Dagon Music Studio - DMS

Dagon Music Studio - DMS No.777, Aung Thitsar Street, 29th Block, North Dagon Township. Yangon, Myanmar.

ဟိုဘဲတွေနဲ့ တိုက်မှာစိုးလို့ ညနေမှပဲ ပုံတင်ဖြစ်တော့တယ်မနက်ရိုက် ဂုတင်🤣😂
21/12/2023

ဟိုဘဲတွေနဲ့ တိုက်မှာစိုးလို့ ညနေမှပဲ ပုံတင်ဖြစ်တော့တယ်

မနက်ရိုက် ဂုတင်
🤣😂

Good morning YANGON
21/12/2023

Good morning YANGON

နံနက်ခင်း ... ကော်ဖီ ပြင်းပြင်းတစ်ခွက်နဲ့ ☕
21/12/2023

နံနက်ခင်း ... ကော်ဖီ ပြင်းပြင်းတစ်ခွက်နဲ့ ☕

သေရင်ထားသွားရမယ့် အရာတွေထဲမှာ နာမည်ကောင်းလေးပဲ ရှိချင်တယ်ကိုယ့်မျိုးဆက်အတွက်ပေါ့
20/12/2023

သေရင်ထားသွားရမယ့် အရာတွေထဲမှာ နာမည်ကောင်းလေးပဲ ရှိချင်တယ်

ကိုယ့်မျိုးဆက်အတွက်ပေါ့

ရုပ်ကိုက
20/12/2023

ရုပ်ကိုက

ဒါ ကြက်ဥ ဘယ်လောက်ဖိုး လို့ထင်လည်းအရှေ့ဒဂုံမှာ ဝယ်တာအဖြေမှန်ရင် ကြက်ဥကြော်ကျွေးမယ် 😃
19/12/2023

ဒါ ကြက်ဥ ဘယ်လောက်ဖိုး လို့ထင်လည်း
အရှေ့ဒဂုံမှာ ဝယ်တာ

အဖြေမှန်ရင် ကြက်ဥကြော်ကျွေးမယ် 😃

ကွီးကျားချမ်းသာတာပေါ့ကလေးသုံးယောက်တောင် ရှိတယ်လေ
18/12/2023

ကွီးကျားချမ်းသာတာပေါ့
ကလေးသုံးယောက်တောင် ရှိတယ်လေ

17/12/2023

2000 + 24 (2024)

ဪ .....
၂၀၀၀ ခုနှစ်မွေးတဲ့ Y2K ချာတိတ်‌တွေတောင် ၂၄ နှစ်ပြည့်ကြတော့မယ် 😁

17/12/2023

ဘီယာ နဲ့ အရက် မူးနေတဲ့လူတွေက သီချင်းဆိုချင်တာ
နားထောင်ချင်တာမဟုတ်ဘူး

ဂီတက အလှဆင်ရုံသက်သက်ဆို ဘာလုပ်ဖို့ ကြိုးစားဖန်တီးနေရမှာလည်း
သံပြိုင်ဆိုဖို့ ကောက်စားလိုက်ရုံပေါ့

ကိုယ်ကတော့ လူရှေ့သူရှေ့ ကိုယ်ပိုင်သီချင်းဆိုပြတဲ့ စီနီယာ ဂျူနီယာတွေကို မှန်သမျှကို လေးစားလျှက်ပါ

မင်းဇေယျ (က်ုးတောင်ကျား)

နေကောင်းကျန်းမာရဲ့လားလို့ သိချင်နေတာ ဒီနေ့မှာ ကျန်းကျန်းမာမာမြင်တွေ့ရလို့ ဝမ်းသာပါတယ်ကျန်းမာပါစေ ဘေးရန်ကင်းပါစေ အေးချမ်း...
16/12/2023

နေကောင်းကျန်းမာရဲ့လားလို့ သိချင်နေတာ
ဒီနေ့မှာ ကျန်းကျန်းမာမာမြင်တွေ့ရလို့ ဝမ်းသာပါတယ်

ကျန်းမာပါစေ ဘေးရန်ကင်းပါစေ အေးချမ်းပါစေ
ဦးရင်…..🙏🙏🙏

PS / ပုံကတော့ အားလုံးကို သတိရလို့ တင်တာပါ

အိမ်မှာ ဂစ်တွေနည်းနေလို့
16/12/2023

အိမ်မှာ ဂစ်တွေနည်းနေလို့

ငါ့မိသားစုကို ငါကိုယ်တိုင် ကယ်တင်ရမယ် 😎
15/12/2023

ငါ့မိသားစုကို ငါကိုယ်တိုင် ကယ်တင်ရမယ် 😎

15/12/2023

Planning ဆ်ိုတာ နေရာတိုင်းမှာအရေးပါတယ်

ကိုယ့်ဘဝအတွက် ဘယ်လို plan တွေချထားလည်း
လခစား အလုပ်မှာလည်း plan လိုတယ်
ကိုယ်ပိုင်လုပ်ငန်းမှာလည်း plan လိုတယ်
ဘဝမှာလည်း plan လ်ုတယ်

ပြီးတော့ ဦးစားပေး အကောင်အထည်ဖော်တဲ့ plan ရှိရသလို backup plan ဆိုတာလည်းရှိရတယ်

ကျွန်တော်ဆို ကုမ္ပဏီတစ်ခုမှာ လစာတော်တော်ကောင်းကောင်းရတဲ့ ဝန်ထမ်းတစ်ယောက်ပေါ့

ဒါပေမယ့် ဒီလစာကို သာယာနေလို့မရဘူး
လစာဆိုတာ အခြားတစ်​ယောက်ကို မှီခိုပြီးရတာ
အလုပ်မရှိတော့ရင် လစာမရှိတော့ဘူး
လသာမရှိတော့ရင် အလုပ်ထပ်ရှာ
အလုပ်ထပ်ရရင် လစာရပြီ
ပိုရချင်ရမယ် ပိုရချင်မှရမယ် ဒါပေမယ့် အ်ုကေသေးတယ်

ဒီလိုမဟုတ်ပဲ အန္တရာယ်တစ်ခုခုကြောင့် ကိုယ်လက် အဂ်ါချို့ယွင်းသွားတာမျိုး ၊ လေဖြတ်သွားတာမျိုးဆို ဘယ်လိုလုပ်မလည်း
လစာလည်းမရတော့ဘူး ၊ အလုပ်လည်းထပ်ရှာလို့ မရတော့ဘူး

အဲဒီအချိန်အတွက် ဘာတွေကြိုပြီးပြင်ဆင်ထားလည်း
အဲဒီအချိန်မှာ လစဉ်ပေးဖို့ ကျန်တဲ့ အကြွေးတွေအတွက် ဘာတွေ စီစဉ်ထားလည်း
အဲဒီအချိန်မှာ ကိုယ့်ကိုမှီခိုနေတဲ့ မိသားစုအတွက် ဘာတွေ ပြင်ဆင်ထားလည်း

ဘဝမှာ အသက်ရှင်နေသရွေ့ plan ကောင်းကောင်းဆွဲတတ်ဖို့လိုပါတယ်

မင်းဇေယျ (ကိုးတောင်ကျား)

စတိုင် မလိုင်  269 Days
15/12/2023

စတိုင် မလိုင်

269 Days

အချိန် နဲ့ ဘဝတွေ ဖြုန်းတီးနေရတဲ့ငွေကြေးရဲ့ သားကောင်များ
14/12/2023

အချိန် နဲ့ ဘဝတွေ ဖြုန်းတီးနေရတဲ့
ငွေကြေးရဲ့ သားကောင်များ

ငါးတန်းတက်တုန်းက လပတ်စာမေးပွဲဖြေပြီး အောင်စာရင်းတွေထွက်တော့အမေ တစ်တန်းလုံး ငါးယောက်ပဲအောင်တယ်သမိုင်းဘာသာ ကျကြတာငါးယောက်ထ...
14/12/2023

ငါးတန်းတက်တုန်းက လပတ်စာမေးပွဲဖြေပြီး အောင်စာရင်းတွေထွက်တော့

အမေ တစ်တန်းလုံး ငါးယောက်ပဲအောင်တယ်
သမိုင်းဘာသာ ကျကြတာ

ငါးယောက်ထဲ နင်မပါဘူးမလား
ဟုတ် အမေ

အဲဒီတစ်ခါ စာမေးပွဲကျတာ အလျှောက်ကောင်းလို့ အရိုက်မခံရဘူး 🤣😅😂

အခုတော့ ကျောင်းတက်တုန်းက စာနဲ့ပတ်သတ်ရင် သူလ်ိုကိုယ်လို စာတော်သလိုလို ညံ့သလိုလို ကောင်တွေက ဘောစိတွေများတယ်

စာသင်ကျောင်းမှာသာ မတော်ကြတာ ဘဝကျောင်းမှာ တော့ သင်ရိုးကျေပြီး အောင်ချက်ကောင်းကြတယ်

မင်းဇေယျ (ကိုးတောင်ကျား)

ဆေးလိပ်ဖြတ်နည်းဆိုရင်တော့ ကျွန်တော် ကွီးကျား အကြံပေးလို့ရပါတယ်ကျွန်တော် ဆေးလိပ်ကဖြတ်တာ ၃လ လောက်ကြာတယ်ကျွန်တော်က အသက် ၁၁န...
14/12/2023

ဆေးလိပ်ဖြတ်နည်းဆိုရင်တော့ ကျွန်တော် ကွီးကျား အကြံပေးလို့ရပါတယ်

ကျွန်တော် ဆေးလိပ်ကဖြတ်တာ ၃လ လောက်ကြာတယ်

ကျွန်တော်က အသက် ၁၁နှစ်သားကတည်းက ဆေးလိပ်သောက်တတ်တာပါ

နောက်ပိုင်း အသက် ၂၅ ကျော်တော့ တစ်နေ့ ဆေးလိပ် ၂ဘူးကုန်ပါတယ်

လွန်ခဲ့တဲ့ သုံးနှစ်ကျော်တုန်းကစပြီး ဆေးလိပ်ဖြတ်ဖို့ ကြိုးစားပါတယ်

နည်းနည်းလျှော့သောက်ရာကနေ လုံးဝမသောက်ဖြစ်တော့တာပါ

ပထမဆုံး ဆေးလိပ်သောက်တဲ့ နေရာသတ်မှတ်ပါ
ဥပမာ အိမ်ထဲမှာမသောက်ဘူး ၊ အိပ်ခန်းထဲမှာမသောက်ဘူး ၊ လူစည်ကားတဲ့နေရာမသောက်ဘူး
တစ်ယောက်တည်း လူသူအသွားအလာကျဲတဲ့နေရာတွေ ၊ အိမ်ဝရံတာတွေ ၊ ဒါမှ မဟုတ် အိမ်သာတက်ရင်းသောက်တာ အဲဒီလိုနေရာတွေ သတ်မှတ်လိုက်ရင် ဆေးလိပ်သောက်လို့ရတဲ့နေရာအပြင် ဆေးလိပ်သောက်လို့ရတဲ့ အချိန်ပါနည်းသွားနိုင်ပါတယ်

ပြီးတော့ ဆေးလိပ်တစ်ခါသောက်ရက် နှစ်လိပ်သုံးလိပ်ကနေ ၊ တစ်လိပ်နှစ်လိပ် နောက်ဆုံး တစ်ခါသောက်ရင် တစ်လိပ်ပဲ သောက်တဲ့အထိ လျှော့ချကြည့်ပါ

တစ်နေ့ သုံးလေးကြိမ် ဆေးလိပ်သောက်ရာကနေ တစ်နေ့တစ်ကြ်ိမ်ပဲ ဆေးလိပ်သောက်ဖြစ်တဲ့အထိ လျှော့ချကြည့်ပါ

ကျွန်တော့်တုန်ူကဆို လျှော့ရင်း လျှော့ရင်းနဲ့ အိမ်သာတက်တဲ့ အချိန်ပဲ သောက်ဖြစ်ပါတော့တယ် ။ အိမ်သာက တစ်နေ့ တစ်ခါပဲတက်တာဆိုတော့ တစ်နေ့ တစ်လိပ်ပဲ သောက်ဖြစ်တယ် ။ တစ်ရက်ကျတော့ အိမ်သာတက်ဖို့ ဆေးလိပ်ရှာတာ ဆေးလိပ်က ဘူးထဲမှာ ကုန်နေပြီ ၊ အိမ်သာကလည်း အရမ်းတက်ချင်တော့ ဆေးလိပ်မပါပဲ အိမ်သာတက်ရာကနေ နောက်နေ့ ဆေးလိပ်မပါလည်း အိမ်သာတက်လို့ရသွားတယ်

အခုဆို ဆေးလိပ်ပြတ်တာ ၃နှစ်လောက်ရှိပါပြီ

ဆေးလိပ်ပြတ်ပြီးကတည်း လက်ဖက်ရည်ဆိုင်ထိုင်လို့ ဘေးဝိုင်းက ဆေးလိပ်သောက်ရင်တော့ အနံ့မခံနိုင်တော့ပါဘူး

ဆေးလိပ်က လူရဲ့ခန္ဓာကိုယ်ကို ဘာကောင်းကျိုးမှမပေးပါဘူး
ကျွန်တော်ဆို ဆေးလိပ်ဖြတ်ထားလို့ Covid ရောဂါဒါဏ်က်ုလည်း အံတုနိုင်ခဲ့သလို ၊ ခြေထောက်အလတ်စား ခွဲစိတ်မှူကိုလည်း မချိန်တိုအတွင်း အနာကျက်အောင် ခြေထောက်ပြန်ပြီး သန်စွမ်းကျန်းမာအောင် နေထိုင်နိုင်ခဲ့တာ ဆေးလိပ်ဖြတ်တာရဲ့ အကျိုးအဆက်တွေလည်း ပါပါတယ်

သူငယ်ချင်းတို့လည်း ဆေးလိပ်ဖြတ်နိုင်ကြပါစေ

မင်းဇေယျ (ကိုးတောင်ကျား)

မန်ယူရှုံးလ်ို့ ပျော်နေတာမဟုတ်ပါဘူးကွမ်းမစားတော့ဘူး သွားတွေဖြူအောင် သွားကြားထိုးတံနဲ့တိုက်ထားတာပြတာပါအရင်တုန်းကဆို သိပ်မ...
14/12/2023

မန်ယူရှုံးလ်ို့ ပျော်နေတာမဟုတ်ပါဘူး
ကွမ်းမစားတော့ဘူး
သွားတွေဖြူအောင် သွားကြားထိုးတံနဲ့တိုက်ထားတာပြတာပါ

အရင်တုန်းကဆို သိပ်မစားပါဘူး
နောက်ပိုင်း အကျင့်ပါပြီး စားလာလိုက်တာ အခုဆို တစ်ရက် ၁၀၀၀ဖိုးလောက်စားဖြစ်နေတယ်
သွားကလည်း သွားတိုက်ဆေးနဲ့တိုင်လို့ မဖြူဘူး
သွားကြားထိုးတံနဲ့ ပွတ်မှ ကွမ်းဂျိုးတွေ ပျောက်တယ်

မမဖြိုးက ကွမ်းမစားဖို့ပြောတာ တော်တော်ကြာနေပြီ
ညတုန်းက အမေကပါ ကွမ်းမစားဖို့ နဲ့ ကွမ်းအစားများရင် လေနာရောဂါ စွမယ်လို့ ခြောက်ပြန်ရော

ကဲ …အဲဒါနဲ့ ဒီနေ့မနက် ကွမ်းယာဆိုင်မှာ မနက်စာစားပြီးတိုင်းမှာနေကျ ၅၀၀ဖိုးမမှာတော့ပဲ နေကြည့်တာ အဆင်ပြေနေတာပဲ

ကျန်းမာရေးအခြေအနေ တော်တော်ဆိုးဆိုးဖြစ်ပြီးကတည်းက ဖြတ်လက်စ ဆေးလိပ်ကို ဝေးဝေးရှောင်တာ အခုဆို မနံ့ပါ မခံနိုင်တော့ဘူး
အခု ကွမ်းယာလည်း နည်းနည်းချင်း မစားရာကနေ ဝေးဝေးရှောင်ဖြစ်မယ်ထင်ပါတယ်

ကျန်းမာရေးကောငါးတာထက် အမေနဲ့မမဖြိုးကို ဝမ်းသာစေချင်တာလည်းပါတာပေါ့

ကျန်းမာခြင်းသည်သာလျှင် ချမ်းသာခြင်း အစစ်အမှန်ဖြစ်ပါတယ်

မင်းဇေယျ (က်ိုးတောင်ကျား)

အုံးကျွန်းလေ ဘယ်က ကော်ပီရိုက် မ်ိတာတုန်းစိတ်ဓာတ်ပဲ…
12/12/2023

အုံးကျွန်းလေ ဘယ်က ကော်ပီရိုက် မ်ိတာတုန်း

စိတ်ဓာတ်ပဲ…

ဒါ စော်ကားတာကာယကံရှင်ရဲ့ အကြောင်းကို သေချာမသိပဲရေးလို့
11/12/2023

ဒါ စော်ကားတာ
ကာယကံရှင်ရဲ့ အကြောင်းကို သေချာမသိပဲရေးလို့

ကိုးယောက်ပဲ မြင်ရင်တော့ မျက်လုံး စစ်သင့်ပြီ 🤣
11/12/2023

ကိုးယောက်ပဲ မြင်ရင်တော့ မျက်လုံး စစ်သင့်ပြီ 🤣

ကိုယ့်ရဲ့အရှေ့မှာ အစီး၁၀၀ မကပါ……
10/12/2023

ကိုယ့်ရဲ့အရှေ့မှာ အစီး၁၀၀ မကပါ……

ငါ့အလှည့်ရောက်မှ ဆီမကုန်ပါစေနဲ့ 🙏😂😅
10/12/2023

ငါ့အလှည့်ရောက်မှ ဆီမကုန်ပါစေနဲ့ 🙏😂😅

07/12/2023

ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်
ဝဠ်ဆိုတာ ဘဝမကူးပါ
သံသရာမှာလည်နေသရွေ့ ဝဠ်ကြွေးတွေနဲ့ ရှင်သန်နေရမယ်
သူများအသက်မသတ်ဘူးပြောပြီး သူများအသားစားနေသရွေ့တော့ အကုသိုလ်အကြောင်း လာမပြောနဲ့
ဆံပင်ပါတာကော ဆံပင်မပါတာကောကို ပြောတာ

- YGN

ကိုယ့်ကိုယ်ပိုင်သီချင်းတွေပဲ လူသိအောင် အရင်ကြိုးစားပါမယ်ကျွန်တော် အဆိုတော်ဖြစ်ချင်တာ ကျွန်တော့်ကိုယ်ပိုင်သီချင်းတွေ ဆိုပ...
07/12/2023

ကိုယ့်ကိုယ်ပိုင်သီချင်းတွေပဲ လူသိအောင် အရင်ကြိုးစားပါမယ်
ကျွန်တော် အဆိုတော်ဖြစ်ချင်တာ ကျွန်တော့်ကိုယ်ပိုင်သီချင်းတွေ ဆိုပြချင်လို့ပါ
Cele ဆိုတာထက် Artist တစ်ယောက်ပဲ ဖြစ်ချင်ခဲ့ပါတယ်

07/12/2023

ဆီကိစ္စကို UN ဝင်ပါနေပြီ
သတင်းက comment မှာရှိုး

👇👇👇

မနက်ဖြန် ကားမောင်းဖို့ဆီမရှိရင် ဘယ်လိုလုပ်ကြမလည်း
06/12/2023

မနက်ဖြန် ကားမောင်းဖို့ဆီမရှိရင် ဘယ်လိုလုပ်ကြမလည်း

လူတစ်ချို့က ငွေကြေးအတွက် အချိန်ကုန်တယ်ငွေကြေးချမ်းသာပေမယ့် မိသားစုအငွေ့အသက်ကို ပြည့်ပြည့်ဝဝ မခံစားရဘူး ၊ မိတ်ဆွေအပေါင်းအ...
05/12/2023

လူတစ်ချို့က ငွေကြေးအတွက် အချိန်ကုန်တယ်
ငွေကြေးချမ်းသာပေမယ့် မိသားစုအငွေ့အသက်ကို ပြည့်ပြည့်ဝဝ မခံစားရဘူး ၊ မိတ်ဆွေအပေါင်းအသင်း အသိုင်းအဝိုင်းနည်းတယ်
ငွေကြေးချမ်းသာတော့ သားသမီးတွေကို ပြည့်ပြည့်စုံစုံထားနိုင်တယ် ၊ ပညာကောင်းကောင်းသင်ပေးနိုင်တယ်
အသက်တွေကြီးလို့အလုပ်မလုပ်နိုင်တော့တဲ့အခါ သားသမီးတွေလည်းပညာစုံလို့ စီးပွါးရေးတေါနဲ့ လုံးပန်းပြီး မိဘတွေနဲ့ဝေး ၊ မိတ်ဆွေလည်းရှားတော့ စုထားဆောင်းထားတဲ့ ပိုက်ဆံတွေရှိပေမယ့် အထီးကျန်မှူတွေနဲ့ ပေါင်းသင်းနေထိုင်ရတယ်

လူတစ်ချို့ကတော့ မိသားစုနဲ့အချိန်ကုန်တယ် ၊ မိတ်ဆွေတွေနဲ့ အချိန်ကုန်တယ်
မိသားစုအ​ငွေ့အသက် အပြည့်အဝရတယ် ၊ အပေါင်းအသင်းမိတ်ဆွေများပေမယ့် ငွေကြေးမပြည့်စုံဘူး
သားသမီးတွေလည်း ပုံမှန်ပဲ ပံ့ပ်ိုးနိုင်မယ် ၊ ပြည့်စုံအောင်မထားနိုင်ကြဘူး
အသက်တွေကြီးလို့အလုပ်တွေမလုပ်နိုင်တဲ့အခါမှာတော့ တစ်သက်လုံး နွေးနွေးထွေးထွေးနေခဲ့တဲ့ သားသမီးတွေနဲ့ အတူတူရှိမယ် ၊ မိတ်ဆွေအသိုင်းအဝိုင်းတွေနဲ့ အတူရှိမယ် ပိုက်ဆံမရှိပေမယ့် အထီးမကျန်ဘူး

ဒီလိုပါပဲ လောကမှာ အရာအားလုံးပြည့်စုံတဲ့ လူတွေကရှားပါတယ်

မင်းဇေယျ (ကိုးတောင်ကျား)

အလှူအိမ်သွား မလို့ 😅
05/12/2023

အလှူအိမ်သွား မလို့ 😅

လက်ဖက်ရည်ဆိုင်က ပိုင်ရှင်အစ်ကိုရေကျွန်တော် ကလေးနှစ်ယောက်အဖေပါဗျစာကြွင်း/လူပျိုကြီးလားလို့ လာမေးနေလို့ မမဖြိုးသိ​အောင်ဖြေ...
30/11/2023

လက်ဖက်ရည်ဆိုင်က ပိုင်ရှင်အစ်ကိုရေ
ကျွန်တော် ကလေးနှစ်ယောက်အဖေပါဗျ

စာကြွင်း/
လူပျိုကြီးလားလို့ လာမေးနေလို့ မမဖြိုးသိ​အောင်ဖြေလိုက်တာပါ

🤣😂😅

30/11/2023

တစ်ချို့ စိန်နားကပ်ရောင်နဲ့ ပါးပြောင်တဲ့ဘဲတွေရဲ့ သောက်ခွက်တွေက block တာနဲ့ပဲတန်တယ်

28/11/2023

DJ style လေးနဲ့ ပံ့သကူ သီချင်းလေး တစ်ပုဒ်လောက်ရေးလိုက်လေ
နောက်နှစ်ဆို မဏ္ဍပ်ထိုးပြီး ညနေကတည်းက တစ်ညလုံးကကြတော့မှာ မြင်ယောင်နေတယ်

ပေါက်မှာအသေအချာပဲ 😁

28/11/2023

ပံ့သကူဆိုပြီး မရောင်းရတဲ့အခွေတွေ လိုက်ကြဲလိုက်ရင် ကောင်းသားကွာ
မဟုတ်လည်း အိမ်မှာရှုပ်နေတာ
😁

27/11/2023

ပံ့သကူနဲ့ အလှူခံတာနဲ့ မကွဲပြားဘူးလား ညီ၄၀၀

Address

Nilar Street
Yangon
123456

Telephone

+95943029990

Website

Alerts

Be the first to know and let us send you an email when Dagon Music Studio - DMS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dagon Music Studio - DMS:

Share

Category


Other Record Labels in Yangon

Show All