28/12/2024
֍ လက်ရှိအချိန်ထိ ပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်တွေအနက်မှာ အရှည်လျားဆုံး တိုက်ရိုက်လေကြောင်းခရီးစဉ်ကတော့ စင်ကာပူ နဲ့ အမေရိကန် ကြားပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်ဖြစ်ပါတယ်။
֍ စင်ကာပူ ချန်ဂီလေဆိပ် ကနေ အမေရိကန် နယူးယောက် ဂျွန်အက်(ဖ်) ကနေဒီ လေဆိပ် တို့အကြား ပျံသန်းနေတာဖြစ်ပါတယ်။
֍ စင်္ကာပူလေကြောင်းလိုင်း Singapore Airlines အနေနဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ စတင်ပြေးဆွဲခဲ့တာဖြစ်ပါတယ်။
֍ ဒီတိုက်ရိုက် ခရီးစဉ်ရဲ့ အကွာအဝေးက မိုင်ပေါင်း ၉၅၃၇ ( ကီလိုမီတာ ၁၅,၃၄၉) ဖြစ်ပြီး ပျမ်းမျှအားဖြင့် အစအဆုံး ပျံသန်းတဲ့အချိန်ကတော့ ၁၈နာရီ ၅၀မိနစ် ဝန်းကျင်ဖြစ်ပါတယ်။
֍ ဒီခရီးစဉ်ကို အဝေးဆုံးခရီးတွေအတွက် အထူးဒီဇိုင်းပြုလုပ်ထားတဲ့ Airbus A350-900ULR (Ultra Long Range) လေယာဉ်တွေနဲ့ ပျံသန်းလျက်ရှိပါတယ်။
Thuta City