D-lann.news

D-lann.news D-lann produce weekly magazine, online media and News relation to politics, business, lifestyle, gen

10/12/2024

(၇၆)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအနေ့အထိမ်းအမှတ်စကားဝိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊မဟာဗျူဟာမြောက်ဆက်သွယ်ရေးနှင့်ပြည်သူ့ဆက်ဆံရေး(SCPRU) အတွင်းရေးမှူးအဖွဲ့ဝင်ဦးကျော်ဇော်၊ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး(၂) ဗညားခွန်အောင်၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)
စည်းရုံးရေးနှင့်နိုင်ငံရေးရှေ့ဆောင်အဖွဲ့ခေါင်းဆောင်နော်ဆဲဆဲ၊အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (JCC-TJ) မှ မမေနှင်းတို့က "အသွင်ကူးပြောင်းရေးကာလနှင့်အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေးအတွက် ပြင်ဆင်မှု ဘယ်အဆင့်ရောက်ပြီလဲ" ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများကို တိုက်ရိုက်ထုတ်လွှင့်သည်။

07/12/2024

(၇၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် စကားဝိုင်းကို "ကြားကာလအုပ်ချုပ်ရေးယန္တရားတွေမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ အမှန်တကယ် လွယ်ကူနေပြီလား" ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ဖြစ်သည်။

06/12/2024

ဒုတိယအကြိမ် CDM နိုင်ငံ့ဝန်ထမ်းထု ညီလာခံတိုက်ရိုက်ထုတ်လွှင့်မှု

“CDM အရေး ငါတို့တွေး ညီလာခံမှာ စုရုံးပေး”
“ငါတို့သမိုင်း ငါတို့‌ရေးခဲ့ပြီ ငါတို့လမ်းကိုငါတို့က်ဖောက်မည် စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံသစ်တည်”

04/12/2024

"တော်လှန်ရေးကာလမှာ တော်လှန်ရေးအင်အားစုအသီးသီးအနေနဲ့ လူ့အခွင့်အရေးလေးစားလိုက်နာအောင်ဘယ်လိုလုပ်ဆောင်ကြမလဲ" ခေါင်းစဉ်ဖြင့် (၇၆)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ်စကားဝိုင်းကို တိုက်ရိုက်ထုတ်လွှင့်ပါသည်။

03/12/2024

ကျနော်တို့ မိတ်ဆွေ ရဲဘော်ရဲဘက် (၄) ဦး၊ မန်းဒေသတွင်း တော်လှန်ရေး စိုးမိုးထိန်းချုပ်နယ်မြေ တနေရာမှာ အတူဆုံဖြစ်ကြတယ်ဗျို့။ မှတ်မှတ်ရရ တော်လှန်ရေးကာလ အချိန် (၄) နှစ်နီးပါးအတွင်းမှာ ဒီလေးယောက် အပြင်မှာဆုံတာ ဒါပထမဦးဆုံး အကြိမ်ပါပဲ။ နှစ်ယောက်ချင်း သုံးယောက်ချင်းတော့ ဆုံဖြစ်ခဲ့တာ ရှိတာပေါ့။ လေးယောက် အတူဆုံကြတော့လည်း လက်ရှိ တိုင်းပြည်အရေး၊ တော်လှန်ရေးကြီးအရေး၊ မန်းဒေသအရေးတွေကို အိတ်သွန်ဖာမှောက် ကျယ်ကျယ်ပြန့်ပြန့်၊ အားရပါးရ ဝိုင်းဖွဲ့ ပြောဖြစ်ကြတာပေါ့ဗျာ။ မန်းလေးမှာ ကျနော်တို့တွေ လက်ဖက်ရည်ဆိုင်ထိုင်ပြီး တမေ့တမော ဝိုင်းဖွဲ့ စကားပြောကြတဲ့ အရသာကို ပြန်တောင် ရမိတယ်။ ဒီစကားဝိုင်းလေးကိုလည်း မှတ်တမ်းတင် ရိုက်ကူးပြီး တော်လှန်ပြည်သူတွေကို တင်ပြဖို့လည်း စိတ်ကူးလိုက်မိတယ်။ ဒါ့ကြောင့် စကားဝိုင်းလေးကို ရိုက်ကူးပြီး တော်လှန်ပြည်သူအပေါင်းကို ပြန်လည်တင်ပြလိုက်ပါတယ်ဗျို့။ စကားဝိုင်းက ထုံးစံအတိုင်း လေကြောရှည်တော့ ဒါကို အပိုင်း (၂) အဖြစ်နားဆင်ကြပါဦးခင်ဗျာ။

#တော်လှန်သူတို့စကားဝိုင်း
#ငါတို့နိုင်မယ့်ပွဲ
#တက်စုံဖွင့်ရွက်ကုန်လွှင့်
#ငုံ့မခံနဲ့တုံ့ပြန်ကြ
အရေးတော်ပုံ အောင်ရမည်။

02/12/2024

ကျနော်တို့ မိတ်ဆွေ ရဲဘော်ရဲဘက် (၄) ဦး၊ မန်းဒေသတွင်း တော်လှန်ရေး စိုးမိုးထိန်းချုပ်နယ်မြေ တနေရာမှာ အတူဆုံဖြစ်ကြတယ်ဗျို့။ မှတ်မှတ်ရရ တော်လှန်ရေးကာလ အချိန် (၄) နှစ်နီးပါးအတွင်းမှာ ဒီလေးယောက် အပြင်မှာဆုံတာ ဒါပထမဦးဆုံး အကြိမ်ပါပဲ။ နှစ်ယောက်ချင်း သုံးယောက်ချင်းတော့ ဆုံဖြစ်ခဲ့တာ ရှိတာပေါ့။ လေးယောက် အတူဆုံကြတော့လည်း လက်ရှိ တိုင်းပြည်အရေး တော်လှန်ရေးကြီးအရေး၊ မန်းဒေသအရေးတွေကို အိတ်သွန်ဖာမှောက် ကျယ်ကျယ်ပြန့်ပြန့်၊ အားရပါးရ ဝိုင်းဖွဲ့ ပြောဖြစ်ကြတာပေါ့ဗျာ။ မန်းလေးမှာ ကျနော်တို့တွေ လက်ဖက်ရည်ဆိုင်ထိုင်ပြီး တမေ့တမော ဝိုင်းဖွဲ့ စကားပြောကြတဲ့ အရသာကို ပြန်တောင် ရမိတယ်။ ဒီစကားဝိုင်းလေးကိုလည်း မှတ်တမ်းတင် ရိုက်ကူးပြီး တော်လှန်ပြည်သူတွေကို တင်ပြဖို့လည်း စိတ်ကူးလိုက်မိတယ်။ ဒါ့ကြောင့် စကားဝိုင်းလေးကို ရိုက်ကူးပြီး တော်လှန်ပြည်သူအပေါင်းကို ပြန်လည်တင်ပြလိုက်ပါတယ်ဗျို့။ စကားဝိုင်းက ထုံးစံအတိုင်း လေကြောရှည်တော့ကေား အပိုင်း (၂) ပိုင်းခွဲပြီး တင်ပြပါမယ်ဗျိုး။

#တော်လှန်သူတို့စကားဝိုင်း
#ငါတို့နိုင်မယ့်ပွဲ
#တက်စုံဖွင့်ရွက်ကုန်လွှင့်
#ငုံ့မခံနဲ့တုံ့ပြန်ကြ
အရေးတော်ပုံ အောင်ရမည်။

01/12/2024

🏆 Million Ticket ​၏ ဒုတိယအကြိမ်မြောက် ကံစမ်းမဲဖွင့်ပွဲ 🏆

မီလီရဲ့ ထူးခြားချက်က ....

✅ ပေါက်ဖို့ % အရမ်းများတယ်

✅ ဆုမဲတွေ "စုံ" တယ်

✅ ၂ ပတ်တစ်ကြိမ် ကျပ်သိန်းတစ်ထောင်ကို ကံစမ်းမဲဖောက်ပေးမယ့် "တစ်ခုတည်း" သော တလရပရောဂျက်..

📌 (၂) ပတ် တစ်ကြိမ် သိန်း (၅၀၀)၊ သိန်း (၂၀၀)၊ သိန်း (၁၀၀) ကံထူးရှင်ဖြစ်ဖို့ဆို 👇🏻👇🏻https://www.wlmf.org/projects/millionticket မှာ AA and AB တွေက ရုပ်ချောချော၊ သဘောကောင်းကောင်းနဲ့ စောင့်နေပါကြောင်း....



#မမများနဲ့ပွဲကမယ် 💃🏻💃🏻

01/12/2024

WAVE NO.5101 ကမ်ပိန်းပိတ်ပွဲနှင့် ကံစမ်းဆုမဲ‌ဖောက်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ် ဖြစ်ပါသည်။

26/11/2024

လူထုလှုပ်ရှားမှုရက်သတ္တပတ်၏ ပဥ္စမနေ့ဖြစ်သည့် နိုဝင်ဘာ ၂၆ ရက်တွင် တော်လှန်ရေးကာလ အုပ်ချုပ်ရေး ထူထောင်ဆောင်ရွက်မှု၊ စစ်ရေးတိုက်ပွဲအရှိန်မြှင့်တင်မှု တို့နှင့် မြေပြင်လူထုလှုပ်ရှားမှုကြား ချိတ်ဆက်ဖော်ဆောင်နိုင်မှု အခြေအနေများအား ဆန်းစစ်သုံးသပ်မှု အစီအစဥ်အား “ မြေပြင်လူထု လှုပ်ရှားမှုများနှင့် အုပ်ချုပ်ရေး၊ စစ်ရေးချိတ်ဆက်ဖော်ဆောင်မှု” ခေါင်းစဥ်ဖြင့် Webinar ဆွေးနွေးပွဲဖြစ်ပါည်။
#လူထုလှုပ်ရှားမှုရက်သတ္တပတ် #ငုံ့မခံနဲ့တုန့်ပြန်
အရေးတော်ပုံ အောင်ရမည်။⁩⁩

24/11/2024

လူထုလှုပ်ရှားမှု ရက်သတ္တပတ် တတိယနေ့ ဖြစ်သည့် နိုဝင်ဘာ ၂၄ ရက်တွင် နွေဦးတော်လှန်ရေးကြီး တွင် ဖိုဝါဒကြီးစိုးမှုတိုက်ဖျက်ရေး၊ ဂျန်ဒါတန်းတူရေးတို့အတွက် အတွေးအခေ်တော်လှန်ရေးတရပ်ကို ဆင်နွှဲ နေရသည့် အခြေအနေများကို ဆန်းစစ်သုံးသပ်မှု အစီအစဥ်အား “ နွေဦးတော်လှန်ရေးနှင့် ဂျန်ဒါတန်းတူရေး” ခေါင်းစဥ်ဖြင့် Webinar ဆွေးနွေးပွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။

#လူထုလှုပ်ရှားမှုရက်သတ္တပတ် #ငုံ့မခံနဲ့တုန့်ပြန်
အရေးတော်ပုံ အောင်ရမည်။⁩⁩

23/11/2024

လူထုလှုပ်ရှားမှု ရက်သတ္တပတ် လှုပ်ရှားမှု တတိယနေ့ ဖြစ်သည့် နိုဝင်ဘာ ၂၃ ရက်တွင် နိုင်ငံတကာ အဝန်းအဝိုင်းနှင့် အစိုးရများ၏ အခန်းကဏ္ဍ၊ နိုင်ငံတကာရောက် မြန်မာပြည်သူများ၊ အင်အားစုများ၏ ချိတ်ဆက်လှုပ်ရှားမှုများကို ဆန်းစစ်သုံးသပ်မှု အစီအစဥ်အား "နိုင်ငံတကာ စည်းလုံးညီညွတ်မှု၊ ချိတ်ဆက်လှုပ်ရှားမှုနှင့် ပံ့ပိုးကူညီမှု" ခေါင်းစဥ်ဖြင့် Webinar ဆွေးနွေးပွဲကို တိုက်ရိုက်ထုတ်လွှင့်ပါသည်။

22/11/2024

လူထုနှင့် မျိုးဆက်အသီးသီးရှိ နိုင်ငံရေး အင်အားစုများအကြား အပြန်အလှန် သင်ယူမှုဖြင့် စည်းလုံးညီညွတ်မှု ရှိကြောင်း ပြသရန်၊ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းရေး အကြမ်း မဖက် လူထုလှုပ်ရှားများအား အရှိန်မြှင့်တင်ရေးအတွက် ရေတို/ရေရှည် မဟာဗျူဟာ/နည်းဗျူဟာများ သုံးသပ်ဆွေးနွေးခြင်းနှင့် ချမှတ်ခြင်းတို့ ဆောင်ရွက်ရန်အတွက် "လူထုလှုပ်ရှားမှု ရက်သတ္တပတ်" အမည်ဖြင့် ဆွေးနွေးပွဲများ၊ မြေပြင်လှုပ်ရှားမှုများ၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ၂၆ ရက်အထိ အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်သည်။ လူထုလှုပ်ရှားမှု ရက်သတ္တပတ် လှုပ်ရှားမှု ဒုတိယနေ့ ဖြစ်သည့် နိုဝင်ဘာ ၂၂ ရက်တွင် စစ်အာဏာသိမ်းမှု စတင်ချိန်မှစ၍ ယနေ့တိုင် လှုပ်ရှားသက်ဝင်နေဆဲဖြစ်သည့် လူထုလှုပ်ရှားမှု (Civil Resistance) ကို ဆန်းစစ်သုံးသပ်မှု အစီအစဥ်အား "နွေဦးတော်လှန်ရေး၏ လူထုလှုပ်ရှားမှုကဏ္ဍကို ဆန်းစစ်ခြင်း" ခေါင်းစဥ်ဖြင့် Webinar ဆွေးနွေးပွဲ ဖြစ်ပါသည်။

21/11/2024

လူထုနှင့် မျိုးဆက်အသီးသီးရှိ နိုင်ငံရေး အင်အားစုများအကြား အပြန်အလှန် သင်ယူမှုဖြင့် စည်းလုံးညီညွတ်မှု ရှိကြောင်း ပြသရန်၊ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းရေး အကြမ်း မဖက် လူထုလှုပ်ရှားများအား အရှိန်မြှင့်တင်ရေးအတွက် ရေတို/ရေရှည် မဟာဗျူဟာ/နည်းဗျူဟာများ သုံးသပ်ဆွေးနွေးခြင်းနှင့် ချမှတ်ခြင်းတို့ ဆောင်ရွက်ရန်အတွက် "လူထုလှုပ်ရှားမှု ရက်သတ္တပတ်" အမည်ဖြင့် ဆွေးနွေးပွဲများ၊ မြေပြင်လှုပ်ရှားမှုများ၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ၂၆ ရက်အထိ အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်သည်။
"လူထုလှုပ်ရှားမှု ရက်သတ္တပတ်" အစီအစဉ် ပထမဆုံးနေ့ ဖြစ်သည့် နိုဝင်ဘာ ၂၁ ရက်တွင် လူထုလှုပ်ရှားမှုသမိုင်းများ၌ ပါဝင်ခဲ့ကြသည့် မျိုးဆက်အသီးသီး၏ ဖြတ်သန်းမှုနှင့် အတွေ့အကြုံများ ပြန်လည်သုံးသပ်မှုအစီအစဉ်အား "လူထုလှုပ်ရှားမှုသမိုင်းတလျှောက် ပြောင်းလဲခဲ့သည့် မဟာဗျူဟာ၊ နည်းဗျူဟာ" ခေါင်းစဉ်ဖြင့် Webinar ဆွေးနွေးပွဲဖြစ်ပါသည်။

20/11/2024

တော်လှန်အမွေ ကမ်းပိန်းအကြောင်း ပြောရင်း တော်လှန်မောင်နှမ များ ဖြစ်တဲ့ ဆရာဖြိုးသီဟ ၊ မဝင်ဒီနဲ့ မအတာ တို့ရဲ့ တော်လှန် စကားဝိုင်း live

20/11/2024

အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူးကျင်းပသော ကမ္ဘာ့ကလေးသူငယ်များနေ့အထိမ်းအမှတ်အဖြစ် “အနာဂတ်အရေးရှေးရှုလို့ ကလေးသူငယ်အခွင့်အရေးများအတွက် ရပ်တည်စို့ " ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲ စကားဝိုင်းအစီအစဥ်ကို ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ စီစဉ်ထုတ်လွှင့်သည်။

16/11/2024

မျှော်လင့်ခြင်းရန်ကုန် စကားဝိုင်း

14/11/2024

အများသိပြီးဖြစ်တဲ့ ကရင်နီဒေသ၊ KNDF က မာဝီက မမတို့နဲ့ စသိခဲ့တဲ့ မမများနဲ့ ပွဲကမယ် အကြောင်းရော Million Ticket အကြောင်းရောကိုပါ စ-စ်ရေးဘက်ကနေ ဆွေးနွေးတင်ပြထားတာဖြစ်ပါတယ်။

ဟေဇယ်ကတော့ သူ့မူအတိုင်း ရုပ်ချောချောလေးနဲ့ ခပ်စွာစွာ အသံစာစာလေးနဲ့ မေးခွန်းတွေ မေးပေးထားပါတယ်။

📌 မီလီလေးရဲ့ ဒုတိယအကြိမ်မြောက် Ticket များ ပေ့ချ်ရိချ်တွေထိနေလို့ အရောင်းနည်းနေသေးလို့ www.wlmf.org ကနေ ဝယ်ကြပါဦး။

📌 Snow Ball Project မို့ နောင်မှာ တဖြည်းဖြည်း ပိုကြီးထွားလာဖို့သာရှိတာမို့ ပိုမိုကြီးမားပြီး တလရအတွက် အရွေ့ကြီးကြီး ဖော်ဆောင်နိုင်ဖို့ကတော့ ပြည်သူတွေက အရှိန်ပြင်းပြင်းနဲ့ ဆက်တွန်းပေးကြမယ်လို့ ယုံကြည်စိတ်ချပါတယ်။

#မမများနဲ့ပွဲကမယ် 💃🏻💃🏻

07/11/2024

�Million Ticket ရဲ့ ပထမအကြိမ် ဆုချီးမြှင့်ပွဲ🏆

မီလီ့ရဲ့ ပထမအကြိမ် မီလီသန်းကြွယ် ဆုချီးမြှင့်ပွဲ အခမ်းနားဖြစ်ပါတယ်။

🏆 ပထမဆု သိန်း (၅၀၀) ကျပ်ကို စစ်ကိုင်း ​ေ-ထာက်ပို့ရွာမှ ပြည်သူတစ်ဦးကလည်းကောင်း

🏆 ဒုတိယဆု ကျပ်သိန်း (၂၀၀) ကို ထပပြည်သူ သင်္ဘောသားတစ်ဦးမှလည်းကောင်း

🏆 တတိယဆု ကျပ် သိန်း (၁၀၀) ကို Justice Ladies အဖွဲ့မှလည်းကောင်း အသီးသီး ကံထူးကြပြီး ဒုတိယနှင့် တတိယဆုရှင်များမှ ၎င်းတို့ရရှိသည့် ဆုကြေးများကို ပြန်လည်လှူဒါန်းခဲ့ပါသည်။

အဆိုပါလှူဒါန်းသော ဆူကြေးများအား ဒေသအသီးသီးရှိ တ-ပ်ရင်းနှင့် စ-စ်ဘေးရှောင် မိဘပြည်သူများအတွက် ဆောင်းတွင်းလက်ဆောင် အနွေးဓါတ်ပေးမည့် ခြုံစောင်များ ဖြန့်ဝေလှူဒါန်းမှူတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း မီလီယမ်ချစ်သူ ပြည်တွင်းပြည်ပမှ မိဘပြည်သူအပေါင်းအား ကြေညာအပ်ပါသည်။

📌 ဒုတိယအကြိမ်မြောက် မီလီယမ်တစ်ကဒ်များကိုလည်း www.wlmf.org မှတဆင့် နိုင်ငံတကာ အေးဂျင့်များဆီမှလည်း ဝယ်ယူနိုင်ပါသည်။

💰💰

#မမများနဲ့ပွဲကမယ် 💃🏻💃🏻

Address

Yangon
Yangon
11181

Alerts

Be the first to know and let us send you an email when D-lann.news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to D-lann.news:

Videos

Share