ရန်ကုန်တိုင်ဒေသကြီး သတင်းစုံ

  • Home
  • Myanmar
  • Yangon
  • ရန်ကုန်တိုင်ဒေသကြီး သတင်းစုံ

ရန်ကုန်တိုင်ဒေသကြီး သတင်းစုံ သတင်း

26/10/2023

😆😆

26/10/2023

16/10/2023

mingalarsports.com/register?referral_id=ref-QeITN-XoJqr-O9olw-UfwW8

14/10/2023

2tigersgaming.com/register?referral_id=ref-S7IKW-FEk3c-P2xOG-eyN81

 #5.10.2022.....လွမ်းမိတဲ့.....ထွေးညို။၁၉၆၂ခု...ကာလဆီကပေါ့။...တွံတေးသိန်းတန်ဆိုတဲ့၊ဓာတ်ပြား..အဆိုတော် တစ်ယောက်က...ထွေးညိ...
05/10/2023

#5.10.2022.....လွမ်းမိတဲ့.....ထွေးညို။
၁၉၆၂ခု...ကာလဆီကပေါ့။...တွံတေးသိန်းတန်ဆိုတဲ့၊ဓာတ်ပြား..အဆိုတော် တစ်ယောက်က...ထွေးညိုနဲ့..အတူ...မြန်မာပြည်အနှံ့..ချေဆန့်ခဲ့ဘူးပါတယ်။
တောရော..မြို့ပါမကျန်..ကျေးလက်ဒေသတွေအထိ...လူကြီး-ခလေးတွေနဲ့
ရဟန်းတော်တွေအပါအဝင်..ထွေးညိုကို..သိခဲ့ကြတယ်။
ထိုစဉ်က..ကိုသိန်းတန်က.၂၁ နှစ်အရွယ်( ၂၆-၉-၁၉၄၁ဖွား)...မြန်မာ့အသံက..အောက်တန်း
စာရေးလေး။...ကိုယ်တွေကတော့..ခလေးကြီးအရွယ်။...အသက်-၁၁နှစ်..၅ တန်း
ကျောင်းသားလေး။..ထွေးညို..ရဲ့အသံက...တောရော..မြို့ပါ...တစ်ကျော်ကျော်
နဲ့..ဟိုနားက..ကြားလိုက်..ဒီနားကကြားလိုက်..ဆိုတော့..ဘာမှန်းမှ..နားမလယ်တတ်သေးတဲ့..ကိုယ်တို့..ခလေးတွေတောင်မှ..ထွေးညိုနဲ့,,ယဉ်ပါးလာကြပါတယ်။
လူကြီးတွေကတော့..ပြောတယ်။..ကိုသိန်းတန်ဆိုတာက..တွံတေးမြို့နယ်၊ရှမ်းစုကြီးရွာသားတဲ့။..ငယ်ငယ်ကထဲက..အဆို-အတီးကို..ဝါသနာ ပါတာတဲ့။
၁၉၅၆ခုတုန်းက..မြန်မာ့အသံကနေ..သီချင်း..၂ ပုဒ်လွှင့်ဘူးပေမယ့်..လူတွေက
သတိမထားမိကြဘူး..ဆိုဘဲ။..၁၉၆၀-၆၁..လောက်ကြတော့မှ...(မျက်ရည်စမ်းဖြင့်
ခမ်းလေပြီ)..ဆိုတဲ့..သီချင်းကို..ကိုယ်တိုင်..ရေးဆို..လိုက်တော့...ဂီတလောကသား
တွေက..သူ့ကို..အလေးထားလာကြတယ်။...လူရာဝင် သွားတယ်လို့ဘဲ..ဆိုပါ
တော့။...၁၉၅၉ခုနှစ်မှာ..သူက.၉ တန်းအောင်တယ်။..အဲဒီတုန်းက..၉ တန်းက
အစိုးရစစ်။..တန်းမြင့်ကျောင်းထွက်လက်မှတ်ရစာမေးပွဲလို့လည်း..ခေါ်ကြတယ်။High School Final.>.၉ တန်း
အောင်ရင်...အောက်တန်းစာရေး၊ မူလတန်းပြဆရာ...စသဖြင့်..ဝင်ပြီးလုပ်လို့ရ
တယ်လေ။..လစာကတော့..၁၂၆ ကျပ်။...အဲဒီလစာက..ခလေးငါးယောက်
လောက် မွေးထားတဲ့..အိမ်ထောင်စုတစ်ခုကို..ထမင်းဝအောင်ကြွေးထားနှိုင်တဲ့
ကာလ။..ကိုယ်တောင်မှ..အဲဒီခေတ်ကို မှီလိုက်သေးတယ်။...၁၉၆၆ခုမှာပေါ့။အ
သက် ၁၅ နှစ်ပြည့်မှ..ဖြေခွင့်ရတဲ့..၉..တန်းစာမေးပွဲကို..၁၄ နှစ်ကျော်ကျော်နဲ့..
အသက်လိမ်ပြီး..ဝင်ဖြေတာ..နှစ်ခြင်းပေါက်အောင်သွားတယ်။..နောက်..တစ်နှစ်
၊ နှစ်နှစ်လောက်ရှိတော့..အဲဒီစံနစ်လည်း ပျက်သွားပါကရော။
ကိုသိန်းတန်က..၁၉၆၁ခုမှာ...အောက်တန်းစာရေး ရာထူးနဲ့..မြန်မာ့အသံမှာ..ဝင်
လုပ်ပါတယ်။...ရေခံ မြေခံကောင်းသွားတာပေါ့။..သူနဲ့ သင့်တော်တဲ့ ပတ်ဝန်း
ကျင်လေ။ဒေါ်တင်တင်မြတို့..ဒေါ်မာမာအေးတို့လည်း..ရှိတယ်မဟုတ်လား။
သိတ်မကြာပါဘူး။..၁၉၆၂ခု..ကြတော့..သူကိုယ်တိုင် ရေးဆိုထားတဲ့..(ထွေးညို)
ဆိုတဲ့..ဓာတ်ပြားသီချင်းထွက်လာပါတော့တယ်.။..ထိုစဉ်က..ခေတ်စားနေတဲ့၊
ကိုမြကြီး-ကိုမင်းသူ-မောင်မောင်ညွန့်..စတဲ့..တေးသံရှင်တွေနဲ့..မူမတူဘဲ..တစ်မူ
ထူးခြား..နေတာကြောင့်...အသစ်ကိုမှ..တမ်းတနေကြတဲ့..သီချင်းချစ်သူတွေကြား
မှာ..လျမ်းလျမ်းတောက်အောင်..ပေါက်သွားပါတော့တယ်။....အထူးသဖြင့်တော့
ကျေးလက်က...ပရိသတ်ပေါ့။..ကိုသိန်းတန်ရဲ့..သီချင်းလေးတွေက..ကျေးလက်
ကို အခြေခံပြီး...လက်တွေ့ဘဝတွေနဲ့..နီးစပ်တာမို့..ခေတ်စကားနဲ့..ပြောရယင်၊
ဟတ်ထိဘို့လွယ်ပါတယ်။
ထွေးညို...က..ဘယ်လောက်ထိ..အောင်မြင်သလည်းဆိုတော့...တောသူမလေး..ချောချောတွေကို..နာမည်မသိယင်..ထွေးညိုရယ်လို့..တင်စားပြီး..ခေါ်ကြတဲ့
အထိပါဘဲ။..ကိုသိန်းတန်က..ရုပ်အချောကြီးမဟုတ်ပေမယ့်...ခေသူတော့ မဟုတ်
လှဘူး။...ပြီးတော့..ထွေးညို..သီချင်းက..ရှေ့တန်းမှာ..တာဝန်ထမ်းဆောင်နေရ
တဲ့..စစ်သားတစ်ယောက်ရဲ့ခံစားမှုကို..အခြေပြုထားတာဆိုတော့...တောရောမြို့
ပါ..ချစ်ခင်ကြတဲ့..ကိုသိန်းတန်ကို...မင်းသားတင်ပြီး..ထွေးညို..သီချင်းကို..ရုပ်
ရှင်အဖြစ်...အသက်ဝင်ပေးရင်..အောင်မြင်မယ်လို့..ရုပ်ရှင်လောကသားတွေက၊
စဉ်းစားမိကြပြီး၊..မင်းသမီး..ခင်သန်းနုနဲ့...တွဲလို့...၁၉၆၄ခုမှာ..ထွေးညိုကို..ရုပ်ရှင်အဖြစ်ဖန်
တီးလိုက်ကြပါတော့တယ်။ဇာတ်ရံကတော့..ဌေးဝင်းပေါ့။
ကိုသိန်းတန်ရဲ့ပရိသတ်ကလည်း...သူတို့ရဲ့ဆယ်လီကို..မင်းသားအသွင်နဲ့..မြင်
ချင်တာရယ်...ထွေးညိုလေးကို ချစ်တာရယ်..ပေါင်းစပ်မိတော့..ထွေးညိုရုပ်ရှင်
ကလည်း..အောင်မြင်ပြီးနောက်...အဲဒီကစလို့..ကိုသိန်းတန်တစ်ယောက်..အဆိုတော်
ဘဝကနေ..ရုပ်ရှင်မင်းသားအဖြစ်ပါ..တွဲဖက်သရုပ်ဆောင်လိုက်တာ..စုစုပေါင်း
ဇာတ်ကားကြီး(၆၇)ကားတောင်..ရိုက်လိုက်ရပါတယ်။
အသံသွင်း..ကက်ဆက်ဇာတ်လမ်းတွေ..ခေတ်စားတော့လည်း..ကိုသိန်းတန်အသံနဲ့..ဇာတ်လမ်းတွေက..ထွက်လာပြန်ပါကရော။..သူ့အသံနဲ့..စကားပြောဟန်က..
ဝင်းဦး-ထွန်းဝေ-ကောလိပ်ဂျင်နေဝင်း.၊..အကယ်ဒမီဦးသိန်းမောင်....စတဲ့သူတွေလိုဘဲ..အများနဲ့မတူ..တဲ့..ကိုယ်ပိုင်ဟန်
တွေရှိနေတော့..အံဝင်ပြီး...ဂွင်ပါ..ကျနေတော့ တာပေါ့။
အဲဒီက..စပြီး...သီချင်းတွေကို..ဆက်တိုက်ဆိုခဲ့တာ...အားလုံး၊ ပုဒ်ရေဘယ်
လောက်ဆိုတာကိုသူတောင်မှ ( တိတိကျကျ) မသိဘူးဆိုဘဲ။..ဒါပေမယ့်..မှတ်
မိသမျှတွေကို..စာရင်းပြုကြည့်တော့..ပုဒ်ရေ( ၃၂၀)လောက်..ရှိပါတယ်..တဲ့။
ကိုယ်တော်ချောက..သီချင်းဆိုရုံတင်မက..သီချင်းလည်း ရေးတဲ့အပြင်...လုံးချင်း
ဝထ္ထုရှည်လည်း...အုပ်(၂၀)လောက်လည်း..ရေးခဲ့သေးသဗျ။..
ဒါနဲ့တင်..အားမရလို့..၁၉၇၄ခုမှာ...ဇာတ်အဖွဲ့ကို ထူထောင်ပြီး၊..နယ်လှည့်လို့..က
ပြရင်း...ပြဇာတ်မင်းသားပါ..လုပ်ခဲ့တဲ့..စွယ်စုံ အနုပညာရှင်ပါ။
မိမိဇာတိ..စလင်းမြို့နားက..မြို့လေးတစ်မြို့မှာ..တွံတေးသိန်းတန်ဇာတ်ကတာကိုကြည့်ခွင့် မရတဲ့မိန်းခလေးတစ်ဦးက..သူ့ကိုယ်သူ..သတ်သေဘို့ထိ ကျိုး စားခဲ့ဘူးပါတယ်။
သူက..အိမ်ထောင်နှစ်ဆက်။..ပထမအိမ်ထောင်..ဒေါ်ခင်စန်းမြင့်နဲ့..သားသမီး
လေးဦး၊...ဒုတိယအိမ်ထောင်...တေးသံရှင် ချစ်စပါယ် ( ခ ) ဒေါ်သန်းချစ်နဲ့က..
သမီးတစ်ဦး(တေးသံရှင်-ရွှေရည်သိန်းတန်)ကို..မွေးဖွားခဲ့ပါတယ်။
အနုပညာရှင် တစ်ချို့ရဲ့..အားနည်းချက်အတိုင်း...သူက..ယမကာချစ်သူပါ။
ဒါကြောင့်လည်း..အသည်းချို့ယွင်းတော့..မကြာခဏ..ဆေးရုံတက်ရပါတယ်။
သေပြီဆိုတဲ့..သတင်းထွက််ခဲ့တာကလည်း..အကြိမ်ကြိမ်ပါဘဲ။
သူပြော..ငါပြောနဲ့..အရပ်သတင်းအရ...သမတကြီး..ဦးနေဝင်းကလည်း..ကိုသိန်း
တန်ကို..ကြိုက်..ဆိုဘဲ။..ကိုသိန်းတန်က...စစ်သားနဲ့ပတ်သက်တဲ့သီချင်းတွေ..
တော်တော် များများကို..မြန်မာသံနဲ့..ဆိုထားလို့..ထင်ပါရဲ့။..တစ်ခါမတော့..စ
ကားစပ်မိလို့ ဟိုကောင်( တွံတေးသိန်းတန်)..ကော..သေပြီလားကွဟု..မေးပါသ
တဲ့။...ဒါနဲ့..တာဝန်ရှိသူတွေက..ကိုသိန်းတန်ကို..ဇာတ်ကရာကနေ..သွားခေါ်ပြီး
မြန်မာ့အသံ..ရုပ်မြင်သံကြားကနေ..သီချင်းတစ်ပုဒ်ဆိုခိုင်းခဲ့ရပါတယ်တဲ့။
ဟုတ်မဟုတ်..မသိပေမယ့်...အဲဒီသတင်း..မထွက်ခင်..၃-၄-ရက်က..တွံတေးတစ်
ယောက်..ချိတ်ပုဆိုးပန်းရောင်ကို ဝတ်ပြီး...စိမ်းသရဖူစိမ်း....ဆိုတဲ့သီချင်းကို..မြန်
မာ့အသံ ရုပ်မြင်သံကြားက..၁၉၈၈ခုမတိုင်ခင်မှာ..လွှင့်သွားတာကိုတော့..ကိုယ်
တိုင်..မြင်လိုက်ရပါတယ်။

တွံတေးကို..ကျေးလက်က..အကြိုက်များတယ် ဆိုပေမယ့်...မြို့ကြီးသူတွေက လည်း..နှစ်သက်ကြပါတယ်။...နာမည်တော့..မပြောတော့ပါဘူး။..၁၉၆၉-၇၀
လောက်က..စီးပွားရေးတက္ကသိုလ်..မာလာဆောင်မှာ..တွံတေးသိန်းတန်ကို
အလွန် သဘောကြတဲ့..ရွှေဘိုသူ တစ်ဦးရှိသဗျ.။..သူရေချိုးရင်..တွံတေးသီ
ချင်းတွေကို..တစ်ဆောင်လုံး...ညံနေအောင်ဆိုတတ်ပါသတဲ့။..တွံတေးကြီးကို
အလွန်အကျွံ ( ခရေးဇီး) ဖြစ်သူမို့..သူမရဲ့အမည်ရင်း..မxအေး..ဆိုတာပျောက်
သွားပြီး....ရင်းနှီးသူတွေက..ခင်အေးတွံ..လို့..ခေါ်ကြပါတယ်။..တစ်နေ့မတော့
တွံတေးသိန်းတန်..ဆေးရုံတက်နေရာက..အခုတော့..ကွယ်လွန်သွားပြီလို့..သ
တင်းထွက်လာပါတယ်။..ဒီမှာတင်...ခင်အေးတွံ..တစ်ရောက်..စိတ်ဖောက်ပြီး
အဆောင်မှာ..တစ်လူးလူး..တစ်လဲလဲနဲ့..ငိုပွဲဆင်လိုက်တာ...အဆောင်
မှူးတွေတောင်လာပြီး..ထိန်းကြောင်း..ချော့မြှူပေးရတယ်လို့ဆိုပါတယ်။
တက္ကသိုလ်ကျောင်းက..အမျိုးသားဆောင်တွေထဲကိုလည်း..ထွေးညိုက..လာ
တတ်ပါသေးတယ်.။....အောင်မယ်...တော်တော် အတင့်ရဲတယ်။ ရေချိုးခန်း
ထဲထိအောင် လာခဲ့တာ။..၁၉၆၈-၇၅ ကာလ..မိမိတို့.အဆောင်နေ ကျောင်းသား
ဘဝမှာ....ရေချိုးခန်းမင်းသားတွေက..ထွေးညိုကိုဆိုတဲ့အခါမှာ...အပြောင် အပျက်လုပ်ပြီး..ဒီလိုလေးတွေ..ဖျက်ဆိုတတ်ကြပါတယ်။
(သေချင်သေ...သေယင်မြေကြီးပါကွယ်..)အစား(သေချင်သေ...သေရင်-မသာ
ကြီးပါကွယ်..)..ဟုလည်းကောင်း။( ထွေးညိုလေးရယ်....အတွေးဆိုတာ..ဖျောက်
ဖျက်ပြစ်ရမယ်)..အစား( ထွေးညိုလေးရယ်..သေးဆိုတာ..မတ်တတ်ပေါက်ရတယ်)..ဟု..ဆိုတတ်ကျပါ
သည်။
(ထွေးညိုကို..မှန်းဆ..တမ်းတယုံနဲ့..ကျေနပ်ရတယ်ကွယ်..)..ဆိုတာကိုလည်း.ဖျက်ပြီးဆိုကြပေမယ့်..အနည်းငယ်..ညစ်ငြမ်းနေလို့..မဖော်ပြတော့ပါဘူး။

တစ်ကယ်မတော့..တွံတေးသိန်းတန်က...၁၁-၁-၁၉၉၉ ကျမှ..အသည်းကင်
ဆာနဲ့..အမှန်တကယ်...ကွယ်လွန်သွားတာပါ။

အနုပညာလောကအတွက်တော့..အစားထိုးမရတဲ့ဆုံးရှုံးမှုပေါ့။
အားလုံး( ထွေးညို လေးတွေပါမကျန်)ကျန်းမာ..ချမ်းသာကြပါစေ။
စန်းညိုအောင် ( စက်မှုတက္ကသိုလ် )
5-10-2022.

 #တောဝပ်ရှော့---------------------သစ်ပင်တန်းက ညို့နေသည်။ ကျဲဖြာကျနေသော နေရောင်ခြည်က မြေပြင်အား သစ်ပင်စိမ်း အားကိုးနှင့် ...
18/09/2023

#တောဝပ်ရှော့
---------------------

သစ်ပင်တန်းက ညို့နေသည်။ ကျဲဖြာကျနေသော နေရောင်ခြည်က မြေပြင်အား သစ်ပင်စိမ်း အားကိုးနှင့် ပြောက်ကျားဝတ်ရုံ ဆင်မြန်းပေးနေသည်။ လယ်ကွင်းပြင်မှ ရိုးပြတ်များကို ဖြတ်သန်း တိုက်ခတ်လာသော လေပြင်းတချို့သည် အေးမြသော အသွင်သဏ္ဌာန်ကို မဆောင်နိုင်ဘဲ ပူပြင်းမှုကိုသာ အထောက်အကူ ပြုနေ၏။

စိမ့်ထွက်နေသော ဇောချွေးများကို သုတ်ဖယ်ရင်း

“တောက် ဒီဆိုင်ကယ်ကတော့ကွာ...” ဟုမကျေမနပ် ညည်းညူလိုက်မိ၏။ အပြစ်တင်ခံရသော ဆိုင်ကယ်မှာ သူ့ကိုပြောနေသည်ကို သူမဟုတ်သလို ဟန်မျိုးနှင့် ဆယ်တန်းကျောင်းသူ အပျိုလေး တစ်ယောက်ကဲ့သို့ ခြေတစ်ဖက်ထောက်၍ ဆတ်ကော့လတ်ကော့ ဦးမော့နေ၏။ သူလွန်စွာ စိတ်တိုနေသည်။

ထိုဆိုင်ကယ် ပျက်၍ တွန်းလာရသည့် ခရီးက မနည်းလှတော့၊ သူလည်း ဆိုင်ကယ်ကို ယခုမှ အသစ်ကျပ်ချွတ် ဝယ်စီးထားသည့်အတွက် မည်သို့ ပြုပြင်ရမှန်း မသိ... ဝေးခေါင်ပါးလျသော လမ်းမကြီးကို ကြည့်၍ သူစိတ်ပျက်နေ၏။ ဝပ်ရှော့တစ်ခုတော့ တွေ့ နိုင်ကောင်းပါရဲ့... ဟု ဆုတောင်းနေမိ၏။ သို့သော် ဝပ်ရှော့တွေ့ရန် မပြောနှင့် အိမ်ခြေပျပျပင် မမြင်ရသေး။ အနီးဆုံး ဖြတ်ကျော်ခဲ့သော ရွာကလေးပင် မရှိတော့... ဘာပဲဖြစ်ဖြစ် သည်ဆိုင်ကယ်ကို အဆုံးမခံနိုင်သေးသ၍ ဆက်တွန်းပေဦးပေါ့... သူ၏ နောက်ဆုံး မျှော်လင့်ချက်မှာ ဟိုးဝေးဝေးက သီသီပျပျ မြင်နေရသော မီးခိုးငွေ့ ကလေးများ...။

ရိပ်ခနဲကျလာသည့် အအေးဓာတ်က သူ၏ရင်ကို အားတက် နွေးထွေးစေသည်။ ရိုးပြတ်နံ့သင်းသော မြောက်ပြန်လေသည် သူ့မျက်စိရှေ့ မြင်ရသော ရွာကလေးအား ဖြတ်သန်းကာ သူ့ထံသို့ ဝေ့ဝဲတိုက်ခတ်လာသည်။

နှုတ်ခမ်းပေါ်မှ ချွေးစတချို့ကို သူအကြောင်းမဲ့ လျှာနှင့်သပ် လိုက်မိသည်။

နှီးဖြာ ထင်းခွဲနေကြသော သူများကို ကြည့်ပြီး သူမျှော်မှန်းထားသော ဝပ်ရှော့တစ်ခုကို တွေ့နိုင်ရန် ပို၍ ဝေးကွာသွားသယောင်...။

ဒီအတိုင်း ဆက်တွန်းသွားနေလို့တော့ မဖြစ်တော့ဘူး... ဟူသော အသိများ သူ့ခေါင်းထဲ တိုးဝင်လာ၏။ တွန်းလာသော ဆိုင်ကယ်ကို ဒေါက်ချရပ်နားရင်း ဖြတ်သွားဖြတ်လာ လူကိုသာ သူမျှော်လင့် နေလိုက်၏။

“ဦးလေး... ဒီရွာမှာ ဝပ်ရှော့ရှိလား...”

နွားညီနောင်အား ဆွဲလာသည့် လူကြီးက သူ့အမေးကြောင့် တအံ့တဩ မော့ကြည့်၏။

“ဟင် ဦးလေး... ဝပ်ရှော့ ရှိလားလို့ ...”

လူကြီးက သူ့နွားနှစ်ကောင်ကို ကြည့်လိုက်... ဆိုင်ကယ်ကို ကြည့်လိုက်နှင့် ဖြစ်နေသည်။ အတန်ကြာမှ...

”ဟိုမှာ”

ဟု ဆို၍ ခြေတံရှည် တဲဝိုင်းကြီး တစ်ခုအား လက်ညှိုးညွှန်ပြ၏။

လူကြီး ညွှန်ပြရာသို့ ကြည့်ပြီး သူ့ရင်ထဲ ကျေနပ်စိတ်များ ဖွားခနဲ ပေါ်လာသည်။ ခုနက ခံစားနေရသော သောကများ မြောက်ပြန်လေနှင့်အတူ လွင့်မျော ပျောက်ကွယ်သွား၏။ ဆိုင်ကယ်ကို ခပ်သွက်သွက်တွန်း၍ လူကြီးညွှန်ပြရာသို့...

”ဟင်...”

မြင်လိုက်ရသော မြင်ကွင်းကြောင့် သူအထိတ်တလန့် ဖြစ်သွားသည်။ တဲဝိုင်းကြီး၏ရှေ့တွင် ဘီအက်စ်အေကြီး တစ်စီးမှာ ခွေးဘီလူးကြီး စိတ်ပျက်လက်ပျက် ထိုင်နေသကဲ့သို့ ငုတ်တုတ်ကြီး ဖြစ်နေ၏။ ထိုဆိုင်ကယ်၏ နောက်တွင် တုံးလုံးပက်လက် ဖြစ်နေကြသော အမျိုးအစားစုံ၊ အရောင်အသွေးစုံ ဆိုင်ကယ်များက ယခုပင် မုန်တိုင်းဝင်မွှေထားသော ဖုန်းဆိုးတောကဲ့သို့ ပွလန်ကျဲနေသည်။ မီးခေါင်း၊ မီးလုံး၊ အင်ဂျင်တုံးနှင့် အခြားဆိုင်ကယ် အစိတ်အပိုင်းများက စနစ်တကျ စီချမည်ဆိုလျှင် တောင်ကုန်းတစ်ခုမျှ ဗြောင်းဆန် ဟီးထသွားလောက်၏။ သူ့စိတ်ထဲတွင်လည်း ထင့်ခနဲ...

သူမင်သက် ငေးကြည့်နေစဉ်ပင် တဲဝိုင်းကြီး အနောက်ဘက်မှ မည်းမည်းဖိုင့်ဖိုင့် လူကြီးတစ်ဦး ထွက်လာသည်။ ၎င်းလူကြီးမှာ သူ့ကိုမြင်တော့ ရင်ကော့တက်လာပြီး ကွမ်းသွေးနှင့် ပေပွနေသော ပါးစပ်အား လက်ဖဝါးကြမ်းနှင့် သုတ်လျက်...

”ဟော... လာပြီဟေ့... ဟိုမှာ...”

ထိုလူကြီးအသံ ကြားသည်နှင့် တဲဝိုင်းနောက်ဘက်မှ မည်းမည်းပိန်ပိန် လူရွယ်တစ်ယောက်နှင့် ပခုံးတွင် ညှင်းစွတ်စွတ် လူရွယ်တစ်ယောက်တို့ ဖတ်သီဖတ်သီ ပြေးထွက်လာသည်။

“ဟေ့... လာလေ ငါ့လူရ... ဆိုင်ကယ်ပျက်ပြီ မဟုတ်လား... ပျက်ရင် လာလေဟ...”

သူလည်း ကြောင်ငေး ကြည့်နေရာမှ သတိဝင်လာပြီး မသက်မသာ ခြေလှမ်းများနှင့် ထိုဝပ်ရှော့အတွင်းသို့ တုံ့ဆိုင်းတုံ့ဆိုင်း ဝင်လာမိသည်။ ဆရာဖြစ်ဟန်တူသော မည်းမည်းဖိုင့်ဖိုင့် လူကြီးက ပက်လက်ကုလားထိုင်ပေါ် ထိုင်ချရင်း သူ့ဦးပြည်း ပြောင်ပြောင်ကြီးကို ပတ်ပေါင်းထားသည့် ပုဆိုးကြမ်းကြီးအား ချွတ်လျက် ချိုင်းနှင့် ကျောပြင်မှ ချွေးများအား သုတ်နေ၏။ ပြီးမှ အသံဩကြီးနှင့်...

“ဘာဖြစ်တာလဲ ငါ့လူရဲ့... ပြောပြော... အားမနာနဲ့ ရဲရဲသာပြော...”

“ဘာဖြစ်တယ် မသိပါဘူးဗျာ ဆိုင်ကယ်အသစ်ကြီး ဒီနေ့မှဝယ်ပြီး ပြန်လာတာ ‘ထောင်ဝူး’ ကျော်လို့ ငါးမိုင်လောက်လည်း ရောက်ရော ဆိုင်ကယ် စက်ရပ်ပြီး အပေါ့ဆင်းသွားလိုက်တာ စက်ပြန်နှိုးတော့ ဒီ ကစ်စတာတာက နင်းလို့ မရတော့ဘူး တောင့်ခံနေတယ်... နောက်ဖေးနောက်ဖီ သွားတာ နေရာမှားလို့ တောဖျားနတ်ကများ ဖမ်းစားသလား မသိပါဘူးဗျာ...”

စက်ဆရာလူကြီးက သူ့ဗိုက်မည်းမည်းကို ပွတ်ပြီး တဟားဟား အော်ရယ်ရင်း...

“ဟား ဟား... ခွီးတဲ့မှပဲ... ဘာတောဖျားနတ်က ဖမ်းစားမှာလဲဝေ့... တောဖျားနတ်က စားခြင်းစား အမဲသား စားမှာပေါ့... နင့်ဆိုင်ကယ် သံကိုယ်ထည်ကြီး စားမလားဟ သိပ္ပံခေတ်မှာ သိပ္ပံဆိုင်ကယ်ကြီး စီးပြီး သိပ္ပံလို တွေးစမ်းပါဝေ ဒါ စက်ပျက်တာ ခေါ်တယ်ဟ... ဒီဆိုင်ကယ်မျိုး သေသွားမယ်... လာထား... နင့်ခြေနင်းတုတ်ခိုင်တာလောက် ကတော့ ငါပြင်မယ်... ထောင့်နှစ်ရာ ကျမယ်... နင် သဘောတူလား...” ဆိုပြီး ဆိုင်ကယ်ကို လှည့်၍ပင် မကြည့်ဘဲ ကွမ်းသွေး ပျစ်ခနဲထွေး လိုက်သည်။ ပြီးနောက် အရက်လား ရေလား မသိနိုင်သည့် ခွက်တစ်လုံးအား ကွပ်ကွပ်မြည်အောင် မယူ မော့သောက်လိုက်၏။ သူတစ်ချက် တွေခနဲ စဉ်းစားလိုက်သည်။ လူကြီးကိုကြည့်ပြီး သူ၏ စိတ်ထဲတွင်လည်း မယုံကြည်ချင်စိတ်များ လွှမ်းမိုးလာ၏။ ဖြစ်ပါ့မလား... ဖြစ်ပါ့မလား... ဆိုင်ကယ်က အသစ်ကြီး ဖြစ်ပါ့မလား... ဆိုသည့်စိတ်များ ရင်ထဲ ကြီးစိုးလာ၏။

“ဘယ်လိုလဲ ကောင်လေး... ငါကိုင်လိုက်ရမလား ဒီလို ဆိုင်ကယ်မျိုးတော့ ဟားဟား... သေသွားမယ် ဟားဟား...”

ဟုဆို၍ ဆိုင်ကယ်ဆီသို့ ဒယီးဒယိုင်လာပြီး ဆိုင်ကယ်ထိုင်ခုံကို တဖုန်းဖုန်းရိုက်ရင်း သူ့ဘာသာသူ သဘောကျနေ၏။ သူ့ပုံကလည်း အနည်းငယ် မူးယစ်နေသည့်ပုံ...။

ဖြစ်ပါ့မလား... ဖြစ်ပါ့မလား ဆိုသည့်စိတ်များ ပို၍ ပြင်းပြလာ၏။ နောက် ဒီဆိုင်ကယ်ကို ဒီမှာမပြင်ရင် ဘယ်မှာ ပြင်မှာလဲ... သူရော ဒီဆိုင်ကယ်ကို ဆက်ပြီး တွန်းသွားနိုင်ပါဦးမလား...။ ယခုပင် သူဆိုင်ကယ်ကို တွန်းလာရတာ ငါးမိုင်ခန့် ရှိနေပြီ...။ လူလည်း လွန်စွာ နွမ်းလျနေပြီ။ အင်းလေ... သည်အခြေအနေ ရောက်မှတော့ ဖမ်းဆုပ်မိသော မြက်တစ်ပင်အား မလွှတ်တမ်း ဆက်လက် ဆုပ်ကိုင်ရုံမှတစ်ပါး ဘာများ တတ်နိုင်ဦးမည်နည်း။ သူ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ထိုတော့မှ လူကြီးက သက်ပြင်းချပြီး...

“ဒီလိုပဲ ဖြစ်ရမှာပေါ့...” ဟု အားရဝမ်းသာ ဆိုလိုက်၏။

* * *

“ဟေ့ကောင် ဖာဒိုးနဲ့ ကုကူ... ဖြုတ်...” ဟု ဆိုလိုက်သည်နှင့် ဆိုင်ကယ်နား ယောင်ပေယောင်ပေ လုပ်နေသော သူ့တပည့်နှစ်ဦး သွက်လက်ချက်စွာ ဆိုင်ကယ်ဆီ ပြေးလာပြီး ဆိုင်ကယ် ကစ်စတာတာကို ခြေကန် ဆွဲဖြုတ်သည်။

သူတို့ ခြေကန်ဆွဲသည့် အရှိန်ကြောင့် ဆိုင်ကယ်က လဲမလို ဖြစ်သွားလေရာ ပခုံးညှင်းစွတ်နေသူက ချက်ချင်းပြေးထပြီး ဆိုင်ကယ်လက်ကိုင်ကို ပြေးဆွဲ၏။ သူအားကုန် တွန်းဆွဲလိုက်သောကြောင့် ဆိုင်ကယ်လက်ကိုင် ရာဘာကွင်းမှာ သူ့လက်ထဲ ကျွတ်ပါပြီး ဝုန်းဆို နောက်ပြန်လဲကျသွား၏။ ထိုတော့မှ ဆိုင်ကယ်က ကစ်စတာတာကို ခြေကန်ဆွဲနေသော အသားမည်းမည်းနှင့် ဖာဒိုးဆိုသူ အပေါ်ကို ပိကျလာ၏။ ပက်လက်လန်လဲကျသွားသူ ကုကူကလည်း လျင်၏။ လဲကျနေရာမှ ချက်ချင်းပြန်ကုန်းထကာ သူ့လက်ထဲက ဆိုင်ကယ်လက်ကိုင်စွပ်ကို ခပ်ဝေးဝေး လွှင့်ပစ်လိုက်ပြီး ဆိုင်ကယ်ဘီးကို ပြေးဆွဲပြန်၏။

သူတို့နှစ်ယောက်၏ ဝရုန်းသုံးကား အပြုအမူကြောင့် သူလည်း လန့်သွားပြီး...

“ဟာ ဟာ... ဟေ့ဆရာ... လုပ်... လုပ်ပါဦးဗျ... ခင်ဗျား တပည့်နှစ်ယောက် ဘာတွေလုပ်နေမှန်း မသိဘူး... ပြော... ပြောပါဦး...”

ဟု အော်လိုက်ရာ ဆရာဖြစ်သူ အသားမည်းမည်းနှင့် လူက ဆိုင်ကယ်ကို တည်တည်ငြိမ်ငြိမ် ဝေ့ကြည့်ပြီး

“ဪ... ဪ... ဟဲ့အကောင်တွေ... ဖြုတ်ဆို ဆိုင်ကယ် တစ်စီးလုံးကို ဖြုတ်နေတာလား... ဆိုင်တာကိုပဲဖြုတ်... ညာဘက်က စက်နင်း တုတ်ခိုင်ရင် ဘယ်ဘက်က စက်ဖုံး ဖွင့်ရတယ်ဟဲ့...”

ဟု ဆိုလိုက်ရာ နဂိုဖင်ပေါ့လှသော သူ့တပည့် ဖာဒိုးနှင့် ကုကူမှာ ဆိုင်ကယ် ဘယ်ဘက်သို့ ပြေးလာပြီး တွေ့ကရာမူလီကို တွေ့ကရာဂွနှင့် ကိုက်လားမသိ မကိုက်လားမသိ လှည့်ဖြုတ်နေ၏။

လှည့်ဖြုတ်၍ မရသောမူလီများကို ပလာယာနှင့် ကိုက်ဖြုတ်၏။ ထိုထက်ခက်သည့် မူလီများကို ဂွရှင်ကြီးနှင့် ခြေကန်ဆွဲဖြုတ်ကြ၏။ သူတို့၏ အပြုအမူကြောင့် သူလည်း မျက်လုံးပြူး လာသည်။ သူ့ဆိုင်ကယ်အသစ်ကလေး ဆေးတွေခြစ်၊ မူလီတိုင်တွေလည်း လိမ်ကောက် ပြုတ်ထွက်နေပြီ မဟုတ်လား... ထိုကြောင့် ဝပ်ရှော့ဆရာဘက် လှည့်ပြီး...

“ဟဟ... ဟေ့ဆရာကြီး... ပြော... ပြောပါဦးဗျ... ခင်ဗျားတပည့်တွေ လုပ်တာနဲ့ ကျုပ်ဆိုင်ကယ်အသစ်ကြီး ဆေးတွေခြစ်၊ မူလီတွေကောက် ကုန်ပြီဗျ... ဟာ... ဟေ့လူကြီး ပြောပါဦးဗျ...”

ဟု ဆိုလိုက်ရာ ဝပ်ရှော့ဆရာက စိတ်ဆိုးသလို ဟန်မျိုးနှင့် ထလာပြီး

“တယ်လေ... ဒီကောင်တွေ ဆရာကို နာမည်ဖျက်ပြီ... ဒီစက်ဖုံးလေး ဖွင့်တာတောင် ဆေးတွေခြစ်... မူလီတွေ ကောက်ရသလား... ဆရာ လုပ်ပြတုန်းကလည်း အသေအချာ မကြည့်ထားဘူး... ကဲ... ဟိုကောင် ဖာဒိုး စို့ယူ၊ ဟိုကောင် ကုကူ တူပေးစမ်း...”

ဟု ဆို၍ သူဘာမှ မပြောနိုင်ခင် ဝပ်ရှော့ဆရာက အင်ဂျင်တုံး အဆက်ကို စို့နှင့်တည်၍ တူဖြင့် ခွမ်းဆို ရိုက်ချလိုက်၏။ ရိုက်လိုက်သည့်အရှိန် မည်မျှပြင်းသည် မသိ။ ဆိုင်ကယ်အင်ဂျင်အခြမ်းမှာ ဖျမ်းခနဲ ကွဲကျသွား၏။ ထိုတော့မှ ဝပ်ရှော့ဆရာက ဆိုင်ကယ်ကို မတူသလို မတန်သလို ကြည့်ကာ တူကို ခွမ်းဆို ပစ်ချလိုက်ပြီး...

“ကဲ... မပြီးဘူးလား... ဒီလောက်လွယ်တဲ့ ကိစ္စကို... ဘာတွေ လျှောက်လုပ်နေမှန်း မသိဘူး... ဒီဆိုင်ကယ်မျိုး အိုး... သေတောင် သေသွားမယ်...”

ဟု ဆိုလိုက်ရာ ဆိုင်ကယ်ပိုင်ရှင်လည်း မျက်လုံးကြီးပြူး၍ ကိုယ့်ခေါင်းကို ကိုယ့်လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ကာ ဆိုင်ကယ်အင်ဂျင်၏ အကွဲခြမ်းကြီးကို ကြည့်ပြီး

“ဟာ... ဟာ... သွားပါပြီ... သွားပါပြီ...”

ဟု ကတုန်ကရင်နှင့် ရေရွတ်၏။ ဝပ်ရှော့ဆရာက သူ့ကို မကြည့်ဘဲ ခုနက ကွဲထွက်သွားသော ဆိုင်ကယ်အင်ဂျင် အခြမ်းကို ယူကြည့်လိုက်ပြီး

“အင်း... ဒီအခြမ်းကတော့ ကောင်းတယ်ဟေ့... ဘာမှမဖြစ်ဘူး... ဒါဆို ဟိုဘက်အခြမ်း ဖြစ်မယ်။ ဘယ်လိုလဲ ကောင်လေး...ဟိုဘက်အခြမ်း ထပ်ဖြုတ်ရမယ်။ လေးရာကျမယ်...”

ဟု ဆိုလိုက်ရာ သူလည်း ကတုန်ကရင်နှင့် ဘာဆက်ပြောလို့ ပြောရမှန်း မသိတော့...

မျက်လုံးကြီးပြူး၊ ပါးစပ်ကြီးဟ ဇောချွေးတွေစိမ့်ပြီး ငြိမ်နေ၏။ သူ့ခမျာ ဘယ်လို ဆုံးဖြတ်ရမှန်း မသိ ဖြစ်နေပုံရ၏။ ထိုအချိန်မှာပင် သူကြားလိုက်ရသော အသံနက်ကြီးက...

“ဖြုတ်...”

သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ကျုံ့တက်သွား၏။

ထိုအသံနှင့်အတူ ဖာဒိုးနှင့် ကုကူမှာ ရရာတူ၊ စို့၊ မူလီ၊ ဂွများကိုစွဲပြီး ဆိုင်ကယ် ဘယ်ဘက်ခြမ်းကို ပြေးသွား၏။

ဖာဒိုးက ခုန သူဖြုတ်၍ မရခဲ့သော ကစ်စတာတာကို မကျေပွဲ နွှဲသည့်အနေနှင့် ခြေကန် ဆွဲဖြုတ်နေပြန်သည်။ ကုကူက ဆိုင်ကယ်ချိန်းကို တူနှင့် ခွမ်းခနဲ ခွမ်းခနဲ ရိုက်၏။ ဆိုင်ကယ်ချိန်း ပြတ်ကျမှ ချိန်းကြိုးကို ပစ်ထုတ်ပြီး ဆိုင်ကယ်မားကက်ကို ဆက်ဖြုတ်၏။

ထိုတော့မှ ဆိုင်ကယ်ပိုင်ရှင်လည်း သတိပြန်ဝင်သွားပြီး ကတုန်ကရင်နှင့်...

“ဟာ... ဟေ့... ဟေ့လူကြီး ပြောပါဦးဗျ... ခင်ဗျားလူတွေ ထင်ရာတွေ လုပ်နေပြီ... ပြောပါဦး...”

ဆိုတော့ ဝပ်ရှော့ဆရာက ဂရုမစိုက်သလို ဟန်မျိုးနှင့် ခုနက သူသောက်နေသော အရက်လား ရေလား မသိရသည့် ဖန်ခွက်ကို စိမ်ပြေနပြေ မော့သောက်ပြီးမှ...

“အာ... ဒီကောင်တွေတော့ကွာ... ခုန ငါဘယ်လို လုပ်သွားလဲ မမြင်ဘူးလား အဲဒီအတိုင်း ဖြုတ်လေကွာ...”

ဟု ဆိုလိုက်သည်နှင့် နဂိုဖင်ပေါ့ပြီးသား ဖြစ်သော သူ၏တပည့် ဖာဒိုးနှင့် ကုကူမှာ ခုန သူပစ်ချခဲ့သော တူနှင့်စို့ကို ပြေးယူပြီး ဆိုင်ကယ် အင်ဂျင်တုံးကို စို့နှင့် အသေအချာ တည်လိုက်သည်။ ပြီးနောက်...

ခွမ်းခနဲ မြည်သံ။

“အောင်မလေး ကုန်ပါပြီဗျ...”

ဆိုင်ကယ်ပိုင်ရှင်မှာ သူ့ခေါင်းကို သူ့လက်နှင့်အုပ်၍ ခြေနှစ်ချောင်း ညွှတ်ကျသွားလေသည်။ နှုတ်မှလည်း...

“ဟာ... သွားပြီ... သွားပြီ... ဆိုင်ကယ်... ငါ့ဆိုင်ကယ်... ငါ့ဆိုင်ကယ်... သွားပြီ...”

ဟူ၍ ဘာတွေမှန်းမသိ ကတုန်ကယင်နှင့် ရေရွတ်၏။ ဝပ်ရှော့ဆရာက သူ့ကို လှည့်ပင်မကြည့်ဘဲ ကွဲကျသွားသော အင်ဂျင်ခြမ်းကို ကောက်ယူ၍ ဟိုကြည့်ဒီကြည့် လုပ်ကာ

“အေး... ဒီအခြမ်းလည်း မဟုတ်ဘူးကွ... ဒါဆို အပေါ် သေချာပြီ ဟေ့ကောင်တွေ... ဖြုတ်...”

ဆိုလိုက်သည်နှင့် ဆိုင်ကယ်ပိုင်ရှင်၏ နှုတ်ခမ်းအစုံ အောက်ဘက်သို့ ကွေးညွှတ်ကျသွားကာ...

“ဟား ဟား... ဖြုတ်... ဖြုတ်ဦးမယ်...” ဟူသည့် ရေရွတ်သံကို လူကြီး မျက်မှောင်ကြုတ်၍ ခတ်တည်တည်နှင့်...

“အေး... ဖြုတ်ရမှာပေါ့... ဒီလိုဆိုင်ကယ်မျိုး သေတောင် သေသွားဦးမယ်... ဟေ့ကောင်တွေ... ဖြုတ်...”

ဟု အော်လိုက်ရာ...

ဝပ်ရှော့ဆရာ၏ တပည့်နှစ်ယောက်ဖြစ်သော ဖာဒိုးနှင့် ကုကူမှာ တူ၊ စို့များ အသီးသီးဆွဲကိုင်ပြီး ဆိုင်ကယ်ကို ရန်သူသဖွယ် စိမ်းစိမ်းကြီး စိုက်ကြည့်၍ စစ်ထွက်တော့မည့် ရောမစစ်သား ခြေလှမ်းမျိုးနှင့် ဆိုင်ကယ်ရှိရာ တစ်လှမ်းချင်း လှမ်းလာသည်။ ဖာဒိုးမှ မကျေမနပ်ဟန်မျိုးနှင့် ဆိုင်ကယ်မားကက်ကို လက်ထဲကတူဖြင့် ဒေါင်ခနဲ အရင်ခေါက်လိုက်သည်။ တူစမ်းသည့်သဘော ဆိုင်ကယ်ပိုင်ရှင်လည်း ချိုင့်ဝင်သွားသော သူ့ဆိုင်ကယ်မားကက်ကို ကြည့်၍

“အောင်မလေး... ကုန်ပါပြီဗျာ... သွားပါပြီ... ဟ...”

ဟု ကတုန်ကရင်နှင့် ရေရွတ်ရင်း ဝပ်ရှော့ဆရာဘက် လှည့်၍ ဝပ်ရှော့ဆရာ၏ ရင်ဘတ်ကို သူ့လက်နှစ်ဖက်နှင့် ဆုပ်ဆွဲကာ...

“ဟေ့... လူကြီး... ပြော... ပြော... ပြောဦးလေဗျာ... ခင်ဗျားကောင်တွေ...”

သူ့စကားပင် မဆုံးလိုက် ခွမ်းခနဲမြည်သံ ကြားရ၍ သူ့မျက်လုံးကို သူ့လက်နှစ်ဖက်ဖြင့် ဖောင်းခနဲ ပြန်အုပ်ရိုက်မိလိုက်သည်။

“ဟာ... သွားပါပြီ... သွားပါပြီ... ကျုပ်... ကျုပ်ဆိုင်ကယ်... အင်ဂျင်... အင်ဂျင်...”

ဆိုင်ကယ်ပိုင်ရှင်၏ ကတုန်ကယင် ရေရွတ်သံကို ဝပ်ရှော့ဆရာ မကျေနပ်သလို မျက်မှောင်ကြုတ်၍

“မင်းအင်ဂျင် ငါပြင်နေတယ်လေ... ဘာဖြစ်လို့လဲ...”

ဆိုင်ကယ်ပိုင်ရှင်က ဝပ်ရှော့ဆရာ၏ စကားကို မကြားတော့သလို မျက်လုံးကြီး ကလည်ကလည်နှင့်...

“ကျုပ်... ကျုပ်... ဆိုင်ကယ်... ဆိုင်ကယ်... အင်ဂျင် အင်ဂျင်...”

ဟု ရေရွတ်ရင်း မြေပြင်ပေါ် ကျဲဖြာကျနေသော သူ့ဆိုင်ကယ် အင်ဂျင်တုံးကို ကယောင်ကတမ်းနှင့် ပြေးပွေ့လိုက်သည်။ ပြီးနောက် ဆိုင်ကယ်ကို ပြန်မော့ကြည့်မိပြီး မျက်လုံးပြူးသွားကာ ...

“ဟာ ဆိုင်ကယ်ဆေးတွေ... ဆိုင်ကယ်ဆေးတွေ...”

ဟုတ်ပါသည်။ သူ့ဆိုင်ကယ် အသစ်ကြီးမှာ တူနှင့် ထုထားသော အရှိန်ကြောင့် ဆေးများ အဖတ်လိုက် ကွာကျနေသည့်အပြင် ဆိုင်ကယ်နေရာစုံမှာလည်း ခြစ်ရာ အစင်းရာများနှင့် ပေပွနေ၏။ ဒါကို ဝပ်ရှော့ဆရာ လူကြီးက အေးဆေးစွာပင်...

“အိုး... ဒီဆေးလောက်ကတော့ သေသွားမယ်... ငါအစအဆုံး ပြန်သုတ်ပေးလိုက်မယ်... သုံးထောင်ကျမယ် ကျေနပ်လား...”

ဆိုပြီး နံဘေးနားက သင်္ဘောဆေးဘူး တစ်ခုကို ယူ၍ ဆိုင်ကယ်ပိုင်ရှင် မတားနိုင်ခင် ဆိုင်ကယ်ကို စုတ်တံနှင့် ပက်ခနဲ သုတ်ပစ်လိုက်၏။ ပြီးနောက် နံဘေးက ခြင်ဆေးဘူး တစ်ဘူးကို ယူ၍ သင်္ဘောဆေးများထည့်ကာ ဆိုင်ကယ်ကို ရှူးခနဲ ညှစ်ထည့်လိုက်ပြန်၏။ ထိုတော့မှ ဆိုင်ကယ်ပိုင်ရှင်လည်း ဆွေ့ဆွေ့ခုန်သွားပြီး...

“ဟေ့လူကြီး... ခင်ဗျား ဘာလုပ်တာလဲဗျ... ဘာလုပ်တာလဲ ကျုပ်ဆိုင်ကယ်တော့ သွားပါပြီ... ဒါ... အော်ရဂျင်နယ်ဆေးဗျ...”

ဆိုတာကို ဝပ်ရှော့ဆရာက ခပ်တည်တည်နှင့် ခြင်ဆေးဘူးနှင့် ဆိုင်ကယ်ပိုင်ရှင် ဘက်ကိုပါ လှည့်မှုတ်လိုက်ပြီး...

“ဘာလုပ်လို့လဲကွ”

ဆိုင်ကယ်ပိုင်ရှင်မှ သူ့ထံ ပန်းထွက်လာသော ဆေးများကို လက်နှစ်ဖက်နှင့်ကာ အနောက်သို့ ခြေနှစ်လှမ်းခန့် ရို့ပြီး...

“ဘာလုပ်လို့လဲ ဟုတ်လား... ခင်ဗျား ... ခင်ဗျား ဘာလို့ ကျုပ်ဆိုင်ကယ် အသစ်ကြီးကို ဘာလို့ ဆေးသုတ်ထည့်နေတာတုံး...”

ဆိုင်ကယ်ပိုင်ရှင်၏ ဒေါသတကြီး စကားကို ဝပ်ရှော့ဆရာမှ ဂရုမစိုက်သလို ဟန်မျိုးနှင့် ဆိုင်ကယ်ဘက် ဆေးပြန်လှည့် မှုတ်နေရင်း...

“ဟ... ပိုသစ်သွားအောင်ပေါ့ကွ...”

“ဟ... ပိုသစ်လို့ ရမလားဗျ... ဟိုဟာက အော်ရဂျင်နယ်ဆေး”

“အေးလေ... ဒါလည်း အော်ရဂျင်နယ်ဆေးတွေလေ... စိန်တံဆိပ်တဲ့...”

“ဟ... ခင်ဗျားဟာက သင်္ဘောဆေးတွေဗျ...”

“ဘာလဲ မင်းက မော်တော်ဆေးနဲ့ သုတ်စေချင်လို့လား...”

ဝပ်ရှော့ဆရာကို ဘယ်လိုမှ ပြောမရသည့်အဆုံး ဆိုင်ကယ်ပိုင်ရှင်လည်း ဒေါသထွက်သွားပြီး...

“ခင်ဗျား ရူးနေလားဗျ... ရူးနေလား... ဆိုင်ကယ် အော်ရဂျင်နယ်ဆေးဟာ ဘယ်လောက်တန်ဖိုးရှိလဲ ခင်ဗျားသိလား... ဆိုင်ကယ်အသစ်ကို အဲဒီလိုလုပ်ပစ်တယ် ဆိုတာ အရူးတွေပဲ လုပ်တယ်။ ခင်ဗျားတို့ အရူးတွေပဲ ဖြစ်မယ်...”

ဟု ဆို၍ ဒေါကြီးမောကြီး အော်၏။ ထိုတော့မှ ဝပ်ရှော့ဆရာ လုပ်လက်စရပ်ပြီး မျက်မှောင်ကြုတ်၍...

“အေး... ဒီကောင် မရှင်းသေးဘူး ဖြစ်မယ်... ဟေ့ကောင် ကုကူ တို့သုံးယောက်ကို ဆေးရုံက ပေးထားတဲ့လက်မှတ် ယူပြလိုက်ပါဦး... ဒီကောင် အသေအချာ ရှင်းသွားအောင်”

”ဗျာ...”

-----------------------
#အကြည်တော်
အာဒမ်၏ဆာတေး၊ တော်ဝင်မြို့မစာအုပ်တိုက်၊ ၂၀၀၆၊ မတ်လ။
စာမျက်နှာ ၉၈-၁၀၇

=========
(**ဘဝဆက်တိုင်း ဆက်တိုင်း တောဝပ်ရှော့ဆရာများ ဘေးမှ ကင်းဝေးနိုင်ကြပါစေ‌။**)

ဦးလေးဖြူ    မှသည်    ဦးဝိဝေက သို့=========================ဒုလ္လဘတရားငါးပါးထဲမှာပဗ္ဗဇ္ဇိတဘာဝေါဒုလ္လဘော = ရဟန်းအဖြစ်သည်ရ...
18/09/2023

ဦးလေးဖြူ မှသည် ဦးဝိဝေက သို့
=========================

ဒုလ္လဘတရားငါးပါးထဲမှာ
ပဗ္ဗဇ္ဇိတဘာဝေါဒုလ္လဘော = ရဟန်းအဖြစ်သည်ရခဲ၏လို့
မြတ်ဗုဒ္ဓကအလေးအနက်ထား ထည့်သွင်းဖော်ပြခဲ့တယ်။

ထင်ရှားတဲ့သာဓကအနေနဲ့
ကမ္ဘာမှာလူဦးရေသန်းပေါင်းခုနစ်ထောင်ကျော်ရှိပြီဖြစ်သော်လည်း ရဟန်းသာမဏေ ဆယ်သန်းမရှိချေ ။

လူ့ဝန်းကျင်ဆိုတာ
အာရုံမျိုးစုံတွေနဲ့ ကြည့်လေရာရာ အပူရောင်မြင်ကွင်း
တွေချည်းပါပဲ ။

ပုထုဇဥ်တို့ရဲ့ဘဝဆိုတာကလည်း
ရောက်တဲ့အရပ်မှာ ဇာတ်ရုပ်နဲ့တစ်ထပ်တည်းကျအောင်
မဖြစ် ဖြစ်တဲ့နည်းနဲ့ကပြ အသုံးတော်ခံနေကြတာပါပဲ ။

တစ်ခဏဖြစ်ဖြစ် အေးစေတော့ဆိုတဲ့
မျှော်လင့်ချက် ရည်ရွယ်ချက်တွေနဲ့
မိမိရဲ့ပစ္စည်းလေးပါးဒါယကာကြီး ဒီနေ့ သာသနာ့ဘောင်
ခိုလှုံဝင်ရောက်လာခဲ့တယ် ။

အလွန် ပီတိဖြစ်ရပါတယ် ။

သူဆောက်လုပ်လှူဒါန်းထားတဲ့
30 × 40 ပေ သုံးထပ် "သာသနာ့ဝိပုလကာရိနီသိမ်တော်"
မှာ ဒီနေ့ မွန်းလွဲ၂ : ၀၀ မှာ မြင့်မြတ်သော ပဗ္ဗဇ္ဇိတဘာဝ
ဒုလ္လဘ ရဟန်းအဖြစ်ခံယူခွင့်ရရှိခဲ့ပါတယ် ။

ဘွဲ့မည်သညာ ခေါ်စရာကား ဦးဝိဝေက ။

လွန်ခဲ့တဲ့ ၁၃၇၂ ခုနှစ် သူရဲ့သိမ်ကျောင်းရေစက်ချမှာ
ဝတ်ဖို့တိုက်တွန်းခဲ့သော်လည်း အခုချိန်ရောက်မှသာ
သူ့စိတ်ဆန္ဒနဲ့သူ စိတ်ပါလက်ပါ သာသနာ့ဘောင်ဝင်ရောက်လာခဲ့ခြင်းပါ ။

သာသနာ့ဘောင်ဝင်ရောက်လာခိုက်
သူဆောက်လုပ်လှူဒါန်းထားတဲ့ -
#သာသနာဝိပုလကာရိနီသုံးထပ်သိမ်တော်
#အာဟာရသုခနှစ်ထပ်ဆွမ်းစားကျောင်း မတည်လှူဒါန်း
#သန္တာဝါသတစ်ထပ်ကျောင်းဆောင် တို့နဲ့မှတ်တမ်းတင်
ထားဖို့အထူးမှာကြားလိုက်ရပါတယ် ။
( အခု ၄င်းပုံများတင်ပေးလိုက်ပါတယ် )

လူဆိုတာသူ့အရွယ်နဲ့လိုက်ဖက်သော
လုပ်ဆောင်မှုတွေရှိရမှာဖြစ်သလို အရွယ်နဲ့လိုက်ဖက်သော ဆင်ချင်တွေးတောမှုတွေလည်း မဖြစ်မနေရှိဖို့
လိုအပ်ပါတယ် ။

အသက်သာကြီးလာတယ်
နေထိုင်ပုံ ပြောဆိုပုံ အသိအလိမ္မာဥာဏ်ပညာ တွေက
ကြီးမလာဘူးဆိုရင် အသက်ကြီးလာရတာတန်ဖိုးမဲ့
ဖြစ်တတ်ပါတယ် ။

ဘာပဲဖြစ်ဖြစ်
မိမိရဲ့ပစ္စည်းလေးပါးဒကာတွေထဲက
တစ်ဦးဖြစ်တဲ့ ဦးလေးဖြူ
အခုလို ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ စိတ်ပါလက်ပါ
သာသနာ့ဘောင်ဝင်ရောက်လာတာကို လွန်စွာပီတိဖြစ်
ရပါတယ် ။ သူ့ကိုချစ်တဲ့ပရိသတ်တွေကလည်း
ဘာသာရေးအလေးထားတဲ့ ဦးလေးဖြူကြီး အခုလို
သာသနာ့ဘောင်ဝင်ရောက်နေခြင်းကို ကြည်နူးဝမ်းသာ ပီတိဖြာ နေကြမှာပါပဲ ။

#ငြိမ်းအေးသောဗုဒ္ဓအရိပ်အောက်မှာ
#လူသားတိုင်းခိုဝင်အနားယူနိုင်ကြပါစေ




17' 9' 2023 တနင်္ဂနွေနေ့

ယ ( ဓ မ္မ ဂု ဏ် ရ ည် - ရွှေ ပြ ည် သာ )

ဦးလေးဆီမှာ တက္ကစီငှားမောင်းတဲ့လူဒီနေ့ဆုံးသွားတယ် တက္ကစီမောင်းခဲ့တာ (၁၅)နှစ်ရှိခဲ့တယ်တဲ့...လွန်ခဲ့တဲ့ ၂၀၀၇ ထည်းက တက္ကစီမေ...
12/08/2023

ဦးလေးဆီမှာ တက္ကစီငှားမောင်းတဲ့လူ
ဒီနေ့ဆုံးသွားတယ် တက္ကစီမောင်းခဲ့တာ (၁၅)နှစ်ရှိခဲ့တယ်တဲ့...

လွန်ခဲ့တဲ့ ၂၀၀၇ ထည်းက တက္ကစီမောင်း ရင်း #ကွမ်းအရမ်းစားတယ် အခုမဆုံးခင် နောက်ဆုံးလတွေမှာ ကွမ်းယာဆိုင်က သူ့ဆီကလကုန်မှရှင်းတာ တလ နှစ်သိန်း တနေ့(၇၀၀၀)ဖိုးစားတာ ရက်မပျက်ဘူး နှစ်သိန်းတသောင်းကျတာကို တသောင်း လျော့ပေးတဲ့သဘော။

၂၀၀၇ ကနေ ၂၀၂၂ အထိ ကွမ်းယာစျေး က တရစ်ခြင်းတက်လာတော့ ပျမ်းမျှ တလတသိန်းနဲ့တွက်ရင် လပေါင်း ၁၈၀ သိန်း ၁၈၀ ဆိုရင် ကိုယ်ပိုင်တက္ကတစီး ကောင်းကောင်းရတယ် ကားကလည်း သေတဲ့အထိ အငှားမောင်းဘဝပဲ။

ညအိပ်ရင်တောင်ကွမ်းငုံပြီးအိပ်တော့
ပါးစောင်ပေါက်ထွက်ပြီး ကင်ဆာကနေ အသက်ပါနုတ်သွားတာရောဂါကိုကုလိုက် ရတဲ့မိသားစုခင်မြာရှာလည်းဖတ်ဖတ်မော ပညာရေး ကျမ်းမာရေး လူမူရေး အရာရာ ကွမ်းစရိတ်ထဲရေစုန်မျောခဲ့တာ။

ကွမ်းတရာကိုတွက်ကြည့်ရင် ကွမ်းရွက် ကလွဲလို့ အားလုံးဟာ ဓာတုအရောအနှော ကွမ်းရွက်တောင်အထွက်တိုးအောင် တရုတ်ကလာတဲ့ရွက်ဖြန်းအားတိုးမြေသြဇာ လှိမ့်ကာသုံး ဆေးရွက်ကြီးအခြေခံပြီး ဓာတုအရောနဲ့ အိန္ဒိယက လှိမ့်ကာဆော် ကွမ်းစားဆေးပေါင်းစုံသွင်းနေတာ အိန္ဒိယနဲ့တရုတ်အကြားနေရတဲ့အားသာ
ချက်ပထဝီတော့သိပ်မသိဘူး နှစ်ကောင် လုံးဆော်သမျှ မြန်မာတွေခံဖက်ကချည်း ထုံးကလည်းရောသမျှ ထောပတ် နို့ ဖျော်ရည် ဓါတ်ပြုပြီးအက်စစ်တွေဖြစ်ပေါ် ကွမ်းသီးလှရွကြွတ်အောင်ယမ်းစိမ်းစိမ်။

ကွမ်းကိစ္စစကားပြန်ဆက်ရရင်
မြန်မာပြည်ကအဖျက်သမားတွေဖြစ်တဲ့ ကွမ်းသာမက ဆေးလိပ် အရက် ဒီသုံးမျိုး သာမရှိခဲ့ မသုံးစွဲခဲ့ရင် သာမန် ပုံမှန် အလုပ် လေးလုပ်ရုံနဲ့ ကျမ်းမာသန်စွမ်းတဲ့ ဘဝ တခုကို အဆင်ပြေပြေတည်ဆောက်နိုင်
ပါလိမ့်မယ် ဒီသုံးမျိုးထဲကတမျိုးမျိုး
ငြိစွန်းနေရင်------

-မကြာမှီရောဂါဝင်မယ်
-အလုပ်အကိုင်ပျက်မယ်
-ကုန်ကျစရိတ်တွေတိုးလာမယ်
-ခန္တာယွင်းမယ်
-နောက်ဆုံးအသက်တိုမယ်

ကောင်းမယ်ထင်ရင်ဆက်လုပ်ကြပေါ့
မြန်မာတွေတနေ့ တဘီလီယံကျပ်ဖိုး
သိန်း(၁၀၀၀၀)ဖိုးကွမ်းစားတယ်ဆိုပဲ

ကျော်နေမင်း(မြို့ပြ)

🇨🇭ကြက်သွန်ဖြူစားတယ်၊ရေနွေးသောက်တယ်၊ ခြေသလုံးလေ့ကျင့်ခန်းလုပ်တယ်။ စျေးပေါပြီး လုပ်လို့ရတာမျိုးနဲ့ အရင်ကာကွယ်ကြပါ။⚠⚠⚠သွေးခ...
07/08/2023

🇨🇭ကြက်သွန်ဖြူစားတယ်၊ရေနွေးသောက်တယ်၊ ခြေသလုံးလေ့ကျင့်ခန်းလုပ်တယ်။ စျေးပေါပြီး လုပ်လို့ရတာမျိုးနဲ့ အရင်ကာကွယ်ကြပါ။
⚠⚠⚠
သွေးခဲပြီး မလိုလားအပ်တာတွေ မဖြစ်စေလိုပါ။

အခုတလောမှာ ကြုံတွေ့နေကြရတာက သွေးခဲပြီး အသက်အန္တရာယ်ထိခိုက်စေတဲ့ အဖြစ်တွေပါပဲ။ ကပ် ရောဂါကူးစက်ခံရလို့ နည်းမျိုးစုံနဲ့ကုသပြီး အသက်ဘေးကလွတ်လာကြပေမဲ့ နောက်ပိုင်းမှာ သွေးခဲပြီးရုတ်တရက်သေနေကြပါတယ်။ အဲဒီသွေးခဲခြင်းမဖြစ်အောင် နည်းလမ်းရှာကြဖို့ လိုပါတယ်။

သွေးမခဲအောင်ဆိုပြီးသွေးကျဲဆေးတွေသောက်ကြရတယ်။ဒါကြောင့် သွေးကျဲဆေးဈေးတွေ မိုးပေါ်ရောက်သွားတယ်။

လူအများမေးကြတာက သဘာဝနည်းနဲ့သွေးကျဲအောင်လုပ်လို့မရဘူးလားတဲ့...

ရပါတယ်။

သဘာဝနည်းနဲ့ သွေးကျဲအောင်လုပ်တဲ့နည်းကို အခုပြောပြပါမယ်။

သွေးကျဲဆေးလိုပဲသဘာဝမှာ သွေးကျဲအောင် လုပ်ပေးနိုင်တာကတော့...

#ကြက်သွန်ဖြူဖြစ်ပါတယ်

ကြက်သွန်ဖြူဟာ သွေးကျဲဆေးထက်အများကြီး ပိုကောင်းပါတယ်။ ပြီးတော့ ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်တဲ့ပုလိပ်ရောဂါကိုလည်း ကြက်သွန်ဖြူနဲ့ပဲ အနိုင်ယူခဲ့ကြတာဖြစ်တယ်။ ထမင်းစားရင် ကြက်သွန်ဖြူသုံးလေးတက်လောက် စားပေးသင့်တယ်။

သဘာဝမှာသွေးမခဲအောင် လုပ်ပေးနိုင်တာတစ်ခု ရှိပါသေးတယ်။အဲဒါကတော့...

#နနွင်းဖြစ်ပါတယ်

နနွင်းက ဆီနဲ့ဖျော်သောက်မှ အူတွေကနေစုပ်ယူနိုင်တာ ဖြစ်တယ်။ အခုလိုအခါမှာ ဇွန်းသေးနဲ့ မနက်တစ်ဇွန်း ညနေတစ်ဇွန်း သောက်သင့်တယ်။

နောက်တစ်ခုကတော့...

#သံလွင်ဆီဖြစ်ပါတယ်

ဆံချည်မျှင် သွေးကြောလေးတွေအတွင်းထဲအထိ ရှင်းလင်းပေးနိုင်တာ ကမ္ဘာပေါ်မှာ သံလွင်ဆီတစ်မျိုးပဲရှိတယ်။ နနွင်းဖျော်သောက်ရာမှာ သံလွင်ဆီနဲ့ပဲ ဖျော်သောက်ကြပေါ့။

သွေးခဲတဲ့သူတွေရဲ့သွေးဟာ ပျစ်နေလေ့ရှိတယ်။ သွေးခဲရခြင်းက သွေးပျစ်နေလို့.. သွေးပျစ်ရတာက ရေသောက်နည်းလို့.. ရေများများသောက်မှသွေးကကျဲလာတာဖြစ်တယ်။ ဒါကြောင့်...
#တစ်နေ့ကို_ရေ၄လီတာလောက်_သောက်ရမယ်။

#ရေခပ်နွေးနွေး သောက်တာအကောင်းဆုံးပဲ။

သွေးပျစ်တဲ့သူတွေဟာ အချဉ်ကြောက်ကြသူတွေများတယ်။

အချဉ်ဓါတ်စားပေးရင်သွေးကျဲတယ်။ဒါကြောင့်...
#သံပရာရည် ချဉ်ချဉ်လေးသောက်ပေးဖို့ကောင်းတယ်။ အနောက်နိုင်ငံတွေကတော့ သွေးကျဲဖို့ ကီဝီသီးတွေစားလေ့ရှိပါတယ်။ အခုမြန်မာပြည်မှာတော့ #ကင်ပွန်းချဥ် ဟင်းချိုသောက်ပြီး အဆင်ပြေနေကြပါတယ်။

သွေးထဲမှာရောနေတဲ့အရည်ကြည်တစ်မျိုးရှိပါတယ်။ အဲဒါကို #သွေးသည်းခြေ လို့ခေါ်ပါတယ်။ သွေးသည်းခြေနည်းနေရင်လည်း သွေးကပျစ်တတ်တယ်။

သွေးသည်းခြေဓါတ်အားကောင်းဖို့အတွက်ကတော့ အခါးကြွယ်ဝတဲ့💥(ကြောင်ရှာ၊ခွေးတောက်၊ငရုတ်ခါး၊ဆင်တုံးမနွယ်၊ရဲယို၊ဒန့်ဒလွန်) တွေစားပေးသင့်တယ်။ အခါးစားမှလည်း ဝါယောအားကောင်းပြီး သွေးလည်ပတ်မှုမှန်မှာ ဖြစ်တယ်။

အထိုင်များအအိပ်များရင် သွေးလေးပြီး သွေးခဲတတ်တယ်။

ဒါကြောင့်
#လမ်းလျှောက်ပေးရမယ်

လမ်းလျှောက်လို့ ခြေသလုံးကြွက်သားတွေ ညှစ်တော့မှ သွေးကနှလုံးကို တွန်းအားနဲ့ ရောက်တာဖြစ်တယ်။ #ခြေသလုံး၂ခုဟာ_ဒုတိယနှလုံး တွေဖြစ်တယ်။ ခပ်ဖြေးဖြေးလျှောက်ပေါ့။

သွေးခဲတာ ခြေထောက်ပိုင်းမှာ အဖြစ်များတယ်။ ခဲတဲ့သွေးဖတ်ကပင်မသွေးကြောထဲမှာ ပါလာပြီး နှလုံး၊ဦးနှောက်တွေမှာ သွားပိတ်တာများတယ်။

သွေးမခဲဖို့က တစ်ခုကောင်းလုပ်လို့မရဘူး။ အခုပြောခဲ့တာတွေကို Network နဲ့လုပ်မှပြည့်စုံမှာဖြစ်တယ်။ဒီလိုပဲ 💥 #ဉာဏ်ရှိသလို လုပ်သွားရမှာပဲ.. ဉာဏ်ရှိရှိလုပ်သွားမယ်ဆိုရင် သေဘေးကနေ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

Credit

🎼စံပါယ် ပန်းဘုရားမှာလှူ -    ဆရာမကို ရအောင်ယူ - ရအောင်ယူဟေ့   ရအောင်ယူ ။ဆရာမက လစာအပ် - အိမ်ကယောက်ျား - စပို့ရှပ်စပို့ရှပ...
12/07/2023

🎼စံပါယ် ပန်းဘုရားမှာလှူ -
ဆရာမကို ရအောင်ယူ - ရအောင်ယူဟေ့
ရအောင်ယူ ။

ဆရာမက လစာအပ် -
အိမ်ကယောက်ျား - စပို့ရှပ်
စပို့ရှပ် ဟေ့ စပို့ရှပ် ။

ဆရာမတွေ အလုပ်များ
အိမ်ကယောက်ျား - ဈေးကိုသွား
ဈေးကိုသွား ဟေ့ ဈေးကိုသွား ။

ဆရာမ ကစည်းဝေးတတ်
အိမ်ကယောကျာ်း - ထမင်းချက်
ထမင်းချက် ဟေ့ ထမင်းချက် ။

ဆရာမ တွေ အလုပ်ရှုပ်
အိမ်ကယောက်ျား - လက်ဖက်သုတ်
လက်ဖက်သုပ် ဟေ့ လက်ဖက်သုပ် ။

ထမင်းစားလည်း ဆေးရတယ်
အိပ်ရာဝင်လည်း - ခင်းရတယ်
ခင်းရတယ် - ခင်းရတယ် ။

ဆရာမတွေ သင်တန်းသွား
အိမ်ကယောက်ျား - ကြုံရာစား
ကြုံရာစား ဟေ့ ကြုံရာစား ။

ဆရာမက ဂျူတီစောင့်
အိမ်ကယောက်ျား စိတ်မဖြောင့် စိတ်မဖြောင့်ဟေ့ စိတ်မဖြောင့်။
ကိုယ့်အသက်ကို
သူစောင့်ရှောက် သူစောင့်ရှောက်ဟေ့ သူစောင့်ရှောက်😁😁

အနာဝ လည်း မနိူက်နဲ့
ဆရာမလည်း - မကြိုက်နဲ့
မကြိုက်နဲ့ ဟေ့ မကြိုက်နဲ့ ~~~~ 🎼 🎼

🎼
🎼
:p

: copy

02/07/2023
02/07/2023

ရုပ်လေးနဲ မလိုက် လိမ်းနည်းလေး ကြည်သွားကြပါ ပညာ ရတာပေါ့

1985 ခုနှစ် မှာ မွေးတယ်။Facebook မရှိသေးဘူး။ ဖုန်းတွေ အော်တိုဖုန်း ဘဝပဲရှိသေး။Sim card 1 ကဒ်ကို အနည်းဆုံး သိန်း၅၀ပေးဝယ်တ...
01/04/2023

1985 ခုနှစ် မှာ မွေးတယ်။
Facebook မရှိသေးဘူး။
ဖုန်းတွေ အော်တိုဖုန်း ဘဝပဲရှိသေး။
Sim card 1 ကဒ်ကို အနည်းဆုံး သိန်း၅၀ပေးဝယ်တောင်၀ယ်မရသေးဘူး။

ဖုန်းဆက်ချင်ရင် အိတ်ချိန်းရုံးကိုသွားရတယ်
၁ မိနစ် ငါးဆယ်/တရာ ပေးပြောခဲ့ရတယ်။

ရပ်ကွက်တိုင်းရဲ့ လမ်းမပေါ်မှာ ကလေးတွေ
ဆူညံစွာ ပြေးလွှား ဆော့ကစားနေတယ်။

အိပ်ယာဝင်ချိန်တွေ စောတယ်။

လမ်းထိပ်က စာအုပ်ဆိုင်မှာ စာအုပ်ငှါးတယ်၊
မိုးအေးအေးလေးမှာ ဖယောင်းတိုင်မီးနဲ့
ဖတ်တယ်။

တဖက်သတ်ကြွေနေရတဲ့ သူအတွက်
စာရွက်ပေါ်မှာ ချစ်တဲ့အကြောင်းတွေ
ချရေးတယ်။ဘောလုံးကန်လို့ဒူးပြဲတဲ့ဒဏ်ရာက
အနာဖေးကို‌သွေးထွက်‌အောင်ခွာသွေးထွက်လာတော့
အဲသွေးနဲ့စာရွက်အဖြူပေါ်မှာချစ်တယ်ဆိုတဲ့စာကိုရေး
ကိုကြိုက်နေတဲ့ကောင်မလေးကိုပေးလိုပေး😅😅

ရုပ်ရှင်ဆိုတာ
လမ်းဆုံက ဗီဒီယိုပြတဲ့ဆိုင်မှာပဲရှိသေး
နောက်ပိုင်းကာလတွေမှာ ကိုယ့်အိမ်မှာကိုယ်
ဗီဒီယိုခွေနဲ့ ကြည့်နိုင်လာတယ်။

သီချင်းတွေ ဒီလောက်မမြန်သေးဘူး၊
အဆိုတော်တွေလည်း ဒီလောက် မများသေးဘူး။

TV ကြော်ငြာတွေ အရမ်းကြည့်လို့ကောင်းတုန်း
ဒွေးနဲ့ထက်ထက်မိုးဦး၊လွင်မိုးနဲ့ခိုင်သင်းကြည်။

TV Channel က
MRTV နဲ့ MWD နှစ်ခုပဲရှိတယ်
၇ နာရီမှာ ဝူခုန်းကား၊ အာယားယားကား၊
၉ နာရီမှာ ကျန်ကျောင်းကား၊ လုရီကား ကို
ရင်ခုန်စွာကြည့်ခဲ့ရတယ်။

လသာတဲ့ညတွေဆို ကောင်းကင်ကြီးက
သိပ်လှတာ ကလေးတွေပျော်ရွှင်စွာ
ကစားကြတယ်။ လူကြီးတွေဝိုင်းဖွဲ့
စကားပြောကြတယ်။ လူငယ်တွေ
ဂစ်တာတလက်နဲ့ သမီးရည်းစား
ပိုးပန်းကြတယ်။

ကျေးရွာတွေမှာ သူငယ်ချင်းတွေဆုံတွေ့ချိန်က
ညဘက်ဗီဒီယိုရုံထဲမှာ၊ ပွဲလမ်းသဘင်တွေ
တူတူသွား ကြတယ်။

ကောင်လေးတွေ ချစ်သူဆီက အဖြေရဖို့
အချိန်တော်တော်စောင့်ကြရတယ်။

ဆယ်ကျော်သက်အရွယ်မှာ
လွန်းထားထား၊လမင်းမိုမို၊ ပုညခင်၊
မီကိုဇူးဇင်၊နိုကိုဇူးဇင် သူတို့စာတွေ
သိပ်ရင်ခုန်ဖို့ကောင်း။

မင်းလူ တာရာမင်းဝေ
မင်းခိုက်စိုးစန် နီကိုရဲ ပို့စ်မော်ဒန်ကဗျာတွေ
တချို့ကဗျာတွေခုထိအလွတ်ရတုန်း ရူးသွပ်ခဲ့ရတာတွေ

ကာတွန်းဆိုရင် တွတ်ပီ(ဆွေမင်း ဓနုဖြူ)
ဆရာအောင်ရှိန် မိုးကြိုး တင်မောင်ဝင်း ကိုပူစီ
သူတို့စာတွေ ဖတ်နေရင်း လက်ကမချချင် ။

မင်းသိခ် ဆရာအောင်သင်း ဆရာဖေမြင့်
ဆရာသော်တာဆွေ ဆရာကြီးရွှေဥဒေါင်း
လယ်တွင်းသားစောချစ် တက္ကသိုလ်ဘုန်းနိုင်
သူတို့စာတွေ ခွန်အားသိပ်ဖြစ်စေတယ်။
PS:ဆရာသော်တာဆွေရဲ့စာအုပ်ဖတ်ရင်အရက်သောက်ချင်တယ်😁😁

ကျောင်းသူလေးတွေက သနပ်ခါးလေးတွေနဲ့
သိပ်လှကြတာ.... ကျောင်းမှာ Crush
ထားမိတဲ့သူက ကျောင်းအရမ်းပျော်ကြတာ။

မုန့်စားဆင်းချိန်ဆို ယောက်ကျားလေးက
ဘောလုံးကန်တယ်၊ မိန်းကလေးတွေက
ကြိုးခုန်တယ်၊ ထုတ်ဆီးထိုးတယ်၊
သိပ်ချစ်ကြ သိပ်ပျော်စရာကောင်းတာ
ဘာဟန်ဆောင်မှုမှမရှိ။

ဆင်းရဲ့ချို့တဲ့လွန်းတဲ့သူတွေမှာ အသိတချို့က
သိပ်လက်ရာမြောက်တာ။ လ္ဘက်ရည်ဆိုတာ
လူမမာတို့ရဲ ဓာတ်စာလို့ မှတ်ယူကြရတယ်။

သစ္စာတရားတွေ ခွန်အားကောင်းတုန်း
အိမ်ထောင်ဦးစီးတွေ အိမ်ပြန်ချိန်စောတယ်။
ဇနီးမယားတွေ စိတ်ချမ်းသာမှု
ပြည့်ဝနေကြတယ်။

အိမ်နီးချင်းတွေ သိပ်ချစ်ခင်ကြတာ
ပြိုင်ဆိုင်လိုစိတ်နည်းတယ် ၊
ချောက်တွန်းဖို့ဆိုဝေးသေး
ယုတ်မာမှုမရှိဘူး။ တိုက်ခိုက်မှုကင်းတယ်
ဣဿမစ္ဆရိယစိတ် မမွေးဘူး။

ဟိရိဩတ္တပတရားတွေ အင်အားကြီးတုန်း။
လူပျို၊ ၊အပျို စကားပြောရင် ခြေတုန်လက်တုန်
ဖြစ်ကြတုန်း

သမီးရည်းစားတစ်ခါတွေ့ဖို့ ၁၀ရက်လောက်
ကြာတယ် တွေ့ပြန်ရင်လည်း နာရီဝက်သာသာ
သိပ်လွမ်းလို့ကောင်းတာ

တခါတလေတော့လည်း အဲ့အချိန်တွေကို
လွမ်းမောမိပါတယ်။ ပြန်သွားချင် ပြန်လိုချင်လို့
မဟုတ်ရင်တောင် စူးစူးနစ်နစ် သတိရမိတယ်။

ဒါတွေက
တို့ရဲ့ ငယ်ဘဝတွေ .........
အဲ့ဒီအချိန်ကာလမှာ
လူတချို့ဆီကနေ အရောင်မပါ
စိတ်ထားဖြူစင်မှုတွေ
ရိုးသားမှုတွေ ရှာဖွေတွေ့ရှိခဲ့တယ်။

အပူအပင်ကင်းတဲ့
ကလေးလေးဘဝကို တခါပြန်ပြီး
ရချင်မိသေးပါ့ရဲ့

ငယ်ငယ် က ဘဝလေးက်ို
ပြန်သတိရ မိပါတယ်
မူရင်းရေးသားသူ
#ငယ်ဘဝတော့သတိရတယ်ပြန်တော့မရောက်ချင်ဘူးစိတ်တော့ချမ်းသာတယ်မပြည့်စုံခဲ့ဘူး🥺

Address

Yangon
11181

Alerts

Be the first to know and let us send you an email when ရန်ကုန်တိုင်ဒေသကြီး သတင်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share