Connect Burma

Connect Burma An independent, non-profit media outlet founded in July 2019, is dedicated to delivering fresh local, regional, and global news articles in Burmese daily.

Connect Burma, an independent, non-profit media outlet founded in July 2019, is dedicated to delivering fresh local, regional, and global news articles in Burmese on a daily basis. Its central themes include critiquing unfair systems, institutions, social structures, and political agencies based on various intersecting factors such as class, identity, gender, race, religion, region, species, statu

s, position, sexuality, and language. Connect Burma’s primary media content includes daily news, critical analyses, articles, translations, interviews, essays, book reviews, documentaries, and conceptual introduction notes.

ကျုံဒိုးမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် ၁ဦးသေဆုံးပြီး ၁ဦးဒါဏ်ရာရConnect Burma | ဖေဖော်ဝါရီ ၃ကရင်ပြည်နယ်၊ က...
03/02/2025

ကျုံဒိုးမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် ၁ဦးသေဆုံးပြီး ၁ဦးဒါဏ်ရာရ

Connect Burma | ဖေဖော်ဝါရီ ၃

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ လောင်းကိုင်ကျေးရွာအုပ်စု၊ ဖားကျ ကျေးရွာ အတွင်း အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၁ဦးသေဆုံးပြီး ၁ဦး ဒါဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNUထံက သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့ မွန်းလွဲ ၂နာရီ ဝန်းကျင်အချိန်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖားကျ ကျေးရွာ အတွင်း စစ်တပ်က ၁၀၇မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးကျည်ကျေးရွာတွင်း ရော်ဘာခြံထဲ ကျရောက်ပေါက်ကွဲခဲ့လို့ ခြံထဲ အလုပ်လုပ်နေတဲ့ အသက် ၁၂ အရွယ် ကျောင်းသား တဦး ထိမှန်ဒဏ်ရာ ရခဲ့ပြီး အသက် ၂၀ အရွယ် အမျိုးသမီးတဦး လက်နက်ကြီး တုန်ခါမှုကြောင့် နှလုံး ဖောက်ကာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုပစ်ခတ်တာကို စစ်ကောင်စီတပ် စကခ ၁၂ လက်အောက်ခံ တပ်သစ်အမြှောက်ကုန်းက ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရော်ဘာခြံနဲ့ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရှိရပါတယ်။

ဓါတ်ပုံ - KNU သတင်းပြန်ကြားရေး

အောင်ဆန်းတက္ကသိုလ် ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် NUG ပညာရေးဝန်ကြီးဌာန အပြင်းအထန်ရှုတ်ချ Connect Burma ၊ ဖေဖော်ဝါရီ ၂မကွေး...
02/02/2025

အောင်ဆန်းတက္ကသိုလ် ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် NUG ပညာရေးဝန်ကြီးဌာန အပြင်းအထန်ရှုတ်ချ

Connect Burma ၊ ဖေဖော်ဝါရီ ၂

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက NUGအစိုးရ ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ အောင်ဆန်းဘာသာရပ်စုံ တက္ကသိုလ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက အပြင်းအထန်ရှုတ်ချတယ်လို့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ရက်နေ့ မနက်အစောပိုင်း ၁နာရီခန့်နဲ့ ညနေ ၅နာရီခွဲ အချိန်ခန့်မှာ မြိုင်မြို့နယ်အတွင်းက အောင်ဆန်းဘာသာရပ်စုံတက္ကသိုလ်ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ၈ကြိမ်ထပ်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အခုလို စာသင်ကြားသင်ယူနေကြတဲ့ အပြစ်မဲ့ ပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ NUGအစိုးရက ဆိုပါတယ်။

ဒီဗုံးကြဲမှုအတွင်း ထိခိုက်သေဆုံးကြသူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ ဝမ်းနည်းကြေကွဲကြောင်းလည်း NUGအစိုးရ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း အသက် ၂၀နှစ် အရွယ် ယောဒေသခံ မြန်မာစာ ပထမနှစ်ကျောင်းသူ မမေမြတ်နိုးပွင့် သေဆုံးခဲ့ပြီး CDM ပါမောက္ခ ၁ ဦး၊ ကျောင်းသားကျောင်းသူ ၂ဦးနဲ့ အရပ်သား၁ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အောင်ဆန်းဘာသာရပ်စုံတက္ကသိုလ် ယာယီအဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဆိုပါတက္ကသိုလ် ဖွင့်ပွဲကို ဇန်နဝါရီလ ၃၀ရက် မနက်ပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားချိန် အခုလို ဗုံးကြဲတိုက်ခိုက်ခံလိုက်ရတာကြောင့် ကျောင်းဖွင့်ပွဲ ရပ်ဆိုင်းခဲ့ရကာ အနီးအနားကျေးရွာတွေက ဒေသခံတွေ လည်း ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရတယ်လို့ သိရှိရပါတယ်။

စစ်အာဏာသိမ်းမှု ၄နှစ်တာကလအတွင်း အာဏာသိမ်းစစ်တပ်နဲ့ လက်ပါးစေတွေကြောင့် အရပ်သား ၆၂၀၀ကျော်သေဆုံးConnect Burma ၊ ဖေဖော်ဝါရီ ...
02/02/2025

စစ်အာဏာသိမ်းမှု ၄နှစ်တာကလအတွင်း အာဏာသိမ်းစစ်တပ်နဲ့ လက်ပါးစေတွေကြောင့် အရပ်သား ၆၂၀၀ကျော်သေဆုံး

Connect Burma ၊ ဖေဖော်ဝါရီ ၂

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကစလို့ ယခု ၂၀၂၅ ဇန်နဝါရီလ ၃၁ရက်နေ့အထိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းမှု ၄နှစ်တာကာလအတွင်း အာဏာသိမ်းစစ်တပ်နဲ့ လက်ပါးစေတွေကြောင့် အရပ်သားပြည်သူ ၆၂၃၉ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးအဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း - AAPPက ကောက်ယူမှတ်တမ်းတင်ထားတဲ့ အဖမ်းအဆီးနဲ့ သေဆုံးအချက်အလက် ဖော်ပြချက်တွေထဲက စာရင်းထုတ်ထားတာလို့ ဆိုပါတယ်။

ဒီသေဆုံးသူ ၆၂၀၀ကျော်ဟာ AAPPက အတည်ပြုထားနိုင်တဲ့ စာရင်းသာဖြစ်ပြီး ထပ်မံ အတည်ပြုရမယ့် သေဆုံးသူအရေအတွက် ၃၀၀၀ ဝန်းကျင်လည်း ရှိသေးတယ်လို့ AAPPက ဆိုပါတယ်။

စစ်တပ်နဲ့ လက်ပါးစေတွေကြောင့် သေဆုံးသွားရသူတွေထဲမှာ ကလေးသူငယ် ၇၁၄ဦးပါဝင်ပြီး အမျိုးသမီးတွေကတော့ ၁၃၉၇ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီသေဆုံးသူစာရင်းထဲမှာ ၁၉၉၀ဦးဟာ စစ်တပ်နဲ့ လက်ပါးစေတွေရဲ့ ဖမ်းဆီးခံရပြီးနောက်မှ သတ်ဖြတ်ခံရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၄နှစ်တာအတွင်း အဖမ်းခံရသူ ၂၈၄၄၄ဦး ရှိခဲ့တယ်လို့လည်း AAPPရဲ့ စာရင်းတွေအရ သိရှိရပါတယ်။

ဓါတ်ပံ - စစ်အာဏာသိမ်းကာလအစ ပဲခူးမြို့မှာ ဆန္ဒပြချိန် စစ်တပ်က ပစ်သတ်လိုက်သော လူငယ်တဦး ဈာပန (ပုံဟောင်း)

မြန်မာ နယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို လျှပ်စစ်မီးဖြတ်တောက်ရာမှာ အိမ်သုံးလျှပ်စစ် အသုံးပြုသူတွေကို မထိခိုက်ဖို့လို...
02/02/2025

မြန်မာ နယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို လျှပ်စစ်မီးဖြတ်တောက်ရာမှာ အိမ်သုံးလျှပ်စစ် အသုံးပြုသူတွေကို မထိခိုက်ဖို့လိုအပ်ကြောင်း ထိုင်းပြည်ထဲရေးအတွင်းဝန်ပြော

Connect Burma ၊ ဖေဖော်ဝါရီ ၂

မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်လုပ်ငန်း)တွေကို လျှပ်စစ်မီးဖြတ်တောက်ရမှာ မှန်သော်လည်း သာမန်သုံးစွဲမှုအတွက်လျှပ်စစ်မီးရယူထားတဲ့ အိမ်ထောင်စုတွေ နဲ့ စီးပွားရေးလုပ်ငန်းတွေ ကို မထိခိုက်ဖို့ လိုအပ်တယ်လို့ ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနအတွင်းဝန်ကပြောပါတယ်။

မြန်မာနိုင်ငံဘက်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ရဲ့ အချက်အလက်ရှိဖို့ လိုသလိုသာမန်သုံးစွဲသူတွေ ဘယ်လောက် ရှိနေလဲဆိုတာ သိဖို့ လိုအပ်လည်း ပြည်ထဲရေးဝန်ကြီးဌာနကပြောပါတယ်။

ထိုင်း - မြန်မာ နယ်စပ် မြန်မာပိုင်နယ်နိမိတ်တွေ မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ထိုင်းအစိုးရ က လျှပ်စစ်မီးပေးထားတယ်လို့ ဝေဖန်ခံရပြီး ပြည်ထဲရေး ဝန်ကြီးဌာနကခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေက ထိုင်းနိုင်ငံက လျှပ်စစ်မီးရယူသုံးစွဲနေတာသိရှိပါက ချက်ချင်းဖြတ်တောက် ဖို့ လိုသလို သာမန် သုံးစွဲသူတွေ မထိခိုက်မယ့် နည်းလမ်း အမြန်ဆုံးရှာကြဖို့ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် အန်ဆစ် စန်ဖန်ထရတ် က ပြောပါတယ်။

“ အိမ်နီးချင်းနိုင်ငံကို လျှပ်စစ်မီးပေးထားတာနဲ့ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာ ကဏ္ဍတစ်ခုတည်းကိုပဲ ပြောနေလို့ မရပါဘူး လူသားချင်းစာနာမှုဆိုင်ရာ ရှုထောင့်ဘက်ကိုလည်း ပြန်ကြည့်ရပါမယ်” လို့ ထိုင်းပြည်ထဲရေး ဝန်ကြီးဌာန အတွင်းဝန် မစ္စတာ အန်ဆစ် က ပြောပါတယ်။

ထိုင်း အစိုးရ ဟာ မြန်မာဘက်ခြမ်းနယ်မြေ ငါးခုကို လျှပ်စစ်မီးဖြန့်ဝေးပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်ကလည်း မြန်မာနယ်စပ်က ကျားဖြန့် လုပ်ငန်းတွေကို အိမ်နီးချင်းနိုင်ငံ လျှပ်စစ်မီးပေးနေတယ်လို့ ပြောဆိုခဲ့ပြီးနောက်မှာ ထိုင်းအစိုးရအဖွဲ့အတွင်း မြန်မာ နယ်စပ်ကို လျှပ်စစ်မီးပေးဝေရေး ကိစ္စတွေ အငြင်းပွားမှုဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းတွေကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးဖြန့်ဝေ ပေးနေတာကို ချက်ချင်းဖြတ်တောက်ဖို့ ထိုင်းအတိုက်အခံ People's Party က အမတ် ရန်ဆီမန် ရုမ်း ကတိုက်တွန်းပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ် ဇွန်လမှာတော့ ထိုင်းအစိုးရ ဟာ မြန်မာနယ်စပ် က နာမည်ကျော် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တည်ရှိရာ ရွှေကုက္ကိုလ်မြို့ကနေရာတချို့ကို လျှပ်စစ်မီးဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။

ကိုးကား - ဘန်ကောက်ပို့စ်



ပုံစာ - ထိုင်းနိုင်ငံဘက်က မြန်မာနယ်စပ်ကို လျှပ်စစ်မီးသွယ်တန်းထားပုံ

နမ္မတူ၊ နမ့်ခမ်းနဲ့ မိုးကုတ်မြို့နယ်တွေမှာ တလအတွင်း မီးလောင်မှု ၃ကြိမ်ဖြစ်ပွားပြီး ငွေကျပ် သိန်း၂၀၀နီးပါး ပျက်ဆီးဆုံးရှု...
02/02/2025

နမ္မတူ၊ နမ့်ခမ်းနဲ့ မိုးကုတ်မြို့နယ်တွေမှာ တလအတွင်း မီးလောင်မှု ၃ကြိမ်ဖြစ်ပွားပြီး ငွေကျပ် သိန်း၂၀၀နီးပါး ပျက်ဆီးဆုံးရှုံး

Connect Burma ၊ ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူ၊ နမ့်ခမ်းနဲ့ မန္တလေးတိုင်း ၊ မိုးကုတ်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက တလအတွင်း မီးလောင်မှု ၃ကြိမ်ဖြစ်ပွားခဲ့ပြီး ပစ္စည်းဥစ္စာ ပျက်ဆီးဆုံးရှုံးမှု ကာလတန်ဘိုး ငွေကျပ် သိန်း ၁၉၆သိန်းအထိ ဆုံးရှုံးသွားခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ရက်နေ့က နမ့်ခမ်းမြို့နယ်အတွင်းက နမ့်စိတ်ကျေးရွာမှာ နာရေးသွားရောက်စဉ် နေအိမ်ဝါယာရှော့ခ် ဖြစ်ခဲ့တာကြောင့် မီးလောင်မှုဖြစ်ခဲ့ပြီး နေအိမ်အတွင်းက ပစ္စည်းဥစ္စာတွေ၊ ဖုန်းနဲ့ ဆန်စပါးအပါအဝင် ကျပ်သိန်း ၅၀ကျော်ဖိုး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူဘဲ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ မင်းတံတားရပ်ကွက်အတွင်းက နေအိမ်တလုံး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ရက်နေ့က မီးဖိုဆောင်ကနေ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး နေအိမ်ပြာကျပျက်စီးသွားလို့ ကာလတန်ဘိုး ကျပ်၁၂၅သိန်းကျော် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

နမ္မတူမြို့နယ်အတွင်းက ခိုဖိတ်ကျေးရွာမှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၄ရက် ညပိုင်းက ဘုရားကျောင်းဆောင်ပေါ် မီးပူဇော်ထားရာကနေ မီးကူးစက်လောင်ကျွမ်းခဲ့လို့ အိမ်သုံးပစ္စည်းတွေနဲ့ ဆန်စပါးအပါအဝင် ကာလတန်ဘိုး ငွေကျပ် ၂၁သိန်းကျော်ဖိုး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီမီးလောင်မှုတွေကို TNLA မီးသတ်တပ်ဖွဲ့က မီးသတ်ကား ၂စီးနဲ့ ပြည်သူတွေ ဝိုင်းဝန်း မီးငြိမ်းသတ်ပေးခဲ့ရတယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။

နမ္မတူ၊ နမ့်ခမ်းနဲ့ မိုးကုတ်မြို့နယ်တွေဟာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး / တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။

ထရမ့်အစိုးရက နိုင်ငံတကာအကူအညီတွေရပ်ဆိုင်းပြီးနောက် USAID ဝက်ဘ်ဆိုက်ပါ အော့ဖ်လိုင်းဖြစ်သွား Connect Burma ၊ ဖေဖော်ဝါရီ ၂ ...
02/02/2025

ထရမ့်အစိုးရက နိုင်ငံတကာအကူအညီတွေရပ်ဆိုင်းပြီးနောက် USAID ဝက်ဘ်ဆိုက်ပါ အော့ဖ်လိုင်းဖြစ်သွား

Connect Burma ၊ ဖေဖော်ဝါရီ ၂

အမေရိကန်ပြည်ထောင်စုက ကမ္ဘာတစ်ဝန်းကနိုင်ငံတွေကို ထောက်ပံ့နေတဲ့ အကူအညီတွေကို သမ္မတ ဒေါ်နယ်ထရမ့် အမိန့်နဲ့ ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ USAID ဝက်ဘ်ဆိုက်ပါ အော့ဖ်လိုင်းဖြစ်သွားပြီ လို့ AP သတင်းမှာဖော်ပြထားပါတယ်။

ထရမ့်အစိုးရ က USAID ကတဆင့်ပေးအပ်နေတဲ့ နိုင်ငံတကာ အကူအညီတွေကို ရက်ပေါင်း ၉၀ သာရပ်နားထားမယ်လို့ ပြောပေမယ့် လတ်တလောမှာတော့ USAID ဝက်ဘ်ဆိုက်ပါ အွန်လိုင်းမှာ မတွေ့ရတော့ ဘူးလို့ AP သတင်းကဆိုပါတယ်။

စနေနေ့က စလို့ USAIDက သူတို့ရဲ့ ဝဘ်ဆိုက်ကို တစ်စုံတစ်ရာ ရှင်းလင်းပြောကြားတာမရှိဘဲ အော့ဖ်လိုင်း လုပ်သွားတာဖြစ်တယ်လို့သိရပါတယ်။

ဒေါ်နယ်ထရမ့်အစိုးရ က နိုင်ငံတကာ အကူအညီတွေ ရပ်ဆိုင်းလိုက်ပြီး ကမ္ဘာတစ်ဝန်းက ဖွံဖြိုးရေးလုပ်ငန်းတွေ ၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီ အများအပြား လုပ်ငန်းရပ်နားတာ တွေနဲ့ ထောင် နဲ့ ချီတဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးနေချိန်မှာ USAID ဝက်ဘ်ဆိုက်ပါ အော့ဖ်လိုင်း လုပ်သွားတာလို့ AP က ဖော်ပြပါတယ်။

USAID ဝဘ်ဆိုက်ဖြုတ်ချပြီးလို့ နာရီပိုင်းအကြာမှာပဲ ထရမ့်ကို USAID ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်း ရေးအကြံပေးခဲ့တဲ့ အမေရိကန် ခရိုနီ အီလွန်မက် က “ အမိန့်တော်အတိုင်း အသက်ရှင်ရမှာဖြစ်သလို အမိန့်တော်အတိုင်း ပဲ သေရမယ်” လို့ သူ့ရဲ့ X စာမျက်နှာရေးသားခဲ့ပါတယ်။

ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ခရစ်(စ်)မာဖီ ကတော့ ထရမ့်အနေနဲ့ လွှတ်တော်ကပြဌာန်းထားတဲ့ ဥပဒေတွေ လိုက်လံတားဆီးနေဖို့ အခွင့်အာဏာမရှိဘူးလို့ ပြောဆိုခဲ့ပြီး သူကို အခြေခံဥပဒေပါပြဌာန်းချက်တွေ နဲ့ ထိန်းချုပ်ကိုင်တွယ်ဖို့ နှစ်ဆ တိုးမြင့်လုပ်ဆောင်ရတော့မယ်လို့ ပြောကြားခဲ့ပါတယ်။

“ ထရမ့်လုပ်နေတာ ရှင်းရှင်းလေးပါ သူ့အနီးအနား က ဘီလီယံနာ သူဌေးကြီးတွေ ကြွယ်ဝချမ်းသာဖို့ အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံတွေကိုဘယ်သူ့မျက်နှာမှမကြည့်ဘဲ ခိုးယူချင်နေတာပါ ။ဒါပါပဲ”လို့ ခရစ်(စ်)မာဖီ ပြေကြားခဲ့ပါတယ်။

ဒီမိုကရက် ပါတီလွှတ်တော်အမတ်တွေကတော့ ထရမ့်အစိုးရ သီးခြားလွတ်လပ်တဲ့ အကူအညီပေးရေး အေဂျင်စီ USAID ကို အဆုံးသတ်ဖို့ပြင်နေတယ်လို့ ဝေဖန်ထားပါတယ်။

ကွန်ဂရက်လွှတ်တော်က ထောက်ပံ့ထားတဲ့ အမှီအခိုကင်းတဲ့ အေဂျင်စီကို ဖယ်ရှားပစ်ဖို့ ထရမ့်မှာ အခွင့်အာဏာမရှိဘူးလို့ ဒီမိုကရက်တွေက ပြောကြပြီး USAID ရဲ့ လုပ်ငန်းတွေ က အမျိုးသားလုံခြုံရေးအတွက် အရေးကြီးတယ်လို့ ပြောပါတယ်။

ထရမ့် နဲ့ ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေကတော့ နိုင်ငံခြားအကူအညီ နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အများစုဟာ ထိရောက်မှုမရှိဘဲ ဖြုန်းတီးနေတာသာဖြစ်တယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဟာ လက်ရှိအချိန်အထိ ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ဖြစ်နေပေမယ့် သူတို့ ရဲ့ ကူညီမှုတွေဟာ ဖက်ဒရယ် အစိုးရ အသုံးစရိတ် ရဲ့ တစ် ရာခိုင်နှုန်းအောက်သာရှိတယ်လို့ ဝေဖန်သူတွေ ကပြောဆိုနေကြပါတယ်။

လက်ရှိမှာတော့ ထရမ့် အစိုးရဟာ အဲ့ဒီအကူအညီတွေကို ရပ်တန့်ပစ်လိုက်တာဖြစ်ပါတယ်။

AP သတင်းဌာန အနေနဲ့ အိမ်ဖြူတော် တာဝန်ရှိသူတွေကို USAID ကိုအပြီးတိုင် ရပ်တန့်ဖို့ရှိသလားမေး မြန်းရာတော့ မှတ်ချက်ပေးပြောကြားတာမရှိဘူးလို့ ရေးသားထားပါတယ်။

အမေရိကန် သမ္မတ ဂျွန်အက်ဖ်ကနေဒီလက်ထက်၊ စစ်အေးတိုက်ပွဲ ကာလအတွင်း ကမ္ဘာနိုင်ငံတွေကို ဆိုဗီယက်အစိုးရ သြဇာလွှမ်းမိုးလာမှာကို တန်ပြန်လုပ်ဆောင်အနေနဲ့ USAID ကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန် ကွန်ဂရက်လွှတ်တော်ဟာ ၁၉၆၁ ခုနှစ်မှာ နိုင်ငံခြားအကူအညီပေးရေးအက်ဥပဒေကို အတည်ပြုခဲ့ပြီး သမ္မတ ကနေဒီ က USAID ဟာ သီးခြားလွတ်လပ်တဲ့ အကူအညီပေးရေး အဖွဲ့ သာဖြစ်စေရမယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကိုးကား - AP

02/02/2025

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ ယူကေနိုင်ငံခြားရေးဝန်ကြီး တောင်းဆို (ဗီဒီယို)

Connect Burma ၊ ဖေဖော်ဝါရီ ၂

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ ယူကေနိုင်ငံခြားရေးဝန်ကြီး David Lammy က တောင်းဆိုလိုက်ပါတယ်။

ယူကေနိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံခြားရေး၀န်ကြီး David Lammy က မြန်မာနိုင်ငံ မှာ စစ်တပ်က အာဏာသိမ်းယူထားတာ လေးနှစ်ပြည်တဲ့ ဖေဖော်ဝါရီ လ ၁ ရက်မှာ အခုလို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ လေးနှစ်က မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး မြန်မာပြည်သူပြည်သားတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဆိုးဆိုးရွားရွားဖျက်စီးခဲ့ပါတယ်။အပြစ်မဲ့ အရပ်သားများအနေနဲ့ နေ့စဥ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်နှင့်ချီတဲ့ စစ်အာဏာရှင်ဆန့်ကျင်သူများဟာ နိုင်ငံရေးစွဲချက်များနဲ့ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။” လို့ ယူကေ နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

ဒီအဖြစ်အပျက်ဟာ လေးနှစ်ကြာခဲ့ပြီဖြစ်သော်လည်း ကျွန်တော်တို့ မေ့ပျောက်လို့ဘူးလို့လည်း David Lammy ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားသူများအားလုံးကို လွှတ်ပေးဖို့ တိုက်တွန်းပါတယ်။မြန်မာပြည်သူတွေအတွက် ထိုက်တန်တဲ့ ငြိမ်းချမ်းသော ဒီမိုကရေစီကို ဖော်ဆောင်ဖို့ တိုက်တွန်းပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အရင်းရှင်ကမ္ဘာက ကျူးကျော်အမှိုက်များ(ဉာဏ်မှတ်စု - ကောက်နှံ)ပြီးခဲ့တဲ့လက ရန်ကုန်က သူငယ်ချင်းနဲ့ အွန်လိုင်းကနေ စကားစမြည် ပ...
02/02/2025

အရင်းရှင်ကမ္ဘာက ကျူးကျော်အမှိုက်များ

(ဉာဏ်မှတ်စု - ကောက်နှံ)

ပြီးခဲ့တဲ့လက ရန်ကုန်က သူငယ်ချင်းနဲ့ အွန်လိုင်းကနေ စကားစမြည် ပြောဖြစ်ကြတော့ သူအိမ်ထောင်ကျလို့ သူ့အမျိုးသားရှိရာ ရွှေပြည်သာဘက် လိုက်နေရာကနေ သုံးလေးလ အကြာမှာ မြို့ထဲဘက် ပြန်ရွှေ့လိုက်တယ်လို့ ဆိုတယ်။

အကြောင်းကတော့ ရန်ကုန်မြို့ အနောက်မြောက်ပိုင်း ရွှေပြည်သာမြို့နယ်က အမှိုက်တောင်ကြီးက ထွက်တဲ့ အနံ့ဆိုးကြောင့်ပါတဲ့။ ဒါတောင် သူတို့နေခဲ့တာက အမှိုက်တောင်နဲ့ ခပ်ဝေးဝေးပဲ။ အနံ့ဆိုးက လေနဲ့ အတူပါလာတာမို့ တခါတလေ မခံမရပ်နိုင်အောင် ဖြစ်လာတဲ့အခါ ပြတင်းတံခါးတွေ အလုံပိတ်ထားရတယ်သတဲ့။

သူဒီလို ပြောပြတဲ့အခါ ၂၀၂၃ က Frontier Myanmar က ဖော်ပြခဲ့တဲ့ “Hard to breath”: Myanmar communities forced to live among world’s trash ဆိုတဲ့ ဆောင်းပါးကို သတိရမိတယ်။ မနှစ်ကတည်းက ကမ္ဘာလုံးဆိုင်ရာ ပလက်စတစ်အမှိုက်တင်သွင်းမှုရဲ့ ဆိုးကျိုးတွေကို အောက်ခြေလူထုက အသံထုတ်ဖော် တားမြစ်ခဲ့ပေမဲ့ ဒီအသံတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ အုပ်စိုးသူလူတန်းစားက သိသိသာသာ မျက်ကွယ်ပြုထားကြဆဲဆိုတာကို ဒီနှစ်မှာ ပိုဆိုးလာတဲ့ သဘာဝဝန်းကျင်ဆိုင်ရာ ယိုယွင်းလာမှုတွေက သက်သေပြနေတာ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ ဆောင်းပါးထဲမှာ ချမ်းသာတဲ့ နိုင်ငံကြီးတွေက သူတို့ရဲ့အမှိုက်တွေကို ဆင်းရဲတဲ့ နိုင်ငံတွေမှာ လာပုံကြတာဖြစ်လို့ ဆင်းရဲနိုင်ငံတွေမှာ ဥတုရာသီကပ်ဘေးတွေ ဖြစ်ပေါ်ကြရတယ်ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြထားပါတယ်။

ဒီလို ပလတ်စတစ်အမှိုက်အရောင်းအဝယ်လုပ်ကြရမှာ ဆင်းရဲနိုင်ငံတွေရဲ့ အုပ်စိုးသူလူတန်းစားဆီကို ဝင်‌ငွေတချို့ ဝင်ကောင်းဝင်နိုင်ပေမယ့် ပလတ်စတစ် အမှိုက်တွေနဲ့ အမှိုက်အသယ်အပို့ လမ်းကြောင်းတွေမှာ အသုံးပြုရတဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကြောင့် ဂေဟစနစ်ပျက်စီးပြီး ဥတုရာသီဘေးဒဏ်တွေ ကြုံလာတဲ့အခါ အရင်ဆုံး ခါးစည်းခံကြရတာကတော့ ဆင်းရဲနိုင်ငံတွေရဲ့ အောက်ခြေလက်လုပ်လက်စား လူတန်းစားပဲ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ အနံ့ဆိုးကိစ္စပါ။ လေနဲ့အတူ ပါလာတဲ့ အနံ့ဆိုးတွေဟာ နေ့ရော ညပါ ကလေးလူကြီးမရွေး ခြောက်လှန့်လာပါတယ်။ ဒါ့အပြင် ဒေသခံလူထုအနေနဲ့ စဥ်းစားမယ်ဆိုရင် ရန်ကုန်က ထုတ်တဲ့ အမှိုက်ကို ရန်ကုန်လူထုက ခံစားရတယ်ဆိုရင်တောင် ပြဿနာ မရှိလှဘဲ တစ်ကမ္ဘာလုံးက ၊ အထူးသဖြင့် ချမ်းသာတဲ့ နိုင်ငံကြီးတွေက စွန့်ပစ်လိုက်တဲ့ အမှိုက်ပေါင်းစုက ထွက်တဲ့အနံ့အသက်တွေကို ဒေသခံတွေက ရှူရှိုက်နေရတဲ့အခါမှာတော့ အလွန်ကို မတရားတဲ့ အကြမ်းဖက်မှုတစ်ခုသာ ဖြစ်ပါတယ်။ ရန်ကုန်ကို ပို့နေတဲ့ အမှိုက် အများစုက UK၊ ပိုလန်နဲ့ ကနေဒါနိုင်ငံ အခြေစိုက်ကုမ္ပဏီကြီးတွေက လာကြပါတယ်။

၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ကမ္ဘာ့ဘဏ်ဥက္ကဌ လောရင့် ဆမ်းမား Lawrence Summers လက်မှတ်ထိုးထားတဲ့ ကုန်သွယ်မှုလွတ်လပ်ရေးဆိုင်ရာလျှို့ဝှက်မူကြမ်းဟာ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ပေါက်ကြားခဲ့ပါတယ်။ ဒီလျှို့ဝှက်မူကြမ်းထဲမှာ ဆမ်းမားဟာ မော်ဒန်ပလတ်စတစ်နဲ့ အဆိပ်အတောက်အမှိုက်တွေကို ဆင်းရဲတဲ့နိုင်ငံတွေဆီ တင်ပို့ပြီး အမှိုက်ကုန်သွယ်မှု ပြုလုပ်ဖို့ လောဆော်ထားပါတယ်။

သူ့အနေနဲ့ ကုန်ထုတ်လုပ်မှုကို အရှိန်အဟုန်နဲ့ တိုးထုတ်နိုင်ဖို့ နိုင်ငံကြီးတွေအနေနဲ့ ထွက်လာတဲ့ အဆိပ်အတောက်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေကို ဝင်ငွေနိမ့် နိုင်ငံတွေဆီ တင်ပို့လိုက်မယ်ဆိုရင် အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေအတွက် စီးပွားရေး ဆိုင်ရာ အကျိုးအမြတ်လည်း နှစ်ဆ ထွက်သွားမယ်လို့ အကြံပြုထားပါတယ်။

ပထမ တစ်ခုက အမှိုက်အတွက် စဥ်းစားစရာ အလုပ်ရှုပ်စရာ မလိုတော့ဘူး၊ အမှိုက်က ထွက်တဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကိုလည်း ရှောင်ရှားနိုင်မယ်။

ဒုတိယတစ်ချက်ကတော့ အနောက်အခြေစိုက် သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေးသမားတွေရဲ့ အပြစ်တင်မှုကိုလည်း ရှောင်ရှားနိုင်မယ်။ ဒါကြောင့် ဒီအချက်ဟာ မြောက်ကမ္ဘာခြမ်းအတွက် “win-win scenario” ဖြစ်မယ်လို့ ဆမ်းမားက စီးပွားရေးလုပ်ငန်းရှင်တွေကို အကြံပြုခဲ့တာပါ။

ဒီလို ချမ်းသာတဲ့ နိုင်ငံတွေက ကိုယ့်အကျိုးစီးပွားကိုသာ ဗဟိုပြု စဥ်းစားကြတဲ့ ကိစ္စဟာ ချမ်းသာတဲ့ လူတစ်စုက ဆင်းရဲသားတွေကို အနိုင်ကျင့်မှုဟာ သွေးအေးအကြမ်းဖက်မှု (Slow Violence) ဖြစ်တယ်လို့ ဂေဟဗေဒနဲ့ လူမှုတရားမျှတရေးရာ ပညာရှင် ဒေါက်တာ ရောဘ့်နစ်ဇင်က ၂၀၁၁ ခုနှစ်မှာ ဝေဖန်ထောက်ပြခဲ့ပါတယ်။

ပဋိပက္ခမျိုးစုံနဲ့ အာဏာရှင်မျိုးစုံရဲ့ ဖိနှိပ်မှုအောက်မှာ ပြားပြားဝပ်နေရတဲ့ တောင်ကမ္ဘာခြမ်းက ဒုက္ခပင်လယ်ဝေ နိုင်ငံငယ်တစ်ခုမှာ အဓိက လာရောက်စွန့်ပစ်ကြတဲ့ နိုင်ငံကြီးတွေကတော့ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံကြီးတွေ ဖြစ်လို့ နေပါတယ်။ ရန်ကုန်မြို့ရဲ့ ရွှေပြည်သာအမှိုက်ပုံဟာ ယူကေ၊ ကနေဒါနဲ့ ပိုလန်နိုင်ငံတို့က စွန့်ပစ်ပစ္စည်းတွေကို အများဆုံး လက်ခံထားရတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးအောက်မှာ အသံထုတ်ခွင့် မရကြတဲ့ ဒေသခံလူထုကို အခွင့်ကောင်းယူပြီး အမှိုက်စီးဆင်းမှုကတော့ အားကောင်းနေဆဲ ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးကို အမှိုက်တင်ပို့နေကြတဲ့ နိုင်ငံတွေကတော့ အထက်ပါ ၃ နိုင်ငံအပါအဝင် အမေရိကန်၊ ဂျပန်၊ မလေးရှား၊ တောင်ကိုရီးယား၊ သြစတျေးလျ၊ တရုတ်၊ စပိန် တို့လည်း ပါဝင်ကြတယ်လို့ Frontier Myanmar ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၁၇ ကနေ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကို ပလတ်စတစ်အမှိုက် အမေရိကန်ဒေါ်လာ သန်း ၇၀ ဖိုး တင်သွင်းထားတယ်လို့ ကုလသမဂ္ဂကုန်သွယ်ရေးအဖွဲ့ UN Comtrade က ထုတ်ပြန်ထားပါတယ်။

တရုတ်တစ်နိုင်ငံတည်းကပဲ ၂၀၁၇ ခုနှစ်က ပလတ်စတစ်အမှိုက် တန်ချိန် ၁၈၅၅ တန် မြန်မာကို တင်သွင်းခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ တန်ချိန် ၇၁၀၅၀ အထိ သိသိသာသာ မြင့်တက်ခဲ့တယ်လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

မည်သို့ဆိုစေ ပလက်စတစ်တွေကထွက်တဲ့ ဘေးထွက်ဆိုးကျိုးတွေက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ပလတ်စတစ် အမှိုက်တွေမီးရှို့ရာက ဓာတုပလတ်စတစ်အမှုန်တွေ polyvinyl chloride (PVC) plastic ဟာ လေထုထဲက တဆင့် အစားအစာ၊ ရေနဲ့ အခြားအသုံးအဆောင်တွေအထိပါ နေရာအနှံ့ပျံ့နှံ့လွယ်ပြီး အဆိပ်ငွေ့ဓာတ် ထုတ်ပေးနိုင်သလို ရင်သားကင်ဆာ အပါအဝင် အခြားသော ကင်ဆာရောဂါတွေပါ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

ဒီနေရာမှာ recycle သမားတွေရဲ့ အမြင်က တစ်မျိုးတစ်ဖုံ ဖြစ်နေပြန်တယ်။ သုံးပြီးပစ္စည်းတွေရနေ ပစ္စည်းအသစ်ပြန်လည်ပြုလုပ်ဖို့ ကြိုးစားကြသူ ရီဆိုက်ကယ်သမားတွေ ကတော့ ပစ္စည်းအဟောင်းတွေကို ဈေးချိုချိုနဲ့ ရယူပြီး ပစ္စည်းအသစ်တစ်ခုလုပ်နိုင်ရင် ငွေးကြေးအရတွက်ချေကိုက်တယ်လို့ မြင်နေကြပါတယ်။

ဒီလို အမြင်မျိုးကိုလည်း နီယိုလစ်ဘရယ်အရင်းရှင်စနစ်ကပဲ စနစ်တကျ လမ်းဖောက်ခဲ့ကြတာပါ။ ဒါမှသာ ဆင်းရဲတဲ့ နိုင်ငံတွေက ချမ်းသာတဲ့ လူတွေ သုံးစွဲပြီးသား စွန့်ပစ်ပစ္စည်းတွေကို လက်ခံလိုစိတ်ရှိမှာ ဖြစ်ပြီး နည်းပညာအခြေပြု ဖြေရှင်းနည်းတစ်ခု ထောက်ပံ့ပြီး ကယ်တင်ရှင်ပုံစံ နေရာဝင်ယူလိုက်တာ ဖြစ်ပါတယ်။ အထူးသဖြင့် ပလတ်စတစ်ကုမ္ပဏီတွေက ဒီနည်းလမ်းကို ဖြေရှင်းနည်းတစ်ခုအနေနဲ့ အဆိုပြုခဲ့ကြတာလို့ The Diplomat က ဆောင်းပါးမှာ ထောက်ပြထားပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး The Diplomat မှာ ဒီနှစ် မတ်လ ၁၃ ရက်နေ့က ဖော်ပြခဲ့တဲ့ “Time to End ‘Waste Colonialism’ Through a Global Plastics Treaty” ဆိုတဲ့ ဆောင်းပါးမှာလည်း ကမ္ဘာလုံးဆိုင်ရာ ပလတ်စတစ်ထုတ်လုပ်မှုဆိုင်ရာ သဘောတူညီချက်ကတဆင့် အမှိုက်အခြေပြုကိုလိုနီပြုမှုတွေ အကြောင်း ထောက်ပြခဲ့ပါသေးတယ်။

“မကြာသေးတဲ့ ဆယ်စုနှစ်အတွင်းမှာ ကမ္ဘာလုံးဆိုင်ရာ ပလတ်စတစ်အမှိုက် ထုတ်လုပ်ကုန်သွယ်မှုက သိသိသာသာ တိုးမြင့်သွားတယ်။ ဒီလို တင်ပို့မှုအများစုကို “plastic recycling” ဆိုတဲ့ ခေါင်းစဥ်အောက်က လုပ်ကိုင်နေတာ။ ဒီလို ဝင်ငွေမြင့်နိုင်ငံကြီးတွေက ဝင်ငွေနိမ့်ပြီး အမှိုက်တွေကို စနစ်တကျ စီမံဖို့ အခြေခံပစ္စည်းပစ္စယ စုံစုံလင်လင်မရှိတဲ့ နိုင်ငံတွေကို သူတို့အလွန်အကျွံသုံးစွဲထားသမျှ အကြွင်းအကျန်တွေ တင်ပို့နေတယ်ဆိုတာ သဘာဝဝန်းကျင်ဆိုင်ရာ လူမျိုးရေးခွဲခြားဖိနှိပ်မှု “environmental racism” လုပ်နေတာပဲ။ အထူးသဖြင့် စွန့်ပစ်ပစ္စည်းတွေကတဆင့် ကိုလိုနီပြုနေကြတဲ့ “Waste Colonialism” ပါပဲ” လို့ ဆောင်းပါးရှင် Mageswari Sangaralingam က ရှင်းပြထားပါတယ်။

ဒီနေရာမှာ ‌ဒေသခံတွေအနေနဲ့ အနောက်ရဲ့ မော်ဒန်ခေတ် recycling နည်းလမ်းတွေကို လက်လှမ်းမီဖို့၊ အသက်မွေးကျောင်းအနေနဲ့ အသုံးချဖို့ ဆိုတာ လက်တွေ့မကျသလို အမှိုက်တောင်က ထွက်တဲ့ ဆိုးရွားတဲ့ အကျိုးဆက်ကို ဒေသခံတွေအပေါ် မျက်နှာလွှဲခဲပစ် တင်ပေးလိုက်တာဟာ မတရားတဲ့လုပ်ရပ်၊ တရားမျှတမှု မရှိတဲ့ လုပ်ရပ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ဒီလို ကမ္ဘာလုံးဆိုင်ရာ အမှိုက်တွေ လက်ခံတဲ့အတွက်ကြောင့် နိုင်ငံတော် ဝင်ငွေရတယ်ဆိုပေမယ့် ဒေသခံအမြောက်အများရဲ့ ငွေကြေးနဲ့ ဝယ်ယူလို့ မရနိုင်တဲ့ နေ့စဥ်ဘဝအဖိုးတန် အခြေအနေတွေကတော့ တဖြည်းဖြည်း ဆုံးရှုံးပျောက်ကွယ်နေတာကို သတိပြုဖို့ လိုပါတယ်။

ရွှေပြည်သာက ကိုယ်ပိုင်အိမ်ကလေးကိုထားပြီး မြို့ထဲဘက်ကို ပြန်ပြောင်းလာတဲ့ သူငယ်ချင်းတို့ မိသားစုကြုံရသလို အမှိုက်ပုံက အနံ့ဆိုးကြောင့် ပြောင်းရွှေ့လိုက်ရသူတွေ၊ အခြားရွှေ့ပြောင်းရွှေ့ဖို့ မတတ်နိုင်တာကြောင့် ဖြစ်သမျှ ခါးစည်းခံစားနေကြရတဲ့ မိသားစုများစွာ၊ အဆိုးဆုံးကတော့ ကျန်းမာရေးထိသွားကြတဲ့ သားကောင်တစ်ဦးချင်းစီရဲ့ ဘဝတွေကို အဓိက လက်သည်တရားခံတွေကတော့ မသိကျိုးကျွန်ပြုနေကြဆဲ ဖြစ်ပါတယ်။

အချုပ်ဆိုရရင် ပလတ်စတစ်ဟာ စတင်ထုတ်လုပ်ချိန်ကနေ နောက်ဆုံးစွန့်ပစ်တဲ့အထိ ဂေဟစနစ်ကို အကျိုးမပြုတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ လူအပါအဝင် ကမ္ဘာပေါ်က အခြားသက်ရှိတွေရဲ့ ကျန်းမာရေးနဲ့ ရှင်သန်မှုကို ထိခိုက်စေတဲ့ ရန်သူဖြစ်သလို လူ့အခွင့်အရေးကို ချိုးဖောက်မှုလည်းဖြစ်ပါတယ်။

ချမ်းသာတဲ့ နိုင်ငံကြီးတွေရဲ့ လုပ်ငန်းရှင်တွေနဲ့ ဆင်းရဲပြီး ပဋိပက္ခထူပြောတဲ့ နိုင်ငံတွေရဲ့ အာဏာရှင် လက်တစ်ဆုပ်စာတို့ ကောင်းစားသထက် ကောင်းစားရေးအတွက် မြောက်များစွာသော ဆင်းရဲနိုင်ငံတွေရဲ့ လက်လုပ်လက်စားနင်းပြားလူတန်းစားက ပေးဆပ်နေရသရွေ့ လူမှုတရားမျှတမှု ပျောက်ဆုံးပြီး ကိုလိုနီပြု အနိုင်ကျင့် အကြမ်းဖက်မှု အားကောင်းနေဆဲ ဆိုတာ သက်သေပြနေတာပါပဲ။

ဒီနေရာမှာ ပလတ်စတစ်တိုက်ဖျက်ရေးအတွက် တာဝန်အရှိဆုံးက ကမ္ဘာလုံးဆိုင်ရာ နည်းပညာနဲ့ သတင်းအချက်အလက် လက်ဝါးကြီးအုပ်ထားပြီး ငွေကြေးအကျိုးအမြတ်မရပ်မနားရရှိဖို့ နိုင်ငံ‌ရေး-စီးပွားရေး တွဲဖက်ကစားနေကြတဲ့ အာဏာရှင်လူတစ်စုပဲ ဖြစ်ပါတယ်။ ဒီလို အရင်းအာဏာရှင်လူတစ်စု ကြိုးကိုင်ထားတဲ့ စနစ်တွေ၊ အစီအမံတွေနဲ့ လူမှုထောင်ချောက်တွေကို အရှိအတိုင်း ကြည့်မြင်သုံးသပ်ပြီး တားမြစ်နိုင်မှသာ သာတူညီမျှပြီး ညီညွတ်သာယာတဲ့ လူ့အဖွဲ့အစည်း တစ်ခုဆီ မျက်မှောက်ပြုနိုင်မှာ ဖြစ်ပါတယ်။

(ကောက်နှံ)

ကိုးကား

Frontier Myanmar. (10 Oct 2023). ‘Hard to breathe’: Myanmar communities forced to live among world’s trash.

Nixon, R. (2013). Slow violence and the environmentalism of the poor. Harvard University.

Sangaralingam, M. (13 March 2024). Time to End ‘Waste Colonialism’ Through a Global Plastics Treaty. The Diplomat.

#ဉာဏ်မှတ်စု

မြိတ်က လူငယ်အမျိုးသမီးတချို့ ကို စစ်မှုထမ်းစာရင်းသွင်းထားတယ်လို့ အကြောင်းကြားတနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၂မြိတ်မြို့ပေ...
02/02/2025

မြိတ်က လူငယ်အမျိုးသမီးတချို့ ကို စစ်မှုထမ်းစာရင်းသွင်းထားတယ်လို့ အကြောင်းကြား

တနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၂

မြိတ်မြို့ပေါ်မှာရှိတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် လူငယ်အမျိုးသမီးတချို့ကို စစ်မှုထမ်းဖို့စာရင်းသွင်းထားပြီးဖြစ်ကြောင်း ဖုန်းဆက် ပြောဆိုနေတာတွေရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလက မြိတ်မြိုပေါ် ရပ်ကွက်တွေမှာ အိမ်ထောင်စုစာရင်းကို အသစ်ထပ်မံကောက်ယူပြီနောက် အုပ်ထိန်းသူတချို့ ဖုန်းဆက်အကြောင်းကြားခံရတာပါ။

လွန်ခဲ့တဲ့သုံးရက်ခန့်က မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ဇေယျာသီရိ ၁ ရပ်ကွက်က အသက် ၂၀ ဝန်းကျင်အမျိုးသမီးတစ်ဦး စစ်မှုထမ်း စာရင်းသွင်းလိုက်ကြောင်း ရာအိမ်မှူးဖြစ်သူက ဖုန်းဆက်အကြောင်းကြားလာတယ်လို့ နီးစပ်သူက ဆိုပါတယ်။။

“အိမ်ထောင်စုစာရင်ကောက်သွားပြီး နာရီပိုင်းပဲကြာတယ်။ ဖုန်းဆက်လာပြီးတော့ ခင်ဗျားသမီးကို စစ်မှုထမ်းဖို့ စာရင်းထဲထည့်လိုက်ပြီလို့ပြောတယ်တဲ့။ ပြီး‌တော့ ဖုန်းချသွားတယ်” လို့ ကာယကံရှင် မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

မြိတ်တောင်နယ်မြေအပြင် မြို့ပေါ်က တခြားရပ်ကွက်တွေမှာလည်း အခုလိုမျိုးဖုန်းဆက်ပြီး ခေါ်ယူခံရတာတွေရှိနေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖုန်းဆက်အကြောင်းကြားခံရတဲ့ထဲမှာ ဆယ်တန်းကျူရှင်တက်နေတဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသား ကျောင်းသူတချို့လည်း ပါဝင်တယ်လို့ မြို့ခံဆရာမတစ်ဦးက ပြောပါတယ်။

အခေါ်ခံရတဲ့သူတချို့ မြို့ပေါ်ကနေ တိမ်းရှောင်နေကြတယ်လို့လည်း နီးစပ်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

“အချိန်မရွေးလာခေါ်နိုင်တယ်။ ဘယ်သူမှ အာမမခံနိုင်တဲ့ကိစ္စဖြစ်နေပြီ” လို့ မြိတ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မြိတ်မြို့ပေါ်ကရပ်ကွက်အများစုမှာ ပြီးခဲ့တဲ့မေလနောက်ဆုံးပတ်ကစလို့ အမျိုးသမီးတွေရဲ့ အချက်အလက်တွေကိုပါ ကောက်ယူတာတွေ ရှိခဲ့တာပါ။

စစ်ကောင်စီအသက်သွင်းထားတဲ့ စစ်မှုထမ်းဥပဒေမှာ အမျိုးသားတွေ အသက် ၁၈ နှစ်ကနေ ၃၅ နဲ့ အမျိုးသမီးတွေကို အသက် ၁၈ နှစ်ကနေ ၂၇ ထိ သတ်မှတ်ထားပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကြေညာပြီးချိန်ကစလို့ ဇန်နဝါရီလကုန်အထိ အပတ်စဥ် ၇ ခုအထိ အမျိုးသားတွေကို စစ်သင်တန်းပေးတာပြီးစီးခဲ့ပြီး ရှေ့တန်းစစ်မြေပြင်တွေကိုလည်း စေလွှတ်နေတာပါ။

လက်ရှိမှာ အမျိုးသား စစ်မှုထမ်း အပတ်စဥ် ၈ နဲ့ အပတ်စဥ် ၉ တွေကို သင်တန်းပေးနေပြီး နောက်လာမယ့်အပတ်စဥ်တွေမှာတော့ အမျိုးသမီးတွေ ပါလာနိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

တနင်္သာရီတိုင်းအတွင်း တခြားမြို့တွေမှာ အခုလိုအမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းသွင်းတာမျိုး မကြားရသေးဘူးလို့ မြို့ခံတွေက ဆိုပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို ထုတ်ပြန် ပြဋ္ဌာန်းလိုက်ပြီး အဲဒီဥပ‌ဒေအရ စစ်မှုထမ်းရမယ့် အမျိုးသမီး၊ အမျိုးသား ပြည်ပထွက်ခွင့် ပိတ်ပင်တာ အပါအဝင် အသေးစိတ်အချက်အလက်တွေကို ပြဋ္ဌာန်းထားပါတယ်။

The Tanintharyi Times

ပုံစာ - မြိတ်မြို့ပေါ်မှာ မီးဘေးကြိုတင်ကာကွယ်ရေးအစည်းအဝေးတစ်ခု မြင်ကွင်း။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ ယူကေနိုင်ငံခြားရေးဝန်ကြီး တောင်းဆို Connect Burma ၊ ဖ...
01/02/2025

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ ယူကေနိုင်ငံခြားရေးဝန်ကြီး တောင်းဆို

Connect Burma ၊ ဖေဖော်ဝါရီ ၁

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ ယူကေနိုင်ငံခြားရေးဝန်ကြီး David Lammy က တောင်းဆိုလိုက်ပါတယ်။

ယူကေနိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံခြားရေး၀န်ကြီး David Lammy က မြန်မာနိုင်ငံ မှာ စစ်တပ်က အာဏာသိမ်းယူထားတာ လေးနှစ်ပြည်တဲ့ ဖေဖော်ဝါရီ လ ၁ ရက်မှာ အခုလို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ လေးနှစ်က မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး မြန်မာပြည်သူပြည်သားတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဆိုးဆိုးရွားရွားဖျက်စီးခဲ့ပါတယ်။အပြစ်မဲ့ အရပ်သားများအနေနဲ့ နေ့စဥ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်နှင့်ချီတဲ့ စစ်အာဏာရှင်ဆန့်ကျင်သူများဟာ နိုင်ငံရေးစွဲချက်များနဲ့ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။” လို့ ယူကေ နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

ဒီအဖြစ်အပျက်ဟာ လေးနှစ်ကြာခဲ့ပြီဖြစ်သော်လည်း ကျွန်တော်တို့ မေ့ပျောက်လို့ဘူးလို့လည်း David Lammy ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားသူများအားလုံးကို လွှတ်ပေးဖို့ တိုက်တွန်းပါတယ်။မြန်မာပြည်သူတွေအတွက် ထိုက်တန်တဲ့ ငြိမ်းချမ်းသော ဒီမိုကရေစီကို ဖော်ဆောင်ဖို့ တိုက်တွန်းပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်း ၄ နှစ်ပြည့်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ တော်လှန်ရေးရဲဘော်တွေက ဓာတ်ပုံကမ်းပိန်း ပြုလုပ်Connect Burma ၊ ဖ...
01/02/2025

အာဏာသိမ်း ၄ နှစ်ပြည့်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ တော်လှန်ရေးရဲဘော်တွေက ဓာတ်ပုံကမ်းပိန်း ပြုလုပ်

Connect Burma ၊ ဖေဖော်ဝါရီ ၁

စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်တာကာလအတွင်း တော်လှန်ရေးမှာပါဝင်နေတဲ့ နိုင်ငံတစ်ဝန်းက ပြည်သူတွေနဲ့ ရဲဘော်တွေ၊ ထောင်တွင်း ဖိနှိပ်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျဉ်းသားအတွက် ဖေဖော်ဝါရီလ ၁ ရက်‌ဓာတ်ပုံကမ်းပိန်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံအကျဉ်းထောင် အသီးသီးမှာရှိသော တော်လှန်ရေးရဲဘော်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ ဖိနှိပ်ညှဥ်းပန်းခံနေမှုများကို ရပ်တန့်ပေးရန်နှင့် ခြွင်းချက်မရှိ နိုင်ငံရေးအကျဉ်းသူ/သားများကို လွှတ်ပေးရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်တယ် လို့လည်းဆိုပါတယ်။

"နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင်တွေမှာ ရန်သူလို့သတ်ဖြတ်ပြီး မတရားဖမ်းဆီးကလဲ့စားချေမှုက တစ် ဖြည်းဖြည်း ဆိုးရွာလာကြတာ။ ထောင်တွင်းဖိနှိပ်မှုတွေဆို နေ့စဉ်နဲ့အမျှဆိုးရွားနေတာကြောင့် ပြည်သူလူထုအနေနဲ့ အမြဲမပြတ်စောင့်ကြည့်နေပြီး လှုပ်ရှား တုံ့ပြန်မှုများလုပ်ဆောင်သွားကြပါ" လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက Connect Burma ကိုပြောပါတယ်။

အဆိုပါ ကမ်ပိန်းတွင် နိုင်ကျဥ်းဟောင်းများက နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနဲ့ စစ်ကောင်စီ အုပ်ချုပ်မှုကို ဆန့်ကျင်ကြောင်း စတဲ့ စာသားများရေးသားထားသည့်စာရွက်များ ကိုင်ဆောင်ဓာတ်ပုံရိုက်ကာ ပူးပေါင်းပါဝင်ထားကြပါတယ်။

အာဏာသိမ်း ၄ နှစ်တာကာလအတွင်းနိုင်ငံ သုံးပုံ တပုံ (သို့မ ဟုတ်) ၁၉ ဒသမ ၉ သန်းကျော်သည် လူသားခြင်းစာနာမှုဆိုင်ရာ အခြေခံ အထောက်အပံ့များကို လိုအပ်လျက်ရှိနေပြီး နိုင်ငံတစ်ဝန်း ပြည်သူ ၆၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ထားပါတယ်။

ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘော ကို KNLA က သူရဘွဲ့ချီးမြှင့် Connect Burma ၊ ဖေဖော်ဝါရီ ၁ ကော်ဘရာစစ်ကြောင်းမှူး...
01/02/2025

ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘော ကို KNLA က သူရဘွဲ့ချီးမြှင့်

Connect Burma ၊ ဖေဖော်ဝါရီ ၁

ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘော ကို စစ်တန်းစစ်မြေပြင်ကစွမ်းဆောင်ချက်တွေ ကြောင့် မှာ KNLA က သူရဘွဲ့ချီးမြှင့် လိုက်ကြောင်းထုတ်ပြန်ကြေညာထားပါတယ်။

ဗိုလ်မှူး စောဒါဘော ဟာ ရှေ့တန်းစစ်မြေပြင်မှာ မကြောက်မရွံပဲ အကြမ်းဖက်စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ဖျက်စီးနိုင်ပြီး ရဲစွမ်းသတ္တိအပြည့်စုံပြီး ခေါင်းဆောင်မ အရည်အချင်းပြည့်မှီတာကြောင့် KNLA- (ဗဟို) သူရဘွဲ့တံဆိပ်ဂုဏ်ပြုချီးမြင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်မှူး စောဒါဘော ကို KNLA- (ဗဟို) စစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော ကိုယ်တိုင် မနေ့ကျရောက်ခဲ့တဲ့ ကရင့်တော်လှန်ရေးနေ့ မှာချီးမြှင့်ခဲ့တာဖြစ်တယ်လို့ KNU ကဆိုပါတယ်။

နွေဦးတော်လှန်ရေး ၄နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြConnect Burma | ဖေဖော်ဝါရီ ၁တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်...
01/02/2025

နွေဦးတော်လှန်ရေး ၄နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

Connect Burma | ဖေဖော်ဝါရီ ၁

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး ဒီကနေ့ (ဖေဖော်ဝါရီလ ၁ရက်)မနက်ပိုင်းက နွေဦးတော်လှန်ရေး ၄နှစ်ပြည့်အဖြစ် "လူထုအာဏာကို တည်ဆောက်ကြ၊ အာဏာရှင်စနစ်ကို ဖီဆန် အုံကြွ တော်လှန်ကြ" စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

01/02/2025

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အာဏာသိမ်း လေးနှစ်ပြည့်မှာ သားဖြစ်သူထပ်မံတောင်းဆို (ဗီဒီယို)

Connect Burma ၊ ဖေဖော်ဝါရီ ၁

စစ်တပ်က မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းက တောင်းဆိုလိုက်ပါတယ်။

မိခင် ဒေါ်အောင်ဆန်းစုကြည်ကိုပြန် လွှတ်ပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ လိပ်မူရေးသားထားတဲ့ စာကို ကိုထိန်လင်း(ခေါ်)ကင်မ်အဲရစ်က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြိုရှိ စစ်ကောင်စီသံရုံးသို သွားရောက်ပေးပို့ခဲ့တယ်လို့လည်းသိရပါတယ်။

“မြန်မာစစ်တပ်က နိုင်ငံလွတ်လပ်ရေးအတွက် မကြောက်မရွံကြိုးစားနေတဲ့ ၇၉နှစ်အရွယ် အမျိုးသမီးကြီးကို မတရားချုပ်နှောင်ထားတာဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီအတွက်လည်း သားတစ်ယောက်အနေနဲ့ အင်မတန်စိတ်ထိခိုက်ရတယ်။ လွတ်လပ်တဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ဒုတိယအကြိမ် အုပ်ချုပ်ခွင့်မရအောင် စစ်တပ်ရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မေမေလွတ်မြောက်ဖို့နဲ့ ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲတွေအတွက် ကျွန်တော်မရပ်အနားကြိုးစားသွားမယ်” လို့ ကိုထိန်လင်းက ပြောပါတယ်။

လန်ဒန်အခြေစိုက် မြန်မာ စစ်ကောင်စီသံရုံးက ဝန်ထမ်းတွေဟာ ကိုထိန်လင်းစာကို လူကိုယ်တိုင်လက်မခံတာကြောင့် စာပေးပို့တဲ့ နေရာမှာထားခဲ့ရတာဖြစ်ပါတယ်။

အာဏာအားလုံး လူထုဆီသို့ ခေါင်းစဉ်နဲ့  ရန်ကုန်မြို့လယ်‌ခေါင်မှာ လှုပ်ရှားမှုပြုလုပ် Connect Burma ၊ ဖေဖော်ဝါရီ ၁ စစ်အုပ်စု...
01/02/2025

အာဏာအားလုံး လူထုဆီသို့ ခေါင်းစဉ်နဲ့ ရန်ကုန်မြို့လယ်‌ခေါင်မှာ လှုပ်ရှားမှုပြုလုပ်

Connect Burma ၊ ဖေဖော်ဝါရီ ၁

စစ်အုပ်စု အာဏာသိမ်းယူထားတဲ့ ၄ နှစ်ပြည့်နေ့အနေနဲ့ ရန်ကုန်မြို့လယ်‌ခေါင်မှာ အာဏာအားလုံး လူထုဆီသို့ ' All Power to the People ' ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ General Strike Committee (GSC) ရဲဘော်တွေက လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲပါတယ်။

ရန်ကုန်မြို့လယ်ခေါင်မှာ စစ်တပ်က လုံခြုံရေးတင်းကြပ်မှု အထပ်ထပ်လုပ်ဆောင်ထားတဲ့ ကြားက အာဏာအားလုံး လူထုဆီသို့ ' All Power to the People ' စာသားပါ ဘန်နာကို စစ်တပ်အာဏာသိမ်းထားတာ လေးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ချိတ်ဆွဲခဲ့တာဖြစ်ပါတယ်။

ဖက်ဆစ် တပ်ရဲ့ လူထုအပေါ် ဖိနှိပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အထွေထွေအကြပ်အတည်းများ ၊ အမျိုးသား/အမျိုးသမီးလူငယ်များပါမကျန် မတရားစစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးမှုများကြား ပူပန်သောကများနေရတဲ့ လူထုထံတသားတည်းရှိကြောင်း GSC ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လူထုရဲ့ အာဏာအလုံးစုံသည် လူထုလက်ထဲသို့ ဧကန်ရောက်ရှိရမည်သာဖြစ်ပြီး ၊ ကြပ်တည်းပိတ်မိနေကာ ထွက်ပေါက်ရှာလာနေတဲ့ ဖက်ဆစ်တပ်ကို လူထုတရပ်လုံးအားနဲ့ ပိတ်ဆို့တိုက်ဖျက်အောင်ပွဲအရယူကြမည်ဖြစ်ကြောင်း သတင်းစကားပါးလိုတာကြောင့် အခုလှုပ်ရှား မှုကို ဆောင်ရွက်တာဖြစ်တယ်လို့ GSC ကဆိုပါတယ်။

စစ်အာဏာရှင်တွေအနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ အမေရိကန်၊ EUနဲ့ က...
01/02/2025

စစ်အာဏာရှင်တွေအနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ အမေရိကန်၊ EUနဲ့ ကမ္ဘာ့နိုင်ငံတွေ ပူတွဲ ထုတ်ပြန်တောင်းဆို

◾စစ်တပ်က အကြမ်းဖက်မှုတွေ အရှိန်မြှင့်ဆောင်ရွက်နေတာတွေကို အပြင်းအထန် ရှုတ်ချ

Connect Burma ၊ ဖေဖော်ဝါရီ ၁

စစ်တပ်က အာဏာသိမ်းတာ ၄နှစ်ပြည့်ချိန် စစ်အာဏာရှင်တွေအနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ အမေရိကန်၊ EUနဲ့ ကမ္ဘာ့နိုင်ငံတွေက ပူတွဲ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်အာဏာရှင်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာနဲ့ ကျား/မအခြေပြုအကြမ်းဖက်မှုတွေ၊ ဘာသာရေးနဲ့တိုင်းရင်းသားလူနည်းစုတွေအပေါ် စနစ်တကျ နှိပ်ကွပ်တာတွေနဲ့ ခွဲခြားဆက်ဆံတာတွေအပါအဝင် အကြမ်းဖက်မှုတွေ အရှိန်မြှင့်ဆောင်ရွက်နေတာကို အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချတယ်လို့ ဆိုပါတယ်။

ပြည်သူတွေနဲ့ အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံတွေကို ပျက်စီးစေတာ အပါအဝင် အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့နဲ့ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးတွေ ပြုလုပ်ဖို့ မြန်မာစစ်အာဏာရှင်တွေ တိုက်တွန်းတယ်လို့ လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျတင်မြှောက်ထားတဲ့ အစိုးရကို မြန်မာစစ်အာဏာရှင်က ဖယ်ရှားခဲ့ပြီး အင်ဒိုပစိဖိတ်ဒေသအတွင်း အကြီးမားဆုံးသော အကျပ်အတည်းများထဲက တစ်ခုကိုဖန်တီးခဲ့တာ လေးနှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းလိုက်တဲ့အချိန်ကစလို့ မြန်မာပြည်သူပြည်သားတွေ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီမျှော်လင့်ချက်တွေ ပျောက်ကွယ်ဆုံးရှုံးနေပြီး ထောင်ပေါင်းများစွာသောပြည်သူတွေ လွတ်လပ်မှုနဲ့ အသက်အိုးအိမ်ကိုပါ ဆုံးရှုံးခဲ့ကြရတယ်လို့ ကမ္ဘာ့နိုင်ငံတွေက ဆိုပါတယ်။

အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မြင့်တက်လာတာဟာ အရပ်သားပစ်မှတ်တွေအပေါ် အကြမ်းဖက်မှုတွေ အရှိန်မြှင့်ဆောင်ရွက်နေတာကို အထင်းသား ပေါ်လွင်စေတယ်လို့လည်း ဆိုပါတယ်။

ဒီလို အကြမ်းဖက်မှုတွေကို ချက်ချင်းလျှော့ချဖို့နဲ့ နိုင်ငံတစ်ဝန်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ အတားအဆီးမရှိ အပြည့်အဝ ဘေးကင်းလုံခြုံစွာပေးအပ်နိုင်စေရေး မြန်မာစစ်တပ်ကို မိမိတို့ တောင်းဆိုတယ်လို့ အမေရိကန် ၊ဥရောပသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ပူးတွဲ ကြေညာချက်မှာ ပါရှိပါတယ်။

အခုလိုထုတ်ပြန်တောင်းဆိုတာကို အမေရိကန်ပြည်ထောင်စု အပါအဝင် ဥရောပသမဂ္ဂ (EU)၊ သြစတြေးလျ၊ ကနေဒါ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်နဲ့ ယူကေ နိုင်ငံတွေက ပူးတွဲ ကြေညာခဲ့တာ ဖြစ်ပါတယ်။

Address

Kamayut Township
Yangon

Website

Alerts

Be the first to know and let us send you an email when Connect Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Connect Burma:

Videos

Share

The ‘RiSE’ stands for a media with ‘right-based approach, integrity, sensibility and educational’

The RiSE will run a 24/7 digital media. Rise media which is already gained a wide readership is offering intellectual inputs and views of opinion leaders who dedicated for the democracy, human rights and sustainability. The news media will have emphasis on producing quality news on politics,socio-economic issues while it will be watching human rights issued related to commercial investment and development project areas which are prone to oppression against the marginalized communities.