Karen Programme ကရင် အစီအစဉ်

Karen Programme ကရင် အစီအစဉ် Welcome! all of karen people and public around over the world.

14/12/2024

#ယပှင်္ကလ္ဂျုယဲဧ္ဂ Anthem, V-1
Do you Known this Song?
If you are ..........!

12/12/2024

Karen New Year Blessing Song!

01/12/2024

ခရစ္စမတ်အဓိပ္ပာယ်
ဆို-နော်ဖေါဘလုထူး

27/11/2024

ပကလဲၤဟးသကိးဆူပှဲၤဟံၣ်ခိၣ်နီၢ်ဘုၣ်ဘီတၢ်ထုကဖၣ်ကစၢၢ်သံတောင်ကြီးနောဘူဘောဆုတောင်းတောင်သို့
------------------------------------------------------------------------------------------------------------------------------
သံတောင်ကြီးနော်ဘူဘောဆုတောင်းတောင်ဟာကရင်ပြည်နယ်သံတောင်ကြီးမြို့နယ်တွင်တည်ရှိပြီး ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့နယ်နှင့်ထိစပ်လျက်ရှိပါတယ်။

သံတောင်ကြီးမြို့နယ်ဟာတောင်ပေါ်မြို့လေးတစ်မြို့ဖြစ်သည့်နှင့်အညီ တောင်တက်ကားလမ်းအတိုင်းခရီးနှင်ရမှာဖြစ်ပြီးလမ်းခရီးတလျောက်တောတောင်သဘာဝအလှအပများကိုအပြည့်အဝခံစားရမှာဖြစ်ပါတယ်။တောင်ငူမြို့ကနေသွားမည်ဆိုရင်(၂၄)မိုင်ခန့်ကွာဝေးပါတယ်။ တောင်ငူမြို့နယ် အစပ်ကနေ ၁၈ မိုင်ဝန်းကျင်သွားရမှာဖြစ်ပါတယ်။

ရှေးယခင်ကနော်ဘူဘောမင်းသမီးရဲ့ ဒဏ္ဍာရီသမိုင်းအကြောင်းအရာများရှိခဲ့တဲ့နေရာတစ်ခုဖြစ်တဲ့အတွက်နော်ဘူဘောတောင်ဟုအမည်တွင်ခဲ့ပြီး၁၉၉၅ခုနှစ်မှာ ဆရာတော်နောဘလု ဦးဆောင်ပြီးဒေသခံများစုပေါင်းဖြင့် ခရစ်ယာန်ဘာသာဝင်များရဲ့ဆုတောင်းရာနေရာတစ်ခုအဖြစ်ဆောင်ရွက်ခဲ့သည့်အတွက် သံတောင်ကြီးနော်ဘူဘောဆူတောင်းတောင်အဖြစ်လူသိများလာခဲ့ပါတယ်။ဒေသခံများအ‌ခေါ်အရ နာမည်အပြည့်အစုံကပွယ်ဟီခိုနော်ဘူဘောဆုတောင်းတောင်လို့လည်းသိရပါတယ်။

နော်ဘူဘောဆုတောင်းတောင်ဟာပင်လယ်ရေမျက်နှာပြင်အထက်ပေ(၄၈၃၄)ပေရှိပြီးထိုဒေသမှာအမြင့်ဆုံးတောင်တစ်တောင်လည်းဖြစ်ပါတယ်။တောင်ခြေအထိကားနှင့်အ‌ရောက်သွားနိုင်ပြီး တောင်ခြေကနေတောင်ပေါ်အထိကို လှေကားထစ်(၃၇၄)ထစ်နှင့်ဆက်သွယ်ထားပါတယ်။‌တောင်တက်လမ်းအတိုင်းတက်သွားမည်ဆိုလျှင် ဘေးဝဲယာတ‌လျှောက်ဆုတောင်းရာနေရာအခန်းငယ်များတည်ဆောက်ထားတာကိုမြင်တွေ့ရမှာပါ။

တောင်ထိပ်ကိုရောက်ပြီဆိုရင် တောတောင်အငွေ့အသက်လေနုအေးလေးများနှင့်အတူ ခရစ်ယာန်တို့ရဲ့ အထိမ်းအမှတ်သကေတ ဖြစ်တဲ့လက်ဝါးကပ်တိုင်နဲ့သင်္ဘောသဏ္ဍာတည်ဆောက်ထားတဲ့ အဆောက်အဦကိုမြင်တွေ့ရမှာပါ အဆောက်အဦထဲမှာတော့ဆုတောင်းရာနေရာအဖြစ်ရှိပြီး သင်္ဘောဦးပိုင်းရှိ ဝရန်တာက‌လာရောက်လည်ပတ်သူများကို မှတ်တမ်းဓါတ်ပုံရိုက်ဖို့ဖိတ်ခေါ်နေသလိုခံစားရမှာပါ။

သင်ကနော်ဘူဘောဆုတောင်းတောင်မှာတက်သစ်စနေဝန်းနဲ့အတူ တိမ်ဖမ်းချင်တယ်ဆိုရင်တော့ ဆောင်းရာသီမှာ တောင်ထိပ်ကိုမနက်စောစောအရောက်လှမ်းနိုင်ဖို့လိုပါမယ်။အအိပ်ကြီးရင်တော့ တိမ်မဖမ်းပဲ အခန်းထဲမှာကွေးနေတာကအကောင်းဆုံးပါ....

အရောက်မသွားနိုင်တဲ့သူများအတွက် နော်ဘူဘောဆုတောင်းတောင်ရဲ့ သဘာဝအလှတရားများကို အောက်ကVideoမှာပဲ
အပြည့်အဝကြည့်ရှု့ခံစားလို့ရပါတယ်...

မှတ်ချက်။ ။ယခုVideoကို COVID-19 မတိုင်ခင်ကရိုက်ကူးထားတာဖြစ်ပါတယ်။
(Background Music ကိုတော့သီးခံနားထောင်ပေးပါ)

ကရင်နှစ်သစ်ကူးလည်းနီးလာပြီးဆိုတော့အတီးမူးပွယ် ရဲ့ ကရင်အငွေ့အသက်လေးတွေပါတဲ့ လက်မှုပညာ(handmade)လေးတွေကိုအားပေးလို့ရပါပြီး...
29/10/2024

ကရင်နှစ်သစ်ကူးလည်းနီးလာပြီးဆိုတော့အတီးမူးပွယ် ရဲ့ ကရင်အငွေ့အသက်လေးတွေပါတဲ့ လက်မှုပညာ(handmade)လေးတွေကိုအားပေးလို့ရပါပြီးနော။ မှာယူအားပေးချင်တယ်ဆိုရင်အတီးမူးပွဲ ရဲ့ Facebook link ကနေတဆင့် တိုက်ရိုက်အားပေးလို့ရပါပြီး။👇
://www.facebook.com/moo.bwel.71?mibextid=ZbWKwL

ချိၣ်ကသူဖိတကပၢၤ
22/10/2024

ချိၣ်ကသူဖိတကပၢၤ

ရန်ကုန်းတိုင်းဒေသကြီး မှော်ဘီ ခရိုင် မှော်ဘီမြို့နယ် ပက်တန်းအုပ်စု အ မ က (လွန်) ဘိုးချေင်းစံပြကျောင်း တွင် အာစရိယပူဇော်ပ...
03/10/2024

ရန်ကုန်းတိုင်းဒေသကြီး မှော်ဘီ ခရိုင် မှော်ဘီမြို့နယ် ပက်တန်းအုပ်စု အ မ က (လွန်) ဘိုးချေင်းစံပြကျောင်း တွင် အာစရိယပူဇော်ပွဲကျင်းပပြုလုပ်သည့်ပုံရိပ်များ....

20/08/2024

တညီမုၣ်ဖိလဲၤဆူလဲၣ် :-) (စကောကရင်)
ကွဲး/သးဝံၣ်-Saw Phyo Khant

13/08/2024

ခံဂၤတၢ်ပနီၣ်(စကောကရင်)
ကွဲး-လုၢ်ပှ့ၤဒိၣ်
သးဝံၣ်- ဘျဲၣ်ဝါထူ(စကောကရင်)

10/08/2024

#(ဒီ)ကိုး(ဒီ)ကို (တီ)ကိုး(တီ)နဲ့ မမှားမိစေချင်

ကရင်အမျိုးသားအလံတော်မှာပါတဲ့(ဒီကိုးဒီ)ဒီရေရောက်ရာမြစ်ဝှမ်း(၉)ခု
ကရင်လူမျိုးများဟာ တရုတ်ပြည်က‌နေ လမ်းခရီးတစ်လျှောက် စိုက်ပျိုးရေးကောင်းတဲ့ဒီရေရောက်ရာမြစ်ဝှမ်း(၉)ခုကိုဖြတ်သန်းနေထိုင်လာခဲ့ကြပါတယ်။
(၁)ယန်စီမြစ်ဝှမ်း
(၂)ဟိုဝမ်ဟိုမြစ်ဝှမ်း
(၃)စစ်ကျန်မြစ်ဝှမ်း
(၄)ကောင်းတုံမြစ်ဝှမ်း
(၅)မဲနမ်မြစ်ဝှမ်း
(၆)မဲခေါင်မြစ်ဝှမ်း
(၇)စစ်တောင်းမြစ်ဝှမ်း
(၈)သံလွင်မြစ်ဝှမ်း
(၉)ဧရာဝတီမြစ်ဝှမ်း လို့မှတ်သားရပါတယ်။

ဥပမာ-
ဟံသာဝတီ မွန်နာမည်
မြဝတီက မွန်နာမည်ကဆင်းသက်
ဓညဝတီ က ရခိုင် အစဉ်အဆက်နေလာခဲ့တဲ့နေရာလို့သိရပါတယ်။

ဒီကိုးဒီပါ တီကိုးတီ မဟုတ်ပါ

09/08/2024

ပျဲသးစီဆှံဒိၣ်ဘၢယၤ(စကောကရင်)
ကွဲး-လုၢ်ပှ့ၤဒိၣ်
သးဝံၣ်- ဘျဲၣ်ဝါထူ(စကောကရင်)

16/06/2024

Karen Angle

05/06/2024

''ကျိာ် ''မ့ၢ်တၢ်ကါဒိၣ်လၢပကြၢးပာ်ဒိၣ်အီၤ.

04/06/2024

ကျိၣ်ဒီးကွဲၤဆ့ကညီဖိ

နံၣ်(၅၀)တၢ်ဖျီထူ တၢ်စံးဘျုးစံးဖှိၣ်
01/06/2024

နံၣ်(၅၀)တၢ်ဖျီထူ တၢ်စံးဘျုးစံးဖှိၣ်

25/05/2024

Ehni Shine who came to honor Padoh Saw Htay Htay Tun and Apee Naw Byu May's 50th Golden Jubilee wedding with love....
ပဒိုစောဌေးဌေးထွန်းနဲ့အဖီးနော်ဗြူးမေတို့ရဲ့နှစ်(၅၀)ရွှေရတုမင်္ဂလာပွဲမှာမေတ္တာဖြင့်လာရောက်ဂုဏ်ပြုပေးတဲ့တေးသံရှင်အယ်နီရှိုင်း....

ကျေးရွာအတွင်းသန့်ရှင်းသာယာလှပရေးအတွက်စုပေါင်းအမှိုက်ကောက်ခြင်းလှုပ်ရှားမှုဆောင်ရွက်-------------------------------------...
20/05/2024

ကျေးရွာအတွင်းသန့်ရှင်းသာယာလှပရေးအတွက်စုပေါင်းအမှိုက်ကောက်ခြင်းလှုပ်ရှားမှုဆောင်ရွက်
---------------------------------------------------------------------------------------------------------------------
ယနေ့နံနက်(၇)နာအချိန်တွင် အမှိုက်ကင်းစင်ပြီး၊ကျေးရွာသန့်ရှင်းသာယာလှပရေးအတွက် ကျေးရွာရှိကလေးလူငယ်များစုပေါင်းအမှိုက်‌ကောက်ခြင်းကိုရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊ပက်တန်းအုပ်စု၊ဘိုး‌ချောင်းစံပြကျေးရွာတွင်ပြုလုပ်ခဲ့ကြသည်။

စုပေါင်းအမှိုက်ကောက်ခြင်းလှုပ်ရှားမှုအစီအစဉ်ကို World Vision ကျေးရွာကလေးသူငယ်များဖွံ့ဖြိုးရေးကျေးရွာတာဝန်ခံများမှဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးထိုလှုပ်ရှာမှုတွင်ကျေးရွာအတွင်းရှိကလေးလူငယ်များက ဘိုးချောင်းစံပြ(၁)လမ်း၊(၂)လမ်း၊(၃)လမ်းများရှိလမ်း‌ဘေးဝဲ၊ယာ၊စွန့်ပစ်အမှိုက်များကိုစုပေါင်းကောက်ယူကာစနစ်တကျစွန့်ပစ်ခဲ့ကြပြီး ပါဝင်ခဲ့သည့်ကလေးသူငယ်များကို မုန့်နှင့်အချိုရည်များမျှဝေပေးခဲ့သည်။

29/04/2024

အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ်(၅/၂၀၂၄)
(၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
“ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ၃-၅-၂၀၂၄ ရက်နေ့မှ ၅-၅-၂၀၂၄ ရက်နေ့အတွင်း အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန် ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်း ကောင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါ သည်။’’
အကြံပြုချက်
၂။ ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းသော ဒေသများတွင် လေပြင်းတိုက်ခတ်ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မိုးဇလ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Karen Programme ကရင် အစီအစဉ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share