Giggle Squad

Giggle Squad Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Giggle Squad, Video Creator, yangon, Yangon.

02/08/2024

A Comedy animal show #

13/09/2023

TikTok နဲ့YouTube တို့မှာခေတ်စားနေတဲ့white board animation videoလုပ်နည်းကိိုလဲ သင်တန်းမှာသင်ကြာပေးထားပါတယ်။
ဒီvideo တွေသည် TikTok•YouTube မှာပိုက်ဆံရှာနိုင်ပါသည်။
#101ပညာဒါနသင်တန်းများ

14/04/2023
12/04/2023

Content writer ကောင်း တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ?မင်္ဂလာပါ။ ဒီနေ့မှာတော့ content writer ကောင်းတစ်ယောက်ဖြစ်ဖို့ လုပ်ရ...
12/04/2023

Content writer ကောင်း တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ?

မင်္ဂလာပါ။ ဒီနေ့မှာတော့ content writer ကောင်းတစ်ယောက်ဖြစ်ဖို့ လုပ်ရမယ့် key points အနည်းငယ်ကို ပြောပြပေးချင်ပါတယ်။

♦️ Titleကောင်းတစ်ခု ဖန်တီးရမယ်။
ကိုယ်က content တစ်ခု စရေးတော့မယ်ဆိုရင် ကိုယ့်ရဲ့ audienceတွေ ပထမဆုံးစမြင်ရမှာက title ပါ။ ကိုယ်ရေးလိုက်တဲ့ titleက စိတ်ဝင်စားဖို့ကောင်းမှ ကိုယ့်ရဲ့contentကလဲ ထိထိရောက်ရောက် ဖြစ်စေမှာပါ။ ဒါကြောင့် ကိုယ်ရေးမယ့်contentရဲ့ ခေါင်းစဉ်ကိုလဲ သေချာရွေးချယ် စဉ်းစားတတ်ဖို့ လိုပါတယ်။

♦️ Audienceတွေကို target ထားပြီးရေးပါ။
ကိုယ်က make-up အကြောင်းရေးချင်တယ်ဆိုရင် ဒီmake-upကို ဘယ်လိုလူတွေကြိုက်တယ်။ ဒီ make-up ကိုသုံးရင် ဘယ်လိုအကျိုးကျေးဇူးတွေရမယ်။ စတာတွေကို audienceတွေ စိတ်ဝင်စားအောင် ပိုင်ပိုင်နိုင်နိုင် ရေးတတ်ရပါမယ်။ ပြီးတော့ ကိုယ့်audienceတွေက ဘာကြိုက်တတ်လဲ၊ ဘယ်လိုလေးရေးလိုက်ရင်တော့ audienceတွေ အကြိုက်တွေ့မလဲဆိုတာကို သိဖို့လဲ လိုအပ်ပါသေးတယ်။

♦️ ရှင်းရှင်းလင်းလင်းနဲ့ စာလုံးပေါင်းသတ်ပုံ မှန်ရမယ်။
ဒါကတော့ content တစ်ပုဒ်ဖန်တီးတိုင်း လိုက်ကိုလိုက်နာရမယ့် အချက်ဖြစ်ပါတယ်။ ကိုယ်ရေးလိုက်တဲ့စာက မြန်မာစာဆိုလဲ မြန်မာစာလုံးပေါင်းမှန်ရမယ်။ English ဆိုလဲ grammar အထားအသို၊ sentence တည်ဆောက်ပုံ စတာတွေက မှန်မှန်ကန်ကန်ဖြစ်ဖို့လိုပါတယ်။ ပြီးတော့ ကိုယ်ရေးတဲ့စာက ရှုပ်ထွေးမနေပဲ ဖတ်လိုက်တာနဲ့ ဘာကိုရည်ညွှန်းတယ်ဆိုတာကို သိအောင်အထိ ရှင်းရှင်းလင်းလင်းဖြစ်နေဖို့လဲ လိုအပ်ပါသေးတယ်။

♦️ သေသပ်တဲ့imageတွေ၊ videoတွေပါရမယ်။
Content ရေးတယ်ဆိုတိုင်း စာချည်းပဲရေးနေလို့ မရပါဘူး။ ကိုယ်ရေးမယ့်စာနဲ့ ပက်သက်တဲ့ ပုံတွေ၊ videoတွေကိုလဲ ထည့်ဖို့လိုအပ်ပါတယ်။ အဲ့လိုထည့်လိုက်ခြင်းအားဖြင့် ကိုယ်ရေးတဲ့contentက စိတ်ဝင်စားဖို့မကောင်းရင်တောင်မှ ပုံကြောင့်၊ videoကြောင့် audienceတွေက ဖတ်ဖြစ်သွားတာမျိုးလဲ ဖြစ်နိုင်ပါတယ်။

♦️ Content ကို ပြန်စစ်ရမယ်။
ကိုယ်ရေးပြီးသွားတဲ့ စာတိုင်းကို ပြန်စစ်ဖို့က လုပ်ကိုလုပ်ရမယ့် အရာပါ။ ကိုယ်ရေးတဲ့စာမှာ error ရှိနေလား၊ စာလုံးပေါင်းတွေများ မှားနေလား၊ စာရဲ့ alignment ၊ စတာတွေကို ပြန်စစ်ဖို့လိုအပ်ပါတယ်။

ဒါတွေက content တစ်ခု ဖန်တီးတိုင်း လုပ်ရမယ့် အဓိကအချက်လေးတွေပဲ ဖြစ်ပါတယ်။ အားလုံးပဲ ကောင်းမွန်တဲ့ content ကောင်းများ ဖန်တီးနိုင်ကြပါစေ။💕

#

Content writing နဲ့ Copywriting ဘာကွာခြားလဲ?Beginner တွေကြားမှာ အမေးများဆုံးကတော့ ဒီမေးခွန်းပါပဲ။ ဒီမေးခွန်းကို ဖြေတဲ့နေ...
11/04/2023

Content writing နဲ့ Copywriting ဘာကွာခြားလဲ?
Beginner တွေကြားမှာ အမေးများဆုံးကတော့ ဒီမေးခွန်းပါပဲ။

ဒီမေးခွန်းကို ဖြေတဲ့နေရာမှာ တစ်ချို့ကလည်း ကွာတယ်လို့ ပြောကြသလို တစ်ချို့ကလည်း အတူတူပါပဲလို့ ဖြေကြပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။
အလွယ်ဆုံးနည်းအားဖြင့် အားလုံး သိထားသင့်တဲ့အချက်ကတော့

✅ Copywriting ဆိုတာ ကိုယ့်အတွက်
✅ Content writing ဆိုတာက သူ့အတွက်လို့ မှတ်ထားပေးပါ။

ဘာကြောင့် ဒီလိုပြောရလဲဆိုရင်
Copywriting ဆိုတာ အရောင်းကြော်ငြာရေးသားခြင်း ဖြစ်ပါတယ်။

- ကြော်ငြာတာဖြစ်တဲ့အတွက် ကိုယ့်ကုန်ပစ္စည်းကို ရောင်းရချင်လို့ကြော်ငြာတာပါ။

- ဒီကြော်ငြာစာကို ဖတ်မိပြီး customer က ဝယ်သွားခဲ့ရင် ဒါဟာ ကိုယ့်အတွက်အမြတ်ပါပဲ။

နောက်တစ်ခု Content writing ဆိုတာက
ယေဘုယျအားဖြင့် Marketing အနေနဲ့ပြောရရင် Knowledge Sharing စာတွေ ရေးရတာ များပါတယ်။

knowledge sharing ဖြစ်တဲ့အတွက်
ဒီ စာကို ဖတ်မိတဲ့သူဟာ ဗဟုသုတ တစ်ခုခုကို ရသွားပါတယ်။
ဒါဟာ ဖတ်မိတဲ့သူရဲ့ အမြတ်ပါပဲ။

- ဒါပေမယ့် အခြားတစ်ဖက်မှာလည်း Knowledge sharing စာတွေကို တင်ပေးထားတဲ့အတွက်ကြောင့် ကိုယ့် page မှာလည်း like တက်လာတာမျိုး၊ အကျိုးအမြတ်တွေ ရှိလာနိုင်ပါတယ်။

ဥပမာ - သင်က အလှကုန်ပစ္စည်းတွေ ရောင်းတယ်။
ဒါကြောင့် သင့်ကုန်ပစ္စည်းကို ကြော်ငြာတဲ့ အရောင်းပို့စ်တွေချည့် page မှာ တင်နေမယ်ဆိုရင်တော့

သင့် page ကို စိတ်ဝင်စားတဲ့သူ နည်းပါလိမ့်မယ်။
ကြော်ငြာတွေပဲ ဖတ်နေရတော့ page like လုပ်ထားသူတွေက ငြီးငွေ့လာနိုင်ပြီး like and engagement တွေလည်း နည်းလာပါလိမ့်မယ်။

🌿 ဒါကြောင့် တစ်ခါတလေမှာ ဖတ်မိတဲ့သူတွေ အကျိုးရှိစေမယ့် Knowledge Sharing post တွေ တင်ပေးဖို့လည်း လိုအပ်ပါတယ်။

💄 အလှကုန်ရောင်းတဲ့ page ဆိုရင်
- အလှအပရေးရာဗဟုသုတတွေ
- မျက်နှာပေါင်းတင်နည်း
- မိတ်ကပ်အရောင် ရွေးချယ်နည်း စသဖြင့်
အလှအပကြိုက်သူတွေ စိတ်ဝင်စားတဲ့ content မျိုးတွေကိုလည်း မကြာခဏ တင်ပေးသင့်ပါတယ်။

👗 အဝတ်အစား ရောင်းတဲ့ Page ဆိုရင်လည်း
- ဖက်ရှင်ဒီဇိုင်းရွေးချည်နည်း
- နွေရာသီနဲ့လိုက်ဖက်တဲ့ အင်္ကျီအရောင် စသဖြင့်
knowledge sharing content လေးတွေ တင်ပေးပါ။

ဒါမှသာ သင့် page က စာကို ဖတ်ရှုတဲ့သူများပြီး
အခြားသော အရောင်းကြော်ငြာပို့စ်တွေမှာလည်း reach တက်လာမှာပါ။

📎📎 Facebook ရဲ့ Ads သဘောတရားအရ
လူတစ်ယောက်က သင် တင်လိုက်တဲ့ post ကို ဝင်မဖတ်ဘူး၊ စိတ်မဝင်စားဘူး၊ ပို့စ်ကို ခဏ ခဏ ကျော်ကြည့်တယ်ဆိုရင်
နောက်ရက်တွေ သူ့ Nf မှာ သင်တင်တဲ့ပို့စ်တွေ မပြပေးတော့ပါဘူး။

ဒါကြောင့် သင့်ပို့စ်ကို ကျော်မသွားအောင် လူစိတ်ဝင်စားမှုများမယ့် content တွေနဲ့ သင်က ဆွဲဆောင်ထားဖို့ လိုအပ်ပါတယ်။

အဲ့ဒီလိုပါပဲ သင့် page မှာ Knowledge Sharing post တွေ၊ content တွေပဲ တင်နေမယ်။ copywriting လို့ခေါ်တဲ့ အရောင်းကြော်ငြာပို့စ်တွေ မတင်ဖြစ်ဘူးဆိုရင်လည်း audience လွဲမှားသွားတာမျိုးတွေရှိလာနိုင်ပြီး ရောင်းအားကျဆင်းလာမှာပါ။

ကဲ... ဒါကြောင့် Facebook post တွေတင်တဲ့အခါ Content ရော၊ Copy ရော နှစ်ခုလုံးကို အချိတ်အဆက်မိမိ သုံးတတ်ဖို့က အရေးကြီးပါကြောင်း remind လုပ်လိုက်ပါရစေနော်။

Crd # to owner

11/04/2023

Motivation

10 Ai tools
09/04/2023

10 Ai tools

Motivation ၏ အစတစ်စMotivation ဆိုတာက တစ်စုံတစ်ခုကို ပြုလုပ်ဖို့အတွက် မိမိစိတ်ထဲမှာ တည်ရှိသွားသော တည်ဆောက်မိသွားသော အကြော...
08/04/2023

Motivation ၏ အစတစ်စ

Motivation ဆိုတာက တစ်စုံတစ်ခုကို ပြုလုပ်ဖို့အတွက် မိမိစိတ်ထဲမှာ တည်ရှိသွားသော တည်ဆောက်မိသွားသော အကြောင်းအရာ အဖြစ်အပျက် အတွေ့အကြုံ လေ့လာမှု စသည့် အရာတို့ကို ပေါင်းစပ်ထားမှု ဖြစ်ပါသည်။လူတိုင်းတွင် Motivation ရှိကြသည်။Motivation အတွက် အကောင်းဆုံး အဓိပ္ပါယ်မှာ Something is happing in your herat ဟူသော စကားလေးသည် Motivation အတွက် အကောင်းဆုံး ဖော်ဆောင်နိုင်သော စကားဖြစ်ပါသည်။

အောင်မြင်ချင်သူတိုင်းအတွက် မရှိမဖြစ် လိုတာကလည်း Motivation ပင်ဖြစ်သည်။Motivation သည် Behavior ကို ပြုပြင်ပြောင်းလဲနိုင်သော သဘောရှိသည်။Psychological ကို မူတည်ပြီး Motivation ၏ Specific Behavior သည် ပြောင်းလဲသွားသည်။ဥပမာဆိုရသော် - စာမေးပွဲအောင်လျှင် မိခင်က စက်ဘီးဝယ်ပေးမယ်ဟု သားကို ပြောထားသောအခါ စာကိုပိုမို ကြိုးစားလာခြင်းသည် Incentive Motivation ကြောင့် ဖြစ်ပါသည်။

ဒါကြောင့် Motivation တွင် မတူခြားနားသော အမျိုးအစားများကို တွေ့မြင်ရပါသည်။ထိုအထဲတွင် အခြေခံကျသော Motivation Types နှစ်မျိုးကို တွေ့ရသည်။
1. Intrinsic Motivation
2. Extrinsic Motivation ဟူ၍ နှစ်မျိုးကို အခြေခံသည်။
Intrinsic Motivation သည် Internal မှ ဖြစ်လာသော Motivation အမျိုးအစား ဖြစ်ပါသည်။Desire ဟုခေါ်သော လိုချင်မှု ဆန္ဒကြောင့် Motivation ကို ဖြစ်ထွန်းစေသည်။တရားဘာဝနာ အားထုတ်နေသော ယောဂီသူတော်စင်သည် လောကီလွတ်မြောက်မှုကို လိုချင်သောကြောင့် ကြိုးစားနေသော Motivation ဖြစ်သည်။

ထိုနည်းတူစွာ အလုပ်ကို ကြိုးစားပြီး လုပ်ဆောင်နေသော သူတစ်ယောက်သည် မအောင်မြင်မှာ ကြောက်သော Fear ကြောင့် ဖြစ်ပါသည်။ထို့ကြောင့် Motivation သည် လိုအပ်သော သင်၏ စိတ်အခြေခံကို မူတည်သည်။ထိုစိတ်ကို မူတည်ပြီး ဖြစ်တည်သော Specific Behavior ဖြစ်စေသည်မှာ လွန်စွာပနာရသည်။

Intrinsic Motivation သည် အောက်ပါ အချက် ၃ ချက်တွင် များစွာ မူတည်သည်။၎င်းတို့မှာ-
1. Competence: succeeding in what you do.
2. Relatedness: connecting with others.
3. Autonomy: being in control of your life. တို့ဖြစ်ပါသည်။

ထို့အပြင် external ကြောင့် ဖြစ်ထွန်းသော Extrinsic Motivation မှာ Reward နဲ့ Threat ကြောင့် ဖြစ်စေသည်။Motivation တည်ဆောက်ရာတွင် Intrinsic ရော Extrinsic ရော ရှိမှသာ တည်ဆောက်နိုင်မည် ဖြစ်ပါသည်။Extrinsic ကြောင့် Intrinsic ဖြစ်စေသလို Intrinsic ကြောင့်လည်း Extrinsic ဖြစ်စေပါသည်။

Extrinsic Motivation ကို (4) ပိုင်းခြားနိုင်သည်။အဆိုပါ (4) မျိုးမှာ -
1. External Motivation
2. Introjected Motivation
3. Identified Motivation
4. Integrated Motivation တို့ဖြစ်ပါသည်။Environment မှ တိကျသော ထိမိသော ရိုက်ခတ်မှုတို့ကြောင့် ဖြစ်ပေါ်သော Motivation အမျိုးအစားတို့ ဖြစ်ပါသည်။

ဥပမာတစ်ခု အနေဖြင့် နောင်ရိုးတိုက်ပွဲကို ကြည့်လျှင် ဘုရင့်နောင် မြှင့်တင်ခဲ့သော Motivation အမျိုးအစားများမှာ Intrinsic နှင့် Extrinsic ကို ပေါင်းစပ်ထားသည်။Desire & Fear , Reward & Threat တို့ပါဝင်သည်။Motivation Type များကိုမူ ပေါ်လွင်စွာ တွေ့ရသည်။
1. Incentive Motivation
2. Fear Motivation
3. Self Motivation စသည့် Motivation များကို တွေ့မြင်ရသည်။

Motivation Theories များသည် အများအားဖြင့် အောက်ပါ အချက်တို့ကို မူတည်ပြီး ပေါ်ပေါက်လာသည်။
1. Natural & Rational
လူတို့၏ need,want,demand တို့ကို မူတည်ပြီး ဖြစ်တည်သော သဘောတရားများ
2. Content & Process
How နှင့် What ကို ကွဲပြားစေပြီး လုပ်ဆောင်စေသော သဘောတရား တို့ဖြစ်ပါသည်။

ထင်ရှားသော Theories များမှာ -
1. Push - Pull Theory
2. Drive Theory
3. Socio-Culture Theory(Known as Social Motivation)
4. Maslow's Hierarchy Theory
5. Herzberg's Two Factors Theory
6. Alderfer's ERG Theory
7. Goal Setting Theory စသည့် Theories များပါဝင်ပါသည်။အခြားသော Theories မြောက်မြားစွာလည်း ကျန်ရှိပါသေးသည်။

မိမိတို့သည် Motivation အားကောင်းအောင် ပြုလုပ်ရာတွင် မိမိတို့၏ SWOT Analysis ကို ကောင်းစွာ ဆန်းစစ်ရမည်။သို့မှသာ မိမိတို့ လိုချင်သော မိမိတို့ရောက်ချင်သော GOAL / OBJECTIVE တို့ကို ရောက်ရှိနိုင်မည်။Motivation သည် စိတ်ကို အခြေခံသောကြောင့် စိတ်တည်ငြိမ်အောင် အရင်ဆုံး ပြုလုပ်ရမည်။တည်ငြိမ်မှု ရှိမှသာ မှန်ကန်သော လားရာကို မှန်းဆနိုင်မည်။Motivation ဖြစ်ထွန်းရာတွင်လည်း အပ်စပ်သော Motivation ဖြစ်ပြီး အောင်မြင်မှုကို ရောက်ရှိနိုင်မည် ဖြစ်ပါသည်။

ဝေဖြိုးဟိန်း (HRM Learner)
Credit. To. ကျောက်သင်ပုန်း

စိတ်ဓါတ်ကျပြီး မဖြစ်နိုင်ဘူး ထင်ရင် KFC ပိုင်ရှင်ကို သတိရလိုက်ပါ။အသက် ၅ နှစ်မှာ သူ့ဖခင်ဆုံးတယ်။အသက် ၁၆ နှစ်မှာ သူကျောင်း...
02/04/2023

စိတ်ဓါတ်ကျပြီး မဖြစ်နိုင်ဘူး ထင်ရင် KFC ပိုင်ရှင်ကို သတိရလိုက်ပါ။
အသက် ၅ နှစ်မှာ သူ့ဖခင်ဆုံးတယ်။
အသက် ၁၆ နှစ်မှာ သူကျောင်းထွက်တယ်။
အသက် ၁၇ နှစ်မှာ အလုပ် ၄ ခုမှာပြူတ်နေပြီ
အသက် ၁၈ နှစ်မှာ သူအိမ်ထောင်ကျတယ်။
အသက် ၁၈ - ၂၂ ကြားမှာ ရထားလမ်းပြ အလုပ်ကိုလုပ်ပြီး သူအလုပ်ပြုတ်ပြန်တယ်။
သူ ဥပဒေကျောင်း၀င်ခွင့်လျောက်တယ် မရဘူး။
သူအာမခံကုမ္ပဏီမှာလုပ်တယ် အလုပ်ပြုတ်ပြန်တယ်။
အသက် ၁၉ နှစ်မှာ သူဟာ ဖခင်တဦးဖြစ်လာတယ်။
အသက် ၂၀ မှာ သူ့မိန်းမက သူကို ထားခဲ့ပြီး သမီလေးနဲ့အတူအိမ်ပေါ်ကဆင်းသွားတယ်။
အသေးစား ကဖေးဆိုင်မှာ စားဖိုမှုးနဲ့ပန်းကန်ဆေးတဲ့အလုပ်တစ်ခုသူရပြန်တယ်။
မိန်းမနဲ့ကွဲနေချိန်မှာ သူ့သမီးကိုပြန်ပေးဆွဲဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူး။ ဒီလိုနဲ့သူမိန်းမကို ကတိတွေပေးပြီး ချောမော့ပြီးအိမ်ကိုပြန်ခေါ်နိုင်ခဲ့တယ်။
သူ စစ်တပ်ထဲဝင်တယ် သူဘ၀ အတော်ပင်ပန်းနွမ်းနယ်ခဲ့တယ်။
အသက် ၆၅ နှစ်မှာ သူပင်စင်ယူတယ်
သူပင်စင်ယူတဲ့ ပထမဦးဆုံးနေ့မှာ အစိုးရထံမှ $105 ဒေါ်လာသူလက်ခံရရှိတယ်။
သူအဲဒီငွေကိုကြည့်ပြီးအတော်ခံစားခဲ့ရတယ်။ ဒီလူက သူကိုယ်ကိုတောင်သူမကူညီနိုင်သူ ဟုဆိုပြီးအစိုးရက သူ့ကို အဲဒီလိုမြင်တယ်လို့သူခံစားရတယ်။
သူအမြဲတမ်းကျရှူံးတယ် သူအသက်ရှင်ဖို့မတန်ဘူးဆိုပြီး သူ့ကိုယ်သူ အဆုံးစီရင်ဖို့ကြိုးစားခဲ့တယ်။
သူသစ်ပင်အောက်ထိုင်ပြီး သူသေတမ်းစာ ရေးဖို့ပြင်ပါတော့တယ်။ ဒါပေမယ့်သူ့ဘ၀မှာသူဘာတွေ အောင်မြင်ခဲ့လဲဆိုတာကို ပြန်ပြီးသုံးသပ်ကြည့်ပါတယ်။ အားလုံးဟာ ဆုံးရှူံးမှုတွေပဲသူတွေ့ခဲ့ရတယ်။ ဒါပေမယ့်ရှားရှားပါးပါးသူ့ရဲ့အားသာချက်လေးတစ်ခုသူတွေ့မိတယ်။ အဲ့တာက ဘာလည်းဆိုရင် ဟင်းကို ဘယ်လို ချက်ရမလည်း ဆိုတာပါပဲ။
ဒီလိုနဲ့ $87 ဒေါ်လာငွေကို ချေးယူပြီး ကြက်သားနဲ့လို အပ်တဲ့တန်ဆာပလာတွေကို၀ယ်ကာ သူ့ရဲ့ ကြက်ကြော်ကို တအိမ်၀င် တအိမ်ထွက် Kentucky မှာရှိတဲ့ အိမ်နီးနားချင်းတွေကို လိုက်ရောင်းပါတော့တယ်။
ဒီနေရာမှာ စာဖတ်သူကို ပြန်ပြီးတခုသိတရစေချင်တာက သူအသက် ၆၅ နှစ်မှာ သူ့ကိုယ်သူ့အဆုံးစီရင်ဖို့ကြိူးစားခဲ့ဘူးတယ်ဆိုတဲ့အချက်
သို့သော်.. Kentucky Fried Chicken (KFC) ကမ္ဘာကျော် ကြက်ကြော် KFC ကိုတည်ထောင်သူ အငြိမ်းစားဗိုလ်မှူး Sanders ဟာ အသက် ၈၈ နှစ်မှာ ဘီလီယံနာ ကမ္ဘာ့သန်းကြွယ် သူဌေးကြီးဖြစ်လာခဲ့ပါတယ်။
စိတ်ဓါတ်ရေးရာအရ သင်ခန်းစာယူစရာများကတော့
1/ အလုပ်တစ်ခုကို စတင်ဖို့အတွက် သိပ်နောက်ကျသွားတယ်ဆိုတာ ဘယ်တော့မှမရှိဘူး။
2/ နောက်အရေးကြီးတာက သင့်ရဲ့ ပင်ကိုယ်ရပ်တည်ချက်သဘောထား Attitude ဖြစ်တယ်။ ဘယ်လောက်ပဲအခက်ခဲတွေ တွေ့ပါစေ ဘယ်တော့မှအရူံးမပေးတဲ့စိတ်ဓါတ် ဇွဲ လုံလ ဝိရိယတွေရှိဖို့လိုတယ်။
အောင်မြင်မှုအတွက်သင့်မှာ တစ်ခုခုတော့ အနည်းဆုံးရှိတယ်။ သူများနဲ့မတူတဲ့ဆန်းသစ်မှုကို သတ္တိရှိရှိ ရဲရဲလုပ်ပါ။
အနာဂါတ်အိပ်မက်တစ်ခုအတွက်ဆိုရင် အသက်ကြီးပြီးနောက်ကျပြီဆိုတာ ဘယ်တော့မှမရှိဘူး သူငယ်ချင်း
Credit မူရင်း

Address

Yangon
Yangon
11041

Website

Alerts

Be the first to know and let us send you an email when Giggle Squad posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category