Aryone Oo Journal

Aryone Oo Journal အနုပညာနှင့် ပက်သက်သော သတင်းများစုံလင်စွာ ခံစားမှု

အူရီဒူးမြန်မာက မြန်မာနိုင်ငံ eSports ကဏ္ဍ၏ မှတ်တိုင်သစ်တစ်ခုဖြစ်သည့် Gameverse Champion League ပြိုင်ပွဲကြီးကို ကြီးကျယ်...
14/01/2025

အူရီဒူးမြန်မာက မြန်မာနိုင်ငံ eSports ကဏ္ဍ၏ မှတ်တိုင်သစ်တစ်ခုဖြစ်သည့် Gameverse Champion League ပြိုင်ပွဲကြီးကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့

ရန်ကုန်၊ မြန်မာ ။ ။ အူရီဒူးမြန်မာသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့နှင့် (၁၂) ရက်နေ့တို့တွင် Times City နှင့် Junction Square Outdoor Area တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့သည့် Gameverse Champion League ပြိုင်ပွဲကြီး၏ အောင်မြင်မှုကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြေညာလိုက်ပါသည်။ အဆိုပါပြိုင်ပွဲကြီးတွင် ရင်ခုန်စိတ်လှုပ်ရှားဖွယ် Mobile Legends (MLBB) ပြိုင်ပွဲများနှင့် ပေါ့ပေါ့ပါးပါး ဂိမ်းများပါဝင်ပြီး ဆုကြေးငွေကျပ် စုစုပေါင်း ကျပ်သိန်း ၃၂၀ ထိ ပေးအပ်ခဲ့ကာ နိုင်ငံတစ်ဝန်းမှ ထိပ်တန်း eSports ကစားသမားများနှင့် ဂိမ်းဝါသနာရှင်များအတွက် အောက်မေ့ဖွယ် အတွေ့အကြုံကို ပေးစွမ်းခဲ့ ပါသည်။ ယင်းအခမ်းအနားသို့ လာရောက်ကြည့်ရှုသူများအနေဖြင့် ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက် ကြည့်ရှုနိုင်ခဲ့ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာပွဲစဉ်များ၊ အစီအစဉ်များ၊ ဖျော်ဖြေမှုများနှင့် တစ်မူထူးခြားသော ဂိမ်းအတွေ့အကြုံများက ပရိသတ်များစွာကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

ဇန်နဝါရီလ (၇) ရက်နေ့နှင့် (၈) ရက်နေ့တို့တွင် ကျင်းပခဲ့သည့် Group Stage အွန်လိုင်း ပြိုင်ပွဲများအပြီးတွင် ရန်ကုန်၊ ပုသိမ်၊ တောင်ကြီးနှင့် မန္တလေးတို့မှ ဒေသတွင်းချန်ပီယံများနှင့်အတူ Gameverse Mission 2024 မှ အနိုင်ရရှိခဲ့သည့် အသင်းများဖြစ်သော Falcon Esports နှင့် AI Esports တို့နှင့် Gameverse Battle Land မှ အနိုင်ရရှိခဲ့သူများသည် ဇန်နဝါရီလ (၁၁) ရက်နေ့နှင့် (၁၂) ရက်နေ့တို့တွင် ကျင်းပခဲ့သော Gameverse Champion League သို့ အတူတကွ တက်လှမ်းခဲ့ကြပြီး ချန်ပီယံဆုအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပါသည်။ ဇန်နဝါရီလ (၁၁) ရက်နေ့ Semi-final ပွဲစဉ်များတွင် Actual Esports သည် AI Esports နှင့် ယှဉ်ပြိုင်ခဲ့ပြီး Team 7 သည် Falcon Esports နှင့် ယှဉ်ပြိုင်ခဲ့ကြကာ နောက်ဆုံး Final ပွဲစဉ်သို့ AI Esports နှင့် Falcon Esports တို့ တက်ရောက်ခဲ့ပါသည်။ နောက်ဆုံး ဖိုင်နယ်ပွဲစဉ်များကို ဇန်နဝါရီလ (၁၂) ရက်နေ့တွင် ဆက်လက်ကျင်းပခဲ့ပြီး နောက်ဆုံးပွဲစဉ်တွင် AI Esports နှင့် Falcon Esports တို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြကာ Mobile Legends (MLBB) ၏ ချန်ပီယံအသင်းအဖြစ် AI Esports က အနိုင်ရရှိခဲ့ပါသည်။ ထို့အတူ PUBG Mobile Battle Land နှင့် Regional Events များမှ အနိုင်ရရှိသူများကိုလည်း ဆုချီးမြှင့်ခဲ့ပြီး Battle Land Winner အဖြစ် Nexus Vanguard က ရရှိခဲ့ပြီး Regional Winner အဖြစ် Burmese Ghouls က ထိုက်တန်စွာ ရရှိခဲ့ကြသည်။ ဤစိတ်လှုပ်ရှားဖွယ်ရာအောင်ပွဲများသည် Gameverse Mission 2024၊ Gameverse Battle Land နှင့် ဒေသတွင်းပြိုင်ပွဲများမှ တစ်ဆင့် နေရာတစ်ခု ရရှိထားသော အသင်းများ၏ ထူးခြားသော စွမ်းရည်များကို ပြသခဲ့သော ပြိုင်ပွဲများဖြစ်ပါသည်။ ပြင်းထန်သော ပြိုင်ဆိုင်မှုများနှင့်အတူ နောက်ဆုံးပွဲစဉ်တွင် ကစားသမားများနှင့် ပရိသတ်များသည် eSports ၏ အမြင့်မားဆုံး ရင်ခုန် စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်များကို မြင်တွေ့ခဲ့ရပြီး မမေ့နိုင်သော အတွေ့အကြုံကို ဖန်တီးပေးခဲ့ပါသည်။

ရင်သပ်ရှုမောဖွယ်ရာ ပြိုင်ဆိုင်မှုများအပြင် အူရီဒူးမြန်မာသည် စိတ်လှုပ်ရှားစရာ ပွဲနေရာနှစ်ခုဖြင့် ပရိတ်သတ်များအတွက် အောက်မေ့ဖွယ် ပွဲအတွေ့အကြုံကိုလည်း ပေးစွမ်းခဲ့ပါသည်။ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်များ၏ Main Stage ကို Times City Outdoor Area တွင် ကျင်းပခဲ့ပြီး Junction Square Outdoor Area တွင် ပရိသတ်များအနေဖြင့် အရည်အသွေးမြင့် LED ဖန်သားပြင်ကြီးများထက်တွင် ဂိမ်းကစားသူများ၏ လှုပ်ရှားမှုများကို ကြည့်ရှုခံစားနိုင်သည့် မြန်မာနိုင်ငံတွင် ပထမဆုံးသော Watch Party Experience ကို ရရှိခံစားနိုင်ခဲ့ပါသည်။ ပွဲနေရာနှစ်ခုစလုံးသည် ပရိသတ်များကို ပွဲအတွင်း အပြည့်အဝ စိတ်လှုပ်ရှားပျော်ရွှင်နိုင်ရန်အပြင် နာမည်ကြီး Streamer Monica နှင့် Mobile Legends Fan Match တွင် ပါဝင်ခြင်း၊ နာမည်ကြီး အဆိုတော် Shine နှင့် Team 143 တို့၏ တိုက်ရိုက်ဖျော်ဖြေမှုများကို ခံစားနိုင်ခြင်း၊ Cosplay ပြိုင်ပွဲများ ပါဝင်ခြင်း၊ Chill Zone တွင် အပန်းဖြေခြင်း၊ Photo Booth တွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်း စသည့် အစီအစဉ်များအားလုံးကို ၎င်းတို့၏ စိတ်ကြိုက်အသင်းများကို အားပေးနေစဉ် ခံစားရရှိနိုင်ခဲ့ပါသည်။ ပွဲစဉ်အတွင်းပါရှိသော Cosplay ပြိုင်ပွဲသည် မြန်မာနိုင်ငံတွင် ပထမဆုံးသော Cosplayer Parade တစ်ခုဖြစ်ပြီး အရည်အချင်းပြည့်ဝသော Cosplay များ၏ ရင်သပ်ရှုမောဖွယ် ဖျော်ဖြေမှုများဖြင့် ပွဲကြည့်ပရိသတ်များစွာကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Eduardo Quiroga က “Gameverse Champion League ကို မယုံနိုင်လောက်အောင်ကို အများကြီး လာရောက်အားပေးခဲ့ကြသူတွေနဲ့ ဒီပွဲရဲ့ အောင်မြင်မှုအတွက် ကျွန်တော်တို့ ကျေနပ်ဝမ်းသာမိပါတယ်။ ကစားသမားတွေနဲ့အတူ ပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုက တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ။ အနိုင်ရရှိခဲ့တဲ့ အသင်းတွေအားလုံးကိုလည်း Congratulations ပါလို့ ပြောချင်ပါတယ်။ ပြီးတော့ ဒီပွဲကို အခုလို အောင်မြင်အောင် ပံ့ပိုးပေးခဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ မြန်မာ့ eSports အသိုက်အဝန်းကို ဆက်ပြီးပံ့ပိုးကူညီနိုင်ဖို့နဲ့ ဂိမ်းကစားသမားတွေအတွက် ပိုပြီးပျော်ရွှင်ဖွယ်ကောင်းတဲ့ အတွေ့အကြုံတွေ ထပ်ပြီး ယူဆောင်လာဖို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်“ ဟု ပြောကြားခဲ့ပါသည်။

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်လက်တိုးတက်လာနေသော eSports အသိုက်အဝန်းကို ပံ့ပိုးပေးနိုင်ရန်အတွက် ကတိကဝတ်ပြုထားပါသည်။ Gameverse Champion League သည် ဂိမ်းကစားသူများကို ၎င်းတို့၏ စွမ်းရည်များကို ပြသရန်နှင့် ပရိသတ်များနှင့် ချိတ်ဆက်နိုင်ရန် အခွင့်အလမ်းများ ပေးဆောင်ရန်ဟူသော အူရီဒူးမြန်မာ၏ စိတ်အားထက်သန်မှုကို ထင်ဟပ်စေပါသည်။ မြန်မာ့ eSports ကဏ္ဍ ဆက်လက်တိုးတက်လာသည်နှင့်အမျှ အူရီဒူးမြန်မာသည် မြန်မာနိုင်ငံ၏ ဂိမ်းအသိုက်အဝန်းအတွက် ပိုမိုစိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့်များ ဆောင်ကြဉ်းပေးမည့် ပွဲများကို အနာဂတ်တွင် ပံ့ပိုးပေးနိုင်ရန် မျှော်လင့်လျက်ရှိပါသည်။

https://t.me/AryoneOoJournal

*ပန်းချီပြပွဲအောင်မြင်စွာပြီးမြောက်*==============≈=========      ကျွန်တော်ရေးသားထုတ်ဝေသည့်ရုပ်ရှင်စာအုပ်ယခုကာလအခြေအနေအရ...
14/01/2025

*ပန်းချီပြပွဲအောင်မြင်စွာပြီးမြောက်*
==============≈=========
ကျွန်တော်ရေးသားထုတ်ဝေသည့်ရုပ်ရှင်စာအုပ်ယခုကာလအခြေအနေအရရင်းနှီးငွေကြီးမြင့်မှုအပေါ် ကာမိစေရန်ပန်းချီဆွဲ၍ရောင်းချ၊စရိတ်ရှာသောပွဲလေးယနေ့အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။
သုံးရက်ပြသရောင်းချသောပန်းချီပြပွဲမှာကျွန်တော့်ပန်းချီကား(၁၃)ကားရောင်းချရပါသည်။ကျေနပ်ပါသည်။စာအုပ်ထုတ်လုပ်ရေးစရိတ်၏လေးပုံသုံးပုံရရှိသဖြင့်ဝိုင်းဝန်းအားပေးကြသူများကိုလည်းကျေးဇူးတင်ပါသည်။
*ပြခန်းနေရာ(စရိတ်ငြိမ်း)အခမဲ့ပြသခွင့်ပြုခဲ့သူ
*ဖွင့်ပွဲနေ့အတွက်ဧည့်ခံစရိတ်/ကုန်ကျစရိတ်များဝိုင်းဝန်းထောက်ပံ့ပေးသူ(မျှဝေဖေးမညီနောင်များအဖွဲ့)
*ပွဲလှစေရန်ပန်းချီဆရာကြီးဦးနေဆန်း(မန္တလေး)၏
ရေဆေးပန်းချီကားများဖြည့်ဆည်းပံ့ပိုးပြသပေးသူဦးရွှေတို့အားကျေးဇူးတင်ပါသည်။ဦးနေဆန်း(မန္တလေး)၏ရေဆေးပန်းချီကားများလည်း၁၀ကားရောင်းချခဲ့ရပါသည်။
စာပေသမားတစ်ယောက်အတွက်အကျိုးအမြတ်မကြည့်ဘဲေရးသားထုတ်လုပ်ချင်သည့်အာသီသပြည့်ဝ၍ေမာပန်းမှုမရှိပီတိဖြစ်ရပါသည်။
အားပေးသူအားလုံးကိုကျေးဇူးတင်ကြောင်းမှတ်တမ်းတင်အပ်ပါသည်။

အပါးလွှာဆုံး ထိပ်တန်း စာရင်းဝင် ခေါက်ဖုန်း HUAWEI Mate X6 နှင့် Selfie ချစ်သူတို့အတွက် Super Pattern ဒီဇိုင်း HUAWEI nov...
11/01/2025

အပါးလွှာဆုံး ထိပ်တန်း စာရင်းဝင် ခေါက်ဖုန်း HUAWEI Mate X6 နှင့် Selfie ချစ်သူတို့အတွက် Super Pattern ဒီဇိုင်း HUAWEI nova 13 Series အား မြန်မာနိုင်ငံတွင်တရားဝင်မိတ်ဆက်
==================================================

ရန်ကုန်၊ဇန်နဝါရီ၁၁

Huawei Consumer Business Group (BG) သည် ယနေ့တွင် the flagship foldable ခေါက်ဖုန်းဖြစ်သည့် HUAWEI Mate X6 နှင့် selfie ကင်မာရာအထူးကောင်းမွန်သည့် HUAWEI nova 13 series ကို မြန်မာနိုင်ငံတွင်မိတ်ဆက်လိုက်ပါသည်။

ယခုမိတ်ဆက်သည့် HUAWEI Mate X6- flagship products သည် AI-powered photography နှင့် အသုံးပြုသူများ အတွက် အဆင့်မြင့်မားသည့် နည်းပညာနှင့် လူနေမှု lifestyles အတွက် လိုအပ်သည်များကို အထောက်အကူပြုရန် ရည်ရွယ်ပါသည်။ HUAWEI nova 13 series သည် Multi-focal portrait လုပ်ဆောင်ချက်များ၊ AI နည်းပညာဆန်းသစ်တီထွင်မှုများနှင့် အသစ်သော Dynamic Plaid Texture Design တို့ဖြင့် ရှေ့ဆောင်နေသော HUAWEI nova 13 Series သည် သစ်လွင်သော စတိုင်လ်များနှင့် ဖက်ရှင်လမ်းကြောင်းအသစ်များကို ဦးတည်လာပါသည်။

HUAWEI phone များတွင် Google serivce များကိုလည်း အဆင်ပြေစွာ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။Huawei MATE X6 & huawei nova 13 series တွင် Kirin chipset ထည့်သွင်းအသုံးပြုပေးထားပါတယ်။
MATE X6 ရဲ့ အားသာချက်
Slim and Durable Immersive Display
Chroma XMAGE Camera
MATE X6 ဝယ်ယူသူတိုင်းကို 1,399,000 MMK coupon ပေးသွားမှာဖြစ်ပြီး ကြိုက်နှစ်သက်ရာ Huawei Product များကို ပြန်လည်ဝယ်ယူလို့ရမှာဖြစ်ပါတယ်
HUAWEI nova 13 series ရဲ့အားသာချက်60MP Front Ultra Portrait Dual Camera/ 100W huawei SuperCharge Turbo / AI Best Expression တို့ပဲဖြစ်ပါတယ်။

ထုတ်ကုန်ရဲ့ အသေးစိတ်အချက်အလက်များကို သိရှိလိုပါ Huawei Mobile (MM) Page ရဲ့ comment (သို့) Messenger/ Hotline number: +95 9 689 000900 မှ တစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

https://t.me/AryoneOoJournal


သုံးရက် သာ ပြသမည့် ဆရာအောင်သျှန်ဝိုင်း ၏ ဒုတိယအကြိမ်မြောက် တစ်ကိုယ်တော် ပန်းချီပြပွဲရန်ကုန် ဇန်နဝါရီ ၁၁ပန်းချီဆရာ အောင်သ...
11/01/2025

သုံးရက် သာ ပြသမည့် ဆရာအောင်သျှန်ဝိုင်း ၏ ဒုတိယအကြိမ်မြောက် တစ်ကိုယ်တော် ပန်းချီပြပွဲ

ရန်ကုန် ဇန်နဝါရီ ၁၁

ပန်းချီဆရာ အောင်သျှန်ဝိုင်း ( ကျိုက်မရော ) ၏ ဒုတိယအကြိမ်မြောက် တစ်ကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၅ လမ်း အထက်ဘလောက်ရှိ Coffee Color Art Gallery တွင် ကျင်းပ ပြုလုပ်လျက်ရှိသည်။

ဆရာ ၏ ယခု ဒုတိယအကြိမ် ပန်းချီပြပွဲတွင် ပန်းချီကားပေါင်း ၄၅ ကား ချိတ်ဆွဲ ပြသထားသည်။

အခု ပြပွဲ မှာ ၄၅ ကား ချိတ်ဆွဲ ပြသထားပါတယ်။ အမျိုးအစား အစုံပေါ့။ ပန်းချီနေဆန်း ( မန္တလေး ) ကလည်း သူ့ရဲ့ ပန်းချီကားတွေ လာရောက်ချိတ်ဆွဲ ပြသပြီး အားဖြည့် ကူညီပေးပါတယ်။ ဒီ ပွဲမှာ ရောင်းချလို့ရတဲ့ ငွေကြေးတွေနဲ့ ကျနော် စာအုပ်ထုတ်ခဲ့တာပါ ဟုလည်း ဆရာအောင်သျှန်ဝိုင်း က ပြောပြခဲ့သည်။

ဆရာ့ ပန်းချီပြပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့ ၁၃ ရက်နေ့အထိ သုံးရက် သာ ပြသသွားမည် ဖြစ်သည်။
မနက် ၁၀ နာရီ မှ ညနေ ၅ နာရီအထိ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။
https://t.me/AryoneOoJournal

ရုန်းကန်သက်ဝင် မြန်မာ့ရွှေရုပ်ရှင်•••••••••••••••••••••••••••••••••••••••ရေးသားပြုစုသူ အောင်သျှန်ဝိုင်း ( ကျိုက်မရော )• ...
10/01/2025

ရုန်းကန်သက်ဝင် မြန်မာ့ရွှေရုပ်ရှင်
•••••••••••••••••••••••••••••••••••••••
ရေးသားပြုစုသူ
အောင်သျှန်ဝိုင်း ( ကျိုက်မရော )

• ၁၉၂၀ က စခဲ့သည့် မြန်မာ့ရုပ်ရှင် လာရာလမ်း၊
• ကမ္ဘာ့ရုပ်ရှင်သမိုင်းကြောင်း မိတ်ဆက် ၊
• မြန်မာ့ရုပ်ရှင် အစ ကနဦးကာလ ၊
စွန့်ဦးတီထွင်သူများ ၏ အခက်အခဲများ ၊
• မြန်မာ့ပထမဆုံးရုပ်ရှင်ရုံမှသည်
ရုပ်ရှင်များသမိုင်းကြောင်း ၊
• အိန္ဒိယရုပ်ရှင်သမားများ
မြန်မာ့မြေမှာ စီးပွားရှာကြပုံ ။
• ၁၉၀၆မှစ၍ ကမ္ဘာလှည့်ရုပ်ရှင်ပြသူများ
ဝင်လာပြီး အတိုအထွာလေးတွေ ပြသခဲ့ကြပုံ ၊
• မြန်မာ့ပထမဆုံး ရုပ်ရှင်ဇာတ်ကား ၊
• အသံတိတ် ဇာတ်ကားများ ၊ အသံထွက်နှင့်
သံစုံ ဇာတ်ကားများ ၊
• ၁၉၁၀ မှစတင်၍ ပေါ်လာသော ရုပ်ရှင်ရုံများ ၊
• မြန်မာ့ ကာတွန်းရုပ်ရှင် ၊
• ခေတ်အဆက်ဆက် ရုပ်ရှင်သီချင်းများ ၊
• ခေတ်အဆက်ဆက် ရုပ်ရှင် သရုပ်ဆောင်များ ၊
• မြန်မာစတန့်မင်းသားများ နှင့် ဘဝပုံရိပ် ၊
• ရုပ်ရှင်ကုမ္ပဏီများနှင့်ထုတ်လုပ်ခဲ့သောဇာတ်ကားများ ၊
• ခေတ်အဆက်ဆက် နှစ်အလိုက်
ရုံတင်ပြသခဲ့သော ဇာတ်ကားများ ၊
• ရုပ်ရှင်ရုံ ပရိုမိုးရှင်းသီချင်းများ အပါအဝင်
မြန်မာ့ရုပ်ရှင်လာရာလမ်း နှင့်
ဂန္ထဝင် တွင်ကျန်ရစ်ခဲ့သော
မြန်မာ့ရုပ်ရှင် ရွှေခေတ်ကာလကို
ကျမ်းကိုးအထောက်အထားများ ၊
မှတ်တမ်းဓာတ်ပုံများ စုံလင်စွာဖြင့်
မှတ်တမ်းပြုထားသော စာအုပ် ။

ကြိုးစားအားထုတ်မှုအတွက်
များစွာ ဂုဏ်ယူမိပါကြောင်း ။

စာအုပ်ဆိုဒ် = 8 . 6 × 11 . 6 လက်မ
( ဆိုဒ်ကြီး ၊ ခန့်ချုပ် )
စာမျက်နှာ = Woodfree ၂၈၆ မျက်နှာ
( ဆေးရောင်စုံ ၉၇ မျက်နှာ )
တန်ဖိုး = ၃၀၀၀၀ ကျပ်
မျက်နှာဖုံး ဒီဇိုင်း = ကျော်မင်းမောင်
ထုတ်ဝေသည့်ကာလ = ဒီဇင်ဘာလ ၊ ၂၀၂၄ ခုနှစ်
ထုတ်ဝေ / ဖြန်ချိ = အရုဏ်ဦး စာပေ
( ဖုန်း - ၀၉ ၄၄၃၀၀ ၃၂၃၂ )

*ပြပွဲအတွက်အခမ်းအနားပြင်*===============≈=====        မနက်ဖန်ပန်းချီပြပွဲစတင်ကျင်းပနိုင်ဖို့၊ယနေ့အခမ်းအနားပြင်ဆင်ပါတယ်။မ...
10/01/2025

*ပြပွဲအတွက်အခမ်းအနားပြင်*
===============≈=====
မနက်ဖန်ပန်းချီပြပွဲစတင်ကျင်းပနိုင်ဖို့၊ယနေ့အခမ်းအနားပြင်ဆင်ပါတယ်။မျှ ဝေဖေးမညီနောင်များအဖွဲ့ကလည်းလာရောက်ဝိုင်းဝန်းပြင်ဆင်ပေးကြပါတယ်။မန္တလေးကပန်းချီဆရာကြီးနေဆန်း(မန္တလေး)ရဲ့ပန်းချီကား၁၀ကားလည်း(ဖွယ်ဖွယ်ရာရာဖြစ်အောင်)ပံ့ပိုးတင်ပေးထားပါတယ်။
ရုပ်ရှင်စာအုပ်+ဂီတစာအုပ်(စန္ဒရားဦးရည်နွယ်)များလည်းအလိုရှိကဝယ်ယူနိုင်ရန်ခင်းကျင်းရောင်းချသွားပါမည်ခင်ဗျား။
နံနက်၁၀နာရီမှာစတင်ဖွင့်လှစ်ပြီဖြစ်ကြောင်းထပ်မံအသိပေးအပ်ပါသည်။

MPT က ဒုတိယအကြိမ် စုစုပေါင်းငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) အထိ ကံစမ်းမဲများပါဝင်သည့် “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစ...
09/01/2025

MPT က ဒုတိယအကြိမ် စုစုပေါင်းငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) အထိ ကံစမ်းမဲများပါဝင်သည့် “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်မှ ပထမဆုံးသော ငွေသားဆုကံထူးရှင်များကို ကြေညာ

ရန်ကုန် ဇန်နဝါရီ ၉

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT က၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွက် “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်၏ ပထမဆုံးသော (ဒီဇင်ဘာလ) ကံထူးရှင်များ ထွက်ပေါ်လာပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။ ယနေ့တွင် ကံထူးရှင်များကို MPT ၏ လူမှုကွန်ရက်စာမျက်နှာများမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ရွေးချယ်ခဲ့ပြီး စုစုပေါင်း ငွေသားကျပ်သိန်း (၁,၀၀၀) တန်ဖိုးရှိသည့် ငွေသားဆု ကျပ်သိန်း (၁၀၀) သိန်းဆုရှင် (၁၀)ဦး နှင့် တယ်လီကွန်းဆု (၄၀) တို့ကို အသီးသီး ရွေးချယ်ခဲ့ပါသည်။

ကံထူးရှင်များစာရင်းကို MPT ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာပေးသွားမည်ဖြစ်ပြီး ၎င်းတို့၏ ငွေသားဆုလက်ဆောင်များ ထုတ်ယူနိုင်ရန်အတွက် MPT က ကံထူးရှင်များကို တိုက်ရိုက်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။ တယ်လီကွန်းဆုများအတွက်လည်း ဆုရရှိသူများကို MPT က တိုက်ရိုက် ထည့်သွင်းပေးမည် ဖြစ်ပါသည်။

MPT သည် ဒုတိယအကြိမ် စုစုပေါင်းငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) အထိ ကံစမ်းမဲများပါဝင်သည့် “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်ကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကျန်ရှိနေသေးသည့်ဆုများမှာ အထူးဆု ကျပ်သိန်း (၁,၀၀၀)ဆု (၁) ဆု၊ လစဉ်တိုင်းအတွက် ငွေသားကျပ်သိန်း (၁၀၀) ဆု (၁၀)ဆု နှင့် လစဉ် တယ်လီကွန်းဆုတို့ ဖြစ်ပါသည်။ MPT သုံးစွဲသူများအားလုံးအနေဖြင့် ကံစမ်းမဲလက်မှတ်များ ရရှိနိုင်ရန် မိမိ ကြိုက်နှစ်သက်ရာ ချန်နယ်လ်မှ တစ်ဆင့် ကြိုက်နှစ်သက်ရာ ပက်ကေ့ချ်များကို (စာတို၊ အသံ၊ ဒေတာ၊ ထပ်ဆောင်း ဝန်ဆောင်မှု စသည်ဖြင့်) ဝယ်ယူကာ အဆိုပါအစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

အထက်ပါ အစီအစဉ်အပြင် MPTသည် “Lucky Pack” ပရိုမိုးရှင်းအစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိပြီး သုံးစွဲသူများအနေဖြင့် အဆိုပါအစီအစဉ်တွင်ပါဝင်ခြင်းဖြင့် “ကံထူးလက်ဆောင်များ” ဖြစ်သည့် ဒေတာ၊ ဖုန်းပြောမိနစ်နှင့် ပြန်အမ်းငွေများကို ကံထူးရရှိနိုင်မည့်အပြင် “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်မှ ငွေသားဆု လက်ဆောင်များကို ကံထူးနိုင်မည့် ကံထူးခွင့်လက်မှတ်များကိုလည်း ရရှိနိုင်မည် ဖြစ်ပါသည်။ အဆိုပါ Lucky Pack ပရိုမိုးရှင်း ဒီဂျစ်တယ်အစီအစဉ်ဖြစ်သော “နှစ်ကူးဖုန်းဘေလ်လက်ဆောင်ယူ Lucky Pack နှင့်အတူ” အစီအစဉ်တွင် ပါဝင်ခြင်းဖြင့် MPT ဖုန်းဘေလ်များကို ကံထူးနိုင်မည်ဖြစ်ပါသည်။ “Lucky Pack” ပရိုမိုးရှင်း အစီအစဉ်၏အသေးစိတ်အချက်အလက်များကို https://mpt.com.mm/mm/mpt-lucky-pack/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT ၏ “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm/mm/lucky-happy-with-variety-of-prizes/ သို့ ဝင်ရောက်လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

https://t.me/AryoneOoJournal

အူရီဒူးမြန်မာက မြန်မာနိုင်ငံတွင် အကြီးဆုံးဂိမ်းပြိုင်ပွဲကြီးဖြစ်သည့် Gameverse Champion League ကို ကြီးကျယ်ခမ်းနားစွာ ကျ...
09/01/2025

အူရီဒူးမြန်မာက မြန်မာနိုင်ငံတွင် အကြီးဆုံးဂိမ်းပြိုင်ပွဲကြီးဖြစ်သည့် Gameverse Champion League ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားမည်

ရန်ကုန်၊ မြန်မာ ။ ။ အူရီဒူးမြန်မာသည် နိုင်ငံတစ်ဝန်းမှ အကောင်းဆုံးဂိမ်းကစားသမားများ ပါဝင်ယှဉ်ပြိုင်သွားမည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ Gameverse Champion League ပြိုင်ပွဲကြီးကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြေညာလိုက်ပါသည်။ အဆိုပါ ပြိုင်ပွဲကြီးကို လာမည့် ဇန်န၀ါရီလ (၁၁) ရက်နေ့ (စနေနေ့) မနက် ၉ နာရီမှ ည ၇ နာရီ ၄၅ မိနစ်အထိ နှင့် ဇန်န၀ါရီလ (၁၂) ရက်နေ့ (တနင်္ဂနွေနေ့) တွင် မနက် ၁၀ နာရီမှ ည ၈ နာရီ ၁၅ မိနစ်အထိ Times City နှင့် Junction Square Outdoor Area တို့တွင် နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြင့် လာရောက်ကြည့်ရှုအားပေးနိုင်မည်ဖြစ်ပါသည်။ ယခုပြိုင်ပွဲကြီးတွင် အကြိတ်အနယ် ယှဉ်ပြိုင်သွားမည့် ပွဲစဉ်များ၊ ပျော်ရွှင်စရာ အစီအစဉ်များအပြင် ပါဝင်ယှဉ်ပြိုင်သူများနှင့် ပရိသတ်များအတွက် တိုက်ရိုက်ဖျော်ဖြေ တင်ဆက်မှုများကိုလည်း စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

Gameverse Champion League တွင် Mobile Legends (MLBB) နှင့် အခြား Casual ဂိမ်းများအပါအဝင် အခြားထင်ရှားသော ဂိမ်းများလည်း ပါဝင်သွားမည်ဖြစ်ပါသည်။ အူရီဒူးမြန်မာသည် Gameverse Champion League ပြိုင်ပွဲကြီးအတွက် ဆုကြေးငွေ သိန်း (၃၂၀) ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ရန်ကုန်၊ ပုသိမ်၊ တောင်ကြီး နှင့် မန္တလေးတိုင်းတို့မှ ချန်ပီယံများ၊ Gameverse Mission 2024 မှ အနိုင်ရရှိခဲ့သည့် အသင်းများဖြစ်သော Falcon Esports နှင့် AI Esports တို့နှင့်အတူ Gameverse Battle Land မှ အနိုင်ရရှိခဲ့သူများ စသည်ဖြင့် ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ပါသည်။ Semi-final ပွဲစဉ်များကို ဇန်န၀ါရီလ (၁၁) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး Grand Final ပွဲစဉ်များကို ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကာ အနိုင်ရရှိသော ချန်ပီယံအသင်းကို တစ်ခါတည်း ဆုချီးမြှင့်သွားမည်ဖြစ်ပါသည်။

ရင်သပ်ရှုမောဖွယ်ရာ ပြိုင်ဆိုင်မှုများအပြင် အူရီဒူးမြန်မာသည် စိတ်လှုပ်ရှားစရာ ပွဲနေရာနှစ်ခုဖြင့် ပရိတ်သတ်များအတွက် အောက်မေ့ဖွယ် ပွဲအတွေ့အကြုံကိုလည်း ပေးစွမ်းသွားမည်ဖြစ်ပါသည်။ အကြိတ်အနယ် ယှဉ်ပြိုင်သွားမည့် ပွဲစဉ်များ၏ Main Stage ကို Times City Outdoor Area တွင် ကျင်းပသွားမည်ဖြစ်ပြီး Junction Square Outdoor Area တွင် ပရိသတ်များအနေဖြင့် အရည်အသွေးမြင့် LED ဖန်သားပြင်ကြီးများထက်တွင် ဂိမ်းကစားသူများ၏ လှုပ်ရှားမှုများကို ကြည့်ရှုခံစားနိုင်မည့် Watch Party Experience ကို ရရှိမည်ဖြစ်ပါသည်။ လာရောက်ကြည့်ရှုသူများသည် Cosplay ပြိုင်ပွဲများ၊ Photo Booth၊ အပန်းဖြေနိုင်သော Chill Zone နှင့် နာမည်ကျော် Streamer Monica နှင့် အတူကစားနိုင်မည့် Mobile Legends Fan Match ပြိုင်ပွဲများ အပါအဝင် အခြားသော အစီအစဉ်များစွာတွင်လည်း ပါဝင်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ဇန်န၀ါရီလ (၁၁) ရက်နေ့ (စနေနေ့) နေ့လယ် ၃ နာရီခွဲ အချိန်တွင် နာမည်ကျော် အဆိုတော် Shine မှ ဖျော်ဖြေမှုများပြုလုပ်သွားမည်ဖြစ်ပြီး ဇန်န၀ါရီလ (၁၂) ရက်နေ့ (တနင်္ဂနွေနေ့) နေ့လယ် ၃ နာရီ အချိန်တွင် Team 143 မှ ဖျော်ဖြေသွားမည်ဖြစ်ပါသည်။

အူရီဒူးမြန်မာမှ ဂိမ်းအသိုက်အဝန်းအတွက် အမှတ်ရဖွယ်အခမ်းအနားတစ်ခုအဖြစ် Times City နှင့် Junction Square တွင် ပြုလုပ်သွားမည့် အဆိုပါ Gameverse Champion League ပွဲကြီးတွင် ပါဝင်ဆင်နွှဲရန်အတွက် ပရိသတ်များကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါသည်။

https://t.me/AryoneOoJournal

*မိတ်ဆွေများအားလုံးကိုဖိတ်ကြားပါသည်*      ( ဦးစွာ  ကျွန်တော်လောဘကြီးခြင်းမဟုတ်ကြောင်းပြောကြားအပ်ပါသည်။)             ယနေ...
08/01/2025

*မိတ်ဆွေများအားလုံးကိုဖိတ်ကြားပါသည်*
( ဦးစွာ ကျွန်တော်လောဘကြီးခြင်းမဟုတ်ကြောင်းပြောကြားအပ်ပါသည်။)
ယနေ့ခေတ်ကာလအစစအရာရာအခြေခံစျေးနှုန်းများကြီးမြင့်နေချိန်တွင်၊ ကျွန်တော်ရေးသားထုတ်ဝေသော *ရုန်းကန်သက်ဝင် မြန်မာ့ရွှေရုပ်ရှင်* စာအုပ်ကြီးအတွက်၊ကုန်ကျစရိတ်ပြန်လည်ကာမိစေရန် ရုပ်ရှင်အဖွဲ့သားမိတ်ဆွေများက ​ေစတနာဖြင့်စီစဥ်ပေးကြပါသည်။
"မျှဝေဖေးမ ညီနောင်များအဖွဲ့က ကျွန်တော်ဒုတိယအကြိမ်ပန်းချီပြပွဲကို အားလုံးစရိတ်ငြိမ်းပြသနိုင်ရန်စီစဥ်ပေးကြပါသည်။ကျွန်တော်ကလည်းဝမ်းသာစွာလက်ခံ၍၊ပထမပြပွဲအပြီး(22)ရက်နောက်ပိုင်းမှအစပုံအသစ်များရေးဆွဲကာပြသရန်စီစဥ်ခဲ့ကြပါသည်။
မိတ်ဆွေများအားလုံးကြွရောက်အားပေးရန်ဖိတ်ကြားအပ်ပါသည်။
အလုပ်ကတော့လုပ်နိုင်သမျှလုပ်နေကြရပါဦးမည်။

MPT က သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH) ဖြင့် အဆင့်မြှင့်တင်ခြင်း...
02/01/2025

MPT က သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH) ဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါသဖြင့် ကြေးနန်းကြိုးမျှင်ကွန်ရက်စနစ် (Copper Cable Network) ကို အပြီးတိုင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း

(ရန်ကုန် ဇန်နဝါရီ ၂

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အော်တိုတယ်လီဖုန်း ဝန်ဆောင်မှုများအား မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH စနစ်) ဖြင့်၂၀၁၆ ခုနှစ်မှစတင်၍ အဆင့်မြှင့်တင် ဆောင်ရွက်လျက် ရှိပါသည်။

ယခုအခါတွင်‌ အောက်ဖော်ပြပါဇယားရှိ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း နှင့် တောင်ပိုင်း) တို့တွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါသဖြင့် အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ‌ အော်တိုတယ်လီဖုန်းဝန်ဆောင်မှုများအား လက်ရှိ အသုံးပြုနေသည့် ကြေးနန်းကြိုးမျှင်ကွန်ရက်စနစ် (Copper Cable Network) အစား မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH စနစ်) ဖြင့်သာ ဆက်လက် ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၉) ရက်မှစ၍ ကြေးနန်းကြိုးမျှင်ကွန်ရက်စနစ် (Copper Cable Network) မှတစ်ဆင့် ဝန်ဆောင်မှုပေးအပ်နေသည့် ယခင်အော်တိုတယ်လီဖုန်းနံပါတ်များကို အပြီးတိုင် ပိတ်သိမ်းသွားမည် ဖြစ်ပါသည်။ သုံးစွဲသူများသည် မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH စနစ်) မှတစ်ဆင့် ဝန်ဆောင်မှုပေးအပ်နေသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် ဝန်ဆောင်မှုများကို အဆင်ပြေလွယ်ကူ ချောမွေ့စွာ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ သို့ရာတွင် အချို့နေရာများတွင် (တပ်ဆင်မည့်လိပ်စာသည် FTTH ကွန်ရက် အတွင်းမှ အလွန်ဝေးကွာသောနေရာတွင် တည်ရှိနေခြင်း) နည်းပညာအခက်အခဲကြောင့် လိုင်းတပ်ဆင်ပေးရန် အဆင်မပြေနိုင်သည့် အခြေအနေများလည်း ရှိနိုင်ပါသည်။ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ MPT အိတ်ချိန်းရုံးများအပါအဝင် နံပါတ်အဟောင်းမှ အသစ်သို့ပြောင်းလဲသည့် အော်တိုတယ်လီဖုန်းနံပါတ်များနှင့် သက်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါဇယားတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

သုံးစွဲသူများသည် မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH စနစ်) မှတစ်ဆင့် ဝန်ဆောင်မှုပေးအပ်နေသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များကို ရယူလိုပါက အထက်ပါဇယားတွင် ဖော်ပြထားသည့် နီးစပ်ရာ MPT ရုံးများရှိ သက်ဆိုင်ရာအိတ်ချိန်းများတွင် လျှောက်ထားနိုင်ပါသည်။ လိုအပ်သည့်အကူအညီများနှင့် အသေးစိတ်အချက်အလက်များ ပိုမိုသိရှိလိုပါက MPT Call Center ၁၀၆ ကို ဆက်သွယ်နိုင်ပါသည်။

https://t.me/AryoneOoJournal

01/01/2025

တစ်ပိုင်းတစ်စ ငြိမ်းချမ်းရေး

ချစ်သူတို့ရေ... မင်္ဂလာပါရှင်။

နှစ်သစ်ကို ရည်မျှော်ပြီး မြေဆီလွှာကိုထိုး ဖောက်ထွက်ပေါ်လာတဲ့ ဇီဇဝါ ပင်ပေါက်လေးတစ်ပင်ရဲ့အားမာန်တွေ၊
မနက်ခင်းဖြာထွက်လာတဲ့ နေရောင်ခြည်ဖျော့ဖျော့လေးအောက်မှာ ဝင့်ကြွားတောက်ပနေတဲ့ နေကြာပန်းခင်းတွေ၊
ဥရောပရဲ့ အယ်လ်ပိုင်း တောင်ပေါ်က နှင်းထုတွေကြား ပြေးလွှားဆော့ကစားနေတဲ့ လူငယ်တွေရဲ့ စိတ်လှုတ်ရှားဟစ်အော်သံတွေ၊
Stephanplatz က Austria နိုင်ငံရဲ့ အထင်ကရ Landmark Cathedral ကြီး ရဲ့ ဟိုးထိပ္ကေန စီးခ်က်ညီညီ ထွက်ပေါ်လာ နေတဲ့ ခေါင်းလောင်းသံတွေ၊
မြန်မာပြည်က ရွှေတိဂုံ ဘုရားကို ရည်စူး ဖူးမျှော်ကန်တော့ တဲ့ အခါ ပေါ်ပေါက်လာတဲ့ ကြည်နူးစိတ်ကလေးတွေ
အဲဒီအကြည်ဓာတ်လေးတွေအားလုံး နှလုံးသားမှာ ပေါင်းစု လို့ နှစ်သစ် -၂၀၂၅- ကို ကြိုဆို နှုတ်ခွန်းဆက်လိုက်ချင်ပါတယ်။

ဝေဒနာတွေ၊ ကိုယ် စိတ် နှလုံး သုံးပါးလုံး ပြိုလဲခဲ့ ရတဲ့အတိတ်တွေကို အပြီး အပိုင် လက်ပြနှုတ်ဆက်ထားခဲ့လိုက်ပါရစေတော့။

နှစ်သစ်မှာ မြန်မာပြည်သူပြည်သားတွေ၊ ကမ္ဘာပြည်သူပြည်သားတွေ အားလုံး စစ်ဘေးစစ်ဒဏ် အပေါင်းမှ ကင်းဝေးကြပါစေ။ ဘေးဘယာဝေးကွာကြပါစေ။ ပရိယာယ်တွေ၊ အားပြိုင်မှုတွေကို ကျောခိုင်းပြီး ယုံကြည်မှု၊ နားလည်မှု၊ ကြင်နာမှု၊ ပျော်ရွှင်မှု အပေါင်း ခညောင်း ကြပါစေ။
ချစ်ခြင်းမေတ္တာတွေခြုံ လုံခြုံအေးမြကြပါစေ။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။
ကောင်းသောလိုအင်ဆန္ဒများပြည့်ဝကြပါစေ လို့ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။

Choosing Peace will bring us joy, happiness and love.
Gandhi ကြီး ပြောခဲ့သလိုပါပဲ There is no way to Peace, Peace is the Way. လို့သာ ပြောပြချင်ပါတယ်။

အခုလို နှစ်သစ်အခါသမယမှာ အားလုံးခံစားနားဆင်နိုင်ဖို့ စိုးမြတ်နွယ်ရဲ့ တစ်ပိုင်းတစ်စ ငြိမ်းချမ်းရေး ကဗျာသီချင်းလေးနဲ့ ကြိုဆိုလိုက်ပါရစေနော်...

ဒီသီချင်းလေးဖြစ်မြောက်အောင်ဝိုင်းဝန်းဖန်တီးပေးကြတဲ့ သံစဉ်ထည့်ပေး တီးခတ်ပေးတဲ့ M. Amadeus ကို ကျေးဇူးအထူးတင်ပါတယ်။ The Sweestest တေးဂီတအဖွဲ့ မွ စေတနာ၊ ချစ်ခြင်း မေတ္တာအပြည့်နဲ့ တီးခတ်ပေးတဲ့ အဖွဲ့ဝိုင်းတော်သားအားလုံးနဲ့တကွ Mixing နဲ့ အသံဖမ်းအင်ဂျင်နီယာကိုထူးစံ၊ La Vita Studio၊ MV ရိုက်ကူးတည်းဖြတ်ပေးသူ ဒါရိုက္တာ ဇေယျာမြတ်ခိုင်၊ တွဲဖက်ဒါရိုက်တာ ကိုနေလင်း နှင့်အဖွဲ့သားများ၊ မိတ်ကပ်အနုပညာရှင် ယံယံ၊ တစ်ပုဒ်လုံးဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပံ့ပိုး အားဖြည့်ဖန်တီးပေးသူများအားလုံးကို နှလုံးသားထဲကလေးနက်စွာ ကျေးဇူးတင်ရှိနေကြောင်း လေးစားစွာအရိုအသေ ဂါရဝ ပြုလိုက်ရပါတယ်။

🙏
ချစ်တဲ့ စိုးမြတ်နွယ်
၃၁၊၁၂၊၂၀၂၄။

တစ်ပိုင်းတစ်စ ငြိမ်းချမ်းရေး

ရေး/ဆို- စိုးမြတ်နွယ်
သံစဉ် - M. Amadeus
တေးဂီတ The Sweetest
စတူဒီယို La Vita
Mixing - ထူးစံ
ဒါရိုက်တာ - Zayar Myat Khaing
တွဲဖက်ဒါရိုက်တာ-နေလင်း(Perfect)
YouTube Link: https://www.youtube.com/watch?v=qRqiMKK91Lw

"တစ်ပိုင်းတစ်စ ငြိမ်းချမ်းရေး

မနေ့ညက ငြိမ်းချမ်းရေးတဲ့ အိပ်မက်မက်တယ်
ရွှေရောင်စာလုံးတွေနဲ့ ထွင်းထားတဲ့ စာတန်းကြီး
မနေ့ညက ငြိမ်းချမ်းရေးတဲ့ အိပ်မက်မက်တယ်
ဒါပေမယ့်တစ်ပိုင်းတစ်စနဲ့ လန့်နိုးခဲ့ရ
အိမ္တံခါးဝမွာ ချိတ်ဆွဲလို့
သိက္ခာရှိတဲ့ ဘဝတွေနဲ့
တို့လူမျိုးတွေရှင်သန်ရေး
ငြိမ်းချမ်းရေး
နံနက္စာ စားပြဲမွာ အားလုံးစုံညီလို့
အတ္တတွေခဝါချ
ယုံကြည်မှု အပြည့်နဲ့ ပေးဆပ်မယ့်သူတွေ
မျက်နှာမှာ အပြုံးတွေ ဝေလို့...။
သမိုင်းမှာ အရမ်း နာကျင်ခဲ့ကြရပြီးပြီ
သံဝေဂတွေနဲ့ တီးတိုးဖေးမကြ
လူငယ်တွေ မျိုးဆက်သစ်တွေအတွက်
ဝိုး..ဟို... ငြိမ်းချမ်းရေး က လြဲမျဖစ္လို့..
သမိုင်းမှာ အရမ်း နာကျင်ခဲ့ကြရပြီးပြီ
သံဝေဂတွေနဲ့ တီးတိုးဖေးမကြ
လူငယ်တွေ မျိုးဆက်သစ်တွေအတွက်
ဝိုး..ဟို... ငြိမ်းချမ်းရေး က လြဲမျဖစ္လို့...
မနေ့ညက ငြိမ်းချမ်းရေးတဲ့
အိပ်မက်မက်တယ်
ရွှေရောင်စာလုံးတွေနဲ့ ထွင်းထားတဲ့ စာတန်းကြီး
မနေ့ညက ငြိမ်းချမ်းရေးတဲ့ အိပ်မက်မက်တယ်
ဒါပေမယ့်တစ်ပိုင်းတစ်စနဲ့ လန့်နိုးခဲ့ရ ...
................

မြန်မာနိုင်ငံ စာဆိုတော်နေ့ အထိမ်းအမှတ်ဒဂုံ(မြို့သစ်)မြောက်ပိုင်းမြို့နယ်သက်ကြီးစာပေပညာရှင်များကန်တော့ပွဲအခမ်းအနားကိုဒဂုံ...
31/12/2024

မြန်မာနိုင်ငံ စာဆိုတော်နေ့ အထိမ်းအမှတ်
ဒဂုံ(မြို့သစ်)မြောက်ပိုင်း
မြို့နယ်သက်ကြီးစာပေပညာရှင်များ
ကန်တော့ပွဲအခမ်းအနားကို
ဒဂုံ(မြို့သစ်)မြောက်ပိုင်းမြို့နယ်
သီရိအောင်မြေ(ဗဟို)ဓမ္မာရုံမှာ
ကျင်းပပြုလုပ်ခဲ့ပါတယ်။

MPT က ၂၀၂၄ ခုနှစ်၏ CSR အစီအစဉ်များတွင် ကျန်းမာရေးနှင့်ပညာရေးကဏ္ဍ များ၌ ဒီဂျစ်တယ်နည်းလမ်းများနှင့် လူမှုအသိုက်အဝန်းကို ပံ...
27/12/2024

MPT က ၂၀၂၄ ခုနှစ်၏ CSR အစီအစဉ်များတွင် ကျန်းမာရေးနှင့်ပညာရေးကဏ္ဍ များ၌ ဒီဂျစ်တယ်နည်းလမ်းများနှင့် လူမှုအသိုက်အဝန်းကို ပံ့ပိုးကူညီခဲ့
(ယနေ့အထိ CSR အစီအစဉ်မှတစ်ဆင့် အမျိုးမျိုးသော ပညာရေး၊ ကျန်းမာ‌ရေးနှင့် စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်း ကဏ္ဍများမှတစ်ဆင့် နိုင်ငံတစ်ဝန်းရှိ လူငယ် ၂၀၀,၀၀၀ ကျော် ကို အထောက်အပံ့ပြုနိုင်ခဲ့)

ရန်ကုန် ဒီဇင်ဘာ ၂၇


စစ်မှန်သောပြည်တွင်းဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော MPT သည် သုံးစွဲသူများအား ထူးခြားဆန်းသစ်သောဝန်ဆောင်မှုများပေးအပ်နေသည့်အပြင် လူမှုအသိုက်အဝန်းသို့ နည်းလမ်းမျိုးစုံဖြင့် တက်ကြွစွာ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံအတွင်းရှိ ပညာရေး၊ ကျန်းမာရေးနှင့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်း စသည့် အဓိကမဏ္ဍိုင်ကြီးသုံးရပ်အပေါ် အခြေခံကာ လူမှုအကျိုးပြုလုပ်ငန်းများ (CSR) ကို လူငယ်များသို့ အထောက်အပံ့ပြုကာ တစိုက်မတ်မတ် ဦးတည် ဆောင်ရွက်လျက်ရှိပါသည်။ MPT အနေဖြင့် CSR E-Learning အစီအစဉ်၊ ကျန်းမာရေးပညာပေး အစီအစဉ်၊ နိုင်ငံတစ်ဝန်းစုပေါင်းသွေးလှူဒါန်းမှုအစီအစဥ်များ၊ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” အမည်ဖြင့် နိုင်ငံတစ်ဝန်းစုပေါင်း သစ်ပင်စိုက်ပျိုးခြင်းအစီအစဥ်များ နှင့် ၂၀၂၄ ခုနှစ်အတွင်းကြုံတွေ့ခဲ့ရသော ရာဂိ (Yagi) မုန်တိုင်း ပြန်လည် ထူထောင်ရေး ကြိုးပမ်းမှုများ အပါအဝင် ကဏ္ဍအသီးသီးတွင် ထိရောက်သော ပံ့ပိုးကူညီမှုများကိုပြုလုပ်ခဲ့ပါသည်။
ဒီဂျစ်တယ်နည်းလမ်းကိုမြင့်တင်ပြီး ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
လူမှုအသိုက်အဝန်းသို့ ဒီဂျစ်တယ်နည်းပညာဖြင့်စွမ်းဆောင်ရည်မြှင့်တင်ရန် မျှော်မှန်းချက်နှင့်အညီ MPT သည် လူတိုင်းလက်လှမ်းမီနိုင်သည့် အခမဲ့ဒီဂျစ်တယ်ပလက်ဖောင်းများမှတစ်ဆင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကို အဓိကပံ့ပိုးပေးနိုင်သည့် လူမှုအကျိုးပြုလုပ်ငန်းများကို အဓိကထား ဆောင်ရွက်ခဲ့ပါသည်။ ပညာ‌ရေးကဏ္ဍနှင့် ဆိုင်သော ကတိကဝတ်များကို မြှင့်တင်ရန်အတွက် နာမည်ရ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အခမဲ့ ပညာရေးပလက်ဖောင်းကို ၂၀၂၃ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပါသည်။ MPT သည် ပညာလေ့လာသင်ကြားရေးတွင် အခက်အခဲ၊ အတားအဆီးများကို လျှော့ချရန်အားထုတ်ခြင်းနှင့်အတူ တစ်ဦိးချင်းနှင့် လူမှုဝန်ကျင်တိုးတက်စေရေး တို့အတွက် အသိပညာဗဟုသုတနှင့် အရည်အသွေးများရရှိစေရန်ရည်ရွယ်၍ တွန်းအားပေး ဆောင်ရွက်လျက် ရှိပါသည်။ MPT အသုံးပြုသူတိုင်း ကုန်ကျစရိတ်အခမဲ့ဖြင့် ဝင်ရောက်စာရင်းသွင်းလေ့လာနိုင်သော သင်ကြားရေး အစီအစဥ်တစ်ခုဖြစ်သော MPT ၏ အခမဲ့ပညာရေး ပလက်ဖောင်းဖြစ်သည့် https://csrelearning.mpt.com.mm/ မှတစ်ဆင့် နည်းပညာ၊ အသက်မွေးဝမ်းကြောင်း၊ မိုဘိုင်းဖုန်းနှင့် ဆော့ဖ်ဝဲ နည်းပညာအပါအဝင် ဘာသာစကား တို့ကဲ့သို့သော လိုအပ်သောကျွမ်းကျင်မှု အရည်အသွေးများကို ယနေ့အထိ သင်တန်းသား/သူပေါင်း (၁,၆၀၀) ကျော် အတွက် ပေးအပ်နိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်းသို့ အရေးကြီးသောကျန်းမာရေး အသိပညာဗဟုသုတများ ဖြန့်ဝေ ပေးနိုင်ရန်၊ တန်ဖိုးရှိသော ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ ရရှိနိုင်စေရန် အရောက်အပေါက် နည်းပါးလှသည့် လူမှုအဖွဲ့အစည်းများအထိ ရောက်ရှိအောင်ပင်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်တွင် နာမည်ကြီးသည့် ကျန်းမာရေးဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော အာယု အင်တာနေရှင်နယ်ဆေးရုံကြီးနှင့် ပန်းလှိုင်ဆေးရုံကြီးတို့နှင့် ပူးပေါင်းကာ လိုတရ ဒေတာအခမဲ့ ဝက်ဘ်ဆိုက်တွင် ကျန်းမာရေးအသိပညာပေးဗီဒီယိုများကို စတင်ထုတ်လွှင့်ခဲ့ပါသည်။ လိုတရဒေတာအခမဲ့ ဝက်ဘ်ဆိုက်လင့်ခ် https://lotaya.mpt.com.mm/service/healtheducation နှင့် သက်ဆိုင်ရာ လူမှုကွန်ရက် မီဒီယာချန်နယ် များတွင် ကျန်းမာရေးအသိပညာပေးဗီဒီယိုစုစု ပေါင်း (၁၇) ခုအထိ ဆောင်ရွက်ပေးထားပြီးလည်းဖြစ်ပါသည်။

ပိုမိုကျယ်ပြန့်သည့် လူမှုအကျိုးပြုလှုပ်ရှားမှုများမှတစ်ဆင့် အကျိုးရလဒ်တိုးတက်စေခြင်း
ဒီဂျစ်တယ် လူမှုအကျိုးပြု အစီအစဉ်များအပြင် MPT သည် လူမှုအသိုက်အဝန်း၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးသည့် လူမှုအသိုက်အဝန်းကို ဦးတည်သော လှုပ်ရှားမှုများကို ဆောင်ရွက်သွားမည်ဟု ကတိပြုထားပါသည်။
• နိုင်ငံတစ်ဝန်း သွေးလှူဒါန်းခြင်း လှုပ်ရှားမှု- လူ့အသက်ကယ်သည့် သွေးလှူဒါန်းခြင်းလှုပ်ရှားမှုများကို ပံ့ပိုး ကူညီရန် ဝန်ထမ်းများ၊ သုံးစွဲသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများပါဝင်သည့် စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို အားထုတ် ဆောင်ရွက်ခဲ့ပြီး MPT သည် (၈) နှစ်တာကာလအတွင်း စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုအစီအစဉ်မှ တစ်ဆင့် သွေးအိတ်ပေါင်း (၁၂,၀၀၀) ကျော် ပံ့ပိုး ကူညီလှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။
• နိုင်ငံတစ်ဝန်း စုပေါင်း သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုအစီအစဉ်- သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လှုပ်ရှားမှု တစ်ခုဖြစ်ပြီး MPT သည် (၇) နှစ်တာကာလအတွင်း ပျိုးပင်ပေါင်း (၂၀,၀၀၀) နီးပါးကို နိုင်ငံတစ်ဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အသိပညာပေးမှုကို မြှင့်တင်ပေးခဲ့ပါသည်။
• သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများ ပံ့ပိုးကူညီမှု- စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ရာဂီ (Yagi) မုန်းတိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် MPT သည် ရေဘေးသင့် ပြည်သူများအတွက် လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန် ဆောင်ရွက်ခဲ့ကာ တက်ကြွစွာ ပံ့ပိုးကူညီခဲ့ပါသည်။ MPT သည် အရေးပေါ်အခြေအနေများအတွင်း အစားအသောက်၊ အဝတ်အထည်၊ ဆေးဝါးနှင့် လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ပေးခြင်းအပြင် ချိတ်ဆက်မှုသေချာစေရန်အတွက် MPT ဖုန်းအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့်နဲ့ စာတိုပေးပို့ခွင့် အစရှိသည့် အရေးပေါ်လိုအပ်သော ထောက်ပံ့မှုများကို ပြုလုပ်ပေးခဲ့ပါသည်။
MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki Shimane က “ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းက ဦးဆောင်ဆက်သွယ်ရေး အော်ပရေတစ်ခုဖြစ်တာနဲ့အညီ လူမှုအကျိုးပြုလုပ်ငန်း လှုပ်ရှားမှုတွေကတစ်ဆင့် ရှေရှည်မှာ အကျိုးသက်ရောက်မှုရှိစေမယ့် ဆောင်ရွက်မှုတွေကို လုပ်ဆောင်သွားဖို့ ကတိထားဆောင်ရွက်နေပါတယ်။ ပညာရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍတွေမှာ တစ်ဦး တစ်ယောက်ချင်းစီကို အခွင့်အလမ်းတွေပေးဖို့နဲ့ လူမှုအသိုက်အဝန်းတိုးတက်စေဖို့အတွက် ဒီဂျစ်တယ် နည်းပညာကို အသုံးပြုပြီး အတားအဆီးတွေကို ကျော်ဖြတ်သွားစေမှာပါ။ သဘာဝဘေးအန္တရာယ် လျော့ပါးစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ကျန်းမာရေးကဏ္ဍတို့မှာ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်ဖို့ကြိုးစားဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း လူမှုအကျိုးပြုလှုပ်ရှားမှု ကဏ္ဍမှာ မြန်မာကျပ်ငွေ ၂၆ ဘီလီယံကျော် အသုံးပြုခဲ့ပြီး ပညာရေး၊ ကျန်းမာရေးနဲ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းငယ် ကဏ္ဍတွေမှာ နိုင်ငံတစ်ဝန်းက လူငယ် (၂) သိန်းကျော်ကို အထောက်အပံ့ပြု ဆောင်ရွက်ပေးအပ်နိုင်ခဲ့ပြီး ကျွန်တော်တို့နဲ့ အတူတူ ဝန်ဆောင်မှုပေးနေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ၊ လူမှုအသိုက်အဝန်းတွေနဲ့ အတူတကွပူးပေါင်းပြီး ဒီခရီးကို ဆက်လက်လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေ၊ မိတ်ဖက် အဖွဲ့အစည်းတွေရဲ့ မယိမ်းယိုင်တဲ့ ပံ့ပိုးပေးမှုနဲ့ ယုံကြည်မှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ အားလုံးပဲ နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း၊ အောင်မြင်မှုတွေနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
၂၀၂၅ ခုနှစ်တွင်လည်း MPT အနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်များ ပိုမိုကောင်းမွန်စေရေးတွင် အဓိကကျသည့် လူငယ်များအတွက် မရှိမဖြစ် လိုအပ်သော စွမ်းရည်များ ဖြည့်ဆည်းပေးနိုင်ရန်အတွက် လိုအပ်သော ထောက်ပံ့မှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လူငယ်များအတွက် အောင်မြင်မှု ရရှိရန် လိုအပ်သော အရင်းအမြစ်များနှင့် အခွင့်အရေးများ ရရှိနိုင်ရေး တတ်စွမ်းသမျှ ထောက်ပံ့ပေးအပ် သွားမည့်အပြင် တစ်ချိန်ထဲတွင် မြန်မာ့ယဥ်ကျေးမှု ဓလေ့ရိုးရာနှင့် ထုံးတမ်းစဉ်လာများကို ဆက်လက်တန်ဖိုးထား ထိန်းသိမ်းသွားမည် ဖြစ်ပါသည်။

https://t.me/AryoneOoJournal

Address

အမှတ်. ၁၉၇-ပထမထပ်/၃၆ လမ်း(အထက်ဘလောက်)/ကျောက်တံတားမြို့နယ်/ရန်ကုန်မြို့
Yangon

Alerts

Be the first to know and let us send you an email when Aryone Oo Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aryone Oo Journal:

Videos

Share