13/09/2021
ရေဦးမြို့၊အောင်မင်္ဂလာရပ်ကွက်ရှိ မင်္ဂလာရာမ ပရိယတ္တိစာသင်တိုက်အတွင်း သတင်းသုံးတော်မူကြသော ရဟန်း ၂၄ပါး၊သာမဏေ ၃၂ပါး စုစုပေါင်း ၅၆ပါးအား မြို့နယ်ကိုဗစ်ကော်မတီ၏ကြီးကြပ်မှုဖြင့် (၁၃၊၉၊၂၀၂၁)ရက်နေ့ (၁၀၀၀)နာရီတွင် ကိုဗစ်ပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ သာမဏေ ၅ပါးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပါကြောင်း သိရှိရပါသည်။