Green Way - အစိမ်းရောင်လမ်း

Green Way - အစိမ်းရောင်လမ်း An inclusive platform serving innovative & suitable services to stakeholder in agriculture eco-system
(513)

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ငါးလုပ်ငန်း နည်းပညာနှင့် သတင်းအချက်အလက်၊ မိုးလေဝသ သတင်း၊ သီးနှံဈေးနှုန်း၊ ပညာရှင်နှင့်တိုက်ရိုက်ဆွေးနွေးအဖြေရှာကဏ္ဍ၊ စိုက်ပျိုးမှတ်တမ်း၊ လယ်ယာသွင်းကုန်နှင့်ထွက်ကုန်များပါအရောင်းအဝယ် ပြုလုပ်နိုင်သော စိုက်ပျိုးရေးနဲ့ မကင်းနိုင်သူအားလုံးအတွက် အကောင်းဆုံး အခမဲ့စိုက်ပျိုးရေးအကျိုးပြုဖုန်းဆော့ဝဲ
http://www.greenwaymyanmar.com

ဆေးရွှေနွယ်ပင်〰️〰️〰️〰️〰️🌱မျိုးရင်း။    ။ Convolvulaceae (ကန်စွန်းမျိုးရင်း)🌱မြန်မာအမည်။     ။ ရွှေနွယ်ပင် (ဆေး)🌱အင်္ဂလိပ...
17/01/2025

ဆေးရွှေနွယ်ပင်
〰️〰️〰️〰️〰️

🌱မျိုးရင်း။ ။ Convolvulaceae (ကန်စွန်းမျိုးရင်း)

🌱မြန်မာအမည်။ ။ ရွှေနွယ်ပင် (ဆေး)

🌱အင်္ဂလိပ်အမည်။ ။ Dodder Plant

အခြားသစ်ပင်ကြီးမျိုးကို မှီတွယ်၍ အစာရေစာစုပ်ယူရှင်သန်ရသော အရွက်မဲ့ ကပ်ပါးနွယ်ပင်မျိုးဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်း ပြင်ဦးလွင်နှင့် အထက်ပိုင်း ချင်းတွင်းနယ်များတွင် တွေ့ရသည်။ သဘာဝအလျောက် ပေါက်ရောက်သော အပင်များဖြစ်ပါသည်။

မြန်မာဆေးကျမ်းများအလိုအရ ဆေးရွှေနွယ်သည် ချိုသည်၊ ထက်မြက်သည်။ သည်းခြေနှင့်စပ်လျဉ်းသော ရောဂါများကို နိုင်သည်။ ခွန်အားကိုတက်စေသည်။ သုတ်ကို ပွားစေသည်။ အသက်ကိုရှည်စေနိုင်ပါသည်။ ပဥ္စငါးပါး အသုံးဝင်ပါသည်။

၁။ ဆေးရွှေနွယ်သည် အသက်ရှည်စေတတ်သော အပင်မျိုးတွင် အပါအဝင်ဖြစ်သည်။ အသည်းရောင်၊ အသည်းကြီး၊ အသည်းမာကျော ကြမ်းတမ်းခြင်းအတွက် ၎င်းဆေးရွှေနွယ်ကို ပြုတ်၍ သောက်ခြင်း၊ ဝမ်းဗိုက်ကို လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။

၂။ ဝမ်းကြောတင်းခြင်း၊ ဝမ်းရောင်ခြင်း၊ အစာမကြေ လေချဉ်တက်ခြင်း၊ ဝမ်းဗိုက်နာခြင်းများအတွက် ဆေးရွှေနွယ်ကို ကျက်ကျက်ကျို၍ ဝမ်းဗိုက်တွင်လိမ်းပေးပြီး အဝတ်ဖြင့်ပတ်ထားပါက အောက်သို့လေစုန်ကာ ပျောက်ကင်းစေသည်။

၃။ ဆေးရွှေနွယ်မှုန့်၊ ချင်းခြောက်မှုန့် ဆတူရော၍ ထောပတ်နှင့်ဖျော်ပြီး အနာဆွေး၊ အနာဟောင်းများကို လိမ်းပေးသော် အနာများ အသားနုတက်၍ အမြန်ကျက်သည်။

၄။ ဆေးရွှေနွယ်ကို ညက်အောင်ကြိတ်၍ ရေနှင့်မပျစ်မကျဲဖျော်ပြီး ယားနာများကို လိမ်းပေသော် ပျောက်ကင်းစေသည်။

၅။ ဆေးရွှေနွယ်ကို တို့စရာအဖြစ်ဖြစ်စေ၊ ၎င်းချည်းသက်သက်ဖြစ်စေ နေ့စဉ်စားသုံးပေးပါက ဆံမဖြူ သွားမကျိုး ပါးရေမတွန့်ဘဲ အသက်ရှည် နုပျို ကျန်းမာစေပါသည်။

၆။ ဆေးရွှေနွယ်ကို သွေးဖောက်ပြန်သောရောဂါအတွက်လည်း သုံးနိုင်သည်။

၇။ ဆေးရွှေနွယ်ဖြင့် ခေါင်းလျှော်လျှင် ခေါင်းအေး၍ ဦးနှောက်ကြည်လင်စေပြီး ဗောက်နှင့်သန်းများကို ပျောက်ကင်းစေပါသည်။

မြန်မာဆေးဝါးပင်များ

*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#ဆေးရွှေနွယ်ပင်
#မြန်မာ့ဆေးဝါး

#အစိမ်းရောင်လမ်း

ကြက်မွေးမြူရေးတွင် ဆီး(ဇီး)ဖြူသီးအသုံးဝင်ပုံ🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀    ကြက်မွေးရင် အကြောက်ရဆုံးက ကြက်ခြံထဲကို မြွေဝင်မှာကိုပါ။...
17/01/2025

ကြက်မွေးမြူရေးတွင် ဆီး(ဇီး)ဖြူသီးအသုံးဝင်ပုံ
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ကြက်မွေးရင် အကြောက်ရဆုံးက ကြက်ခြံထဲကို မြွေဝင်မှာကိုပါ။ ကြက်ကို ဆွဲသွားမှာကြောက်ရသလို လူကိုရန်ပြုမှာလည်း ကြောက်ရပါတယ်။ ဒါကြောင့် ရှေးအဆက်ဆက် ကျင့်သုံးလာတဲ့နည်းအတိုင်း ဇီးဖြူသီးကို ကြက်ခြံပတ်လည်မှာ ကျဲချထားရပါတယ်။ အဲ့သလို ကာကွယ်ထားတဲ့အပြင် ကြက်ခြံအနံ့ကြောင့် မြွေလာမှာစိုးလို့ EM ကိုလည်း ဖျန်းပေးရပါတယ်။

နောက်တစ်ခုက ကြက်ကလေးတွေမှာ ကျောက်ပေါက်တာ၊ နှုတ်သီးတစ်ဝိုက် အနာဖုများထွက်တာတွေအတွက် ဇီးဖြူသီးရွက်ကို ရေနှင့် သုံးခွက်တစ်ခွက်တင်ကျို၍ ရသောအရည်ဖြင့် ဖန်ရည်ဆေးပေးနိုင်သည့်အပြင် အစာအတွင်း ဇီးဖြူသီးကို အစိမ်းထောင်းထည့်ကျွေးပါက ဗီတာမင်-စီဓါတ်ကိုရရှိပြီး အနာအကျက်မြန်စေပါတယ်။ ဇီးဖြူရွက်ကို ကျွမ်းအောင် လှော်၍ အနာပေါ်ကိုလည်း လိမ်းပေးနိုင်ပါတယ်။

ကြက်သွေးဝမ်းရောဂါ၊ အူတွင်း သွေးယိုစိမ့်ခြင်းတို့အတွက် ဇီးဖြူသီးကိုထောင်း၍ သောက်ရေတွင် စိမ်တိုက်ခြင်း (သို့မဟုတ်) ဇီးဖြူသီးကိုပြုတ်၍ အစာနှင့် ရောနယ်ကျွေးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

အရေပြားရောဂါများဖြစ်သော ကြက်ပွေး၊ ယားနာများအတွက် ဇီးဖြူသီးခြောက် (သို့) အစိုကိုသွေး၍ သံပုရာသီးအနည်းငယ်ထည့်ပြီး လိမ်းပေးလို့ရပါတယ်။

ဇီးဖြူသီးသည် ကြက်ချွဲထခြင်းကိုလည်း လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။

ကြက်မျက်စိတွင် ဖြစ်တတ်သော ရောဂါများအတွက် အစေ့ကို ထုထောင်းချေပြီး ရေနွေးနှင့်ပြုတ်၍ မျက်စိကို ဆေးကြောပေးလို့ရပါတယ်။

လတ်ဆတ်သောဇီးဖြူသီးသည် ကြက်သန်ချဆေးအဖြစ်လည်း အသုံးဝင်ပါသေးတယ်။

အသည်းကျန်းမာရေးကိုကောင်းစေပြီး ကြက်ကိုယ်တွင်းရှိ အဆိပ်အတောက်များကိုပါ ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။

ဇီးဖြူသီးကို အစိမ်းထောင်း၊ ပြုတ် စသည်ဖြင့်ပြုလုပ်ပြီး ကြက်စာအတွင်း တစ်ပတ်တစ်ကြိမ် ထည့်ကျွေးပါက အထက်ပါရောဂါများကို သက်သာစေသည့်အပြင် သဘာဝအတိုင်း ဗီတာမင်-စီဓါတ်ကို ရရှိစေပြီး ကြက်များ အလွယ်တကူရောဂါဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ရေးသားသူ - ဦးဇော်(dof)

Ref: ဆရာမ ဂမုန်းဖြူဖြူ ၏ “ ကြက်နှင့် ဆီးဖြူသီး အသုံးဝင်ပုံ” စာစုမှ ကောက်နှုတ်ဖော်ပြပါသည်။

*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#ဇီးဖြူသီး
#ဆီးဖြူသီး
#ကြက်
#ကြက်မွေးမြူရေး
#ကြက်သွေးဝမ်းရောဂါ
#ကြက်ပွေး
#ကြက်ချွဲထခြင်း

#အစိမ်းရောင်လမ်း

တံတွေးပိုးဥတွေက  ဆောင်းရာသီတစ်လျှောက်လုံး ရွက်ဆွေးရွက်ကြွေအစုအပုံထဲမှာ နေကြပါတယ်။🦗🦗🦗🦗🦗🦗🦗🦗🦗🦗🦗🦗🦗🦗🦗🦗🦗🦗        သစ်ပျော့ပင်တွ...
17/01/2025

တံတွေးပိုးဥတွေက ဆောင်းရာသီတစ်လျှောက်လုံး ရွက်ဆွေးရွက်ကြွေအစုအပုံထဲမှာ နေကြပါတယ်။
🦗🦗🦗🦗🦗🦗🦗🦗🦗🦗🦗🦗🦗🦗🦗🦗🦗🦗

သစ်ပျော့ပင်တွေရဲ့ အရွက်နဲ့ပင်စည်ကြားမှာ တံတွေးထွေးထားသလိုမျိုး ဖြစ်နေတာကို ဉီးကြီးတို့တွေ့ဖူးကြမှာပါ။ ထိုတံတွေးအိမ်ထဲမှာနေကြတဲ့ တံတွေးပိုးကောင်လေးတွေကို တွေ့ဖူးကြသူအလွန်ဘဲနည်းပါးပါတယ်။ တံတွေးပိုးတွေက သစ်ပျော့ပင်ဖြစ်တဲ့ အလှစိုက်မြက်၊ နှင်းဆီပင်၊ဂန္ဓမာပင်၊စတော်ဘယ်ရီပင်နှင့် ဉယျာဉ်ခြံသီးနှံအများစုမှာ ကျရောက်ပါတယ်။ တံတွေးပိုးတွေက လူတွေရဲ့တံတွေးလို အရွက်ပေါ်မှာ မြင်ရတဲ့အတွက် ခွဲခြားရလွယ်ကူပါတယ်။ တံတွေးပိုးအိမ်ရဲ့ အရွယ်အစားက ၃လက်မ- ၄လက်မ ဝန်းကျင်ရှိပါတယ်။ ထိုတံတွေးအိမ်ထဲမှာ ပိုးတုံးလုံးကရှိနေပါတယ်။


တံတွေးပိုးတွေက သူတို့၏ ရန်သူတွေနဲ့ ခြောက်သွေ့မှုဒဏ် ကာကွယ်ရန် အတွက်စုပ်ယူထားသော ပင်ရည်များကို လူ၏တံတွေးကဲ့သို့ပြန်လည် စစ်ထုတ်ထားခြင်း ဖြစ်ပါတယ်။ တံတွေးပိုးတွေက ပိုးတုံးလုံးအဆင့်ထဲက အပင်ပင်စည်နဲ့ပင်ရည်ကို ထိုးဖောက်စုပ်စားကြပါတယ်။ တံတွေးပိုး၏ခန္ဓာကိုယ်သည် ပျော့ပျောင်းပြီး အရှည်သည် တစ်လက်မ၏၄ပုံ၁ပုံရှိကာ ရှည်မျောမျော ပုံစံရှိပါတယ်။ ကြီးထွားလာသည်နှင့်အမျှ လိမ္မော် ရောင်မှ အဝါရောင်၊ အဝါရောင်မှ အစိမ်းရောင် ပြောင်းလဲပါတယ်။ပိုးတုံးလုံးအဆင့်တွင် ကြီးပြီးနီရဲသည့် မျက်လုံးရှိိပါတယ်။ အရွယ်ရောက်နေတဲ့ပိုးတုံးလုံးတွေကို မြင်ဖို့မလွယ်ကူပါဘူး။ ပိုးတုံးလုံးများ အရွယ်ရောက်လာသည့်အခါ အစိမ်းရောင်မှ မီးခိုးရောင်(သို့)အညိုရောင်ပြောင်းလဲသွားပါတယ်။ အရွယ်ရောက်နေတဲ့ တံတွေးပိုးများသည် ခုန်ရန် ခြေထောက်ပါရှိတဲ့ အတွက် တံတွေးပိုးတွေကို ဖော့ဟော့ပါလို့လည်း ခေါ်ပါသေးတယ်။ လိ့ဖ်ဟော့ပါနဲ့လည်း ဆင်တူပေမဲ့ ဖော့ဟောပါ က လှုပ်ရှားမှု ပိုမြန်ပါတယ်။

တံတွေးပိုးဥတွေက ဆောင်းရာသီတစ်လျှောက်လုံး ရွက်ဆွေးရွက်ကြွေအစုအပုံထဲမှာ နေကြပါတယ်။ ပိုးတုံးလုံးတွေက ဧပြီလနှင့် မေလအစောပိုင်းတွင် တံတွေးပိုးအိမ်ထဲမှ ထွက်လာပြီး အပင်ပင်စည်မှနေ၍ ရွက်ညွန့်နှင့် ခေါင်တိုင်ထိ တိုင်အောင် စားသောက်ဖျက်စီးလေ့ရှိပါတယ်။ ၅ပတ်မှ၈ပတ်ကြာသည့်အခါ အရွယ်ရောက်ကောင် အဆင့်ရောက်လာတဲ့ ပိုးတုံးလုံးများတွေက အနီးအနားမှာရှိတဲ့ မြက်ခင်း၊စားကျက်မြေတွေကို ရွေ့လျားပြီး စားသောက်ကြပါတယ်။ တံတွေးပိုးအမတွေက စက်တင်ဘာ၊အောက်တိုဘာလများတွင် ပြန်လည် ကိုယ်ဝန်ဆောင် လေ့ရှိပြီး ကျိုးပဲ့ပျက်စီးနေတဲ့ အပင်၏ပင်စည်နှင့် အရွက်တွေပေါ်မှာ သူတို့၏ဥတွေကို အစုလိုက်ဥချပါတယ်။ တံတွေးပိုးများ၏ ထူးခြားချက်ကတစ်နှစ်တစ်ခါသာ မျိုးပွားခြင်းပါ။

*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*

ကာကွယ်နှိမ်နင်းနည်း

ဧပြီနောက်ပိုင်းနှင့် မေလအစောပိုင်းတွေမှာ ၁ပတ်ကို ၂ကြိမ်ခန့် အပင်၏အောက်ခြေနားတွင် တံတွေးပုံစံအစုအဝေးရှိမရှိကို စစ်ဆေးပေးသင့်ပါတယ်။ အပင်ကြီးတွေမှာတော့ အရွက်နုတွေရဲ့ အောက်မျက်နှာပြင်ကို စစ်ဆေးသင့်ပါတယ်။ မလိုအပ်သည့် ပေါင်းပင်များကြိုတင်ရှင်းလင်းခြင်းမျိုးကိုလည်း လုပ်ဆောင်ပေးသင့်ပါတယ်။ အကယ်၍ တံတွေးပိုးတွေ့ခဲ့လျှင် လက်ဖြင့်ကောက်ယူရှင်းပေးခြင်း ၊အားပြင်းသောရေ( ရေပိုက်) ဖြင့်ပတ်ဖျန်းခြင်းမျိုး ပြုလုပ်ပေးနိုင်ပါတယ်။ တံတွေးပိုးတွေကသူတို့ရဲ့တံတွေးပုံစံ အိမ်အစုအဝေးမှာ နေတဲ့အတွက် ပိုးသတ်ဆေးဖြန်းမယ်ဆိုရင် သိပ်အကျိုးမရှိနိုင်ပါဘူး။ တံတွေးပိုးတွေက အပင်တွေကို ထိုးဖောက်စုပ်စားတဲ့အခါ ဆိုးဆိုးဝါးဝါးမပျက်စီးစေသော်လည်း အပင်ပုံသဏ္ဍာန်ကိုတော့ ထိခိုက်ပျက်စီးစေပါတယ်။ တံတွေးပိုးကျရောက်ခြင်းကိုခံရသည့် စတော်ဘယ်ရီအခင်းများတွင် စတော်ဘယ်ရီပင်သည် ကြီးထွားမှုနှေးခြင်း၊ အဆစ်တိုကာ အပင်ပုခြင်း ဖြစ်စေနိုင်ပါတယ်။အထူးသဖြင့် ရောဂါဒဏ်ခံနိုင်ရည်ရှိမှုကို လျော့ကျစေနိုင်တဲ့အတွက် စတော်ဘယ်ရီစိုက်ဦးကြီးတို့အနေဖြင့် သတိမူသင့်တဲ့ပိုးဖြစ်ကြောင်းတင်ပြရင်းနိဂုံးချုပ်လိုက်ရပါတယ်။

ရေးသားသူ - ဆုမြတ်နိုး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#တံတွေးပိုး
#ဖော့ဟော့ပါ
#နှင်းဆီ
#ဂန္ဓမာ
#စတော်ဘယ်ရီ
#ဉယျာဉ်ခြံသီးနှံ

#အစိမ်းရောင်လမ်း

🐍 မြွေသားစွပ်ပြုတ်၊ ကြောင်ကင်၊ နှစ်တစ်ထောင်ကြက်ဥ၊ ပုတ်သင်ပျံကြော်တွေစားမလား..?ဒါဆို တရုတ်ကိုသွားပါ ...တရုတ်က ထူးထူးဆန်းဆ...
16/01/2025

🐍 မြွေသားစွပ်ပြုတ်၊ ကြောင်ကင်၊ နှစ်တစ်ထောင်ကြက်ဥ၊ ပုတ်သင်ပျံကြော်တွေစားမလား..?

ဒါဆို တရုတ်ကိုသွားပါ ...

တရုတ်က ထူးထူးဆန်းဆန်းအစားအစာတွေအကြောင်း စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီVideo ကို အဆုံးထိကြည့်ဖို့တော့ လိုမယ်နော်

သင်ဆိုရင်ကော ဘယ်အစားအစာကို စားရတာ နှစ်သက်မလဲ..?

Link ကို Comment မှာ ပေးထားပါတယ်ရှင့်

မြေကြီးအစိုဓာတ်ကိုထိန်းပေးလို့ မြေတွင်းရှိ အဏုဇီဝများ ပိုမိုနိုးကြားလာစေပြီး မြေဆီလွှာကို ပိုမိုကောင်းမွန်လာစေပါတယ်။🦠🦠🦠🦠...
16/01/2025

မြေကြီးအစိုဓာတ်ကိုထိန်းပေးလို့ မြေတွင်းရှိ အဏုဇီဝများ ပိုမိုနိုးကြားလာစေပြီး မြေဆီလွှာကို ပိုမိုကောင်းမွန်လာစေပါတယ်။
🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠🦠

နွေ၊ မိုး၊ ဆောင်း ဘယ်ရာသီမှာပဲ အပင်စိုက်စိုက် မြေဖုံးခြင်းက လုပ်ပေးဖို့လိုအပ်ပါတယ်ဗျ။ အပင်စိုက်ပြီဆိုတာနဲ့ မြေဖုံးခြင်းလုပ်ပေးဖို့က ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်ပါ။ အခြေခံအားဖြင့်တော့ မြေဖုံးခြင်းကို နှစ်မျိုးခွဲခြားထားကာ ဩဂဲနစ်ဖုံးအုပ်ခြင်း(Organic Mulch) နဲ့ အင်ဩဂဲနစ်ဖုံးအုပ်ခြင်း (Inorganic Mulch) ဆိုပြီး ဖြစ်ပါတယ်ဗျ။

Organic Mulch ဆိုတာကတော့ အပင်တွေရဲ့ ပျက်ဆီးသွားတဲ့ အစိတ်အပိုင်းတွေကနေ ရလာတာများပြီး သီးနှံစိုက်ပျိုးထုတ်လုပ်ရာမှာ အများကြီးအထောက်အကူပြုလို့ အသုံးများကြပါတယ်။ ၎င်းအမျိုးအစားတွေကတော့

- အပင်၏ အခေါက်စများ

- မီးဖိုချောင် စွန့်ပစ်ပစ္စည်းများ(အသီးခွံ၊ ကြက်ဥခွံ၊ ဟင်းရွက်အတိုအစများ)

- ထင်းရှူးရွက်ခြောက်များ

- ကောက်ရိုးများ

- ရွက်ခြောက်များ

- တိရစ္ဆာန်အညစ်အကြေးများ

- ကိုကိုးအခွံများ(Cocoa chips)

- လွှစာမှုန့်များ

- သတင်းစာများ(သို့)ချပ်စက္ကူများ

- မြက်ခြောက်များ စသည့်အရာတွေကို အပင်တွေရဲ့ ဘေးပတ်ပတ်လည်မှာ မြေဖုံးခြင်းအဖြစ် အသုံးပြုကြပါတယ်။

*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*

၎င်းအရာတွေကို မြေဖုံးခြင်းမှာသုံးရင် ရလာမယ့်အကျိုးကျေးဇူးတွေကတော့ အပင်ရဲ့ အမြစ်တွေကို နွေရာသီမှာအေးစေကာ နေပူလောင်ခြင်းမှ ကင်းလွတ်စေ၍ ဆောင်းရာသီမှာဆိုရင် အမြစ်တွေကို နွေးစေပါတယ်။ Organic Mulch တွေကို အပင်တွေရဲ့ပတ်လည်မှာ (၂-၃) လက်မလောက်ဖုံးပေးခြင်းက ပေါင်းမြက်ပေါက်ရောက်မှုကို ကာကွယ်ပေးပါတယ်။ မြေကြီးအစိုဓာတ်ကို ထိန်းသိမ်းပေးပြီး ရေငွေ့ပျံမှုကို လျော့ချပေးပါတယ်ဗျ။ မိုးရာသီမှာဆိုရင် မြေကြီးတိုက်စားခံရမှုကိုသက်သာစေပြီး အပင်အတွက် မြေသြဇာတွေ မိုးရေနဲ့ပါသွားခြင်းကိုလည်း လျော့ကျစေပါတယ်။ မြေကြီးအစိုဓာတ်ကိုထိန်းပေးလို့ မြေတွင်းရှိ အဏုဇီဝများ ပိုမိုနိုးကြားလာစေပြီး မြေဆီလွှာကို ပိုမိုကောင်းမွန်လာစေပါတယ်။ မြေကြီးထဲမှာ ပြိုကွဲနိုင်တာကြောင့် မြေဆီမြေသြဇာကောင်းစေပြီး အပင်တွေကို ပိုပြီးဖြစ်ထွန်းစေပါတယ်။ ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူရနိုင်သလို ကောင်းကျိုးတွေများတာကြောင့် မြေဖုံးခြင်းကို လုပ်စေချင်ပါတယ်ဗျ။

Inorganic Mulch ဆိုတာက မြေကြီးထဲမှာ မပြိုကွဲနိုင်တဲ့ အရာတွေဖြစ်ပြီး ၎င်းအမျိုးအစားတွေကတော့

- ကျောက်တုံးစများ

- ကျောက်စရစ်ခဲများ

- ဖန်စများ

- ရော်ဘာစများ

Inorganic Mulch တွေကို အများအားဖြင့်တော့ မြေယာအလှဆင်ခြင်း (landscape) ပိုင်းမှာ သုံးကြတာများပြီး ပန်းခြံတွေမှာ အလှအဖြစ်သုံးကြပါတယ်။

တချို့သော အိမ်တွင်းအလှစိုက်ပင်တွေမှာလည်း သုံးလေ့ရှိကြပါတယ်။ လေဝင်လေထွက်လည်း အရမ်းမကောင်းလို့ အပင်တွေအတွက် သိပ်မသင့်တော်ပါဘူး။ မြေကြီးထဲမှာမပြိုကွဲနိုင်လို့ မြေကြီးကို အထောက်အကူမပြုသလို အပင်တွေအတွက်လည်း အများကြီးအကျိုးမပြုလို့ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းမှာတော့ အသုံးနည်းကြပါတယ်ဗျ။ ဒီလောက်ဆိုရင်တော့ မြေဖုံးခြင်းအမျိုးအစားတွေနဲ့ ၎င်းတို့ရဲ့ကောင်းကျိုးတွေကိုသိရှိပြီး အသုံးချကြမယ်လို့မျှော်လင့်ပါတယ်ဗျ။

ရေးသားသူ - ထွန်းရာဇာ

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

#မြေဖုံးခြင်း
#ဩဂဲနစ်ဖုံးအုပ်ခြင်း
#အင်ဩဂဲနစ်ဖုံးအုပ်ခြင်း

#အစိမ်းရောင်လမ်း

ငါးကန်တွင်းရှိ အင်းဆက်များကို နှိမ်နင်းနည်း〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️🐟ငါးမွေးတောင်သူများသည် ငါးမွေးကန်၏ ကန်ရေထဲတွင်ရ...
16/01/2025

ငါးကန်တွင်းရှိ အင်းဆက်များကို နှိမ်နင်းနည်း
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

🐟ငါးမွေးတောင်သူများသည် ငါးမွေးကန်၏ ကန်ရေထဲတွင်ရှိသော ဒုက္ခပေးနိုင်သည့် ပိုးမွှားများကို နှိမ်နင်းရန်လိုအပ်သည်။ ထိုသို့နှိမ်နင်းရာတွင် နည်း(၂)မျိုးဖြင့် နှိမ်နင်းနိုင်သည်။

(၁) ပိုက်စိပ်တိုက်ခြင်းနှင့်
(၂) ဆီဖျန်းခြင်းဖြစ်သည်။

၁။ ပိုက်စိပ်တိုက်ခြင်း🐟

ပိုက်စိပ်တိုက်ရာတွင် ငါးမှုန်များကို ပြုစုကန်အတွင်း မထည့်မီ ပြုစုကန်ကို ၁/၈ လက်မပိုက်ဖြင့် နေ့စဥ်ဆွဲပေးပါ။ ငါးမထည့်မီ ၁ လခွဲခန့် နေ့စဥ် ၂ ခေါက် အပြန်အလှန်ရက်ဆက်ဆွဲပေးရန်လည်း လိုသည်။

*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*

၂။ ဆီဖျန်းခြင်း🐟

ပြုစုကန်အတွင်းသို့ ဆီဖျန်းပေးခြင်းဖြင့် အင်းဆက်များကို သေစေနိုင်သည်။ ထိုသို့ဖျန်းရာတွင် မုန်ညင်းဆီ၊ ဖွဲနုဆီများ ကိုသုံးနိုင်သည်။

ကန်တစ်ဧကလျှင် ဆီ ၁၅ ပိဿာကို ဆပ်ပြာ ၅ ပိဿာနှုန်းဖြင့် ရောစပ်ဖျော်၍ ကန်ထဲသို့ ဖျန်းလိုက်လျှင် ကန်ရေမျက်နှာပြင်သည် အဆီများဖြင့် ဖုံးလွှမ်းသွားမည်။ ထိုအခါ လေရှူရန် အပေါ်သို့ တက်လာသော အင်းဆက်များ အသက်မရှူနိုင်တော့ဘဲ သေဆုံးသွားမည်။

မှတ်ချက်။ ဆီဖျန်း၍ အင်းဆက်ပိုးနှိမ်နင်းခြင်းကို လေငြိမ်သောအချိန်တွင်သာ အသုံးပြုပါ။ လေတိုက်နေပါက ရေပေါ်ရှိဆီများ လွင့်ပါသွားတတ်၍ ကန်ရေမျက်နှာပြင်တစ်ခုလုံး ဖုံးအုပ်မှု မရှိတော့ချေ။

အထက်ပါနည်း(၂)မျိုးတွင် မိမိတို့အဆင်ပြေရာနည်းကို အသုံးပြုနှိမ်နင်းခြင်းကြောင့် အစားအစာကို ယှဥ်ပြိုင်သော ပိုးများ၊ နေရာဒေသအတွက် ယှဥ်ပြိုင်သော ပိုးရောဂါများ၊ သွေးစုပ်ပိုးများကို နှိမ်နင်းရာရောက်ပြီး ငါးကြီးထွားမှုနှုန်းကို မြှင့်တင်ပေးရာရောက်သည်။

ရေးသားသူ - ဦးဇော်(dof)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#ငါး
#ငါးကန်
#အင်းဆက်

#အစိမ်းရောင်လမ်း

သြဇာသီးစားသလို စားလို့လည်းရပါသေးတယ်။ အချဉ်မကြိုက်တတ်ရင်တော့ သကြားလေးနဲ့ ဖျော်ရည် ၊ရေခဲမုန့် လုပ်စားပေါ့။🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿...
16/01/2025

သြဇာသီးစားသလို စားလို့လည်းရပါသေးတယ်။ အချဉ်မကြိုက်တတ်ရင်တော့ သကြားလေးနဲ့ ဖျော်ရည် ၊ရေခဲမုန့် လုပ်စားပေါ့။
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

ဆေးဖက်ဝင်မှုတွေကြောင့် “နတ်သြဇာ” လို့လည်း နာမည်ကြီးတဲ့ အသီးလေးကတော့ ဒူးရင်းသြဇာပါရှင်။ ရှားပါးပြီး ဆေးဖက်ဝင်တဲ့ အသီးလို့ သိကြပါတယ်။ဒူးရင်းသီးလို ပုံစံ ခပ်ဆင်ဆင်ရှိပြီး အထဲမှာတော့ သြဇာသီးလို အနှစ်လေးတွေနဲ့ပါ။

ဒီတော့ ဒူးရင်းသြဇာဆိုတာ ဘယ်လိုလဲ ကြည့်လိုက်ရအောင်နော်😊

🍀အင်္ဂလိပ်နာမည် - Soursop

🍀သိပ္ပံနာမည်- Annona muricata

အပူပိုင်းဒေသမျိုးရင်းဖြစ်ပြီး ရွက်ပြန့်ပုံစံရှိတဲ့ သစ်မာပင်အမျိုးအစားပါ။ ပေ ၃၀ ကျော်အထိ မြင့်နိုင်ပြီး အကြီးမြန်တဲ့ အပင်တစ်မျိုးလည်း ဟုတ်ပါတယ်။ သူ့စိတ်ကြိုက် အခြေအနေမှာဆိုရင်တော့ ၃-၅ နှစ်အတွင်း အသီးသီးနိုင်ပါတယ်။

အသီးအရသာက အချဉ်ဆိုပေမယ့် စတော်ဘယ်ရီရဲ့ အချိုဓာတ်မျိုး၊ သရက်ရဲ့ အချိုဓာတ်မျိုး ၊ သြဇာသီးရဲ့ အသားမျိုး၊ ပန်းသီးရဲ့ အသားမျက်နှာပြင်မျိုးတွေ ပေါင်းစပ်ထားတဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။

အသီးရဲ့ အသားတွေကို ခြစ်ယူလိုက်တဲ့အခါ ရေခဲမုန့်လို ပုံစံမျိုးတွေ့ရပါလိမ့်မယ်။ ဒါကြောင့် ဒီအသီးကို ကြိတ်စက်နဲ့ကြိတ်ပြီး smothies( အသီးခပ်ပျစ်ပျစ် ဖျော်ရည်)၊ ရေခဲမုန့် စတဲ့ပုံစံမျိုး ပြုလုပ်စားသုံးမယ်ဆိုရင်လည်း အကောင်းဆုံးအရသာကို ခံစားရမှာပါ။

သြဇာသီးစားသလို စားလို့လည်းရပါသေးတယ်။ အချဉ်မကြိုက်တတ်ရင်တော့ သကြားလေးနဲ့ ဖျော်ရည် ၊ရေခဲမုန့် လုပ်စားပေါ့။

သူ့မှာ ဗီတာမင် အေ၊ ဗီတာမင် စီနဲ့ အခြား အကျိုးပြု ပစ္စည်းတွေလည်း အများကြီးပါဝင်ပါတယ်။

ဒီအပင်က မြန်မြန်ကြီးတဲ့မျိုးဖြစ်လို့ ၃ နှစ်မှ ၅ နှစ်အတွင်းမှာ ပထမဆုံးအသီးကို စခူးနိုင်ပါပြီ။ ပုံမှန်အားဖြင့် အစေ့မှတစ်ဆင့်မျိုးပွားကြပြီး အမျှင်မပါမျိုးတွေကိုတော့ ကိုင်းကူးကိုင်းဆက်နည်းတွေနဲ့ ပွားယူရပါတယ်။

မြေချဉ်ငံကိန်း ၅ မှ ၆.၅ အတွင်းရေဆင်းကောင်းတဲ့မြေတွေကို ကြိုက်ကြပြီး အပူပိုင်းဒေသတွေမှာဆိုရင် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၀၀၀ မြင့်တဲ့ နေရာတွေမှာပါ ပေါက်ရောက်ရှင်သန်ကြပါတယ်။

*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*

ပြုစုနည်း🌼

အပူပိုင်းဒေသမျိုးဖြစ်လို့ ပူနွေးစွတ်စိုတဲ့ ရာသီဥတုမျိုးကိုကြိုက်ပါတယ်။ အေးတဲ့ဒေသဖြစ်မယ်ဆို green house ထဲမှာစိုက်ပြီး ပူနွေးစွတ်စိုအောင်ဖန်တီးပေးရပါမယ်ရှင်။ အိုးနဲ့ထည့်စိုက်မယ်ဆို ကိုင်းချိုင်တာမျိုးလုပ်ပြီး အပင် သိပ်မကြီးအောင်ထိန်းပေးရပါမယ်။

သတိပြုရမယ့် အချက်ကတော့

- ၃၂ ဒီဂရီစင်တီဂရိတ်အထက် ပိုပူပြီး လေထုစိုထိုင်းဆ နည်းမယ်ဆိုရင်တော့ ဝတ်မှုန်ကူးခြင်းဖြစ်စဉ်ကို ထိခိုက်နိုင်ပါတယ်။

- ၂၇ ဒီဂရီစင်တီဂရိတ်အောက် နည်းနေသော်လည်း လေထုစိုထိုင်းဆ ၈၀ ရာခိုင်နှုန်းအထက်မှာဆိုရင်တော့ ဝတ်မှုန်ကူးခြင်းဖြစ်စဉ်ကို ကောင်းမွန်စေပါတယ်။

အာဟာရကျွေးနည်း🌼

ပထမနှစ်မှာ N:P:K ကို ၀.၂၂ ကီလိုစီ အညီအမျှထည့်ရပါမယ်။ ၀.၂၂ ကီလိုဆိုတာ တစ်ပေါင်ရဲ့တစ်ဝက်ပါ။ မြန်မာအလေးချိန်နဲ့ဆိုရင်တော့ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ပိုတက်စီယမ် တစ်မျိုးဆီကိုဆီကို ၁၃ ကျပ်သားစီလောက်ပါ။ ဒုတိယနှစ်မှာ တစ်မျိုးဆီကို ၂၆ ကျပ်သားနဲ့ တတိယနှစ်မှာ တစ်မျိုးဆီကို ၃၉ ကျပ်သားအညီအမျှနဲ့ နောက်ပိုင်းနှစ်တွေမှာလည်း တတိယနှစ်အတိုင်းကျွေးသွားရမှာပါ။ တစ်နှစ်မှာ တစ်ကြိမ်ပဲကျွေးသွားရင် ရပါပြီ။

ကိုင်းချိုင်ခြင်း🌼

အသီးတစ်ခါခူးပြီးတိုင်း ကိုင်းခြောက်ဖယ်ခြင်းကို လုပ်ဆောင်ပေးရပါတယ်။အပင်မမြင့်စေချင်ရင်တော့ ၆ ပေလောက်ရောက်တဲ့အခါ ခေါင်နှိမ်ပြီး အပင်ပုလေးအဖြစ် ကိုင်းဖြာအောင်ပြုလုပ်ပေးနိုင်ပါတယ်။

ခူးဆွတ်ခြင်း🌼

အစိမ်းရင့်ရောင်မှ စိမ်းဝါ‌ရောင်သန်းလာပြီဆို ခူးဆွတ်နိုင်ပါပြီ။ အသီးပေါ်က ဆူးတွေလည်းပျော့လာပြီး အသီးကိုလည်း ဖိကြည့်လို့ရလာပါလိမ့်မယ်။ ခူးဆွတ်ပြီး ၄ ရက်မှ ၅ ရက်အတွင်း အသီးမှည့်တတ်ပါတယ်။

ဒီအချက်အလက်လေးတွေကိုကြည့်ပြီး ဒူးရင်းသြဇာပင်ကို ကောင်းကောင်းပြုစုနိုင်ကြပါစေရှင်။ စာရေးသူအတွေ့အကြုံအရ ပဲခူးတိုင်းလိုဒေသမျိုးတွေမှာလည်းပေါက်ရောက်ရှင်သန်နိုင်ပါတယ်။ အသီးကောင်းကောင်းသီးဖို့ အသီးချောချောရဖို့ဆိုရင်တော့ အထက်မှာဖော်ပြခဲ့တဲ့အချက်လေးတွေက အထောက်အကူဖြစ်စေဖို့ ရေးသားဖော်ပြလိုက်ရပါတယ်ရှင်။

ရေးသားသူ - သိမ့်ဇာ

ကိုးကား-https://bit.ly/3PIGg1d

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#နတ်ဩဇာ
#ဒူးရင်းဩဇာ

#အစိမ်းရောင်လမ်း

🗓 ၂၀၂၅ ခုနှစ်ရဲ့ ပထမဦးဆုံးခြေလှမ်းအဖြစ်နဲ့ အစိမ်းရောင်လမ်းက ဒေါက်တာသက်ခိုင်နဲ့အတူ မွေးမြူတောင်သူတွေ ရှေ့ဆက်အားယူကာ အလုပ်...
16/01/2025

🗓 ၂၀၂၅ ခုနှစ်ရဲ့ ပထမဦးဆုံးခြေလှမ်းအဖြစ်နဲ့ အစိမ်းရောင်လမ်းက ဒေါက်တာသက်ခိုင်နဲ့အတူ မွေးမြူတောင်သူတွေ ရှေ့ဆက်အားယူကာ အလုပ်လုပ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး "မြန်မာ့မွေးမြူရေးကဏ္ဍ ရေရှည်တည်တံ့ရေး - အတွေ့အကြုံမှသည် ရလဒ်ကောင်းဆီသို့" ဆိုတဲ့ ခေါငိးစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဒေါက်တာသက်ခိုင်က

- မွေးမြူရေးလောကရဲ့ ယခုလက်ရှိကြုံနေရတဲ့ အခက်အခဲများ
- အသေးစားမွေးမြူသူတွေ၊ မွေးမြူရေးကို အခုမှ စတင်ဖို့ စိတ်ကူးနေသူတွေအတွက်လည်း မသိမဖြစ် သိသင့်တဲ့ အခြေခံအချက်အလက်များ
- မွေးမြူရေးကဏ္ဍတစ်ခုလုံးအပေါ် ဆရာ့အမြင်တွေကို သုံးသပ်ဆွေးနွေးချပြသွားခဲ့ပါတယ်။

တက်ရောက်လာခဲ့ကြတဲ့ အစိမ်းရောင်လမ်းက မိတ်ဆွေ၊ ဆရာ၊ ဆရာမများလည်း ကျေနပ်ကြမယ်လို့ မျှော်လင့်မိပါတယ်ရှင့်။

💥 နောက်ထပ်လည်း အစိမ်းရောင်လမ်းအနေနဲ့ တောင်သူတွေအတွက် အကျိုးရှိမယ့် စကားဝိုင်းတွေကို စီစဉ်ပေးသွားဦးမှာမို့လို့ နောက်လာမယ့် စကားဝိုင်းဟာ ဘယ်လိုမျိုးဖြစ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ပေးကြပါဦးနော်

မတက်ရောက်ဖြစ်ခဲ့တဲ့ မိတ်ဆွေတွေအနေလည်း ပြန်လည်နားထောင်ချင်တယ်ဆိုရင် အစိမ်းရောင်လမ်းရဲ့ Youtube Channel မှာ ပြန်လည်ကြည့်ရှုလို့ရနေပါပြီလို့လည်း သတင်းကောင်းပေးပါရစေရှင့် 🙏

ဒီတစ်ပတ်အတွက် ဉာဏ်စမ်းလေး လာပါပြီရှင့် 📢🥬🥦 ဦးကြီးတို့စိုက်ခင်းထဲမှာ အမြဲထိန်းရခက်တဲ့ ရောဂါတွေကို ဖြစ်စေဖို့ အခြေခံအချက် ...
16/01/2025

ဒီတစ်ပတ်အတွက် ဉာဏ်စမ်းလေး လာပါပြီရှင့် 📢

🥬🥦 ဦးကြီးတို့စိုက်ခင်းထဲမှာ အမြဲထိန်းရခက်တဲ့ ရောဂါတွေကို ဖြစ်စေဖို့ အခြေခံအချက် ဘယ်နှစ်ချက်ကိုက်ညီမှ အဲ့ဒီရောဂါဖြစ်တာလဲဆိုတဲ့ မေးခွန်းလေးကို ဒီတစ်ပတ်မှာ မေးထားပါတယ်

ဘယ်သူတွေသိကြလဲနော်...

ပြောပြပေးသွားကြပါဦး 😍

အဖြေမှန်လေးကိုတော့ သောကြောနေ့မှာ တင်ပေးသွားပါ့မယ်ရှင့်

15/01/2025

၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာ့မွေးမြူရေးကဏ္ဍအခြေအနေပေါ် သုံးသပ်ချက်

15/01/2025
အမိုးသည် မိုးရေလုံ၍ သက်ကယ်မိုးဖြစ်ပါက တံစက်မြိတ်အနည်းဆုံး ၆ပေ ရှိသင့်ပြီး ခေါင်အမြင့် ၁၀ ပေ ရှိသင့်ပါသည်။အဓိကမှာ အမိုးကိ...
15/01/2025

အမိုးသည် မိုးရေလုံ၍ သက်ကယ်မိုးဖြစ်ပါက တံစက်မြိတ်အနည်းဆုံး ၆ပေ ရှိသင့်ပြီး ခေါင်အမြင့် ၁၀ ပေ ရှိသင့်ပါသည်။အဓိကမှာ အမိုးကို ဆိတ်ဆွဲ၍ မစားနိုင်စေရန် ဖြစ်ပါသည်။
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

ဆိတ်များကို စနစ်တကျမွေးမြူရန်အတွက် သင့်လျော်သည့် ဆိတ်တင်းကုပ်ဆောက်လုပ်ရန် လိုအပ်ပါသည်။

ဆိတ်တင်းကုပ်သည် ဆိတ်များအိပ်ရန်နှင့် အနားယူရန်အတွက် ရာသီဥတုအပူအအေးမှ အကာအကွယ်ပေး၍လေကောင်း လေသန့်ရရှိသည့် အဆောက်အဦးမျိုး ဖြစ်သင့်ပါသည်။

ဆိတ်တင်းကုပ်ဆောက်လုပ်ရန်အတွက် အောက်ပါအချက်များကို ဂရုပြုရပါမည်။

(က) ဆိတ်တင်းကုပ်ကို မြေစိုက်ဆောက်လုပ်ပါက အညစ်အကြေးများအလွယ်တကူ သိမ်းဆည်းနိုင်ရပါမည်။

(ခ) ဆိတ်များနားနေရန်တွက် လုံလောက်သောအကျယ်အဝန်း ရှိသင့်ပါသည်။

(ဂ) ဆိတ်ကြီးနှင့် ဆိတ်ကလေးများကို အသက်အရွယ်အလိုက် ခွဲခြားထားနိုင်ရန် သင့်လျော်သည့်အကန့် ရှိရပါမည်။

(ဃ) အမိုးသည် မိုးရေလုံ၍ သက်ကယ်မိုးဖြစ်ပါက တံစက်မြိတ်အနည်းဆုံး ၆ပေ ရှိသင့်ပြီး ခေါင်အမြင့် ၁၀ ပေ ရှိသင့်ပါသည်။အဓိကမှာ အမိုးကို ဆိတ်ဆွဲ၍ မစားနိုင်စေရန် ဖြစ်ပါသည်။

(င) လေဝင်လေထွက်ကောင်းသင့်သည်။ သို့မှသာ အခင်းခြောက်သွေ့စေရန်နှင့် သန့်ရှင်းရေးပြုလုပ်ရန် လွယ်ကူမည် ဖြစ်ပါသည်။

(စ) လုံလောက်သော အလင်းရောင် ရရှိစေရပါမည်။

(ဆ) အစာခွက်၊ရေခွက်များ စနစ်တကျ ထားရှိရပါမည်။

(ဇ) မိုးများ၍ စိုစွတ်သောအရပ်ဒေသများတွင် အခင်းကို ဝါးကြမ်းခင်း(သို့မဟုတ်) သစ်သားကြမ်းခင်းဖြင့် တည်ဆောက်ရန် လိုပါသည်။ အဂ်တေဖြင့် အခင်းခင်းပါက

ကောက်ရိုး၊မြက်ခြောက် စသည်ဖြင့် ခင်းပေးရန်လိုအပ်ပါသည်။

(စျ) လေစိမ်းမတိုက်စေရန် အကာရှိဖို့ လိုအပ်ပါသည်။

ဆိတ်ခြံများတွင် ဆိတ်မများ သားမွေးရန်၊နို့ညှစ်ရန်နှင့် ဆိတ်သိုးများကို ခွဲခြားထားရှိရန်အတွက် အကန့်များလိုအပ်ပါသည်။

*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*

အရွယ်ရောက်ပြီး ဆိတ် ၁ ကောင်အတွက် ကြမ်းခင်းအကျယ် ပျှမ်းမျှ (၁၀)စတုရန်းပေ လိုအပ်ပါသည်။ လွှတ်ကျောင်းခြင်းမရှိသည့်ဆိတ်များအား ကြမ်းခင်းအကျယ် ပို၍ထားပေးရန် လိုအပ်ပါသည်။

မည်သည့်ပုံစံဖြင့် ဆောက်လုပ်သည်ဖြစ်စေ မွေးမြူရေး လုပ်ငန်းတစ်ခု အကျိုးအမြတ်ရရှိရန်အတွက် သင့်လျော်သည့် ကုန်ကျစရိတ်သာ ကုန်ကျစေပြီး ရေရှည်အတွက် စီးပွားရေး တွက်ခြေကိုက်စေရန် အရေးကြီးလှပါသည်။



တိရစ္ဆာန်မွေးမြူရေးတွင် မွေးမြူနည်းစနစ်မှန်ကန်ရေး နှင့် သင့်လျော်သည့် အဆောက်အဦ ဆောက်လုပ်ရေးမှာ အထူးအရေးကြီးလှပါသည်။အထူးသဖြင့် ဆိတ်များသည် အအေးမိလွယ်သည်။ လေစိမ်းတိုက်ခတ်ခြင်း၊အဆောက်အဦအတွင်း သန့်ရှင်းမှုမရှိခြင်း၊ အခင်းစိုစွတ်ခြင်းများဖြစ်ပါက အဆုတ်ရောင်ရောဂါ(Pneumonia)ဝင်တတ်ပါသည်။

ဆိတ်မွေးမြူသူများအနေဖြင့် ခြံသန့်ရှင်းရေး၊ အခင်းခြောက်သွေ့ရေး၊ အဆောက်အဦနွေးထွေးလုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ပါက ဆိတ်မွေးမြူရေးအောင်မြင်မည် ဖြစ်ပါကြောင်း လေ့လာရေးသားတင်ပြလိုက်ရပါသည်။

ရေးသားသူ - ဦးဇော်(dof)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#ဆိတ်တင်းကုပ်

#အစိမ်းရောင်လမ်း

ကယ်လ်စီယမ်ဓာတ်ကို ဖြည့်တင်းပေးနေသမျှ အသီးတွေမကွဲဘူးဆိုပြီး တော့လည်း ယူဆကြလေ့ရှိပါတယ်။ အမှန်တကယ်တော့ ဒီအယူအဆက မှားနေတာ ဖြ...
15/01/2025

ကယ်လ်စီယမ်ဓာတ်ကို ဖြည့်တင်းပေးနေသမျှ အသီးတွေမကွဲဘူးဆိုပြီး တော့လည်း ယူဆကြလေ့ရှိပါတယ်။ အမှန်တကယ်တော့ ဒီအယူအဆက မှားနေတာ ဖြစ်ပါတယ်။
🥒🥒🥒🥒🥒🥒🥒🥒🥒🥒🥒🥒🥒🥒🥒🥒🥒

အသီးများကွဲအက်ခြင်းဟာ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးထုတ်လုပ်ရာမှာ တွေ့ရတတ်တဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး ယေဘုယျအားဖြင့် အသီးအနှံတွေရဲ့ ကြီးထွားမှုကာလ အလယ်ပိုင်းနဲ့ နှောင်းပိုင်း အဆင့်တွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အသီးတွေ ကွဲအက်ပြီးတဲ့နောက်မှာ အသီးရဲ့ အရည်အသွေးတွေ ကျဆင်းလာမှာဖြစ်ပြီး ရောဂါပိုးမွှားများ အလွယ်တကူဝင်ရောက်နိုင်ကာ တဖြည်းဖြည်း ပုပ်ပြီး ဆိုးရွားစွာပျက်စီးဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။

အသီးတွေ ကွဲအက်တာနဲ့ပတ်သက်လို့ စိုက်ပျိုးသူအများစုကတော့ ကယ်လ်စီယမ် ချို့တဲ့တာကြောင့်ဆိုပြီး ဦးစားပေး စဉ်းစားကြလေ့ရှိပါတယ်။ ကယ်လ်စီယမ်ဓာတ်ကို ဖြည့်တင်းပေးနေသမျှ အသီးတွေမကွဲဘူးဆိုပြီး တော့လည်း ယူဆကြလေ့ရှိပါတယ်။ အမှန်တကယ်တော့ ဒီအယူအဆက မှားနေတာ ဖြစ်ပါတယ်။

အသီးတွေကို အက်ကွဲစေတဲ့ အကြောင်းအရင်း များစွာရှိနိုင်ပြီး အစိုဓာတ်၊ မြေသြဇာကျွေးခြင်းနဲ့ စီမံခန့်ခွဲမှု စတဲ့အချက်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အသီးတွေကွဲအက်ရခြင်းရဲ့ အကြောင်းရင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ခွဲခြမ်းစိတ်ဖြာသင့်ပြီး ကာကွယ်ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။

အသီးများ ကွဲအက်ခြင်းကို ခွဲခြမ်းစိတ်ဖြာရာမှာ အောက်ဖော်ပြပါ အကြောင်းရင်း ၅ ခုကို တွေ့ရှိရပါတယ်။

၁။ မျိုး🍁

အသီးကွဲအက်ခြင်းဟာ အမျိုးမျိုးသော ဇီဝကမ္မနဲ့ မျိုးရိုးဗီဇဆိုင်ရာ လက္ခဏာများစွာနဲ့လည်း သက်ဆိုင်နေတာ ဖြစ်ပါတယ်။ အသီးအမျိုးအစား၊ အရွယ်အစား၊ အခွံအထူအပါး၊ ရေပါဝင်မှု၊ ဆဲလ်ကျစ်လျစ်မှု၊ သကြားဓာတ်ပါဝင်မှု၊ အက်ဆစ်ပါဝင်မှုနဲ့ အခွံရဲ့အရည်အသွေး စတဲ့ လက္ခဏာတွေဟာ အသီးကွဲအက်ခြင်းအပေါ် သက်ရောက်မှု ရှိစေတာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် စပျစ်သီးတွေဆိုရင် မျိုးကွဲ‌တွေများစွာရှိတဲ့အနက် အချို့မျိုးတွေဟာ အခွံပါးပြီး ကြွပ်ဆတ်တဲ့အသား ရှိတဲ့အတွက် အသီးကွဲအက်တတ်ပြီး အချို့သောမျိုးတွေက‌တော့ အမြစ်ကနေ ရေစုပ်ယူမှုမြန်ဆန်ပြီး ရောင်ခြယ်ဆဲလ်တွေ ဖြစ်ပေါ်နေတဲ့ကာလမှာ ရေစုပ်ယူမှု များပြားတာကြောင့် အသီးတွေ ကွဲအက်တတ်တာ ဖြစ်ပါတယ်။

မက်မွန်သီးတစ်မျိုး ဖြစ်တဲ့ (Nectarine) မျိုးကွဲတွေမှာဆိုရင် သကြားဓာတ်ပါဝင်မှု မြင့်မားပြီး အက်ဆစ်ပါဝင်မှုနည်းတဲ့အတွက် အသီးကွဲအက်ခြင်းတွေ ဖြစ်ပေါ်တတ်တာ ဖြစ်ပါတယ်။ ထို့နည်းတူ အချို့သော ဖရဲသီးမျိုးကွဲတွေမှာဆိုရင်လည်း ပါးလွှာပြီး ကြွပ်ဆတ်တဲ့အခွံ ပါရှိတဲ့အတွက် အသီးကွဲအက်ခြင်းတွေ ဖြစ်ပေါ်တတ်တာ တွေ့ရပါတယ်။

၂။ မသင့်လျော်တဲ့ စီမံခန့်ခွဲမှုအစီအမံများ🍁

(က) အပူချိန် ပြောင်းလဲခြင်း

အသီးတွေရဲ့ အစောပိုင်းကြီးထွားမှုကာလမှာ အပူချိန်နိမ့်ပြီးတဲ့နောက် ရုတ်တရက် အပူချိန်မြင့်တက်လာတာမျိုး ဖြစ်ပေါ်တဲ့အခါ အသီးတွေ လျင်မြန်စွာကြီးထွားလာပြီး အသီးများကွဲအက်ခြင်းကို ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။

(ခ) မြေဆီလွှာအစိုဓာတ် လျင်မြန်စွာပြောင်းလဲခြင်း

သီးနှံတွေရဲ့ အစောပိုင်းကြီးထွားမှုကာလမှာ မကြာခဏမိုးရွာသွန်းခဲ့မယ်ဆိုရင် အမြစ်စနစ်ကနေ အသီးဆီကို ပို့ဆောင်တဲ့ရေတွေဟာ လျင်မြန်စွာတိုးပွားလာပြီး ဆဲလ်များပျော့ပျောင်းလာကာ အသီးတွေလည်း လျင်မြန်စွာ ကြီးထွားလာမှာ ဖြစ်ပါတယ်။ ၎င်းအခြေအနေမှာ အခွံတွေဟာ များသောအားဖြင့် အိုမင်းရင့်ရော်လာပြီး ဖယောင်းလွှာရဲ့ (cuticle) ရဲ့ ကန့်သတ်မှုကြောင့် အခွံဆဲလ်တွေဟာ ကြီးထွားဖို့နှေးကွေးလာမှာ ဖြစ်ပါတယ်။ ထိုအခါ အခွံရဲ့အထဲမှာ ပျော့အိတဲ့အသားတွေ ပေါက်ပြဲလာတာမျိုး ဖြစ်တတ်ပါတယ်။

အဆိုပါ ကွဲအက်မှုမျိုးကိုတော့ စပျစ်၊ ထိုင်ဝမ်ဆီးသီး၊ သလဲသီး စတဲ့ အသီးတွေမှာ တွေ့ရတတ်တာ ဖြစ်ပါတယ်။ အကယ်လို့ အစောပိုင်းကြီးထွားမှုကာလမှာ ရေဓာတ်ချို့တဲ့မယ်ဆိုရင်တော့ အသီးငယ်တွေရဲ့ ကြီးထွားမှုကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ အသီးတွေမှာ ရောင်ခြယ်ဆဲလ်တွေ ဖြစ်ပေါ်နေတဲ့ကာလအတွင်း မိုးဆက်တိုက်ရွာသွန်းခြင်းနဲ့ ရေလွှမ်းခြင်းတွေ ဖြစ်ပေါ်မယ်ဆိုရင်လည်း အသီးနှံတွေကို အက်ကွဲစေနိုင်တာ ဖြစ်ပါတယ်။

ခရမ်းချဉ်သီးမှာဆိုရင်လည်း အပင်ဟာ ရေကိုစုပ်ယူတာနဲ့အမျှ ပျော့ဖတ်(အသား)တွေ ကြီးထွားလာမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် အခွံတွေဟာ ပျော့ဖတ်တွေရဲ့ကြီးထွားနှုန်းနဲ့ လိုက်လျောညီထွေမဖြစ်နိုင်တာကြောင့် အခွံမှာ အိုမင်းရင့်ရော်မှုတွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အဆိုပါ ပျော့ဖတ်တွေဟာ ခရမ်းချဉ်သီးရဲ့အခွံကို ဖောင်းပွလာစေပြီး အက်ကွဲကြောင်းတွေကို ဖြစ်ပေါ်လာစေပါတယ်။

အပူချိန်မြင့်မားခြင်း၊ အလင်းရောင်အားကောင်းခြင်း၊ ရေငတ်ဒဏ်ခံရခြင်းနဲ့ အခြားသောအချက်တွေကြောင့် အသီးတွေရဲ့ အညှာအနီးမှာ ဖောင်းပွတဲ့အလွှာတစ်ခုကို ဖြစ်ပေါ်စေပြီး သကြားဓာတ်ပါဝင်မှုကို မြင့်တက်လာစေမှာ ဖြစ်ပါတယ်။ အချိန်အတော်ကြာ ရေငတ်ဒဏ်ခံရပြီးတဲ့နောက် ရုတ်တရက်မိုးရွာသွန်းပြီး ရေအများအပြားရရှိခဲ့မယ်ဆိုရင် အသီးအတွင်းမှာရှိတဲ့ ပျော့ဖတ်တွေကို လျင်မြန်စွာကြီးထွားလာစေပြီး osmotic ဖိအားကိုတိုးလာစေကာ အခွံတွေကို ဖောင်းပွပြီး အက်ကွဲလာစေမှာ ဖြစ်ပါတယ်။

*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*

(ဂ) ရေနဲ့ မြေသြဇာ ရရှိမှု မညီညာခြင်း

အသီးတွေ ကြီးထွားနေတဲ့ကာလမှာ ဖော့စဖောရပ်စ်၊ ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ် စတဲ့ ဓာတ်တွေဟာ သစ်သီးကွဲအက်ခြင်းအပေါ်မှာ အဓိကသက်ရောက်မှုရှိနေတာဖြစ်ပြီး မဂ္ဂနီဆီယမ်၊ ဘိုရွန်၊ ဇင့်၊ အိုင်းယွန်း၊ ကော့ပါးနဲ့ မဂ္ဂနိစ်ကဲ့သို့ ဒြပ်စင်တွေဟာလည်း သက်ရောက်မှုရှိနေတာ ဖြစ်ပါတယ်။

အာဟာရဓာတ် တစ်မျိုးတည်း သို့မဟုတ် အများအပြားကို အလွန်အကျွံကျွေးပြီး အခြားဒြပ်စင်တွေ ထောက်ပံ့ပေးတာ နည်းတဲ့အခါမှာလည်း သစ်သီးတွေ ကွဲအက်လာတတ်တာ ဖြစ်ပါတယ်။ သီးနှံတွေကို တကယ်လက်တွေ့ စိုက်ပျိုးထုတ်လုပ်ရာမှာ သီးနှံကြီးထွားမှုရဲ့ နှောင်းပိုင်းကာလတွေမှာ ကယ်လ်စီယမ်ချို့တဲ့ပြီး ပိုတက်စီယမ်ဓာတ် ပိုလျှံမှုကြောင့် အသီးကွဲအက်ခြင်း ဖြစ်ပေါ်တတ်တာ အတော်များပါတယ်။ ဥပမာ - ခရမ်းချဉ်သီးတွေရဲ့ ချက် (navel) မှာ ကွဲအက်လာရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ ကယ်လ်စီယမ်ဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။

ဒါ့ကြောင့် အသီးကြီးထွားနေတဲ့ကာလမှာ အာဟာရထောက်ပံ့ပေးမှု မညီမျှတာကို ကာကွယ်ဖို့အတွက် နိုက်ထရိုဂျင်ဓာတ်မြေသြဇာ အသုံးပြုမှုပမာဏကို ထိန်းညှိသင့်ပြီး သီးနှံရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အခြားသောမြေသြဇာတွေအသုံးပြုမှုကိုလည်း သင့်တော်အောင် တိုးမြှင့်ပေးသင့်တာ ဖြစ်ပါတယ်။

အထူးသဖြင့် ကယ်လ်စီယမ်နဲ့ ဘိုရွန်မြေသြဇာတွေကို အချိန်မီ ဖြည့်စွက်ပေးဖို့ လိုအပ်ပါတယ်။ မြေဆီလွှာထဲမှာရှိနေတဲ့ အာဟာရဒြပ်စင်အမျိုးမျိုးရဲ့ အချိုးအစားကိုချိန်ညှိသင့်ပြီး နိုက်ထရိုဂျင်နဲ့ ပိုတက်စီယမ်ဓာတ်တွေကို အလွန်အကျွံ မကျွေးဖို့လည်းလိုအပ်ပါတယ်။ ၎င်းဓာတ်တွေကို အများအပြားထည့်မိတဲ့အခါ အပင်ကနေ ကယ်လ်စီယမ်ဓာတ် စုပ်ယူမှုနိုင်ကို ထိခိုက်စေနိုင်တာကြောင့် ဖြစ်ပါတယ်။

(ဃ) မမှန်ကန်သော လုပ်ဆောင်ချက်များကြောင့် အသီးကွဲအက်ခြင်း

ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ခြင်းနဲ့ စီမံခန့်ခွဲခြင်းလုပ်ငန်းစဉ်တွေမှာ လေဝင်လေထွက်နဲ့ အလင် းရောင်ထုတ်လွှတ်မှုတွေကိုတိုးစေဖို့၊ အသီးတွေရဲ့အရောင်အဆင်းကို တိုးတက်စေဖို့အတွက် အရွက်တွေကို အလွန်အမင်းနည်းသွားတဲ့အထိ မှုန်း (thinning) ပစ်လေ့ ရှိကြပါတယ်။

အထူးသဖြင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးတဲ့သူတွေဆိုရင် အပင်ရဲ့အပေါ်ဘက်ပိုင်း အရွက်အနည်းငယ်ကိုသာ ချန်ထားပြီး အောက်အရွက်အားလုံးကို ဖယ်ရှားပစ်လေ့ရှိကြတာ ဖြစ်ပါတယ်။ ထိုအခါ အပင်မှာ အလုပ် လုပ်ဆောင်နိုင်တဲ့အရွက်တွေ နည်းပါးသွားတဲ့အတွက် အစာချက်လုပ်မှုလည်း မလုံလောက်တော့ဘဲ သီးနှံတွေဟာ လိုအပ်တဲ့အာဟာရဓာတ်တွေကိုပါ မရရှိနိုင်တော့တာကြောင့် အသီးများကွဲအက်ခြင်းကို ဖြစ်ပေါ်လာစေတာ ဖြစ်ပါတယ်။

၃။ အပင်ရဲ့ endogenous ဟော်မုန်းမညီမျှမှုကို မှားယွင်းစွာအသုံးပြုခြင်း🍁

ဆောင်းရာသီလို အပူချိန်နိမ့်တဲ့ပတ်ဝန်းကျင်မှာဆိုရင် ဟော်မုန်းကုသမှုမပါဘဲ အသီးတွေတင်နိုင်ဖို့က ခက်ခဲပါတယ်။ သို့ပေမယ့်လည်း 2,4-D လို့ခေါ်တဲ့ (plant growth regulator) အပင်ကြီးထွားရှင်သန်မှုကို အားပေးပြီး ပြင်းအားများလွန်းတဲ့ ဟော်မုန်းတွေအသုံးပြုခြင်း၊ ၎င်းတို့ကို ထပ်ခါတလဲလဲ အသုံးပြုခြင်း၊ ပျိုးပင်ငယ်အဆင့်မှာ အသုံးပြုခြင်း၊ အပူချိန်မြင့်မားပြီး ရေငွေ့ပျံမှုများစေတဲ့ မွန်းတည့်ချိန်မှာ အသုံးပြုခြင်း စတာတွေက ကွဲအက်နေတဲ့ အသီးတွေနဲ့ ပုံပျက်နေတဲ့ အသီးတွေ ဖြစ်ပေါ်လာစေဖို့ ပိုပြီးလွယ်ကူစေမှာ ဖြစ်ပါတယ်။ (2,4-D ကို ပေါင်းသတ်ဆေးအနေနဲ့ အသုံးပြုကြသလို auxin based ဟော်မုန်းအနေနဲ့လည်း အသုံးပြုကြတာ ဖြစ်ပါတယ်။)

ထို့အပြင် အပင်ရဲ့ endogenous ဟော်မုန်းအချိုးအစား ပြောင်းလဲမှုဟာ အခွံနဲ့ အသားတွေရဲ့ ကြီးထွားနှုန်းကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ အဆိုပါ အခွံနဲ့အသား ကြီးထွားနှုန်းဟန်ချက်မညီတဲ့အခါမှာ အသီးတွေ ကွဲအက်သွားတတ်ပါတယ်။ ဟော်မုန်းမညီမျှမှုကြောင့် အသီးကွဲအက်တဲ့ဖြစ်စဉ်ဟာ အသီးတွေရဲ့ ကြီးထွားမှုကာလ အလယ်ပိုင်းနဲ့ နှောင်းပိုင်းအဆင့်တွေမှာ ပိုပြီးအဖြစ်များတာ ဖြစ်ပါတယ်။

၄။ ရောဂါနဲ့ ပိုးမွှားများ🍁

မှဲ့ပြောက်စွန်းရောဂါ၊ သံချေးရောဂါနဲ့ မွှားပင့်ကူနီတို့ ကျရောက်ဖျက်ဆီးခြင်းဟာ အသီးတွေ ကွဲအက်ခြင်းနဲ့ ဆက်စပ်မှုရှိနေတာကြောင့် ပိုးမွှားရောဂါ ကာကွယ်ခြင်းနဲ့ ထိန်းချုပ်ခြင်းကို ဂရုပြုဆောင်ရွက်သင့်ပါတယ်။ ဥပမာအနေနဲ့ ဝါပင်တွေမှာ မှဲ့ပြောက်စွန်းရောဂါ ကျရောက်တဲ့အခါ ဝါသီးတွေကို ကွဲအက်စေနိုင်တာ ဖြစ်ပါတယ်။ စပျစ်ပင်တွေမှာ ဖားဥမှိုရောဂါ ကျရောက်တဲ့အခါ အသီးရဲ့အခွံကို ပိုမိုမာကျောလာစေပြီး ၎င်းရဲ့ ဆန့်ကျုံ့နိုင်တဲ့သတ္တိကို ဆုံးရှုံးသွားစေပြီး ပျက်စီးစေမှာ ဖြစ်ပါတယ်။ အဲ့ဒီလို မာကျောတဲ့ကာလ ပြီးဆုံးသွားတဲ့နောက်မှာ အသီးရဲ့ထိပ်ကနေ ကွဲအက်သွားစေဖို့ ပိုမိုလွယ်ကူသွားမှာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ပိုးမွှားရောဂါတွေကနေတဆင့် အသီးနှံတွေကွဲအက်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် အချိန်မီဆောင်ရွက်သင့်ပါတယ်။

၅။ မြေဆီလွှာ ပြဿနာများ

ယနေ့အချိန်မှာ မြေဆီလွှာရဲ့ အက်စစ်ဓာတ်ချို့ယွင်းမှု ပြဿနာတွေကို ပိုပြီး ထင်ထင်ရှားရှား တွေ့လာရပါတယ်။ မြေဆီလွှာမှာ သတ္တုဒြပ်စင်တွေ ချို့တဲ့မှုနဲ့ မညီမျှမှု ပြဿနာတွေ အဖြစ်များလာပြီး ၎င်းအခြေအနေတွေဟာ အသီးကွဲအက်ခြင်းကို ပိုမိုဆိုးရွားလာစေတာ ဖြစ်ပါတယ်။ အများအားဖြင့်တော့ ဓာတုဓာတ်မြေသြဇာ အသုံးပြုတဲ့ပမာဏကို လျှော့ချဖို့အတွက် အော်ဂဲနစ်မြေသြဇာတွေကို ဘက်တီးရီးယားမြေသြဇာ (bacterial fertilizers) တွေနဲ့ တွဲဖက်ပြီး ပိုမိုအသုံးပြုလာကြတာ ဖြစ်ပါတယ်။ မြေဆီလွှာရဲ့ အက်ဆစ်ဓာတ်ပမာဏကို ချိန်ညှိနိုင်မယ်ဆိုရင် အသီးကွဲအက်မှု အတိုင်းအတာကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ အချက်အလက်တွေဟာ အသီးအနှံတွေမှာ ကွဲအက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေဖြစ်ပါတယ်။ သီးနှံတွေစိုက်ပျိုးထုတ်လုပ်ရာမှာ အသီးကွဲအက်တဲ့ ပြဿနာကို ကြုံတွေ့ရခဲ့မယ်ဆိုရင် အထက်မှာဖော်ပြထားတဲ့ အသီးကွဲအက်ရခြင်းအကြောင်းအရင်းတွေကို ဦးစွာစဉ်းစားပြီးမှ ဆုံးရှုံးမှုနည်းစေဖို့ သင့်လျော်တဲ့အဖြေကို ရွေးချယ်ဆောင်ရွက်သင့်ပါတယ်။

ရေးသားသူ - ဇင်ထူးနိုင်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#အသီးကွဲအက်ခြင်း
#ကယ်လ်စီယမ်ဓာတ်

#အစိမ်းရောင်လမ်း

ဒီနေ့ ည ၈ နာရီမှာ ဒေါက်တာသက်ခိုင်နဲ့အတူ မွေးမြူရေးလုပ်ငန်းကို ဘယ်လိုရှေ့ဆက်လုပ်ကိုင်ကြမလဲဆိုတဲ့ နည်းဗျူဟာတွေ ချမှတ်ဖို့ ...
15/01/2025

ဒီနေ့ ည ၈ နာရီမှာ ဒေါက်တာသက်ခိုင်နဲ့အတူ မွေးမြူရေးလုပ်ငန်းကို ဘယ်လိုရှေ့ဆက်လုပ်ကိုင်ကြမလဲဆိုတဲ့ နည်းဗျူဟာတွေ ချမှတ်ဖို့ Zoom မှာ ဆုံကြမယ်နော်...

မွေးမြူတောင်သူတွေအတွက် အခွင့်အရေးကြီးတစ်ခုကို ယူဆောင်လာပါပြီ..

အဲ့တာကတော့ ၂၀၂၄ ခုနှစ်အတွင်း

🐣 မွေးမြူရေးကဏ္ဍမှာ ဖြစ်ပေါ်ခဲ့တဲ့ သွင်းအားစု ရရှိမှု၊

🐣 ထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ ဈေးနှုန်းဖြစ်ပေါ်မှုတွေကို ခြုံငုံပြီး

ဆွေးနွေးပေးမယ့် အစိမ်းရောင်လမ်းရဲ့ ပင်တိုင်ဆောင်းပါးရှင် ဆရာခိုင်ကြည်သစ် (ဒေါက်တာသက်ခိုင် - တိရစ္ဆာန်ဆေးကုဆရာဝန်) ရဲ့ အွန်လိုင်းစကားဝိုင်းပဲ ဖြစ်ပါတယ်။

👉 ဒီစကားဝိုင်းမှာဆိုရင် ပြီးခဲ့တဲ့နှစ်ရဲ့ ဖြစ်ပေါ်ခဲ့မှုတွေအပေါ်အခြေခံပြီး လာမယ့်နှစ်တွေမှာ ဘယ်လိုပြုပြင်ပြောင်းလဲရမလဲဆိုတဲ့ အကြောင်းအရာတွေကို အကြံပြုဆွေးနွေးမှာ ဖြစ်ပါတယ်။

🐣 မွေးမြူရေးကဏ္ဍတစ်ခုလုံးအပေါ် ဒေါက်တာသက်ခိုင်ရဲ့အမြင်ကို ခြုံငုံဆွေးနွေးနားထောင်ခြင်းအားဖြင့်

👉 မွေးမြူသူတွေ၊ မွေးမြူရေးစတင်လုပ်ကိုင်လိုသူတွေအတွက် စဉ်းစားစရာတွေ ရသွားမှာ ဖြစ်သလို

👉 မူဝါဒချမှတ်သူတွေနဲ့ သုတေသနသမားတွေအတွက်လည်း ပြန်သုံးသပ်စရာ ရသွားမယ်လို့ ယူဆတာမို့

သင်ဟာ မွေးမြူရေးကဏ္ဍကို စိတ်ဝင်စားတယ် ကိုယ်တိုင်လည်း မွေးမြူထုတ်လုပ်နေတယ်ဆိုရင်တော့ ဒီအွန်လိုင်းဆွေးနွေးပွဲဟာ သင့်အတွက်ပါလို့

အချိန် ။ ။ ည ၈ နာရီ

နေ့ရက် ။ ။ ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၅ ခုနှစ် (ဗုဒ္ဓဟူးနေ့)

နေရာ ။ ။ Zoom Platform

💻Zoom Meeting Link💻

https://us06web.zoom.us/j/81288397164?pwd=qdTzbFa9LCjhNsah6HqS97e7RPYMK0.1

Meeting ID: 812 8839 7164

Passcode: 706007

#မွေးမြူရေး
#အွန်လိုင်းဆွေးနွေးပွဲ

#အစိမ်းရောင်လမ်း

Address

No. 60, Yadanar Thukha Street, Lay Daung Kan, Thingangyun Yadanar Road
Yangon
11071

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00

Telephone

+95943121627

Website

https://t.me/greenwaymyanmar

Alerts

Be the first to know and let us send you an email when Green Way - အစိမ်းရောင်လမ်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Green Way - အစိမ်းရောင်လမ်း:

Videos

Share

အစိမ်းရောင်လမ်းဆိုတာ

စိမ်းလန်းသောမြန်မာ့မြေမှတောင်သူဦးကြီးများအတွက် ယုံကြည်စိတ်ရသော စိုက်ပျိုး/ မွေးမြူရေးဆိုင်ရာ ဖုန်းဆော့ဝဲလဲတစ်ခုအဖြစ် အစိမ်းရောင်လမ်း - Green Way က ရပ်တည်လျှက် ရှိပါတယ်။ သင်ဟာ စိုက်ပျိုး၊ မွေးမြူရေးသမားတစ်ဦးဆို အစိမ်းရောင်လမ်း ဖုန်းဆော့ဝဲလဲလေးဟာ သင့်အတွက် အိတ်ဆောင် အဖော်မွန်လေး ဖြစ်စေမှာမို့ တစ်ကြိမ်လောက်ဖြစ်ဖြစ် သုံးကြည့်လိုက်ပါ။

အခမဲ့ ဒေါင်းလော့ရယူရန်... dl.greenwaymyanmar.com