Pyinsa Rupa Creative

Pyinsa Rupa Creative To create outstanding values for clients businesses by applying our creative ideas, commitment and e

To create outstanding values for clients businesses by applying our creative ideas, commitment and enthusiasm in order to achieve the client expectations and sustain the long-term client relationship.

Happy thadingyut FestivalMay the radiant light of Thadingyut Full Moon Day bring joy and prosperity to your life and the...
29/10/2023

Happy thadingyut Festival

May the radiant light of Thadingyut Full Moon Day bring joy and prosperity to your life and the lives of your loved ones. Wishing you a blessed and illuminating Thadingyut!

19/08/2023

Pyinsa Rupa Creative Agency အတွက် Tshirt နဲ့ hoodie များဖန်တီးထုတ်လုပ် ပေးထားပါတယ်။

မိမိလုပ်ငန်းနဲ့ပတ်သတ်ပြီး Uniform သာမက
Client ကို လက်ဆောင်ပေးမယ့် product ကလည်း creation ရှိနေမှ ကိုယ့်လုပ်ငန်းကိုမှတ်မိစေမှာပါ။

Our Printing Services Turn Concepts into Wearable Art, Showcasing Your Company's Creativity and Style. Stand Out, Be Memorable!

09/09/2021
Get a free digital marketing consultation & grow your business with us!လူကြီးမင်းတို့ လုပ်ငန်းတွေကို အွန်လိုင်းကနေ ကြော်...
17/01/2021

Get a free digital marketing consultation & grow your business with us!

လူကြီးမင်းတို့ လုပ်ငန်းတွေကို အွန်လိုင်းကနေ ကြော်ငြာတဲ့အခါ ကြုံတွေရတတ်တဲ့
🔹Page Error
🔹Boosting Error နဲ့
🔹အခြား Digital Service နဲ့ ပတ်သက်တဲ့ ပြဿနာအခက်အခဲတွေကို Pyinsa Rupa Creative မှ အခမဲ့ ကူညီဆွေးနွေးပေးနေပါပြီ။

တစ်ပတ်ကို လုပ်ငန်း (၅)ခုသာ လက်ခံပေးသွားမှာဖြစ်ပြီး သိလိုတဲ့ အကြောင်းအရာတွေရှိရင် Page Messenger မှာ စာပို့ပြီး မေးမြန်းလိုက်တော့နော်...

We are hiring Fulltime & Freelance!1. Senior Graphic Designer (1) Post 2. Junior Graphic Designer (1) Post3. IT Assistan...
08/01/2021

We are hiring Fulltime & Freelance!

1. Senior Graphic Designer (1) Post
2. Junior Graphic Designer (1) Post
3. IT Assistant (1) Post

No.(1)နှင့် (2)အနေနဲ့ Social Media ပိုင်းဆိုင်ရာ Design တွေကို အဓိကထား ဆွဲရမှာဖြစ်တဲ့အတွက် Agency အတွေ့အကြုံရှိသူတွေကို ဦးစားပေး ခေါ်ယူသွားပါမယ်။

No.(3)အတွက်ကတော့ အစအဆုံးသင်ပေးမှာဖြစ်တဲ့အတွက် အတွေ့အကြုံမရှိသေးသူတွေပါ လျှောက်ထားနိုင်ပါတယ်။

အထက်ပါ Position များကို စိတ်ဝင်စားသူများအနေနဲ့ CV Form နှင့်အတူ မျှော်မှန်းလစာရေးပြီး [email protected] ကို ပေးပို့လျှောက်ထားနိုင်ပါတယ်။

Graphic Designer Position အတွက် လျှောက်ထားသူများအနေနဲ့ Portfolio ကိုပါ တွဲပြီး Email ပို့ပေးပါနော် ...

page role တွေ အကြောင်း page ကိုင်ပြီး လုပ်ငန်းလုပ်နေကြရတဲ့သူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် အခြားသူတွ...
06/01/2021

page role တွေ အကြောင်း

page ကိုင်ပြီး လုပ်ငန်းလုပ်နေကြရတဲ့သူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် အခြားသူတွေကို Page မှာ Role ပေးထားရတာတွေရှိပါတယ်။

အဲ့ဒီ Page Role ပေးတဲ့နေရာမှာ Admin, Editor, Moderator ရယ်ဆိုပြီး ရှိပါတယ်။ ကိုယ်အပြည့်အ၀ 100 % ယုံကြည်ရမှ Admin ပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ Admin မှာ လုပ်ပိုင်ခွင့်အပြည့်အဝရှိပါတယ်။ Page ကို ဖျက်ပစ်လို့ရတယ်၊ အခြား Admin တွေကို ထုတ်ပစ်လို့ရပါတယ်။ မတော်တဆ မသုံးတတ်လို့ လည်း ဖျက်မိသွားတာမျိုး ဖြစ်နိုင်တယ်။ (ဖျက်ရင်ချက်ချင်းပျက်သွားတာတော့မဟုတ်ပါဘူး။ Notice Period ပေးထားပါသေးတယ်။ ) အန္တရာယ်များပါတယ်။ သေချာစိတ်ချရမှပေးပါ။
Post တင်ယုံလောက်ဆို Admin ပေးစရာမလိုပါဘူး။ Editor လောက်နဲ့ရပါတယ်။

1. Admin - 100% လုပ်ပိုင်ခွင့်ရှိတယ်၊ Page Role နဲ့ setting တွေကို ပြင်နိုင်တယ်။ (အောက်ပါအချက်များ အားလုံးလုပ်နိုင်)

2. Editor - Page ရဲ့ အချက်အလက်တွေကို ပြင်ဆင်ခွင့်ရှိတယ်၊ (ဥပမာ - လိပ်စာ၊ ဖုန်း၊ အကြောင်းအရာ)
🔹ပို့စ်တွေ တင်နိုင်၊ ဖျက်နိုင်တယ်။
🔹Comment/ Message Reply လုပ်နိုင်တယ်။

3. Moderator - Comment/ Message Reply လုပ်နိုင်တယ်။
🔹Audience တွေကို Ban နိုင်တယ်။
🔹(ပို့စ်တင်ခွင့်၊ တင်ပြီးသားတွေဖျက်ခွင့်မရှိ)

4. Advertiser - ကြော်ငြာပို့စ်တွေ လုပ်နိုင်တယ်။ ပို့စ်တွေကို Boost လုပ်နိုင်တယ်။

5. Analyst - သူကတော့ Page ရဲ့ Insight တွေ၊ Data တွေကို ကြည့်နိုင်တယ်။ Post တွေကို ဘယ်သူတင်တယ် ဆိုတာ ကြည့်နိုင်တယ်။

Admin ကနေ Analyst ထိ အစဉ်လိုက်ရေးထားတဲ့ အတိုင်း Role တွေအသီးသီးက သူ့အောက်က သူတွေလုပ်နိုင်တဲ့ အချက်တွေ အကုန်လုပ်နိုင်ပါတယ်။

ဒီလောက်ဆို page role တွေ အကြောင်း သိနိုင်ပြီး page နဲ့ အလုပ်လုပ်နေရတဲ့ သူတွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

Product တွေ Customer တွေ အတွက် ပိုအချိန်ပေးချင်တယ် ၊ page ကို ကိုင်ဖို့ မအားဘူး အချိန်မရဘူး ဆိုရင်တော့ သင့် လုပ်ငန်း page ဆောင်ရွက်ပေးဖို့၊ လိုအပ်တဲ့ Content ၊ ဒီဇိုင်းများ ဖန်တီးပေးဖို့ ကျနော်တို့ Pyinsa Rupa က တာဝန်ယူ ဆောင်ရွက်ပေးပါရစေ ခင်ဗျ...

May this Christmas bring you happiness and laughter. Wishing you a magical holiday and prosperous New Year!
25/12/2020

May this Christmas bring you happiness and laughter. Wishing you a magical holiday and prosperous New Year!

ကမ္ဘာ့လူကြိုက်အများဆုံး Application တွေကို Facebook ကုမ္ပဏီတစ်ခုတည်းကပိုင်တယ်... ၂၀၁၀ ကနေ ၂၀၁၉ ခုနှစ်အထိ ၁၀ စုနှစ်တစ်ခုမ...
16/12/2020

ကမ္ဘာ့လူကြိုက်အများဆုံး Application တွေကို Facebook ကုမ္ပဏီတစ်ခုတည်းကပိုင်တယ်...

၂၀၁၀ ကနေ ၂၀၁၉ ခုနှစ်အထိ ၁၀ စုနှစ်တစ်ခုမှာ ဒေါင်းလုပ်ဆွဲမှု အများဆုံး App (4) ခုက Facebook, Messenger, WhatsApp နဲ့ Instagram တို့ဖြစ်ပါတယ်။

Facebook က Instagram ကို ၂၀၁၂ ခုနှစ်မှာ ဝယ်ယူခဲ့ပြီး WhatsApp ကို ၂၀၁၄ ခုနှစ်မှာ ဝယ်ခဲ့ပါတယ်။ ကမ္ဘာ့ထိပ်တန်း App လေးခုစလုံးကို Zuckerberg တစ်ယေက်တည်းက ပိုင်တာမို့လို့ ဒေတာ လက်ဝါးကြီးအုပ်မှု ဖြစ်တယ်လို့ ပြောဆိုနေတဲ့သူတွေလည်း ရှိပါတယ်။

Online Shop စလုပ်ချင်သူများအတွက် အပြီးအစီး ဝန်ဆောင်မှုပေးပါတယ်🔸သေသပ်လှပသော Logo ဆွဲပေးခြင်း🔸စနစ်ကျသော page ထောင...
09/12/2020

Online Shop စလုပ်ချင်သူများအတွက် အပြီးအစီး ဝန်ဆောင်မှုပေးပါတယ်

🔸သေသပ်လှပသော Logo ဆွဲပေးခြင်း
🔸စနစ်ကျသော page ထောင်ပေးခြင်း
🔸သင့် Product များအတွက် ဒီဇိုင်းများ ဆွဲပေးခြင်း
🔸စိတ်ဝင်စားမှုရှိအောင် ထိမိတဲ့ Content များ ရေးပေးခြင်း
🔸မိမိ Page ကို Like များပြီး ရောင်းကောင်းစေရန် အသုံးပြုနည်းများ အကြံပြုပေးခြင်း

တို့ကို ဈေးနှုန်းသင့်တင့် ချိုသာစွာဖြင့် Pyinsa Rupa မှ ဝန်ဆောင်မှု ပေးနေပါတယ်။

Facebook မှာ Giveaway  ပေးခြင်း ပြိုင်ပွဲပြုလုပ်ခြင်းတို့ အတွက် သတိထားစရာအချက်များ၁။ တိကျတဲ့ ရည်ရွယ်ချက်တစ်ခုထားပါဒီ ပြိ...
18/11/2020

Facebook မှာ Giveaway ပေးခြင်း ပြိုင်ပွဲပြုလုပ်ခြင်းတို့ အတွက် သတိထားစရာအချက်များ

၁။ တိကျတဲ့ ရည်ရွယ်ချက်တစ်ခုထားပါ

ဒီ ပြိုင်ပွဲသို့မဟုတ် Giveaway ပေးခြင်းရဲ့ ရည်ရွယ်ချက်ကဘာဖြစ်မလဲ.. Like & Follower များချင်တာလား..? Engagement များချင်တာလား..? Register တို့ Form တို့ ဖြည့်ခိုင်းချင်တာလား..? တိတိကျကျ တစ်ခုခု သတ်မှတ်ပြီး ပြုလုပ်ပါ... ရောင်းကောင်းရင်ပြီးရော အကုန်လုံးကောင်းစေချင်တာ ဖြစ်စေချင်တာဆိုရင်တော့ ဘယ်ဟာကိုမှ သေချာမရဘဲနေလိမ့်မယ်။ ဒါကြောင့်မလုပ်ခင် တိကျတဲ့ ရည်ရွယ်ချက်တစ်ခုခုထားပါ။

၂။ ဘာကို Giveaway (ဆု) အဖြစ်ပေးမှာလဲ

ကိုယ်ပေးမယ့် ပစ္စည်းက ကိုယ့်ရဲ့ Product နဲ့ ကိုက်ညီတဲ့ သင့်တော်တဲ့ ပစ္စည်းမျိုးဖြစ်တာကောင်းပါတယ်... ကိုယ့်Customer ဖြစ်လာနိုင်မယ့်သူကို မဲဖောက်ပေးတာ အကောင်းဆုံးပါ... လူတိုင်းလိုချင်တဲ့ iPhone ဖောက်ပေးတာမျိုးဆို iPhone ကိုလိုချင်လို့ လာပြိုင်တာဖြစ်နိုင်ပြီး ကိုယ့် Customer ဖြစ်မလာနိုင်ပါဘူး... ဒါကြောင့် ကိုယ့်လုပ်ငန်းအတွက် အကျိုးမရှိနိုင်ပါဘူး.... ကိုယ့် Product/Service ကို ပေးတာအကောင်းဆုံးပါ။

၃။ ပြိုင်ပွဲလုပ်တစ်ခုခုလုပ်တယ်ဆို ဘယ်လိုဝင်ပြိုင်နိုင်မှာလဲ

Customer ကိုပြိုင်ပွဲဆုအဖြစ် ဒါမှမဟုတ် Giveaway ပေးမယ့် ပစ္စည်းနဲ့ Pageမှာ လုပ်ခိုင်းတဲ့ အရာနဲ့ မျှတဖို့လိုပါတယ်။ ပေးတဲ့ဆုက တန်ဖိုးကြီးပစ္စည်းမဟုတ်ဘဲ Customer ကို Like & Share လုပ်ခိုင်း Comment၊ Mention၊ Tag အကုန်လုပ်ခိုင်းလို့အဆင်မပြေပါဘူး။ ကိုယ်ပေးမယ့်ပစ္စည်းက တန်ဖိုးကြီးရင်တော့ များများ ခိုင်းမယ်ဆိုလည်း သဘောပါ။ Customer တွေ စိတ်မညစ်စေဘဲ အဆင်ပြေပြေဝင် လုပ်ဆောင်နိုင်ဖို့ ဒါမှမဟုတ် သူတို့ကိုယ်တိုင်က လိုလိုလားလား လုပ်ချင်တဲ့ အရာဖြစ်ဖို့ မယ်ဆို ပိုကောင်းပါတယ်။

၄။ ပြိုင်ပွဲ ပြုလုပ်ချိန်

နောက်ဆုံးတစ်ချက်ကတော့ ပြိုင်ပွဲ စတင်မယ့်အချိန်၊ ပြီးဆုံးမယ့် အချိန်ကို ထည့်ထားပေးပါ။ ပြိုင်ပွဲပြီးမှ မသိတဲ့သူတွေက ဝင်ပြိုင်နေရင် သူတို့လည်းအချိန်ကုန်ပြီး ကိုယ့် Page အပေါ်လည်း မကောင်းမြင်သွားနိုင်ပါတယ်။ နောက်တစ်နည်းက ပြိုင်ပွဲပြီးသွားတဲ့အခါ ပြီးသွားတဲ့အကြောင်း ပါဝင်ပေးတဲ့သူတွေကို ကျေးဇူးတင်တဲ့ အကြောင်းထပ်ရေးတာ သို့မဟုတ် အရင်ပြိုင်ပွဲပို့စ်မှာ Edit လုပ်လိုက်တာမျိုးလည်း လုပ်နိုင်ပါတယ်။

ပြီးတော့ ပြိုင်ပွဲကို ဝင်ပြိုင်နိုင်တဲ့ နေရာ အကန့်အသတ်ရှိရင်လည်း ကြိုရေးထားပါ။ ရန်ကုန် သို့မဟုတ် ကိုယ့်ဆိုင်က Giveaway ပို့ပေးနိုင်မယ့် နေရာအတွက်သာပဲ ဆိုတာမျိုးကြိုတင်ပြောထားသင့်ပါတယ်။

သတိပြုရန်အချက်များ
Facebook က တရားဝင်ခွင့်ပြုထားတာတွေက
Page ကပဲ ပြိုင်ပွဲတွေ လုပ်ခွင့်ရှိတယ်။ Personal profile က မလုပ်ရဘူးလို့ပြောထားပါတယ်။

သူငယ်ချင်းတွေကို ပြိုင်ပွဲအတွက် အနိုင်ရဖို့ Tag လုပ်တာ၊ Share လုပ်ခိုင်းတာမျိုးကိုလည်း Facebook က တရားဝင်ခွင့်ပြုမထားပါဘူး။ Friend တွေကို အနှောက်အယှက်ဖြစ်စေနိုင်လို့ပါ။ ဒါပေမယ့် အများစုကတော့ လုပ်နေကြပါတယ်။ မသိလို့လုပ်တာလည်းရှိတယ်။ Brand အသေးတွေမို့ သိပ်ဂရုမစိုက်ကြတာလည်းပါတယ်။ ကိုယ့် Brand ကို Image မကျချင်ဘူး ဆိုရင်တော့ မလုပ်တာကောင်းပါတယ်။ ကံမကောင်းရင် Facebook က Ban တာပါ ခံရနိုင်ပါတယ်။

သင့်လုပ်ငန်းကို လူများများ သိစေချင်တယ်...ပိုရောင်းကောင်းအောင် လုပ်ချင်တယ်ဆိုရင် Facebook မှာ Contest ပြိုင်ပွဲတွေ လုပ်ချင်တယ်။ Giveaway အစီအစဉ်တွေလုပ်ချင်တယ်ဆိုရင် PyinsaRupa မှ Campaign Idea များနှင့် Facebook or Instagram မှာ စနစ်တကျ လုပ်ဆောင်ပေးနိုင်ပါတယ်။ Social Media Management အတွက် တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။

ဘာဖြစ်ချင်နေတာလဲ...?သင့်လုပ်ငန်းအတွက် ဈေးရောင်းကောင်းချင်တာလား...သင့် Product  တွေကို လူပိုသိစေချင်တာလား...Social Media ...
11/11/2020

ဘာဖြစ်ချင်နေတာလဲ...?

သင့်လုပ်ငန်းအတွက် ဈေးရောင်းကောင်းချင်တာလား...
သင့် Product တွေကို လူပိုသိစေချင်တာလား...
Social Media မှာ ဒီဇိုင်းမိုက်မိုက်လေးတွေနဲ့ ကြော်ငြာချင်တာလား ...
ကြော်ငြာဖို့ Idea အလန်းစားတွေ စဉ်းစားနေလား...

Pyinsa Rupa မှ တာဝန်ယူ ကြော်ငြာပေးဖို့
သင့်လုပ်ငန်းအတွက် လိုအပ်တာတွေ အကြံဉာဏ်ပေးဖို့
အသင့်ရှိနေပါတယ်...

Customer အသစ်တွေရရှိဖို့ ပိုမိုဆွဲဆောင်မှုရှိတဲ့ Content တွေဖန်တီးပါ...သင့်လုပ်ငန်းအကြောင်း သင်ရောင်းမယ့် ပစ္စည်းတွေအကြေ...
04/11/2020

Customer အသစ်တွေရရှိဖို့ ပိုမိုဆွဲဆောင်မှုရှိတဲ့ Content တွေဖန်တီးပါ...

သင့်လုပ်ငန်းအကြောင်း သင်ရောင်းမယ့် ပစ္စည်းတွေအကြောင်းကို သင့် Customer တွေသိအောင် ရှင်းပြဖို့ဆွဲဆောင်မှုရှိတဲ့ Content တစ်ခု လိုပါတယ်။ Product အသစ်တစ်ခုခုကို မိတ်ဆက်ချင်လို့ပဲဖြစ်ဖြစ် Product အဟောင်းတွေကို ပြန်ကြော်ငြာချင်တာပဲဖြစ်ဖြစ် ရှင်းလင်းတိကျတဲ့ Message ကိုပေးနိုင်တဲ့ Content တစ်ပုဒ် လိုပါတယ်။

ရှင်းလင်းတိကျပြီး ဆွဲဆောင်မှုရှိတဲ့ Content တစ်ပုဒ်က သင်ပြောချင်တဲ့ အကြောင်းအရာတွေကို သင့် Customer တွေဆီ အရောက်ပို့ပေးမှာ ဖြစ်ပါတယ်။ သင့် Brand (Product) ကို လူတွေ အမြဲသတိရနေအောင် သင့် Customer တွေ အတွက် ပျော်စရာကောင်းမယ့် သူတို့ကိုယ်တိုင် ဝင်ရောက် စကားပြောချင်လာမယ့် Content တွေ Social Media မှာ ဖန်တီးထားဖို့ လိုပါတယ်။

မိတ်ဆွေရဲ့ လုပ်ငန်းမှာ လက်တွေ့ရောင်းအားတက်လာစေဖို့ Customer အသစ်တွေရရှိလာဖို့ ပိုမိုဆွဲဆောင်မှုရှိတဲ့ Content တွေ ရောင်းအားကောင်းစေမယ့် Content Idea တွေ မျိုးစုံကို ဖန်တီးပေးဖို့ အတွက် Pyinsa Rupa ကို ဆက်သွယ်လိုက်ပါ။ Content တွေ၊ Product Review တွေကနေ Company Profile တွေ ဆောင်းပါးတွေအထိ စာရေးတဲ့ အတွေ့အကြုံပေါင်း များစွာ ရှိတဲ့ Content Writer တွေက သင့်လုပ်ငန်းအတွက် လက်တွေ့ ထိရောက်မှု ရှိစေမယ့် Content တွေ ဖန်တီးပေးဖို့ အသင့်ကြိုဆိုနေပါတယ်။

သင့်ဆိုင်ကို Online Store အဖြစ်ပြောင်းလိုက်ပါအခုကာလမှာ ဆိုင်တွေအားလုံးနီးပါး Online ပေါ်မှာ ရောင်းချဖို့ ပြောင်းလဲလိုက်ရ...
28/10/2020

သင့်ဆိုင်ကို Online Store အဖြစ်ပြောင်းလိုက်ပါ

အခုကာလမှာ ဆိုင်တွေအားလုံးနီးပါး Online ပေါ်မှာ ရောင်းချဖို့ ပြောင်းလဲလိုက်ရပါပြီ။ အရင်လို ပုံမှန် ပြန်ဖြစ်ဖို့ ဘယ်အချိန်မှန်း သေချာမသိသေးပါဘူး။ ဒီလိုအချိန်မှာ Online ကိုမဖြစ်မနေအားကိုးပြီး စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နေရပါတယ်။ Online မှာစျေးရောင်းရတယ်ဆိုတာလည်း တကယ်တော့ မခက်ပါဘူး။ ပိုအဆင်ပြေတဲ့အချက်တွေတောင်ရှိပါသေးတယ်။

အပြင်မှာပုံမှန်ရောင်းတယ်ဆိုတာက ကိုယ့်ဆိုင်ကို သိပြီးသားသူတွေ၊ ကိုယ့်ဆိုင်အနီးအနားမှာ နေထိုင်တဲ့သူတွေ၊ ဆိုင်ရှေ့ရောက်လို့ ဆိုင်ကိုမြင်ပြီး ဝင်လာတဲ့သူတွေလောက်ပဲ လာဝယ်ကြမှာပါ။

Online ကနေကြော်ငြာပြီးရောင်းချမယ်ဆိုရင်တော့ Online (Social Media) အသုံးပြုသူတွေ အများကြီးက တစ်ချိန်တည်းမှာ ကိုယ့်ဆိုင်နဲ့ ကိုယ်ဘာတွေရောင်းတယ်ဆိုတာကို သိနိုင်မှာဖြစ်လို့ Customer အသစ်တွေ အများကြီး ရရှိနိုင်ပါတယ်။

အပြင်မှာ ဆိုင်နေရာ သီးသန့်မလိုအပ်ဘဲ Online ကနေ မိမိရောင်းချလိုတဲ့ ပစ္စည်းတွေကို တိုက်ရိုက် ရောင်းချနိုင်မယ်။ ပိုကောင်းတဲ့ အချက်ကတော့ ကိုယ့်ရောင်းတဲ့ ပစ္စည်းကို လိုအပ်နေတဲ့သူတွေကို ရွေးချယ်ပြီး ကြော်ငြာနိုင်တဲ့အတွက် ပိုမိုအကျိုးရှိပါတယ်။ ကိုယ့်ပစ္စည်းကို လိုအပ်နေတဲ့ Customer တွေဆီကို အကြိမ်ကြိမ်မြင်အောင် ကြော်ငြာပြပေးနိုင်မယ်ဆိုရင် ဒီပစ္စည်းနဲ့ ဒီဆိုင်ကိုတွဲမှတ်မိနေမှာ ဖြစ်ပြီး လိုအပ်တာနဲ့ ကိုယ့်ဆီက ဝယ်ယူကြမှာဖြစ်ပါတယ်။

Online ကနေ Customer တွေနဲ့ အမြဲ ဆက်သွယ် ပြောဆိုနေနိုင်တာကလည်း အားသာချက်တစ်ခုပါပဲ။ Message တွေ Comment တွေ Review တွေကနေတစ်ဆင့် Customer တွေ ဘာတွေလိုအပ်နေလဲ၊ ဘယ်လိုအချက်တွေကို ကြိုက်/မကြိုက်သလဲ အမြဲသိရှိရနေနိုင်မှာဖြစ်ပါတယ်။

ကိုယ်ကြော်ငြာလိုက်တဲ့ ကြော်ငြာဟာ ဘယ်လောက်ထိရောက်မှုရှိသလဲ၊ လူတွေ တကယ်ရောစိတ်ဝင်စားရဲ့လား၊ ကိုယ့် Customer တွေက ဘယ်ဆိုင်တွေ ဘယ်အကြောင်းအရာတွေကို စိတ်ဝင်စားနေကြသလဲ စတာတွေကို Online (Social Media) မှာ ကြည့်ပြီး မိမိလုပ်ငန်းအတွက် ထိရောက်မှုရှိအောင်၊ ရောင်းအားအမှန်တကယ် တိုးတက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒီလို ထိရောက်ကောင်းမွန်တဲ့ အကျိုးအမြတ်တွေရရှိဖို့ မိတ်ဆွေရဲ့လုပ်ငန်းဟာ Online မှာမရှိသေးဘူးဆိုရင် အမြန်ဆုံး စတင်လုပ်ဆောင်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

Onlineမှာတော့ ရှိတယ် ဒါပေမယ့် သိပ်ရောင်းအားမကောင်းဘူး၊ ကြော်ငြာတွေက ထိရောက်မှုမရှိဘူးဆိုရင် ကြော်ငြာရန်နည်းလမ်းတွေ အကြံပေးခြင်း၊ Online ပေါ်မှာ ကြော်ငြာများထိရောက်မှု ရှိလာစေရန်၊ ရောင်းအားကောင်းလာစေရန် Content များဖန်တီးပေးခြင်း၊ page ဝန်ဆောင်မှုများ အတွက် ကျွန်တော်တို့ Pyinsa Rupa ကို ဆက်သွယ်လိုက်ပါ။

Facebook ပေါ်မှာ အစားသောက်တွေ ဘယ်လိုကြော်ငြာမလဲ…အပိုင်း (၂)မြင်မြင်ခြင်း ဝယ်ချင်လာအောင်၊ ယုံကြည်မှုရအောင်အစားအသောက်တွေကိ...
21/10/2020

Facebook ပေါ်မှာ အစားသောက်တွေ ဘယ်လိုကြော်ငြာမလဲ…
အပိုင်း (၂)

မြင်မြင်ခြင်း ဝယ်ချင်လာအောင်၊ ယုံကြည်မှုရအောင်
အစားအသောက်တွေကို Facebook ပေါ်မှာ ရောင်းတော့မယ်ဆို ဆွဲဆောင်မှုရှိတဲ့ (Impression) ကောင်းတဲ့ page တစ်ခု ရှိရပါမယ်။ Quality ကောင်းကောင်းနဲ့ ရိုက်ထားတဲ့ စားချင်စဖွယ် အစားအသောက် ဓာတ်ပုံတွေ၊ Video တွေနဲ့ ဆိုင်ဖွင့်ချိန် ပိတ်ချိန်၊ ဖုန်းနံပါတ် စတဲ့ ဆိုင်အကြောင်း Information ပြည့်ပြည့်စုံစုံရယ် တွေရှိဖို့ လိုပါတယ်။

၁။ ကိုယ့် Customer တွေက ဘယ်သူတွေလဲ သိအောင်လုပ်ပါ...

ကိုယ်ရောင်းမယ့် အစားအသောက်ကို တကယ်ဝယ်စားမယ့်သူတွေ စိတ်ဝင်စားလာမယ့်သူတွေက ဘယ်သူတွေလဲ၊ Facebook မှာ ဘယ်နှစ်ယောက်လောက် ရှိမလဲ စတာတွေကို page က နေ အချက်အလက် (Data) တွေနဲ့ ရှာဖွေ ကြည့်နိုင်ပါတယ်။

ဥပမာ - Facebook ရဲ့ Audience မှာ နေရာ၊ အသက်အရွယ်၊ စိတ်ဝင်စားမှုတွေ ရွေးပြီး မိမိဆိုင်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုရှိနိုင်တဲ့၊ မိမိ Customer ဖြစ်လာနိုင်မယ့် Facebook သုံးစွဲသူ ဘယ်နှစ်ယောက်ရှိသလဲ၊ သူတို့လက်ရှိ စိတ်ဝင်စားပြီး Like & Share, Follow လုပ်ထားတာ ဘယ် Page တွေလည်း(မိမိရဲ့ Competitor တွေ သိရနိုင်) စတာတွေ ရှာဖွေကြည့်ပါ။ Data တွေကို ကြည့်ရှုပြီးတော့ မိမိ အစားအသောက်တွေကို ဘယ်လိုထိရောက်အောင် ကြော်ငြာရမလဲ သိရှိနိုင်မှာပါ။

၂။ ကြော်ငြာတဲ့အခါ နေရာရွေးချယ်ခြင်း

Facebook မှာ အစားအသောက်တွေ ကြော်ငြာတဲ့အခါ မိမိကြော်ငြာကို ဘယ်သူတွေမြင်စေချင်လဲ၊ ဘယ်နေရာ (Location) ကလူတွေကို ပြသချင်လဲ ဆိုတာပေါ်မူတည်ပြီး Location မှန်ကန်အောင် ရွေးချယ်ဖို့ အရမ်း အရေးကြီးပါတယ်။

ရန်ကုန်မှာပဲ Delivery ပို့ပေးလို့ ရနိုင်မယ့် အစားအသောက် ကြော်ငြာကို မန္တလေးက လူတွေဆီမှာ သွားပေါ်နေရင် ကိုယ်သုံးလိုက်တဲ့ ကြော်ငြာခ အလကားဖြစ်သွားပါမယ်။

ဒါကြောင့် ကြော်ငြာသလောက် အကျိုးရှိအောင် မိမိ Delivery ပို့နိုင်မယ့် နေရာကိုပဲ အသေးစိတ်ရွေးချယ်ပြီး ကြော်ငြာပါ။ မိမိဆိုင်နဲ့ ဘယ်နှစ်မိုင်ပတ်လည်မှာပဲ ကြော်ငြာမယ်ဆိုလည်း ရပါတယ်။ အသေးစိတ်ရွေးချယ်ပါ။

၃။ ကိုယ့် Customer တွေကို ဂရုစိုက်ပါ...

နောက်တစ်ခုကတော့ ကိုယ့် Customer တွေ (ဖြစ်လာနိုင်မယ့်သူတွေ) ကြိုက်မယ့် Contentမျိုးတွေ ဖန်တီးရပါမယ်။ ကိုယ့်ဆိုင်နဲ့ ပတ်သက်တာ၊ ဆိုင်မှာရောင်းတဲ့ အစားအစာတွေနဲ့ပတ်သတ်ပြီး Content မျိုးစုံကို Customer တွေ စိတ်ဝင်စားလာအောင် Page မှာ သူတို့ကိုယ်တိုင်ဝင်ပြီး မေးမြန်းလာအောင်၊ Comment တွေမှာ စကားတွေ လာပြောချင်အောင်ပို့စ်တွေ အမျိုးမျိုး တင်ပေးရပါမယ်။ Comment တွေ၊ Message တွေကိုလည်းတတ်နိုင်သလောက် မြန်မြန် Reply ပြန်ပေးပါ။ သင့်တော်တဲ့ လေသံနဲ့ စာများကို ပြန်ပါ။

အလွန်ချေနေတာမကောင်းသလို အရမ်းချွဲပြီး စျေးရောင်းဖို့လည်း မလိုပါ။ အစားအသောက်တွေ လွယ်ကူစွာ ရွေးချယ်ဝယ်ယူနိုင်တဲ့ အကြောင်းပြောပါ။ ရောင်းအားတက်ဖို့ အတွက် တိုက်ရိုက် Content မျိုးဖြစ်တဲ့ မိမိ page မှာ အစားအသောက်တွေ ဘယ်လို ရွေးချယ်မှာ ယူနိုင်တယ် ဆိုတာကိုပြောတဲ့ စာတွေ ပုံတွေလည်းမြင်သာအောင် ထိပ်ဆုံးမှာ တင်ထားဖို့လိုပါတယ်။ မကြာခဏလည်း Customer တွေကို Postတွေက တစ်ဆင့် ပြောနေဖို့ လိုပါတယ်။

၄။ အချိန်ကိုက်တင်ပါ

ကိုယ်ရောင်းမယ့် ပစ္စည်းကို Customer တွေလိုအပ်တဲ့ အချိန် လက်ထဲရောက်ရှိစေရန် ကြိုတင်အချိန်ယူပြီး ကြော်ငြာထားဖို့လိုပါမယ်။ ဥပမာ သီတင်းကျွတ်မှာ ရောင်းချင်တဲ့ ပစ္စည်းတွေဆိုရင် သီတင်းကျွတ်မတိုင်မီ ကြော်ငြာနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပြီး အချိန်မီ Customerတွေမြင်အောင် ဝယ်ယူနိုင်အောင် စီစဉ်ပေးဖို့လိုပါတယ်။

၅။ ပုံမှန် ပို့စ်တွေ တင်ပေးပါ...

ပို့စ်တွေတင်တဲ့ အခါ တစ်နေ့ တစ်ပို့စ် ဒါမှမဟုတ် တစ်ရက်ခြားတစ်ပို့စ် စသည်ဖြင့် ပုံမှန်တင်ပေးဖို့လိုပါတယ်။ လူကြိုက်မယ့် ပို့စ်တွေရယ် ကိုယ်အဓိကရောင်းချင်တဲ့အစားအသောက်တွေကို ကြော်ငြာ (Boost) လုပ်ပေးပါ။ တင်ချင်တဲ့ အချိန်မှ တင်တာမျိုး၊ အကြာကြီး မတင်ဘဲ ပစ်ထားတာမျိုး မလုပ်ပါနဲ့။ ပို့စ်တွေမတင်ဘဲ ကိုယ့် Page ကို ပစ်ထားရင် ကိုယ့် Customer တွေကို ပစ်ထားတာနဲ့ အတူတူပါပဲ။ Customer တွေကလည်း ကိုယ့်ကို အချိန်တိုအတွင်းမေ့သွားပါလိမ့်မယ်။ အချိန်မှန်နဲ့ Customer တွေ စိတ်ဝင်စားမယ့် အကြောင်းအရာတွေ ကိုယ့်ဆိုင်နဲ့ ပတ်သက်တာတွေကို ပုံမှန်တင်ပေးနေတဲ့ Page ကလူစိတ်ဝင်စားမှုပိုရပြီး ရောင်းအားပိုကောင်းမှာ သေချာပါတယ်။

မိတ်ဆွေတို့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကြော်ငြာရန်နည်းလမ်းတွေ အကြံပေးခြင်း၊ Online ပေါ်မှာ ကြော်ငြာများ ထိရောက်မှု ရှိလာစေရန်၊ ရောင်းအားကောင်းလာစေရန် Content များဖန်တီးပေးခြင်း၊ page ဝန်ဆောင်မှုများ အတွက် ကျွန်တော်တို့ Pyinsa Rupa ကို ဆက်သွယ်လိုက်ပါ။

အစားအသောက်တွေကို Facebook ကနေ ဘယ်လိုရောင်းမလဲ...အပိုင်း (၁) ဆိုင်တွေ ပိတ်လိုက်ရတော့ Food delivery နဲ့ ပို့ရောင်းရတဲ့ စနစ...
14/10/2020

အစားအသောက်တွေကို Facebook ကနေ ဘယ်လိုရောင်းမလဲ...
အပိုင်း (၁)

ဆိုင်တွေ ပိတ်လိုက်ရတော့ Food delivery နဲ့ ပို့ရောင်းရတဲ့ စနစ်ကို ဆိုင်တော်တော်များများ ပြောင်းလိုက်ရတယ်။ Online ကနေ မှာစားတဲ့သူတွေလည်း များလာပါတယ်။ ဒီတော့ စားသောက်ဆိုင်တွေ အပြိုင်အဆိုင်ကြားက ကိုယ့်ဆီက မှာအောင် ဘယ်လိုရောင်းမလဲ သိဖို့ နည်းလမ်းကောင်းလေးတွေ မျှဝေလိုက်ပါတယ်။

ကိုယ်ရောင်းမယ့် အစားအသောက် လက်ရာကောင်းနေဖို့၊ သန့်ရှင်းနေဖို့ နဲ့ တခြား အားသာချက်တွေကတော့ ပြောစရာမလိုအောင် သိကြပြီးသားဖြစ်မှာပါ။

ကိုယ်မရောင်းခင် Customer တွေ အခုအချိန်မှာ ဘယ်လို ဝယ်စားနေကြလဲ ဆိုတာ အရင်သိဖို့လိုပါတယ်။

လက်ရှိမှာ တွေ့နေရတဲ့ အစားအသောက်မှာစားနေကြတဲ့ နည်းလမ်းတွေကတော့...

၁။ ကိုယ့်အသိဆိုင် ဒါမှမဟုတ် မှာနေကြဆိုင်ဖြစ်လို့ ဖုန်းဆက်မှာတယ်။

၂။ သူငယ်ချင်းတွေက ညွှန်းလို့ သိပြီး ဖုန်းဆက်မှာတာ။

၃။ စားသောက်ဆိုင်နာမည်ကို ရိုက်ရှာ၊ တိုက်ရိုက် ဖုန်းဆက်ပြီး မှာတယ်။

၄။ Grabfood, Food Panda, Food2u, Door2door စတဲ့ Online Food Delivery တွေကနေ မှာတယ်။

၅။ Facebook မှာ Delivery ပို့ပေးတယ်ဆိုပြီး အစားအသောက် ကြော်ငြာ တွေ့လို့ Messenger သို့ ဖုန်းဆက်မှာတယ်။

၆။ စားချင်တဲ့ အစားအသောက် အမည်ကို ရိုက်ရှာပြီး Delivery ရတဲ့ ဆိုင်တွေ့လို့ မှာတယ်။

၇။ Cele တွေ စားတာ သို့မဟုတ် ကြော်ငြာတာ တွေ့လို့ မှာတယ်။

၈။ Live လွှင့်ပြီး ရောင်းတာကနေ တွေ့လို့ ဝယ်တာ။
(တခြားနည်းလမ်းတွေလည်း ရှိနိုင်ပါသေးတယ်...)

ဒီမှာ နံပါတ်(၁) ကနေ (၃) အထိက ရင်းနှီးပြီးသား၊ နာမည် ရပြီးသား (Branding) ကောင်းပြီးသားဆိုင်တွေအတွက်ပါ။ အခုမှ ဆိုင်အသစ်တွေဆိုရင်တော့ ကိုယ့်ဆိုင်က မှာလို့ရကြောင်း မှာလို့ရတဲ့ အစားအသောက် မီနူးရယ်၊ ဖုန်းနံပါတ်ရယ်ကို သူငယ်ချင်းတွေ၊ အဆောင်တွေဆီ၊ ရပ်ကွက်ထဲမှာ ဖြန့်ထားတာမျိုး လုပ်နိုင်ပါတယ်။

နံပါတ် (၄) ကတော့ Online Delivery Website (App) အသုံးပြုတဲ့ Customer တွေ အတွက်ပါ။ သူတို့သုံးနေတဲ့ App တွေမှာ ကိုယ့်ဆိုင်ရှိနေဖို့ လိုပါတယ်။ ကိုယ့်ဆိုင်အတွက် အဆင်ပြေမယ့် App (Grabfood, Foodpanda) စတာ တွေနဲ့ ချိတ်ဆက်ထားရပါမယ်။

နံပါတ် (၅) ကတော့ Facebook မှာ ဆိုင်က ကြော်ငြာထားတာမြင်ပြီး စားချင်လို့ ဆိုင်ကို တိုက်ရိုက်မှာတာမျိုးပါ။ အဲ့တော့ ဆိုင်က အစားအသောက်ရယ် Delivery ရတယ် ဆိုတာရယ်ကို လူများများ သိအောင် ကြော်ငြာပေးရပါမယ်။ လူများများသိတယ်ဆိုတဲ့ နေရာမှာလည်း Facebook ပေါ်က လူတွေ အများကြီးသိသွားတိုင်း ဆိုင်ကို တိုက်ရိုက် အကျိုးမပြုပါဘူး။ တကယ် ကိုယ့်ဆိုင်က အစားအသောက်ကို စိတ်ဝင်စားမယ့်သူ၊ Delivery ပို့လို့ရနိုင်မယ့် နေရာမှာရှိတဲ့သူ စသဖြင့် လူမှန် အချိန်မှန် ဖြစ်မှ ကြော်ငြာက အလုပ်ဖြစ်မှာပါ။ ဒီအကြောင်းကိုနောက်ပို့စ်မှာ အသေးစိတ်ရေးပါမယ်။

နံပါတ် (၆) အတွက်ကျတော့ အစားအသောက်နဲ့ ဆိုင်နဲ့တွဲပြီး နာမည်ရနေတဲ့ ဆိုင်မျိုးက အားသာပါတယ်။ ဥပမာ- မာလာရှမ်းကောဆို ဘယ်ဆိုင်ကို အရင်စဉ်းစားမိသလဲ၊ ဒံပေါက်ဆိုရင် ဘယ်ဆိုင်နာမည်ကို သတိရသလဲ၊ ကိုယ့်ဆိုင်ကိုလည်း ဒါမျိုးတွဲပြီး မှတ်မိအောင် အစားအသောက်တစ်မျိုးမျိုးနဲ့ ဖောက်ဖို့ ကြော်ငြာဖို့ လိုပါတယ်။ ကိုယ့်ဆိုင်ရဲ့ လူကြိုက်အများဆုံး ဖြစ်တဲ့ သို့မဟုတ် ဖြစ်လာမယ်လို့ ထင်တဲ့ အစားအသောက်ကို ဦးစားပေးပြီး ဆိုင်နာမည်နဲ့ အမြဲ တွဲပြီး ကြော်ငြာပေးရပါမယ်။ အဲတော့ ဒီအစားအသောက်ကို ရိုက်ရှာတာနဲ့ ကိုယ့်ဆိုင်နာမည်ပေါ်အောင် အမြဲ ပြောနေ သို့မဟုတ် အမြဲတွဲပြီး အစားအသောက်အမည် နဲ့ ဆိုင်အမည် အမြဲတွဲနေအောင် လုပ်ရပါမယ်။

နံပါတ် (၇) ကတော့ Cele တွေစားတာမြင်ပြီး သူတို့ရဲ့ Viewer တွေ Follower တွေက လိုက်မှာစားကြတာမျိုးပါ။ ဒါလည်း တကယ်အလုပ်ဖြစ်ပါတယ်။ Marketing သမားတွေ ခေါ်တာကတော့ Influencer Marketing ပေါ့။ Influencer တွေ Cele တွေကို ပိုက်ဆံပေးပြီး ကြော်ငြာခိုင်းတာမျိုး၊ ရင်းနှီးတဲ့ သူတွေကို လက်ဆောင်ပေးပြီး ကြော်ငြာခိုင်းတာမျိုး လုပ်နိုင်ပါတယ်။

နောက်ဆုံးတစ်ခု နံပါတ် (၈) ကတော့ Live လွှင့်ပြီးရောင်းတာမျိုးဆိုတော့ ရောင်းတဲ့ သူကိုယ်တိုင်က Influencer သို့မဟုတ် Viwer များနေဖို့လိုပါတယ်။ နာမည်ရှိပြီးသားလူတွေလုပ်တာများတယ် ဆိုပေမယ့် တချို့လည်း ဒီလိုပဲ အစပိုင်းတော့ Viewer နည်းပြီး ပုံမှန် Live လွှင့်ပြီး လုပ်သွားရင် ကိုယ်ရောင်းတဲ့ Product ကလည်း စိတ်ဝင်စားဖို့ကောင်းမယ်၊ ဆွဲဆောင်မှု ရှိမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ Live ကို ခဏလေးလွှင့်ပြီး Viewer နည်းလို့ ရပ်လိုက်တာထက် အချိန်ကြာကြာလွှင့်ပြီး အချိန်လည်း ပုံမှန် လွှင့်သွားရင် Viewer လည်းတိုးလာနိုင်ပါတယ်။

မိတ်ဆွေတို့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကြော်ငြာရန်နည်းလမ်းတွေ အကြံပေးခြင်း၊ Online ပေါ်မှာ ကြော်ငြာများ ထိရောက်မှု ရှိလာစေရန်၊ ရောင်းအားကောင်းလာစေရန် Content များဖန်တီးပေးခြင်း၊ page ဝန်ဆောင်မှုများ အတွက် ကျွန်တော်တို့ Pyinsa Rupa ကို ဆက်သွယ်လိုက်ပါ။

နောက်ပို့စ်ကျရင် Facebook ပေါ်မှာ အစားအသောက်တွေ ဘယ်လို ကြော်ငြာရမလဲ ဆိုတာ အသေးစိတ်ရေးပါမယ်။

Address

No. 341, 48(U-9) Quarter, Aung Yadanar Street, North Dagon Township
Yangon
11181

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30

Telephone

+9595036199

Alerts

Be the first to know and let us send you an email when Pyinsa Rupa Creative posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pyinsa Rupa Creative:

Videos

Share

Mingalarpar!

Grow Your Business Like Never Before... Clear Focus Clear Result!

We started Academic Weekly Journal in 2012. It is now the only one educational journal in Myanmar. We are passionate to expand our creative content on great digital and we started PYINSA RUPA Creative, Content Marketing Agency to create a valuable digital experience that makes people’s lives easier. We have over 7 years of experience strategizing innovative digital experiences for small startups to corporate brands. We are a team of digital experts and artists, creating valuable content on publishing and social media every day. We have a strong team for Video and Photo Production. Before creating PYINSA RUPA creative, we take time to explore the market situation and collect research data from every business sector to support our partners. We are experts in generating creative marketing strategy and our strategy delivers the achievement and precise audiences for your business with the minimum time and money.

Who are we?

We have formed PYINSA RUPA with very imaginative and deeply inspired professionals who have a contagious passion and infinitive creative energy. The team members of PYINSA RUPA are