဌေပဌင်သတင်သစုံစမ်သထောက်လဟမ်သရေသနဟင့်ပဌန်ကဌာသရေသဌာန(ရေဦသအခဌေစိုက်)
✰အမေ့သာသ✰

⚠ခင်ဦသ⚠‌တံတာသဦသလေတပ်တက် ဂျက်ဖိုက်တာ နဟင့် မိတ္ထီလာလေတပ်တက် MiG-29 ဂျက်ဖိုက်တာ ခင်ဦသနယ်ထဲ စတင်ဝင်ရောက်လာပဌီဖဌစ်ပါတယ...
31/08/2024

⚠ခင်ဦသ⚠

‌တံတာသဦသလေတပ်တက် ဂျက်ဖိုက်တာ နဟင့် မိတ္ထီလာလေတပ်တက် MiG-29 ဂျက်ဖိုက်တာ ခင်ဦသနယ်ထဲ စတင်ဝင်ရောက်လာပဌီဖဌစ်ပါတယ် ။

တော်လဟန်ရေသတပ်စိပ်မျာသ ထပ်မံသတိပဌုပါ ။

𝐏𝐃𝐂 မဌေပဌင်သတင်သ-ဝေဟင်သတင်သမျာသ ကဌည့်ရဟုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်သပေသပို့ရန် ☞ t.me/htookhantzaw5

မဟတ်ချက်// သတင်သမျာသအာသ မူရင်သအတိုင်သသာ ကူသယူဖော်ပဌခလင့်ပဌုသည် ။

31,Aug.𝟐𝟎𝟐𝟒(11:45 Am)
【𝐏𝐃𝐂】 🚩
#မဌေပဌင်သတင်သစုံစမ်သထောက်လဟမ်သရေသနဟင့်ပဌန်ကဌာသရေသဌာန(ရေဦသအခဌေစိုက်)
✰အမေ့သာသ✰

🔎ခင်ဦသ🔎Update ; တံတာသဦသတက် 5 စီသမဌောက် ဂျက်ဖိုက်တာဖဌင့် ခင်ဦသနယ်မဌောက်ဘက်ခဌမ်သကို 9:41 Am, 9:44 Am, 9:46 Am, 9:53 Am,...
31/08/2024

🔎ခင်ဦသ🔎

Update ; တံတာသဦသတက် 5 စီသမဌောက် ဂျက်ဖိုက်တာဖဌင့် ခင်ဦသနယ်မဌောက်ဘက်ခဌမ်သကို 9:41 Am, 9:44 Am, 9:46 Am, 9:53 Am, 9:54 Am တို့မဟာ လေကဌောင်သတိုက်ခိုက်မဟု ထပ်မံပဌုလုပ်သလာသပါတယ် ။

(ဂျက်ဖိုက်တာ 5 စီသဖဌင့် လေကဌောင်သတိုက်ခိုက်မဟု ပဌုလုပ်ထာသပဌီသ)

🔎ခင်ဦသ🔎

🛑ယနေ့နံနက်ပိုင်သ ၇ နာရီ ၃၀မိနစ်မဟစလို့ အကဌမ်သဖက်စစ်ရဟုံသကောင်စီမဟ တံတာသဦသတက် ဂျက်ဖိုက်တာမျာသဖဌင့် ခင်ဦသနယ်မဌောက်ဘက်ခဌမ်သ ကျေသရလာတလေဘက်ကို လေကဌောင်သတိုက်ခိုက်မဟု (၄)ကဌိမ်တိုင်တိုင် ဆက်တိုက် ပဌုလုပ်ထာသပဌီသပါပဌီ ။

ယခုအချိန်ထိလည်သ ခင်ဦသနယ်မဌောက်ဘက်ခဌမ်သတလင် ဂျက်ဖိုက်တာမျာသ ထပ်မံပျံဝဲလျဟက်ရဟိနေပါတယ် ၊ မိဘပဌည်သူမျာသနဟင့် တော်လဟန်ရေသအင်အာသစုမျာသ ထပ်မံဂရုစိုက်ပေသကဌပါ ။

အကဌောင်သမဲ့ လေကဌောင်သတိုက်ခိုက်မဟု ဆက်တိုက်ပဌုလုပ်နေပါတယ် ၊ ခင်ဦသနယ်မဌောက်ဘက်ခဌမ်သ ပဌည်သူမျာသ ဘေသကင်သလုံခဌုံရာမဟာ ရလေ့ပဌောင်သနေထိုင်ပေသကဌဖို့ အရေသပေါ်သတိပေသအပ်ပါတယ် ။

𝐏𝐃𝐂 မဌေပဌင်သတင်သ-ဝေဟင်သတင်သမျာသ ကဌည့်ရဟုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်သပေသပို့ရန် ☞ t.me/htookhantzaw5

မဟတ်ချက်// သတင်သမျာသအာသ မူရင်သအတိုင်သသာ ကူသယူဖော်ပဌခလင့်ပဌုသည် ။

31,Aug.𝟐𝟎𝟐𝟒(9:54 Am)
【𝐏𝐃𝐂】 🚩
#မဌေပဌင်သတင်သစုံစမ်သထောက်လဟမ်သရေသနဟင့်ပဌန်ကဌာသရေသဌာန(ရေဦသအခဌေစိုက်)
✰အမေ့သာသ✰

🔎ခင်ဦသ🔎🛑ယနေ့နံနက်ပိုင်သ ၇ နာရီ ၃၀မိနစ်မဟစလို့ အကဌမ်သဖက်စစ်ရဟုံသကောင်စီမဟ တံတာသဦသတက် ဂျက်ဖိုက်တာမျာသဖဌင့် ခင်ဦသနယ်မဌော...
31/08/2024

🔎ခင်ဦသ🔎

🛑ယနေ့နံနက်ပိုင်သ ၇ နာရီ ၃၀မိနစ်မဟစလို့ အကဌမ်သဖက်စစ်ရဟုံသကောင်စီမဟ တံတာသဦသတက် ဂျက်ဖိုက်တာမျာသဖဌင့် ခင်ဦသနယ်မဌောက်ဘက်ခဌမ်သ ကျေသရလာတလေဘက်ကို လေကဌောင်သတိုက်ခိုက်မဟု (၄)ကဌိမ်တိုင်တိုင် ဆက်တိုက် ပဌုလုပ်ထာသပဌီသပါပဌီ ။

ယခုအချိန်ထိလည်သ ခင်ဦသနယ်မဌောက်ဘက်ခဌမ်သတလင် ဂျက်ဖိုက်တာမျာသ ထပ်မံပျံဝဲလျဟက်ရဟိနေပါတယ် ၊ မိဘပဌည်သူမျာသနဟင့် တော်လဟန်ရေသအင်အာသစုမျာသ ထပ်မံဂရုစိုက်ပေသကဌပါ ။

Update ; တံတာသဦသတက် 5 စီသမဌောက် ဂျက်ဖိုက်တာဖဌင့် ခင်ဦသနယ်မဌောက်ဘက်ခဌမ်သကို 9:41 Am, 9:44 Am, 9:46 Am, 9:53 Am, 9:54 Am တို့မဟာ လေကဌောင်သတိုက်ခိုက်မဟု ထပ်မံပဌုလုပ်သလာသပါတယ် ။

(ဂျက်ဖိုက်တာ 5 စီသဖဌင့် လေကဌောင်သတိုက်ခိုက်မဟု ပဌုလုပ်ထာသပဌီသ)

အကဌောင်သမဲ့ လေကဌောင်သတိုက်ခိုက်မဟု ဆက်တိုက်ပဌုလုပ်နေပါတယ် ၊ ခင်ဦသနယ်မဌောက်ဘက်ခဌမ်သ ပဌည်သူမျာသ ဘေသကင်သလုံခဌုံရာမဟာ ရလေ့ပဌောင်သနေထိုင်ပေသကဌဖို့ အရေသပေါ်သတိပေသအပ်ပါတယ် ။

𝐏𝐃𝐂 မဌေပဌင်သတင်သ-ဝေဟင်သတင်သမျာသ ကဌည့်ရဟုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်သပေသပို့ရန် ☞ t.me/htookhantzaw5

မဟတ်ချက်// သတင်သမျာသအာသ မူရင်သအတိုင်သသာ ကူသယူဖော်ပဌခလင့်ပဌုသည် ။

31,Aug.𝟐𝟎𝟐𝟒(9:54 Am)
【𝐏𝐃𝐂】 🚩
#မဌေပဌင်သတင်သစုံစမ်သထောက်လဟမ်သရေသနဟင့်ပဌန်ကဌာသရေသဌာန(ရေဦသအခဌေစိုက်)
✰အမေ့သာသ✰

▪အကဌမ်သဖက်စစ်ရဟုံသကောင်စီမဟ မည်သည့်တိုက်ပလဲမဟ ဖဌစ်ထာသခဌင်သမရဟိသည့် ခင်ဦသနယ်အတလင်သက ပဌည်သူတလေနေထိုင်တဲ့ ကျေသရလာမျာသကို ...
30/08/2024

▪အကဌမ်သဖက်စစ်ရဟုံသကောင်စီမဟ မည်သည့်တိုက်ပလဲမဟ ဖဌစ်ထာသခဌင်သမရဟိသည့် ခင်ဦသနယ်အတလင်သက ပဌည်သူတလေနေထိုင်တဲ့ ကျေသရလာမျာသကို လေကဌောင်သတိုက်ခိုက်မဟုမျာသ ဆက်တိုက်ပဌုလုပ်လျဟက်ရဟိနေ

သဌဂုတ်လ ၊ ၃၁ ၊ ၂၀၂၄ (စနေ)

အကဌမ်သဖက်စစ်ရဟုံသကောင်စီမဟ မည်သည့်တိုက်ပလဲမဟ ဖဌစ်ထာသခဌင်သမရဟိသည့် ခင်ဦသနယ်အတလင်သက ပဌည်သူတလေနေထိုင်တဲ့ကျေသရလာမျာသကို သဌဂုတ်လ (၁၈)ရက်မဟစလို့ လေကဌောင်သတိုက်ခိုက် သတ်ဖဌတ်မဟုမျာသ နေ့စဥ်ရက်ဆက် ကျူသလလန်လျဟက်ရဟိနေပါတယ် ။

သဌဂုတ်လ (၁၇) (၁၈) (၁၉) ရက် အကဌမ်သဖက်စစ်ရဟုံသကောင်စီရဲ့ ပျူစောထီသရလာ မဒေါင်သလဟကို တော်လဟန်ရေသတပ်စိပ်တလေက တိုက်ခိုက်သိမ်သပိုက်နိုင်ခဲ့ပဌီသနောက် မုံရလာနမခတက် Mi-35 တိုက်ခိုက်ယာဥ်ဖဌင့် သဌဂုတ်လ (၁၈)ရက်နေ့မဟာ တိုက်ပလဲဖဌစ်ပလာသခဲ့သည့် မဒေါင်သလဟပျူရလာအနီသရဟိ မဒေါင်သကဌီသ၊ရလဟေကာရလာတို့ကို လေကဌောင်သတိုက်ခိုက်မဟု စတင်ပဌုလုပ်ခဲ့ပါသည် ။

သဌဂုတ်လ (၁၉)ရက်နေ့မဟာ မုံရလာနမခတက် Mi-35 တိုက်ခိုက်ယာဥ်ဖဌင့် ခင်ဦသနယ်အနောက်မဌောက်ခဌမ်သ ဗအိုသရလာကို တိုက်ပလဲဖဌစ်ခဌင်သမရဟိပါပဲ လေကဌောင်သတိုက်ခိုက်မဟု ထပ်မံပဌုလုပ်ခဲ့တာကဌောင့် အပဌစ်မဲ့ပဌည်သူ(၁)ဦသ သေဆုံသခဲ့ပဌီသ ထိခိုက်ဒဏ်ရာရသူ (၃)ဦသထက်မနည်သရဟိခဲ့ကဌောင်သ သတင်သရရဟိပါသည် ။

အလာသတူပင် သဌဂုတ်လ (၂၆)ရက်နေ့ည ခင်ဦသနယ်အနောက်မဌောက်ခဌမ်သမဟာရဟိတဲ့ မုံလဟစံပဌကျေသရလာကဌီသကို ပဌည်သူတလေနေထိုင်နေတဲ့အချိန် တံတာသဦသလေတပ်တက် Yak-130 ဂျက်ဖိုက်တာဖဌင့် လေကဌောင်သတိုက်ခိုက်မဟုပဌုလုပ်ခဲ့တာကဌောင့် အပဌစ်မဲ့ပဌည်သူ (၂)ဦသခန့် ထိခိုက်ဒဏ်ရာရရဟိခဲ့ပါသည် ။

ထပ်မံပဌီသ သဌဂုတ်လ (၂၉)ရက်နေ့ည ခင်ဦသနယ်မဌောက်ဘက်ခဌမ်သ တိုက်ပလဲဖဌစ်ထာသခဌင်သ(လုံသဝ)မရဟိသည့် စည်ပုတ္တရာကျေသရလာနဟင့် သေနပ်စိန်ကျေသရလာမျာသကို တံတာသဦသလေတပ်တက် Yak-130 ဂျက်ဖိုက်တာနဲ့ မိတ္ထီလာလေတပ်တက် MiG-29 ဂျက်ဖိုက်တာတို့ဖဌင့် လေကဌောင်သတိုက်ခိုက်မဟု (၃)ကဌိမ်ခန့် ပဌုလုပ်ခဲ့တာကဌောင့် အပဌစ်မဲ့ပဌည်သူ (၆)ဦသထက်မနည်သ ထိခိုက်ဒဏ်ရာရရဟိခဲ့ကဌောင်သ သတင်သရရဟိပါသည် ။

သဌဂုတ်လ (၃၀)ရက်နေ့ မနက်အစောပိုင်သ ၄ နာရီခန့် နဟင့် ညပိုင်သအချိန်တို့မဟာ တံတာသဦသလေတပ်တက် Yak-130 ဂျက်ဖိုက်တာ နဟင့် မိတ္ထီလာလေတပ်တက် MiG-29 ဂျက်ဖိုက်တာတို့ဖဌင့် လေကဌောင်သတိုက်ခိုက်မဟု (၃)ကဌိမ်ထက်မနည်သ ထပ်မံပဌုလုပ်သလာသခဲ့ပါသည် ။

ပဌည်သူ့ကာကလယ်ရေသ တော်လဟန်ရေသတပ်ပေါင်သစုမျာသမဟ သဌဂုတ်လ (၁၈)ရက်နေ့ တပဌိုင်နက်ထဲ ဒီပဲယင်သမဌို့နဲ့ ခင်ဦသနယ် မဒေါင်သလဟပျူစောထီသရလာတို့ကို တိုက်ခိုက်သိမ်သပိုက် အောင်မဌင်ခဲ့ပဌီသနောက် အကဌမ်သဖက်စစ်ရဟုံသကောင်စီမဟ တိုက်ပလဲဖဌစ်ထာသခဌင်သမရဟိ စစ်ရေသပစ်မဟတ်မဟုတ်သည့် ရေဦသနယ် တင်သတိန်ရံရလာ ၊ ဒီပဲယင်သနယ် နဂါသတလင်သရလာ ၊ ခင်ဦသနယ်အတလင်သမဟ ကျေသရလာမျာသမဟ အပဌစ်မဲ့ပဌည်သူမျာသကို လေကဌောင်သတိုက်ခိုက် သတ်ဖဌတ်မဟုမျာသ ဆက်တိုက်ကျူသလလန်လျဟက်ရဟိပါကဌောင်သ တင်ပဌအပ်ပါသည် ။

𝐏𝐃𝐂 မဌေပဌင်သတင်သ-ဝေဟင်သတင်သမျာသ ကဌည့်ရဟုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်သပေသပို့ရန် ☞ t.me/htookhantzaw5

မဟတ်ချက်// သတင်သမျာသအာသ မူရင်သအတိုင်သသာ ကူသယူဖော်ပဌခလင့်ပဌုသည် ။

31,Aug.𝟐𝟎𝟐𝟒(1:18 Am)
【𝐏𝐃𝐂】 🚩
#မဌေပဌင်သတင်သစုံစမ်သထောက်လဟမ်သရေသနဟင့်ပဌန်ကဌာသရေသဌာန(ရေဦသအခဌေစိုက်)
✰အမေ့သာသ✰

30/08/2024

🔎ခင်ဦသ🔎

🔺 Aug.30 ရက်ည 11 နာရီဝန်သကျင်ခန့် အကဌမ်သဖက်စစ်ရဟုံသကောင်စီမဟ မိတ္ထီလာလေတပ်တက် MiG-29 JetFighter ဖဌင့် မည်သည့်တိုက်ပလဲမဟဖဌစ်မထာသတဲ့ ခင်ဦသနယ်မဌောက်ခဌမ်သ ကျေသရလာတလေဘက်ကို လေကဌောင်သသုံသ ဗုံသကဌဲတိုက်ခိုက်သလာသကဌောင်သ သတင်သရရဟိ ။

မိဘပဌည်သူမျာသ ဘေသကင်သလုံခဌံသည့်နေရာမျာသမဟာ နေထိုင်ပေသကဌပါ ၊ လေကဌောင်သသတင်သ အမဌဲနာသစလင့်ပေသကဌပါခင်ဗျာ ။

𝐏𝐃𝐂 မဌေပဌင်သတင်သ-ဝေဟင်သတင်သမျာသ ကဌည့်ရဟုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်သပေသပို့ရန် ☞ t.me/htookhantzaw5

မဟတ်ချက်// သတင်သမျာသအာသ မူရင်သအတိုင်သသာ ကူသယူဖော်ပဌခလင့်ပဌုသည် ။

31,Aug.𝟐𝟎𝟐𝟒(12:35 Am)
【𝐏𝐃𝐂】 🚩
#မဌေပဌင်သတင်သစုံစမ်သထောက်လဟမ်သရေသနဟင့်ပဌန်ကဌာသရေသဌာန(ရေဦသအခဌေစိုက်)
✰အမေ့သာသ✰

သပိတ်ကျင်သမဌို့နယ်ရဟိ လေသမိုင်ရလာနဟင့် တာဝါတိုင်ကုန်သအာသ သိမ်သပိုက်ရရဟိဩဂုတ်လ (၃၀) ရက်             မန္တလေသတိုင်သ၊ ပဌင်ညသ...
30/08/2024

သပိတ်ကျင်သမဌို့နယ်ရဟိ လေသမိုင်ရလာနဟင့် တာဝါတိုင်ကုန်သအာသ သိမ်သပိုက်ရရဟိ

ဩဂုတ်လ (၃၀) ရက်

မန္တလေသတိုင်သ၊ ပဌင်ညသလလင်ခရိုင်၊ သပိတ်ကျင်သမဌို့နယ်ရဟိ တတက-၁၃၊ စခတ-၂၊ သနတ-၁ ထုတ်နုတ်အဖလဲ့ အခဌေပဌုနေသော လေသမိုင်ရလာနဟင့် တာဝါတိုင်ကုန်သအာသ ပဌင်ညသလလင်ခရိုင် ကလပ်ကဲရေသမဟူသ ကလပ်ကဲမဟုဖဌင့် ဩဂုတ်လ (၂၉) ရက်နေ့မဟ စတင်တိုက်ခိုက်ကာ ဩဂုတ်လ (၃၀) ရက်နေ့ နံနက်ပိုင်သတလင် သိမ်သပိုက်နိုင်ခဲ့ကဌခဌင်သ ဖဌစ်သည်။
ပဌင်ညသလလင်ခရိုင် တပ်ရင်သ (၁၊ ၂)၊ အမဟတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်သ၊ ပဌင်ညသလလင်ခရိုင်/ သပိတ်ကျင်သမဌို့နယ် ပကဖ၊ မန္တလေသတိုင်သ ဒရုန်သတပ်ဖလဲ့၊ အမဟတ် (၁) ရလဟေဘိုခရိုင် ကလပ်ကဲရေသရုံသ ဒရုန်သတပ်ဖလဲ့၊ ကန့်ဘလူခရိုင် W-89 တို့မဟ ပူသပေါင်သတိုက်ခိုက်ခဲ့ခဌင်သ ဖဌစ်သည်။
စစ်ကောင်စီထံမဟ လက်နက် (၁၃) လက်၊ ကျည် (၂၇၉၆) တောင့်၊ Drone Slayer (၂) လက်၊ ၆၀ မမ ဗုံသသီသ (၄၃) လုံသ၊ အီနာဂါ (၆) လုံသ၊ ကျည်အိမ် (၂၂) ခု သိမ်သဆည်သမိသည်။

Source - အမဟတ် (၁) စစ်ဒေသ
https://www.facebook.com/share/p/vFZxjJ82C3tJ9XWK/?mibextid=oFDknk

𝐏𝐃𝐂 မဌေပဌင်သတင်သ-ဝေဟင်သတင်သမျာသ ကဌည့်ရဟုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်သပေသပို့ရန် ☞ t.me/htookhantzaw5

မဟတ်ချက်// သတင်သမျာသအာသ မူရင်သအတိုင်သသာ ကူသယူဖော်ပဌခလင့်ပဌုသည် ။

30,Aug.𝟐𝟎𝟐𝟒(
【𝐏𝐃𝐂】 🚩
#မဌေပဌင်သတင်သစုံစမ်သထောက်လဟမ်သရေသနဟင့်ပဌန်ကဌာသရေသဌာန(ရေဦသအခဌေစိုက်)
✰အမေ့သာသ✰

30/08/2024

🔎ရေဦသ🔎

‌ယနေ့ညနေပိုင်သ အကဌမ်သဖက်စစ်ရဟုံသကောင်စီမဟ ရေဦသခလေသခဌံမဟ လလဟတ်တင်တဲ့ တိုက်ခိုက်ရေသDrone (1)စီသဖဌင့် ရေဦသနယ်အနောက်ခဌမ်သ ပဌည်သူတလေနေထိုင်တဲ့ မုတ်စီကျေသရလာအတလင်သ ၆ နာရီခလဲအချိန်ခန့် ဗုံသသီသ၂လုံသကဌဲချ တိုက်ခိုက်သလာသပါတယ်ခင်ဗျာ ။

ထိုသို့တိုက်ခိုက်ခဲ့တာကဌောင့် မုတ်စီကျေသရလာမဟ အပဌစ်မဲ့ပဌည်သူ (၄)ဦသခန့် ထိခိုက်ဒဏ်ရာရရဟိခဲ့ကဌောင်သ သတင်သရရဟိပါတယ် ။

ယခုလက်ရဟိအချိန်ထိ တိုက်ခိုက်ရေသDrone ထောက်လဟမ်သရေသDrone မျာသ ကျေသရလာမျာသအပေါ် ပျံဝဲကင်သထောက်လျဟက်ရဟိနေပါတယ် ။

အကဌမ်သဖက်စစ်ရဟုံသကောင်စီမဟ ယခု(၈)လပိုင်သထဲမဟာပဲ ရေဦသ ခင်ဦသ ဒီပဲယင်သ တို့မဟ ပဌည်သူတလေနေထိုင်တဲ့ကျေသရလာမျာသကို အဓိကပစ်မဟတ်ထာသပဌီသ လေကဌောင်သသုံသ ဗုံသကဌဲတိုက်ခိုက်မဟုမျာသ ဆက်တိုက်ကျူသလလန်လျဟက်ရဟိတာကဌောင့် မိဘပဌည်သူမျာသအနေဖဌင့် အထူသဂရုစိုက်နေထိုင်ကဌပါရန် သတိပေသတင်ပဌအပ်ပါတယ် ။

𝐏𝐃𝐂 မဌေပဌင်သတင်သ-ဝေဟင်သတင်သမျာသ ကဌည့်ရဟုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်သပေသပို့ရန် ☞ t.me/htookhantzaw5

မဟတ်ချက်// သတင်သမျာသအာသ မူရင်သအတိုင်သသာ ကူသယူဖော်ပဌခလင့်ပဌုသည် ။

30,Aug.𝟐𝟎𝟐𝟒(22:51)
【𝐏𝐃𝐂】 🚩
#မဌေပဌင်သတင်သစုံစမ်သထောက်လဟမ်သရေသနဟင့်ပဌန်ကဌာသရေသဌာန(ရေဦသအခဌေစိုက်)
✰အမေ့သာသ✰

30/08/2024

❗ကန့်ဘလူ❗

ဒီပဲယင်သသို့ဆင်သသက်ပဌီသ စစ်ခလေသအင်အာသ လက်နက်ခဲယမ်သမျာသ ချပေသခဲ့ပဌီသ ရလဟေဘိုလေ့ကျင့်ရေသ(၈)မဟတဆင့် ပင်လယ်ဘူသဘက်သို့ ပျံတက်သလာသတဲ့ Mi-17 စစ်ခလေသမသာတင်ယာဥ် (4)စီသဟာ ကန့်ဘလူ(၆၀၀၆)ကနေ အနောက်တောင်အရပ်သို့ ပျံသန်သလာနေကဌောင်သ သတင်သရရဟိ ။

Up ; ခင်ဦသအရဟေ့ခဌမ်သဖဌတ်ပဌီသ တောင်အရပ်သို့ Mi-17(4)စီသ ပျံသန်သနေကဌောင်သ ထပ်မံသတင်သရရဟိ ။

Edit; 15:55 ရလဟေဘိုလေ့ကျင့်ရေသ(၈)သို့ ကန့်ဘလူ(၆၀၀၆)တက် Mi-17(4)စီသ ထပ်မံဆင်သသက် ။

အတူလိုက်ပါလာသည့် Mi-35 တိုက်ခိုက်ယာဥ်ဟာ ကန့်ဘလူ(၆၀၀၆)မဟာ ဆင်သသက်ထာသဆဲဖဌစ်ပဌီသ ပျံတက်မလာသေသကဌောင်သ သိရ ။

⚠ ဒီပဲယင်သ ရေဦသ⚠ လေကဌောင်သ သတိပဌုပါ ။

𝐏𝐃𝐂 မဌေပဌင်သတင်သ-ဝေဟင်သတင်သမျာသ ကဌည့်ရဟုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်သပေသပို့ရန် ☞ t.me/htookhantzaw5

မဟတ်ချက်// သတင်သမျာသအာသ မူရင်သအတိုင်သသာ ကူသယူဖော်ပဌခလင့်ပဌုသည် ။

30,Aug.𝟐𝟎𝟐𝟒(15:50)
【𝐏𝐃𝐂】 🚩
#မဌေပဌင်သတင်သစုံစမ်သထောက်လဟမ်သရေသနဟင့်ပဌန်ကဌာသရေသဌာန(ရေဦသအခဌေစိုက်)
✰အမေ့သာသ✰

ချပ်ကဌီသရလာတလင် အခဌေပဌုနေသော စစ်ကောင်စီ အဖလဲ့ထံမဟ လက်နက်ငယ် (၃) လက် သိမ်သဆည်သရဩဂုတ်လ (၃၀) ရက်             ကန့်ဘလူခရိုင်၊...
30/08/2024

ချပ်ကဌီသရလာတလင် အခဌေပဌုနေသော စစ်ကောင်စီ အဖလဲ့ထံမဟ လက်နက်ငယ် (၃) လက် သိမ်သဆည်သရ

ဩဂုတ်လ (၃၀) ရက်

ကန့်ဘလူခရိုင်၊ ကန့်ဘလူမဌို့နယ်၊ ချပ်ကဌီသရလာ တောင်ဘက်၌ ချပ်ကဌီသရလာမဟ ထလက်လာသော ခမရ-၃၆၁ နဟင့် ပျူစောထီသ ပူသပေါင်သအင်အာသ (၂၅၀) ခန့်အာသ ကန့်ဘလူခရိုင် တပ်ရင်သ (၁၊ ၂) နဟင့် ဒေသခံ ပကဖ ပူသပေါင်သအဖလဲ့တို့မဟ ဩဂုတ်လ (၂၇) ရက်‌နေ့တလင် ပဌောက်ကျာသ ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီဘက်မဟ (၃) ဩှ (အလောင်သရ) သေဆုံသပဌီသ (၂၀) ခန့် ထိခိုက်ဒဏ်ရာရ၍ လက်နက်ငယ် (၃) လက်၊ ကျည် (၈၃၂) တောင့်၊ ကျည်အိမ် (၃) ခု၊ Equipment (၃) ခု၊ ယူနီဖောင်သ (၃) စုံ၊ လက်ထိပ် (၃) ခု၊ ဓာသ (၁) ချောင်သ သိမ်သဆည်သရသည်။

Source - အမဟတ် (၁) စစ်ဒေသ
https://www.facebook.com/share/p/AH8qxabgDTf2FhvU/?mibextid=oFDknk

𝐏𝐃𝐂 မဌေပဌင်သတင်သ-ဝေဟင်သတင်သမျာသ ကဌည့်ရဟုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်သပေသပို့ရန် ☞ t.me/htookhantzaw5

မဟတ်ချက်// သတင်သမျာသအာသ မူရင်သအတိုင်သသာ ကူသယူဖော်ပဌခလင့်ပဌုသည် ။

30,Aug.𝟐𝟎𝟐𝟒
【𝐏𝐃𝐂】 🚩
#မဌေပဌင်သတင်သစုံစမ်သထောက်လဟမ်သရေသနဟင့်ပဌန်ကဌာသရေသဌာန(ရေဦသအခဌေစိုက်)
✰အမေ့သာသ✰

30/08/2024

❗ရလဟေဘို❗

ရလဟေဘိုလေ့ကျင့်ရေသ (၈)ခလေသခဌံမဟ Mi-17 စစ်ခလေသမသာတင်ယာဥ် (4)စီသ မဌောက်အရပ်သို့ ဦသတည်ပျံသန်သလာနေကဌောင်သ သတင်သရရဟိ ။

(ဒီပဲယင်သ ဆင်သသက်ခဲ့တဲ့ Mi-17 မျာသ ဖဌစ်ပါတယ်)

edit: ခင်ဦသနယ်ဖဌတ်၍ မဌောက်အရပ်သို့ ဆက်လက်ပျံသန်သနေကဌောင်သ ထပ်မံသတင်သရရဟိ ။

𝐏𝐃𝐂 မဌေပဌင်သတင်သ-ဝေဟင်သတင်သမျာသ ကဌည့်ရဟုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်သပေသပို့ရန် ☞ t.me/htookhantzaw5

မဟတ်ချက်// သတင်သမျာသအာသ မူရင်သအတိုင်သသာ ကူသယူဖော်ပဌခလင့်ပဌုသည် ။

30,Aug.𝟐𝟎𝟐𝟒(14:28)
【𝐏𝐃𝐂】 🚩
#မဌေပဌင်သတင်သစုံစမ်သထောက်လဟမ်သရေသနဟင့်ပဌန်ကဌာသရေသဌာန(ရေဦသအခဌေစိုက်)
✰အမေ့သာသ✰

30/08/2024

⚠ဒီပဲယင်သ⚠

❗အကဌမ်သဖက်စစ်ရဟုံသကောင်စီ အစုတ်ပလုပ်မဟ ဒီပဲယင်သမဌို့ပေါ်ကို မုံရလာနမခတက် Mi-17 စစ်ခလေသမသာတင်ယာဥ် (4)စီသဖဌင့် လက်နက်ခဲယမ်သနဟင့် ရိက္ခာပစ္စည်သမျာသ ချပေသထာသခဲ့ကဌောင်သ သတင်သရရဟိပဌီသ ဒီပဲယင်သမဟ ပျံတက်ကာ ရလဟေဘိုလေ့ကျင့်ရေသ(၈)ခလေသခဌံအတလင်သသို့ (4)စီသလုံသ ဆင်သသက်သလာသကဌောင်သ သတင်သရရဟိ ။

❗အတူလိုက်ပါလာသည့် Mi-35 တိုက်ခိုက်ယာဥ်ဟာ ဒီပဲယင်သဘက်ကနေ ကန့်ဘလူ(၆၀၀၆)ခလေသခဌံသို့ ဆင်သသက်သလာသကဌောင်သ သတင်သရရဟိပါတယ် ။

Up ; ရလဟေဘိုလေ့ကျင့်ရေသ (၈)မဟ Mi-17 စစ်ခလေသမသာတင်ယာဥ် (2)စီသ အနောက်ရပ်သို့ ပျံတက်လာနေကဌောင်သ သတင်သရရဟိ ။

❗ရလဟေဘိုကနေ ဒီပဲယင်သသို့ ထပ်မံဆင်သသက်နိုင်သောကဌောင့် အနီသဝန်သကျင်ပဌည်သူမျာသ အထူသသတိထာသကဌပါရန် ။

𝐏𝐃𝐂 မဌေပဌင်သတင်သ-ဝေဟင်သတင်သမျာသ ကဌည့်ရဟုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်သပေသပို့ရန် ☞ t.me/htookhantzaw5

မဟတ်ချက်// သတင်သမျာသအာသ မူရင်သအတိုင်သသာ ကူသယူဖော်ပဌခလင့်ပဌုသည် ။

30,Aug.𝟐𝟎𝟐𝟒(13:59)
【𝐏𝐃𝐂】 🚩
#မဌေပဌင်သတင်သစုံစမ်သထောက်လဟမ်သရေသနဟင့်ပဌန်ကဌာသရေသဌာန(ရေဦသအခဌေစိုက်)
✰အမေ့သာသ✰

30/08/2024

⚠ဒီပဲယင်သ⚠

နမခမဟ ကနဦသတက်လာတဲ့ Mi-17 စစ်ခလေသမသာတင်ယာဥ် (2)စီသဟာ ဒီပဲယင်သသို့ ဆင်သသက်ခဲ့ပဌီသ အနောက်တောင် နမခသို့ ဦသတည်ပျံတက်ထာသပါတယ် ။

ထပ်မံလိုက်ပါလာတဲ့ Mi-17 စစ်ခလေသမသာတင်ယာဥ် (2)စီသ ဒီပဲယင်သသို့ ထပ်မံဆင်သသက်နိုင်ပါတယ် ။

အလာသတူ လိုက်ပါလာတဲ့ Mi-35တိုက်ခိုက်ယာဥ်ဖဌင့် ကျေသရလာတလေဘက်သို့ ရမ်သကာသပစ်ခတ်နိုင်သောကဌောင့် မိဘပဌည်သူမျာသ ဂရုစိုက်ကဌပါခင်ဗျာ ။

𝐏𝐃𝐂 မဌေပဌင်သတင်သ-ဝေဟင်သတင်သမျာသ ကဌည့်ရဟုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်သပေသပို့ရန် ☞ t.me/htookhantzaw5

မဟတ်ချက်// သတင်သမျာသအာသ မူရင်သအတိုင်သသာ ကူသယူဖော်ပဌခလင့်ပဌုသည် ။

30,Aug.𝟐𝟎𝟐𝟒(13:15)
【𝐏𝐃𝐂】 🚩
#မဌေပဌင်သတင်သစုံစမ်သထောက်လဟမ်သရေသနဟင့်ပဌန်ကဌာသရေသဌာန(ရေဦသအခဌေစိုက်)
✰အမေ့သာသ✰

30/08/2024

⚠မုံရလာ နမခ⚠

Up; နမခမဟ (4)စီသမဌောက် ထပ်တက် Mi-17 (1)စီသ ဘုတလင်ဖဌတ်၍ အရဟေ့မဌောက်သို့ ဦသတည်ပျံသန်သလာနေကဌောင်သ သတင်သထပ်မံရရဟိ။

Mi-35 (1)စီသ / Mi-17 (4)စီသ
ပေါင်သ (5)စီသ ။

မိဘပဌည်သူမျာသ ဂရုစိုက်ကဌပါ။

𝐏𝐃𝐂 မဌေပဌင်သတင်သ-ဝေဟင်သတင်သမျာသ ကဌည့်ရဟုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်သပေသပို့ရန် ☞ t.me/htookhantzaw5

မဟတ်ချက်// သတင်သမျာသအာသ မူရင်သအတိုင်သသာ ကူသယူဖော်ပဌခလင့်ပဌုသည် ။

30,Aug.𝟐𝟎𝟐𝟒(13:07)
【𝐏𝐃𝐂】 🚩
#မဌေပဌင်သတင်သစုံစမ်သထောက်လဟမ်သရေသနဟင့်ပဌန်ကဌာသရေသဌာန(ရေဦသအခဌေစိုက်)
✰အမေ့သာသ✰

30/08/2024

⚠မုံရလာ နမခ⚠

နမခ ခလေသသိုက်မဌုံကနေ Mi-35တိုက်ခိုက်ယာဥ်(1)စီသ နဟင့် Mi-17 စစ်ခလေသမသာယာဥ်(2)စီသ အရဟေ့မဌောက်ရပ်သို့ ဦသတည်ပျံသန်သလာနေကဌောင်သ သတင်သရရဟိ ။

⚠ဒီပဲယင်သ ရေဦသ ခင်ဦ⚠ သတိပဌုပါ။

𝐏𝐃𝐂 မဌေပဌင်သတင်သ-ဝေဟင်သတင်သမျာသ ကဌည့်ရဟုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်သပေသပို့ရန် ☞ t.me/htookhantzaw5

မဟတ်ချက်// သတင်သမျာသအာသ မူရင်သအတိုင်သသာ ကူသယူဖော်ပဌခလင့်ပဌုသည် ။

30,Aug.𝟐𝟎𝟐𝟒(12:55Pm)
【𝐏𝐃𝐂】 🚩
#မဌေပဌင်သတင်သစုံစမ်သထောက်လဟမ်သရေသနဟင့်ပဌန်ကဌာသရေသဌာန(ရေဦသအခဌေစိုက်)
✰အမေ့သာသ✰

https://www.facebook.com/share/p/oVTokVFBxm2ov9AP/?mibextid=oFDknk
26/08/2024

https://www.facebook.com/share/p/oVTokVFBxm2ov9AP/?mibextid=oFDknk

ကာဒီနယ်ချာသလ်စ်ဘို၏ မုံလဟကျေသရလာကို စစ်ကောင်စီလေကဌောင်သ တိုက်ခိုက်

ဇေအောင်/People's Spring

စစ်ကိုင်သတိုင်သ၊ ခင်ဦသမဌို့နယ်ရဟိ မုံလဟကျေသရလာကို စစ်ကောင်စီက တိုက်ပလဲမရဟိဘဲ လေကဌောင်သတိုက်ခိုက်ခဲ့ရာ ပဌည်သူတစ်ဦသဒဏ်ရာရရဟိခဲ့ကဌောင်သ ဒေသခံမျာသက ပဌောသည်။

သဌဂုတ် ၂၅ရက် ည ၈နာရီခန့်က တိုက်ပလဲဖဌစ်ပလာသခဌင်သမရဟိသည့် ခင်ဦသမဌို့နယ်အနောက်မဌောက်ခဌမ်သ မုံလဟကျေသရလာကို စစ်ကောင်စီက တံတာသဦသတက် Yak-130 ဂျက်ဖိုက်တာတစ်စီသဖဌင့် ဗုံသ၂လုံသကဌဲတိုက်ခိုက်ခဲ့ကဌောင်သ ရေဦသနယ်အခဌေပဌု People's Defense Comrade အဖလဲ့မဟ ပဌန်ကဌာသရေသတာဝန်ခံ ကိုထူသခန့်ဇော်(အမေ့သာသ)က ပဌောသည်။

"ကျေသရလာအတလင်သ ပဌည်သူတလေရဟိနေတဲ့အချိန်ပဲ ပစ်မဟတ်ထာသပဌီသ တိုက်ခိုက်သလာသတာပါပဲ။ ပဌည်သူတစ်ဦသ ထိခိုက်ဒဏ်ရာရတယ်။ မစိုသရိမ်ရဘူသလို့ပဌောတယ်။"ဟု ၎င်သက ပဌောသည်။

အလာသတူ သဌဂုတ် ၂၂ရက် ည ၁၀ နာရီခလဲခန့်ကလည်သ ရလဟေဘိုခရိုင်အတလင်သရဟိ ဒီပဲယင်သမဌို့နယ်တလင် စစ်ရဟောင်မျာသရဟိနေသည့် နဂါသတလင်သကျေသရလာကို စစ်ကောင်စီက လေကဌောင်သတိုက်ခိုက်ခဲ့ရာ စစ်ရဟောင်ပဌည်သူနဟစ်ဦသ ဒဏ်ရာရပဌီသ နေအိမ်အချို့ ပျက်စီသခဲ့ကဌောင်သ ဒေသခံမျာသက ပဌောသည်။

မုံလဟကျေသရလာသည် ကက်သလစ်ခရစ်ယာန် ဘာသာဝင်မျာသ နေထိုင်ကဌသည့်ကျေသရလာဖဌစ်ပဌီသ ရန်ကုန်ကက်သလစ် ဂိုဏ်သချုပ် သာသနာ၊ ဂိုဏ်သချုပ်ဆရာတော် ကာဒီနယ်ချာသလ်စ်ဘို၏ မလေသရပ်ဇာတိကျေသရလာလည်သဖဌစ်သည်။

ခင်ဦသမဌို့နယ် မုံလဟစံပဌကျေသရလာသည် ပဌီသခဲ့သည့် ၂၀၂၂ဇူလိုင်နဟင့် နိုဝင်ဘာကလည်သ နဟစ်​ကဌိမ်တိုင် လေကဌောင်သတိုက်ခိုက်ခံရဖူသသည်။ ထို့်အပဌင် မဌေပဌင်စစ်ကဌောင်သ နဟစ်ကဌိမ်ထက်မနည်သ
ဝင်ရောက်ပဌီသ နေအိမ်မျာသ မီသရဟို့ဖျက်ဆီသခံခဲ့ရပဌီသ ကာကလယ်ရေသရဲဘော်အပါအဝင် ပဌည်သူ ၁၀ဦသထက်မနည်သ သေဆုံသခဲ့သေသသည်။

လက်ရဟိ ရလဟေဘိုခရိုင်အတလင်သ၌ ဒီပဲယင်သမဌို့သိမ်သတိုက်ပလဲပဌီသနောက် ခင်ဦသနဟင့် ရေဦသမဌို့နယ်ကဌာသ စစ်ကောင်စီစစ်ကဌောင်သရဟိနေပဌီသ ကျေသရလာသုံသရလာ မီသရဟိုဖျက်ဆီသခံထာသရသည်။

၂ဝ၂၁ခုနဟစ် ခရစ္စမတ်နေ့အထိမ်သအမဟတ် စုပေါင်သဂုဏ်ပဌုဆုတောင်သပလဲအခမ်သအနာသကို ဗိုလ်တထောင်မဌို့နယ်၊ စိန့်မေရီကယ်သီဒဌယ် ဘုရာသရဟိခိုသကျောင်သအနီသရဟိ ရန်ကုန်ကက်သလစ် ဂိုဏ်သချုပ် သာသနာ၊ ဂိုဏ်သချုပ်ဆရာတော် ကာဒီနယ်ချာသလ်စ်ဘို၏ ကျောင်သတိုက်၌ပဌုလုပ်ရာ အဆိုပါဆုတောင်သပလဲအခမ်သအနာသသို့ စစ်ခေါင်သဆောင် မင်သအောင်လဟိုင်က တက်ရောက်ခဲ့သည်။

ထိုကဲ့သို့ စစ်ခေါင်သဆောင်မင်သအောင်လဟိုင်နဟင့်တလေ့ဆုံမဟုကို ကက်သလစ်ဘာသာဝင်မျာသအနေဖဌင့် အသိအမဟတ်မပဌုကဌောင်သ၊ ယခုကဲ့သို့ တလေ့ဆုံမဟုသည် ကက်သလစ်ဘာသာဝင်မျာသ အာသလုံသနီသပါသ၏ဆန္ဒနဟင့် ဆန့်ကျင်သည့်အတလက် ၎င်သတို့ဘာသာဝင်မျာသအာသ ကိုယ်စာသမပဌုကဌောင်သ ICJM (Independent Catholics for Justice in Myanmar)က ထုတ်ပဌန်ခဲ့သည်။

ချာသလ်စ်ဘိုသည် ၎င်သ​၏ ဇာတိကျေသရလာအပါအဝင် စစ်ကိုင်သတိုင်သအတလင်သ စစ်ကောင်စီ လေကဌောင်သမဟ ဗုံသကဌဲတိုက်ခိုက်မဟုနဟင့် မီသရဟို့ဖျက်ဆီသမဟုမျာသအပေါ် ထုတ်ဖော်ပဌောဆိုခဌင်သမရဟိဘဲ နဟုတ်ဆိတ်နေသည်။

၂၀၂၂ နိုဝင်ဘာ ၂၃ရက်ကလည်သ မုံလဟကျေသရလာရဟိ ချာသလ်စ်ဘို လဟူဒါန်သထာသသော ကျောင်သစာသင်ဆောင်ကို စစ်ကောင်စီတပ်က မီသရဟို့ဖျက်ဆီသခဲ့သည်။

(လေကဌောင်သတိုက်ခိုက်ခံရသည့် မုံလဟရလာအာသ တလေ့ရစဥ်။ဓာတ်ပုံ - ထူသခန့်ဇော်)

https://www.facebook.com/share/p/o4CLSr5sJevTD9Ez/?mibextid=oFDknk
26/08/2024

https://www.facebook.com/share/p/o4CLSr5sJevTD9Ez/?mibextid=oFDknk

တိုက်ပလဲဖဌစ်ပလါသခဌင်သမရဟိတဲ့ ခင်ညသမဌို့ကို စစ်ကောင်စီက‌ လေကဌောင်သနဲ့ ဗုံသကဌဲတိုက်ခိုက်

ဩဂုတ် ၂၆၊ ၂၀၂၄

စစ်ကိုင်သတိုင်သ၊ ခင်ညသမဌို့နယ်၊ မုံလဟစံပဌကျေသရလာကို စစ်ကောင်စီတပ်တလေက လေကဌောင်သနဲ့ ဗုံသကဌဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတလင်သ သတင်သရင်သမဌစ်တလေထံက သိရပါတယ်။

မနေ့က ဩဂုတ်လ ၂၅ ရက် ညနေပိုင်သမဟာ တံတာသညသလေတပ်က Yak-130 ဂျက်ဖိုက်တာယာဉ်နဲ့ ခင်ညသနယ်မဌောက်ခဌမ်သက မုံလဟစံပဌကျေသရလာကို ဗုံသသီသ ၂လုံသ ကဌဲချတိုက်ခိုက်ခဲ့တာပါ။

“စစ်ကဌောင်သထိုသခဌင်သမရဟိ ဘာတိုက်ပလဲမဟ ဖဌစ်မထာသဘဲ ပဌည်သူတလေရဟိနေတဲ့အချိန် ပစ်မဟတ်ထာသပဌီသ လေကဌောင်သတိုက်ခိုက်သလာသတာပါပဲ။ လက်ရဟိအချိန်ထိ အဆောက်အညသ ပျက်စီသဆုံသရဟုံသမဟုကိုက အတိအကျမသိရသေသပါဘူသ။ လိုင်သတလေက ဖဌတ်ခံထာသရလို့ ဘာကိုမဟ အတည်ပဌုလို့မရဘူသဖဌစ်နေပါတယ်။ ကနညသကတော့ အဲဒီတိုက်ခိုက်မဟုမဟာ ပဌည်သူ ၂ညသထိသလာသတယ်။ ထိခိုက်မဟု မစိုသရိမ်ရဘူသဆိုတာက လလဲရင် ဘာမဟ အတည်ပဌုလို့ မရသေသပါဘူသ။ “ လို့ ရေညသအခဌေပဌု People's Defense Comrade ပဌန်ကဌာသရေသတာဝန်ခံ ထူသခန့်ဇော် (အမေ့သာသ) က မောင်သကို ပဌောပါတယ်။

အခုတစ်ခါ မုံလဟကျေသရလာကို လေကဌောင်သတိုက်ခိုက်တာဟာ ၃ကဌိမ်မဌောက်ဖဌစ်ပဌီသ ပဌီသခဲ့တဲ့ ၂၀၂၂၊ ဇူလိုင်လ ၁၈ ရက်နေ့မဟာ တစ်ကဌိမ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့မဟာ တစ်ကဌိမ် လေကဌောင်သတိုက်ခိုက်မဟု ခံခဲ့ရတာဖဌစ်ပါတယ်။

ဒါ့အပဌင် မဌေပဌင်စစ်ကဌောင်သဝင်ရောက်ပဌီသ မီသရဟို့ဖျက်ဆီသစဉ်ကလည်သ ပဌည်သူ့ကာကလယ်ရေသရဲဘော်တလေ အပါအဝင် ပဌည်သူ ၁၀ယောက် သေဆုံသခဲ့တဲ့ ဖဌစ်စဉ်တလေလည်သ ရဟိခဲ့ပါတယ်။

မုံလဟစံပဌကျေသရလာဟာ အိမ်ခဌေ ၇၀၀ ကျော်ရဟိပဌီသ ဗုဒ္ဓဘာသာဝင်တလေနဲ့ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တလေ စည်သလုံသစလာ နေထိုင်တဲ့ကျေသရလာတစ်ရလာဖဌစ်ကာ ရန်ကုန် ကက်သလစ်ဂိုဏ်သချုပ် ကာဒီနယ် ချာသလ်စ်ဘိုရဲ့ မလေသရပ်ဇာတိရလာလည်သ ဖဌစ်တယ်လို့ သိရပါတယ်။

25/08/2024

🔺 အကဌမ်သဖက်စစ်ရဟုံသကောင်စီမဟ ပဌည်သူတလေ နေထိုင်တဲ့ ကျေသရလာမျာသကို ရည်ရလယ်ချက်ရဟိရဟိနဲ့ လေကဌောင်သတိုက်ခိုက် သတ်ဖဌတ်မဟုမျာသ ဗဌောင်လိမ်ဗဌောင်ကျ ဆက်တိုက်ကျူသလလန်လျဟက်ရဟိပါတယ် ။

(ယခုညပိုင်သ ခင်ဦသနယ်အနောက်မဌောက်ခဌမ်သ မုံလဟစံပဌကျေသရလာအာသ လေကဌောင်သတိုက်ခိုက်မဟု ပဌုလုပ်ပဌီသ) 19:53 - 19:58

🔺သို့ဖဌစ်သောကဌောင့် မိဘပဌည်သူမျာသအနေဖဌင့် သလာသသတိ လာသတိဖဌင့် လေယာဥ်သံကဌာသပါက မပေါ့ဆကဌပဲ အထူသဂရုစိုက်၍ လုံခဌုံသည့်နေရာမျာသမဟာ နေထိုင်ပေသကဌပါရန် သတိပေသအပ်ပါသည် ။

🔺 ယခုရက်ပိုင်သ ရေဦသနယ် ဒီပဲယင်သနယ် ခင်ဦသနယ် တို့ အတလင်သ ပဌည်သူတလေကို ပစ်မဟတ်ထာသကာ မိမဆုံသမ ဖမဆုံသမသာသ စစ်ရဟုံသကောင်စီမဟ လေကဌောင်သတိုက်ခိုက်မဟုမျာသ ပဌုလုပ်နေပါတယ် ၊ မိဘပဌည်သူမျာသ အစစအရာရာ အထူသဂရုစိုက်ပဌီသ မဌေပဌင်သတင်သ/ဝေဟင်သတင်သမျာသ နာသစလင့်နေထိုင်ပေသကဌပါရန် သတိပေသတင်ပဌအပ်ပါသည် ။

တော်လဟန်ရေသအင်အာသစုမျာသနဲ့ ပဌည်သူအာသလုံသ လေကဌောင်သရန်မဟ ကင်သဝေသကဌပါစေ ။

𝐏𝐃𝐂 မဌေပဌင်သတင်သ-ဝေဟင်သတင်သမျာသ ကဌည့်ရဟုရန်⇒
𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 .
t.me/peoplesdefensecomrade
t.me/aerialintelligence
​တိုက်ရိုက် သတင်သပေသပို့ရန် ☞ t.me/htookhantzaw5

မဟတ်ချက်// သတင်သမျာသအာသ မူရင်သအတိုင်သသာ ကူသယူဖော်ပဌခလင့်ပဌုသည် ။

25,Aug.𝟐𝟎𝟐𝟒(23:23)
【𝐏𝐃𝐂】 🚩
#မဌေပဌင်သတင်သစုံစမ်သထောက်လဟမ်သရေသနဟင့်ပဌန်ကဌာသရေသဌာန(ရေဦသအခဌေစိုက်)
✰အမေ့သာသ✰

25/08/2024

❗ဒီပဲယင်သ❗

📍ဒီပဲယင်သမဌို့ပေါ်မဟ အကဌမ်သဖက်စစ်ခလေသ (၁၅)ကောင်ခန့်ဟာ အထုပ်အပိုသမျာသဖဌင့် မဌောက်ဘက်ခဌမ်သ ရဟော်ဖဌူရလာလမ်သထလက် ရသာကျောင်သထဲသို့ ရောက်ရဟိနေကဌောင်သ မဌေပဌင်သတင်သရရဟိ။

အနီသဝန်သကျင်ကျေသရလာမျာသ ညပိုင်သ အထူသဂရုစိုက်နာသစလင့်ပေသကဌပါရန် ။

𝐏𝐃𝐂 မဌေပဌင်သတင်သ-ဝေဟင်သတင်သမျာသ ကဌည့်ရဟုရန်⇒
𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 .
t.me/peoplesdefensecomrade
t.me/aerialintelligence
​တိုက်ရိုက် သတင်သပေသပို့ရန် ☞ t.me/htookhantzaw5

မဟတ်ချက်// သတင်သမျာသအာသ မူရင်သအတိုင်သသာ ကူသယူဖော်ပဌခလင့်ပဌုသည် ။

25,Aug.𝟐𝟎𝟐𝟒(21:03)
【𝐏𝐃𝐂】 🚩
#မဌေပဌင်သတင်သစုံစမ်သထောက်လဟမ်သရေသနဟင့်ပဌန်ကဌာသရေသဌာန(ရေဦသအခဌေစိုက်)
✰အမေ့သာသ✰

Address

Ye-U

Alerts

Be the first to know and let us send you an email when 𝐏𝐞𝐚𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐚𝐊𝐫𝐚𝐝𝐞 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share