RAVE DJ & Music Production

RAVE DJ & Music Production သင့်ရဲ့DJ တစ်ယောက်ဖြစ်ချင်တဲ့အိမ်မက်
(72)

သင့်ရဲ့DJ / Producer တစ်ယောက်ဖြစ်ချင်တဲ့ အိမ်မက်မျကို RAVE DJ and Music Production Class နဲ အကောင်အထည်ဖော် စတင်ပါ
To Make Your Dream Do Come True with RAVE...

Remix, Bootleg, Flip တွေ က ဘယ်လိုကွာခြားကျလဲ?ကျွန်တော်တို့တွေ Original Mix မဟုတ်ဘဲ တစ်ခြား DJ/Music Producer တွေ တစ်မျို...
21/12/2023

Remix, Bootleg, Flip တွေ က ဘယ်လိုကွာခြားကျလဲ?

ကျွန်တော်တို့တွေ Original Mix မဟုတ်ဘဲ တစ်ခြား DJ/Music Producer တွေ တစ်မျိုးပြန်လည်ဖန်တီး တီးခတ်ထားတဲ့ သီချင်းတွေ ရှာတဲ့အခါကျရင် တစ်ချို့ကျ Remix, တစ်ချို့ကျတော့ Flip အပြင် နောက်တစ်မျိုး Bootleg Remix အစရှိတာတွေ မြင်မိကျမှာပေါ့။

အဲလိုအခေါ်အဝေါ် သုံးမျိုးလုံးက Original သီချင်းကို ယူပြီး အစအဆုံး ပြန်လည် ဆန်းသစ် တီးခတ်ထားတာမှန်ပေးမယ့် အဲသုံးမျိုးလုံးက ပုံစံမတူညီ တဲ့ အချက်အလက်တွေ နည်းနည်းစီကွဲပြားပါတယ်ဗျ။

Remix
Remix ဆိုတဲ့ အတိုင်းဘဲ Original Mix သီချင်းပုံစံနဲ့မတူညီကွဲပြားတဲ့ ပုံစံအသစ်တစ်မျိုးကို ကြားရမယ်ဆိုတာ တော်တော်များများသိပါတယ်။ ဒါပေမယ့် Remix ဆိုပြီး ခေါင်းစဉ်တက်လို့ ရလောက်တဲ့အထိတော့ မဖြစ်ဘူးဗျ။ အဲဒါက ဘာလဲဆိုတော့ Remix ဆိုပြီးခေါင်းစဉ်တပ်ဖို့အတွက်က Original Artist ကနေပြီး သူ့တေးသီချင်းရဲ့ Stems လိုင်းတွေကို တရားဝင် ထုတ်ပေးထားတာမျိုး ယူသုံးပြီး ပြန်လည်ဖန်တီး တီးခတ်မှ တပ်လို့ရတာမျိုးဗျ။ တစ်ချို့ Artist တွေဆို သူတို့ တေးသီချင်း ရဲ့ Remix EP ထုတ်ပေးဖို့အတွက် Stems လိုင်းတွေ ဖြန့်ပေးတာမျိုး တွေရှိသလို တစ်ချို့ကျတော့လဲ Third-Party နဲ့ပေါင်းပြီး Stems လိုင်းတွေ ဖြန့်ပေးတာမျိုးရှိတယ်။ တစ်နည်းအားဖြင့်တော့ Original Artist ကိုယ်တိုင်က Remix လုပ်ဖို့ တရားဝင် ခွင့်ပြုထားပေးတာမျိုးဆိုတော့ Official Remix လို့လဲပြောလို့ရတာပေါ့။

Bootleg or Bootleg Remix
ဒါကျတော့ရှင်းတယ် ခုနဟာရဲ့ပြောင်းပြန်ဘဲ။ Original Artist ကနေပြီး တရားဝင် Remix လုပ်ဖို့ ခွင့်ပြုချက်မပေးထားဘူး Stems လိုင်းတွေ မဖြန်ပေးထားဘူးပေါ့။ ဒါပေမယ့်လဲ Remix လုပ်လို့မရဘူးလားဆိုတော့ မဟုတ်ဘူး လုပ်ပိုင်ခွင့်ရှိတယ် ဒါပေမယ့် Official Remix မဟုတ်တဲ့ အတွက် Remix လို့ ပြောပိုင်ခွင့်မရှိတော့တဲ့အတွက်ကြောင့် Bootleg or Bootleg Remix လို့ သတ်မှတ်ချက်တစ်ခု ချထားလိုက်ရတာမျိူးပေါ့ဗျ။

Flip
Flip ကျ နည်းနည်း ပုံစံပြောင်းသွားတယ်။ သူလဲ Remix ဘဲဗျ။ Remix ဆိုတဲ့ စကားလုံးနေရာမှာ Flip ဆိုတဲ့ စကားလုံးလေးဘဲ ပြောင်းလိုက်တာမျိုး။ ဒါပေမယ့် Flip ကျတော့ Music Producer အတွက် လုပ်ရတာ မြန်ဆန်မှုရှိတာမျိုးတွေရှိတယ်။ ဘယ်လိုလဲဆိုတော့ Flip ဆိုတဲ့ စကားလုံးအတိုင်းဘဲ Drop ကို ချိန်းချလိုက်တာ လောက်ဘဲ လုပ်လိုက်တော့တယ်။ မြင်အောင်ပြောရမယ်ဆို သီချင်းတစ်ပုဒ်လုံးကိုမှ Drop အပိုဒ်ကိုဘဲ Music Producer ကနေပြီး အသစ် အစအဆုံးပြန်လည် တီးခတ်ပြီး တစ်ခြားအပိုင်းတွေကိုတော့ သူယူထားတဲ့ မူရင်းတေးသီချင်း အတိုင်းဘဲ ထားထားတာမျိုးဗျ။

ကဲဒါဆို ဒီသုံးမျိုး က ဘယ်လို နည်းနည်းစီကွာခြားသွားလဲဆိုတာ သဘောပေါက်မယ်လို့ ထင်ပါတယ်ဗျ။

🔺 RAVE DJ & Music Production Class 🔺

📍လိပ်စာ - အမှတ် (၆)၊ မြေညီထပ်၊ မြောင်းမြလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ ဖုန်း - 09425292710

နှစ်သစ်မှာ ပြောင်းလဲတော့မယ့် သင်တန်းကြေး. . .နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ရောက်ရှိခြင်းနဲ့အတူ လာမည့် ဇန်နဝါရီ လမှာတော့ ...
14/12/2023

နှစ်သစ်မှာ ပြောင်းလဲတော့မယ့် သင်တန်းကြေး. . .

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ရောက်ရှိခြင်းနဲ့အတူ လာမည့် ဇန်နဝါရီ လမှာတော့ ကျွန်တော်တို့ RAVE DJ & Music Production သင်တန်း မှ DJ အတန်းအတွက် သင်တန်းကြေးလေး အနည်းငယ် ပြောင်းလဲပါမည် ခင်ဗျ။

အရင်ကလို သက်သာတဲ့ သင်တန်းကြေး ဖြစ်တဲ့ 600,000 ကျပ်နေ အများကြီး ပြောင်းလဲသွားမှာ မဟုတ်တဲ့ အတွက် သင်တန်းတက်ရောက်မည့် သင်တန်းသူ/သား များအနေဖြင့် စိတ်ပူစရာ မလိုပါဘူး ခင်ဗျ။

ဒါဆို လာမည့် ၂၀၂၄၊ ဇန်နဝါရီ လမှာ ကျွန်တော်တို့ သင်တန်း မှ အသစ် ပြောင်းလဲ သတ်မှတ်လိုက်တဲ့ DJ Course အတွက် သင်တန်းကြေးကတော့ 700,000 ကျပ်သာ ကျသင့်မည်ဖြစ်ပြီး တက်ရောက်မည့် သင်တန်းသူ/သား တွေအတွက်လဲ သက်သာမည့် သင်တန်းကြေး ဖြစ်စေရန်အဖို့ဌာ ရည်ရွယ်ပြီး အများကြီးလဲ မပြောင်းလဲထားပေးပါဘူးခင်ဗျ 😍😍😍

ဒါ့အပြင် အရင် သင်တန်းကြေး 600,000 ကျပ်နဲ့လဲ ဒီနှစ် ဒီဇင်ဘာ လအတွင်းမှာ သင်တန်းလာရောက် အပ်နှံလို့ရသေးတယ်နော် 👌🏻👌🏻👌🏻

DJ သင်တန်းနဲ့ပတ်သတ်ပြီး အသေးစိတ် အကြောင်းအရာများ ထပ်မံ သိချင်လိုပါကလဲ Page CB (သို့) ဖုန်း - 09425292710 သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ် ❤️❤️❤️

🔺 RAVE DJ & Music Production Class 🔺

📍လိပ်စာ - အမှတ် (၆)၊ မြေညီထပ်၊ မြောင်းမြလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ ဖုန်း - 09425292710

ဘယ်အချိန်ထဲက DJ Culture စတင်ခဲ့သလဲ?DJ ဆိုတာက သင်တို့တွေ မမွေးဖွားခင်ကထဲက ပေါ်ပေါက်လာခဲ့တယ် ဆိုရင် ယုံပါ့မလား? ဟုတ်ပါတယ် ...
06/12/2023

ဘယ်အချိန်ထဲက DJ Culture စတင်ခဲ့သလဲ?

DJ ဆိုတာက သင်တို့တွေ မမွေးဖွားခင်ကထဲက ပေါ်ပေါက်လာခဲ့တယ် ဆိုရင် ယုံပါ့မလား?

ဟုတ်ပါတယ် DJ တနည်းအားဖြင့် Disk Jockey ရယ်လို့ အမည်နာမ မဖြစ်လာခင် ထဲက Parties တွေအတွက် Dance Music တွေ အသံသွင်းပေးပြီး ရောင်းချဖြန့်ဖြူး ခဲ့ခြင်း က ၁၉ ရာစု ကထဲက စတင်နေခဲ့တာဘဲ ဖြစ်ပါတယ်။

ထို ၁၉ရာစု နှစ် တစ်ခုဖြစ်တဲ့ 1943 ခုနှစ်မှာ DJ ဆိုတဲ့ အမည်နာမ က စတင်ခဲ့တယ်လို့ပြောလို့ရတယ်ဗျ။ ဘာလို့လဲဆိုတော့ အဲမတိုင်ခင်က တေးသီချင်း ဓာတ်ပြားတွေ နဲ့ဘဲ နားဆင် ကခုန်ကျတဲ့ Parties တွေဘဲရှိပြီး Live ဖျော်ဖြေပေးတဲ့ DJ မျိုး တစ်ယောက်မှ မရှိခဲ့ကျလို့ပါ။ အဲလို ပထမဆုံး Live ဖျော်ဖြေပေးခဲ့တဲ့ DJ ကတော့ ဗြိတိန် လူမျိုး Radio DJ တစ်ယောက်ဖြစ်တဲ့ Jimmy Savile က 1943 ခုနှစ်မှာ သူကိုယ်တိုင် ပြုလုပ်ကျင်းပခဲ့တဲ့ Party မှာ Turntable တစ်လုံးထဲ (မြန်မာလိုဆို ဓာတ်ပြားစက်ပေါ့ဗျ) ကို အသုံးပြုပြီး တိုက်ရိုက် ပထမဆုံး ဖျော်ဖြေပေးခဲ့တယ်ဗျ။ နောက် လေးနှစ်ခန့် ကြာတဲ့ အချိန်မှာတော့ သူကိုယ်တိုင်ဘဲ Turntable နှစ်လုံး အသုံးပြုပြီး DJ Console တစ်ခုကို ထပ်မံချပြပေးခဲ့တယ်ဗျ။

အဲလို DJ တွေ စတင်လာခဲ့ခြင်းနဲ့အတူ Club တွေ ကလဲ စတင်လာခဲ့ ကျရောဗျ။ 1947 ခုနှစ်မှာ Whisky à Gogo ဆိုတဲ့သူက Paris မြို့မှာ ပထမဆုံး Disco Club ကို စတင်ဖွင့်လှစ်ခဲ့တယ်ဗျ။ 1959 ခုနှစ်မှာလဲ Germany နိုင်ငံမှာ ပထမဆုံး Disco Club ဖြစ်တဲ့ "Scotch Club" ကို Aachen မြို့မှာ ဖွင့်လှစ်ခဲ့ပြီး အဲပွဲကို တက်ရောက်ခဲ့တဲ့ သတင်းစာသမား ဆရာ တစ်ဦးဖြစ်တဲ့ Klaus Quirini (နောက်ပိုင်းတွင် DJ Heinrich) က Club မှာ ဖွင့်သော် သီချင်းများကို မှတ်တမ်းယူ ပြီး မှတ်ချက်တွေ ပေးခဲ့သေးတယ်။ အဲ Club မှာ ပထမဆုံး ဖွင့်ခဲ့တဲ့ သီချင်းကတော့ Lale Andersen ရဲ့ Ein Schiff သီချင်းဘဲ ဖြစ်တယ်ဗျ။

1960 ခုနှစ် အရောက်မှာတော့ Rudy Bozak ဆိုသူက DJ တွေ သီချင်း Mixing ပြုလုပ်ရ အဆင်ပြေစေရန် အဖို့ဌာ DJ Mixers ကို စတင်ဖန်တီးပေးခဲ့တယ်ဗျ။ 1960 ခုနှစ် နှောင်းပိုင်းနဲ့ 1970 ခုနှစ် အစောပိုင်းကာလတွေမှာတော့ Jamaican Sound Engineer တစ်ဦးလဲ ဖြစ် DJ/Producer လဲဖြစ်တဲ့ King Tubby နဲ့ Producer တစ်ဦးဖြစ်တဲ့ Lee Scratch Perry တို့က Dub Music Genre ကို ချပြပြီး ထို Genre ရဲ့ ရှေ့ဆောင်လမ်းပြများ ဖြစ်ခဲ့ကြတာပေါ့ဗျ။

ဒါဆို DJ (သို့) Disk Jockey ဆိုတာက ကျွန်တော်တို့တွေ မမွေးဖွားခင် ၁၉ ရာစု ခေတ်ကထဲက အစပြုလာခဲ့တဲ့ Culture တစ်ခုဆိုတာကို သိရှိ ဗဟုသုတ ရစေရန် ရေးသားဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။

🔺 RAVE DJ & Music Production Class 🔺

📍လိပ်စာ - အမှတ် (၆)၊ မြေညီထပ်၊ မြောင်းမြလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ ဖုန်း - 09425292710

December လအတွက် သင်တန်း အပ်ချင်သူများ အနေနဲ့ သင်တန်း အပ်လို့ရပါပြီးနော်...RAVE DJ သင်တန်းရဲ့ သင်ကြားမှု စနစ် ပုံစံစနစ်က ...
04/12/2023

December လအတွက် သင်တန်း အပ်ချင်သူများ အနေနဲ့ သင်တန်း အပ်လို့ရပါပြီးနော်...

RAVE DJ သင်တန်းရဲ့ သင်ကြားမှု စနစ် ပုံစံစနစ်က တစ်ယောက်ချင်း One by one စနစ်ဖြင့် သင်ကြားပြသပေးမှုကြောင့် သင်ကြားချိန်မှာ မိမိ မသိနားမလည်တာများကို တစ်ခါထဲ တိုက်ရိုက် မေးမြန်းလို့ရခြင်း. . .

သင်ကြားမှုအတွက် အသုံးပြုတဲ့ DJ စက်တွေက Club တွေမှာ အသုံးပြုတဲ့ CDJ စက်အမျိုးအစားတွေ ဖြစ်တဲ့ CDJ 2000 Nexus, CDJ 900 Nexus အပြင် Bar တွေမှာ အသုံးပြုတဲ့ XDJ RX3 စက်တွေ နဲ့ပါ သင်ကြားပြသပေးခြင်း. . .

သင်တန်းကာလ က လဲ အတိအကျဆို တစ်ပတ်ကို စာသင်ကြားချိန် နှစ်ရက် ရှိပြီး တစ်ချိန်ကို သင်ကြားချိန် တစ်နာရီခွဲ ကြာမြင့်မှာ ဖြစ်ပြီး စုစုပေါင်း ၁၈ ချိန် တိတိ တက်ရောက်ရမည့် အတွက်ကြောင့် နှစ်လနဲ့တစ်ပတ် ကြာမြင့်မှာ ဖြစ်ပါတယ်ဗျ. . .

သင်တန်းကို အပတ်စဉ် အင်္ဂါနေ့ မှ တနင်္ဂနွေ နေ့ထိ ဖွင့်လှစ်ပြီး တင်္နလာနေ့တစ်ရက်တော့ သင်တန်းပိတ်ရက်ဖြစ်ပါတယ်ခင်ဗျ. သင်တန်းတက်ရမယ့် အချိန်စားရင်းကလဲ သင်တန်းတက်မယ့်သူ အားတဲ့ အချိန်နဲ့ အဆင်ပြေအောင် လာရောက် ဆွေးနွေးနိုင်ပါတယ်. . .

သင်တန်းကြေး ကတော့ သင်တန်းကာလ နှစ်လနဲ့ တစ်ပတ်တိတိ စာကို စုစုပေါင်း ၆သိန်း ကျမှာ ဖြစ်ပါပြီး Mashup အတန်းနဲ့ ပေါင်းတက်မည် ဆိုပါကလဲ ၉သိန်း၅သောင်း သာကျသင့်မှာ ဖြစ်ပါတယ်ဗျ. . .

RAVE DJ & Music Production သင်တန်း လိပ်စာ ကတော့ အမှတ် ၆ , မြောင်းမြလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပြီး ဆက်သွယ်ရမယ့် ဖုန်းနံပတ်ကတော့ 09425292710 ဖြစ်ပါတယ်ခင်ဗျ ❤️❤️❤️

အသေးစိတ်ထပ်မံ သိချင်ပါကလဲ Page CB or 09425292710 သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်သလို သင်တန်း ချိန်အတွင်း သင်တန်းသို့ လာရောက်မေးမြန် စုံစမ်းနိုင်ပါတယ်ဗျ 😍😍😍

•RAVE DJ & Music Production Class •

✅ DJ အတန်းအတွက် သင်တန်းကြေး - ၆၀၀,၀၀၀ ကျပ် (အပြီးအစီး) ။

✅ DJ+Mashup အတန်းအတွက် သင်တန်းကြေး - ၉၅၀,၀၀၀ ကျပ် (အပြီးအစီး)

✅ သင်ကြားမည့်ကာလ - တစ်ပတ် နှစ်ရက် နှုန်းဖြင့် သင်ကြားပေးပြီး စုစုပေါင်း "နှစ်လ" ကြာမြင့်မှာ ဖြစ်တယ်။

✅ သင်တန်း လိပ်စာ - အမှတ် ၆၊ မြေညီထပ်၊ မြောင်းမြလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

✅ ကိုယ်အဆင်ပြေမယ့်အချိန်ကို သင်တန်းမှာ လာရောက် တိုင်ပင်ပြီး ရွေးချယ် တက်ရောက်နိုင်ပါတယ် ခင်ဗျ .....

30/11/2023

RAVE DJ Course ဆိုတာက. . . .

🔹 DJ ဝါသနာ ပါတဲ့ သူတွေ အတွက် အထူးသက်သာသော သင်တန်းကြေး . . .

🔹 တစ်ယောက်ချင်း အနီးကပ် One by One စနစ်ဖြင့် အခြေခံမှ စတင်၍ သင်ကြားပြသပေးမှု . . .

🔹 Night Club တွေမှာ အသုံးပြုသော Pioneer DJ စက်တွေဖြစ်တဲ့ CDJ 2000 Nexus , 900 Nexus XDJ 700 အစရှိတဲ့ DJ စက်တွေ အပြင် KTV & Bar တွေမှာ အသုံးပြုကျတဲ့ XDJ RX3 စက်နဲ့ပါ 100 % လက်တွေ့ သင်ကြားပေးခြင်း . . .

🔹 သင်တန်းအချိန်များကိုလဲ မိမိ အားတဲ့ အချိန် ဖြင့် ညှိနှိုင်း တက်ရောက်နိုင်ခြင်း . . . တို့ကြောင့် DJ ပညာရပ် ကို အခြေခံမှ စ လေ့လာသင်ယူမယ်ဆိုရင်တော့ RAVE က သင်တို့ကို နွေးထွေးစွာ စောင်ကြိုနေပါတယ် ခင်ဗျ 😉😉😉

🔹သင်တန်းလိပ်စာကတော့ အမှတ် ၆ , မြောင်းမြလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပြီး ဆက်သွယ်ရမယ့် ဖုန်းနံပတ်ကတော့ 09425292710 ဖြစ်ပါတယ်ခင်ဗျ ❤️❤️❤️

အသေးစိတ်ထပ်မံ သိချင်ပါကလဲ Page CB or 09425292710 သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်သလို သင်တန်း ချိန်အတွင်း သင်တန်းသို့ လာရောက်မေးမြန် စုံစမ်းနိုင်ပါတယ်ဗျ 😍😍😍

• RAVE DJ & Music Production Class •

✅ DJ အတန်းအတွက် သင်တန်းကြေး - ၆၀၀,၀၀၀ ကျပ် (အပြီးအစီး) ။

✅ DJ+Mashup အတန်းအတွက် သင်တန်းကြေး - ၉၅၀,၀၀၀ ကျပ် (အပြီးအစီး)

✅ သင်ကြားမည့်ကာလ - တစ်ပတ် နှစ်ရက် နှုန်းဖြင့် သင်ကြားပေးပြီး စုစုပေါင်း "နှစ်လ" ကြာမြင့်မှာ ဖြစ်တယ်။

✅ သင်တန်း လိပ်စာ - အမှတ် ၆၊ မြေညီထပ်၊ မြောင်းမြလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

✅ ကိုယ်အဆင်ပြေမယ့်အချိန်ကို သင်တန်းမှာ လာရောက် တိုင်ပင်ပြီး ရွေးချယ် တက်ရောက်နိုင်ပါတယ် ခင်ဗျ .....

29/11/2023

🪄 သူတို့တွေ ဘာလို့ Rave DJ သင်တန်းကျောင်း ကို ရွေးချယ်ခဲ့ကျသလဲ?

🪄 RAVE DJ သင်တန်း မတက်ခင်နဲ့တက်ပြီး နောက်မှာ သူ့တို့အတွက် ဘာတွေများကွာခြားသွားသလဲ?

သင်တန်းနဲ့ပတ်သတ်ပြီး သိချင်ပါကလဲ Page CB (or) 09425292710 သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်သလို သင်တန်းသို့ လာရောက်မေးမြန် စုံစမ်းနိုင်ပါ သေးတယ်ခင်ဗျ 😍😍😍

🔺 RAVE DJ & Music Production Class 🔺

📍လိပ်စာ - အမှတ် (၆)၊ မြေညီထပ်၊ မြောင်းမြလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ ဖုန်း - 09425292710

ပျော်ပျော်ရွှင်ရွှင် လ တန်ဆောင်တိုင် ရဲ့ တန်ဆောင်မုန်း လပြည့်နေ့မှာ စိတ်​၏ချမ်းသာခြင်း၊ကိုယ်​၏ ကျန်းမာခြင်းများ ပြည့်စုံ...
27/11/2023

ပျော်ပျော်ရွှင်ရွှင် လ တန်ဆောင်တိုင် ရဲ့ တန်ဆောင်မုန်း လပြည့်နေ့မှာ စိတ်​၏ချမ်းသာခြင်း၊ကိုယ်​၏ ကျန်းမာခြင်းများ ပြည့်စုံကျပါစေလို့ "RAVE DJ & Music Production" သင်တန်းကျောင်းမှ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ် ခင်ဗျ 🙏🏻🙏🏻🙏🏻

🔺 RAVE DJ & Music Production Class 🔺

📍လိပ်စာ - အမှတ် (၆)၊ မြေညီထပ်၊ မြောင်းမြလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ ဖုန်း - 09425292710

𝐄𝐮𝐫𝐨 𝐓𝐫𝐚𝐬𝐡 အနေနဲ့ တစ်ဖန် လာရောက်ဖျော်ဖြေ မယ့် 𝐘𝐞𝐥𝐥𝐨𝐰 𝐌𝐨𝐭𝐡𝐞𝐫 𝐅**𝐤𝐢𝐧𝐠 𝐂𝐥𝐚𝐰 !!!𝐘𝐞𝐥𝐥𝐨𝐰 𝐂𝐥𝐚𝐰 လို့ လူသိများတဲ့ 𝐃𝐮𝐭𝐜𝐡 𝐃𝐮𝐨 𝐃𝐉 အဖ...
23/11/2023

𝐄𝐮𝐫𝐨 𝐓𝐫𝐚𝐬𝐡 အနေနဲ့ တစ်ဖန် လာရောက်ဖျော်ဖြေ မယ့် 𝐘𝐞𝐥𝐥𝐨𝐰 𝐌𝐨𝐭𝐡𝐞𝐫 𝐅**𝐤𝐢𝐧𝐠 𝐂𝐥𝐚𝐰 !!!

𝐘𝐞𝐥𝐥𝐨𝐰 𝐂𝐥𝐚𝐰 လို့ လူသိများတဲ့ 𝐃𝐮𝐭𝐜𝐡 𝐃𝐮𝐨 𝐃𝐉 အဖွဲ့ကိုတော့ 𝐉𝐢𝐦 𝐓𝐚𝐢𝐡𝐮𝐭𝐭𝐮 နဲ့ 𝐍𝐢𝐥𝐬 𝐑𝐨𝐧𝐝𝐡𝐮𝐢𝐬 တို့အပြင် အဖွဲ့ထဲကနေ ၂၀၁၆ ခုနှစ်မှာ ထွက်ခွာသွားတဲ့ 𝐌𝐂 𝐁𝐢𝐳𝐳𝐞𝐲 လို့လူသိများတဲ့ "𝐋𝐞𝐨𝐧𝐚𝐫𝐝𝐨 𝐑𝐩𝐞𝐥𝐚𝐧𝐝𝐬𝐜𝐡𝐚𝐩" တို့ဖြင့် စတင် ခဲ့ကျပြီးတော့ တစ်မူထူးခြားတဲ့ 𝐓𝐫𝐚𝐩, 𝐇𝐢𝐩 𝐇𝐨𝐩, 𝐃𝐮𝐛𝐬𝐭𝐞𝐩 သံစဉ်တွေကြောင့်လဲ တည်ထောင်ပြီး အချိန်တို အတွင်းမှာ တင် လူတွေ သတိထားမိလာခဲ့ တဲ့ 𝐘𝐞𝐥𝐥𝐨𝐰 𝐂𝐥𝐚𝐰 ရယ်လို့ ဖြစ်လာခဲ့တာပေါ့ဗျ. . . . .

ကနဦး အောင်မြင်ခြင်း အစလို့ ပြောလို့ရတာကတော့ 𝟐𝟎𝟏𝟎 ခုနှစ် နှစ်လည်ပိုင်းလောက်မှာ နယ်သာလန် နိုင်ငံ 𝐀𝐦𝐬𝐭𝐞𝐫𝐝𝐚𝐦 မြို့မှာ ရှိတဲ့ 𝐍𝐢𝐠𝐡𝐭𝐜𝐥𝐮𝐛 တစ်ခုဖြစ်တဲ့ 𝐉𝐢𝐦𝐦𝐲 𝐖𝐨𝐨 𝐂𝐥𝐮𝐛 မှာ ဖျော်ဖြေပြီးတော့ 𝐘𝐞𝐥𝐥𝐨𝐰 𝐂𝐥𝐚𝐰 ဆိုတဲ့ အဖွဲ့ကို သတိထားမိလာကျပြီး စတင်အောင်မြင်လာတယ်လို့ ဆိုလို့ရတယ်ဗျ။ 𝟐𝟎𝟏𝟐-𝟐𝟎𝟏𝟑 ခုနှစ် ရောက်ရှိလာချိန်မှာတော့ 𝐘𝐞𝐥𝐥𝐨𝐰 𝐂𝐥𝐚𝐰 ထုတ်ဝေတဲ့ တေးသီချင်း တစ်ပုဒ် ချင်းစီးတိုင်းက 𝐁𝐞𝐥𝐠𝐢𝐚𝐧 နဲ့ 𝐃𝐮𝐭𝐜𝐡 နိုင်ငံတွေရဲ့ 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐡𝐚𝐫𝐭𝐬 မှာ နေရာ တစ်ခု ယူထားနိုင်တဲ့အထိ ပိုမိုအောင်မြင်လာခဲ့ကျတယ်။ အဲလို နေရာ ယူထားနိုင်တဲ့ တေးသီချင်းတွေက 𝐊𝐫𝐨𝐤𝐨𝐛𝐢𝐥, 𝐍𝐨𝐨𝐢𝐭 𝐌𝐞𝐞𝐫 𝐒𝐥𝐚𝐩𝐞𝐧, 𝐓𝐡𝐮𝐧𝐝𝐞𝐫 & 𝐋𝐚𝐬𝐭 𝐍𝐢𝐠𝐡𝐭 𝐄𝐯𝐞𝐫 သီချင်းတွေဘဲ ဖြစ်ပြီး အဲသီချင်းတွေရဲ့ 𝐌𝐮𝐬𝐢𝐜 𝐕𝐢𝐝𝐞𝐨(𝐌𝐕) တွေဟာလဲ 𝐘𝐨𝐮𝐭𝐮𝐛𝐞 မှာ ကြည့်ရှူသူ သန်း၄၀ ကျော်တဲ့ အထိ ကို အောင်မြင်စေခဲ့ပါတယ်။ အဲလိုအောင်မြင်လာတဲ့ နှစ်အတွင်းမှာဘဲ သူတို့နိုင်ငံ အတွင်းမှာ ပြုလုပ်တဲ့ 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 မြောက်မြားစွာအပြင် 𝐃𝐢𝐫𝐭𝐲 𝐃𝐮𝐭𝐜𝐡 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥, 𝐒𝐧𝐞𝐚𝐤𝐞𝐫𝐳 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥, 𝐋𝐚𝐭𝐢𝐧 𝐕𝐢𝐥𝐥𝐚𝐠𝐞 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 & 𝐒𝐨𝐥𝐚𝐫 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 တွေပါ စတင်ဖျော်ဖြေပေးခဲ့ကျတယ်ဗျ။

အောင်မြင်လာခဲ့တဲ့ 𝟐𝟎𝟏𝟑 ခုနှစ် အတွင်းမှာဘဲ 𝐃𝐢𝐩𝐥𝐨 ရဲ့ 𝐑𝐞𝐜𝐨𝐫𝐝 𝐋𝐚𝐛𝐞𝐥 တစ်ခုဖြစ်တဲ့ 𝐌𝐚𝐝 𝐃𝐞𝐜𝐞𝐧𝐭 𝐑𝐞𝐜𝐨𝐫𝐝 နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးတော့ မတ်လ ၇ ရက်နေ့ ၂၀၁၃ ခုနှစ်မှာတော့ သူတို့ရဲ့ ပထမဆုံး 𝐄𝐏 ဖြစ်တဲ့ 𝐀𝐦𝐬𝐭𝐞𝐫𝐝𝐚𝐦 𝐓𝐫𝐚𝐩 𝐌𝐮𝐬𝐢𝐜 𝐄𝐏 ကို ကမ္ဘာတစ်ဝန်း ကိုစတင်ဖြန့်ဖြူးပေးခဲ့တယ်ဗျ။ ဇွန်လမှာတော့ 𝐁𝐁𝐂 𝐑𝐚𝐝𝐢𝐨 𝟏 က နေ ပြုလုပ်တဲ့ 𝐃𝐢𝐩𝐥𝐨 & 𝐅𝐫𝐢𝐞𝐧𝐝𝐬 မှာ ဖျော်ဖြေပေးခဲ့ပြီး ဇူလိုင်လ မှာတော့ 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 တွေထဲမှာ အအောင်မြင်ဆုံးဖြစ်တဲ့ 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰𝐥𝐚𝐧𝐝 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 အထိကို ဖျော်ဖြေခွင့်ရတဲ့အထိ ကို အောင်မြင်မှုတွေက ဆက်တိုင်ဆိုသလို ကြီးထားလာခဲ့တာပေါ့ဗျ။ အဲလို ဖျော်ဖြေမှုတွေ မြောက်မြားစွာကြားထဲကနေဘဲ စက်တင်ဘာလမှာတော့ သူတို့ရဲ့ ဒုတိယမြောက် 𝐄𝐏 ဖြစ်တဲ့ 𝐀𝐦𝐬𝐭𝐞𝐫𝐝𝐚𝐦 𝐓𝐰𝐞𝐫𝐤 𝐌𝐮𝐬𝐢𝐜 𝐄𝐏 ကို ထပ်မံ ဖြန့်ဖြူးပေးခဲ့သေးတယ်ဗျ။

𝐍𝐨𝐯 𝟏,𝟐𝟎𝟏𝟑 ခုနှစ်မှာတော့ 𝐒𝐩𝐢𝐧𝐧𝐢𝐧' 𝐑𝐞𝐜𝐨𝐫𝐝𝐬 နဲ့ စာချုပ်ချုပ်ပြီးတော့ 𝐍𝐞𝐭𝐡𝐞𝐫𝐥𝐚𝐧𝐝𝐬 နိုင်ငံရဲ့ 𝐒𝐢𝐧𝐠𝐥𝐞 သီချင်းအနေနဲ့ အဆင့် "၁၀" နေရာ၊ 𝐁𝐞𝐥𝐠𝐢𝐮𝐦 နိုင်ငံမှာတော့ အဆင့် "၂၀" နေရာ တွေရပြီး တစ်ကမ္ဘာလုံး က 𝐘𝐞𝐥𝐥𝐨𝐰 𝐂𝐥𝐚𝐰 ဆိုပြီး သိရှိသွားစေတဲ့ 𝐃𝐮𝐭𝐜𝐡 အဆိုတော် 𝐑𝐨𝐜𝐡𝐞𝐥𝐥𝐞 နဲ့ ဖန်တီးထားတဲ့ 𝐒𝐡𝐨𝐭𝐠𝐮𝐧 ဆိုတဲ့တေးသီချင်းကို ထုတ်လုပ် ဖြန့်ဝေခဲ့တယ်ဗျ။

တစ်နှစ်ကို 𝐀𝐥𝐛𝐮𝐦 သို့မဟုတ် 𝐄𝐏 တစ်ခု ထုတ်ရမှ ကျေနပ် လေ့ရှိတဲ့ 𝐘𝐞𝐥𝐥𝐨𝐰 𝐂𝐥𝐚𝐰 ကတော့ ၂၀၁၅ ခုနှစ်မှာတော့ 𝐁𝐥𝐨𝐨𝐝 𝐅𝐨𝐫 𝐌𝐞𝐫𝐜𝐲 𝐀𝐥𝐛𝐮𝐦.
၂၀၁၇ ခုနှစ် မှာတော့ 𝐋𝐨𝐬 𝐀𝐦𝐬𝐭𝐞𝐫𝐝𝐚𝐦 𝐀𝐥𝐛𝐮𝐦.
၂၀၁၈ ခုနှစ် မှာတော့ 𝐍𝐞𝐰 𝐁𝐥𝐨𝐨𝐝 𝐀𝐥𝐛𝐮𝐦.
၂၀၂၀ ခုနှစ် မှာတော့ 𝐍𝐞𝐯𝐞𝐫 𝐃𝐢𝐞𝐬 𝐀𝐥𝐛𝐮𝐦 စတဲ့ 𝐀𝐥𝐛𝐮𝐦 လေးခုတိတိ ကို ထုတ်ဝေခဲ့ကျပြီး အဆိုပါနှစ်တွေ အတွင်းမှာလဲ 𝐒𝐢𝐧𝐠𝐥𝐞 တေးသီချင်းကောင်းတွေလဲ ဖြန့်ချိခဲ့သေးပါတယ်ဗျ။

အဲလိုတွေအချိန်တိုအတွင်း အောင်မြင်မှုတွေ ရနေတဲ့ 𝐘𝐞𝐥𝐥𝐨𝐰 𝐂𝐥𝐚𝐰 ကတော့ ၂၀၁၄ခုနှစ် မေလမှာ သူတို့ရဲ့ ကိုယ်ပိုင် 𝐑𝐞𝐜𝐨𝐫𝐝 𝐋𝐚𝐛𝐞𝐥 ဖြစ်တဲ့ 𝐁𝐨𝐫𝐨𝐧𝐠 𝐅𝐚𝐦𝐢𝐥𝐲 ကို စတင်လည်ပတ်ခဲ့ပြီး ပထမဆုံး သူတို့ 𝐑𝐞𝐜𝐨𝐫𝐝 𝐋𝐚𝐛𝐞𝐥 နဲ့ စာချုပ်ချုပ်ခဲ့တဲ့ 𝐃𝐉/𝐏𝐫𝐨𝐝𝐮𝐜𝐞𝐫 ကတော့ 𝐌𝐢𝐠𝐡𝐭𝐲𝐟𝐨𝐨𝐥𝐚 ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇွန်လ၂ ရက်နေ့မှာ ဖြန့်ဖြူးပေးခဲ့တဲ့ သူရဲ့ သီချင်းဖြစ်တဲ့ 𝐋𝐢𝐜𝐤 𝐃𝐚𝐭 သီချင်းကတော့ 𝐁𝐨𝐫𝐨𝐧𝐠 𝐅𝐚𝐦𝐢𝐥𝐲 𝐑𝐞𝐜𝐨𝐫𝐝 ကနေ ပထမဆုံး ဖြန်ဖြူးခဲ့တဲ့သီချင်းဘဲ ဖြစ်တယ်ဗျ။ အခုဆိုရင် ဒီ 𝐑𝐞𝐜𝐨𝐫𝐝 ကနေ တေးသီချင်းပေါင်း ၆၀၀ ကျော်အထိ ထုတ်ဝေ ဖြန့်ဖြူးပေးနေတဲ့ အထိ အောင်မြင်နေတဲ့ 𝐑𝐞𝐜𝐨𝐫𝐝 𝐋𝐚𝐛𝐞𝐥 တစ်ခုကိုပါ ပိုင်ဆိုင်ထားတဲ့ 𝐃𝐮𝐨 အဖွဲ့လို့ကို ဆိုရမယ်ဗျ။

ဒါပေမယ့် ၂၀၁၆ ခုနှစ်ကတော့ 𝐘𝐞𝐥𝐥𝐨𝐰 𝐂𝐥𝐚𝐰 ရဲ့ အမာခံ ပရိတ်သတ်တွေအတွက် စိတ်မကောင်းစရာ နှစ် တစ်နှစ်လို့ပြောလို့ရတယ်ဗျ။ အဖွဲ့စတင်တည်တောင်ခဲ့တဲ့ အဖွဲ့ခေါင်းဆောင် ကောင်းတစ်ယောက်လို့ ပြောလို့ရတဲ့ 𝐌𝐂 𝐁𝐢𝐳𝐳𝐞𝐲 က အဖွဲ့ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီး နောက် "𝐄𝐃𝐂 𝐋𝐚𝐬 𝐕𝐞𝐠𝐚𝐬 𝟐𝟎𝟏𝟔" 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 ဟာလဲ သူတို့ သုံးယောက်ကို အတူတကွ ဖျော်ဖြေတာ မြင်ရတဲ့ နောက်ဆုံး 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 လို့ပြောရမှာဘဲဗျ။

အခုဆိုလဲ 𝐘𝐞𝐥𝐥𝐨𝐰 𝐂𝐥𝐚𝐰 ရဲ့ 𝐒𝐮𝐛-𝐀𝐫𝐭𝐢𝐬𝐭 𝐍𝐚𝐦𝐞 ဖြစ်တဲ့ 𝐄𝐮𝐫𝐨 𝐓𝐫𝐚𝐬𝐡 အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ဖျော်ဖြေဦးမယ်ဆိုတာပြောရင်းနဲ့ 𝐀𝐫𝐭𝐢𝐬𝐭 ဘဝ အကြောင်းတွေကို ဗဟုသုတရစေရန် ရေးသား ဖော်ပြပေးလိုက်ပါတယ်. . . . .

🔺 𝐑𝐀𝐕𝐄 𝐃𝐉 & 𝐌𝐮𝐬𝐢𝐜 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐂𝐥𝐚𝐬𝐬 🔺

📍လိပ်စာ - အမှတ် (၆)၊ မြေညီထပ်၊ မြောင်းမြလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ ဖုန်း - 𝟎𝟗𝟒𝟐𝟓𝟐𝟗𝟐𝟕𝟏𝟎

𝐖𝐡𝐚𝐭 𝐢𝐬 𝐓𝐞𝐜𝐡 𝐇𝐨𝐮𝐬𝐞?တစ်ဟုန်ထိုး တိုးတက် နေရာတစ်ခု ယူလာတဲ့ 𝐄𝐥𝐞𝐜𝐭𝐫𝐨𝐧𝐢𝐜 𝐃𝐚𝐧𝐜𝐞 𝐌𝐮𝐬𝐢𝐜(𝐄𝐃𝐌) တစ်ခုဖြစ်တဲ့ 𝐓𝐞𝐜𝐡 𝐇𝐨𝐮𝐬𝐞 ဆိုတဲ့ 𝐌𝐮𝐬𝐢...
21/11/2023

𝐖𝐡𝐚𝐭 𝐢𝐬 𝐓𝐞𝐜𝐡 𝐇𝐨𝐮𝐬𝐞?

တစ်ဟုန်ထိုး တိုးတက် နေရာတစ်ခု ယူလာတဲ့ 𝐄𝐥𝐞𝐜𝐭𝐫𝐨𝐧𝐢𝐜 𝐃𝐚𝐧𝐜𝐞 𝐌𝐮𝐬𝐢𝐜(𝐄𝐃𝐌) တစ်ခုဖြစ်တဲ့ 𝐓𝐞𝐜𝐡 𝐇𝐨𝐮𝐬𝐞 ဆိုတဲ့ 𝐌𝐮𝐬𝐢𝐜 အမျိုးအစားကိုတော့ 𝐇𝐨𝐮𝐬𝐞 𝐌𝐮𝐬𝐢𝐜 က တစ်ဆင့် မွေးဖွားလာတဲ့ 𝐬𝐮𝐛𝐠𝐞𝐧𝐫𝐞 တစ်ခုလို့ပြောလို့ရတယ်ဗျ။

𝐓𝐞𝐜𝐡 𝐇𝐨𝐮𝐬𝐞 ဟာ 𝐄𝐧𝐠𝐥𝐚𝐧𝐝 နိုင်ငံ တစ်နည်းအားဖြင့် 𝐔𝐧𝐢𝐭𝐞𝐝 𝐊𝐢𝐧𝐠𝐝𝐨𝐦 က ဖွားမြင်လာတဲ့ 𝐌𝐮𝐬𝐢𝐜 𝐆𝐞𝐧𝐫𝐞 တစ်ခုလို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ 𝐌𝐮𝐬𝐢𝐜 ရဲ့ မူလ ပထမက 𝐃𝐞𝐭𝐫𝐨𝐢𝐭 ဆိုတဲ့ 𝐔𝐊 နိုင်ငံသား 𝐃𝐉/𝐏𝐫𝐨𝐝𝐮𝐜𝐞𝐫 က 𝟏𝟗𝟖𝟎-𝟏𝟗𝟗𝟎 ခုနှစ်တွင်မှာ စတင်ဖန်တီး ခဲ့တဲ့အတွက် 𝐓𝐞𝐜𝐡 𝐇𝐨𝐮𝐬𝐞 က ၁၉၉၀ ကာလ အပိုင်းအခြားထဲက စတင်ပေါ်ပေါက်လာခဲ့တယ် လို့ ဆိုလိုလို့ရတယ်။ ၁၉၉၀ နှောင်းပိုင်းကာလတွေမှာတော့ 𝐄𝐧𝐠𝐥𝐚𝐧𝐝 ပြည်နယ် တစ်ခုလုံး ပျံနှံ ကုန်ပြီး တစ်ပြည်လုံးမှာ ရှိတဲ့ 𝐂𝐥𝐮𝐛 တွေမှာ 𝐓𝐞𝐜𝐡 𝐇𝐨𝐮𝐬𝐞 ဆိုတဲ့ ဂီတ သံစဉ်တွေ စီးဆင်းကုန်ကျတယ်ဗျ။

𝐓𝐞𝐜𝐡 𝐇𝐨𝐮𝐬𝐞 ရဲ့ မူလပထမ စတင်စီးဆင်းစေခဲ့သော် 𝐂𝐥𝐮𝐛 ကတော့ 𝐌𝐫.𝐂 နဲ့ 𝐋𝐚𝐲𝐨 𝐏𝐚𝐬𝐤𝐢𝐧 ပိုင်ဆိုင်တဲ့ လန်ဒန် မြို့မှာ ရှိသော် "𝐓𝐡𝐞 𝐄𝐧𝐝" ဆိုတဲ့ 𝐍𝐢𝐠𝐡𝐭𝐜𝐥𝐮𝐛 ကနေ ဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးက အဆိုပါ 𝐍𝐢𝐠𝐡𝐜𝐥𝐮𝐛 ကို 𝐓𝐞𝐜𝐡 𝐇𝐨𝐮𝐬𝐞 𝐌𝐮𝐬𝐢𝐜 စီးဆင်းရန် စတင် ခဲ့တဲ့ ပထမဆုံး 𝐓𝐞𝐜𝐡 𝐇𝐨𝐮𝐬𝐞 ရဲ့ အိမ် အနေနဲ့ တောင်သတ်မှတ် ခဲ့ကျပါတယ်။

၂၀၀၀ ခုနှစ် ဝန်းကျင်တွေမှာတော့ 𝐓𝐞𝐜𝐡 𝐇𝐨𝐮𝐬𝐞 ဂီတဟာ ဖွားမြင်ရာ 𝐄𝐧𝐠𝐥𝐚𝐧𝐝 နိုင်ငံမှ တစ်ဆင့် ဥရောပ နိုင်ငံတွေအထိ စီးဆင်းလာစေခဲ့တယ်။ ဂျာမနီ၊ နယ်သာလန်၊ ဆွီဒင် အစရှိတဲ့ နိုင်ငံတွေ မှာ စတင် နေရာယူလာပြီး စပိန်နိုင်ငံမှာတော့ 𝐓𝐞𝐜𝐡 𝐇𝐨𝐮𝐬𝐞 ဂီတ ဟာ အကြီးအကျယ် အောင်မြင်စေခဲ့တဲ့အထိ တန်ခိုး ကြီးထွားစေခဲ့တာပေါ့ဗျ။ စပိန်မှာ အောင်မြင်ခဲ့အောင် လုပ်ဆောင်ပေးခဲ့တဲ့ 𝐃𝐉 တွေကတော့ စပိန်နိုင်ငံ ဘာစီလိုနာ မြို့က 𝐓𝐡𝐞 𝐑𝐎𝐖𝟏𝟒 𝐂𝐥𝐮𝐛 ရဲ့ 𝐑𝐞𝐬𝐢𝐝𝐞𝐧𝐭 𝐃𝐉𝐬 တွေဖြစ်ကျတဲ့ 𝐌𝐚𝐫𝐜 𝐌𝐚𝐲𝐚, 𝐎𝐬𝐜𝐚𝐫 𝐀𝐠𝐮𝐢𝐥𝐞𝐫𝐚 နဲ့ 𝐑𝐚𝐮𝐥 𝐌𝐞𝐳𝐜𝐨𝐥𝐚𝐧𝐳𝐚 တို့ ကြောင့်လို့ပြေလို့ရတယ်ဗျ။

ဘယ်လိုဘဲ ဖြစ်နေပါစေဦးဗျ ဒီ 𝐓𝐞𝐜𝐡 𝐇𝐨𝐮𝐬𝐞 ကို ကမ္ဘာ တစ်ဝန်း ပိုမို ထင်ရှားလာအောင်လို့ 𝐂𝐚𝐫𝐥 𝐂𝐨𝐱 နဲ့ 𝐉𝐨𝐫𝐢𝐬 𝐕𝐨𝐨𝐦 တို့က လုပ်ဆောင်ပေးခဲ့တာ တော့ အသေချာအချာဘဲဆိုတာ ပြောရင်း 𝐓𝐞𝐜𝐡 𝐇𝐨𝐮𝐬𝐞 နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေ သိရှိမယ်လို့မျှော်လင့်ပါတယ်ဗျ. . . . .

🔺 𝐑𝐀𝐕𝐄 𝐃𝐉 & 𝐌𝐮𝐬𝐢𝐜 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐂𝐥𝐚𝐬𝐬 🔺

📍လိပ်စာ - အမှတ် (၆)၊ မြေညီထပ်၊ မြောင်းမြလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ ဖုန်း - 𝟎𝟗𝟒𝟐𝟓𝟐𝟗𝟐𝟕𝟏𝟎

𝐻𝑜𝑤 𝑎𝑟𝑒 𝑡ℎ𝑒𝑦 𝑑𝑖𝑓𝑓𝑒𝑟𝑒𝑛𝑡?𝐷𝐽 တွေ သီချင်းတွေ 𝐷𝑜𝑤𝑛𝑙𝑜𝑎𝑑 ဆွဲတဲ့ အခါကျရင် သီချင်း နာမည်တွေနောက်မှ 𝑂𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑀𝑖𝑥, 𝐸𝑥𝑡𝑒𝑛𝑑𝑒𝑑 𝑀𝑖𝑥, 𝑅𝑎...
13/11/2023

𝐻𝑜𝑤 𝑎𝑟𝑒 𝑡ℎ𝑒𝑦 𝑑𝑖𝑓𝑓𝑒𝑟𝑒𝑛𝑡?

𝐷𝐽 တွေ သီချင်းတွေ 𝐷𝑜𝑤𝑛𝑙𝑜𝑎𝑑 ဆွဲတဲ့ အခါကျရင် သီချင်း နာမည်တွေနောက်မှ 𝑂𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑀𝑖𝑥, 𝐸𝑥𝑡𝑒𝑛𝑑𝑒𝑑 𝑀𝑖𝑥, 𝑅𝑎𝑑𝑖𝑜 𝑀𝑖𝑥 အစ ရှိတာတွေ ပါတဲ့ သီချင်းမျိုးတွေ တွေ့ဖူးကျမှာပေါ့။ သတိမထားဘဲ နားထောင်ကြည့်ရင် သီချင်းတစ်ပုဒ်ထဲကို 𝑉𝑒𝑟𝑠𝑖𝑜𝑛 (၃)မျိုးများ ထုတ်ထားသလားတောင် ထင်ရလိုက်မယ်။ အမှန်တကယ်တော့ သီချင်းတစ်ပုဒ်ထဲပါဘဲ ဒါပေမယ့် ကွာခြားချက်တွေတော့ ရှိကျတယ်။ အဲဒီကွာခြားချက်တွေက ဘာတွေလဲဆိုတော့ . . . . .

▪️ 𝑂𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑀𝑖𝑥
𝑂𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑀𝑖𝑥 ဆိုတာ တေးသီချင်းထုတ်လုပ်သူ 𝑀𝑢𝑠𝑖𝑐 𝑃𝑟𝑜𝑑𝑢𝑐𝑒𝑟 ကနေ မူလပထမ တစ်နည်းအားဖြင့် မူရင်း အတိုင်း ဖြစ်နေမယ့် တေးသီချင်း ကိုပြောချင်တာပါ။ ပြောရမယ်ဆိုရင် 𝑃𝑟𝑜𝑑𝑢𝑐𝑒𝑟 မှာ သူ့ ချပြချင်တဲ့ ပုံစံအတိုင်း ဆင်ဆာဖြတ်ထားတာမျိုး၊ သီချင်း ကို ကြာချိန် ရှည်လိုက် တိုလိုက် တာမျိုး အစရှိတာတွေ မပါဘဲနဲ့ မူလ ပထမ အတိုင်း ထုပ်လုပ် ဖြန့်ချိတဲ့ ပုံစံမျိုးကို 𝑂𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑀𝑖𝑥 လို့ခေါ်တာပါ။ လွယ်လွယ်ပြောရရင် 𝑂𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑀𝑖𝑥 တော်တော်များများက 𝐷𝑟𝑢𝑚 𝐵𝑒𝑎𝑡(ဒူ ချပ်) နဲ့ မစဘဲ သီချင်းရဲ့ 𝑀𝑒𝑙𝑜𝑑𝑦 ပိုင်းတွေနဲ့ စတာများတဲ့အတွက် ကြောင့် 𝐷𝐽 တွေ 𝑀𝑖𝑥𝑖𝑛𝑔 ပြုလုပ်တဲ့အခါကျ သီချင်းရဲ့ အနှစ်သာရ 𝑀𝑒𝑙𝑜𝑑𝑦 ပိုင်းတွေ ပျောက်သွားတက်ကျတဲ့အတွက် 𝑀𝑖𝑥𝑖𝑛𝑔 ပြုလုပ်တဲ့အခါ ပိုအဆင်ပြေအောင် ရော သီချင်းရဲ့ 𝑀𝑒𝑙𝑜𝑑𝑦 ပိုင်းတွေ ပါ ချပြလို့ရအောင်ရော 𝐸𝑥𝑡𝑒𝑛𝑑𝑒𝑑 𝑀𝑖𝑥 ဆိုတဲ့ကောင် ဖြစ်လာတယ်ဗျ . . . . .

▪️𝐸𝑥𝑡𝑒𝑛𝑑𝑒𝑑 𝑀𝑖𝑥
𝐸𝑥𝑡𝑒𝑛𝑑𝑒𝑑 𝑀𝑖𝑥 ဆိုတဲ့အတိုင်းဘဲ သီချင်းက မူလ 𝑂𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑀𝑖𝑥 သီချင်း ကြာချိန်ထပ် ပိုရှည်သွားတာပါ။ ဘာလို့ ပိုရှည်သွားလဲဆိုတော့ 𝐷𝐽 တွေ 𝑀𝑖𝑥𝑖𝑛𝑔 ပြုလုပ်ရင် အဆင်ပြေစေမယ့် 𝐷𝑟𝑢𝑚 𝐵𝑒𝑎𝑡 တွေကို သီချင်း 𝑀𝑒𝑙𝑜𝑑𝑦 မစခင် အစပိုင်းနဲ့ သီချင်း အဆုံးတွေမှာ "16" 𝐵𝑎𝑟𝑠 သို့မဟုတ် "8" 𝐵𝑎𝑟𝑠 အစရှိသဖြင့် ထည့်သွင်းပေးလာကျလို့ပါ။ ဒီလို 𝐸𝑥𝑡𝑒𝑛𝑑𝑒𝑑 𝑀𝑖𝑥 တွေကိုကျတော့ 𝐷𝐽 တွေ 𝑃𝑒𝑟𝑓𝑜𝑟𝑚𝑎𝑛𝑐𝑒 လုပ်တဲ့ အခါမျိုးအတွက် အဆင်ပြေရန် အဖို့ဌာ ဘဲရည်ရွယ်ပြီး ထုတ်လုပ်တက်ကျတာပါ 𝑅𝑎𝑑𝑖𝑜 ကနေလွင့်ပေးဖို့အတွက်ကျတော့သီချင်းက အရမ်း ရှည်နေတဲ့အတွက် အဆင်မပြေဖြစ်ပြန်ရော အဲဒါကြောင့်ဘဲ 𝑅𝑎𝑑𝑖𝑜 𝑀𝑖𝑥 (𝑜𝑟) 𝑅𝑎𝑑𝑖𝑜 𝐸𝑑𝑖𝑡 ဆိုတဲ့အရာ ပေါ်လာပြန်ရောဗျ . . . . .

▪️ 𝑅𝑎𝑑𝑖𝑜 𝑀𝑖𝑥 (𝑜𝑟) 𝑅𝑎𝑑𝑖𝑜 𝐸𝑑𝑖𝑡
𝑅𝑎𝑑𝑖𝑜 𝑀𝑖𝑥 (𝑜𝑟) 𝑅𝑎𝑑𝑖𝑜 𝐸𝑑𝑖𝑡 ကျတော့ နာမည်အတိုင်းဘဲ 𝑅𝑎𝑑𝑖𝑜 အသံလွင့်ဌာန တွေက သူတို့ သီချင်းထုတ်လွင့်တဲ့ အခါ အဆင်ပြေဖို့ရည်ရွယ်ပြီးထုတ်ထားတာပါ။ အသံလွင့်ဌာန တွေမှာက စံတစ်ခုရှိတယ်ဗျ။ ဘာလဲဆိုတော့ ညစ်ညမ်း စကားလုံးတွေ ကို ဆင်ဆာ ဖြတ်တက်တဲ့ ကိစ္စမျိုးဘဲဗျ။ သူတို့ သီချင်းမှာ ညစ်ညမ်း စကားလုံးမျိုး ပါနေတာကို ဒီအတိုင်းတာ အသံလွင့်လိုက်လို့ကတော့ ပွဲဟေ့ ဖြစ်သွားလိုက်မယ်။ အဲဒါကြောင့်လဲ 𝑃𝑟𝑜𝑑𝑢𝑐𝑒𝑟 တွေက မိမိတို့ သီချင်း ကို 𝑅𝑎𝑑𝑖𝑜 က အသံလွင့်ဖို့အတွက် လာတောင်းဆိုရင် ဆင်ဆာ ဖြတ်ပေးရမယ့် နေရာ မျိုးမှာ (တီ...ဆိုတဲ့ ဆင်ဆာဖြတ်သံမျိုးတွေ) ထည့်ပေးရတာပေါ့။ ဒါအပြင် အသံလွင့်ဌာနတွေ နဲ့ ရုပ်သံထုတ်လွင့်တဲ့ ဌာန တွေမှာ တင်ဆက်နေတဲ့ 𝑃𝑟𝑜𝑔𝑟𝑎𝑚 တွေက အချိန်အကန့်အသတ် ရှိပြန်ရောဗျ။ အဲခါကျ မိမိသီချင်းက အရမ်းရှည်နေရင်လဲ အဆင်မပြေပြန်ဘူး။အဲဒါကြောင့်ဘဲ တစ်ချို့ မလိုတဲ့နေရာမျိုးတွေကို တိုပေးရပြန်ရော။ အဲလိုနဲ့ဘဲ ဆင်ဆာဖြတ်ထားတာတွေ ပုံမှန် 𝑂𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑀𝑖𝑥 ထပ် သီချင်းကြာချိန် တိုတာတွေ ဖြစ်ကုန်ရောဗျ . . . . .

ကဲဒီလောက်ဆို 𝑂𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑀𝑖𝑥, 𝐸𝑥𝑡𝑒𝑛𝑑𝑒𝑑 𝑀𝑖𝑥, 𝑅𝑎𝑑𝑖𝑜 𝑀𝑖𝑥 တွေက ဘယ်လို ကွာခြားလဲဆိုတာ သိကျပြီးထင်ပါတယ်ဗျ ❤️❤️❤️

🔺 𝑅𝐴𝑉𝐸 𝐷𝐽 & 𝑀𝑢𝑠𝑖𝑐 𝑃𝑟𝑜𝑑𝑢𝑐𝑡𝑖𝑜𝑛 𝐶𝑙𝑎𝑠𝑠 🔺
📍လိပ်စာ - အမှတ် (၆)၊ မြေညီထပ်၊ မြောင်းမြလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်း - 09425292710

#𝑅𝐴𝑉𝐸 #𝐷𝑗𝐶𝑙𝑎𝑠𝑠 #𝑀𝑢𝑠𝑖𝑐𝑃𝑟𝑜𝑑𝑢𝑐𝑡𝑖𝑜𝑛𝐶𝑙𝑎𝑠𝑠 #𝑀𝑎𝑠ℎ𝑢𝑝𝐶𝑙𝑎𝑠𝑠 #𝐾𝑛𝑜𝑤𝑙𝑒𝑑𝑔𝑒𝑆ℎ𝑎𝑟𝑖𝑛𝑔 #𝑂𝑟𝑖𝑔𝑖𝑛𝑎𝑙𝑀𝑖𝑥 #𝐸𝑥𝑡𝑒𝑛𝑑𝑒𝑑𝑀𝑖𝑥 #𝑅𝑎𝑑𝑖𝑜𝑀𝑖𝑥 #𝑅𝑎𝑑𝑖𝑜𝐸𝑑𝑖𝑡

RAVE က သင့်တို့ အတွက်အဆင်အပြေဆုံး DJ သင်တန်း ဆိုတာဘယ်လို အချက်တွေ ကြောင့်လဲ ??🔷 သင်တန်းကြေးက အသက်သာဆုံးဖြစ်တဲ့အပြင် ၂ ခါ...
10/11/2023

RAVE က သင့်တို့ အတွက်အဆင်အပြေဆုံး DJ သင်တန်း ဆိုတာဘယ်လို အချက်တွေ ကြောင့်လဲ ??

🔷 သင်တန်းကြေးက အသက်သာဆုံးဖြစ်တဲ့အပြင် ၂ ခါ ခွဲသွင်းလို့ရတယ်.....

🔷 DJ တစ်ယောက်အတွက် လိုအပ်တဲ့ နည်းစနစ် များကို အခြေခံအကျဆုံး စနစ်များဖြင့် 100% လက်တွေ့ သင်ကြားပေးတယ်.....

🔷 သင်တန်းချိန်ကိုလဲ ကိုယ်အားတဲ့အချိန်နဲ့ ညှိုနှိုင်းတက်ရောက်လို့ရမယ်.....

🔷One by one စနစ်ကိုမှ ကို့အခန်းနဲ့ကိုယ် တစ်ယောက်ချင်းအနီးကပ် စနစ်ကျ အေးဆေး အတက်သင်ပေးမယ်.....

🔷 သင်ကြားတဲ့ DJ စက်တွေကလဲ Pioneer CDJ 2000Nexus , 900 nexus , XDJ 700, XDJ RX3 အစရှိတဲ့ စက်များကို အလှည့်ကျ ကိုင်တွယ်ရမှာမို့ သင်တန်းပြီး Club , Bar , KTV ဘယ်နေရာမဆို အဆင်ပြေမယ်

🔹Certificate အတွက် ဆိုရင်လဲ Exam Test လေး ထပ်ဖြေဆိုပေးရမယ်ဗျ.....

🔹 သင်တန်းကြေး ကတော့ သင်တန်းကာလ နှစ်လနဲ့ တစ်ပတ်တိတိ စာကို "၆သိန်းကျပ်" ကျသင့်မှာ ဖြစ်ပါတယ်ဗျ.....

🔹ဒါ့အပြင် Mashup Course နဲ့ ပေါင်းတက်ချင်တဲ့သူတွေအတွက် လဲ DJ Course + Mashup Course နှစ်ခုစာ အတွက်မှ "၉သိန်း၅သောင်း" သာကျသင့်မှာ ဖြစ်ပါတယ်.....

🔹သင်တန်းလိပ်စာကတော့ အမှတ် ၆ , မြောင်းမြလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပြီး ဆက်သွယ်ရမယ့် ဖုန်းနံပတ်ကတော့ 09425292710 ဖြစ်ပါတယ်ခင်ဗျ ❤️❤️❤️

အသေးစိတ်ထပ်မံ သိချင်ပါကလဲ Page CB or 09425292710 သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်သလို သင်တန်း ချိန်အတွင်း သင်တန်းသို့ လာရောက်မေးမြန် စုံစမ်းနိုင်ပါတယ်ဗျ 😍😍😍

- RAVE DJ & Mashup Course -

✅ DJ အတန်းအတွက် သင်တန်းကြေး - ၆၀၀,၀၀၀ ကျပ် (အပြီးအစီး) ။

✅ DJ+Mashup အတန်းအတွက် သင်တန်းကြေး - ၉၅၀,၀၀၀ ကျပ် (အပြီးအစီး)

✅ သင်ကြားမည့်ကာလ - တစ်ပတ် နှစ်ရက် နှုန်းဖြင့် သင်ကြားပေးပြီး စုစုပေါင်း "နှစ်လ" ကြာမြင့်မှာ ဖြစ်တယ်။

✅ သင်တန်း လိပ်စာ - အမှတ် ၆၊ မြေညီထပ်၊ မြောင်းမြလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

✅ ကိုယ်အဆင်ပြေမယ့်အချိန်ကို သင်တန်းမှာ လာရောက် တိုင်ပင်ပြီး ရွေးချယ် တက်ရောက်နိုင်ပါတယ် ခင်ဗျ .....

November လအတွက်  DJ သင်တန်း အပ်ချင်သူများ အနေနဲ့ သင်တန်း အပ်လို့ရပါပြီးနော်.....သင်တန်း အပ်လက်ခံနေပြီးဆိုတော့.....သင်ကြာ...
31/10/2023

November လအတွက် DJ သင်တန်း အပ်ချင်သူများ အနေနဲ့ သင်တန်း အပ်လို့ရပါပြီးနော်.....

သင်တန်း အပ်လက်ခံနေပြီးဆိုတော့.....

သင်ကြားမှု စနစ် ပုံစံက ဘယ်လိုသင်ကြားပေးတာလဲမသိဘူးဗျ?
RAVE DJ သင်တန်းမှာ တစ်ယောက်ချင်း One by One စနစ်ဖြင့် သင်ကြားပြသပေးပါတယ်. One by one စနစ်ဖြင့် သင်ကြား ပြသပေးမှုကြောင့် သင်ကြားချိန်မှာ မိမိ မသိတာ၊ မရှင်းတာမျိုး၊ နားမလည်တာများ ဖြစ်နေတယ်ဆိုာင် တစ်ခါထဲ မေးမြန်းလို့ရတဲ့အတွက်ကြောင့် ချက်ခြင်း မိမိ မသိရှိတာများကို သိရှိရှင်းလင်စေပါတယ်ခင်ဗျ. . . . .

သင်ကြားပေးတဲ့ DJ စက်တွေကရော ဘယ်လိုအမျိုးအစားတွေလဲဗျ?
Club တွေမှာ အသုံးပြုတဲ့ CDJ စက်အမျိုးအစားတွေဖြစ်တဲ့ CDJ 2000 Nexus, CDJ 900 Nexus, XDJ 700 စက်ကြီးတွေအပြင် Bar တွေမှာ အသုံးပြုတဲ့ XDJ RX3 စက်တွေ နဲ့ပါ သင်ကြားပြသ ပေးပါတယ်. . . . .

သင်တန်းကာလ က စုစုပေါင်းဘယ်လောက်ကြာမြင့်မှာလဲ?
သင်တန်းကာလက အတိအကျဆို တစ်ပတ်ကို စာသင်ကြားချိန် နှစ်ရက် ရှိပြီး တစ်ချိန်ကို တစ်နာရီခွဲ ကြာမြင့်မှာ ဖြစ်ပါတယ်. စုစုပေါင်း ၁၈ ချိန် တိတိ တက်ရောက်ရမည့် အတွက်ကြောင့် နှစ်လနဲ့တစ်ပတ် ကြာမြင့်မှာ ဖြစ်ပါတယ်ဗျ. . . . .

သင်တန်း ဖွင့်တဲ့ရက်နဲ့ သင်တန်းတက်ရမယ့် အချိန်စာရင်း ကရော???
သင်တန်းကို အပတ်စဉ် အင်္ဂါနေ့မှ တနင်္ဂနွေ နေ့ထိ ဖွင့်လှစ်ပြီး တင်္နလာနေ့တစ်ရက်တော့ သင်တန်းပိတ်ပါတယ်ဗျ. သင်တန်းတက်ရမယ့် အချိန်စားရင်းက သင်တန်းတက်မယ့်သူ အားတဲ့ အချိန်နဲ့ အဆင်ပြေအောင် တက်ရောက်လို့ရတဲ့အတွက် သင်တန်းကိုလာရောက် ဆွေးနွေးနိုင်ပါတယ်. . .

သင်တန်းကြေးကရော ဘယ်လောက်ကျမှာလဲဗျ?
သင်တန်းကြေး ကတော့ သင်တန်းကာလ နှစ်လနဲ့ တစ်ပတ်တိတိ စာကို ၆သိန်းကျပ် ကျသင့်မှာ ဖြစ်ပါတယ်ဗျ. . . . .

ဒါဆို သင်တန်းလိပ်စာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပတ်ကရော?
သင်တန်း လိပ်စာ ကတော့ အမှတ် ၆ , မြောင်းမြလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပြီး ဆက်သွယ်ရမယ့် ဖုန်းနံပတ်ကတော့ 09425292710 ဖြစ်ပါတယ်ခင်ဗျ ❤️❤️❤️

အသေးစိတ်ထပ်မံ သိချင်ပါကလဲ Page CB or 09425292710 သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်သလို သင်တန်း ချိန်အတွင်း သင်တန်းသို့ လာရောက်မေးမြန် စုံစမ်းနိုင်ပါတယ်ဗျ 😍😍😍

•RAVE DJ & Music Production Class•

✅ DJ အတန်းအတွက် သင်တန်းကြေး - ၆၀၀,၀၀၀ ကျပ် (အပြီးအစီး) ။

✅ သင်ကြားမည့်ကာလ - တစ်ပတ် နှစ်ရက် နှုန်းဖြင့် သင်ကြားပေးပြီး စုစုပေါင်း "နှစ်လ" ကြာမြင့်မှာ ဖြစ်တယ်။

✅ သင်တန်း လိပ်စာ - အမှတ် ၆၊ မြေညီထပ်၊ မြောင်းမြလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

✅ ဆက်သွယ်ရန်ဖုန်း - 09425292710

✅ ကိုယ်အဆင်ပြေမယ့်အချိန်ကို သင်တန်းမှာ လာရောက် တိုင်ပင်ပြီး ရွေးချယ် တက်ရောက်နိုင်ပါတယ် ခင်ဗျ .....

ပျော်ရွှင်စရာ သီတင်းကျွတ် လေး ဖြစ်ပါစေလို့ RAVE DJ & Music Production သင်တန်းကျောင်းမှ ဆုတောင်းပေးလိုက်ပါတယ် 🙏🏻🙏🏻🙏🏻DJ အတ...
28/10/2023

ပျော်ရွှင်စရာ သီတင်းကျွတ် လေး ဖြစ်ပါစေလို့ RAVE DJ & Music Production သင်တန်းကျောင်းမှ ဆုတောင်းပေးလိုက်ပါတယ် 🙏🏻🙏🏻🙏🏻

DJ အတန်း နဲ့ Mashup အတန်းများ စုံစမ်းချင်ပါကလဲ Page CB (သို့မဟုတ်) ဖုန်း 09425292710 သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

• RAVE DJ & Music Production Class •

သင်တန်းလိပ်စာ - အမှတ် (၆)၊ မြေညီထပ်၊ မြောင်းမြလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ။

ဖုန်း - 09425292710

Mashup Master Class ကို လာမယ့် ၂၄ ရက်နေ့ မှာ ဖွင့်လှစ် သင်ကြားတော့မှာဘဲ ဖြစ်ပါတယ်။ DJ သင်တန်း ပြီးမြောက်တဲ့ ကျောင်းသူ/သာ...
21/10/2023

Mashup Master Class ကို လာမယ့် ၂၄ ရက်နေ့ မှာ ဖွင့်လှစ် သင်ကြားတော့မှာဘဲ ဖြစ်ပါတယ်။

DJ သင်တန်း ပြီးမြောက်တဲ့ ကျောင်းသူ/သား တွေ အပြင် သင်တန်းတက်နေဆဲ ကျောင်းသူ/သား တွေ လဲ DJ တစ်ယောက်အနေနဲ့ လိုအပ်တဲ့ ပညာရပ်တစ်ခုဖြစ်တဲ့ Mashup Course ကို လာမယ့် ၂၄ ရက်နေ့တွင် စတင် အပ်နှံပြီး သင်ကြားလို့ရတယ်နော်...ဒီ Mashup Master Class ကို သင်ကြားပို့ချပေးမယ့် Instructor ကတော့ S Logic ဘဲ ဖြစ်ပါတယ်ဗျ ❤️❤️❤️

Mashup Master Class ကို တက်ဖို့ သင်တန်းကြေး, အချိန်တွေနဲ့ နေရာလေးကတော့. . . . .

✅ Instructor - S Logic

✅ Mashup Master အတန်းအတွက် သင်တန်းကြေး - ၄၀၀,၀၀၀ ကျပ် ။

✅ သင်ကြားမှု ကြာမြင့် မည့်ကာလ - တစ်လ (တစ်ပတ် နှစ်ရက်နှုန်း)။

✅ သင်ကြားမည့် ရက် - အပတ်စဉ် အင်္ဂါ၊ ကြာသပတေး ညနေ ၅နာရီ။

✅ သင်တန်း လိပ်စာ - အမှတ် ၆၊ မြေညီထပ်၊ မြောင်းမြလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ် အကြောင်းအရာများ ထပ်မံ သိချင်လိုပါကလဲ Page CB (သို့) ဖုန်း - 09425292710 သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ် ❤️❤️❤️

𝒲𝒽𝒶𝓉 𝒾𝓈 𝐻𝒶𝓇𝒹𝓈𝓉𝓎𝓁𝑒 ???Hardstyle တေးဂီတ အမျိုးအစားကို ၁၉၉၀ ပြည့်နှစ်ဝန်းကျင် များတွင် Netherlands, Belgium နဲ့ Italy တို မ...
16/10/2023

𝒲𝒽𝒶𝓉 𝒾𝓈 𝐻𝒶𝓇𝒹𝓈𝓉𝓎𝓁𝑒 ???

Hardstyle တေးဂီတ အမျိုးအစားကို ၁၉၉၀ ပြည့်နှစ်ဝန်းကျင် များတွင် Netherlands, Belgium နဲ့ Italy တို မှ ပေါက်ဖွား လာတဲ့ Electronic Dance Music (EDM) ဂီတအမျိုးအစား တစ်ခုလို ပြောလိုရတယ် ဗျ။ ကနဦး အစ Hardstyle တွေရဲ့ BPM ဟာ 140 ဝန်းကျင်နဲ့ ဖန်တီးကျပြီး နောက်ပိုင်း Morden Hardstyle သီချင်းများကိုတော့ 150 - 160 BPM အတွင်း ပြောင်းလဲ ဖန်တီး ထုတ်လုပ်လာကျပါတယ်။

၁၉၉၉-၂၀၀၅ ခုနှစ်အတွင်းမှာ စတင်ဖန်တီးလာကျပြီးတော့ အစောပိုင်း Hardstyle ဂီတကို Early Hardstyle လိုခေါ်ဝေါ်ကျပြီး Oldschool Hardstyle လိုလဲ လူသိများကျပါတယ်။ ဘယ်လိုဘဲ အစောပိုင်း အခေါ်အဝေါ်တွေ ရှိနေပါစေ တစ်ကမ္ဘာလုံးကတော့ Hardstyle လိုဘဲ ခေါ်ဝေါ်နေကျတာပါ။ အဲလိုခေါ်ဝေါ်နေတဲ့ Hardstyle မှာလဲ သူ့ဆီက မှ တစ်ဆင့် မျိုးကွဲလာတဲ့ မျိုးကွဲဂီတအမျိုးအစား (Sub-Geners) တွေ ထပ်ရှိပါသေးတယ်ဗျ။

အဲဒီ Sub-Geners တွေကတော့
Early Hardstyle, Nu-Style, Euphoric Hardstyle, Rawstyle, Reverse Bass, Hard Trance, Rawphoric Hardstyle, X-Tra Raw, Freestyle, Dubstyle, Trapstyle, Tekstyle, Hard Bounce, Big Room Hardstyle, Hard Dance, Industrial Hardstyle, Frenchcore, Psychedelic Hardstyle, Millennium Hardcore, Jumpstyle, Happy Hardcore, UK Hardcore, Hard Techno, Crossbreed, Uptempo Hardcore, Hardcore, Terrorcore, Speedcore အစရှိတာတွေဘဲ ဖြစ်ပါတယ်။

Hardstyle လိုပြောလိုက်တာနဲ့ တွဲမြင်နေတက်တဲ့ DJs တွေ တစ်နည်းအားဖြင့် Hardstyle ကို ပိုပြီး အောင်မြင်လာအောင် လုပ်လာခဲ့ကျတဲ့ မှတ်သားဖွယ် အနုပညာရှင်တွေ ကတော့ Bass Modulatorz, Showtek, Headhunterz, Wildstylez, Zatox, Wasted Penguinz တိုအပြင် တစ်ခြားသော အနုပညာရှင် များစွာလိုပြောလိုရပြီး.....Hardstyle ကို လူပိုသိလာစေတဲ့ သီချင်းတွေကတော့ Headhunterz & Wildstylez vs Noisecontrollers - Tonight, Showtek - FTS,
Ran-D - Zombie, Da Tweekaz - Wodka, Zotox - Red Alert အစရှိတဲ့ သီချင်းတွေမှ စ တစ်ခြား သီချင်းပေါင်းမြောက်များစွာလိုပြောလို ရပါတယ်။

Hardstyle Festivals လို့ပြောလိုက်တာနဲ့ Defqon.1, Qlimax, Decibel Outdoor, Reverze & Intents Festival အစရှိတာတွေကတော့ Hardstyle ကိုသာ အသာပေး ဖျော်ဖြေတဲ့ ထင်ရှားတဲ့ Hardstyle Festival တွေ ဖြစ်ပြီး Dirty Workz, Fusion Records, Q-Dance & Scantraxx တို့ကတော့ Hardstyle Music ကိုသာ ဖြန့်ဖြူးထုတ်ဝေတဲ့ Record Labels တွေဘဲ ဖြစ်ပါတယ်။

အခုဆိုရင်လဲ မြန်မာ နိုင်ငံကို လဲ Hardstyle DJs/Producers တွေ လာရောက်ဖျော်ဖြေနေကျတဲ့ အတွက် Hardstyle နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေ ကို ဗဟုသုတ အနေနဲ့ တင်ဆက်ပေးလိုက် ပါတယ် ခင်ဗျ။

🔺 RAVE DJ & Music Production Class 🔺
📍လိပ်စာ - အမှတ် (၆)၊ မြေညီထပ်၊ မြောင်းမြလမ်း၊ စမ်းချောင်းမြိုနယ်၊ ရန်ကုန်မြို။
☎️ ဖုန်း - 09425292710

10/10/2023

Mashup Master Class with S Logic !!!

YGN | MDY ပွဲတွေ မှာ အမိုက်စား ကိုယ်ပိုင်သီချင်းများ၊ ကိုယ်ပိုင် Mashup များနဲ့ ဖျော်ဖြေလေ့ရှိတဲ့ S Logic 💯💯💯

DJ တိုင်းအတွက်မရှိမဖြစ် လိုအပ်တဲ့ Mashup နည်းပညာ များ, song edit ပိုင်းများ ကို အခြေခံမှ စပြီး အလွယ်အကူဆုံး နဲ့ အထိရောက်ဆုံး shortcut များဖြင့် S Logic ကိုယ်တိုင် RAVE မှာ သင်ကြား ပို့သပေးမှာ ဖြစ်ပါတယ် 😍😍😍

ဒါဆို အခုပဲ RAVE မှာ Mashup Master Course က်ို အပ်ပြီး S Logic နဲ့ အတူတူ အမိုက်စား mashup တွေ ဖန်တီးလိုက်ရအောင် ❤️❤️❤️

သင်တန်းသူ/သား စုစုပေါင်း (၁၀) ဦးသား လက်ခံမည့် Mashup Master သင်တန်းကိုတော့ လာမည့် အောက်တိုဘာ လ ၂၄ ရက်နေ့မှ စတင် ဖွင့်လှစ် မှာ ဖြစ်ပြီး သင်တန်းကြေးကတော့ "၄သိန်း" ကျပ် ကျသင့်မှာ ဖြစ်ပါတယ်ဗျ။

ဒါအပြင့် ပထမဆုံး အပ်နှံမည့် သင်တန်းသူ/သား (၃)ဦး ကို လဲ "၅၀,၀၀၀" ကျပ် cash back ပြန်ပေးမည့် Promotion ရှိတဲ့ အတွက်ကြောင့် မြန်မြန် စာရင်းပေးပြီး အပ်လိုက်ကျတော့နော် 🤙🏻🤙🏻🤙🏻

⚠️ Mashup Master Class ကို လာတက်မည့် သင်တန်းသူ/သား များအနေဖြင့် Laptop နဲ့ Headphone ယူလာရန် လိုအပ်ပါသည့်...လိုအပ်တဲ့ Software များကို သင်တန်းမှ သွင်းပေးမည်ဖြစ်ပါတယ် ဗျ ⚠️

ကဲ ဒါဆို Mashup Master Class ကို တက်ဖို့ သင်တန်းကြေး, အချိန်တွေနဲ့ နေရာလေးကတော့. . . . .

✅ Mashup Master Class သင်တန်းကြေး - ၄၀၀,၀၀၀ ကျပ် ။

✅ သင်ကြားမှု ကြာမြင့် မည့်ကာလ -
တစ်လ (တစ်ပတ် နှစ်ရက်နှုန်း)။

✅ သင်ကြားမည့် ရက် -
အပတ်စဉ် အင်္ဂါ၊ ကြာသပတေး ညနေ ၅:၀၀ - ၆:၃၀။

✅ သင်တန်း လိပ်စာ -
အမှတ် ၆b၊ မြေညီထပ်၊ မြောင်းမြလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ် အကြောင်းအရာများ ထပ်မံ သိချင်လိုပါကလဲ Page CB (သို့) ဖုန်း - 09425292710 သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ် ❤️❤️❤️

DJ သင်တန်း စတက်တော့မယ်ဆို ဘာတွေ ပြင်ဆင်လာရမလဲ???DJ သင်တန်းတက်တော့မယ်ဆို တကယ်ဖြစ်မြောက်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကိုဘဲ ပြင်ဆ...
04/10/2023

DJ သင်တန်း စတက်တော့မယ်ဆို ဘာတွေ ပြင်ဆင်လာရမလဲ???

DJ သင်တန်းတက်တော့မယ်ဆို တကယ်ဖြစ်မြောက်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကိုဘဲ ပြင်ဆင်လာဖို့လိုတာပါ 😄😄😄

သင်တန်းမှာ တစ်ဦးချင်းအနီးကပ် One by One စနစ်နဲ့ အခြေခံမှ စ သင်ကြားပို့ချပေးတဲ့ အတွက် သင်တန်းချိန်အတွင်း မိမိ မသိနားမလည်ခြင်းများကို တိုက်ရိုက် ချက်ချင်းမေးမြန်းနိုင်ပါတယ် 😍😍😍

DJ စက်အကြောင်း မသိဘူး...သီချင်းတွေက ဘယ်လိုရှိလဲ နားမလည် ဘူး ဖြစ်နေရင်ရော တက်လို့ရလား ဆိုတော့ ရပါတယ်...အဲဒါကြောင့်လဲ အခြေခံ မှစ သင်ကြားပို့ချပေးနေတာပါဗျ 🥰🥰🥰

ကဲကဲကဲ. . .ဒါဆို ဘာလိုသေးလဲဗျ . . .

ဒါကြောင့် DJ ပညာရပ် ကို ဝါသနာ ပါလို့ဖြစ်ဖြစ် ၊ အသက်မွေးဝမ်းကြောင်းပြုဖို့ ဖြစ်ဖြစ် DJ ပညာရပ်ကို အခြေခံမှ စ လေ့လာသင်ယူမယ်ဆိုရင်တော့ RAVE ကို သတိရလိုက်ပါ 😉😉😉

သင်တန်းကြေး, အချိန်တွေနဲ့ နေရာလေးကတော့

✅ DJ အတန်းအတွက် သင်တန်းကြေး - ၆၀၀,၀၀၀ ကျပ် (အပြီးအစီး) ။

✅ သင်ကြားမည့်ကာလ - တစ်ပတ် နှစ်ရက် နှုန်းဖြင့် သင်ကြားပေးပြီး စုစုပေါင်း "နှစ်လ" ကြာမြင့်မှာ ဖြစ်တယ်။

✅ သင်တန်း လိပ်စာ - အမှတ် ၆၊ မြေညီထပ်၊ မြောင်းမြလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

✅ ကိုယ်အဆင်ပြေမယ့်အချိန်ကို သင်တန်းမှာ လာရောက် တိုင်ပင်ပြီး ရွေးချယ် တက်ရောက်နိုင်ပါတယ် ခင်ဗျ .....

အသေးစိတ် အကြောင်းအရာများ ထပ်မံ သိချင်လိုပါကလဲ Page CB (သို့) ဖုန်း - 09425292710 သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ် ❤️❤️❤️

Address

No. 6 , Myaung Mya Street , San Chaung
Yangon
11111

Telephone

+959425292710

Website

Alerts

Be the first to know and let us send you an email when RAVE DJ & Music Production posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Our Story

သင့်ရဲ့ DJ/Producer တစ်ယောက်ဖြစ်ချင်တဲ့အိမ်မက်များကို RAVE DJ and Music Production Class နဲ့ အကောင်ထည်ဖော်နိုင်ပါပြီ! To Make Your Dream Do Come True with RAVE... (သင်တန်းများဖုံးဆက်၍စုံးစမ်းနိုင်ပါသည်)

Nearby media companies

  • Dizward

    Dizward

    Pathein Street, Sanchaung

Other Music production in Yangon

Show All