Myanball

Myanball Best Football News And Videos
(441)

04/02/2025

ခေါင်းမာမှုနဲ့ အကျိုးဆက်ကို ခံစားရနိုင်တဲ့ လီဗာပူးလ်နဲ့ အာဆင်နယ်
----------------------------------------
လီဗာပူးလ်နဲ့ အာဆင်နယ်ကတော့ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ကစားသမားခေါ်ယူမှု မလုပ်ခဲ့တဲ့ ပရီးမီးယားလိဂ်အသင်းကြီးတွေပါ။ သူတိုရဲ့ခေါင်းမာမှုက ဘာတွေဖြစ်လာနိုင်မလဲ။

04/02/2025

သွင်းဂိုးတစ်ထောင်နား ကပ်လာပြီဖြစ်တဲ့ ဂုတ်ကြီး🐐
============================
လာမယ့်ဖေဖော်ဝါရီလ ၅ ရက်နေ့ဆိုရင် ရော်နယ်ဒိုတစ်ယောက် အသက်၄၀ ပြည့်တော့မှာပါ။ မနေ့က ကစားခဲ့တဲ့ အေအက်ဖ်စီချန်ပီယံလိဂ်ပွဲမှာလည်း ရော်နယ်ဒိုတစ်ယောက် အယ်နာဆာအသင်းအတွက် နှစ်ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ရော်နယ်ဒိုက ဒီပွဲက သွင်းဂိုးကြောင့် ကစားသမားဘဝသွင်းဂိုး (၉၂၃) ဂိုးမြောက် သွင်းဂိုးကို ရရှိခဲ့ပြီး သူ့ရဲ့အိပ်မက်ကို အသက်ဆက်နိုင်ခဲ့ပါတယ်။

တစ်ချိန်က ယူနိုက်တက်ရဲ့ကျောနံပါတ် ၁၃ ဟာ အဆုတ်သုံးခုနဲ့လူသားတစ်ဦးဖြစ်တဲ့ ပက်ဂျီဆန် ကြီးဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ပက်ဂျီဆန်နောက...
04/02/2025

တစ်ချိန်က ယူနိုက်တက်ရဲ့ကျောနံပါတ် ၁၃ ဟာ အဆုတ်သုံးခုနဲ့လူသားတစ်ဦးဖြစ်တဲ့ ပက်ဂျီဆန် ကြီးဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

ပက်ဂျီဆန်နောက်ပိုင်း ပထမဆုံးဝတ်ဆင်မယ့် ဒီကျောနံပါတ် ၁၃ ရဲ့ ပိုင်ရှင်ကတော့ ပက်ဂျီဆန်လို အဆုတ်သုံးခုနဲ့ လူသားတစ်ဦးဖြစ်တဲ့ ပတ်ထရစ်ဒေါ်ဂူ ပဲ ဖြစ်ပါတယ်။

04/02/2025

ဆောင်းရာသီစျေးကွက်ရဲ့ Deadline Day အပြောင်းအရွှေ့များ
=========================
ဆောင်းဈေးကွက် နောက်ဆုံးနေ့ရဲ့ ထိပ်တန်း အပြောင်းအရွှေ့တွေအကြောင်း တင်ဆက်ပေးထားပါတယ်။ ဘယ်သူတွေ ဘယ်အသင်းရောက်သွားလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

" ဇီဒန်းဘောလုံးကစားတဲ့ ပုံစံကိုစိတ်ကူးယဉ်ကြည့်လိုက်ရင် နာမည်ကြီးပန်းချီဆရာတစ်ယောက်ရဲ့ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုခံစား...
04/02/2025

" ဇီဒန်းဘောလုံးကစားတဲ့ ပုံစံကိုစိတ်ကူးယဉ်ကြည့်လိုက်ရင် နာမည်ကြီးပန်းချီဆရာတစ်ယောက်ရဲ့ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုခံစားနေရသလိုပဲ၊ ဇီဒန်းရဲ့ ဘောလုံးအထိအတွေ့၊ ပွဲစဉ်ရလဒ်တွေကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ ဘောလုံးစွမ်းရည်တွေက လုံးဝကို အနုပညာမြောက်ပါတယ်၊ ဘောလုံးလောကမှာ ဒါမျိုးလုပ်နိုင်တဲ့ကစားသမားဆိုလို့ ဇီဒန်းနဲ့ မာရာဒိုနာနှစ်ယောက်ပဲ မြင်ဖူးပါသေးတယ် "

ဒယ်ဆယ်လီ ( ပြင်သစ်ဂန္တဝင်နောက်ခံလူဟောင်း ) 🗣

ရော်နယ်ဒိုပြောပြတဲ့ ရီရဲလ်မက်ဒရစ်ကစားသမားဘဝ စိတ်နေစိတ်ထား------------" ငါပြောပြမယ်၊ ငါ ရီရဲလ်မက်ဒရစ်မှာတုန်းက အပိုင်အခွင...
04/02/2025

ရော်နယ်ဒိုပြောပြတဲ့ ရီရဲလ်မက်ဒရစ်ကစားသမားဘဝ စိတ်နေစိတ်ထား
------------

" ငါပြောပြမယ်၊ ငါ ရီရဲလ်မက်ဒရစ်မှာတုန်းက အပိုင်အခွင့်အရေးတစ်ခုလွဲချော်သွားရင်ပဲဖြစ်ဖြစ် ပင်နယ်တီလွဲချော်သွားရင်ပဲဖြစ်ဖြစ် ပွဲပြီးတာနဲ့ ငါ့ကိုငါဒေါသတကြီးကို ကြိမ်းမောင်းတော့တာပဲ၊ ပြီးတာနဲ့ ငါညစာလုံးဝမစားပဲ အိပ်ယာဝင်လိုက်တယ်

အိပ်ယာထဲမှာလည်း ငါ့ကိုငါပြောနေသေးတယ်၊ အဲ့တုန်းက ငါ ညာဘက်ဒါမှမဟုတ် ဘယ်ဘက်ကိုကန်လိုက်ရမှာ ဆိုပြီးအလိုမကျတွေဖြစ်နေသေးတာ၊
ငါဒီလိုတွေဖြတ်သန်းခဲ့ရတာကို ဘယ်တော့မှနောင်တရနေမှာ မဟုတ်ဘူး "

ရော်နယ်ဒိုရဲ့ ကစားသမားအကောင်းဆုံးအခိုက်အတန့်က ရီရဲလ်မက်ဒရစ်တုန်းက အချိန်တွေပဲ။ ရော်နယ်ဒိုတစ်ယောက် ရီရဲလ်မက်ဒရစ်မှာ ရွှေဘောလုံး ၄ကြိမ်အထိရခဲ့ပြီး၊ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်အထိ ရခဲ့တာဖြစ်ပါတယ်။

" ကျနော့်အဖေတုန်းက အာဆင်နယ်ကို ၅ ဂိုးပြတ်ရှုံးလို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ ချဲလ်ဆီးကထုတ်ပယ်ခဲ့တယ်ဗျ၊ အခုပက်လည်း...
04/02/2025

" ကျနော့်အဖေတုန်းက အာဆင်နယ်ကို ၅ ဂိုးပြတ်ရှုံးလို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ ချဲလ်ဆီးကထုတ်ပယ်ခဲ့တယ်ဗျ၊ အခုပက်လည်း ၅ ဂိုးပြတ်ရှုံးတာပဲလေ၊ ဘာလို့မန်စီးတီးက မထုတ်သေးတာလည်းဗျ "

ဆဘက်စတီယန် ပိုချက်တီနို ( ချဲလ်ဆီးနည်းပြဟောင်းကြီးပိုချက်တီနိုရဲ့သားဖြစ်သူ) 🗣

04/02/2025

စတန်းဖို့ဒ်ဘရစ်မှာ အောင်လံထူခဲ့ကြတဲ့ လန်ဒန်ကအပြာမယ်များ
====================

🏆ပရီးမီးယားလိဂ်ပွဲစဉ်(၂၄)

✅ချဲလ်ဆီး ၂ - ၁ ဝက်စ်ဟမ်း (FT)

ကျနော်တို့ကို ကူညီကြပါအုံးဗျာ-----------------အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ ဒီကလန်ရိုက်စ်ကတော့ ပရီးမီးယားလိဂ်...
04/02/2025

ကျနော်တို့ကို ကူညီကြပါအုံးဗျာ
-----------------

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ ဒီကလန်ရိုက်စ်ကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အာဆင်နယ်အသင်းရယူနိုင်ဖို့ဆိုရင် ပြိုင်ဘက်လီဗာပူးကိုတခြားအသင်းတွေ အနိုင်ကန်ပေးမှရမယ်လို့ တောင်းဆိုလိုက်ပါတယ်။

" လီဗာပူးအသင်းကို ကျနော်လေးစားပါတယ်၊ တကယ်ကောင်းတဲ့အသင်းပါ၊ သူတို့ကို ကျနော်တို့လိုက်မှီဖို့က ကျနော်တို့အပေါ်မှာပဲ မူတည်နေတယ်ဆိုတာလည်းသိပါတယ်၊ ဒါပေမယ့် တခြားအသင်းတွေလည်း လီဗာပူးကိုအနိုင်ကန်ပေးမှရပါမယ်၊ ကျနော်တို့ဘက်ကလည်း သူတို့ကိုဆက်လက်ပြီးတွန်းအားပေးသွားမှာပါ " ဆိုပြီး ရိုက်စ်တစ်ယောက် ပြိုင်ဘက်အသင်းတွေကို ကူညီပေးဖို့ တောင်းဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ရက်က မန်စီးတီးအသင်းကို ၅ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် ဇယားထိပ်က လီဗာပူးအသင်းထက် တစ်ပွဲပိုကစားထားပြီး၊ ၆ မှတ်အကွာနဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

" ရော်နယ်ဒိုလိုကစားသမားမျိုးနဲ့ တွဲဆော့ရတာဖြစ်တဲ့အတွက် ကျနော့်ကစားသမားဘဝအများကြီးတိုးတက်ပြောင်းလဲသွားမှာ အသေအချာပါပဲ၊ သူ...
04/02/2025

" ရော်နယ်ဒိုလိုကစားသမားမျိုးနဲ့ တွဲဆော့ရတာဖြစ်တဲ့အတွက် ကျနော့်ကစားသမားဘဝအများကြီးတိုးတက်ပြောင်းလဲသွားမှာ အသေအချာပါပဲ၊ သူ့ဆီကနေ အကုန်သင်ယူမှာပါ၊ ဒါကကျနော့်ဘဝအတွက် အရေးကြီးဆုံးအရာတစ်ခုပါပဲ "

ဒူရမ် ( အလ်နာဆာတိုက်စစ်မှူး ) 🗣

ဒူရမ်နဲ့ ရော်နယ်ဒိုတို့ မနေ့က အာရှချန်ပီယံလိဂ်ပွဲမှာ ပထမဆုံးအကြိမ်တွဲဆော့ပြီး ပြိုင်ဘက် အလ်ဝါဆဲလ် အသင်းကို ၄ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဒူရမ်အနေနဲ့ သွင်းဂိုးနဲ့ဖန်တီးမှုတို့ကို ပွဲဦးထွက်မှာမရခဲ့ပေမယ့် ဒူရမ်ရောက်လာမှ ရော်နယ်ဒိုရဲ့ တစ်ချိန်က shadow striker အခိုက်အတန့်တွေကို ပြန်လည်မြင်ခဲ့ရပြီး၊ သွင်းဂိုး ၂ဂိုးလည်း ရယူနိုင်ခဲ့ပါတယ်။ အလ်နာဆာအနေနဲ့ ဒူရမ်လို နံပါတ် ၉ စစ်စစ်တိုက်စစ်မှူးတွေကို စောစောစီးစီးဖြည့်တင်းသင့်တာကြာပြီ ဖြစ်ပြီး၊ ရော်နယ်ဒိုတစ်ဦးတည်း Marking မိမိနေကြဖြစ်တဲ့ ပြိုင်ဘက်ခံစစ်ဧရိယာထဲမှာ အခုဒူရမ်က နောက်ခံလူတွေကို ဆွဲခေါ်ပြီး ရော်နယ်ဒိုအတွက် နေရာလွတ်တွေရှာပေးနိုင်ခဲ့တာကြောင့် ရော်နယ်ဒိုလည်းတော်တော်လေးကို လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ တစ်ချိန်က ရွန်းနေ၊ ဘန်ဇီမာ၊ မန်ဇူကစ်တို့နဲ့ ရော်နယ်ဒိုရဲ့ တိုက်စစ်တွဲလုံးလိုပုံစံမျိုးတွေကို ပြန်မြင်ရတာဖြစ်ပြီး၊ ရော်နယ်ဒိုအတွက် သိပ်လိုအပ်နေခဲ့တဲ့ အရာတွေပဲဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ သွင်းဂိုး ၉၂၃ ဂိုးရှိသွားပါပြီ။ ဒီလိုသာဆက်သွားမယ်ဆိုရင်တော့ နောက်နှစ်မကုန်ခင်တောင် ဂိုး ၁၀၀၀ ပြည့်သွားဖို့ရှိပါတယ်။

ရော်နယ်ဒို ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ဂိုးပြတ်နိုင်ခဲ့တဲ့ အဲလ်နာဆာ ---------------ဒီ သွင်းဂိုး (၂) ဂိုးကြောင့် ရော်နယ်ဒိ...
04/02/2025

ရော်နယ်ဒို ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ဂိုးပြတ်နိုင်ခဲ့တဲ့ အဲလ်နာဆာ
---------------
ဒီ သွင်းဂိုး (၂) ဂိုးကြောင့် ရော်နယ်ဒိုဟာ ကစားသမားဘဝ သွင်းဂိုးအရေအတွက် (၉၂၃) ဂိုးအထိ ရရှိသွားပြီပဲ ဖြစ်ပါတယ်။

အိမ်ကွင်းမှာ နိုင်ပွဲရယူပြီး အဆင့် (၄) နေရာကို တက်လှမ်းလိုက်တဲ့ ချဲလ်ဆီး--------ချဲလ်ဆီး (၂-၁) ဝက်စ်ဟမ်း (FT)
04/02/2025

အိမ်ကွင်းမှာ နိုင်ပွဲရယူပြီး အဆင့် (၄) နေရာကို တက်လှမ်းလိုက်တဲ့ ချဲလ်ဆီး
--------
ချဲလ်ဆီး (၂-၁) ဝက်စ်ဟမ်း (FT)

အမော်ရင် မရောက်ခင်က အဆင့် ၁၃ မှာရှိခဲ့တဲ့ မန်ယူဟာ အမော်ရင် ရောက်ပြီးလို့ ၁၃ ပွဲ ကစားပြီးချိန်မှာလည်း အဆင့် ၁၃ နေရာမှာပဲ ...
03/02/2025

အမော်ရင် မရောက်ခင်က အဆင့် ၁၃
မှာရှိခဲ့တဲ့ မန်ယူဟာ
အမော်ရင် ရောက်ပြီးလို့ ၁၃ ပွဲ ကစားပြီးချိန်မှာလည်း အဆင့် ၁၃
နေရာမှာပဲ ဆက်လက်ရတည်ပြထားတာပဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ ‌ေြခစွမ်းအတည်ငြိမ်ဆုံး အသင်းလို့ သတ်မှတ်ရမယ်။

မနက်ဖန်မနက် ၅ နာရီမှာတော့ ဇန်နဝါရီအပြောင်းအရွှေ့ကာလ ကုန်ဆုံးမှာ ဖြစ်ပါတယ်။တချို့အသင်းတွေကတော့ အပြောင်းအရွှေ့ပိတ်သိမ်းသွာ...
03/02/2025

မနက်ဖန်မနက် ၅ နာရီမှာတော့ ဇန်နဝါရီအပြောင်းအရွှေ့ကာလ ကုန်ဆုံးမှာ ဖြစ်ပါတယ်။တချို့အသင်းတွေကတော့ အပြောင်းအရွှေ့ပိတ်သိမ်းသွားခဲ့ပြီဆိုပေမယ့် တချို့အသင်းတွေကတော့ အခုထိကိုခေါ်မယ့်ကစားသမားကို ရှာမတွေ့သေးတာဖြစ်ပါတယ်။

" အာဆင်နယ်သာ အီဆက်ကိုခေါ်နိုင်မယ်ဆို သူတို့ပရီးမီးယားလိဂ်ဖလားမရရင်တောင် ကျနော် အံ့ဩမိမှာပါ၊ ချဲလ်ဆီးလည်း ထို့အတူပါပဲ၊ အီ...
03/02/2025

" အာဆင်နယ်သာ အီဆက်ကိုခေါ်နိုင်မယ်ဆို သူတို့ပရီးမီးယားလိဂ်ဖလားမရရင်တောင် ကျနော် အံ့ဩမိမှာပါ၊ ချဲလ်ဆီးလည်း ထို့အတူပါပဲ၊ အီဆက်ကိုသူတို့ ခေါ်နိုင်မယ်ဆိုရင် top 4 ဝင်မှာဖြစ်သလို နောက်လယ်ဗယ်တစ်ခုကိုလည်း သူတို့ရောက်သွားမှာပါ "

ပေါလ်မာဆွန် 🗣

ဗီလာကိုပြောင်းရွှေ့နိုင်ခဲ့ပြီးနောက် ပထမဦးစွာထွက်ပေါ်လာတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ စကားသံများ..." ပထမဦးစွာ ဒီအပြောင်းအရွှေ့ဖြစ်မ...
03/02/2025

ဗီလာကိုပြောင်းရွှေ့နိုင်ခဲ့ပြီးနောက် ပထမဦးစွာထွက်ပေါ်လာတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ စကားသံများ...

" ပထမဦးစွာ ဒီအပြောင်းအရွှေ့ဖြစ်မြောက်အောင် ကြိုးစားပေးခဲ့ကြတဲ့ နှစ်သင်းလုံးကို ကျေးဇူးတင်ပါတယ်၊ ကျနော့်အတွက်တော့ လွယ်ကူတဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ၊ အက်စတွန်ဗီလာအသင်းရဲ့ ရည်မှန်းချက်တွေကိုလည်း ကျနော်သဘောကျလို့ ဒီဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ ချမှတ်ခဲ့တာပါ၊ အက်စတွန်ဗီလာအတွက် ကစားပေးဖို့ ကျနော်မစောင့်နိုင်တော့ပါဘူး

မန်ယူအသင်းလည်း အကောင်းဆုံးသောရလဒ်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် "

ချဲလ်ဆီးအသင်းရဲ့ ဘယ်နောက်ခံလူ ဘန်ချေးဝဲလ်ကတော့ ခရစ်စတယ်ပဲလေ့စ်အသင်းထံ ရာသီကုန်အထိ အငှားသွားရောက်ကစားတော့မှာ ဖြစ်ပါတယ်။ ခ...
03/02/2025

ချဲလ်ဆီးအသင်းရဲ့ ဘယ်နောက်ခံလူ ဘန်ချေးဝဲလ်ကတော့ ခရစ်စတယ်ပဲလေ့စ်အသင်းထံ ရာသီကုန်အထိ အငှားသွားရောက်ကစားတော့မှာ ဖြစ်ပါတယ်။ ခရစ်စတယ်ပဲလေ့စ်ဘက်က ချေးဝဲလ်ရဲ့ လစာကိုအပြည့်အဝပေးချေသွားမှာဖြစ်ပါတယ်။

တဲလ်နဲ့ပတ်သတ်ပြီး မန်ယူနဲ့ဘိုင်ယန်တို့ သဘောတူညီမှုမရသေး-----------------------------ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလေးတဲလ်ကတ...
03/02/2025

တဲလ်နဲ့ပတ်သတ်ပြီး မန်ယူနဲ့ဘိုင်ယန်တို့ သဘောတူညီမှုမရသေး
-----------------------------

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလေးတဲလ်ကတော့ မန်ယူအသင်းကိုပြောင်းရွှေ့ဖို့အတွက် အာဆင်နယ်ကိုကျော်ပြီး မနေ့ကရွေးချယ်လိုက်ပါတယ်။ ဒါပေမယ့်လည်း ကလပ်အသင်းတွေဖြစ်တဲ့ မန်ယူအသင်းနဲ့ ဘိုင်ယန်တို့နှစ်သင်းကတော့ လက်ရှိအချိန်ထိ အပြောင်းအရွှေ့အတွက် သဘောတူညီမှုမရသေးပါဘူး။

မန်ယူအသင်းက တဲလ်ကိုအငှားနဲ့သာခေါ်ယူချင်နေပေမယ့် ဘိုင်ယန်ကတော့ မဖြစ်မနေခေါ်ယူရမယ့် အငှားမျိုး ဒါမှမဟုတ် အပြီးသတ်ခေါ်ယူတာမျိုးကိုပဲ လိုချင်နေတာဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ပထမအကြိမ်ကမ်းလှမ်းမှုကို ဘိုင်ယန်ကပယ်ချထားပြီး၊ သူတို့လိုချင်တဲ့ ကမ်းလှမ်းမျိုးကို လုပ်ဆောင်ပေးဖို့ မန်ယူအသင်းကို ဘိုင်ယန်ဘက်က တောင်းဆိုထားတာလည်းဖြစ်ပါတယ်။

Address

No. ( 61 )/Second Floor Royal Myint Zu Condo. New University Yeik Thar Street/Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959777013413

Alerts

Be the first to know and let us send you an email when Myanball posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share