CBN Myanmar

CBN Myanmar CBN Myanmar is bringing LIFE CHANGING for BETTER LIFE in Community across Myanmar through media & humanitarian activities

Link to donate:
cbn.com/myanmar

01/02/2025

ကိုယ်တော်နိုင်ငံတော် ကျယ်ပြန့်ဖို့ရန် မျိုးစေ့ကြဲသောသူများဖြစ်စေပါ။
#ဆာလံ #ဒေသနာကျမ်း #ကျမ်းစာ

ဘုရားသခင်၏အလိုတော်နှင့်အညီ မိဘကိုရိုသေခြင်းကျမ်းစာတော်မြတ်ထဲတွင် လူသားများ လိုက်လျောက်ရန် သွန်သင်ပေးထားသော အရာများစွာ ပါ...
01/02/2025

ဘုရားသခင်၏အလိုတော်နှင့်အညီ မိဘကိုရိုသေခြင်း

ကျမ်းစာတော်မြတ်ထဲတွင် လူသားများ လိုက်လျောက်ရန် သွန်သင်ပေးထားသော အရာများစွာ ပါရှိပါသည်။ သို့ရာတွင် လိုက်လျောက်ပါက ဤမည်သော အကျိုးကို ခံစားရမယ်လို့ ဖော်ပြထားတဲ့၊ ကတိတော်နဲ့စပ်ဆိုင်တဲ့ သွန်သင်ခြင်းများကတော့ဖြင့် စိတ်ဝင်စားစရာ ကောင်းလှပါသည်။ အဲ့ဒီ ကတိတော်နဲ့စပ်ဆိုင်တဲ့ သွန်သင်ခြင်း တစ်ခုကတော့ဖြင့် သားသမီးများရဲ့ မိဘတွေအပေါ် ပြုကျင့်ရမယ့် တာဝန်ဝတ္တရားနဲ့ စပ်ဆက်နေပါတယ်။အဲဒီကတိတော်က “ပြည်တော်၌ ကောင်းစား၍၊အသက်တာရှည်မည်”ဆိုတဲ့ကတိတော် ဖြစ်ပါတယ်။

အခြေအနေတချို့မှာ မိဘစကားကို နားထောင်ရမှာလား ဆိုတဲ့ မေးခွန်းကို လူတော်တော်များများက မေးလေ့ရှိပါတယ်။ တချို့မိဘတွေက ကောင်းမှမကောင်းကြတာ၊ မိဘတို့ရှိရမယ့် အရည်အချင်းမှ မရှိကြတာ ဒီလိုအခြေအနေဆိုရင်ရော နားထောင်ဖို့ လိုအပ်ပါမလား စသဖြင့် စဉ်းစားစရာများ ရှိနေပါတယ်။

လူသားများက အားနည်းချက်နဲ့ အမှားအယွင်း မကင်းကြပါဘူး။ ဒီလိုဘဲ တချို့မိဘ၊ ဖခင်၊ မိခင်တွေမှာလဲ အားနည်းချက် ချို့ယွင်းချက် ရှိနေနိုင်ပါတယ်။ ဒါက မိသားစုတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒီလိုအခြေအနေမျိုး ရှိနိုင်တယ်ဆိုတာ ဘုရားရှင်လဲ သိပါတယ်။ ဒါပေမယ့် မိဘကိုရိုသေရမယ့် အလုပ်က သားသမီးတွေ ရှောင်လွှဲလို့မရတဲ့ တာဝန်ဝတ္တရားပါဘဲ။ မဖြစ်မနေ လုပ်ကိုလုပ်ရမယ့် ဒီတာဝန်အတွက် ကောင်းကြီးမင်္ဂလာနဲ့ စပ်ဆိုင်တဲ့ ကတိတော်ကိုပါ တွဲဖက် ပေးသနားတော်မူပါတယ်။

ခက်ခဲမှုများ ရှိနေနိုင်သော်လည်း ဘုရားရှင်ရဲ့ အလိုတော်အတိုင်း မိဘကို ရိုသေပြီး ကောင်းကြီးမင်္ဂလာများကို ရယူပိုင်ဆိုင်ကြပါစို့။

“သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကား ကိုနားထောင်ခြင်းအမှုသည် တရားသောအမှု ဖြစ်၏။- မိဘကို ရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်အကြောင်း ဟူ၍ ကတိတော်နှင့်ဆိုင်သော ပထမပညတ်ဖြစ်၏။-”(‭‭ဧဖက်‬ ‭၆:‭၁-‭၃)

#နှုတ်ကပါတ်တော် #ခွန်အားဖြစ်စေသောစာ #ဒေသနာကျမ်း #ကျမ်းစာ

31/01/2025

အသုံးပြုတော်မူပါ ကိုယ်တော်....
#ဆာလံ #ဒေသနာကျမ်း #ကျမ်းစာ

30/01/2025

ကိုယ်တော်ရဲ့ နောက်တော်သို့ စေ့စေ့လိုက်တတ်သောသူဖြစ်စေရန် မစပါ။
#ဆာလံ #ဒေသနာကျမ်း #ကျမ်းစာ

29/01/2025

ဘုရားသခင်၏ နက်နဲသော နိုင်ငံတော်...
#ဆာလံ #ဒေသနာကျမ်း #ကျမ်းစာ

ဘုရားသခင်၏ စုံစမ်းခြင်းတခါတရံ ဘဝခရီးတွင် ဘုရားသခင်၏ စုံစမ်းခြင်းကို လူသားတိုင်း ကြုံတွေ့ရကြပါသည်။ အကြောင်းမှာ ဘုရားသခင်မ...
29/01/2025

ဘုရားသခင်၏ စုံစမ်းခြင်း

တခါတရံ ဘဝခရီးတွင် ဘုရားသခင်၏ စုံစမ်းခြင်းကို လူသားတိုင်း ကြုံတွေ့ရကြပါသည်။ အကြောင်းမှာ ဘုရားသခင်မှ သူ့သားသမီးများ၏ ယုံကြည်ခြင်းနှင့်၊ သစ္စာတရားကို မြင်တွေ့လိုသောကြောင့်ဖြစ်ပါသည်။ စုံစမ်းခြင်းကို ဖြတ်ကျော်ခြင်းဖြင့်သာ ကျွန်တော်တို့သည် အပြောနှင့် အလုပ်ညီကြောင်း၊ ဘုရားထံသစ္စာစောင့်သူများဖြစ်ကြောင်း သက်သေပြုနိုင်မည်ဖြစ်ပါသည်။

အာဗြဟံ၏ ဘဝတွင်လည်း ကြီးမားသော စုံစမ်းခြင်းကို ကြုံတွေ့ခဲ့ရပြီး၊ ဘုရားအပေါ် နာခံခြင်းနှင့်၊ သစ္စာတရားကို မှတ်ကျောက်ပြုနိုင်ခဲ့ပါသည်။ သူကြုံတွေ့ခဲ့ရသော ဘုရားရှင်၏စုံစမ်းခြင်းမှာ လွယ်ကူသော အရာမဟုတ်ခဲ့ပါ။ မိမိ၏တဦးတည်းသော သားအရင်းကို ဘုရားထံပြန်ပေးရန် ခက်ခဲသောဆုံးဖြတ်ချက်ကို ချခဲ့ရပါသည်။

အာဗြဟံအား ဘုရားရှင် စုံစမ်းခဲ့သည့်နည်းတူ ယနေ့ ယုံကြည်သူများ၏ဘဝ အသက်တာများကိုလည်း ဘုရားရှင် စာမေးပွဲစစ်လျက်ရှိပါသည်။

မိသားစုတွင်ငွေကြေးအကျပ်အတည်းကြုံနေရချိန်တွင်၊ ဖခင်ကြီးအလုပ်လက်မဲ့ဖြစ်သွားရပါသည်။ သူငယ်ချင်းနဲ့ ရုပ်ရှင်သွားကြည့်ဖို့တောင် မိသားစုက မုန့်ဖိုးမပေးနိုင်တော့ပါ။ အိမ်ကိုလမ်းပြန်လျောက်လာချိန် ပိုက်ဆံအိတ်တစ်လုံးကောက်ရခဲ့ပါက ကျေးဇူးတော်ချီးမွမ်းစရာဖြစ်ပါမည်လား။ အိတ်ထဲက ပိုက်ဆံတွေကို မထိဘဲ၊ ပိုင်ရှင်ထံပြန်ပေးပါက သင်သည် ခက်ခဲသော ဘုရားရှင်၏ စုံစမ်းခြင်းကို အောင်မြင်သောသူဖြစ်လာပါမည်။ ကိုယ်ခက်ခဲနေချိန် ပိုက်ဆံများကိုပြန်ပေးနိုင်ခြင်းက သင်၏သစ္စာတရားကို သက်သေပြုရာရောက်ပါသည်။

အခု သင့်ဘဝမှာ ခက်ခဲတဲ့ ဘဝစာမေးပွဲတွေကို ဖြေဆိုနေရပါသလား?
အာဗြဟံရဲ့ ဘဝသင်ခန်းစာကို သင်ယူကြပါစို့။ အလုပ်မှာ တင်းကျပ်တဲ့ အထက်လူကြီး၊ ဆက်ဆံရခက်တဲ့ လုပ်ဖော်ဆောင်ဖက်၊ငွေကြေးအခက်အခဲ၊ ကျန်းမာရေး အစရှိသဖြင့် စုံစမ်းခြင်း ပုံစံမျိုးစုံ ရှိနေနိုင်ပါတယ်။

“ငွေစစ်စရာဖို့ မိုက်ကိုလည်းကောင်း၊ ရွှေစစ်စရာဖို့ မီးဖိုကိုလည်းကောင်း သုံးတတ်၏။ စိတ်နှလုံးကိုကား၊ ထာဝရဘုရား စစ်တော်မူ၏။”‭‭(သုတ္တံ‬ ‭၁၇:‭၃) လို့ကျမ်းစာထဲမှာဖော်ပြထားသလို မီးနဲ့အစစ်ခံပြီး တန်ဖိုးကြီးတဲ့ ရွှေကဲ့သို့သော ယုံကြည်ခြင်း၊ သစ္စာရှိခြင်းများကို ပြသအသက်ရှင်ကြပါစို့။
“ထိုနောက်မှ ဘုရားသခင်သည်၊ အာဗြဟံကိုစုံစမ်းခြင်းငှာ၊ အာဗြဟံဟု ခေါ်တော်မူ၍”(‭‭ကမ္ဘာဦး‬ ‭၂၂:‭၁)

#နှုတ်ကပါတ်တော် #ခွန်အားဖြစ်စေသောစာ #ဒေသနာကျမ်း #ကျမ်းစာ

28/01/2025

ကိုယ်တော်၏ ဆုံးမဒေသနာတော်...
#ဆာလံ #ဒေသနာကျမ်း #ကျမ်းစာ

A boy prays regularly and finds strength in his spirituality after joining School of Life Program.A 12-year-old boy from...
28/01/2025

A boy prays regularly and finds strength in his spirituality after joining School of Life Program.

A 12-year-old boy from Myitkyina struggled deeply with his education because of financial difficulties. His parents couldn’t afford tuition, so he had no one to guide him through his school lessons. This left him feeling frustrated, discouraged, and unsure of himself.

One day, everything changed when his friend invited him to the School of Life Program. With patient and caring teachers, he began to understand his lessons and regained his confidence in school. But it didn’t stop there—his faith grew stronger, and he developed a closer relationship with God. Now, he prays regularly and finds strength in his spirituality.

Your support and prayers can help many more children like him not only succeed in their education but also grow spiritually. Together, we can make a lasting difference!

School of Life အစီစဥ်တွင် ပါဝင်ပြီးနောက်ပိုင်း နေ့စဥ်ပုံမှန်ဆုတောင်းခြင်းများကိုပြုလုပ်ရုံမက ဝိညာဥ်ရေးရာနှင့် စိတ်ဓာတ်ကြံ့ခိုင် ကြီးထွားလာသော ကျောင်းသားလေးတစ်ဦး။

Myitkyina တွင်နေထိုင်သော အသက် ၁၂ နှစ်အရွယ်ကျောင်းသားလေးတစ်ယောက်သည် ငွေကြေးအခက်အခဲကြောင့် ပညာရေးအတွက် လွန်စွာအခက်အခဲကြုံခဲ့ရသည်။ သူ၏မိဘများသည်လည်း ငွေကြေးခက်ခဲသောကြောင့် သူ့အားကျောင်းစာကို နားလည်စေဖို့ မပံ့ပိုးနိုင်ခဲ့ပါ။ ထိုကြောင့် သူသည် စိတ်ဓာတ်ကျဆင်းပြီး စိတ်အားငယ်ခြင်းများ ဖြစ်သည့်အပြင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလဲ မရှိတော့ပါ။

တစ်နေ့မှာတော့ သူ့၏သူငယ်ချင်းမှ CBN မှဦးဆောင်းပြုလုပ်ထားသော School of Life အစီစဥ် ကိုဖိတ်ခေါ်ပေးခဲ့ပြီး ထိုနေ့မှစကာ သူ့ဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့သည်။ စိတ်ရှည်စွာ သင်ကြားပေးသည့် ဆရာ/ဆရာမများကြောင့် သူသည် ကျောင်းစာများကို နားလည်လာပြီး, ပညာရေးအတွက် ယုံကြည်မှုနှင့် စိတ်အားထက်သန်မှုကို ပြန်လည်ရရှိလာခဲ့သည်။ ဒါတွက်မကသေးပဲ သူ၏ ဝိညာဥ်ရးရာ ကြီးထွားလာခဲ့ပြီး ဘုရားသခင်နှင့် ပိုမိုနီးကပ်လာခဲ့သည်။ ယခုသူသည် နေ့စဉ် ဆုတောင်းပြီး, သူ၏ဝိညာဉ်ရေးမှ အားကိုးမှုရရှိလာသည်။

ထို့ကြောင့် သင်၏ပေးလှူမှုနှင့် ဆုတောင်းပေးမှုများသည် ဤကျောင်းသားလေးကဲ့သို့ ပညာရေးအခက်အခဲကို ရင်ဆိုင်နေရသောကလေးများစွာအတွက် ပညာရေးတိုးတက်ရန်အတွက်နှင့် ဝိဉာဥ်ရေးရာကြီးထွားဖွံ့ဖြိုးတိုးတက်ဖို့ရန် ကူညီပေးခြင်းဖြစ်သည်။ CBN နှင့်အတူလက်တွဲပြီး အတူတကွ အနာဂတ်အလင်းတန်းကို ဖန်တီးလိုက်ကြပါစို့!








#ညနေစာသင်ကျောင်း
#ကလေးများအတွက်
#လက်မှုသင်ကြားခြင်း
#စီဘီအန်

27/01/2025

အသစ်သောအမှုကိုပြုသောဘုရား
#ဆာလံ #ဒေသနာကျမ်း #ကျမ်းစာ

26/01/2025

အပြစ်သားများကိုချစ်သောဘုရား
#ဆာလံ #ဒေသနာကျမ်း #ကျမ်းစာ

25/01/2025

အစဉ်ကျေးဇူပြုသောသူ
#ဆာလံ #ဒေသနာကျမ်း #ကျမ်းစာ

ငါ့ကို မြင်တော်မူသောဘုရားဘဝမှာ အခက်အခဲ ကြုံလာချိန် အနားမှာဘယ်သူရှိလဲလို့ ဆန်းစစ် သတိမူမိတက်ကြပါတယ်။ မိမိဘဝ အစဉ်ပြေ၊ ကျန်...
25/01/2025

ငါ့ကို မြင်တော်မူသောဘုရား

ဘဝမှာ အခက်အခဲ ကြုံလာချိန် အနားမှာဘယ်သူရှိလဲလို့ ဆန်းစစ် သတိမူမိတက်ကြပါတယ်။

မိမိဘဝ အစဉ်ပြေ၊ ကျန်းမာနေချိန်မှာ မိတ်ဆွေသူငယ်ချင်းတွေ အတူရှိနေတာ ပုံမှန် ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပါတယ်။ဒါပေမယ့် ဘဝခက်ခဲချိန်မှာ အတူရှိတဲ့သူကတော့ တကယ့် မိတ်ဆွေကောင်းလို ဆိုစမှတ်ပြုရမှာဖြစ်ပါတယ်။ ဒီလိုမိတ်ဆွေကောင်းနဲ့ တွေ့ကြုံရဖို့ဆိုတာလည်း လောကကမ္ဘာထဲ အင်မတန်ရှာပါးတဲ့ အခြေအနေ ဖြစ်နေပါတယ်။

အာဗြဟံရဲ့မိသားစုမှာ ဟာဂရဆိုတဲ့ ချောမောလှပတဲ့ ကျွန်မငယ်လေး တစ်ယောက်ရှိပါတယ်။ သူမက သခင်မဆာရာရဲ့ အချစ်တော်လည်း ဖြစ်ပါတယ်။ တနေ့မှာတော့ သခင်မရဲ့ အရေးကြီးတာဝန်တစ်ခု ပေးအပ်ခြင်းကို ခံခဲ့ရပါတယ်။ ကလေးမမွေးနိုင်တဲ့ သခင်မကိုယ်စား သခင်ဖြစ်သူနဲ့ အတူနေပြီး၊ ကလေးမွေးပေးရမဲ့ တာဝန်ကို လုပ်ဆောင်ခဲ့ရပါတယ်။

သခင့်ရဲ့ ရင်သွေးကို ရရှိခဲ့ပြီး၊ ကလေးမမွေးနိုင်တဲ့ သခင်မကို မထီမဲ့မြင် ပြုမိခဲ့ပါတယ်။ သူနောင်တရချိန်မှာ အချိန်နှောင်းသွားခဲ့ပြီး၊ သခင်မအမျက်တော်ရှကာ စံအိမ်တော်မှ မောင်းထုတ်ခြင်းကို ခံခဲ့ရပါတယ်။ ကိုယ်ဝန်အရင့်အမာနဲ့ နေစရာအိမ်မရှိဘဲ ဒုက္ခရောက်နေချိန်မှာ ဘုရားသခင်က ကောင်းကင်တမန်တပါးကို စေလွှတ်ပြီး၊ ကူညီမစခဲ့ပါတယ်။ သူ့ဘဝခက်ခဲချိန်၊ နိမ့်ကျနေချိန် ဘယ်သူမှအနားမှာ မရှိနိုင်ဘူးလို့ ထင်နေချိန်မှာ ဘုရားသခင်က ရှိနေပြီး ကူညီစောင့်မပေးနေတာကို သိရှိသွားချိန်မှာ ဘုရားသခင်ကို “အာတောဧလရော၊ ငါ့ကိုမြင်တော်မူသော ဘုရား” လို့ ခေါ်ဝေါ်သမုတ်ခဲ့ပါတယ်။

ကျွန်တော်တို့ ဘဝရဲ့ အခက်အခဲဆုံးအချိန်မှာ အတူရှိနေသူဟာ မိတ်ဆွေကောင်းဖြစ်ပါတယ်။ ဘယ်သူမှငါ့အခက်အခဲကို သိမှာမဟုတ်ပါဘူး၊ ခက်ခဲနေချိန် ငါ့နဲ့အတူ ဘယ်သူရှိမှာလဲလို့ စဉ်းစားမိနေရင် “အာတောဧလရော” နာမတော်ရှိတော်မူသော ဘုရားကိုသတိရပါ။ သင့်ဘဝနှင့် အရာခပ်သိမ်းကို သိမြင်ပြီး၊ ကူညီစောင်မရန် အမြဲသင့်ရှိသော ဘုရားသခင်ဖြစ်တော်မူပါတယ်။

“ထိုသို့မိန့်မြွက်တော်မူသော ထာဝရဘုရားကို၊ အာတောဧလရော ဟူသောအမည်ဖြင့်ခေါ်ဝေါ်၍၊ ငါ့ကိုမြင်တော်မူသောသူကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကားဟု ဟာဂရဆိုလေ၏။”(‭‭ကမ္ဘာ ၁၆:‭၁၃)

#နှုတ်ကပါတ်တော် #ခွန်အားဖြစ်စေသောစာ #ဒေသနာကျမ်း #ကျမ်းစာ

24/01/2025

ကျန်မာခြင်းအခွင့်ကိုပေးနိုင်သောသူ
#ဆာလံ #ဒေသနာကျမ်း #ကျမ်းစာ

23/01/2025

ဘုရားသခင်၏အလိုတော်ကို ဆောင်သောသူ..
#ဆာလံ #ဒေသနာကျမ်း #ကျမ်းစာ

22/01/2025

အပြစ်လွှတ်ခြင်းအခွင့်...
#ဆာလံ #ဒေသနာကျမ်း #ကျမ်းစာ

ပိုကောင်းတဲ့ ကောင်းကြီးတွေကိုရဖို့....ဘုရားသခင်ပေးမယ့် ကောင်းကြီးမင်္ဂလာ (Blessings)ကို မလိုချင်တဲ့သူ မရှိနိုင်ပါဘူး။ နေ...
22/01/2025

ပိုကောင်းတဲ့ ကောင်းကြီးတွေကိုရဖို့....

ဘုရားသခင်ပေးမယ့် ကောင်းကြီးမင်္ဂလာ (Blessings)ကို မလိုချင်တဲ့သူ မရှိနိုင်ပါဘူး။ နေ့စဉ်ဆုတောင်းတဲ့အခါမှာ ဘုရားသခင် ကောင်းကြီးပေးပါ လို့ ဆုတောင်းပြီး အဆုံးသတ်လေ့ ရှိကြပါတယ်။ တစ်ခါတစ်ရံ ကောင်းကြီးမင်္ဂလာ ဆိုတဲ့ စကားလုံးကို မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်း၊ သားသမီးနာမည်၊ အဝတ်အစားနဲ့ အသုံးအဆောင်တွေမှာတောင် အသုံးပြုတတ်ကြပါတယ်။ ဒါဟာ ခရစ်ယာန်တွေအတွက် ဘုရားသခင်ဆီကလာတဲ့ ကောင်းချီးမင်္ဂလာကို မိမိတို့ရဲ့ ဘဝအသက်တာထဲမှာ သက်ရောက်စေဖို့ဘဲ ဖြစ်ပါတယ်။

တကယ်လည်း ဘုရားသခင်က လူသားတွေကိုချစ်လို့ လိုအပ်တဲ့ ကောင်းချီးမင်္ဂလာတွေကို ပေးသနားပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ ကြီးမားတဲ့ ကောင်းချီးမင်္ဂလာတွေကို တောင်းခံတဲ့အခါမှာလည်း ထိုကောင်းချီး မင်္ဂလာများကို သယ်ဆောင်လာတဲ့ တာဝန်တွေကိုလည်း လက်ခံနိုင်ဖို့ ကိုယ့်ကိုကိုယ် ပြင်ဆင်ရပါတယ်။ ပြင်ဆင်မှုမရှိဘဲ ကြီးမားတဲ့ ကောင်းချီးမင်္ဂလာတွေကိုပဲ လက်သင့်ခံချင်ရင် ဘယ်လိုဖြစ်လာမလဲ?

ကျွန်ုပ်တို့ ယောသပ်ရဲ့ အသက်တာကို ခနလောက် ဆင်ခြင်ရအောင်။ ဘုရားကောင်းကြီးပေးလို့ အဲဂုတ္တုပြည်ရဲ့ ဒုတိယအမြင့်ဆုံး နိုင်ငံရေးရာထူးကို ရရှိနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုကောင်းချီးတွေကို မခံစားရခင်မှာ သူဖြတ်သန်း ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ်။ ဒုတိယအမြင့်အဆုံး ဆိုတဲ့ တာဝန်ကိုမယူခင် တဆင့်ချင်းဆီ သင်ယူခဲ့ရတာတွေ၊ ဝိညာဉ်ရေးရာမှာလည်း သူတည်ဆောက်ခဲ့တာတွေ ရှိပါတယ်။ ဒီလိုသာမရှိခဲ့ရင် နိုင်ငံရဲ့ဒုတိယနေရာ ဆိုတဲ့ ရာထူးကို လက်ခံတဲ့အချိန်မှာ ယောသပ်ရဲ့ အသက်တာ ဘယ်လိုအခြေအနေမှာ ရှိနေမလဲ။

ဒီလိုပြောလို့ ကောင်းချီးမင်္ဂလာကို မခံယူရဲအောင်လုပ်တာ မဟုတ်ပါဘူး။ ယောသပ်လည်း သူ့ဘဝမှာ ဒီလိုတွေသာ ဖြတ်ကျော်ရမယ်မှန်း သိခဲ့ရင် ဒီကောင်းချီးမင်္ဂလာကိုလည်း လက်ခဲ့ဖို့ သူ သတ္တိရှိခဲ့ပါ့မလား? နောက်ဆုံးမှာ ယောသပ်ခံစားရတဲ့ ကောင်းချီးမင်္ဂလာတွေက သူ့အပြင် သူ့မိသားစု၊ သူ့လူမျိုးအတွက်ပါ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မိတ်ဆွေရဲ့ အသက်တာမှာလည်း ယောသပ်လောက် ခက်ခဲချင်မှ ခက်ခဲမယ်၊ ယောသပ်ထပ်လည်း ခက်ခဲချင် ခက်ခဲမယ်။ ဒါပေမဲ့ ကြီးမားတဲ့ စုံစမ်းခြင်းတွေ ကြုံနေရပြီဆိုရင် ကြီးမားတဲ့ ကောင်းချီးမင်္ဂလာတွေ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ မိတ်ဆွေဟာ မိမိကိုယ်တိုင်အပြင် မိမိရဲ့ မိသားစုနဲ့ ပတ်ဝန်းကျင် တစ်ခုလုံးကို ကောင်းချီးခံစားရဖို့ အစေစားခံရတဲ့သူလည်း ဖြစ်နိုင်ပါတယ်။ တစ်နေမှာ စုံစမ်းခြင်းရဲ့ ဒုက္ခတွေကို မေ့ပစ်နိုင်တဲ့အထိ အောင်မြင်ပြီး ကောင်းချီးမင်္ဂလာနဲ့ ကြွယ်ဝသောသူ ဖြစ်လာပါလိမ့်မယ်။

ဘုရားအလိုရှိရာ တာဝန်တွေကို ဆက်လက်ပြီး ကျေပွန်အောင် လုပ်ဆောင်နိုင်ဖို့ ဆုတောင်းပေးပါတယ်။
“သင်တို့သည် ကျွန်ုပ်ကိုညှဉ်းဆဲမည်ကြံကြသော်လည်း၊ ဘုရားသခင်သည် ယနေ့ဖြစ်သည်အတိုင်း၊ လူများအသက်ချမ်းသာစေခြင်းငှာ ကျေးဇူးပြုမည်ကြံတော်မူ၏။” (‭‭ကမ္ဘာ ၅၀:‭၂၀)

#နှုတ်ကပါတ်တော် #ခွန်အားဖြစ်စေသောစာ #ဒေသနာကျမ်း #ကျမ်းစာ

21/01/2025

ကိုယ်တော်၏ မိန့်မှာချက်...
#ဆာလံ #ဒေသနာကျမ်း #ကျမ်းစာ

20/01/2025

Goodmorning...
#ဆာလံ #ဒေသနာကျမ်း #ကျမ်းစာ

Address

Yangon
11061

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when CBN Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CBN Myanmar:

Videos

Share