NatS0e

NatS0e You only live once, so do what you do best!

- NatS0e
(1492)

ဒီနှစ် ကျနော်တို့မိသားစု ပါဝင်ဖြစ်တဲ့ အလှူတွေတဲ့က တစ်ခုပေါ့။  ကလေးတွေအားလုံးကို နွေးထွေးမှုတွေ ရစေချင်တာ 🥹🫶🏼
26/12/2024

ဒီနှစ် ကျနော်တို့မိသားစု ပါဝင်ဖြစ်တဲ့ အလှူတွေတဲ့က တစ်ခုပေါ့။ ကလေးတွေအားလုံးကို နွေးထွေးမှုတွေ ရစေချင်တာ 🥹🫶🏼

ခရစ်စမတ် ဘိုးဘိုး Santa Claus ကြီးဘယ်ရောက်နေလဲဆိုတာ  Flight Rader မှာကြည့်လို့ရတယ်နော် 😛နော်ဝေးကိုတော့ လာပြီးသွားပြီ 😍ht...
25/12/2024

ခရစ်စမတ် ဘိုးဘိုး Santa Claus ကြီးဘယ်ရောက်နေလဲဆိုတာ Flight Rader မှာကြည့်လို့ရတယ်နော် 😛

နော်ဝေးကိုတော့ လာပြီးသွားပြီ 😍

https://www.flightradar24.com/R3DN053/3875f013

📸 - May Lapyae Won
03/12/2024

📸 - May Lapyae Won

China is terrified of losing the countless valuable resources and assets that rightfully belong to Myanmar and its peopl...
18/11/2024

China is terrified of losing the countless valuable resources and assets that rightfully belong to Myanmar and its people if the current terrorist dictatorship were to fall. They're now interfering and forcing their hand in the situation.

We've begged for help to stand against this dictatorship and China's interference, but the world continues to turn a blind eye.

Not much else to say..even our neighboring countries are exploiting the situation, draining the blood of Myanmar's people instead of offering any real support. It's devastating.

မေလပြည့်ဝန်း အထည်ရောင်းဝယ်ရေး 😂😍
12/11/2024

မေလပြည့်ဝန်း အထည်ရောင်းဝယ်ရေး 😂😍

ရော့ .. အဘထ ဆောင်😂
12/11/2024

ရော့ .. အဘထ ဆောင်😂

ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ ဖေဖေတွေအားလုံး ပျော်ရွှင်စရာ အဖေများနေ့ဖြစ်ပါစေဗျား 💗
10/11/2024

ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ ဖေဖေတွေအားလုံး
ပျော်ရွှင်စရာ အဖေများနေ့ဖြစ်ပါစေဗျား 💗

သမီးလေး ၂ နှစ်ကျော်မှပဲ Wedding ပုံလေးတွေ ရိုက်ဖြစ်တော့တယ် 💗
05/11/2024

သမီးလေး ၂ နှစ်ကျော်မှပဲ Wedding ပုံလေးတွေ ရိုက်ဖြစ်တော့တယ် 💗

၃ နှစ်ကျော်ကြာ နေသာသလိုနေခဲ့တဲ့ အကျိုးပေါ့… ဆက်နေကြပါ နောက်ဆို နုတ်စရာ အမွှေးတောင် မကျန်ဖြစ်မှာ .. 🙃
04/11/2024

၃ နှစ်ကျော်ကြာ နေသာသလိုနေခဲ့တဲ့ အကျိုးပေါ့… ဆက်နေကြပါ နောက်ဆို နုတ်စရာ အမွှေးတောင် မကျန်ဖြစ်မှာ .. 🙃

ထင်ရှားကျော်ကြားသော စီးပွားရေးလုပ်ငန်းရှင်များအားလုံး ပြည်ပ ထွက်ခွာလိုပါက စစ်ကောင်စီထံမှ ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်၊ မန္တလေးလေဆိပ်မှ ထိုင်းသို့ သွားမည့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း ပတ်စ်ပို့သိမ်းခံရပြီး လေဆိပ်မှ လှည့်ပြန်ရ

ရန်ကုန်၊ နိုဝင်ဘာ ၄

မြန်မာနိုင်ငံမှ နာမည်ကြီး ထင်ရှားကျော်ကြားသော ကုန်သည်ကြီးများ၊ ဘဏ်လုပ်ငန်းရှင်များ၊ ရွှေဆိုင်ပိုင်ရှင် အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်ပသို့ ထွက်ခွာလိုပါက ထွက်ခွာလိုသည့် အကြောင်းအရာကို စစ်ကောင်စီထံမှ တင်ပြကြိုတင်ခွင့်ပြုချက် တောင်းခံရန် လိုအပ်ပြီး ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ပြည်ပထွက်ခွာရန် ကြိုးပမ်းသည့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင်ကို လေဆိပ်တွင် ပတ်စ်ပို့သိမ်း၍ အိမ်ပြန်ခိုင်းခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအတွင်းရှိ အလွန်ချမ်းသာကြွယ်၀သည်ဟု နာမည်ပေါက်သော ကုန်သည်ကြီးများ ၊ဘဏ်လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးများ၊ ရွှေကုန်သည်နှင့်ရွှေဆိုင်ပိုင်ရှင်များ အပါ အဝင် ထင်ရှားကျော်ကြားသော စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ပြည်ပသို့ မည်သည့်အကြောင်းဖြင့် ထွ့က်ခွာလိုသည်ဖြစ်စေ စစ်ကောင်စီထံသို့ တင်ပြအကြောင်းကြားရမည်ဖြစ် ကြောင်း၊ ထိုသို့ အကြောင်းကြားခြင်းမရှိဘဲ ပြည်ပထွက်ခွာရန် ကြိုးစား ပါက ပတ်စ်ပို့စ်သိမ်း ဆည်း၍ ပြည်ပထွက်ခွင့် အမြဲတမ်းပိတ်ပင်မည်ဖြစ်ကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။

"အဲဒီ ညွှန်ကြားချက်က အသစ်တော့မဟုတ်ဘူး။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကတည်းက အဲဒါကို ညွှန်ကြားထားတာ။ အခုကတော့ ပိုမို တင်းတင်းကျပ်ကျပ် စိစစ်ဆောင်ရွက်ဖို့နဲ့ စီးပွားရေးအသင်းအဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အစည်းအဝေး၊ မီတင်၊ စီးပွားရေးကိစ္စ၊ ဖိုရမ်၊ ဆေးစစ်၊ဘုရားဖူး ၊ အလည် ဘာကိစ္စပဲဖြစ်ဖြစ် ကြိုတင်ခွင့်ပြုချက် ယူရမယ်ဆိုတာရှိပါတယ်။ အဲဒါ ကြိုတင် အသိမပေးရင်တော့ စုံစမ်းစစ်ဆေးမှု ခံရနိုင်ပါတယ်။ အဲဒီလို စုံစမ်းစစ်ဆေးခံရတဲ့သူတွေလည်း အတော်များများရှိခဲ့ပါတယ်" ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။

နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်ဖြစ်သော အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းသည် နိုဝင် ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် MAI အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၊ လေယာဉ်အမှတ် XY-ALP(E-190)၊ ခရီးစဉ်အမှတ် 8M-337 ဖြင့် ထိုင်းနိုင်ငံ၊ သု၀ဏ္ဏဘူမိလေဆိပ်သို့ သွားရောက်ရန် ကြိုးစားစဉ် စစ်တပ်က ၎င်း၏ နိုင်ငံကူးလက်မှတ် သိမ်းဆည်း ၍ နေအိမ်သို့ ပြန်ခိုင်းခဲ့ကြောင်း၊ ရွှေစျေးကစားမှုဖြင့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်၍ ပြည်ပထွက်ခွာခွင့်ပိတ်ထားသော အမည်မည်းစာရင်း(Black List) အသွင်းခံထားရသူဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

"ကြိုတင်အသိမပေးဘူး။ ကြိုတင် ခွင့်ပြုချက်လည်း မတောင်းထားဘူး။ အဲဒါကြောင့် ပတ်စ်ပို့အသိမ်းခံရတာ" ဟု ပြည်ထဲရေးသတင်းရင်းမြစ်က အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင်ကိစ္စနှင့်ပတ် သက်၍ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ရွှေစျေးကစားသည်ဟုဆိုကာ ဇွန်လ ၂ ရက်နေ့တွင် မြန်မာနိုင်ငံစျေးကွက်၏ အဓိက လက်ကြီးသမားများဖြစ်သော အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း အပါအဝင် ရွှေဆိုင်ပိုင်ရှင်နှင့် ရွှေကုန်သည် ၁၀ ဦးကို ရွှေစျေးနှုန်း မတည်မငြိမ်ဖြစ်အောင် လုပ်သည်ဟုဆိုကာ ဖမ်း ၀ရမ်းထုတ်ခဲ့ကြောင်း၊ ထို့ပြင် ရွှေကုန်သည်နှင့်ဝယ်ရောင်း ၂၁ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရှိရသည်။

🇳🇴နော်ဝေးကို မပြန်ခင်လေး ကျွန်တော်တို့မိသားစု ဘန်ကောက်မှာ လုပ်ဖြစ်တဲ့ အမှတ်တရ အစီအစဉ်လေးပေါ့ ❤️ဘန်ကောက်မှာ ကလေးရှိတဲ့ မိ...
03/11/2024

🇳🇴နော်ဝေးကို မပြန်ခင်လေး ကျွန်တော်တို့မိသားစု ဘန်ကောက်မှာ လုပ်ဖြစ်တဲ့ အမှတ်တရ အစီအစဉ်လေးပေါ့ ❤️

ဘန်ကောက်မှာ ကလေးရှိတဲ့ မိသားစုတွေကို ရွေးချယ်ဖိတ်ခေါ်ပြီး Central World က ကစားကွင်းကို တနေကုန်လိုက်ပို့ဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်လေးမှာ လာရောက်ပေးခဲ့ကြတဲ့ မိသားစုတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကလေးတွေရော လူကြီးတွေရော ပျော်ရွှင်ခဲ့ကြလို့လဲ ကျွန်တော်တို့မိသားစု အလွန်ဝမ်းသာပါတယ်။

ဒီနှစ်ထိုင်းကို အလည်လာတာ ပိုပြီး အမှတ်တရ ဖြစ်သွားပါတယ်ဗျား။

အားလုံးပဲ ကံမကုန်သေးရင် တစ်နေ့အတူပြန်ဆုံကြတာပေါ့ဗျား❤️

02/11/2024

BKK ဘယ်နားမှာ
ငါးနှပ်ရနိုင်လဲဟင်?
ငါးနှပ်ဟင်း စားချင်လို့
🥴😔

Welcome to Myanmar! 😍🎥 - https://www.youtube.com/watch?v=ERiZRUIlnaw  the original video. ❤
02/11/2024

Welcome to Myanmar! 😍

🎥 - https://www.youtube.com/watch?v=ERiZRUIlnaw

the original video. ❤

The “Government” of Myanmar has made a tourism ad, and it’s surprisingly honest and informative!👉 Help us keep governments honest:🔹 Become a Patron: https:...

မနက်ဖြန် ❤️ဘန်ကောက်မှာ အသိမိသားစု ရှိရင် လက်တို့ပေးပါအုံးဗျို့ 😍
02/11/2024

မနက်ဖြန် ❤️

ဘန်ကောက်မှာ အသိမိသားစု ရှိရင် လက်တို့ပေးပါအုံးဗျို့ 😍

💢 Bangkok မြို့ရဲ့  Central World ကစားကွင်းမှာ အခမဲ့ကစားကြမယ်Bangkok က အမျိုးတို့အားလုံး မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ ...
28/10/2024

💢 Bangkok မြို့ရဲ့ Central World ကစားကွင်းမှာ အခမဲ့ကစားကြမယ်

Bangkok က အမျိုးတို့အားလုံး မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ မိသားစုလေး နော်ဝေကို မပြန်ခင် ဒီမှာရှိတဲ့ ကလေးရှိတဲ့မိသားစုတွေအတွက် အစီစဉ်လေး တစ်ခု လုပ်ချင်ပါတယ်ခင်ဗျာ။

အစီအစဉ်ကတော့ Central World - Indoor Playground Playmondo မှာ ရှိတဲ့ Indoor ကလေးကစားကွင်းမှာ လာမဲ့ တနင်္ဂနွေနေ့ကြရင် ကျွန်တော်တို့မိသားစုနဲ့အတူ ဒီအစီအစဉ်မှာအရွေးခံရတဲ့ ကလေးမိသားစုတွေနဲ့ အတူဆော့ကစားခွင့်ရမှာပဲဖြစ်ပါတယ်ဗျ။ အတူကစားခွင့်ရမဲ့ ကလေးမိသားစုတွေကို တော့ ကျနော်တို့ ရွှေးချယ်သွားမှာပါဗျ။

သက်မှတ်ထားတာတွေကတော့ -
⭐အသက် ၅ နှစ်အောက် ဖြစ်ရပါမယ်။
⭐တစ်မိသားစုကို ကလေး တစ်ယောက်သက်မှတ်ထားပါတယ်ဗျ။
⭐ကလေးက အသက် ၁ နှစ်ကျော်နဲ့ ၅ နှစ်အောက် ဖြစ်ရပါတယ်ဗျ။
⭐ကလေးရဲ့ အုပ်ထိမ်းသူ မိဘ အဖေနဲ့ အမေ ၂ ယောက်လုံးလာလို့ရပါတယ်။ ပိုလို့မရပါဘူးခင်ဗျာ။

(တကယ်လို့ ၁ နှစ်ကျော် ၅ နှစ်အောက် ကလေးတစ်ယောက်ရှိပီး နောက်ထပ် ၁ နှစ်အောက် ကလေးရှိသေးရင်တော့ အပိုခေါ်လာလို့ရပါတယ်။ ၁နှစ်အောက်ပဲရပါတယ်ခင်ဗျာ။ )

🔖 ဒီကစားကွင်းမှာ ပေးရမဲ့ ကလေးအတွက် ဝင်ကြေး၊ မိဘ နှစ်ဦးရဲ့ ဝင်ကြေး နဲ့ အစားအသောက်တွေ အတွက်ကိုတော့ ကျွန်တော်တို့ မိသားစု အကုန်ကျခံပေးမှာဖြစ်ပါတယ်ခင်ဗျာ။ ဒါပေမဲ့ Central World က ကစားကွင်းရှိတဲ့ နေရာကိုလာဖို့ကိုတော့ မိသားစုဘက်က အဆင်ပြေတာနဲ့ လာခဲ့ရမှာပါဗျ။

ဒီအစီအစဉ်လေးအတွက် မိသားစုပေါင်း ၆ စုသတ်မှတ်ထားပါတယ်။ တစ်မိသားစုမှာ လူကြီး ၂ ယောက်နဲ့ ကလေး ၁ ယောက် ဖြစ်ပါတယ်။

အထက်ပါ အချက်လေးတွေနဲ့ ကိုက်ညီတယ်ဆိုရင် မက်ဆင်ဂျာမှာ မိသားစုပုံလေးဖြစ်ဖြစ် ပိုပေးပါခင်ဗျ။ ကျွန်တော်တို့ မိသားစု ပေးပို့သူတွေထဲက အစီစဉ်မှာ ပါဝင်ခွင့်ရမဲ့သူတွေကို ရွေးချယ်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ ပို့စ်လေးကို Share ပေးဖို့လဲ မမေ့ပါနဲ့အုံးနော်။

⏰ 03.11.2024 (Sunday)
📍 Central World Playmondo - https://g.co/kgs/jmoigwB

📌နွေဦးတော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာက ပါဝင်ထားသူဆိုရင်တော့ ဦးစားပေး ရွေးချယ်သွားမှာဖြစ်ပါတယ်ခင်ဗျာ။

27/10/2024

ဘယ်နေရာ ရောက်ရောက် ဘုရားတရား မမေ့တဲ့ သမီးလေး။ အိပ်ယာနိုးရင် သူ့ဟာသူဖွင့် လက်အုပ်လေးချီပီး တရားနာ။ ဘုရား ပုံတော်တွေ တွေ့ရင် လက်အုပ်လေးချီပီး ကတော့ တတ်နေပီး။

၂ နှစ်ပြည့်ပြီးနောက်ပိုင်းကတည်းက အဲ့လိုလေးတွေ လုပ်လာတာ ကျနော်နဲ့ ကျနော့ဇနီး အံဩလို့မဆုံးဘူး။ သူ့ကိုလဲမသင်ထားသလို့ မပြောပြထားဘူး။ သူ့ဟာသူ့တတ်လာတာ ထူးဆန်းချက်။ ပိုပြီး အံ့ဩတာက ဘုရားရုပ်ထုကို သူသိတယ် မြင်တာနဲ့ ကျနော်တို့ကို ထိုးပြပြီး သူလက်အုပ်ချီပြတာ..

အိမ်မှာဘုရားစင်လေး လုပ်ပေးရတော့မယ်။ 💗

22/10/2024

လူတွေက သိပ်ရယ်စရာကောင်းတာပဲဗျား.. 🙃

ဒုက္ခရောက်နေတဲ့ သူတွေက
ဒုက္ခပေးနေတဲ့ သူတွေကို
အားပေးအားမြှောက် ထိုင်လုပ်ပေးနေလိုက်ကြတာ… 🙃

သေချာတာကတော့ ဒီလိုကိစ္စတွေမှာ အမှန်တရားဘက်က ရပ်တည်နေသူ တစ်ယောက်မှ မပါဝင်ကြဘူးဆိုတာ… ❤️

Address

Marlar Myaing Yeik Thar Street
Yangon
11041

Website

Alerts

Be the first to know and let us send you an email when NatS0e posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NatS0e:

Videos

Share