ဟင်းချက်နည်းပေါင်း သောင်းခြောက်ထောင်

  • Home
  • ဟင်းချက်နည်းပေါင်း သောင်းခြောက်ထောင်

ဟင်းချက်နည်းပေါင်း သောင်းခြောက်ထောင် Eating is a necessity but cooking is an art.

ဝက်သုံးထပ်သား နှမ်းကပ်ကြော် 😋😋😋➡️ ဝက်သား သုံးထပ်သားကောင်းကောင်းလေး ၃၀ သား➡️ ငံပြာရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း➡️ နှမ်း ထမင်...
05/12/2024

ဝက်သုံးထပ်သား နှမ်းကပ်ကြော် 😋😋😋

➡️ ဝက်သား သုံးထပ်သားကောင်းကောင်းလေး ၃၀ သား
➡️ ငံပြာရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
➡️ နှမ်း ထမင်းစားဇွန်း ၃ ဇွန်း
➡️ ဆား နည်းနည်း
➡️ ဟင်းရွက်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
➡️ တန်ပူရာမှုန့် (အကြော်မှုန့်) ထမင်းစားဇွန်း ၃ ဇွန်း
➡️ ကြက်သွန်ဖြူ ၃ မြွှာ နုတ်နုတ်စင်း
➡️ ရေ လက်ဖက်ရည် ပန်းကန်လုံးတစ်လုံးစာ

ချက်တော့မယ် 🥰

➡️ ဝက်သုံးထပ်သားကို ဆိုင်မှာ မတုံးခိုင်းဘဲ အိမ်ရောက်မှ အလွှာပါးလေးတွေ အရှည်လိုက် အရင် လှီိးပါတယ်။

➡️ ပြီးရင် ဆားနဲ့ ပွတ်ပြီး သေချာ ဆေးပါတယ်။

➡️ ဝက်သားသန့်စင်ပြီးတာနဲ့ ပါဝင်ပစ္စည်းတွေကို ထည့်ပြီး သမအောင် ရောနယ်ကာ တစ်နာရီတိတိ နှပ်ထားလိုက်ပါတယ်။

➡️ မကပ်ဒယ်အိုးထဲ ဆီ ထမင်းစားဇွန်း ၆-၇ ဇွန်းစာလောက်ပဲ ထည့်ပြီး မီးအအေးဆုံးနဲ့ ဖြည်းဖြည်းချင်း ကြော်ပါတယ်။ နှစ်ဖက်လုံး ရွှေအိုရောင်လေး သမ်းလာတဲ့အထိ လှည့်လှည့်ပြီး ကြော်ရပါတယ်။ မီးအေးအေးနဲ့ ကြော်တာကြောင့်ရော မုန့်နှစ်တွေနဲ့မို့ရော အဆီအခေါက်များတဲ့ ဝက်သုံးထပ်သားပေမဲ့ ဆီလုံးဝမပေါက်ပါဘူး။

➡️ အရောင်လှလှလေးနဲ့ ကြွပ်ကြွပ်လေးအနေအထားရောက်ပြီဆို ဆီလေးစစ်ပြီး စားခါနီးမှ ဒီလိုအနေတော်အရွယ်အတုံးလေးတွေ လှီးလိုက်ပါတယ်။ အပြင်က ရဲရဲကြွပ်ကြွပ်ရွရွပေမဲ့ အထဲက အိအိလေးနဲ့ အရမ်းစားကောင်းပါတယ် 😊

တွဲဖက်စားဖို့ သွားရည်ယိုစရာ ဆော့စ် 😋
🥗🥗🥗🥗🥗🥗🥗🥗🥗

➡️ ဆန်လှော်မှုန့် ဝယ်ထားပြီးသားရှိရင် ထည့်လို့ ရပေမဲ့ ဆုကတော့ ကိုယ်တိုင်ပဲ လှော်ပြီး အမှုန့်ညက်နေအောင် ထောင်းပါတယ်။ ထမင်းစားဇွန်း ၂ ဇွန်းစာပေါ့။

➡️ ကြက်သွန်နီ အသေးတစ်လုံး ပါးပါးလှီးမယ်။

➡️ နံနံပင် ရိတ်ရိတ်လှီး ထားမယ်။

➡️ ကြက်သွန်မြိတ် နုတ်နုတ်စင်း ထားမယ်။

➡️ ပြီးရင် လှီးထားတာတွေ အကုန် ပန်းကန်လုံးထဲ ထည့်မယ်။

➡️ သံပရာသီး ၂ လုံး ညှစ်ထည့်မယ်။

➡️ ရေ လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက် ထည့်မယ်။

➡️ ငံပြာရည်ကတော့ အပေါ့အငန် အနေတော်လောက် ထည့်မယ်။

➡️ ဟင်းရွက်မှုန့်ထည့်မယ်။

➡️ ငရုတ်သီးမှုန့် အစပ် စားနိုင်သလောက် ထည့်မယ်။

➡️ သကြားအစား ကြံသကာမှုန့်ထည့်ပါတယ်။

➡️ ပြီးရင်တော့ သေချာလေး သမအောင် မွှေလိုက်ရင် မွှေးမွှေးလေးနဲ့ စပ်စပ်လေး အရသာရှိလှတဲ့ တွဲဖက်စားစရာဆော့စ်လေး ရပါပြီ။

#ဝက်သုံးထပ်သားနှမ်းကပ်ကြော် #ဆုအေးအောင်လက်ရာ #ဟင်းချက်နည်းများ #ဟင်းချက်နည်းပေါင်းသောင်းခြောက်ထောင်

ဝက်သားရောင်းတဲ့သူလေးတွေက အမွေးတွေကို တစ်ခါတည်း Waxing လုပ်ပေးရင် ကောင်းမယ် 😁မဟုတ်ရင် ဒီလို မုတ်ဆိတ်ရိတ်တဲ့ ချုပ်နဲ့ ပြန်...
05/12/2024

ဝက်သားရောင်းတဲ့သူလေးတွေက အမွေးတွေကို တစ်ခါတည်း Waxing လုပ်ပေးရင် ကောင်းမယ် 😁
မဟုတ်ရင် ဒီလို မုတ်ဆိတ်ရိတ်တဲ့ ချုပ်နဲ့ ပြန်ပြန်ရိတ်နေရလို့ 🤣

Just kidding!

အရင်ကတည်းက ဒီနည်းလေး လုပ်ဖူးတယ်။ ဖုန်းထဲ save ထားပြီး ပြန်ရှာတာ ခေါင်းမူးသွားလို့ စာအနေနဲ့ပဲ တင်လိုက်ပါဦးမယ်။ လုပ်ချင်တဲ...
18/10/2024

အရင်ကတည်းက ဒီနည်းလေး လုပ်ဖူးတယ်။ ဖုန်းထဲ save ထားပြီး ပြန်ရှာတာ ခေါင်းမူးသွားလို့ စာအနေနဲ့ပဲ တင်လိုက်ပါဦးမယ်။
လုပ်ချင်တဲ့ ဓမ္မမိတ်ဆွေများ လုပ်ကြည့်သင့်ပါတယ်။

#ရွှေဓာတ်ငွေဓာတ်ဖွင့်ရအောင်
****************************

တစ်ချိန်တစ်ခါ က ကျွန်တော့အား
ဝေပုလ္လာရာမဆရာတော်(ပြည်မြို့)က #ရွှေဓာတ်ငွေဓာတ်ဖွင့်ရအောင်နည်းလမ်း ကိုပေးခဲ့ဖူးသည်။
ထိုနည်းလမ်း ကို ကျွန်တော်ရေးသည့် ယတြာပဒေသာ
စာအုပ်တွင်ဖော်ပြခဲ့ပါသည်။

ယခု ဖော်ပြမည့်နည်းမှာ ပေါ့ပါးသော
နည်းတစ်မျိုးဖြစ်သည်။
ရွှေဓာတ်ငွေဓာတ်ဖွင့်ရအောင် ဟုပင်အမည်တပ်ထားပါ၏။

နည်းလမ်းမှာလွယ်သည်။ယုံကြည်မှုကို နှလုံးသား
တွင်အပြည့်ထည့်၍ တကယ်တမ်းလိုက်လုပ်ရန်သာ
လိုပါသည်။ဂရုတစိုက်လုပ်နိုင်ပါက လုပ်သလောက်ကန်အကျိုးများပါလိမ့်မည်။
လုပ်အား ပါရမီအား ဝီရိယအား တစ်ဦးနှင့်တစ်ဦး
မတူညီသောကြာင့် အကျိုးပေးပုံနှင့်ကာလ ပမာဏ
ကွာခြားနိုင်သော်လည်း လိုက်လုပ်သူတိုင်း
မလုပ်ခင်ကနှင့်စာလျှင် ထူးခြားပါလိမ့်မည်။

အရောင်းအဝယ်ကောင်းလာမည်။
အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ့လာမည်။
ရင်းနှီးမြှုပ်နှံမှုများအောင်မြင်မည်။
တိုးတက်မည်။ကံဇာတာငယ်နေသူများ
ကံတက်လာမည်။ပုံမှန်ဝင်ငွေကောင်းလာမည်။
လူချစ်လူခင်ပေါမည်။အကူအညီထောက်ပံ့ရလာမည်။

#ပြင်ဆင်ရမည့်နည်းလမ်းမှာ-
************
-လင်ပန်းတစ်ချပ်ယူပါ။

-သကြားနှင့်ဖျော်ထားသော ကော်ဖီ၅ခွက်ကို
စုတင်ပါ။ခွက်ချင်း ထိထားပါ။

-ကော်ဖီ၅ခွက်ကြားမှာ သပြေပန်းထိုးထားသော
ဖန်ခွက်ကို ထားပါ။ဖန်ခွက်ထဲရေပါပါစေ။

-၅၀၀ ကျပ်တန်ကို ကန်တော့ထိုးပြီး ဖန်ခွက်နှင့်
ကော်ဖီခွက်ကြား သင့်တော်သလိုထားပါ။

-ဖယောင်းတိုင် ၅တိုင်ကို ကော်ဖီခွက်၏ အပြင်ဘက် လင်ပန်းနှုတ်ခမ်းတွင် ဝိုင်းကာ ထွန်းပါ။

ဒါဆိုပြင်ဆင်မှုအပိုင်းပြီးပါပြီ။

#ဆန္ဒပြုရွတ်ဆိုရန်မှာ
==============
ရတနာသုံးပါးကိုကပ်လှူပူဇော်ပါ၏ဘုရား
ဤမှန်သောသစ္စာစကားကြောင့်လည်းကောင်း
ဤအလှူဒါနပြုရ၍လည်းကောင်း
အနန္တောအနန္တငါးပါး၏ တန်ခိုးတေဇော်အာနုဘော်
ကြောင့်လည်းကောင်း
အရပ်၄မျက်နှာ၈မျက်နှာ၁၀မျက်နှာတို့မှ
ဝင်စရာရှိသောရွှေငွေများ
ရစရာရှိသောရွှေငွေများ
လာစရာရှိသောရွှေငွေများစုပေါင်း၍
အင်အားကောင်းစွာဖြင့်လျှင်မြန်စွာရောက်ရှိ၍
လာပါစေသား" ဟု ၅ကြိမ် ဆိုပါ။

ဒိဝါတပတိဂါထာတော် ၁၀၈ ခေါက်
မနက်တစ်ကြိမ်
ည တစ်ကြိမ် ပုတီးစိပ်ပါ။

#တစ်ပတ်အတွင်း
ကြာသပတေးနေ့ တစ်ကြိမ်။
သောကြာနေ့တစ်ကြိမ်။
တနင်္လာနေ့တစ်ကြိမ်။
ဗုဒ္ဓဟူးနေ့တစ်ကြိမ်။

တစ်ပတ်အတွင်း၄ရက်။
၂ပတ်လုပ်ရပါသည်။
သင် ကျွန်တော့အား ကျေးဇူးတင်မဆုံးဖြစ်လာပါ
လိမ့်မည်။

#ခေတ္တရာဆရာကျော် အား လေးစားစွာ credit ပေးပါသည်ရှင့်။

ကဏန်းချဉ်စပ် တစ်ပွဲရဖို့ မျက်ရည်ပါ ပိုးပိုးပေါက်ပေါက်ကျ 😜😜 စပ်လို့ပြောပါတယ်
13/10/2024

ကဏန်းချဉ်စပ် တစ်ပွဲရဖို့ မျက်ရည်ပါ ပိုးပိုးပေါက်ပေါက်ကျ 😜😜 စပ်လို့ပြောပါတယ်

22/09/2024
ကဲ ကျက်ပါပြီ 😋 #ရွှေဖရုံကင်းမွန်ချက်
21/05/2024

ကဲ ကျက်ပါပြီ 😋
#ရွှေဖရုံကင်းမွန်ချက်

ဆုကတော့- ရွှေဖရုံသီး+ကင်းမွန်အချိုကြော်ချက်- ဗမာကြက်ကြော်- ငပိရည်ကျိုနဲ့တို့စရာ😋 Yummy
21/05/2024

ဆုကတော့

- ရွှေဖရုံသီး+ကင်းမွန်အချိုကြော်ချက်
- ဗမာကြက်ကြော်
- ငပိရည်ကျိုနဲ့တို့စရာ

😋 Yummy

 #သုံးထပ်သားပြုတ်ကြော် အိအိလေးချက်စားရအောင်===================================ကိုယ့်လက်ရာတအိမ်လုံးအကြိုက်မို့ခနခနလုပ်ကျွ...
10/05/2024

#သုံးထပ်သားပြုတ်ကြော် အိအိလေးချက်စားရအောင်
===================================
ကိုယ့်လက်ရာ
တအိမ်လုံးအကြိုက်မို့ခနခနလုပ်ကျွေးဖြစ်တဲ့
သုံးထပ်သားပြုပ်ကြော်အိအိလေး
ချဉ်ငံစပ်လေးနဲ့တို့စားရအောင်နော့

သုံးထပ်သားအရွယ်တော်ဖြတ်ပြီးရေဆေးစစ်ထားပါ
အသင့်တည်ထားတဲ့ရေနွေးထဲကို
ရှမ်းနံနံကိုအမြစ်ရောပါရေဆေးပြီးဓားပြားရိုက်ထဲ့
ဂျင်းနဲနဲနဲ့ကြက်သွန်ဖြူ၅မွှာလဲရိုက်ပြားထဲ့ပါ
အရသာထည့်ပြီးဆေးထားတဲ့အသားပါရောထဲ့ပါ
အသားနူးရင်တော့ဆယ်ပြီးပြုပ်ရေသီးသန့်ယူထားပါ
မကပ်အိုးထဲကိုဆယ်ထားတဲ့အသားနဲ့ပြုပ်ရေနဲနဲလေးထဲ့
ငြုပ်ကောင်းနဲ့ခြောက်ကောနဲနဲစီထဲ့
abc ကြာညို့လေးထည့်ပြီးအရောင်ညီအကျက်ညီအောင်လှည့်ပေးပါ
ကိုယ်ကတော့ခရုဆီလေးလဲနဲနဲထဲ့လိုက်သေးတယ်နော်
ရေခမ်းသွားပြီးစိတ်ကြိုက်အရောင်လဲရပြီဆိုရင်တော့ဆယ်ထားပြီး
လိုသလိုပုံစံဖြတ်စိတ်ကြိုက်သုံးဆောင်နိုင်ဘီပေါ့
ပိုပြီးစိုစိုလေးဖြစ်အောင်
ခုနကသီးသန့်ဖယ်ထားတဲ့ပြုပ်ရေလေးကိုယူပွက်အောင်တည်
ကော်မုန့်နဲနဲရေဖျော်ထဲ့အရောင်လေးရအောင်မြင်းပျံကြာညို့လေးနဲနဲထည့်ပြီး
ကြိုလိုက်တော့ကော်ရည်မပျစ်မကျဲလေးရဘီပေါ့သူကအရသာထဲ့ပြီးသားမို့
ထပ်ထဲ့စရာမလိုဘူးနော်
ပြီးရင်ကိုယ်ဖြတ်ထားတဲ့အသားတွေပေါ်လောင်းလိုက်ရုံပါ
ချဉ်ငံစပ်ကတော့ကြက်သွန်ဖြူညက်ညက်ထောင်းထဲရေနွေးပွက်ဆူအရင်ထဲ့မွှေထားငံပြာရေဟင်းခပ်မှုန့်ထဲ့သံပုရာသီးညစ်ထဲ့
အရသာစိတ်ကြိုက်ရရင်တော့
နံနံပင်ဖြတ်ငြုပ်သီးဖြတ်ထားတာတွေရောထဲ့လိုက်ရင်ပြည့်စုံဘီလေ...နော့
ချက်ဟင်းမစားချင်တဲ့နေ့ဆိုအဲ့လိုလေးလဲအဆင်ပြေပါတယ်လို့

Credit to Wuu Nyann

ယနေ့ဟင်းလျာ 😋😋😋=====တစ်နေ့တစ်နေ့ ဘာချက်ရမလဲ စဉ်းစားရင်း နွေအပူနဲ့လည်း လိုက်ဖက်ပြီး ဆီပြန်ဟင်း မစားချင်တာနဲ့- ရေချိုပုစွန...
08/05/2024

ယနေ့ဟင်းလျာ 😋😋😋
=====

တစ်နေ့တစ်နေ့ ဘာချက်ရမလဲ စဉ်းစားရင်း နွေအပူနဲ့လည်း လိုက်ဖက်ပြီး ဆီပြန်ဟင်း မစားချင်တာနဲ့
- ရေချိုပုစွန်အစပ်ကြော်ကြွပ်ကြွပ်လေး
- ငါးခေါင်းချဉ်ပေါင်ဟင်းအရည်သောက်
- မုန်ညင်းရွက်ကြော်
- ရုံးပတီသီးပုစွန်ခြောက်ကြော်လေး ချက်ဖြစ်ပါတယ်။

#ဟင်းချက်နည်းပေါင်းသောင်းခြောက်ထောင်

    🌭 🌭 🌭 🌭 🌭အကောင်းကြိုက်တတ်တဲ့ သားသမီးတွေ ရှိတော့ ဒီမေမေလည်း ပညာစုံအောင် တတ်ရတာပေါ့။Hotdogs စားချင်တယ်မေမေဆိုတော့ အိမ်...
07/05/2024



🌭 🌭 🌭 🌭 🌭

အကောင်းကြိုက်တတ်တဲ့ သားသမီးတွေ ရှိတော့ ဒီမေမေလည်း ပညာစုံအောင် တတ်ရတာပေါ့။

Hotdogs စားချင်တယ်မေမေဆိုတော့ အိမ်မှာပဲ ဒီလိုလေး လုပ်ကျွေးလိုက်တယ် 😀😀

Moe ပေါင်မုန့် ၁ ထုပ်
ကြက်အူချောင်း ၁ ထုပ် ပဲ ဝယ်ဖို့လိုတယ်။
မုန့်ကြွပ်မှုန့်က ဝယ်ထားပြီးသား
ချိစ်လည်း ဝယ်ထားပြီးသား
အ်မ်မှာ ကြက်ဥရှိတယ်ဆိုတော့ အတော်ပဲ ဆိုပြီး လုပ်ကျွေးလိုက်တယ်။

ပေါင်မုန့်ကို လိပ်ဖို့အတွက် အရင် ဒလှိမ့်တုံးနဲ့ လှိမ့်ရတယ်။

ချိစ်ကတော့ အချပ်ပါးလေးတွေ လှီးထား။

ကြက်ဥ ၃ လုံး ခလောက်ထား။

ပေါင်မုန့်ပေါ် ကြက်ဥအရည် သုတ်၊ ချိစ်ပြားတင်၊ ကြက်ဥချောင်း ထည့်၊ လိပ်။

လိပ်ထားတာကို ကြက်ဥအနှစ်ထဲ ထည့်စိမ်၊ ပေါင်မုန့်ကြွပ်မှုန့်ထဲ ထည့်လူး။

ဆီ နည်းနည်းလေးပဲ ထည့်ပြီး ဟိုဘက်ဒီဘက် ရွှေရောင်သမ်းအောင် ကြော်။

ကဲ... ကျက်ပြီ။

အိမ်က မရောနိစ်နဲ့၊ ဆော့စ်နဲ့ အဆင်သင့်ပြင်။

စားလို့ ရပြီလည်း ဆိုရော အလျှိုလျှို ယူသွားလိုက်တာ ၅ မိနစ်တောင် မကြာဘူး 😁😄😄 ကုန်ရော။ မြည်းတောင် မမြည်းလိုက်ရ။

#ဟင်းချက်နည်းပေါင်းသောင်းခြောက်ထောင် #ဆုအေးအောင်လက်ရာ

မျှော်တော်ဇောနဲ့ မောရချည့် 🥲ဖတ် ခနဲ လာဖတ် ခနဲ ပျက်ဒီဇိုင်နာတို့ အခက်ပဲအေ...ဒီကြားထဲ မြေအောက်လိုင်းဆိုလား ဝင်မွှေသွားတော့...
26/04/2024

မျှော်တော်ဇောနဲ့ မောရချည့် 🥲

ဖတ် ခနဲ လာ
ဖတ် ခနဲ ပျက်
ဒီဇိုင်နာတို့ အခက်ပဲအေ...

ဒီကြားထဲ မြေအောက်လိုင်းဆိုလား ဝင်မွှေသွားတော့ ဘာပုံမှ ပို့မရ၊ ဘာမှ ဒေါင်းမရ အမလေး အဆင်တွေ ပြေချက်ဆိုတာ

ယူတို့ ဘယ်လို ငရုတ်သီးထောင်းအိုင့်သမီး 👇👇👇
14/04/2024

ယူတို့ ဘယ်လို ငရုတ်သီးထောင်း

အိုင့်သမီး 👇👇👇

HR မှာ ဘာအပြစ်ရှိလို့လဲ 🥺 ဝဲ ဝဲ
14/04/2024

HR မှာ ဘာအပြစ်ရှိလို့လဲ 🥺 ဝဲ ဝဲ

သင်္ကြန်တွင်းဖွင့်တဲ့ ဆိုင်လေးတွေကို လက်လှမ်းမှီသလောက် 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 လုပ်ပေးလိုက်ပြီနော်💦🙌🏻 💦 𝐇𝐨𝐭𝐩𝐨𝐭/ 𝐁𝐁𝐐Bamboo Korean BBQ ...
13/04/2024

သင်္ကြန်တွင်းဖွင့်တဲ့ ဆိုင်လေးတွေကို လက်လှမ်းမှီသလောက် 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 လုပ်ပေးလိုက်ပြီနော်💦🙌🏻

💦 𝐇𝐨𝐭𝐩𝐨𝐭/ 𝐁𝐁𝐐
Bamboo Korean BBQ Pyay Road
Mr.Jerry Thai BBQ and Hotpot ဆရာစံ
Seafood City Hot Pot
Shwe Kaung Hot Pot
Years&Months BBQ Village

💦𝐌𝐚𝐥𝐚 𝐗𝐢𝐚𝐧𝐠 𝐆𝐮𝐨/ 𝐌𝐚𝐨 𝐂𝐚𝐢
Ko Ko Fu Yangon
Chilli Pot တောင်ဥက္ကလာ
Haw BBQ & Beer
Po Tay Toe Mao Cai and BBQ
Organic Spicy
Mala Wok ရေကျော် ကြည့်မြင်တိုင်
Black Sea BBQ , Bar & Restaurant

💦 𝐌𝐨𝐨𝐤𝐚𝐡𝐭𝐚
Sunset BBQ
Mook Mookata and Thai Restaurant
KKO House Mookata
Raw25 Fresh Seafood Distribution And Buffet
BBQ TOWN

💦𝐂𝐚𝐟𝐞
Origin Coffee
Coffee Sine - ကော်ဖီဆိုင်
Gloria Jean's Coffees Myanmar
(ကော်ဖီဆိုင် တော်တော်များများ သင်္ကြန်တွင်းပိတ်ပါတယ်)

💦 𝐁𝐚𝐫
Pinlon Lounge
RF Restro
Archway Bistro
Wiki Wiki - Bar
Original Bar
The Pier Rooftop Bar & Terrace
Freesia Rooftop Bar
Iceland Rooftop Bar & Restaurant
Sika Lounge and Restaurant
The Bash Yangon
meeting point
Taverna
chillax bar

💦𝐓𝐡𝐚𝐢/ 𝐊𝐨𝐫𝐞𝐚𝐧/ 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐅𝐨𝐨𝐝
Thai Corner
Tom Yam Koong - Yangon
Thai 47 - Downtown Branch
Sate Kyite Seafood
Mya Nandar - Thai Food & BBQ
Mr.Chef
Second Home - Korean BBQ Restaurant
Yoogane
Sichuan House
Yangon Ambience Restaurant
Kaung Thant Food Centre

💦𝐎𝐭𝐡𝐞𝐫𝐬
Nth dregre
The Luscious house
Xing fu noodle
Mr. Cow Taiwanese
Myeik style Cuisine
Music K
Grammy
စက်မှုဒေါ်ညို
ကယားစာ

Happy Thingyan Festival ပါ💦🤍

သင်္ကြန်တွင်းဖွင့်တဲ့ ဆိုင်လေးတွေကို လက်လှမ်းမှီသလောက် 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 လုပ်ပေးလိုက်ပြီနော်💦🙌🏻

💦 𝐇𝐨𝐭𝐩𝐨𝐭/ 𝐁𝐁𝐐
Bamboo Korean BBQ Pyay Road
Mr.Jerry Thai BBQ and Hotpot ဆရာစံ
Seafood City Hot Pot
Shwe Kaung Hot Pot
Years&Months BBQ Village

💦𝐌𝐚𝐥𝐚 𝐗𝐢𝐚𝐧𝐠 𝐆𝐮𝐨/ 𝐌𝐚𝐨 𝐂𝐚𝐢
Ko Ko Fu Yangon
Chilli Pot တောင်ဥက္ကလာ
Haw BBQ & Beer
Po Tay Toe Mao Cai and BBQ
Organic Spicy
Mala Wok ရေကျော် ကြည့်မြင်တိုင်
Black Sea BBQ , Bar & Restaurant

💦 𝐌𝐨𝐨𝐤𝐚𝐡𝐭𝐚
Sunset BBQ
Mook Mookata and Thai Restaurant
KKO House Mookata
Raw25 Fresh Seafood Distribution And Buffet
BBQ TOWN

💦𝐂𝐚𝐟𝐞
Origin Coffee
Coffee Sine - ကော်ဖီဆိုင်
Gloria Jean's Coffees Myanmar
(ကော်ဖီဆိုင် တော်တော်များများ သင်္ကြန်တွင်းပိတ်ပါတယ်)

💦 𝐁𝐚𝐫
Pinlon Lounge
RF Restro
Archway Bistro
Wiki Wiki - Bar
Original Bar
The Pier Rooftop Bar & Terrace
Freesia Rooftop Bar
Iceland Rooftop Bar & Restaurant
Sika Lounge and Restaurant
The Bash Yangon
meeting point
Taverna
chillax bar
အသဲကွဲပြတိုက်

💦𝐓𝐡𝐚𝐢/ 𝐊𝐨𝐫𝐞𝐚𝐧/ 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐅𝐨𝐨𝐝
Thai Corner
Tom Yam Koong - Yangon
Thai 47 - Downtown Branch
Sate Kyite Seafood
Mya Nandar - Thai Food & BBQ
Mr.Chef
Second Home - Korean BBQ Restaurant
Yoogane
Sichuan House
Yangon Ambience Restaurant
Kaung Thant Food Centre

💦𝐎𝐭𝐡𝐞𝐫𝐬
Nth dregre
The Luscious house
Xing fu noodle
Mr. Cow Taiwanese
Myeik style Cuisine
Music K
စက်မှုဒေါ်ညို ငါးခူမုန့်ဟင်းခါး
ကယားစာ
ပေါ်ဦး

Happy Thingyan Festival ပါ💦🤍

09/04/2024

ငယ်ငယ်က ဧည့်သည်ပြန်သွားမှာ ကြောက်တဲ့အချိန်တွေ ရှိခဲ့ဖူးတယ်။
"နေဦး နင်တို့ဧည့်သည်ပြန်မှ တွေ့မယ်"ဆိုတဲ့ အမေ့စကားတစ်ခွန်းနဲ့ 😅 ငါ ဘာဆူခံရမလဲပေါ့ 😅😅

Address

No. 125, 2nd Floor, Botahtaung Township. Yangon
Yangon
11161

Website

Alerts

Be the first to know and let us send you an email when ဟင်းချက်နည်းပေါင်း သောင်းခြောက်ထောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share